← Chapters

သခင်ကြီး ကျွန်တော့်ကို ကယ်ပါဦး

Vol. 115 Ch. 1714

သခင်ကြီး ကျွန်တော့်ကို ကယ်ပါဦး

Vol. 115 Ch. 1714

ဤသည်ကိုမြင်သော် စွေ့ဟွာ ရင်ကွဲနာကျ ဖြစ်လာပြီး အသည်းအသန် ငိုကြွေးလေတော့သည်။

“သခင်လေး၊ သခင်လေး”

သူမ အစော်ကားခံခြင်းအား သူမချစ်ရသူအား ကြည့်နေခိုင်းရသည့် ဤခံစားချက်က စွေ့ဟွာ၏ဘဝအား သေသည်ထက် ပို၍ ဆိုးရွားအောင် ပြုလုပ်နေသည်။

“ဗျိ”

သို့သော် မုတ်ဆိတ်မွေးနှင့်လူ၏ ညစ်ညမ်းသော ရယ်သံကြားတွင် စွေ့ဟွာ၏ ကိုယ်ပေါ်မှ အဝတ်တစ်စက ထပ်မံ၍ စုတ်ပြဲသွားလေသည်။

ယခုအခါတွင် သူမ အသားအရေ၏ ခုနစ်ဆယ် ရာခိုင်နှုန်းက ပေါ်နေပြီး သူမ၏ အဓိက အစိတ်အပိုင်းများကိုသာ ခက်ခက်ခဲခဲ ကာကွယ်နေရသည်။

“ငါ မင်းကို သတ်မယ်၊ ငါ မင်းကို သတ်ပစ်မယ်”

ယန်ကျင့်၏ မျက်လုံးများက အရူးသဖွယ် ဖြစ်နေပြီး သူ့မျက်လုံးတွင်းမှ အမုန်းတရားက ထိန်းချုပ်မရအောင် ထွက်ပေါ်နေသည်။

သူ ဒေါသထွက်နေသည်။ သူ အလွန်အမင်း ဒေါသထွက်နေ၏။ သူ့အရှေ့မှ ဤလူများကို သူ သတ်ရန် မစောင့်နိုင်တော့ပါ။

“ပါးစပ်ပိတ်ထား၊ ပွဲကို ရိုးရိုးသားသား ထိုင်ကြည့်နေ၊ မင်းမိန်မးက ငါတို့ဘော့စ်အောက်မှာ ဘယ်လို ကစားခံရမလဲ ကြည့်နေလိုက်၊ ဟဲဟဲ”

ထိုအခိုက်တွင် လူသတ်သမားတစ်ယောက်က သူ့ကျောကို နင်းကာ ကောက်ကျစ်စွာ ပြုံးနေသည်။

ထိုအချိန်တွင် စွေ့ဟွာ အငိုရပ်သွားပြီး သူမကံကြမ္မာကို သတိပြုမိသွားပုံရသည်။ ထို့နောက် သူမက အတင်း ဖျစ်ညှစ်၍ မချိပြုံး ပြုံးလေသည်။

“သခင်လေး စွေ့ဟွာက သေသွားရင်တောင်မှ သခင်လေးရဲ့ လူပါပဲ၊ ကျွန်မရဲ့ ဖြူစင်မူကို အခြား ဘယ်သူကိုမှ ထိပါးခွင့် မပေးပါဘူး”

“စွေ့ဟွာ အရင်သွားနှင့်ပါ့မယ်”

“ဘာ … စွေ့ဟွာ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ရပ်လိုက်”

ယန်ကျင့်က စွေ့ဟွာ ဘာလုပ်တော့မလဲ ဆိုသည်ကို ရိပ်မိသွားပြီး ဒေါသတကြီး အော်လိုက်သည်။

ထိုစဉ် သူ မပိုင်ဆိုင်ခဲ့ဖူးသည့် ကြီးမားလှသော ယန်စွမ်းအင်စီးကြောင်းက ပွက်ပွက်ဆူလာပြီး ကြောက်စရာ ကောင်းလာလေသည်။

