← Chapters

အခန်း (၁၅၈)

Vol. 16 Ch. 158

အခန်း (၁၅၈)

Vol. 16 Ch. 158

လီရှန်း အပြင်သို့ ပြေးလာပြီးနောက် ကံကောင်းစွာဖြင့် ရဲစခန်းသို့ ဖြတ်သွားမည့် ဘတ်စ်ကားတစ်စီးက သူမ ရောက်သွားချိန်တွင်ပင် ဆိုက်ရောက်လာခဲ့သည်။

ကားပေါ်တွင် လူမည်မျှ ကျပ်နေပါစေ သူမ ဂရုမစိုက်ဘဲ တိုးဝှေ့တက်သွားခဲ့လေသည်။ ကားက တရွေ့ရွေ့နှင့် ယိမ်းထိုးကာ စတင်ထွက်ခွာလာခဲ့သည်။

လီရှန်းက အလွန်ပင် စိတ်ပူနေမိခဲ့ရကာ မျက်ခုံးကို တွန့်ချိုးထားခဲ့လေ၏။

ကံကောင်းစွာဖြင့် ဘတ်စ်ကားက ရဲစခန်းသို့ လျှင်မြန်စွာရောက်ရှိသွားခဲ့သည်။ လီရှန်း ကားပေါ်မှ ခုန်ဆင်းသလောက်နီးပါးဖြင့် ပြေးဆင်းကာ အထဲသို့ အပြေးအလွှား ဝင်သွားတော့သည်။

တစ်ဖက်တွင် စုဝေ့ချင်းက ကျန်းမိသားစု၏အိမ်တံခါးဝသို့ အမြန်ရောက်ရှိသွားခဲ့၏။

ကျန်းမိသားစု၏ တံခါးမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး အပြင်ဘက်တွင် ကျန်းကျူးရိ တစ်ဦးတည်းသာ ရပ်နေပေသည်။

စုဝေ့ချင်းအနေဖြင့် အိမ်ထဲမှ အဘိုးဖြစ်သူ ကျန်းရူတုန်၏ ပြင်းပြင်းထန်ထန် ဆဲဆိုနေသံကိုပင် ကြားနေရ၏။

“သတ်ရဲရင်လည်း သတ်လိုက်စမ်းပါ၊ မဟုတ်ရင်တော့ မင်း ငါ့ဆီက ဘာလက်မှတ်မှ ရမှာမဟုတ်ဘူး”

“မင်း ဘယ်လိုမျက်နှာမျိုးနဲ့ ရှန်းရှန်းကို လာရှာရဲတာလဲ.၊ ငါသာ မင်းနေရာမှာဆိုရင် ခေါင်းကို တစ်ခုခုနဲ့ ဆောင့်ပြီး သေလိုက်တာ ကြာလှပြီ၊ အရှက်မရှိတဲ့ကောင်!”

“မင်းလုပ်ခဲ့တဲ့ ယုတ်မာမှုတွေကြောင့် အခုလို ဖြစ်လာတာလေ! တကယ့်ကို ဝဋ်လည်တာပဲ!”

“…”

တစ်စုံတစ်ဦးက တားဆီးနေပုံရသော်လည်း ကျန်းရူတုန်ကပြောလိုက်လေ၏။

“ဘာလို့ ငါ့ကို လာဆွဲနေတာလဲ.. သူတောင် အရှက်မရှိဘဲ လုပ်နေတာကို ငါက ဘာကို ကြောက်နေရမှာလဲ.. ငါက ဒီလောက်အသက်ကြီးတဲ့အထိ နေလာတာ၊ သူက ငါ့ကို လာပြီး ထိန်းချုပ်ချင်နေသေးတာလား”

“အဲဒီတုန်းက ဂျပန်စစ်သားတွေတောင် ငါ့ကို မခြောက်နိုင်ခဲ့ဘူး၊ သူတို့က ဘာမို့လို့လဲ”

ထို့နောက် ဝူယွီနျန်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ရှင် သူ့ကို ဆဲတာကို ကျွန်မ မတားပါဘူး၊ ဒါပေမဲ့ ရှင် ဒေါသထွက်ပြီး နေမကောင်းဖြစ်မှာကို စိုးရိမ်တာ”

