← Chapters

အလယ်ပိုင်းဒေသကုန်းမြေ

Vol. 38 Ch. 379

အလယ်ပိုင်းဒေသကုန်းမြေ

Vol. 38 Ch. 379

ရှန်ဖေးသည် အလွန်တက်ကြွပြီး စကားများသူ တစ်ယောက်ဖြစ်ကာ ကျုံးချင်အနေဖြင့် သူ့ကို လမ်းပြတစ်ယောက်အနေဖြင့်လည်း အမှန်တကယ် မလိုအပ်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် အလယ်ပိုင်းဒေသသို့ အသစ်ရောက်လာသူ တစ်ဦး ဖြစ်ပြီး ရှန်ဖေးကို မေးချင်သော မေးခွန်းတချို့ ရှိနေဆဲပင်။

ထို့ကြောင့် တစ်ဖက်လူက သူ့ကို နဂါးတံခါးသို့ ခေါ်သွားပေးမည်ဟု ကမ်းလှမ်းလာချိန်တွင် ကျုံးချင်သည် အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

သူသည် လက်ပူးဆုပ်ကာ ချက်ချင်းဆိုသလိုပင် ကျေးဇူးတင်စကား ပြောဆိုလိုက်၏။

"အဲ့ဒီလိုဆိုရင်တော့ ညီအစ်ကိုရှန်ကို ဒုက္ခပေးရတော့မယ်..."

ရှန်ဖေးက ဂရုမစိုက်သည့်အနေဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟေး... ဒါက ကိစ္စသေးသေးလေးပါ... ကျွန်တော်နဲ့ဆိုရင် ဒီလောက်ထိ ယဥ်ကျေးနေစရာ မလိုပါဘူး..."

"ဒီည ဒီနေမှာပဲ အနားယူပြီး အားမွေးကြရအောင်... မနက်ဖြန်ကျရင် ကျွန်တော်တို့ ခရီးဆက်ပြီး နဂါးတံခါးကို အတူတူ တက်လှမ်းကြတာပေါ့..."

ယနေ့ညတွင်...

ကြယ်များ တဖျတ်ဖျတ် တောက်ပနေခဲ့သည်။

ရှန်ဖေးက သူ၏မျက်လုံးများကို စုံမှိတ်ကာ ကျင့်ကြံနေသည်။

နေ့ခင်းဘက်မှတိုက်ပွဲက သူ၏စွမ်းအင် အများအပြားကို ကုန်ဆုံးသွားစေခဲ့ကြောင်း သိသာထင်ရှားသည်။ သူသည် ပြန်လည် နာလန်ထူရန်နှင့် သူ၏ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိရန် အချိန်ကို ကောင်းစွာအသုံးချနေပေ၏။

ကျုံးချင်က မိုးကောင်းကင်တခွင်လုံး၌ ပြည့်နှက်နေသော ကြယ်များကို ကြည့်လိုက်သည်။

ထို့နောက် တလိမ့်လိမ့်ထနေသော လှိုင်းသံများကို နားထောင်ရင်း သူ ဝိုင်အရက်တစ်ငုံ သောက်လိုက်သည်။

သူသည် အနာဂတ်အတွက် မျှော်လင့်ချက် အသစ်တစ်ခုကို ခံစားလိုက်ရသည်။

ရှောင်ကာသည် ပတ်ဝန်းကျင်ကို အချိန်တခဏကြာမျှ ကြည့်ပြီးနောက် ကောင်းကင်ကို ကြည့်ကာ ကျုံးချင်ကို ကြည့်လိုက်၏။

နောက်ဆုံးတွင် ရှောင်ကာက ချစ်စရာကောင်းသော မျက်လုံးဝိုင်းကြီးများဖြင့်ကျုံးချင်ကိုကြည့်ပြီး ပြောဆိုသည်။

"သခင်... ကျွန်တော်က အစ်ကိုကြီးကို လွမ်းတယ်... ကျွန်တော် အစ်ကိုကြီးကို သွားကြည့်လို့ ရမလား..."

