← Chapters

အစီအစဉ်သစ်

Vol. 38 Ch. 371

အစီအစဉ်သစ်

Vol. 38 Ch. 371

သူ ရှေ့သို့ တန်းတန်းမတ်မတ် ကြည့်လိုက်၏။

အဝေးတွင် တောင်တန်းများ အထပ်ထပ် နိမ့်ချည်မြင့်ချည် သွယ်တန်းနေသည်။

တောင်များကြားရှိ သစ်တောများသည် စိမ်းလန်းစိုပြည်ပြီး သက်ရှိစွမ်းအင်များဖြင့် ပြည့်နှက်နေပေ​၏။

တိမ်ဖြူများက မိုးကောင်းကင်ယံတွင် လွင့်မျောနေပြီး တောက်ပသော နေမင်းက တောင်များနှင့် မြေကြီးပေါ်သို့ ဖြာကျကာ လွတ်လပ်စွာ တောက်ပနေခဲ့သည်​။

ကောင်းကင်နှင့်မြေပြင်ကြားတွင် တက်ကြွသော သက်ရှိစွမ်းအင် မြင်ကွင်းတစ်ခု ရှိနေသည်။

ထိုအပြောင်းအလဲမှာ အလွန်ကြီးမားလွန်းသည်။

ကျုံးချင်သည် ကိုယ်ပိုင်ကမ္ဘာငယ်လေးကို ပထမဆုံးရရှိချိန်တွင် ထိုနေရာသည် တစ်လီခန့်သာ ကျယ်ဝန်းခဲ့ပေ၏။

သို့သော် ယခုအချိန်တွင် ထိုနေရာ၏အချင်း တစ်ခုတည်းကပင် လီတစ်သိန်းအထိ ရောက်ရှိနေလေပြီ။

ထိုအပြောင်းအလဲက 'ကောင်းကင်နှင့်မြေပြင် ပြောင်းပြန်ဖြစ်သွားသည်' ဟူသော စကားစုနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေခဲ့သည်။

အတွေးတစ်ချက်ဖြင့် ကျုံးချင်သည် မူလနေရာမှ ပျောက်ကွယ်သွားခဲ့၏။

သူသည် ဂိုဒေါင်တချို့၏နံဘေးတွင် ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။

ထိုနေရာတွင် နှစ်များတလျှောက် သူ စုဆောင်းထားသော ရတနာများကို သိမ်းဆည်းထားသည်။

ထိုဂိုဒေါင်ငါးလုံးတွင် ဘုရင်အဆင့် ဧကရာဇ်အဆင့် အရှင်သခင်အဆင့် သူတော်စင်အဆင့် နှင့်အင်ပါယာအဆင့် ကျင့်ကြံနည်းစနစ်များကို သိမ်းဆည်းထားပေ၏။

တခြားဂိုဒေါင်ငါးလုံးတွင် အမျိုးမျိုးသော နတ်ဘုရားလက်နက်များကို သိမ်းဆည်းထားသည်။

နောက်ထပ် ဂိုဒေါင်ငါးလုံးတွင်မူ ဤနှစ်များတလျှောက် နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိသော အထွေထွေပစ္စည်းများနှင့် အမျိုးမျိုးသော ကျင့်ကြံခြင်းအရင်းအမြစ်များဖြင့် ပြည့်နှက်နေသည်။

အဝေးတွင် ရေကန်တစ်ခုလည်း ရှိနေပြီး ထိုအရာမှာ ဒုက္ခပင်လယ်ပင်။

အတွေးတစ်ချက်ဖြင့် ကျုံးချင်သည် မူလနေရာမှ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ်အချိန်တခဏတွင် သူသည် ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမ အတွင်းသို့ ရောက်ရှိသွားပေ၏။

ကိုယ်ပိုင်ကမ္ဘာငယ်လေးသည် ကြီးမားသော အသွင်ပြောင်းမှုကို ဖြတ်သန်းခဲ့ရပြီး ပထဝီဝင်ဧရိယာ လျှင်မြန်စွာ တိုးလာသဖြင့် ရတနာများ ကြားရှိ အကွာအဝေးမှာလည်း ပို၍ကြီးမားလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကျုံးချင်သည် ကိုယ်ပိုင်ကမ္ဘာငယ်လေး၏အရှင်သခင်ပင်။

အတွေးတစ်ချက်ဖြင့် သူသည် ကိုယ်ပိုင်ကမ္ဘာငယ်လေး၏ မည်သည့်ထောင့်တစ်နေရာတွင်မဆို ထွက်ပေါ်လာနိုင်သည်။

