← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

ကျန်းရူတုန် အမှန်တကယ် ဒေါသထွက်နေသည်ကို လူတိုင်း မြင်နိုင်ပေသည်။

သူသည်က စစ်ပြန်ကြီးတစ်ဦးဖြစ်ပြီး သူ၏ဘဝတွင် အကြီးမားဆုံးသော စိတ်ကျေနပ်မှုမှာ သူ၏ ဒုတိယသားကို စစ်ထဲသို့ ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ မြေးများကို ပို၍ ထူးချွန်ထက်မြက်ကြရန်နှင့် နိုင်ငံတော်အတွက် စစ်မှုထမ်းကြရန် သူ မျှော်လင့်ထားခြင်း ဖြစ်လေ၏။

လီရှန်းက သူမ၏ အနာဂတ်ကို ဤကဲ့သို့ အလဟဿ ဖြုန်းတီးလိုက်သည်ကို မြင်ချိန်တွင် သူ ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ပေ။

လီဟုန်ကျွင့်က တကယ့် လူယုတ်မာ တစ်ယောက်ပဲ။

သူ့အတွက်နှင့် ဤမျှအထိ ပေးဆပ်ရန် မထိုက်တန်ပါချေ။

လီရှန်းက တိတ်ဆိတ်နေခဲ့လေ၏။ ကျန်းကျူးရိကလည်း ယခုမှ ထိုအချက်ကို သတိရကာ စိုးရိမ်သွားရသည်။

“ကျွန်တော် ဘာလုပ်ရမလဲ၊ အခုပဲ ရဲစခန်းကို ပြန်သွားပြီး အမှုမဖွင့်တော့ဘူးလို့ သွားပြောလိုက်ရမလား”

“အခုချက်ချင်း သွားပြောလိုက်”

ကျန်းရူတုန်က သူ၏ တောင်ဝှေးကို ထပ်မံမြှောက်ကာ အော်ဟစ်လိုက်တော့သည်။

ကျန်းကျူးရိက သူ၏စက်ဘီးကို အမြန်တွန်းကာ ထွက်ပြေးသွားခဲ့၏။

လီရှန်းက မသွားရန် ပြောချင်သော်လည်း ကျန်းရူတုန်၏ စူးရှသော အကြည့်များကို မြင်ချိန်တွင် မပြောရဲတော့ဘဲ မီးဖိုချောင်ထဲသို့ တိတ်တဆိတ်ဝင်ကာ ဟင်းချက်နေခဲ့တော့သည်။

သူမ အတော်လေး အာရုံများနေခဲ့ရ၏။

လီရှန်း ဟင်းနှစ်ပွဲ ချက်ပြီးချိန်မှာပင် ကျန်းကျူးရိ ပြန်ရောက်လာခဲ့သည်။

ကျန်းရူတုန်က အမြန်မေးလိုက်သည်။

“ဘယ်လိုဖြစ်သွားလဲ”

“ အစကတည်းက ရာဇဝတ်မှုမှတ်တမ်းမတင်ထားခဲ့ပါဘူး”

ကျန်းကျူးရိက သူ၏ ခေါင်းကို ကုတ်လိုက်သည်။

“ကျွန်တော်လည်း မေ့သွားတာ၊ အန်းကော်က ရှန်းရှန်းအတွက် ဒီလောက်ကြီးမားတဲ့ ပြဿနာမျိုးကို ဘယ်လိုလုပ် ချန်ထားခဲ့ပါ့မလဲ”

“ဒါဆိုရင်တော့ တော်သေးတာပေါ့”

ကျန်းရူတုန်သည်လည်း ထိတ်လန့်တကြား ဖြစ်နေခဲ့ပြီး ဤအဖြေကို ကြားရချိန်တွင်မှသာ သက်ပြင်းချနိုင်တော့သည်။

“အဓိကကတော့ လီဟုန်ကျွင့်က ခြောက်ရုံပဲ ခြောက်တာလေ၊ ဘယ်သူ့ကိုမှ တကယ် မထိခိုက်စေခဲ့ဘူး ဒါကြောင့် ကိစ္စက သိပ်မကြီးသွားတာ