ကျုံးချင်သည် ရှောင်ကာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး ကောက်ကိုင်ကာ ငှက်ငယ်လေး၏ ဆန္ဒလေးကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ချီလင်အမှတ်အသားအတွင်းသို့ တိုက်ရိုက်ပစ်ထည့်လိုက်၏။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချီလင်သည် တက်တူးတစ်ခုအဖြစ် ထင်ဟပ်နေသော်လည်း ထိုအရာအတွင်းတွင် လေဟာနယ်စွမ်းအား ပါဝင်နေသည်။

ထိုငှက်ငယ်လေးကို ပစ်ထည့်လိုက်ခြင်းမှာ ပြဿနာရှိ​ရန် မဆိုထားနှင့် တောင်ကြီးနှစ်လုံးကို ပစ်ထည့်လိုက်လျှင်ပင် ဝင်ဆံ့နိုင်သည်။

သူတို့၏စကားပြောသံများကို ကျုံးချင်က ခပ်သဲ့သဲ့ကြားနေရသည်။

ချီလင် ရှောင်ဟေးက ပြောဆိုသည်။

"မင်း ဒီအထဲကို ဘာလာလုပ်တာလဲ"

ရှောင်ကာက တုံ့ပြန်လိုက်၏။

"အစ်ကိုကြီး... ကျွန်တော်က အစ်ကိုကြီးကို လွမ်းလို့ သခင်ကို အစ်ကိုကြီးဆီ သွားခွင့်ပြုဖို့ အထူးတလည် တောင်းဆိုခဲ့တာပါ"

ရှောင်ကာ၏အသံသည် ပေါ့ပါးပြီး ရွှင်မြူးနေကာ နူးညံ့ချိုသာမှု အရိပ်အယောင်တစ်ခုပင် ပါဝင်နေသည်။

ကျုံးချင်က ပြုံးလိုက်ပြီးနောက် ကြယ်ရောင်စုံနေသော ကောင်းကင်ကြီးကို ဆက်လက်၍ ငေးကြည့်နေကာ သူ၏မျက်လုံးများ နက်ရှိုင်းနေပြီး အတွေးများထဲတွင် နစ်မြောနေခဲ့သည်။

ညအချိန်သည် တိတ်ဆိတ်စွာ ကုန်လွန်သွားပေ၏။

နောက်တစ်နေ့ မနက်တွင်....

ရှန်ဖေးနိုးလာချိန်၌ တိုတောင်းသော ပြင်ဆင်မှုအပြီးတွင် သူတို့နှစ်ယောက်သား တိုက်ရိုက်ထွက်ခွာခဲ့ကြသည်။

သူတို့၏ ခရီးဆုံးပန်းတိုင်မှာ အလယ်ပိုင်းကုန်းမြေမှလွဲ၍ တခြားမဟုတ်ချေ။

သူတို့နှစ်ဦးသည် လျင်မြန်စွာ ရွေ့လျားသွားပြီး မိုးကောင်းကင်ယံတွင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားကာ အသက်ရှူချိန်အနည်းငယ် အတွင်း သူတို့သည် အလွန်ဝေးကွာသော အကွာအဝေးတစ်ခုသို့ ပျံသန်းသွားခဲ့သည်။

ကုန်းမြေ၏အရိပ်အယောင်သည် ပို၍ပို၍ရှင်းလင်းလာသော်လည်း....