ထိုသို့မဟုတ်ပါက ရတနာများကို ကြည့်ရှုရုံအတွက်ပင် သူ အချိန်အတော်များများ ယူရပေမည်။

ကျုံးချင်သည် ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားပြီး လောကကြီး၏စည်းမျဉ်းများကို အသုံးပြုကာ ခန်းမအတွင်းရှိ တားမြစ်ထားသော စွမ်းအားများကို လျှင်မြန်စွာ ချိုးဖျက်လိုက်သည်။

ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းတွင် သူသည် အရာအားလုံးကို စွမ်းဆောင်နိုင်သော တည်ရှိမှု တစ်ခုပင်။

တားမြစ်ချက် အနည်းငယ်ကို ချိုးဖျက်ခြင်းမှာ သူ အင်အားစိုက်ထုတ်ရန်ပင် မလိုချေ။

ထို့နောက် သူသည် ဤတစ်ကြိမ် ကောင်းကင်ဘုံချောက်နက်မှ ရရှိခဲ့သော ရတနာများကို အသေးစိတ် စာရင်းပြုစုရန် အချိန်အနည်းငယ် ယူလိုက်သည်။

ကောင်းကင်ဘုံချောက်နက်သို့ ခရီးစဉ်တွင် သူသည် ကြီးမားသော ရိတ်သိမ်းမှုတစ်ခုကို ရရှိခဲ့ပေ၏။

ပထမဆုံး အနေဖြင့် ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမအတွင်းရှိ အထွတ်tထိပ်ရတနာ ငါးခုပင်။

အင်မော်တယ် မက်မွန်ပင်...

နက်နဲသိမ်မွေ့ယင်ချီ...

မြင့်မြတ်သုံးဖြာ သူတော်စင်ရေ...

တာအို ပေါင်းစည်းခြင်းပန်း...

တာအိုနားလည်ခြင်း ရှေးဟောင်းသစ်ပင်..

ထို့နောက် ပုံရိပ်ယောင်သူတော်စင်စေတီလည်း ရှိနေသည်။

ထိုအရာကို သူ့တပည့်များ၏ တိုက်ခိုက်ရေး စွမ်းရည်များကို လေ့ကျင့်ပေးရန် အသုံးပြုနိုင်သည်။

ထို့နောက် ဝင်္ကပါတစ်ခုပုံစံ ဖန်တီးထားသော ခရမ်းဝါးများ ရှိနေပေ၏။

ထို့နောက် ဖရိုဖရဲချီများနှင့် အချိန်စေတီပင်။

အိုး ဘုရားရေ...

သူ ထိုအရာများကို မကြည့်မိချိန်အထိ သတိမထားမိခဲ့ချေ။

ကျုံးချင်ပင်လျှင် ထိုအရာများကို မြင်တွေ့ချိန်တွင် အံ့အားသင့်သွားခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။

ဤတစ်ကြိမ် ကောင်းကင်ဘုံချောက်နက်မှ သူ၏ရရှိလာမှုများမှာ အမှန်တကယ်ပင် ထိုမျှထိ ကြွယ်ဝနေခဲ့သည်။

ထို့နောက် သူသည် ချောက်နက်အရှင်သခင် ထားရစ်ခဲ့သော ရတနာများပေါ်ရှိ အမှတ်အသားများကို တစ်ခုပြီးတစ်ခု ဖျက်ပစ်ရန် ကမ္ဘာငယ်လေး၏စွမ်းအားကို အသုံးပြုလိုက်၏။

ဤအချိန်မှစ၍ ထိုရတနာများသည် ချောက်နက်အရှင်သခင်နှင့် မည်သို့မျှ မသက်ဆိုင်တော့ချေ။

ယခုအချိန်မှစ၍ ထိုအရာများမှာ မျိုးရိုးနာမည်ကျုံး တစ်ခုတည်းကိုသာ သယ်ဆောင်ထားပေမည်။

ကျုံးချင်က ရတနာများအားလုံးကို အတူတကွ စုစည်းလိုက်သည်။

ယခုအချိန်တွင် နေရာ ပို၍ကြီးမားကျယ်ပြန့်လာပြီး ရတနာများ ပို၍များပြားလာက ကမ္ဘာငယ်လေးသည်လည်း ပို၍ကျယ်ပြန့်လာလေပြီ။

