အရှေ့ပိုင်းကုန်းမြေ၏ ပါရမီရှင် လေဟာနယ်တိမ်
Vol. 137 Ch. 1898
ထိုအသံ ထွက်ပေါ်လာသည်မှာ ရုတ်ချည်း ဆန်လှ၏။ သည်စကားများ ထွက်ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ပင်လယ်သည် စတင် လှုပ်ရှားလာ၏။
ဝမ်လင်းသည် ပင်လယ်ထံမှ တည်ငြိမ်စွာ လှမ်းထွက်လာ၏။ သူ၏ ဝတ်ရုံဖြူမှာ ပင်လယ်ရေ တစ်စက်မျှ စွန်းထင်းမနေလေပေ။ သူ့ဆံပင်ဖြူတို့က ပုခုံးထက် လွင့်ကျနေ၏။ ပင်လယ်ကြောင့် သူ၏ဆံပင်မှာ လှုပ်ခတ်ခြင်း မရှိပေ။ သူက ကျားဖြူရှေ့ရှိ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူနှစ်ယောက်ထံ အေးစက်စက် ကြည့်လိုက်သည်။
“ဝမ်လင်း…” ကျားဖြူ မင်သက်သွား၏။ ဟင်္သာငှက်နှင့် လိပ်နက်တို့မှာလည်း အကြောင်သား ဖြစ်သွားကြသည်။ သူတို့က ဒီနေရာတွင် ဝမ်လင်းကို တွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။
ဝမ်လင်းက သူတို့သုံးယောက်ကို ခေါင်းညိတ်ပြလိုက်ပြီး အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူနှစ်ယောက်ထံ ဝေ့ခတ်ကြည့်ရှုလိုက်၏။
ကျင့်ကြံသူချန်းက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေ၏။ သူက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်မှာ စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်တွင်သာ ဖြစ်၍ ချိန်းခြောက်နိုင်မည်ဟု မထင်ပေ။ ထိုအဆင့်က သူ့ကို ချိန်းခြောက်ဖို့ မလုံလောက်ပေ။ သူက ဝမ်လင်း၏ ပုန်းကွယ်နိုင်စွမ်းကိုသာ စိုးရိမ်သည်။
“ဒီလူဟာ ပုန်းကွယ်တဲ့အရာမှာ တော်မှာ သေချာတယ်။ သူက ငါ လုံးဝ သတိမပြုမိဘဲ ဒီနေရာမှာ ပေါ်လာနိုင်တယ်…” ကျင့်ကြံသူချန်းက နှာခေါင်းရှုံ့လိုက်၏။ သူက မရပ်တန့်သည့်အပြင် ဝမ်လင်းထံ ပိုမြန်မြန် တိုးဝင်လာသည်။
“မင်းတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် သိနေကြမှတော့ မင်းတို့က နောင်ဘဝကို အတူတူ အဖော်ပြုပြီး သွားနိုင်ပြီပေါ့…”
ကျောက်စိမ်းဖြူမျက်နှာနှင့်လူငယ်ကမူ ကျင့်ကြံသူချန်းနှင့် ဆန့်ကျင်ဘက်ပင်။ ဝမ်လင်းပေါ်လာသည်ကို မြင်သည့်အခါ သူ့မျက်လုံးသူငယ်အိမ် ကြုံ့သွားပြီး သူက ရပ်တန့်လိုက်၏။ ရှေ့တိုးရမည့်အစား သူက နောက်သို့ အမြန် ပြန်ဆုတ်သည်။
“ဒီလူက သာမန်လို့ပဲ ထင်ရပေမဲ့ သူ့ပတ်လည်မှာ မမြင်ရတဲ့ သွေးအာရုံတွေ ရှိနေတယ်။ သူဟာ ဒီဆေးလုံးပင်လယ်အတွင်းမှာ လူအများအပြားကို သတ်ပစ်ပြီးခဲ့လောက်ပြီ…”