ကျန်းကျူးရိက တံခါးဝတွင် စကားတစ်ခွန်းမျှ မဆိုဘဲ ရပ်နေသော်လည်း လီဟုန်ကျွင့်ကိုတော့ စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။

“မင်း ငါ့ကို လာရှာလည်း ဘာမှမထူးဘူး ရှန်းရှန်းက ချုံကျိုးမှာ ရှိနေတုန်းပဲ၊ သူမ အခုချက်ချင်း ရထားပေါ် တက်လိုက်ရင်တောင် ပြန်ရောက်ဖို့ သုံးရက်နဲ့ သုံးည ကြာဦးမှာ၊ ဒါ့အပြင် သူမ ပြန်လာရင်တောင် မင်းအတွက် ဘာထူးမှာမို့လို့လဲ”

လီဟုန်ကျွင့်က အသားလှီးဓားကြီးကို ကိုင်ထားကာ မျက်လုံးများ နီမြန်းနေလျက်ပြောလိုက်လေ၏။

“ငါ ဂရုမစိုက်ဘူး၊ သူမ ပြန်လာပြီး လက်မှတ်ထိုးမပေးမချင်း ငါ ဒီကနေ မထွက်သွားဘူး”

လီဟုန်ကျွင့်က အမှန်တကယ် လက်ရောက်ကျူးလွန်ရန်အတွက် သေချာပေါက် မရဲပါချေ။ သူက အသားလှီးဓားဖြင့် ခြောက်လှန့်နေရုံသာ ဖြစ်ပေသည်။

သို့သော် ကျန်းကျူးရိက သူနှင့် စကားများပြီး အချိန်မဖြုန်းလိုသောကြောင့် သူ၏ လည်ပင်းကို တိုက်ရိုက်ပင် ညွှန်ပြလိုက်သည်။

“လာလေ၊ ဒီနေရာကိုပဲ လှီးလိုက်စမ်းပါ”

လီဟုန်ကျွင့်တစ်ယောက် အံသွားကို တင်းတင်းကြိတ်ကာပြောလိုက်လေ၏။

“ငါ မလုပ်ရဲဘူးလို့ မင်း ထင်နေတာလား”

“မင်း လုပ်ရဲတယ်ဆိုတာ ငါ သိပါတယ်၊ လာပြီး လှီးလိုက်စမ်းပါ”

ထိုသို့ပြောပြီးနောက် ကျန်းကျူးရိက နှာခေါင်းရှုံ့လိုက်သည်ပြောလိုက်လေ၏။

“မင်း ငါ့ကိုသာ လက်ဖျားနဲ့ ထိကြည့်လိုက်၊ အိမ်ကိုဆုံးရှုံးရုံတင်မကဘဲ မင်းရဲ့ သားသမီးနှစ်ယောက်လည်း တစ်သက်လုံး မြို့ကို ပြန်လာနိုင်မှာ မဟုတ်တော့ဘူး လူသတ်သမားတစ်ယောက်ကို အဖေအဖြစ် ပိုင်ဆိုင်ထားတဲ့ သူတို့က ပညာတတ်လူငယ်အဖြစ်တောင် ဆက်နေနိုင်ဦးမှာတဲ့လား”

လီချောင်နှင့် လီကျူးတို့အတွက် အခြေအနေက ခက်ခဲနေပြီးသား ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ သူတို့၏ နိုင်ငံရေးနောက်ခံမှာ ပျက်စီးသွားခဲ့ပြီ မဟုတ်ပါလား။

ကျေးလက်မှလူများသည် လူတန်းစား နောက်ခံအခြေအနေအပေါ် အလွန်ပင် ထိခိုက်လွယ်ကြသူများ ဖြစ်ပေသည်။

ဆိုရလျှင် ထိုဆင်းရဲသား တောင်သူလယ်သမား ရဲဘော်များမှာ ယခင်က မြေရှင်လူတန်းစားများ၏ နှိပ်စက်မှုကို အခံရဆုံးသူများ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် အကယ်၍ ပညာတတ်လူငယ်များထဲတွင် နိုင်ငံရေးအရ နောက်ခံမကောင်းသော တစ်ဦးဦး၏ သားသမီးပါလာပါက သူတို့က သေချာပေါက် စက်ဆုပ်ရွံရှာကြလိမ့်မည်။

အကယ်၍ ဥာက်ကောင်းသူတစ်ဦးဖြစ်ပါက ငြိမ်ငြိမ်နေ၊ စကားနည်းနည်းပြောပြီး အလုပ်များများ လုပ်ပေလိမ့်မည်။

ဒါပေမဲ့ လီချောင်နဲ့ လီကျူးကရော?