အမျိုးမျိုးသော အရင်းအမြစ်များကို ပြန်လည် နေရာချထားရန်နှင့် ပြုပြင်ပြောင်းလဲရန် အချိန်နှင့် အားစိုက်ထုတ်မှုတချို့ကို သူ သုံးစွဲရန် လိုအပ်သည်။

ယခင်က ကျုံးချင်သည် ကိုယ်ပိုင်ကမ္ဘာငယ်လေးကို မွမ်းမံရန် တစ်စုံတစ်ယောက်ကို ငှားရမ်းခဲ့ဖူးပေ၏။

မွမ်းမံထားသော ကိုယ်ပိုင်ကမ္ဘာငယ်လေးကို နေထိုင်ရာဧရိယာနှင့် ရတနာဧရိယာဟု ခွဲခြားထားသည်။

ကျုံးချင်သည် သူ ခြံဝင်းငယ်လေးမှ ဘယ်ဘက်ခြမ်းသို့ ခရမ်းဝါးများကို အရင်ဆုံးပြောင်းရွှေ့စိုက်ပျိုးရန် အချိန်အနည်းငယ် ယူလိုက်သည်။

ထို့နောက် သူက ဒုက္ခပင်လယ်ကို ခြံဝင်း၏ ညာဘက်ခြမ်းသို့ ရွှေ့လိုက်သည်။

ထိုနည်းအားဖြင့် အနာဂတ်တွင် ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်ပြီးနောက် အားလပ်ချိန်တွင် လက်ဖက်ရည် သောက်ရန် ခရမ်းဝါးတောသို့ သွားနိုင်ပြီး လုပ်စရာ မရှိပါက ဒုက္ခပင်လယ်တွင် ငါးဖမ်းနိုင်ပေ၏။

ထို့နောက် ကျုံးချင်သည် ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမကို ဒုက္ခပင်လယ်၏ရှေ့တွင် ထားလိုက်သည်။

ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမအတွင်းတွင် နှစ်များတစ်လျှောက် တက်ရောက်စာရင်းသွင်းခြင်းမှ သူ ရရှိခဲ့သော ရတနာများအားလုံးကို ထားရှိရန် သူ စီစဉ်ထားသည်။

ဤနည်းလမ်းဖြင့် ငါးဖမ်းနေစဉ် ရတနာအပုံလိုက်ကို ကြည့်ရှုနိုင်ခြင်းက သူ၏ စိတ်အခြေအနေကို ပို၍သာယာစေပေမည်။

ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမတွင် နေရာလွတ်များ အလုံအလောက်ရှိပြီး ထိုရတနာများကို ထားရှိရန် ပြဿနာ လုံးလုံးလျားလျား မရှိချေ။

ထို့နောက် ချက်ချင်းဆိုသလိုပင် ကျုံးချင်သည် ခြံဝင်းအတွင်း၌ ဆေးပင်စိုက်ခင်းတစ်ခုကို စီစဉ်လိုက်၏။

သူသည် အင်မော်တယ် မက်မွန်ပင်နှင့် တာအို ပေါင်းစည်းခြင်းပန်းကို ထိုနေရာသို့ ပြောင်းရွှေ့စိုက်ပျိုးလိုက်သည်။

သူသည် ခြံဝင်းအတွင်း၌ ရေတွင်း တစ်တွင်းကိုလည်း တူးဖော်ခဲ့ပြီး မြင့်မြတ်သုံးဖြာ သူတော်စင်ရေများဖြင့် ပြည့်နှက်စေခဲ့သည်။

ထို့နောက် သူသည် ဖရိုဖရဲချီကို ခြံဝင်း၏ အနောက်ဘက်သို့ ရွှေ့ပြောင်းလိုက်သည်။

နက်နဲသိမ်မွေ့ယင်ချီ အတွက်မူ ထိုအရာသည် ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမ အတွင်းတွင် ဆက်လက်၍ ရှိနေပေမည်။

ပုံရိပ်ယောင်သူတော်စင်စေတီကို ယခုအချိန်တွင် သူ မလိုအပ်သေးသဖြင့် ခေတ္တယာယီ သိမ်းဆည်းထားရပေမည်။

ထိုအရာသည် အရွယ်အစားကို အလိုရှိသလို ပြောင်းလဲနိုင်သဖြင့် ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမအတွင်းသို့ ယာယီထည့်ထားနိုင်သည်။

ထို့နောက် ကျုံးချင်သည် အချိန်စေတီကို ထုတ်ယူလိုက်၏။

သူသည် ထိုအရာကို ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမ ဘေးတွင် ထားရှိလိုက်၏။

ထိုအချိန်စေတီတွင် အထပ်သုံးထပ်ရှိသည်။

ပထမထပ်တွင် စီးဆင်းမှုနှုန်းကို ဆယ်ဆ တိုးမြှင့်ပေးနိုင်သည်။

ဒုတိယထပ်၌ စီးဆင်းမှုနှုန်းကို အဆတစ်ရာ တိုးမြှင့်ပေးနိုင်ကာ...

