← Chapters

အခန်း (၁၅၉)

Vol. 16 Ch. 159

အခန်း (၁၅၉)

Vol. 16 Ch. 159

လီဟုန်ကျွင့်ကို ဖမ်းဆီးလိုက်သည်ကို မြင်လျှင် လီရှန်းက လူအုပ်ကြီး၏နောက်မှ ကျန်းကျူးရိ၏ အနားသို့ ပြေးလာပြီး စိုးရိမ်တကြီး မေးမြန်းလိုက်၏။

“ဦးလေး... ဘာမှမဖြစ်ဘူး မဟုတ်လား”

“ ဘာဖြစ်ရမှာလဲ”

ကျန်းကျူးရိက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လီဟုန်ကျွင့် ဖမ်းဆီးခံထားရသည်ကို ကြည့်ကာ “ပျော့ညံ့တဲ့ကောင်” ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။

လီဟုန်ကျွင့်၏ မျက်လုံးများမှာ ပို၍ နီမြန်းလာခဲ့၏။

ယန်အန်းကော်က သက်ပြင်းချလျက်ပြောလိုက်လေ၏။

“သူ့ကို ထပ်ပြီး မဆွပေးပါနဲ့တော့၊ သူက သတ္တိနည်းလို့ တော်သေးတာပေါ့၊ မဟုတ်ရင် အစ်ကို ဒုက္ခရောက်နေဦးမယ်”

ထို့နောက် သူက လူအုပ်ထဲသို့ ကြည့်ကာပြောလိုက်လေ၏။

“ဒါနဲ့ ဝေ့ချင်းရော ဘယ်မှာလဲ၊ ရှန်းရှန်းက သူ အရင်ရောက်နေတယ်လို့ ပြောတယ်လေ”

“ဒီမှာပါ၊ ဒီမှာ”

စုဝေ့ချင်းက လူအုပ်ထဲမှ ထွက်လာခဲ့သည်။ သူသည် ယန်အန်းကော် ရောက်လာသည်ကို မြင်သည်နှင့် လူအများ ယောက်ယက်ခတ်နေသည့်ကြားတွင် တစ်စုံတစ်ဦးက လာခိုးသွားမည်ကို စိုးသောကြောင့် ထောင့်တွင် ချထားသော အိတ်ကို အမြန်သွားယူခဲ့ခြင်း ဖြစ်လေသည်။

အထဲတွင် တန်ဖိုးကြီးပစ္စည်းများ မပါဝင်သော်လည်း လီရှန်း ပင်ပင်ပန်းပန်းသယ်လာခဲ့ရသည့် ပင်လယ်စာများ ရှိနေသည် မဟုတ်ပါလား။

သံယောဇဉ် အစစ်အမှန်ဆိုသည်မှာ ရွှေတစ်သောင်းထက်ပင် တန်ဖိုးရှိသည်။

“သူက ခုနတုန်းက လူအုပ်ထဲမှာ အဆင်သင့် စောင့်ကြည့်နေတာလေ၊ ဒီကောင်လေး တစ်ခုခု လုပ်မိမှာကို ငါ စိုးရိမ်နေတာ”

ကျန်းကျူးရိက စုဝေ့ချင်းကိုယ်စား ရှင်းပြလိုက်၏။

သို့သော် လီဟုန်ကျွင့်၏ အကြည့်က လီရှန်းအပေါ်တွင်သာ စွဲမြဲစွာရှိနေခဲ့သည်။

လီရှန်းကလည်း မကြောက်မရွံ့ဘဲ ပြန်လည် စိုက်ကြည့်လိုက်ဘေ၏။

“လီရှန်း! မင်း ချုံကျိုးမှာ ရှိနေတာ မဟုတ်ဘူးလား”

လီဟုန်ကျွင့်က လီရှန်းကို အရင်ကြည့်ပြီးမှ ကျန်းကျူးရိကို လှမ်းကြည့်ကာပြောလိုက်လေ၏။

“မင်း ငါ့ကို လိမ်ထားတာလား”

လီရှန်း ချုံကျိုးသွားတယ်ဆိုတဲ့ ဇာတ်လမ်းတစ်ခုလုံးက အလိမ်အညာတွေပဲလား!