သူတို့က ငြိမ်ငြိမ်နေမဲ့ လူစားမျိုးတွေ မဟုတ်ဘူး!

“မင်းတို့တွေ လူတစ်ယောက်ကို ဒီလိုမျိုး မဆက်ဆံသင့်ဘူး! ငါ အလုပ်ပြုတ်သွားပြီ၊ ငါ့ကလေးနှစ်ယောက်လည်း ကျေးလက်ကို အပို့ခံလိုက်ရပြီ

မင်းတို့ နောက်ထပ် ဘာများ လိုချင်နေသေးတာလဲ ငါ့မှာ ကျန်တာဆိုလို့ အိမ်လေးပဲ ရှိတော့တာ!”

သူသည်က အလုပ်ပြုတ်သွားခဲ့ပြီးဖြစ်ကာ ယခုအချိန်တွင် မစင်သန့်ရှင်းရေး ဝန်ထမ်းအဖြစ်သာ လုပ်ကိုင်နေရသည်။

သူကိုယ်သူ သန့်ရှင်းအောင် ဆေးကြောသော်လည်း သူ၏ ခန္ဓာကိုယ်မှ အနံ့ဆိုးများကို ခံစားနေရဆဲပင်။

သူက အသားလှီးဓားကို တင်းတင်းဆုပ်ကာ စကားပြောရင်း ပို၍ နာကျည်းလာပုံရပြီး ကျန်းကျူးရိထံသို့ တစ်လှမ်းချင်း တိုးကပ်လာခဲ့သည်။

စုဝေ့ချင်းက ပစ္စည်းများကို ထောင့်တစ်ခုတွင် အမြန်ချထားခဲ့ပြီး ကျန်းကျူးရိနှင့် အနီးဆုံးနေရာသို့ ဝိုင်းပတ်၍သွားခဲ့သည်။

အကယ်၍ လီဟုန်ကျွင့်သာ လှုပ်ရှားလာပါက သူ့အနေဖြင့် ကျန်းကျူးရိ လွတ်မြောက်နိုင်ရန်အတွက် အရှေ့မှ ကာကွယ်ပေးမည်ဟု ဆုံးဖြတ်ထား၏။

သူ ဒဏ်ရာရပြီး သွေးထွက်သံယို ဖြစ်သွားခဲ့လျှင်ပင် ယန်အန်းကော် ရောက်လာသည့်အခိုက်တွင် လီဟုန်ကျွင့်၏ ပြစ်မှုကို ပို၍ ကြီးလေးအောင် လုပ်ဆောင်နိုင်မည်ဟုပင် တွေးမိလိုက်သေးသည်။

ကံကောင်းစွာဖြင့် ဆင်ခြင်တုံတရားက သူ့ကို တားဆီးပေးခဲ့ပေသည်။

ကျန်းကျူးရိက စုဝေ့ချင်းကို မြင်လိုက်ရချိန်တွင် အနည်းငယ် စိုးရိမ်သွားရလေ၏။ စုဝေ့ချင်းက အဘယ်ကြောင့် ဤအချိန်တွင် ဤနေရာသို့ ရောက်နေရပါသနည်း။

သို့သော် သူသည်က သိသာထင်ရှားစွာ မပြသရဲပါချေ။ လီဟုန်ကျွင့်မှာ စုဝေ့ချင်းကို မသိသေးပေ။

အကယ်၍ ဤတစ်ယောက်မှာ လီရှန်း၏ ခင်ပွန်းသည်ဖြစ်ကြောင်းကို လီဟုန်ကျွင့် သိသွားပါက သူ ပို၍ပင် စိတ်လှုပ်ရှားလာပြီး အရာအားလုံးက ပိုမို ရှုပ်ထွေးသွားပေလိမ့်မည်။