တတိယထပ်တွင်မူ စီးဆင်းမှုနှုန်းကို အဆ တစ်ထောင် တိုးမြှင့်ပေးနိုင်ပေ၏။

ကျုံးချင်သည် အချိန်စေတီပေါ်တွင် သူ၏ သီးသန့်အမှတ်အသားကို ရိုက်နှိပ်ပြီးနောက် ထိုရတနာကို အသက်သွင်းနိုင်သည်။

အချိန်စေတီသည် တာအိုနားလည်ခြင်း ရှေးဟောင်းသစ်ပင်နှင့် တွဲဖက်ထားချိန်တွင် ပို၍ပင် ထိရောက်မှုရှိပေမည်။

ထို့ကြောင့် ကျုံးချင်သည် တာအိုနားလည်ခြင်း ရှေးဟောင်းသစ်ပင်ကို အချိန်စေတီအတွင်းသို့ တိုက်ရိုက်ရွှေ့ပြောင်းလိုက်သည်။

သူသည် ထိုအရာကို တတိယထပ်တွင် ထားရှိလိုက်၏။

ဤလုပ်ငန်းစဉ်များကို ဆက်တိုက်ပြုလုပ်ပြီးနောက် အချိန်သည် နေဝင်ဆည်းဆာအချိန်သို့ ရောက်ရှိနေလေပြီ။

ကျုံးချင်သည် ကိုယ်ပိုင်ကမ္ဘာငယ်လေး၏ အရှင်သခင်ဖြစ်ပြီး ကမ္ဘာငယ်လေးအပေါ် သူ၏ ထိန်းချုပ်မှုမှာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာသောကြောင့်သာ အဆင်ပြေသွားခဲ့သည်။

ထိုသို့မဟုတ်ပါက နေ့ရက်တော်တော်များများ အသုံးမပြုဘဲ ဤအရာများကို သူ လုပ်ဆောင်၍ အမှန်တကယ် ပြီးမြောက်နိုင်မည် မဟုတ်ချေ။

နေရာချထားမှု ပြီးစီးသွားချိန်တွင် ကမ္ဘာငယ်လေး၏ နေထိုင်ရာ ဧရိယာသည် ကြီးမားသော အသွင်ပြောင်းမှုကို ဖြတ်သန်းခဲ့ရပြီးဖြစ်ပေ၏။

တိတ်ဆိတ်သောတောင်ကြားတစ်ခုတွင် လှပသော လယ်တောခြံဝင်းငယ်လေးတစ်ခု တည်ရှိနေသည်။

ခြံဝင်းအတွင်းတွင် နတ်ဘုရားအလင်းတန်းများ တလက်လက် တောက်ပနေပြီး ရေတွင်းဝမှ သန့်ရှင်းမြင့်မြတ်သော စိတ်ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်နေပေ၏။

ထိုအရာများက သာမန်ခြံဝင်းကို သာမန်ထက် သာလွန်ထူးကဲစွာ ထူးခြားနေစေသည်။

ခြံဝင်း၏ဘယ်ဘက်တွင် ခရမ်းဝါးများ လေထဲတွင် လှုပ်ယိမ်းနေသည်။

ဝါးရနံ့ သဲ့သဲ့လေး လွင့်မျောလာပြီး ခြံဝင်းအတွင်းသို့ ကျက်သရေရှိသော အရှိန်အဝါ သုံးပုံတစ်ပုံကို ထပ်မံ၍ ဖြည့်စွက်ပေးနေပေ၏။

ခြံဝင်း၏ညာဘက်တွင် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဒုက္ခပင်လယ်ကို အနည်းငယ် လှိုင်းထသွားစေကာ ရေပြင်တပြင်လုံး လှပစွာ တလက်လက် တောက်ပနေသည်။

ဒုက္ခပင်လယ်၏ ရှေ့တွင် ပေပေါင်းများစွာ မြင့်သော ဦးတည်ချက်ငါးသွယ် နတ်ဘုရားခန်းမသည် ထပ်တူထပ်မျှ မြင့်မားသော အချိန်စေတီနှင့်အတူ မားမားမတ်မတ် တည်ရှိနေသည်။