အလွန် ကြောက်စရာကောင်းလှပေ၏။ မသိလျင် တစ်ခုခု နိုးထလာတော့မည်ဟု ထင်မှတ်ရသည်။

“မကောင်းတော့ဘူး၊ ဒီကောင့်ဆီမှာ တစ်ခုခု ရှိနေတယ်”

“သူ နိုးထနေတာ၊ သူ့ကို တား၊ သူ့ကို မြန်မြန်တား”

ထိုအခိုက်တွင် မုတ်ဆိတ်မွေးနှင့်လူနှင့် အခြားသူများအားလုံး အံ့ဩသွားပြီး မျက်နှာတွင် မယုံနိုင်ဟန်များ ဖြစ်ပေါ်နေသည်။

ယခုအချိန်အခါတွင်မှ ယန်ကျင့် နိုးထလာသည်ကို မယုံနိုင် ဖြစ်နေကြသည်။

*ဒီကောင့်မှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေတာလဲ*

ထိုသို့သောအချိန်၌ စွေ့ဟွာတောင်မှ အံ့ဩနေပြီး မျက်လုံး အဝိုင်းသားဖြင့် ကြည့်နေသည်။ ထိုစဉ် ယန်ကျင့်က မြေကြီးပေါ်မှနေ၍ တဖြည်းဖြည်း မြောက်တက်လာ၏။ သူ့ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းတန်း ဖြာထွက် နေသည်။

မျက်လုံးများက အေးစက်ကာ စူးလက်နေ၏။ ထို့နောက် သူသည် ကောင်းကင်ကို မော့ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“သခင်ကြီး ကျွန်တော့်ကို ကယ်ပါဦး”

ထိုသို့သောအချိန်၌ အိုးရန်မျိုးနွယ်တွင်းမှ ယဲ့ဖန်သည် ရုတ်တရက် မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ကောင်းကင်ကို မော့ကြည့်လေသည်။

“ငါ့တပည့် …  မဟာနတ္ထိ ရှေးဧကရာဇ်”

ထို့နောက် သူ့မျက်လုံးအိမ်အတွင်း၌ ကြောက်စရာကောင်းလောက်အောင် လူသတ်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူ့ဒေါသက တဟုန်းဟုန်း တောက်လောင်လာ၏။

တစ်စုံတစ်ယောက်က သူ့တပည့်ကို သတ်ရဲနေပါတကား။ သူ ဒေါသထွက်ကာ လူသတ်လိုသည့် အငွေ့အသက်က တစ်ဟုန်ထိုး ထွက်ပေါ်နေလေသည်။

“သေရမယ် မင်းတို့အားလုံး သေရမယ်”

ယဲ့ဖန် ကြွေးကြော်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က ကောင်းကင်ယံအထိ တိုးထက်သွားပြီး ကိုးရောင်ခြယ် အလင်းတန်း ထွက်ပေါ်လာသည်။

ဘုံကိုးပါး ယန်စွမ်းအင်က ချက်ချင်း ထွက်ပေါ်လာပြီး မြေရိုင်းနယ်မြေအနှံ့ ပျံ့လွင့်သွားပြီး ခပ်ဝေးဝေး ကောင်းကင်ယံဆီသို့ ဦးတည်ကာ ဒေါသတကြီး ထွက်သွားသည်။

ကောင်းကင်ယံတွင် ကိုးရောင်ခြယ် အလင်းတန်းက အလင်းတန်းတစ်ခုအဖြစ် စုစည်းကာ အဝေးသို့ ထွက်ခွာသွားပြီး အိုးရန်မျိုးနွယ်ထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