ထိုသို့ဆိုသည့်တိုင် သူတို့နှစ်ဦးသည် သုံးရက်တိုင်တိုင် ခရီးသွားခဲ့သော်လည်း မရောက်သေးချေ။

စတုတ္ထနေ့ ညနေခင်းအချိန်ရောက်မှသာ သူတို့သည် နောက်ဆုံးတွင် ကမ်းရိုးတန်းအနီးသို့ ရောက်ရှိသွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ရှန်ဖေးသည် သူ၏ ပုံမှန်အနေဖြင့် နောက်ပြောင်တတ်သော အမူအရာကို လုံးလုံးလျားလျား ဖယ်ရှားလိုက်ပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် အစားထိုးလိုက်သည်။

ထို့နောက် စိတ်တင်းမာမှုကို လျှော့ချရန်အတွက် သူက ကမ်းရိုးတန်းကို လက်ညှိုးညွှန်ပြကာ ကျုံးချင်အား ပြောဆိုလိုက်၏။

"ဒီကမ်းရိုးတန်းတစ်ခုတည်းနဲ့ ကုန်းမြေကို ပင်လယ်ကနေ လုံးဝပိုင်းခြားထားတယ်..."

"အလယ်ပိုင်းဒေသ ကုန်းမြေတစ်ခုလုံးက ရှေးဟောင်း အစွမ်းထက်ကျွမ်းကျင်သူတစ်ယောက်က သန့်စင်ထားတဲ့ အထွတ်အထိပ်ရတနာတစ်ခုဖြစ်တယ်လို့ ဒဏ္ဍာရီတွေ ရှိတယ်..."

"အဲ့ဒီအရာက အမှန်လား အမှားလား ဆိုတာ ကျွန်တော် သိချင်တယ်..."

"အမ်..."

ကျုံးချင် အံ့အားသင့်သွားခဲ့သည်။

ဤရက်များအတွင်း ရှန်ဖေး၏ရှင်းပြမှုအောက်တွင် သူသည် အလယ်ပိုင်းဒေသနှင့် ပတ်သက်၍ ခိုင်မာသော နားလည်မှုတစ်ခုကို ရရှိထားခဲ့လေပြီ။

အလယ်ပိုင်းဒေသသည် ကြီးမားကျယ်​ပြန့်ပြီး အဆုံးအစမဲ့ပေ၏။

ဖုန်းယွီဂိုဏ်းကဲ့သို့ အစွန်အဖျားမှ ဂိုဏ်းတစ်ဂိုဏ်းပင်လျှင် မိုင်ပေါင်းသိန်းနှင့်ချီ ကျယ်ဝန်းသော ဧရိယာကို ထိန်းချုပ်ထားသည်။

ထို့ပြင် ဖုန်းယွီဂိုဏ်းသည် အလယ်ပိုင်းဒေသအတွင်း၌ အဆင့်သတ်မှတ်ချက်တွင်ပင် မပါဝင်ချေ။

ယေဘုယျအားဖြင့် ပြောရလျှင် ဂိုဏ်းတစ်ဂိုဏ်းသည် ပို၍အားကောင်းလေလေ သူတို့ ထိန်းချုပ်ထားသောနယ်မြေ ပို၍ကြီးမားလေလေပင်။

ဤအရာက အလယ်ပိုင်းဒေသ၏ ကျယ်​ပြန့်မှုသည် လူအများ စိတ်ကူးယဥ်တွေးတောနိုင်သည်ထက် ကျော်လွန်နေကြောင်း ပြသနေခြင်းပင်။

သို့သော် ယခုအချိန်တွင် ရှန်ဖေးက အလယ်ပိုင်းဒေသ ကုန်းမြေတစ်ခုလုံးသည် အထွတ်အထိပ်ရတနာတစ်ခုမှ ဖြစ်ပေါ်လာခြင်းဟု ပြောဆိုခဲ့သည်။

ဤသည်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ရှန်ဖေးသည် ကျုံးချင်၏မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးမှုကို မြင်တွေ့မိသဖြင့် သူက ရယ်မောလိုက်သည်။

"ဘယ်လိုလဲ... အဲ့ဒါက အံ့အားသင့်စရာကောင်းပြီးတော့ ယုံကြည်နိုင်စရာ မရှိဘူးလို့ မခံစားရဘူးလား..."

"ဒီလောကမှာ ဒီထက်ပိုပြီး မယုံနိုင်စရာ ကောင်းတဲ့ အရာတွေ အများကြီး ရှိသေးတယ်..."