ကျွန်တော် တံခါးဝမှာ ထုန်လင်းနဲ့ တိုးခဲ့သေးတယ်၊ သူမက ငိုယိုပြီး ပြဿနာရှာနေတာ၊ သူမ နောင်တရတယ်ဆိုပြီးပြောတယ်၊ ကျွန်တော့်ရှေ့မှာ ဒူးတောင် ထောက်တော့မလို့ပဲ၊ အဲဒါနဲ့ ကျွန်တော်လည်း အမြန်ပဲ ရှောင်ခဲ့ရတယ်”

သူသည်က ထိုကဲ့သို့သော အလေးအမြတ်ပြုမှုကို လက်ခံနိုင်စွမ်း မရှိပါချေ။

“သူမက ရှန်းရှန်းကို လာမတွေ့တော့ဘူးလို့ ပြောတယ်၊ အဲဒါနဲ့ ကျွန်တော်လည်း အခွင့်ကောင်းယူပြီး သူမကို အနီရောင်စာချုပ်မှာ လက်မှတ်ထိုးခိုင်းလိုက်တယ်၊ ပြီးမှ အန်းကော်ဆီသွားပြီး အခြေအနေတွေကို မေးခဲ့တာ”

မှန်ပေသည်။ ယန်အန်းကော်သည်က လီရှန်း၏ ဘဝမှတ်တမ်းတွင် ဤကဲ့သို့သော အမည်းစက်မျိုးကို ထည့်သွင်းရန် လုံးဝ အစီအစဉ်မရှိခဲ့ပါချေ။

“နောက်ပြီး အန်းကော်က ပြောသေးသည်၊ ရှန်းရှန်းကို အဲဒီတုန်းက အိမ်မှာပဲ မွေးဖွားခဲ့တာဆိုတော့ သူမက လီဟုန်ကျွင့်ရဲ့ သမီးအရင်းဖြစ်ကြောင်းကို ဘယ်သူမှ သက်သေမပြနိုင်ဘူးတဲ့၊

ပြီးတော့ သူမရဲ့ အိမ်ထောင်စုစာရင်းကလည်း ဦးလေးရဲ့ နာမည်အောက်မှာ အမြဲတမ်း ရှိနေခဲ့တာလေ၊ အဆိုးဆုံး အခြေအနေရောက်ရင်တောင် နောက်ပိုင်းကျရင် လီဟုန်ကျွင့်နဲ့ သားအဖတော်စပ်မှုကို ငြင်းပယ်လို့ ရတယ်တဲ့ွ

မည်သို့ပင်ဖြစ်စေ ဤရက်ပိုင်းတွင် နေရာတိုင်းက ရှုပ်ထွေးနေသည် မဟုတ်ပါလား။

လူကြီးများက ထိုသို့ပြောကြသော်လည်း လက်တွေ့တွင်တော့ ထိုသို့လုပ်ဆောင်ရန် မလွယ်ကူပါချေ။

“ဘာပဲဖြစ်ဖြစ် လီဟုန်ကျွင့်က ကြီးကြီးမားမား ပြဿနာ မရှာနိုင်ခဲ့တာပဲ ကျေးဇူးတင်ရမှာပဲ”

ဤသည်မှ ကျန်းရူတုန်အတွက် တစ်ခုတည်းသော ကျေးဇူးတင်စရာ ဖြစ်ပေသည်။

လီရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချမိသော်လည်း တစ်ဖက်တွင် မကျေမနပ် ဖြစ်နေမိဆဲပင်။

သူမတွင် ကလေးမရှိသေးသကဲ့သို့၊ နောင်ဆယ်စုနှစ်များစွာ ကြာလျှင်လည်း လူတန်းစားခွဲခြားမှုများ ရှိတော့မည် မဟုတ်သောကြောင့် “နိုင်ငံရေးအရ မကောင်းသောမှတ်တမ်း” အမည်တပ်ခံရခြင်းက သူမ၏ နိုင်ငံရေးနောက်ခံကို ထိခိုက်မည် မဟုတ်ပါချေ။

သို့သော် လီဟုန်ကျွင့်က အလုပ်ပြန်ဝင်နိုင်ဦးမည်ဟူသော အတွေးက သူမကို အလွန်ပင် မပျော်မရွှင်ဖြစ်စေခဲ့သည်။

“သူ နောင်ဆယ်စုနှစ်တွေ ကြာအောင် နေ့တိုင်း အိမ်သာကျုံးနေရမယ်ဆိုတဲ့ အသိကရော မင်းကို စိတ်သက်သာရာ မရစေဘူးလား”

စုဝေ့ချင်းက သူမ၏ပုခုံးကို ဖက်ကာ ချော့မော့လိုက်သည်။

လီရှန်း : “...”