ထိုအရာများသည် ရွှေရောင် အလင်းတန်းများဖြင့် တဖျတ်ဖျတ် တောက်ပနေပြီး ရှေးဟောင်းအငွေ့အသက်များကို ထုတ်လွှတ်ကာ ခမ်းနားထည်ဝါသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ခြံဝင်း၏အနောက်ဘက်တွင် ဖရိုဖရဲချီများ တလိမ့်လိမ့်ထနေသည်။

ထိုအရာက ခြံဝင်း၏ခမ်းနားထည်ဝါမှုကို အဆင့်များစွာ မြှင့်တင်ပေးခဲ့သည်။

ကျုံးချင်က ဤအရာများ အားလုံးကို စိတ်ကျေနပ်စွာဖြင့် ကြည့်ရှုနေခဲ့သည်။

နောက်ဆုံးတွင် သူ၏အကြည့်သည် အချိန်စေတီ အပေါ်တွင် ရပ်တန့်သွားပေ၏။

သူက တီးတိုးရေရွတ်လိုက်သည်။

"ဒီရတနာရဲ့ထိရောက်မှုကို အရင်စမ်းသပ်ဖို့ လိုတယ်..."

ထိုအရာကို တွေးမိချိန်တွင် သူသည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို ဆင့်ခေါ်လိုက်သည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးက ချက်ချင်းတုံ့ပြန်လိုက်၏။

"သခင်..."

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် အဝေးမှ ပျံသန်းလာပြီး ကျုံးချင်ကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

သို့သော် ခြံဝင်း၏ပတ်ဝန်းကျင်ရှိ နေရာချထားမှုကို မြင်တွေ့ချိန်တွင် သူတို့အားလုံး မှင်တက်သွားကြ၏။

သူတို့၏သခင်သည် မကြာသေးမီက ရတနာ များစွာကို စုဆောင်းခဲ့ကြောင်း သူတို့ သိထားကြသည်။

သို့သော် ရတနာများစွာကို အတူတကွ စုပုံထားခြင်းကြောင့် အမြင်အာရုံ သက်ရောက်မှုမှာ လုံးလုံးလျားလျား ပေါက်ကွဲအား ကောင်းနေခဲ့သည်။

အထူးသဖြင့် ခြံဝင်း၏အနောက်ဘက်ရှိ ဖရိုဖရဲချီများကို မြင်တွေ့ချိန်တွင် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် သူတို့၏စိတ်နှလုံးသားများထဲတွင် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

သူတို့၏သခင်သည် ဖရိုဖရဲချီကဲ့သို့ အမြင့်ဆုံး နတ်ဘုရား ပစ္စည်းကိုပင် စုဆောင်းနိုင်ခဲ့ပေ၏။

ဤသည်မှာ ရိုးရှင်းစွာပြောရပါက မိုးကောင်းကင်ကို ဆန့်ကျင်နေခြင်းပင်။

ကြက်ပေါက်စတစ်က အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးမြန်းလိုက်သည်။

"သခင်... သခင်က အင်မော်တယ် နန်းတော်တစ်ခုလုံးကို လုယက်ခဲ့တာလား..."

ကျုံးချင်က ကြက်ပေါက်စတစ်၏နဖူးကို ခေါက်ပြီး ပြောဆိုသည်။

"လုယက်တာက ဘာအဓိပ္ပါယ် ရှိမှာလဲ... ဒါတွေ အားလုံးက ကြင်နာတတ်တဲ့သူတစ်ယောက်က ငါ့ကို ပေးထားတာ..."

ထို့နောက် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး လုံးလုံးလျားလျား မှင်တက်သွားကြသည်။

ဤပစ္စည်းများအနက် တစ်ခုစီတိုင်းသည် တန်ဖိုးမဖြတ်နိုင်ဘဲ မယုံနိုင်လောက်အောင် ရှားပါးသော အထွတ်အထိပ်ရတနာများပင်။

ထိုရတနာတစ်ခုစီတိုင်းကိုသာ ပြင်ပသို့ ထုတ်ဖော်လိုက်မည်ဆိုပါက မုန်တိုင်းတစ်ခုအလား သွေးထွက်သံယို လုယက်မှုတစ်ခုကို ဖြစ်ပေါ်စေပေမည်။

ထိုသို့ဆိုသည့်တိုင် သူတို့၏သခင်က ဤအထွတ်အထိပ်ရတနာများကို တစ်စုံတစ်ယောက်က သူ့ကို ပေးခဲ့သည်ဟု အမှန်တကယ် ပြောဆိုခဲ့ပေ၏။

မည်သည့်အရူးက ထိုကဲ့သို့ အထွတ်အထိပ်ရတနာများကို အလဟဿ ပေးမည်နည်း...