ကျောက်စိမ်းဖြူမျက်နှာနှင့်လူငယ်သည် သွေးကို အာရုံခံနိုင်သော ကျင့်ကြံခြင်းနည်းလမ်းတစ်ခုအား ကျင့်ကြံထား၏။ ဝမ်လင်း ပေါ်လာသည်နှင့် သူက သူ့ကို မွန်းကြပ်စေသော သွေးအငွေ့အသက်ကို ခံစားမိခဲ့သည်။
သူ နောက်ဆုတ်လျက် သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ညာမျက်လုံးကို ဖုံးကွယ်ကာ ဘယ်မျက်လုံးကိုသာ ချန်၏။ သူ၏ဘယ်မျက်လုံး၏ မျက်လုံးသူငယ်အိမ်က ထူးခြားစွာ လှည့်ပတ်၏။ ရုတ်တရက် သူသည် ဝမ်လင်း ပတ်လည်၌ အခဲမကျေစိတ်ဝိညာဉ်ထောင်ချီကို မြင်လိုက်ရ၏။ ယင်းတို့မှာ ဝမ်လင်း သတ်ဖြတ်ထားသော အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူများ ဖြစ်သည်။
ဤသည်ကို တွေ့မြင်သည်နှင့် ကျောက်စိမ်းဖြူမျက်နှာနှင့်လူငယ်က တုန်ယင်ကာ သူ့အဖော်ကိုပင် သတိပေးမနေတော့ဘဲ မြန်နှုန်းပြည့် နောက်ဆုတ်လေ၏။
ကျင့်ကြံသူချန်းက ရှေ့တိုးစဉ်၊ သူက နောက်ဆုတ်လေပြီ။
“သေချင်နေတာပဲ…” ဝမ်လင်းက နှာခေါင်းရှုံ့လိုက်သည်။ ကျင့်ကြံသူချန်း နီးကပ်လာစဉ် ဝမ်လင်းက လက်ဝေ့ယမ်းလိုက်သဖြင့် အနက်ရောင်မြူ ပျံ့လွင့်လာသည်။ အော်ဟိန်းသံ ပဲ့တင်ထပ်ကာ ရီစီရုပ်သေး ပေါ်လာ၏။ ၎င်း၏ ကြက်သွေးရောင်လျှာက မြူထဲမှ ထွက်ပေါ်လာ၏။ ၎င်းက ရက်စက်ဟန်အပြုံးကို လှစ်ဟဖော်ကာ ကျင့်ကြံသူချန်းထံ ခုန်အုပ်ဝင်လာသည်။
ထိုကျင့်ကြံသူချန်း၏ ကျင့်ကြံခြင်းမှာ သာမန်မဟုတ်ပါ။ သို့သော် ရီစီရုပ်သေးနှင့် ယှဉ်ပါက မိုးနှင့်မြေအလား ကွာခြားပေလိမ့်မည်။
ရီစီရုပ်သေး ပေါ်လာသည့်အခါ၌ ကျင့်ကြံသူချန်းက မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်သွားလေ၏။ သူက ချွေးပြန်သွားကာ သေခြင်းတရားအာရုံက သူ၏ခန္ဓာတွင် ပြည့်လာသည်။ ဒီအခိုက်တွင် သူ့ခန္ဓာကိုယ်ကို တွန့်ခေါက်ကာ ထွက်ပြေးဖို့ငှာ ဦးတည်ရာ ချက်ခြင်း ပြောင်းလေသည်။
“သေစမ်း…သူ့မှာ ဒီလောက်အစွမ်းထက်တဲ့ ရုပ်သေး ဘယ်လိုလုပ် ပိုင်ဆိုင်နေရတာလဲ…။ သူ့အဆင့်အတန်းဟာ ဘာလဲ။ သူက ဘာလို့ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ရုပ်သေးမျိုးကို ပိုင်ဆိုင်ထားရတာလဲ…”
ကျင့်ကြံသူချန်းမှာ ကြောက်ရွှံ့နေလေပြီ။ သို့ပေမည့် သူ၏အမြန်နှုန်းက ရီစီနှင့် မယှဉ်သာပေ။ သူ နောက်ဆုတ်နေစဉ်မှာပင် ရီစီရုပ်သေးက မှီလာပြီး သူ့အား အနက်ရောင်မြူတို့ ဝန်းရံသွားလေ၏။ ထိုမြူများအတွင်း၌ သွေးများပန်းထွက်လာခြင်းနှင့်အတူ ကျယ်လောင်စွာ မြည်သံတို့ ပဲ့တင်ထပ်ချေ၏။
လက်ဦးမှုယူကာ အရင်ထွက်ပြေးသော လူငယ်မှာလည်း ထိတ်လန့်မှုတို့ ပြည့်နေလျက် သူနှင့်ဝမ်လင်းကြား အကွာအဝေးကို မြန်မြန်ဆန်ဆန် ပိုဝေးကွာနေစေ၏။ သူက အတားအဆီးနှင့် ပေါင်းစပ်ကာ တည်နေရာရွှေ့ပြောင်းဖို့ ဟန်ပြင်လာ၏။