“အင်း... အများကြီး ပိုပြီး စိတ်သက်သာရာ ရသွားပါပြီ”

သို့သော်လည်း..

“မနက်ဖြန် မနက် အလုပ်မသွားခင် ကျွန်မ အရင်ဆုံး သွားပြီး စာရွက်စာတမ်းမှာ လက်မှတ်ထိုးလိုက်မယ်”

လီဟုန်ကျွင့် ပြန်လာသည့်အချိန်တွင် ထပ်မံ ပြဿနာမရှာနိုင်စေရန်နှင့် မနက်ဖြန်တွင် လီဟုန်ကျွင့်ရှိနေမည် မဟုတ်သောကြောင့် သူမက ဝူချောင်ချန်းထံသို့ အရာအားလုံး လွှဲပြောင်းပေးအပ်လိုက်တော့မည် ဖြစ်သည်။

ယနေ့မှစ၍ အထည်လိပ်စက်ရုံမှ ရှုပ်ထွေးမှုများအားလုံးနှင့် သူမ လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်ပေပြီ။

ထိုညက ဇနီးမောင်နှံနှစ်ဦး ဆေးဝါးစက်ရုံသို့ ပြန်မသွားဖြစ်ကြပါချေ။ ကျန်းကျူးရိက လီရှန်းအတွက် ချန်ထားပေးသော အခန်းလေးမှာ အတော်လေးအသုံးတည့်သွားခဲ့သည်။

နောက်တစ်နေ့မနက် အာရုဏ်မတက်မီမှာပင် ကျန်းမိသားစုဝင်များ နိုးထလာကြ၏။ ကျန်းကျူးရိက မနေ့ညကတည်းက အထည်လိပ်စက်ရုံသို့ ဖုန်းဆက်ထားပြီးဖြစ်၍ ယနေ့မနက် စောစောတွင် ရုံးခန်း၌ တစ်စုံတစ်ယောက်က စောင့်ကြိုနေလိမ့်မည်။

ထို့ကြောင့် မိသားစုဝင်အားလုံး အဝတ်အစားလဲကာ ပထမဆုံးထွက်သည့် ဘတ်စ်ကားကို စီးပြီး အထည်လိပ်စက်ရုံသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့ကြတော့သည်။

ဝူချောင်ချန်းနှင့် ကျန်းချင်းတုန်တို့မှာ ရုံးခန်းထဲတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်၏။

သူတို့ ဆုံတွေ့ကြသည်နှင့် ဝူချောင်ချန်းက ကျန်းရူတုန်ကို အရင်ဆုံး လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ဦးလေး ... အခုလို အဝေးကြီးကနေ ကြွလာပေးတာ တကယ်ကို ကျေးဇူးတင်ပါတယ်”

“ရပါတယ်... ဒါက ဘာမှမဟုတ်ပါဘူး”

ကျန်းရူတုန်က ခေါင်းညိတ်ပြလိုက်၏။ သူ၏ စိတ်ထဲတွင် အထည်လိပ်စက်ရုံအပေါ် ထားရှိသော အထင်အမြင်မှာ သာမန်မျှသာ ဖြစ်ပေသည်။

ကျန်းဟုန်ကျန်း စက်ရုံသို့ စတင်ဝင်ရောက်စဉ်က သူမက အဓိကကျသော နည်းပညာဝန်ထမ်းတစ်ဦး ဖြစ်ခဲ့သည်။ သူမသည်က စက်ရုံပိုင်ပစ္စည်းများကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသကဲ့သို့၊ စက်ရုံဘက်ကလည်း နစ်နာကြေးများ ပေးအပ်ခဲ့ပြီးဖြစ်၍ သူတို့နှစ်ဦးမှာ အကြွေးတင်ခြင်း မရှိတော့ပါချေ။