ကျန်းကျူးရိက ပုခုံးတွန့်ပြလိုက်သည်။

“မင်းကို လိမ်တာက ဥပဒေနဲ့ မညီညွတ်တာ မဟုတ်ဘူး”

လီဟုန်ကျွင့်တစ်ယောက် ဒေါသထွက်လွန်းသောကြောင့် ခေါင်းတစ့ခုလုံး မူးနောက်ကာ မျက်စိထဲတွင် ကြယ်များပင် လွင့်ပျံကုန်တော့သည်။

သူ၏ ဒေါသကြောင့် သွေးတိုးသွားခြင်း ဖြစ်ပေ၏။ သို့သော် သူ မူးမလဲရဲပါချေ။ သူ လီရှန်းကို ကြည့်ကာ လေသံကို လျှော့လိုက်ပြီး ပြောလိုက်သည်။

“ရှန်းရှန်း... အဖေ မှားခဲ့တာတွေကို သိပါတယ်၊ ဒါပေမဲ့ ဒီအိမ်က မင်းအမေရဲ့ ပင်ပင်ပန်းပန်း ကြိုးစားမှုတွေလည်း ပါဝင်နေတာလေ၊ မင်း ဒီလောက်အထိ ရက်စက်ရဲတာလား”

လီရှန်း : “...ကျွန်မက အထည်အလိပ်စက်ရုံ ဝန်ထမ်း မဟုတ်ဘူးလေ၊ ကျွန်မ လက်မှတ်ထိုးပေးလိုက်ရင်တောင် အဲဒီအိမ်က ကျွန်မပိုင် ဖြစ်လာမှာ မဟုတ်ဘူး”

သူမက လီဟုန်ကျွင့်၏ ရင်ဘတ်ကို တည့်တည့် တိုးဝင်စေမည့် စကားလုံးများဖြင့် ထပ်မံ ထိုးနှက်လိုက်သည်။

“ဒါ့အပြင် အိမ်မှာ အဖေနဲ့ အဒေါ်ထုန်ပဲ ရှိတာမလား၊ ဒီလောက် အိမ်အကြီးက ဘာလုပ်မှာလဲ၊

အဖေ့အလုပ် ပြောင်းသွားတာကို ကျွန်မ ကြားတယ်နော်၊ စက်ပြင်ဆရာကနေ အိမ်သာကျုံးတဲ့ သန့်ရှင်းရေး ဝန်ထမ်း ဖြစ်သွားပြီဆို

လီချောင်နဲ့ လီကျူးကလည်း အခု ကျေးလက်ဒေသကလူတွေ ဖြစ်သွားကြပြီ၊ အဖေ့မှာ သူတို့ကို ပြန်ခေါ်နိုင်မယ့် နည်းလမ်းရှိလို့လား”

“ထပာပြီး အချိန်တွေ ဖြုန်းမနေပါနဲ့တော့၊ ဒါက အဓိပ္ပါယ်မရှိဘူးလေ.. အဖေ့အိမ်က ဘယ်လောက်ပဲ ကြီးကြီး နောက်ဆုံးမှာ အမွေဆက်ခံမဲ့သူ မရှိဘူးဆိုရင် အဲဒါက ပိုပြီးတော့တောင် သနားစရာ မကောင်းဘူးလား”

“ဒါမှမဟုတ်... အဖေ့ရဲ့ သန့်ရှင်းရေး ဝန်ထမ်းအလုပ်ကို လီချောင်ကို ပေးဖို့ ရည်ရွယ်ထားတာလား”

လီရှန်းက ပြုံးလျက်ပြောလိုက်လေ၏။

“ကျွန်မ ထင်တာတော့ လီချောင်က အိမ်သာကျုံးတဲ့သူ ဖြစ်မယ့်အစား တောမှာပဲ လယ်ထွန်နေလိမ့်မယ် ထင်တယ်”

ကျန်းကျူးရိ၏ စကားများက သူ့ကို ဒေါသထွက်စေခဲ့သည်ဆိုလျှင် လီရှန်း၏ စကားများကတော့ လီဟုန်ကျွင့်ကို သွေးအန်မတတ် ခံစားရစေခဲ့သည်ပင်။

သူက ချက်ချင်းပင် ဆဲဆိုတော့သည်။

“မင်းလို ကောင်မစုတ်လေးကတော့! မွေးကတည်းက မင်းကို လည်ပင်းညှစ်ပြီး အိမ်သာထဲမှာ နှစ်သတ်ခဲ့သင့်တာ”