ဝမ်လင်းသည် တည်ငြိမ်စွာ ဆက်ရှိနေပြီး ထွက်ပြေးမည့် ထိုကျင့်ကြံသူကို လှမ်းကြည့်သည်။ သူ့ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်ရာ ရေစီးကြောင်းများကို ပေါ်လာစေသည်။ ထိုရေများက ဧရာမလက်တစ်ဖက်အသွင် ဖွဲ့စည်းပြီး ကျောက်စိမ်းဖြူမျက်နှာနှင့်လူငယ်ထံ ဆန့်တန်းလာသည်။
ထိုလူငယ်က သူ့လက်ထဲရှိ ယပ်တောင်ကို ဖြန့်လိုက်၏။ ထိုယပ်တောင်၏ ရှေ့ခြမ်းတွင် ကဆုန်ပေါက်နေသော မြင်းတစ်သောင်းပုံ ပန်းချီတချပ် ရှိသည်။ သူ ယပ်တောင် ဖြန့်လိုက်သည်နှင့် မြင်းဟီသံများ ရုတ်တရက် ပေါ်လာသည်။ တချိန်တည်းမှာ သူ၏နောက်တွင် ကဆုန်ပေါက်နေသော မြင်းတစ်သောင်း၏ ပုံရိပ်ယောင်များ ပေါ်လာသည်။
ထိုပုံရိပ်ယောင်မြင်းများ ထိုးထွက်လာကာ ဝမ်လင်း ပင်လယ်ထံမှ ဖန်တီးထားသော
ကျယ်လောင်စွာ တုန်ဟည်းသံများ ဆေးလုံးပင်လယ်အနှံ့တွင် ပဲ့တင်ထပ်လေ၏။ ဧရာမဝဲကတော့တစ်ခု ပေါ်လာသည်။ ထိုဝဲကတော့က လှည့်ပတ်လေရာ ပင်လယ်သည် ၎င်းနှင့်အတူ မြန်ဆန်စွာ လှည့်လည်ချေ၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေစဉ် မြင်းတစ်သောင်းနှင့်အတူ ဧရာမလက်က လွင့်ပြယ်ပျောက်ကွယ်သည်။ ကျောက်စိမ်းဖြူမျက်နှာဖြင်လူငယ်ကမူ အတားအဆီးနှင့် ပေါင်းစပ်ကာ ပျောက်ကွယ်သွားသည်။
ဆေးလုံးပင်လယ်၏ တခြားတဖက်၊ အစိမ်းရောင်မိစ္ဆာကုန်းမြေ အနီးအနား၊ အလံသုံးခု ရှိရာ နေရာတွင် ထိုလူငယ်သည် သံလိုက်အိမ်မြှောင်ကိုင်ထားသော အမျိုးသမီးဘေးတွင် ပေါ်လာသည်။ သူ ပေါ်လာသည်နှင့် သွေးအန်ထုတ်လိုက်ရသည်။ သူ၏မျက်နှာထက်၌ အလန့်တကြားဟန်တို့ ပြည့်နှက်နေချေသည်။
သူက ပါးစပ်ထောင့်မှ သွေးတို့ကို သုတ်ကာ ပြောလာ၏။ “မတော်တဆ ဖြစ်လာခဲ့ပြီ။ အစ်ကိုချန်း သေသွားလောက်ပြီ။ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ ဘယ်အချိန်ကများ ဒီလိုမျိုး ကျင့်ကြံသူတစ်ယောက် ရှိနေရတာလဲ။ သူ့နာမည်က ဝမ်လင်းပဲ။ ငါ ဒီအကြောင်းကို ဆရာ့ရှိ အခုတခါတည်း သတင်းပို့ဖို့ လိုပြီ…”
သူ့ဘေးရှိ အမျိုးသမီးက လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို စိုက်ကြည့်နေဆဲပင်။ သူမ၏မျက်လုံးက ဝမ်လင်းကို ကိုယ်စားပြုသော အဖြူရောင်အစက်ထံသာ အကြည့်ရောက်နေသည်။