တစ်ချိန်တည်းမှာပင် ငရဲချော်ရည်အတွင်း၌ ဒဏ်ရာများ ပြန်လည် သက်သာလာစေရန် ကုသနေသော ချောက်နက်အရှင်သခင်သည် ဤအချိန်တွင် တစ်စုံတစ်ရာကို ခံစားလိုက်ရပုံရသည်။

သူက မေးမြန်းလိုက်သည်။

"ငါ့ရဲ့အကြောင်းကို ဘယ်သူ တွေးနေတာလဲ..."

သူသည် လေဟာနယ်ကို မော့ကြည့်ကာ ဇဝေဇဝါဖြစ်မှုများ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပြီး တီးတိုးရေရွတ်လိုက်၏။

...

ကြက်ပေါက်စတစ်တို့အားလုံး အလျင်အမြန် တည်ငြိမ်သွားကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတို့၏အရှင်သခင်ဖြစ်သော အစွမ်းထက်သည့် နတ်ဆိုးသခင်ဖြစ်သည့်အပြင် ကမ္ဘာတစ်ခု၏ အရှင်သခင်ပင်။ ထိုကဲ့သို့သော တည်ရှိမှုမျိုးအတွက် သူ့ထံတွင် မည်မျှထိ ထူးဆန်းသော အရာများ ဖြစ်ပျက်နေပါစေ အံ့အားသင့်စရာ မဟုတ်ချေ။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် သူတို့၏ စိတ်နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုများကို ဖိနှိပ်လိုက်၏။

သူတို့အားလုံးက ကျုံးချင်ကိုကြည့်ကာ တပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။

"သခင်... ကျွန်တော်တို့ကို ဆင့်ခေါ်တာက တာဝန် တစ်ခုခု ပေးစရာ ရှိလို့လား..."

ကျုံးချင်က ရှေ့သို့ လက်ညှိုးထိုးပြီး ပြောဆိုသည်။

"ဒါက အချိန်စေတီပဲ... အပြင်ဘက်မှာ တစ်နှစ် ဆိုတာ အတွင်းထဲမှာ နှစ်တစ်ထောင်နဲ့ ညီမျှတယ်..."

"စေတီ ရဲ့ တတိယထပ်အတွင်းမှာ တာအိုနားလည်ခြင်း ရှေးဟောင်းသစ်ပင်လည်း ရှိတယ်... တာအိုနားလည်ခြင်း ရှေးဟောင်း သစ်ပင်အောက်မှာ ကျင့်ကြံတာက တာအိုအပေါ် နားလည်မှုကို မြှင့်တင်ပေးနိုင်တယ်..."

"ငါ အခု ဒီစေတီကို အသက်သွင်းဖို့ ပြင်ဆင်နေတယ်... မင်းတို့ထဲက ဘယ်သူက အထဲဝင်ပြီး ကျင့်ကြံဖို့ ဆန္ဒရှိလဲ..."

သူတို့က သက်ပြင်းချလိုက်၏။

"ဟူး..."

ထိုစေတီ၏ထိရောက်မှုက နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ဤသည်မှာ မည်ကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သည့် ရတနာမျိုး ဖြစ်သနည်း...

ထိုအရာက အချိန်နှင့်လေဟာနယ်ကို အမှန်တကယ် ခြယ်လှယ်နိုင်ပြီး အချိန်စီးဆင်းမှုကို ချိန်ညှိနိုင်ပေ၏။

အချိန်စေတီအတွင်းသို့ ဝင်ရောက်ခြင်းက သာမန်လူတစ်ယောက်၏ ကျင့်ကြံခြင်းအမြန်နှုန်းထက် အဆတစ်ထောင်ရှိသည်ဟု ဆိုလိုခြင်းပင်။

အရူးတစ်ယောက်သာလျှင် ထိုအရာအတွင်းသို့ ဝင်ရောက်ရန် ဆန္ဒရှိမည် မဟုတ်ချေ။

အပြင်ဘက်တွင် တစ်နှစ်ဆိုသည်မှာ အတွင်းထဲတွင် နှစ်တစ်ထောင် ဖြစ်သဖြင့် ထိုအရာက အထီးကျန်မှု ခံစားချက်ကို မလွဲမသွေ ဖြစ်ပေါ်စေပေမည်။

သို့သော် သူတို့၏ နယ်ပယ်အထိ ကျင့်ကြံနိုင်သူများကြားတွင် မည်သူက ရိုးရှင်းသနည်း...