ကျန်းကျူးရိ အာရုံများနေသည်ကို မြင်ချိန်တွင် လီဟုန်ကျွင့်က ပို၍ပင် ဒေါသထွက်လာတော့သည်။

သူ၏ လက်ထဲမှာ အသားလှီးဓားကြီး ရှိနေတယ်လေ။

ဒါတောင် သူ့ကို လုံးဝ အလေးမထားဘူးလား။

“ကျန်းကျူးရိ... မင်း သေသေချာချာ စဉ်းစားပြီးပြီလား”

လီဟုန်ကျွင့်က ဒေါသတကြီး မေးလိုက်၏။

ကျန်းကျူးရိက သတိပြန်ဝင်လာပြီး သူ့ကို ကြည့်ကာ ခေါင်းခါရမ်းလိုက်မိသည်။

“မင်းရဲ့ လုပ်သက်တွေ၊ မင်းမိန်းမရဲ့ လုပ်သက်တွေရယ် ပေါင်းလိုက်ရင် အဆောင်ထဲမှာ အခန်းတစ်ခန်း ရနိုင်ဦးမှာပဲ၊ မင်းက ဘာလို့ ဒီဝင်းကိုပဲ ဖက်တွယ်နေရတာလဲ

မင်း လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ငါ့ကို တော်လှန်ရေးကော်မတီမှာ သွားတိုင်ခဲ့သေးတယ်၊ အခုကျတော့ ငါ့ဆီက အကူအညီ လာတောင်းနေပြန်ပြီ၊ ဒါက ရယ်စရာကောင်းလွန်းတယ်လို့ မင်း မထင်ဘူးလား”

လီဟုန်ကျွင့်၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။

“လီဟုန်ကျွင့်... ငါ မင်းကို တစ်ခါမှ အထင်မကြီးခဲ့ဘူး မင်း ဟုန်ကျန်းကို လက်ထပ်ချင်တုန်းကလည်း ငါ ကျေးနပ်ခဲ့တာမဟုတ်ဘူး”

ကျန်းကျူးရိက လီဟုန်ကျွင့်ကို ဆက်လက်၍ ဆွပေးနေခဲ့သည်။

“မင်းက အရမ်းယိမ်းယိုင်လွယ်ပြီး အရည်အချင်းမရှိတဲ့သူပဲ၊ ဟုန်ကျန်းက သူမရဲ့အသက်နဲ့လဲပြီး ရခဲ့တဲ့ ဒီအိမ်ကို မင်းပိုင်ထားရနော်၊ ဒါပေမဲ့ မင်းဘာလုပ်ခဲ့လဲ..

ဟုန်ကျန်းရဲ့ တစ်ဦးတည်းသော သမီးအပေါ် မင်းကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဘူး၊ မင်းမှာ လုပ်သက်ရှိလို့ အိမ်လဲချင်တယ်ဆိုလဲ ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ ငါ့အဖေနဲ့ ရှန်းရှန်းရဲ့ အစိတ်အပိုင်းကိုတော့ လုံးဝမက်မနေနဲ့၊ မင်း အရမ်းလောဘကြီးမနေနဲ့ဦး”

ဆိုရလျှင် သူသည်လည်း စုဝေ့ချင်းကဲ့သို့ပင် လီဟုန်ကျွင့်၏ အသားလှီးဓားကြောင့် သွေးထွက်သံယိုအဖြစ်ခံရန် အကြံရှိနေခဲ့ခြင်း ဖြစ်သည်။

သူ၏အစ်မ သေဆုံးပြီးသည်နှင့် အဘွားလီက လီဟုန်ကျွင့်ကို ဇာတိရွာသို့ပြန်ခေါ်ကာ အောင်သွယ်နှင့်စီစဥ်ပြီး မိန်းမပေးစားရန် စီစဉ်ခဲ့သည်ကို ပြန်တွေးမိတိုင်း သူ ထိုလူကို ရင်ထဲမှ နာကျည်းနေမိ၏။