အချိန်အတန်ကြာပြီးနောက် သူမ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးကာ ခပ်တိုးတိုး ပြောလာ၏။ “သူက အစီအရင်ထဲမှာပဲ ရှိသေးတယ်။ ဒါ့ကြောင့် သူ မလွတ်နိုင်ပါဘူး။ ငါ ဒီကိစ္စကို ကလန်ရှိ ပြောထားပြီးပြီ။ ဘိုးဘေးသုံးယောက်က စီနီယာအစ်ကိုလေဟာနယ်တိမ်ကို စေလွှတ်ပေးလိမ့်မယ်။ ကလန်သုံးခုရဲ့ စစ်တပ်လည်း ရောက်လာလိမ့်မယ်။ ငါတို့က စီနီယာအစ်ကို ဒီဆေးလုံးပင်လယ်ကို တဝက်တပျက် ကောင်းကင်ဘုံဆေးလုံးဖြစ်အောင် သန့်စင်ပြီး ကောင်းကင်ဘုံနွားထီးကုန်းမြေ ပတ်လည်က အရံအတားကို ချိုးဖျက်မှာကို စောင့်နေရုံပဲ…”
“စီနီယာအစ်ကို လေဟာနယ်တိမ်…” ကျောက်စိမ်းဖြူမျက်နှာနှင့် လူငယ်၏ မျက်လုံးထဲတွင် ထိုနာမည်ကို ကြားသည့်အခါ လေးစားမှုတို့ ပြည့်လာ၏။ လေဟာနယ်တိမ် ဟူသည်မှာ အစိမ်းရောင်မိစ္ဆာကုန်းမြေ၌သာမက အရှေ့ပိုင်းကုန်းမြေတွင်ပင် ကျော်ကြားလှသူပင်။
လေဟာနယ်တိမ်၊ အရှေ့ပိုင်းကုန်းမြေ၏ ပါရမီရှင်လေးယောက်ထဲမှ တစ်ယောက်။ သူ့ထံ၌ ကလန်တစ်ခုတည်း သတ်သတ်မတ်မတ် မရှိပေ။ အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကလန်သုံးခုလုံးက သူ့ကလန်များ ဖြစ်ပေ၏။ သူက မည်သည့်ကလန်ထံမဆို သွားနိုင်ကာ သူတို့၏မန္တာန်များကို သင်ယူနိုင်၏။ သူက အစိမ်းရောင်မိစ္ဆာကုန်းမြေရှိ တပည့်အားလုံး၏ စီနီယာအစ်ကိုကြီး ဖြစ်ပေသည်။
“စီနီယာအစ်ကို လေဟာနယ်တိမ်က မြောက်ပိုင်းကုန်းမြေရှိ သွားခဲ့ပြီး မဟာအင်ပါယာဝူဖန်ရဲ့ ကလန်ကို တာအို သင်ယူဖို့အတွက် ဝင်ရောက်ခဲ့တယ်လို့ ပြောကြတယ်။ အခု သူ့ကျင့်ကြံမှုဟာ မခန့်မှန်းနိုင်အောင်ပဲ။ သူနဲ့ဆိုရင် ဒီမှာ ရှိနေတဲ့ ဝမ်လင်းက သံသယမရှိ သေရလိမ့်မယ်…”
ကျောက်စိမ်းဖြူမျက်နှာနှင့် လူငယ်သည် စိတ်လှုပ်တရှား ဖြစ်လာ၏။
ဝမ်လင်း ရှိနေသောနေရာ၌ ကျင့်ကြံသူချန်းက ရီစီရုပ်သေး၏ ပြိုင်ဘက် မဟုတ်လေပေ။ သည်တိုက်ပွဲ၌ သူသည် အော်မြည်ကာ သူ၏ခန္ဓာကိုယ် ပျက်စီးခြင်းဖြင့် အဆုံးသပ်သွားခဲ့ရသည်။ ရီစီက သူ့ခန္ဓာကိုယ်ကို ဝါးမြိုခဲ့၏။ သို့ပေမည့် ဝမ်လင်း၏အမိန့်ကြောင့် သူ့မူလစိတ်ဝိညာဉ်ကိုမူ ချန်ထားသည်။
ဝမ်လင်းသည် ကျင့်ကြံသူချန်း၏ မူလစိတ်ဝိညာဉ်ကို ရှာဖွေပြီးနောက် ကျားဖြူနှင့် တခြားနှစ်ယောက်ထံ လှည့်လာ၏။ သူက ရှာဖွေမှု ပြီးသည့်နောက် မူလစိတ်ဝိညာဉ်ကို လွှတ်ပေးလိုက်သည်။ ရီစီရုပ်သေး၏ လျှာက ထိုမူလစိတ်ဝိညာဉ်ထံ ဆန့်ထွက်လာသည်။ သို့သော် ဝမ်လင်းက ၎င်းမူလစိတ်ဝိညာဉ်ကို ချိပိတ်ကာ အရင် သိမ်းဆည်းလိုက်သည်။
ရီစီက မင်သက်သွား၏။ သူက ဝမ်လင်းကို ကြမ်းကြုတ်စွာ စိုက်ကြည့်သည်။