အစွမ်းထက်သော ပုဂ္ဂိုလ်များအနေဖြင့် အထီးကျန်မှုကို ခံနိုင်ရည်ရှိခြင်းမှာ အခြေခံ လုပ်ဆောင်ချက်တစ်ခုမျှသာ ဖြစ်ပေ၏။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် အမြဲတစေ တက်ကြွပြီး ပျော်မြူးနေသော်လည်း ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် သူတို့သည် အလွန်အလွန်တည်ကြည်လေးနက်ကြသည်။

သူတို့အားလုံး တပြိုင်နက်တည်း ပြောဆိုလိုက်သည်။

"ဒီလောက် ကြီးမားတဲ့ အခွင့်အရေးနဲ့ ကံကြမ္မာ အတွက် သခင့်ကို ကျေးဇူးတင်ပါတယ်..."

သူတို့၏စိတ်နှလုံးသားများသည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

သူတို့ထံတွင် ကြီးမားသော အခွင့်အရေး တစ်ခု ကျဆင်းလာခြင်း၏ ပျော်ရွှင်မှုနှင့် ကျုံးချင်အပေါ် ကျေးဇူးတင်မှု နှစ်ခုလုံး ရှိနေခဲ့ပေ၏။

ကျုံးချင်သည် ထိုကဲ့သို့ အထွတ်အထိပ်ရတနာကို ရရှိခဲ့ပြီးနောက် သူတို့အတွက် တွေးတောကာ ဝင်ရောက်ကျင့်ကြံခွင့် ပြုခဲ့သည်။

ထိုကဲ့သို့ သခင်မျိုးကို သူတို့ မည်သည်ကြောင့် ချစ်ခင်လေးစားခြင်းမရှိဘဲ နေမည်နည်း...

ကျုံးချင်၏အချက်ပြမှုအရ နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် စေတီအတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားကြ၏။

ပုံရိပ်ဆယ့်နှစ်ခုသည် စေတီထဲသို့ ဝင်ရောက်ကာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီးနောက် ကျုံးချင်သည် နှစ်များတလျှောက် သူ စုဆောင်းထားသော စိတ်ဝိညာဉ်ကျောက်တုံးများကို အချိန်စေတီ၏ အဓိကလည်ပတ်မှုယန္တရား အတွင်းသို့ ထည့်သွင်းလိုက်သည်။

စိတ်ဝိညာဉ်ကျောက်တုံးများ ဝင်ရောက်သွားသည်နှင့် အချိန်စေတီ တစ်ခုလုံး အလိုအလျောက် စတင်၍ အသက်ဝင်လာခဲ့သည်။

ကျုံးချင်သည် စိတ်ဝိညာဥ်ကျောက်တုံး ကုန်ဆုံးမှုနှုန်းကို ခံစားလိုက်ရသည်။

အချိန်စေတီ၏လည်ပတ်မှုကို တစ်ရက် ထိန်းသိမ်းရန်အတွက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းခန့် ကုန်ကျပေမည်။

ဤသည်မှာ တစ်နှစ် ထိန်းသိမ်းရန်အတွက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းသုံးရာကျော် ကုန်ကျမည်ဟု ဆိုလိုခြင်းပင်။

ဤစိတ်ဝိညာဉ်ကျောက်တုံး သုံးစွဲမှုအဆင့်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် အလွန်ထိတ်လန့်ဖွယ် ကောင်းလှ၏။

အရှေ့ပိုင်းဒေသတွင် ကျုံးချင်၏ ဘုရင်အဆင့် နတ်ဘုရားလက်နက်တစ်ခုကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ်ဖြင့်သာ ရောင်းချနိုင်သည်။

ဤအချိန်စေတီသည် ရက်အနည်းငယ်အတွင်း၌ ဘုရင်အဆင့် နတ်ဘုရားလက်နက်တစ်ခုကို ကုန်ဆုံးသွားစေနိုင်သည်။

ထိုအရာကို ငွေကုန်တွင်းကြီးတစ်ခုဟု သေချာပေါက် ခေါ်ဆိုနိုင်ပေ၏။

ထိုအရာကို မြင်ချိန်တွင် ကျုံးချင်သည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ ရှေးဟောင်းစာပေများတွင် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်၌ ကြွယ်ဝမှု အပေါင်းအဖော်များ နည်းလမ်းများ နှင့် မြေနေရာတို့သည် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းများဖြစ်ကြောင်း မှတ်တမ်းတင်ထားခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