"ကျွန်တော်တို့ရဲ့ကျင့်ကြံမှုက နိမ့်ကျပြီး ဗဟုသုတက တိမ်ကောနေလို့ မယုံနိုင်တဲ့ ဒဏ္ဍာရီတွေ အများကြီးက ဖန်တီးထားတဲ့အရာတွေလို့ ကျွန်တော်တို့က မှားယွင်းပြီး ယူဆမိကြတာပဲ..."

"ဒါက ကျွန်တော် နဂါးတံခါးကို တက်လှမ်းဖို့ စိတ်ပိုင်းဖြတ်ထားရတဲ့ အရေးကြီးတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုလည်း ဖြစ်တယ်..."

"ပင်လယ်ကြီးက ကျယ်​ပြန့်ပေမဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေက မမြင်နိုင်တဲ့ လှောင်ချိုင့် တစ်ခုလိုပဲ... ကျွန်တော်တို့ကို ကျဉ်းမြောင်းတဲ့ နေရာလေး တစ်ခုထဲမှာ ပိတ်လှောင်ထားတယ်..."

"ခင်ဗျားကိုယ်တိုင် အပြင်ကို ထွက်မလာသရွေ့ ကောင်းကင်ကြီးက ဘယ်လောက် မြင့်လဲ မြေပြင်က ဘယ်လောက်ထိ ကျယ်ဝန်းလဲ ပြီးတော့ လောကကြီးက ဘယ်လောက်ထိ အံ့အားသင့်ဖို့ကောင်းလဲ ဆိုတာကို ခင်ဗျား ဘယ်တော့မှ စိတ်ကူးကြည့်နိုင်မှာ မဟုတ်ဘူး..."

ထိုအကြောင်းကို ပြောချိန်တွင် သူ၏မျက်လုံးများတွင် ပြတ်သားသော တောက်ပမှုတစ်ခု ထင်ဟပ်လာခဲ့သည်။

"ဒါကြောင့် ကျွန်တော်က နဂါးတံခါးကို တက်လှမ်းရမယ်... ဒါက အနာဂတ်မှာ ကြီးမားတဲ့ အမြင့်ဆုံး အောင်မြင်မှုတွေကို ရရှိဖို့ မဟုတ်ဘူး..."

"ဒါပေမဲ့ အနည်းဆုံးတော့ ဒီတောင်တွေ မြစ်တွေကို ကျွန်တော် မြင်တွေ့နိုင်တယ်...ကျွန်တော့်ရဲ့ အမြင်တွေကို ကျယ်ပြန့်စေနိုင်တယ် ပြီးတော့ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ဖြတ်သန်းနိုင်လိမ့်မယ်..."

ဤအချိန်အခိုက်အတန့်တွင် ရှန်ဖေး၏ မျက်လုံးများမှာ တောက်ပနေပေ၏။

ဤသည်မှာ သူ၏အနာဂတ်အတွက် မျှော်လင့်ချက်နှင့် လိုလားတောင့်တမှုပင်။

ထို့ပြင် သူ လိုက်လံ ရှာဖွေနေသော ဦးတည်ချက် နှင့်ရည်မှန်းချက်ပန်းတိုင်လည်း ဖြစ်သည်။

"မင်း သေချာပေါက် အောင်မြင်မှာပါ..."

ကျုံးချင်သည် ရှန်ဖေး၏မျက်လုံးများထဲတွင် ဇွဲလုံ့လနှင့်ယုံကြည်မှုတို့ကို မြင်တွေ့ခဲ့သည်။

သူသည် ရှန်ဖေးကို အားပေးနှစ်သိမ့်လိုက်၏။

သေချာသည်က ထိုအရာမှာ အားပေးမှု သက်သက် မဟုတ်ချေ။

သူတို့၏ ရင်းနှီးမှုနှင့် ခင်မင်မှုအပေါ် အခြေခံ၍ အကယ်၍ မမျှော်လင့်ထားသော အခြေအနေ တစ်ခုခု အမှန်တကယ် ပေါ်ပေါက်လာပါက သူရပ်ကြည့်နေမည် မဟုတ်ချေ။

တစ်ဖက်လူ အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည်ကို သူ ရပ်ကြည့်နေမည် မဟုတ်ပေ။

"ခင်ဗျားရဲ့ ကောင်းမွန်တဲ့ စကားတွေအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်..."