လီရှန်းက ချက်ချင်းပင် ဘေးသို့ လှည့်လိုက်သည်ပြောလိုက်လေ၏။

“ရဲအရာရှိကြီးတို့ ကြားလိုက်ကြတယ်မလား၊ ဒီလူက အကြမ်းဖက်လိုစိတ် အပြည့်ရှိနေပြီး လူသတ်ဖို့တောင် ကြံစည်နေတာ၊ သူ့ကို အမြန်ဆုံး ဖမ်းဆီးပြီး ချုပ်နှောင်ထားလိုက်ပါ၊

မဟုတ်ရင် သူ နောက်ကျရင် တစ်ယောက်ယောက်ကို ဒုက္ခပေးလိမ့်မယ်၊ အဲဒါဆိုရင်တော့ တကယ်ကို မတရားတာ ဖြစ်သွားလိမ့်မယ်”

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ.. ငါက မင်းရဲ့ အဖေအရင်းပဲ!”

လီဟုန်ကျွင့်မှာ ဒေါသကြောင့် ခုန်ပေါက်နေခဲ့သည်။

“ကျွန်မ ပြည်နယ်သတင်းစာထဲမှာ ထည့်ထားတဲ့ ကြေညာချက်ကို အဖေ မမြင်ဘူးလား”

လီရှန်းမှာ အံ့အားသင့်သွားရ၏။ လီဟုန်ကျွင့်က လူချစ်လူခင် ပေါလွန်းနေသည်လား။ သူ့ကို လာရောက် လှောင်ပြောင်မယ့်သူ တစ်ယောက်မှ မရှိသည်လား။

လီဟုန်ကျွင့်မှာ သူမ၏ အကြည့်ကို ရှောင်ဖယ်လိုက်သည်။

လီရှန်းက နှာခေါင်းရှုံ့လိုက်၏။ သူမက လီဟုန်ကျွင့်ကို အထင်ကြီးမိခဲ့ပုံရသည်။

“အခု ရှင်က ကျွန်မနဲ့ ဘာမှမပတ်သက်တော့ဘူးဆိုတာ သိသင့်ပြီ၊ ရှင်က ကျွန်မကို မွေးပေးခဲ့ရုံပဲ ရှိတာ၊ ကျွန်မကို တစ်ခါမှ မပြုစုပျိုးထောင်ခဲ့ဘူး

ကျွန်မကို မွေးဖွားပေးခဲ့လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ကျွန်မအမေရဲ့ ဆင်းရဲဒုက္ခတွေကိုတော့ ထားလိုက်ပါဦး၊ ရှင်က ကျွန်မကို သမီးတစ်ယောက်လိုတောင် မသတ်မှတ်ခဲ့ဘူး

ဒီလိုဆိုမှတော့ ကျွန်မကလည်း ရှင့်ကို အဖေတစ်ယောက်လို မဆက်ဆံတာကိုတော့ အပြစ်မတင်ပါနဲ့တော့”

“အိုး... ဒါနဲ့ တစ်ခုလောက် ထပ်ပြောဦးမယ်”

“ဦးလေးကို အသားလှီးဓားနဲ့ သွားခြိမ်းခြောက်ဖို့ ဆိုတဲ့ ထုန်လင်းရဲ့ အကြံကတော့ တကယ့်ကို ညံ့ဖျင်းလွန်းတဲ့ အကြံပဲ”

လီဟုန်ကျွင့်မှာ လူအများရှေ့တွင် ဓားဖြင့် ခြိမ်းခြောက်ခဲ့သောကြောင့် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရပေသည်။

ဤဖြစ်ရပ်ကတော့ အလွန်ပင် ဆိုးရွားလွန်း၏။ နစ်နာသူက အမှုမဖွင့်လျှင်ပင် ရဲများကတော့ လွှတ်ပေးမည် မဟုတ်ပါချေ။

ကံကောင်းစွာဖြင့် လီရှန်း၏ အိမ်ထောင်စုစာရင်းမှာ ငယ်စဉ်ကတည်းက ကျန်းကျူးရိနှင့်အတူ ရှိနေခဲ့သည်။ မဟုတ်ပါက သူမပါ ပတ်သက်မှု ရှိသွားနိုင်ပေသည်။

သို့သော် ယခုအချိန်တွင် သူမက သတင်းစာတွင် အဆက်အသွယ် ဖြတ်ကြောင်း လူသိရှင်ကြား ကြေညာထားခဲ့ပြီးဖြစ်၏။