ထိုစဉ် အိုးရန်ကျန်းသည်လည်း တစ်စုံတစ်ရာကို သတိထားမိသွားပြီး မျက်နှာက အလွန် ပျက်ယွင်းသွားသည်။ ထိုအရှိန်အဝါက သူ့ကို မသက်မသာ ခံစားရစေသည်။

၎င်းသည် သူတော်စင်အဆင့်များထက် သာလွန်နေပြီး လောကကို ဖျက်ဆီးနိုင်သည်အထိ အလွန် ကြောက်စရာ‌ ကောင်းလှသည်။

အိုးရန်ကျန်း ချက်ချင်း ပြေးထွက်လာပြီး ကောင်းကင်ယံကို မော့ကြည့်သော်လည်း ဘာမှမတွေ့ချေ။

“အစ်ကိုကြီး ဘာဖြစ်တာလဲ”

အိုးရန်ဟွာ ထွက်လာ၏။

“အားလုံး သတိထားဖို့ ပြောလိုက်၊ နတ်ဘုရားမျိုးနွယ် ငါတို့ကို မကြာခင် တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်တယ်”

အိုးရန်ကျန်းက တည်ငြိမ်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ အစောပိုင်းက အရှိန်အဝါက နတ်ဘုရားမျိုးနွယ်မှ ဖြစ်လိမ့်မည်ဟု ခံစားမိနေ၏။ သူတို့ကို ထောက်လှမ်းရန် သူလျှိုတစ်ယောက် စေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် လူတိုင်းက ယန်ကျင့်၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် ချောက်ချားနေကြသည်။

*သခင်ကြီး ကျွန်တော့်ကို ကယ်ပါဦး ဟုတ်လား*

*အဲ့ဒါ ဘာကို ပြောချင်တာလဲ*

သူတို့ သိထားသလောက်ဆိုလျင် ယန်ကျင့်တွင် ဆရာအဖြစ် အသိအမှတ် ပြုထားသူ၍ တစ်ယောက်မှ မရှိပါ။

အားလုံး မသိလိုက်သည့်အချက်မှာ ယန်ကျင့်က သူ့မှတ်ဉာဏ်များအားလုံး ပြန်ရလာခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ ယဲ့ဖန်ကို အကူအညီ တောင်းလိုက်ခြင်း ဖြစ်လေသည်။

သို့သော် တစ်ခဏမျှ ကြာသွာားသော်လည်း ဘာမှဖြစ်မလာချေ။

ဤသည်ကိုကြည့်ပြီး မုတ်ဆိတ်မွေးနှင့်လူက လှောင်ရယ်၍ မဟာနတ္ထိ ရှေးဧကရာဇ်အား မြေကြီးပေါ် လိမ့်နေအောင် ကန်ကျောက်၍ အော်ငေါက်လေသည်။

“အမှိုက်ကောင် မင်းက အခုထိ အရူးလုပ်ချင်နေသေးတာလား၊ ငါ မင်းကို အသေမသတ်ဘူးများ ထင်နေတာလား”

“ဟ လန့်သွားတာပဲ၊ ဒီကောင့်မှာ အခြား လှည့်ကွက်တွေများ ရှိနေတာလားလို့ တွေးနေတာ၊ လတ်စသက်တော့ အရူးလုပ်နေတာကိုး”

“သခင်ကြီး ကယ်ပါဦး ဟုတ်လား၊ မင်းအဖေကို လာကယ်ဖို့ အော်ပါလား”

မကြာခင်မှာပင် လူသသများအားလုံးက လှောင်ရယ်ကြတော့သည်။

“အရေးမပါတာတွေ ပြောမနေနဲ့၊ အဲ့ကောင်ကို အရင်သတ်လိုက်”

မုတ်ဆိတ်မွေးနှင့်လူသည် နောက်ထပ် မတော်တဆ ဖြစ်ရပ်များ ဖြစ်ပေါ်လာပြီး အခြေအနေ ပြောင်းလဲသွားမည်ကို စိုးရိမ်နေ၏။