အကယ်၍ သူ့တွင် ပြုစုရမည့် မိဘများ၊ ကျွေးမွေးရမည့် ဇနီးနှင့် သားသမီးများ မရှိခဲ့လျှင် သူ ကလဲ့စားချေလိုက်သည်မှာ ကြာလှပေပြီ။

သို့သော် နောက်ဆုံးတွင်တော့ အသိစိတ်တို့ကသူ့ကို တားဆီးခဲ့လေသည်။

“ဒါ့အပြင် မင်းဘယ်လိုလူလဲဆိုတာ ငါသိတယ်၊ ဓားနဲ့လာပြီး ခြိမ်းခြောက်ဖို့ဆိုတာ မင်းဦးနှောက်နဲ့ စဉ်းစားမိတာ မဟုတ်ဘူး၊ ဟုတ်တယ်မလား

ဒါက အဲဒီမိန်းမရဲ့ အကြံပဲမလား၊ မင်းကတော့ တကယ့်ကို ရဲတင်းတာပဲ၊ သူမ ပြောတာကို တကယ်ယုံရဲတယ်ပေါ့”

လီဟုန်ကျွင့် ကြောင်အသွားရတော့သည်။ သေသေချာချာ ပြန်စဉ်းစားကြည့်ချိန်တွင် ကျန်းကျူးရိ ပြောသည်ပ မှန်ကန်နေ၏။

ထုန်လင်းသည် အကြံယုတ်များသာ ပေးတတ်သော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူသည်က လီရှန်း၏ အိမ်ထောင်ရေးတွင် ထုန်လင်းကို ဝင်မစွက်ဖက်စေချင်သော်လည်း ထုန်လင်းက လီရှန်းကို စိတ်မနှံ့သူနှင့် ပေးစားရန်စီစဥ်ခဲ့သည်။

သူ တော်လှန်ရေးကော်မတီသို့ မသွားချင်သော်လည်း ထုန်လင်းက သူမကိုယ်တိုင်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့အပြင်... ယနေ့ ဓားကိုင်၍ လာဖို့ ဆိုသည်မှာလည်း ထုန်လင်း၏ အကြံပင် ဖြစ်ချေသည်။

သူ နောင်တရနေခြင်း မဟုတ်ပါချေ။ ဒေါသထွက်နေခြင်းသာ ဖြစ်၏။

ထုန်လင်းက သူ့ကို တော်လှန်ရေးကော်မတီသို့ အတင်းသွားခိုင်းခဲ့သောကြောင့် ရလဒ်က မည်သို့ဖြစ်ခဲ့သနည်း။

ကြက်ကို ခိုးရန်ကြိုးစားရင်း ဆန်ပါ ဆုံးရှုံးလိုက်ရသည် မဟုတ်ပါလား။

သူ၏ လက်ထဲမှ အသားလှီးဓားမှာလည်း ရုတ်တရက် အားပျော့ကာ ပြုတ်ကျလုနီးပါးဖြစ်သွားရသည်။

နောက်ထပ် ဘာမကောင်းတာမှ ထပ်မဖြစ်ပါစေနဲ့ဦး။

သူ ထိုသို့ တွေးနေစဉ်မှာပင် အနောက်ဘက်မှ အပြေးအလွှားလာနေသော ခြေသံများကို ကြားလိုက်ရ၏။

“ဓားကို ချလိုက်စမ်း၊ မဟုတ်ရင်တော့ ငါတို့ ညှာတာမှာ မဟုတ်ဘူး”

သူ့ရှေ့တွင် ပေါ်လာသော အစိမ်းရောင် စစ်ဝတ်စုံဝတ်ထားသည့် လူတစ်ဒါဇင်ခန့်ကို ကြည့်ကာ လီဟုန်ကျွင့်၏ မျက်လုံးများက နီမြန်းလာခဲ့သည်။ သူသည် သားလှီးဓားကို ပစ်ချလိုက်ပြီး လက်ကို မြှောက်လိုက်လေသည်။

သူ သိနေခဲ့သည်။ ထုန်လင်းသည်က အကြံယုတ်ပေးရာတွင်သာ တော်သူ ဖြစ်ပေသည်။

သို့သော်! သူ သိလိုက်ချိန်တွင်တော့ နောက်ကျသွားခဲ့ချေပြီ။

All Chapters