← Chapters

တိမ်တိုက်ထျန်းဖူတောင်ပေါ်ဝယ်

Vol. 59 Ch. 625

တိမ်တိုက်ထျန်းဖူတောင်ပေါ်ဝယ်

Vol. 59 Ch. 625

ကျန်းဖုန်း၏ မျက်နှာတွင် စိတ်မကောင်းဖြစ်နေသော အရိပ်အယောင်များ ပေါ်လွင်နေပြီး ထန်ထျန်းကို ဖြည်းဖြည်းချင်း ဖွင့်ဟပြောလာသည်။

"တိမ်တိုက်ထျန်းဖူ ကမ္ဘာမှာတုန်းကတော့ ငါတို့က လူတစ်သောင်းမှာ တစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင်တွေအနေနဲ့ အတုမရှိတဲ့ ဂုဏ်သိက္ခာတွေကို ခံစားခဲ့ရတာ"

"ဒါပေမဲ့ ဒီကို ရောက်လာတဲ့အခါမှာတော့ အလင်းရောင်တွေ အကုန်ပျောက်ဆုံးသွားပြီး သာမန်လူတွေလို ဖြစ်သွားတော့တာပဲ"

"အပေါ်ယံကြည့်ရင်တော့ နတ်ပြည်ကို တက်လှမ်းလာရသလိုပဲ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ လူ့လောကထဲကို ပြုတ်ကျသွားသလိုမျိုးပဲကွာ"

"မြင့်မြတ်နယ်မြေက အရမ်းကြီးမားလွန်းတယ်၊ အထဲမှာ ပါရမီရှင်တွေကလည်း အရမ်းများတယ်။ ငါတို့က ကောင်းကင် နိယာမတွေ မပြည့်စုံတဲ့ ကမ္ဘာက လာတာဆိုတော့ မွေးရာပါကိုက သူတို့ထက် အများကြီး နောက်ကျနေခဲ့တာ"

"အခြေခံအုတ်မြစ် နက်ရှိုင်းတဲ့ ဒေသခံအင်အားစုတွေမှာဆိုရင် အဆုံးမဲ့ အရင်းအမြစ်တွေ ရှိတယ်၊ မိစ္ဆာဆန်တဲ့ ပါရမီရှင်တွေကိုလည်း အများကြီး ပြုစုပျိုးထောင်နိုင်ကြတယ်"

"ငါတို့ ထျန်းဖူနန်းတော် မျိုးဆက် ကိုးခုလုံး ပေါင်းလိုက်ရင်တောင် တချို့ ရှေးဟောင်း အင်အားစုတွေကို မယှဉ်နိုင်ဘူး၊ ငါတို့ တိမ်တိုက်ထျန်းဖူ မျိုးဆက်ဆိုရင် ပိုဆိုးတာပေါ့"

"အကယ်လို့ အပေါ်မှာ ဝူဟွေ့ အရှင်သာ ထောက် ခံပေးမထားရင် ငါတို့တွေ အစိတ်စိတ်အမွှာမွှာ ကွဲပြီး တခြားအင်အားစု တွေထဲ အသွင်းခံရတာ ကြာလှပြီ"

" ဒါပေမဲ့ အဲဒီလို ဆိုရင် တောင် ငါတို့ရဲ့ လူနေမှုဘဝက ထင်သလောက်တော့ မချောမွေ့ပါဘူး..."

ကျန်းဖုန်းက ခေါင်းခါရင်း သက်ပြင်းချကာ ပြောသည်။

ဤအချက်အလက်များကို ထန်ထျန်းက အရက်သမားကြီးထံမှ သိထားပြီးဖြစ်သည်။

သို့သော် ကျန်းဖုန်းကမူ သူတို့ကိုယ်ပိုင် ရှုထောင့်မှနေ၍ ဤဖြစ်စဉ်ကို ဖော်ပြနေခြင်းဖြစ်သည်။

ကမ္ဘာတစ်ခုလုံးက အသိအမှတ်ပြုရသည့် ပါရမီရှင်တစ်ဦးအတွက် ဤမျှကြီးမားသော ကွာခြားချက်မှာ ကြီးမားသည့် အတားအဆီးတစ်ခုပင် ဖြစ်သည်။