“ငါ ဒီလူနဲ့ ပတ်သတ်ပြီး အသုံးပြုစရာ တစ်ခု ရှိသေးတယ်…” ဝမ်လင်းက ရီစီရုပ်သေးကို တည်ငြိမ်စွာ ကြည့်၏။ သို့သော် သူ၏အကြည့်ထဲ၌ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် ပါဝင်သည်။ ရီစီ၏ ဟိန်းသံများက ဝမ်လင်း၏ အကြည့်အောက်တွင် တဖြည်းဖြည်း အားပျော့သွားသည်။ ၎င်းက ခေါင်းငုံ့ကာ ဟိန်းသံ ဆက်လက် မပေးတော့ပေ။
ဝမ်လင်း၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည့်အခါ ရီစီအပေါ် သူ၏ အမှတ်အသားခပ်နှိပ်မှုမှာလည်း ပိုနက်ရှိုင်းလာသည်။ ၎င်းကို အကန့်အသတ် ရောက်သည့်အထိ တွန်းအား မပေးပါက ၎င်းက ဝမ်လင်း၏ အမိန့်များကို ကလန်ကဆန် လုပ်လိမ့်မည် မဟုတ်ပေ။
“မိတ်ဆွေဟောင်း သုံးယောက်၊ ငါတို့ မတွေ့ရတာ နှစ်များစွာ ရှိခဲ့ပြီ။ ဒီနေရာမှာ သင်တို့ကို တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…” ဝမ်လင်း စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသော ကျားဖြူနှင့် ကျန်နှစ်ယောက်ထံ လက်နှစ်ဖက်ဆုပ်ကာ ပြုံးလိုက်၏။
သူတို့က စိတ်လှုပ်တရှား ဖြစ်ကာ ရှက်ရွှံ့မှုကို ခံစားမိရသည်။
“ဝမ်လင်း…အစိမ်းရောင်မိစ္ဆာကုန်းမြေဟာ လှုပ်ရှားလာတည်းက သူတို့ဟာ လျှပ်စီးလိုပဲ။ အခုချိန်မှာ ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ ကျင့်ကြံသူ အများစုဟာ အသတ်ခံရပြီး ဖြစ်မှာကို ငါ ကြောက်မိတယ်။ ငါတို့…ဘယ်လိုများ ထွက်ခွာကြမလဲ…”
လိပ်နက်က ဝမ်လင်းကို ကြည့်ကာ သက်ပြင်းချသည်။
ဟင်္သာငှက်သည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလာ၏။ “အစိမ်းရောင်မိစ္ဆာကုန်းမြေဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေထံ ဒီလိုပုံစံနဲ့ ဝင်ရောက်ဖို့ ကြိုးစားလာတာဟာ ဒါ ပထမဆုံးပဲ။ ဒါပေမဲ့ သူတို့ဟာ မဟာစိတ်ဝိညာဉ်ကလန်နဲ့ ကောက်ရီကလန်တို့ရဲ့ ဘိုးဘေးတွေ ချမှတ်ထားတဲ့ အရံအတားရဲ့ တားဆီးခံထားရတယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ဟာ ဆေးလုံးပင်လယ်ထဲက ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ လေလွင့်ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ဖို့ စတင်ခဲ့တာကြောင့် သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ပေါ့သေးသေး မဟုတ်လောက်ဘူး…”
“ဒီမှာရှိတဲ့ ပြောင်းလဲမှုတွေကိုလည်း အစိမ်းရောင်မိစ္ဆာကုန်းမြေက ဖုံးကွယ်ထားကြတယ်။ ဒါ့ကြောင့် မဟာစိတ်ဝိညာဉ်ကလန်နဲ့ ကောက်ရီကလန်တို့ဟာ ဒီမှာ ဖြစ်ပျက်နေတာကို သိရှိကြမှာ မဟုတ်ဘူး။ ကောင်းကင်ဘုံနွားထီးကုန်းမြေက လူတွေအနေနဲ့ ငါတို့ဟာ ထွက်ခွာပြီး ဒီကလန်နှစ်ခုကို သတင်းပေးဖို့ လိုတယ်…”