"ကျွန်တော်တို့ သေချာပေါက် အောင်မြင်လိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်တယ်..."

ရှန်ဖေးက သူ့ကိုယ်သူ အားပေးနေသည့်အလား သူ၏လက်သီးကို ဆုပ်လိုက်၏။

ဤအချိန်တွင် ကောင်းကင်ကြီးသည် လုံးလုံးလျားလျား မှောင်မည်းသွားလေပြီ။

ယနေ့ညတွင် ကြယ်များသည် ပုံမှန်ထက်ပင် ပို၍တောက်ပနေပုံရသည်။

ညအချိန်သည် ကုန်းပေါ်တက်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်ပေ၏။

ကျင့်ကြံသူများအတွက် အမှောင်ထဲတွင် မြင်နိုင်စွမ်းမှာ အသေးအမွှားကိစ္စတစ်ခုသာ ဖြစ်သဖြင့်...

ညအချိန်တွင် နဂါးတံခါးကို တက်လှမ်းရန်အတွက် အမြဲတစေ အဆင်ပြေမှုတချို့ကို ပေးစွမ်းနိုင်သည်။

သူတို့နှစ်ဦးသည် ကမ်းရိုးတန်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကာ ကုန်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ဤနေရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့ နှစ်ဦးလုံး၏စိတ်နှလုံးသားများ တုန်ယင်သွားသည်။

အရှေ့တွင် တောင်များသည် မြင့်မားပြီး ရှည်လျားပေ၏။

တောင်တန်းများက ဆက်တိုက်သွယ်တန်းနေပြီး သူတို့၏ရှေ့တွင် မားမားမတ်မတ် တည်ရှိနေသည်။

ထိုတောင်တန်းများမှ ဝေဝါးပြီး ကျက်သရေရှိသော အလင်းတန်းတစ်တန်းကို ထုတ်လွှတ်ထားသည်။

ထိုနေရာမှ ဖြာထွက်လာသော စိတ်ဝိညာဉ်စွမ်းအားများသည် မုန်တိုင်းငယ်လေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့ထံသို့ ပြေးဝင်လာခဲ့သည်။

ထိုအရာကို အသက်ရှူသွင်းလိုက်ခြင်းက ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သော ဝိုင်အရက်ဟောင်းကို သောက်လိုက်ရသည့်အလား လူတစ်ယောက်၏စိတ်ကို တုန်ယင်သွားစေပြီး ချွေးပေါက်များကို ပွင့်သွားစေသည်။

လူတိုင်းက အလယ်ပိုင်းဒေသတွင် စိတ်ဝိညာဥ်စွမ်းအားများ ပေါကြွယ်ဝသည်ဟု ဆိုကြ၏။

ဤနေရာသည် သဘာဝ အလှတရားများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုပင်။

သို့သော် ဤနေရာသည် မည်မျှထိ စိတ်ဝိညာဥ်စွမ်းအားများ ပေါကြွယ်ဝကြောင်းကို ကျုံးချင် ယနေ့တွင် အမှန်တကယ်ခံစားလိုက်ရသည်။

ဤကဲ့သို့ နေရာမျိုးတွင် နေထိုင်သူများသည် ကျင့်ကြံခြင်း မပြုလုပ်သော သေမျိုးများပင်လျှင် နှစ်ရာနှင့်ချီ၍ လွယ်လင့်တကူ အသက်ရှင်သန်နိုင်ပေမည်။