“ကျွန်မတို့ရဲ့ သားသမီးတွေ နောက်ပိုင်းကျရင် စစ်ထဲဝင်ချင်တာပဲဖြစ်ဖြစ်၊ အရာရှိတွေ ဖြစ်ချင်တာပဲဖြစ်ဖြစ်.. သူ့ကြောင့် မဖြစ်နိုင်ဘဲ ဖြစ်သွားမှာကိုတော့ စိုးရိမ်မိတယ်”

လီရှန်းအနေဖြင့် သူမ ရယူလိုက်သော ကလဲ့စားချေမှုအတွက် ပျော်ရွှင်နေခြင်းမျိုး မဖြစ်ဘဲ အနည်းငယ် စိုးရိမ်စိတ်သာ ရှိနေခဲ့သည်။

တကယ်တမ်းတွင် လီဟုန်ကျွင့်သည်က နိုင်ငံရေးအရ မကောင်းသောမှတ်တမ်းရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ သူသာ ရဲစခန်းသို့ အမှန်တကယ် ခေါ်ဆောင်သွားခြင်း ခံရပါက ရာဇဝတ်မှုမှတ်တမ်း ရှိသွားပေလိမ့်မည်။

အကယ်၍ သူမ၏ကလေးသာ နောင်တစ်ချိန်တွင် စစ်ထဲဝင်ချင်ပါက ၎င်းသည် နိုင်ငံရေးနောက်ခံစစ်ဆေးမှု အဆင့်တွင် ထိခိုက်မှု ရှိနိုင်ပေသည်။

သို့သော် သူမ နောင်တရသည်လား။

မရပါချေ။

လီဟုန်ကျွင့်ကဲ့သို့သော လူစားမျိုးကို တစ်ကြိမ်မျှ အခွင့်အရေးပေးလိုက်ပါက နောက်တစ်ကြိမ်တွင် ပို၍ပင် ရဲတင်းလာပေလိမ့်မည်။ ယခုကဲ့သို့ သူ့ကို ကြောက်လန့်သွားအောင် ခြောက်လှန့်ထားမှသာ နောက်ပိုင်းတွင် ထပ်မံမလုပ်ရဲဘဲနေလိမ့်မည်။

စုဝေ့ချင်းသည် သူမ၏ပုခုံးကို ဖက်ကာ အားပေးသည့်အနေဖြင့် နှစ်ချက်မျှ ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်ပြောလိုက်လေ၏။

“နောက်ပိုင်းကျရင် ကလေးတွေကို စာကို ကြိုးစားသင်ယူခိုင်းပြီး ဆေးဝါးကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နိုင်အောင် ကြိုးစားကြတာပေါ့”

ဆေးဝါးစက်ရုံတွင် အလုပ်လုပ်ခြင်းမှာ ပြင်းထန်သော နိုင်ငံရေးနောက်ခံ စစ်ဆေးမှုများ မလိုအပ်ပါချေ။

“နောက်ဆုံးတော့ ကျွန်မတို့ကလေးအတွက် လမ်းကြောင်းတစ်ခုကို ကိုယ်တိုင် ပိတ်လိုက်သလိုဖြစ်သွားပြီ”

လီရှန်းအနေဖြင့် မမွေးသေးသော သူမ၏ကလေးအတွက် အလွန် စိတ်မကောင်းဖြစ်နေမိသည်။ ကလေးက စစ်ထဲသို့ဝင်ချင်သည်ဖြစ်စေ၊ အစိုးရဝန်ထမ်းဖြစ်ချင်သည်ဖြစ်စေ တစ်ကဏ္ဍဖြစ်သော်လည်း၊ အဓိကအချက်မှာ ထိုလမ်းကြောင်းကို သူမကိုယ်တိုင် ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်၏။

“ဒါဆိုရင် ကိုယ်တို့တွေ ဦးလေးကို ပြောပြီး ဒီကိစ္စကို အမှုမဖွင့်တော့ဘဲ ထားလိုက်ရင် ဘယ်လိုလဲ”

လီရှန်း အမှန်တကယ်စိတ်မကောင်းဖြစ်နေသည်ကို မြင်ချိန်တွင် စုဝေ့ချင်းက အကြံပြုလိုက်လေသည်။

“ထားလိုက်ပါတော့... မလုပ်ပါနဲ့တော့”