အကယ်၍ ဤအတားအဆီးကို ကျော်ဖြတ်နိုင်လျှင် သူ၏ မူလပါရမီဖြင့် သူ့ကိုယ်ပိုင် နယ်ပယ်တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သော်လည်း မကျော်ဖြတ်နိုင်ပါက အလင်းရောင်များ ပျောက်ဆုံးကာ သာမန်လူတစ်ဦးအဖြစ်သာ ဘဝဆုံးသွားပေလိမ့်မည်။

သို့သော် ဤသည်မှာ ကျင့်ကြံခြင်းလောကပင် ဖြစ်သည်။

ကျင့်ကြံခြင်းလောက၏ ရက်စက်မှုဆိုသည်မှာ အသက်အန္တရာယ်နှင့် သတ်ဖြတ်မှုများ၊ တောရိုင်းဥပဒေသများကိုသာ ဆိုလိုခြင်းမဟုတ်ပေ။

လမ်းကြောင်းပေါင်း မြောက်မြားစွာ ရှိသော်လည်း အဆုံးအထိ လျှောက်လှမ်းနိုင်သူမှာ အနည်းငယ်မျှသာ ရှိပြီး အများစုမှာ လမ်းခုလတ်၌ အရိုးစုများအဖြစ် ကျန်ရစ်ကာ မေ့ပျောက်ခြင်း ခံရသည်ကို ဆိုလိုခြင်းဖြစ်သည်။

"ဝူဟွေ့ တာအိုအရှင်က အောက်ကမ္ဘာကနေ ရုန်းထွက်လာပြီး ခေတ်တစ်ခေတ်လုံးကို သတ်ဖြတ်ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုကတည်းက ဘယ်အရာမှ ပုံသေတွက်လို့မရဘူးဆိုတာ သက်သေပြနေတာပဲ"

"မင်းတို့က ကမ္ဘာအသီးသီးရဲ့ အတောက်ပဆုံး ပါရမီရှင်တွေပဲလေ၊ တစ်နေ့မှာတော့ ကောင်းကင်ထိပ်ဆုံးရဲ့ စင်မြင့်ထက်မှာ နေရာယူနိုင်မှာပါ"

ထန်ထျန်းက အားပေးစကား ပြောလိုက်သည်။

ကျန်းဖုန်းက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ပြုံးကာ မေးသည်။ "မင်းက ခုမှ ရောက်တာကို ဝူဟွေ့ တာအိုအရှင်အကြောင်း တော်တော်သိတာပဲလား"

ထန်ထျန်းက ရယ်မောရင်း ပြန်ဖြေသည်။ "ကျွင်းယန် တာအိုအရှင် ပြောပြတာပါ"

ကျန်းဖုန်းက မျက်ခုံးပင့်သွားသည်။ "ကျွင်းယန် တာအိုအရှင်က မင်းအပေါ် တော်တော်ကောင်းတာပဲ၊ မင်းရဲ့ ထူးခြားမှုကို သူ မြင်ပုံရတယ်"

ထို့နောက် သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး "တကယ်တော့ ငါကတော့ ခပ်ပေါ့ပေါ့ပဲ နေတတ်သွားပါပြီ"

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ စမှတ်က သာမန်လူတွေထက် အများကြီး မြင့်နေသေးတာပဲလေ"

"ဒေသခံအင်အားစုက ပါရမီရှင်တွေလည်း တစ်လှမ်းချင်း တိုက်ခိုက်ပြီး တက်လာကြတာပဲ၊ ပြီးတော့ သူတို့က ငယ်ငယ်ကတည်းက ဖိအားတွေကြားမှာ ကြီးပြင်းရတာဆိုတော့ ငါတို့လို ဂုဏ်သိက္ခာတွေကို ခံစားဖူးတဲ့သူ ရှားပါတယ်။ ရောင့်ရဲတတ်ရင် ချမ်းသာတာပေါ့"

"စိတ်ကို ကောင်းကောင်းထားပြီး ဆက်ကြိုးစားသွားရင် မင်းပြောသလိုပဲ တစ်နေ့မှာတော့ ငါတို့ ပြန်ပြီး တောက်ပလာမှာပါ"