ရှေးခေတ်က ကျင့်ကြံခြင်း မပြုလုပ်သူများပင်လျှင် အလယ်ပိုင်းဒေသ၌ နှစ်ရှစ်ရာအထိ အသက်ရှင်နိုင်သည်ဟူသော ဒဏ္ဍာရီများ ရှိပေ၏။

ယခင်က ကျုံးချင်သည် ဤကိစ္စနှင့် ပတ်သက်၍ သံသယ ရှိခဲ့ဖူးသည်။

ဤသည်က ချဲ့ကားပြောဆိုခြင်းဖြစ်မည်ဟု သူ ယုံကြည်ခဲ့သည်။

သို့သော် ယခုအချိန်တွင် ဤမျှ ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားကို မြင်တွေ့ရချိန်တွင် ထိုအရာမှာ မဖြစ်နိုင်သည်တော့ မဟုတ်ဟု သူ ခံစားလိုက်ရသည်။

အရာတစ်ခုသည် အရေအတွက်မှ အရည်အသွေးသို့ အပြောင်းအလဲတစ်ခုကို ဖြတ်သန်းသွားချိန်တွင် ထိုအရာသည် မယုံကြည်နိုင်စရာကောင်းသော ကိစ္စများစွာကို မကြာခဏ ဖြစ်ပေါ်စေနိုင်သည်။

တောင်တန်းများတလျှောက်လုံးတွင် စိတ်ဝိညာဉ်အနှစ်သာရများ စုစည်းနေပြီး ရံဖန်ရံခါတွင် နတ်ဘုရားအလင်းတန်း အနည်းငယ် ပေါက်ကွဲထွက်လာပေ၏။ လမ်းဘေးရှိ ကျပန်း ပေါင်းပင်တစ်ပင်တွင်ပင် များပြားသော စိတ်ဝိညာဉ်အနှစ်သာရများ ပါဝင်နေသည်ကို မြင်တွေ့နိုင်သည်။

ဤအရာကို စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ဟု အမှန်တကယ် ခေါ်ဆိုနိုင်သည်။

ထို့ပြင် ဤကဲ့သို့ စိတ်ဝိညာဉ်ဆေးပင်များသည် တောင်တန်းများတလျှောက် နေရာတိုင်းတွင် ရှိနေပေ၏။

ကျုံးချင်၏ စိတ်နေသဘောထား ဖြင့်ပင်လျှင် သူသည် ဤမြင်ကွင်းကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ချေ။

ဤနေရာသည် အမှန်တကယ်ကို နေရာတိုင်းတွင် စိတ်ဝိညာဉ်ရတနာများ ရှိနေသော ဖန်တီးခြင်း တောင်တစ်တောင်ပင်။

ထိုကဲ့သို့ နေရာမျိုးကို အရှေ့ပိုင်းဒေသ တွင် ထားရှိမည်ဆိုပါက တောင်များကို ရွှေ့ပြောင်းခံရပြီး မြေဆီလွှာများကို ညတွင်းချင်း တူးဖော်ခြင်း ခံရပေလိမ့်မည်။

သေချာသည်မှာ ဤတောင်တန်းများအားလုံးတွင် ပိုင်ရှင်များ ရှိနေကြခြင်းပင်။

ထိုနေရာများသည် ဂိုဏ်းကြီးဂိုဏ်းငယ် အများအပြား အခြေချထားသော နယ်မြေများ ဖြစ်ကြ၏။

မိုးကောင်းကင်ယံတွင် ဖြစ်စေ မြေကြီးပေါ်တွင် ဖြစ်စေ ကင်းလှည့်နေသော ကင်းလှည့်အဖွဲ့များ ရှိနေခဲ့သည်။

ခြေလှမ်းဆယ်လှမ်းလျှင် အစောင့်တစ်ယောက် နှင့် ခြေလှမ်းငါးလှမ်းလျှင် ကင်းစောင့်တစ်ယောက် ရှိနေသည်အထိ အလွန်တင်းကြပ်သည်။

All Chapters