ထို့နောက်တွင်မူ လူသတ်သမားတစ်သိုက်က မဟာနတ္ထိ ရှေးဧကရာဇ်ထံ လျှောက်လာပြီး သူ့လည်ပင်းထံ ဓားတင်လာပြီး အလွန် ခက်ထန်၍ အေးစက်သော အမူအရာတို့ဖြင့် ကြည့်လာသည်။

သို့သော် ထိုအခိုက်တွင် သူတို့ တစ်ခုခု မှားနေကြောင်း သတိထားမိသွားသည်။ အကြောင်းမှာ မဟာနတ္ထိ ရှေးဧကရာဇ်တွင် မည်သို့သော အမူအရာမျိုးမှ မရှိသည်ကို သူတို့ တွေ့လိုက်ရသောကြောင့်ပင်။

ခုနက အော်လိုက်သောသူနှင့် လုံးဝ ကွဲပြားခြားနားနေ၏။

“ဟေ့ကောင် မင်း အခု ကြောက်ပြီးတော့ ရူးသွားတာတော့ မဟုတ်ဘူးမလား”

လူတစ်ယောက်က သူ့ကိုတွန်း၍ ညစ်ကျယ်ကျယ် ရယ်နေသည်။

သူတို့အရှေ့၌ ရှိနေသူက ယန်ကျင့် မဟုတ်တော့ဘဲ မဟာနတ္ထိ ရှေးဧကရာဇ် ဖြစ်နေသည်ကိုတော့ သူတို့ မသိလိုက်ပါ။

မဟာနတ္ထိ ရှေးဧကရာဇ်က ခေါင်းကိုမော့၍ သူ့ကို တစ်ချက်ကြည့်လေသည်။

“အဲ့ဒါက မင်းအပေါ် မူတည်တယ်၊ မင်းက ထိုက်တန်လို့လား”

ထိုစကားတွင် အရေးမစိုက်ဟန် ပါသလို မောက်မာခြင်းလည်း ပါနေကာ အထင်သေးဟန်လည်း ပါဝင်နေ၏။

“မင်း မကြောက်ဘူးလား”

လူတိုင်း အံ့ဩသွားသည်။ ယခု ယန်ကျင့်သည် သေရတော့မည်ကို သိနေသော်လည်း ယခုကဲ့သို့ မောက်မာနေ ရဲသေးသည်တဲ့လား။

မုတ်ဆိတ်မွေးနှင့်လူသည်လည်း အံ့ဩသွားသည်။

*ဒီကောင် ဘာဖြစ်သွားတာလဲ၊ ဘာလို့ သူက ရုတ်တရက်ကြီး တစ်ခြားသူလို ဖြစ်သွားရတာလဲ*

“ကြောက်တယ် ဟုတ်လား”

မဟာနတ္ထိ ရှေးဧကရာဇ်က ခနဲ့သံပြု၍ ပြန်ပြောလိုက်သည်။

“မင်းတို့ကမှ ကြောက်သင့်တာ၊ ငါ သခင်ကြီး လာနေပြီ၊ သူ အရမ်း ဒေါသထွက်နေတယ်ဆိုတာကို ငါ ခံစားလို့ ရနေတယ်”

“အရမ်း အရမ်းကို စိတ်ဆိုးနေတာ”

သို့သော် မုတ်ဆိတ်မွေးနှင့်လူက လှောင်ရယ်လေသည်။

“အရူး မင်း ဒီလို ဖြီးလုံးတွေနဲ့ လိမ်ပြောလို့ ငါတို့ကို ခြောက်နိုင်မယ်လို့ ထင်နေတာလား”

“မင်း လိမ်နေတာ မပြောနဲ့၊ အမှန်ကို ပြောနေတာ ဆိုရင်တောင်မှ မင်းဆရာ လာရဲသရွေ့ ငါ သူ့ကို မြေမြှုပ် ပစ်လိုက်မယ်”