ထိုကဲ့သို့ အထွတ်အထိပ်ရတနာကို အင်အားစုငယ်တစ်ခုတွင် ထားရှိမည်ဆိုပါက တစ်ရက်တာ လည်ပတ်ရန်ပင် ရုန်းကန်ရလောက်သည်။

သူ့အတွက်ပင်လျှင် ထိုအရာမှာ ဝန်ထုပ်ဝန်ပိုး အသေးစားလေး မဟုတ်ချေ။

ကျုံးချင်သည် စေတီအပြင်ဘက်တွင် မတ်တတ်ရပ်ကာ တာအိုနားလည်ခြင်း ရှေးဟောင်းသစ်ပင်အောက်တွင် ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံနေသော နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးကို ကြည့်ရှုနေခဲ့သည်။

သူသည် ကိုယ်ပိုင်ကမ္ဘာငယ်လေးကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။

ကိုယ်ပိုင်ကမ္ဘာငယ်လေး၏ တက်ကြွသော မြင်ကွင်းကို ကြည့်ရင်း သူ၏နှလုံးသားသည် အနည်းငယ် စိတ်လှုပ်ရှားမသွားဘဲ မနေနိုင်ခဲ့ချေ။

သူက တီးတိုးရေရွတ်လိုက်၏။

"ထွက်သွားဖို့ အချိန်တန်ပြီ..."

ထို့နောက် ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းမှ သူ ထွက်ခွာသွားခဲ့သည်။

ကျုံးချင် ထွက်ခွာသွားပြီးနောက် ...

ကိုယ်ပိုင်ကမ္ဘာငယ်လေးအတွင်းရှိ မိုးကောင်းကင်ယံကို ဖြတ်သန်းကာ အလင်းတန်းတစ်တန်း ပျံသန်းလာပြီး ခြံဝန်းအတွင်းရှိ အင်မော်တယ် မက်မွန်ပင်နံဘေးတွင် ကျဆင်းသွားပေ၏။

နောက်ဆုံးတွင် ထိုအရာသည် စာခြောက်ရုပ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဆေးပင်စိုက်ခင်းအတွင်းသို့ စိုက်ဝင်သွားခဲ့သည်။

လတ်တလောတွင် ဆေးပင်စိုက်ခင်းသည် ရိုးရှင်းပြီး တာအိုပေါင်းစည်းခြင်းပန်းနှင့် အင်မော်တယ် မက်မွန်ပင်တို့သာ ပါဝင်သည်။

သို့သော် ထိုအရာများ၏ မူလအရည်အသွေးသည် အလွန်အမင်း သာမန်ထက် သာလွန်ထူးကဲနေသောကြောင့် ဆေးပင်စိုက်ခင်းတစ်ခုလုံး ခြွင်းချက်အနေဖြင့် အံ့အားသင့်ဖွယ် ကောင်းလှ၏။

တာအို ပေါင်းစည်းခြင်းပန်းသည် ခုနစ်ရောင်ခြယ်အလင်းတန်းကို ထုတ်လွှတ်နေပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေ၏။ ထိုအရာသည် နတ်ဘုရားအလင်းတန်းများလည်း တဖျတ်ဖျတ် တောက်ပနေပြီး စည်းမျဉ်းများ၏ စွမ်းအားက ပွင့်ဖတ်များပေါ်တွင် စီးဆင်းနေသည်။

အင်မော်တယ် မက်မွန်ပင်သည် ကြည်လင်ပြီး စိမ်းလန်းစိုပြည်ကာ အကိုင်းအခက်များတွင် မက်မွန်သီးများ ထူထပ်စွာ ဖုံးလွှမ်းနေပြီး ဆွဲဆောင်မှုရှိသော ရနံ့ တစ်ခုကို ထုတ်လွှတ်နေပေ၏။

ထိုအပင်၏အခေါက်သည် နဂါး အကြေးခွံများအလား အကိုင်းအခက်များသည် နဂါး လက်သည်းများအလားဖြစ်နေကာ ရှေးဟောင်း ဆန်သော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

စာခြောက်ရုပ်သည် ဆေးပင်စိုက်ခင်း အတွင်းသို့ နေရာယူပြီးနောက် စိုက်ခင်းတစ်ခုလုံး ပို၍ပင် သာမန်ထက် သာလွန်ထူးကဲလာသည်။

All Chapters