ကျားဖြူက လေးလေးနက်နက် ဝင်ပြောလာသည်။
“အခု ငါတို့ စကားပြောနေရမယ့် အချိန် မဟုတ်သေးဘူး။ အရင်ဆုံး ငါတို့ ထွက်သွားကြရအောင်…” ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လှိုင်းစီးကြောင်းများစွာ ပေါ်လာ၏။ ထိုလှိုင်းစီးကြောင်းများက သူတို့ကို ရှေ့သို့ သယ်ဆောင်သည်။
သူတို့သည် ရှေ့သို့ မြန်မြန်ဆန်ဆန် သွားနေကြစဉ် အစိမ်းရောင်မိစ္ဆကုန်းမြေမှ ကျင့်ကြံသူများနှင့် အကြိမ်ကြိမ် တွေ့ဆုံကြ၏။ ထိုသို့ ဆုံတိုင်းလည်း ဝမ်လင်းက ထိုသူများကို လျှပ်တပြတ်အတွင်း သတ်ပစ်ဖို့ ဆန်းကြယ်မီးကို အသုံးပြုသည်။
သို့ပေမည့် သူတို့ ရှေ့သို့ ဆက်လာနေကြစဉ် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် နည်းသထက်နည်းလာကာ နောက်ဆုံးတွင် မည်သူမျှ မရှိတော့ပေ။ သူတို့က ပျောက်ကွယ်သွားကြသည့်အလား။
“တစ်ခုခုတော့ မှားနေပြီ…” ဝမ်လင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ သူက ကောင်းကင်ဘုံနွားထီးကုန်းမြေနှင့် သိပ်မဝေးတော့ဘဲ အနီးအနားနေရာသို့ ရောက်နေပြီ ဖြစ်၏။ သူတို့ ရှေ့သို့ ဆက်လာကြစဉ် ပင်လယ်ကြမ်းပြင်က စတင် မြင့်တက်လာကာ သူတို့လေးယောက်က ပင်လယ်ထံမှ ပျံသန်းထွက်လိုက်၏။
ကောင်းကင်သည် နက်မှောင်ကာ မည်သည့်လရောင်မှ ဒီညတွင် ရှိမနေပေ။
နက်မှောင်သောလောကသည် ပင်လယ်ပြင်ကို မှုန်ဝါးရစ်သီစေသည်။ လေပြင်းများက လှိုင်းများကို မြင့်တက် တုန်ဟည်းစေ၏။ လူတစ်ယောက်သည် ထိုလှိုင်းများကြား၌ ကွယ်ဝှက်နေသော သွေးနံ့ကို ခပ်ရေးရေး ခံစားမိနိုင်မည်။
ပင်လယ်ထံမှ ချိုးဖျက်ကာ သူတို့လေးယောက်သည် ကောင်းကင်ထက်၌ ပျံသန်းနေ၏။ ပင်လယ်အသံမှလွဲ၍ အရာအားလုံးမှာ ငြိမ်သက်တိတ်ဆိတ်နေသည်။
ကျားဖြူနှင့်ကျန်နှစ်ယောက်ကလည်း တစ်ခုခုမှားနေသည်ကို သတိပြုမိကြ၏။ သူတို့က ဘေးပတ်လည်သို့ ကြည့်ကာ သူတို့၏မျက်လုံးများက တလက်လက် ဖြစ်လာ၏။ သူတို့သည် အမှောင်ထု၏ ခြုံလွှမ်းခြင်း ခံထားရကာ ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အနားစွန်းကို ခပ်ရေးရေးသာ မြင်နိုင်သည်။
“မင်းတို့သုံးယောက်…ငါ့ကို ကာကွယ်ပေးထား။ ဒီအတားအဆီးက ဘယ်လောက်အစွမ်းထက်လဲ ငါ မြင်ချင်တယ်…” ဝမ်လင်းက သူ့ကိုယ်သူ အာရုံစူးနစ်လိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက သူ့ညာလက်ဖြင့် အောက်ဘက်သို့ ပင်လယ်ထံ ဖိချလိုက်သည်။