မောက်မာလှသည်။ တင်စီးလှ၏။

“မင်းက မြေမြှုပ်ချင်တာလား”

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအခါ လူတိုင်း ချောက်ချားသွားသည်။

*ဘယ်တုန်းက လူတစ်ယောက် ပိုလာတာလဲ*

လူတိုင်း အသံလာရာသို့ လှမ်းကြည့်လိုက်သောအခါ လူတစ်ယောက်က သူတို့ကို ကျောပေး၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဤသည်ကိုမြင်သော် မဟာနတ္ထိ ရှေးဧကရာဇ်သည် ထိုလူကို ကြည့်ပြီး မျက်ရည် စီးကျလာသည်။

သူ၏ သခင်ကြီး မသေပါ။ သူ့သခင်ကြီးက သန်မာလွန်းပြီး သေရန် မဖြစ်နိုင်မှန်း သူ သိနေသည်။

မုတ်ဆိတ်မွေးနှင့်လူအပြင် အခြားသူများအားလုံး အံ့ဩသွားသည်။

*ယန်ကျင့်က တကယ်ပဲ သူ့သခင်ကြီးကို ခေါ်လိုက်တာလား*

ထိုစဉ် မဟာနတ္ထိ ရှေးဧကရာဇ်က လူအုပ်ကြားထဲမှ တိုးထွက်၍ ယဲ့ဖန်အနောက်၌ ဒူးထောက်ကာ ဦးညွှတ်လိုက်ပြီး မျက်လုံးတွင် မျက်ရည်များ ဝဲနေကာ တုန်ယင်နေသော အသံဖြင့် ပြောလေသည်။

“သခင်ကြီး ကျွန်တော် ခင်ဗျားကို သတိရနေခဲ့တာ”

ယဲ့ဖန် နောက်သို့ လှည့်လာပြီး သူ့ခေါင်းပေါ် လက်တစ်ဖက်တင်၍ ပြုံးကာ ပြောလိုက်သည်။

“မတွေ့တာကြာပြီ”

ရောက်လာသူက မူလခန္ဓာကိုယ် မဟုတ်ဘဲ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

ထိုအခိုက်တွင် စွမ်းအင်စီးကြောင်းတစ်ခုက မဟာနတ္ထိ ရှေးဧကရာဇ်၏ ခန္ဓာကိုယ်ထဲ စီးဝင်လာပြီး သူ့ဒဏ်ရာများကို ဖြည်းဖြည်းချင်း ကုသလေသည်။

ထိုအခိုက်တွင် စွေ့ဟွာသည်လည်း ငေးငိုင်နေသည်။ သူမသခင်လေး၌ မည်သို့သော သခင်ကြီးမှ ရှိသည်ဟု သူမ တစ်ခါမှ မကြားဖူးပါ။

*ဒီလူက ဘယ်ကနေ ရောက်လာတာလဲ*

ထို့နောက် ယဲ့ဖန်က တစ်ဖက်လှည့်၍ မုတ်ဆိတ်မွေးနှင့်လူအပြင် အခြားသူများအား စိုက်ကြည့်လေသည်။

“ခုနက ငါ့တပည့်ကို ဘယ်သူ သတ်ချင်တာလဲ၊ ငါ့ရှေ့ ထွက်လာခဲ့”

“ဒီသခင်ကြီးပဲ”

မုတ်ဆိတ်မွေးနှင့်လူက ရှေ့သို့ တစ်လှမ်းတိုးလာပြီး ယဲ့ဖန်အား အထင်သေးစွာ ကြည့်နေကာ သူ့လူများအား ပြောလိုက်သည်။

“သွေးမပျက်နဲ့၊ ဒီလူက ကိုယ်ပွားသက်သက်ပဲ၊ ဒီခွေးမသားကို ကြောက်မနေနဲ့၊ ဒါက မူလခန္ဓာကိုယ်ရဲ့ ခွန်အား ဆယ်ရာခိုင်နှုန်းပဲ ပိုင်ထားတာ”