သို့သော်လည်း လူ့ခံစားချက်ဆိုသည်မှာ အလွန်ပင် ရှုပ်ထွေးလွန်းပေသည်။ အထူးသထြင့် သူ၏မြေးမလေးမှာ ဤမျှအထိ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရပါလျက် စက်ရုံခေါင်းဆောင်များက မျက်ကွယ်ပြုထားခဲ့သည်ဟူသောအသိက ကျန်းရူတုန်အား အထည်လိပ်စက်ရုံကို အမှန်တကယ် မနှစ်မြို့မှုဖြစ်စေခဲ့သည်။

အကယ်၍ ဤအိမ်ရာရပိုင်ခွင့်သာ မရှိပါက သူသည်က တစ်သက်လုံး ဤစက်ရုံသို့ ခြေဦးလှည့်မည် မဟုတ်ပေ။

“မထင်မှတ်တဲ့ အရှုပ်အထွေးတွေ ထပ်မဖြစ်အောင် အခုပဲ လက်မှတ်ထိုးလိုက်ကြရအောင်”

လီရှန်းက သူမ၏ လက်ပတ်နာရီကို ကြည့်ကာပြောလိုက်လေ၏။

“လက်မှတ်ထိုးပြီးရင် ကျွန်မလည်း အလုပ်ကို တန်းသွားလို့ ရတာပေါ့၊ အချိန်မီပါသေးတယ်”

ဝူချောင်ချန်းက လီရှန်းကို တစ်ချက် ကြည့်လိုက်မိသည်။

လွန်ခဲ့သည့် နှစ်လခန့်ကနှင့် နှိုင်းယှဉ်လျှင် လီရှန်းမှာ အလွန်ပင် ပြောင်းလဲသွားသည်ဟု ခံစားရ၏။

ယခင်က သူမမှာ ကြောက်တတ်၊ ရှက်တတ်သော မိန်းကလေးတစ်ဦးသာ ဖြစ်သော်လည်း ယခုတွင်တော့အလွန်ပင် အရည်အချင်းရှိလာပုံရကာ စက်ရုံအတွင်းရှိ အမျိုးသမီး အလုပ်သမားများထက်ပင် ပို၍ အရှိန်အဝါ ရှိနေချေပြီ။

“ရှန်းရှန်းက အခု ဘယ်မှာ အလုပ်လုပ်နေတာလဲ၊ စက်မှုယန္တယားစက်ရုံမှာလား”

ဝူချောင်ချန်းက ပြုံးလျက် မေးလိုက်သည်။

“မဟုတ်ပါဘူး”

လီရှန်းကလည်း အပြုံးနှင့်ပင် ပြန်လည်ဖြေလိုက်သည်။

“တကယ်လို့ ကျွန်မကသာ စက်မှုယန္တယားစက်ရုံမှာ အလုပ်လုပ်နေမယ်ဆိုရင် လီဟုန်ကျွင့် ကျွန်မရါ့ဦးလေးအပေါ် တိုင်ထားတဲ့ တိုင်စာက ‘ခိုင်လုံတဲ့ သက်သေ’ ဖြစ်သွားမှာပေါ့၊

ကျွန်မရဲ့ အလုပ်ကို ကျွန်မဘာသာ ရှာခဲ့တာပါ၊ အခုတော့ ပြည်နယ်မြို့တော်က စက်ရုံတစ်ခုမှာ အလုပ်လုပ်နေပါတယ်”

“ပြည်နယ်မြို့တော်က စက်ရုံမှာ ဟုတ်လား”

ဝူချောင်ချန်းမှာ ချက်ချင်းပင် ဆွံ့အသွားရပြီး လီရှန်းအပေါ် ကြည့်မြင်ပုံမှာလည်း တစ်ခဏအတွင်း ပြောင်းလဲသွားတော့သည်။

ဤသည်က ပြည်နယ်မြို့တော်မှစက်ရုံဖြစ်ပေသည်!