မရှိသေးသော ကလေးတစ်ယောက်နှင့် နှိုင်းယှဉ်လျှင် သူမ၏အမေအတွက် ထားရှိသော နာကျည်းမှုက ပို၍ အရေးကြီးသည် မဟုတ်ပါလား။

လီဟုန်ကျွင့်ကို ဖမ်းခေါ်သွားသော်လည်း စက်မှုယန္တယားစက်ရုံအတွင်း အတင်းအဖျင်း ပြောဆိုသူများမှာ ပို၍ များပြားလာခဲ့သည်။

လီရှန်းကိုယ်တိုင်ပင် တခြားလူများက သူမ၏ အဖေအရင်းကို သူမ၏လက်ဖြင့် ရဲစခန်းသို့ ပို့လိုက်သည်ဟူသော သတင်းက တစ်ညတည်းနှင့် စက်ရုံတစ်ခုလုံး ပျံ့သွားတော့မည်ဟု တွေးနေမိ၏။

“အများကြီး မတွေးပါနဲ့.. ဒါက သူကိုယ်တိုင် ရှာခဲ့တဲ့ ပြဿနာပဲ၊ ငါတို့က သူ့ကို ဘာမှ သွားမလုပ်ခဲ့ဘူး”

ကျန်းကျူးရိက သူ၏တူမကို အကြံပေးလိုက်လေသည်။

လီရှန်းသည် ခေါင်းညိတ်ကာ စိတ်ကို ပြန်လည် တက်ကြွအောင် ကြိုးစားလိုက်သည်။

“ထားလိုက်ပါတော့၊ သူနဲ့ ထိုက်တန်ပါတယ်၊ ကျွန်မ ချုံကျိုးကနေ ပင်လယ်စာတွေ အများကြီး သယ်လာခဲ့တယ်၊ ဦးလေး... ဒီနေ့တော့ ကျွန်မရဲ့ လက်စွမ်းကို ပြပြီး ဦးလေးအတွက် ဟင်းပွဲကြီး နှစ်ပွဲလောက် ချက်ကျွေးမယ်”

ကျန်းကျူးရိက စုဝေ့ချင်း၏ နောက်ကျောကို ပုတ်ကာ တံခါးဖွင့်ရန် ခြေဟန်လက်ဟန် ပြလိုက်သည်။

“ကောင်းပြီ၊ ဒါဆို ဦးလေး စောင့်နေမယ်”

အထဲသို့ ဝင်လိုက်သည်နှင့် ကျန်းရူတုန်က အိမ်ထဲတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူသည် လက်ကို မြှောက်လိုက်ပြီး လီရှန်း၏ နောက်ကျောကို ဖြောင်းခနဲ ရိုက်လိုက်လေသည်။

“ဒီကလေးမလေး! ဘယ်သူက မင်းဦးလေးကို ဒီကို ခေါ်ခိုင်းလို့လဲ”

“အဘိုး...”

လီရှန်း ကြောင်အသွားရသည်။

“အဖေ... ဘာလုပ်တာလဲ၊ ရှန်းရှန်းက အခုမှ ပြန်ရောက်တာလေ”

ကျန်းကျူးရိက လန့်သွားပြီး ကျန်းရူတုန်ကို တားရန် အမြန်ပြေးသွားခဲ့သည်။

“မင်းလည်း အတူတူပဲ!”

ကျန်းရူတုန်၏ ဒေါသမှာ ကျန်းကျူးရိဆီသို့ ကူးစက်သွားတော့သည်။

“မင်းက ဘာတွေ အချိန်ဆွဲနေတာလဲ၊ ကလေးကို စိုးရိမ်အောင် လုပ်နေတာလား၊ လီဟုန်ကျွင့်ကို ထောင်ထဲပို့လိုက်တာက ရှန်းရှန်းရဲ့ ဘဝကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲဆိုတာ မင်းသိရဲ့လား

အဲဒီလူယုတ်မာကြောင့် ရှန်းရှန်းရဲ့ကလေးတွေ နောက်ပိုင်းကျရင် စစ်ထဲဝင်လို့ မရတော့ဘူးဆိုတာကိုရော မင်း သိရဲ့လား”

သူသည်က စိုးရိမ်စိတ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ တောင်ဝှေးဖြင့် မြေကြီးကို တဒုန်းဒုန်းဆောင့်နေခဲ့သည်။

All Chapters