ထိုသို့ပြောလိုက်သောအခါ လူတိုင်း အသိဝင်လာပြီး လှောင်ပြုံး ပြုံးလာကြသည်။ ကိုယ်ပွားခန္ဓာကိုယ်၌ မူလခန္ဓာကိုယ်၏ ခွန်အား ဆယ်ရာခိုင်နှုန်းသာ ပါရှိနိုင်၏။

တစ်ဖက်လူက အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေလျင်တောင်မှ မူလခွန်အား၏ ဆယ်ရာခိုင်နှုန်းသာ ပိုင်ထားသဖြင့် သူတို့ကို ဒူးထောက်ရပေလိမ့်မည်။ ထို့ကြောင့် သူတို့ ကြောက်နေစရာ မလိုပါ။

“ငါ မင်းရဲ့ ခန္ဓာကိုယ် အစစ်ကိုသာ ကြောက်ရင်ကြောက်မယ်၊ ဒါပေမဲ့ မင်းက ချီးထုတ်ဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ”

မုတ်ဆိတ်မွေးနှင့်လူက အေးစက်စက် ခနဲ့သံပြုကာ လက်ကို အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။

“သူ့ကို နုတ်နုတ်စင်းလိုက်ကြ”

“ရွှစ် ရွှစ် ရွှစ်”

တစ်ယောက်ပြီး တစ်ယောက် ယဲ့ဖန်ထံ လျှပ်စီးသဖွယ် လျင်မြန်စွာ ပြေးတက်သွားပြီး ယဲ့ဖန်အား ဝိုင်းထားကြသည်။

ထို့နောက် ဓားများ တစ်လက်ပြီး တစ်လက် ကျဆင်းလာသည်။ သူတို့အားလုံး၌ ကြမ်းကြုတ်သော အပြုံးများ ရှိနေလေသည်။

သို့သော် ယဲ့ဖန်က နည်းနည်းလေးမှ မလှုပ်ချေ။ သူသည် အားလုံးအား သေလူတစ်စုကို ကြည့်သကဲ့သို့ ကြည့်နေ၏။

*ဟမ်*

မုတ်ဆိတ်မွေးနှင့်လူသည် တစ်ခဏမျှ အံ့ဩသွားပြီး အဘယ်ကြောင့် ဤလူက ယခုကဲ့သို့ အချိန်မှာတောင်မှ အလွန် တည်ငြိမ်နေသလဲ နားမလည်နိုင် ဖြစ်နေသည်။

သို့ရာတွင် မကြာခင်မှာပင် အော်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာ၏။ မြင်တွေ့လိုက်ရသည့် မြင်ကွင်းက သူ့အား‌ နေရာမှာတင် ကျင်ငယ်ရည် ထွက်ကျလုမတတ် ကြောက်လန့်သွားစေသည်။

သူ့လူများသည် ယဲ့ဖန်ထံ ပြေးဝင်သွားသည့် အခိုက်မှာပင် သူတို့၏ ခန္ဓာကိုယ်များက လေထဲမှာတင် အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားသည်ကို သူ တွေ့လိုက်ရသည်။

အားလုံး၏ ကြောက်လန့်နေသော အကြည့်အောက်၌ လူသတ်သမား တစ်ယောက်ချင်းစီသည် မမြင်ရသော လက်တစ်စုံ၏ ဖမ်းဆွဲမြှောက်ခြင်း ခံလိုက်ရသကဲ့သို့ လေထဲ၌ ဝဲနေကာ တစ်စစီ စုတ်ဖြတ်ခံလိုက်ရသည်။

တစ်ယောက်ချင်းစီ၏ ခြေပြတ်များနှင့် လက်ပြတ်များက မြေကြီးပေါ် တဘုတ်ဘုတ် ကျလာ၏။

စူးရှသော ညှီစို့စို့ သွေးနံ့က လေထဲ ပျံ့လွင့်လာလေသည်။ မသတီစရာ ကောင်းလှပေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။