ပြည်နယ်မြို့တော်ရှိ လူငယ်အမြောက်အမြားမှာ အလုပ်လက်မဲ့ ဖြစ်နေကြရပြီး ကျေးလက်ဒေသဘက်သို့ အပို့မခံရရန်အတွက် ငိုကြွေးတောင်းပန်နေကြရသည်ကို လူတိုင်း သိကြသည် မဟုတ်ပါလား။

လီဟုန်ကျွင့်ကတော့ အမြတ်အစွန်း အနည်းငယ်အတွက်နှင့် အနာဂတ်ကြီးတစ်ခုလုံးကို အမှန်တကယ်ပင် ဆုံးရှုံးလိုက်ရချေပြီ။

သူ့တွင် ဤမျှ အရည်အချင်းရှိသော သမီးတစ်ဦး ရှိနေခဲ့သော်လည်း...

သူသာ သူမအပေါ် အနည်းငယ်မျှ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့မည်ဆိုလျှင် ထိုသားအဖနှစ်ဦး ဤကဲ့သို့ လမ်းခွဲကြရမည် မဟုတ်ပါချေ။

လီရှန်းက ပြုံးလျက် ပြည်နယ်မြို့တော်ရှိ စက်ရုံဟုသာ ဆိုခဲ့ပြီး ဆေးဝါးစက်ရုံဖြစ်ကြောင်းကိုတော့ အတိအကျ မပြောခဲ့ပါချေ။

“ရှန်းရှန်းက အိမ်ထောင်ပြုပြီးပြီလား”

ဝူချောင်ချန်းသည် သူ၏ မိသားစုထဲမှ ကလေးများကို ပြန်လည်စဉ်းစားမိပြီး အောင်သွယ်တော် လုပ်ရန်ပင် ကြံစည်လာတော့သည်။

ပြည်နယ်မြို့တော်ရှိ စက်ရုံတွင် အလုပ်လုပ်သော မိန်းကလေးဆိုသည်မှာ ရှားပါးလွန်းသည် မဟုတ်ပါလား။

“အခြေတကျ ရှိသွားပါပြီ”

ဤတစ်ကြိမ်တွင် ကျန်းရူတုန်က ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်၏။

“ဒီမှာ ... ဒါက ငါ့မြေးမလေးရဲ့ ခင်ပွန်းပဲ၊ သူက ရှန်းရှန်းနဲ့ စက်ရုံတစ်ခုတည်းမှာပဲ အလုပ်လုပ်နေတာ၊ သူက စက်ရုံမှူးရဲ့ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေတာလေ”

အတွင်းရေးမှူးရုံးတွင် စာရေးကောင်းသော အတွင်းရေးမှူးတစ်ဒါဇင်ခန့် ရှိသော်လည်း ကျန်းရူတုန်၏ လက်ထဲသို့ ရောက်ရှိသွားချိန်တွင် စုဝေ့ချင်းက စက်ရုံမှူး၏ တစ်ဦးတည်းသောအတွင်းရေးမှူး ဖြစ်သွားတော့သည်။

ဆိုရလျှင် စုဝေ့ချင်း၏ ဖခင်က ဒုတိယစက်ရုံမှူး ဖြစ်သည်ဖြစ်၍ ခက်ခဲသော တာဝန်အချို့ကို စုဝေ့ချင်းထံသို့ လွှဲအပ်ပေးမည်ဆိုသည်က ကျိုးကြောင်းဆီလျော်ပေသည်။

ဝူချောင်ချန်းတစ်ယောက် မတိုင်ခင်က ပေါ်ပေါက်လာသော အတွေးများကို ပြန်လည်ရုပ်သိမ်းကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

သူ၏ စိတ်ထဲတွင် လီဟုန်ကျွင့်က မျက်စိကန်းကာ ရတနာနှင့် ခဲကို မှားယွင်းခဲ့သူဟု ထပ်မံ မှတ်ချက်ပြုမိပြန်သည်။

ယခင် ယောက္ခမမိသားစုတွင် ဤမျှ ခိုင်မာသော အဆက်အသွယ်များ ရှိနေပါလျက် သူတို့ကို ထိန်းသိမ်းရန် မကြိုးစားဘဲ ထုန်လင်းကို လီရှန်းအပေါ် နှိပ်စက်ရန် ခွင့်ပြုခဲ့သည်။

ဤသည်မှာ လူချမ်းသာသူတစ်ဦးက ကောင်းမွန်သော နေ့ရက်များစွာ ရှိနေပါလျက် သူကိုယ်ကိုယ် သေကြောင်းကြံစည်နေသကဲ့သို့ပင် မဟုတ်ပါလား။

All Chapters