သိုင်းပညာရှင် အယောက်နှစ်ဆယ်ကျော်လုံး အမှတ်မထင် သေဆုံးသွားကြသည်။ သူတို့ထဲတွင် သူတော်စင်သခင် အဆင့်များနှင့် နတ်ဘုရင်အဆင့်များ ပါဝင်လေသည်။

စွေ့ဟွာ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိပြီး ကြောက်လန့်နေသည်။ ဤသည်က အမှန်တကယ် ဖြစ်နေသည်ကို သူမ မယုံကြည်နိုင် ဖြစ်နေ၏။

သူမသခင်လေး၏ သခင်ကြီးဖြစ်သူက ဘာမှပင် မလှုပ်ရသေးဘဲ သိုင်းပညာရှင် အယောက်နှစ်ဆယ်ကျော်ကို သတ်ခဲ့လေသည်။ ဤသည်က မယုံနိုင်စရာ ကောင်းလှသည်။

ဤလူများကို သွေးသူခိုး အဖွဲ့အစည်းဟု ခေါ်ကြသည်။ သွေးအေး၍ ရက်စက်တတ်သူများပင်။ သို့သော် ယခုထက်တိုင် တစ်ယောက်မှ အဖမ်းမခံခဲ့ရပေ။

သို့သော်ငြားလည်း ယခုအခါ၌ သူမသခင်လေး၏ သခင်ကြီးဖြစ်သူက တစ်ချက် ကြည့်လိုက်ရုံနှင့် အားလုံး သေဆုံးသွားကြသည်။ ယင်းမှာ အိပ်မက်ဆန်လွန်းလှပေသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ မင်းက အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေရင်တောင်မှ ဒီလောက်ထိ ကြောက်ဖို့ကောင်းဖို့ မဖြစ်နိုင်ဘူး”

မုတ်ဆိတ်မွေးနှင့်လူ နားဝေတိမ်တောင် ဖြစ်သွားပြီး ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။ သူ အလွန်အမင်း ကြောက်လန့်နေ၏။

တစ်စက္ကန့်အတွင်း နတ်ဘုရင်အဆင့်နှင့် သူတော်စင်သခင်အဆင့်များ ပါဝင်သော လူအယောက်နှစ်ဆယ်ကျော်လုံး ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့သည်။ ထို့အပြင် တစ်ဖက်လူက ကိုယ်ပွားခန္ဓာကိုယ်သာ ဖြစ်နေသည်။ မယုံနိုင်စရာ ကောင်းလိုက်လေခြင်း။

“ငါ့သခင်ကြီးက ကိုးပြည်နယ်တစ်ခုလုံးမှာ အသန်မာဆုံးလူပဲ၊ မင်းကို သတ်တာက သူ့အတွက် အိတ်ထဲက ပစ္စည်းကို ထုတ်လိုက်သလောက်ကို လွယ်တယ်”

မဟာနတ္ထိ ရှေးဧကရာဇ်က ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကိုးပြည်နယ်မှာ အသန်မာဆုံးလူ ဟုတ်လား”

မုတ်ဆိတ်မွေးနှင့်လူက အံ့ဩနေပြီးမှ ကျယ်လောင်စွာ ရယ်လေသည်။

“ဒီလောက် အာကျယ်ရဲတာ မင်း လျှာဖြတ်ခံရမှာ မကြောက်ဘူးလား”

ထို့နောက် မုတ်ဆိတ်မွေးနှင့်လူက အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်သည်။

“အဘွားကြီး ခင်ဗျား အခုမှ မလှုပ်ရှားရင် ဘယ်အချိန်မှ လှုပ်ရှားမှာလဲ”

“ဝုန်း”

ရုတ်ချည်းဆိုသလိုပင် အလွန်ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာ၏။

All Chapters