ထန်ထျန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"ဒါနဲ့... တိမ်တိုက်ထျန်းဖူ ကမ္ဘာမှာ အခြေအနေတွေ ဘယ်လိုရှိလဲ"

"မြင့်မြတ်နယ်မြေနဲ့ အောက်ကမ္ဘာကြားမှာ ဆက်သွယ်ရတာ အရမ်းခက်ခဲတယ်လေ။ ဒီကို ရောက်လာတာ ရှစ်နှစ်ကျော်ပြီ၊ အိမ်က သတင်းတစ်စွန်းတစ်စတောင် မရသေးဘူး"

ကျန်းဖုန်းက မေးလာသည်။

ထန်ထျန်းက ခေတ္တမျှ တိတ်သွားပြီးမှ စကားကို ဆက်လိုက်သည်။

"အကြောင်းအရာတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်"

"ငါ မထွက်လာခင်မှာပဲ တိမ်တိုက်ထျန်းဖူမှာ အကြီးအကျယ် ပုန်ကန်မှုတစ်ခု ဖြစ်ခဲ့သေးတယ်..."

ထို့နောက် ထန်ထျန်းက လုချန်းကျီအကြောင်းနှင့် အင်အားစုများစွာ ပျက်စီးသွားသည့် အကြောင်းများကို ကျန်းဖုန်းအား အကြမ်းဖျင်း ပြောပြလိုက်သည်။

နားထောင်ပြီးနောက် ကျန်းဖုန်းမှာ ပါးစပ်အဟောင်းသားဖြင့် တုန်လှုပ်သွားတော့သည်။

"ဘုရားရေ ... တျန်းချီတောင် တောင် ပျက်စီးသွားပြီလား"

"အဲဒီအချိန်က ငါသာ ရှိနေရင် အဲဒီ လုချန်းကျီကို သင်ခန်းစာ ပေးလိုက်မှာ"

"ဒါ့အပြင် ထိပ်တန်းအင်အားစုတွေ ဒီလောက်တောင် ပျက်စီးသွားတာလား။ ငါတို့ဆီက နတ်ဘုရားသားတော် အများစုက အဲဒီအင်အားစုတွေကနေ တက်လာကြတာလေ၊ ဒီသတင်းကို ကြားရင်တော့ သူတို့ တော်တော် စိတ်မကောင်း ဖြစ်ကြတော့မှာပဲ"

"ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက သူတို့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဇာတိမြေပဲဥစ္စာ..."

ကျန်းဖုန်းက ခေါင်းခါရင်း သက်ပြင်းချနေမိသည်။

သို့သော်လည်း နတ်ဘုရားသားတော်များမှာ အမှားအမှန်ကို ကောင်းစွာ ခွဲခြားနိုင်ကြကြောင်း သူက ဆက်ပြောသည်။

စိတ်မကောင်းဖြစ်ရုံသာဖြစ်ပြီး တိမ်တိုက်ထျန်းဖူအပေါ် တစ်မျိုးတစ်ဖုံ စိတ်ကူးယဉ်နေမည်မဟုတ်ပေ။

မြင့်မြတ်နယ်မြေသို့ ရောက်လာပြီးနောက် ၎င်းမှာ ဘဝသစ်တစ်ခုဖြစ်ရာ အတိတ်ဆိုသည်မှာ အမှတ်တရမျှသာ ဖြစ်သည်။

သူတို့နှစ်ဦး စကားပြောရင်းနှင့်ပင် တိမ်တိုက်ထျန်းဖူတောင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

တိမ်တိုက်ထျန်းဖူတောင်ပေါ်တွင် အောက်ကမ္ဘာမှ လာသူများနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ အနည်းငယ်သာရှိပြီး အများစုမှာ ကောင်းကင်ထိပ်ဆုံး ဒေသခံများထဲမှ စည်းရုံးထားသူများဖြစ်သည်။

နှစ်ပေါင်း သောင်းချီရှိပြီဖြစ်ရာ ဆက်ဆံရေးများစွာ တည်ဆောက်ထားနိုင်ခဲ့သည်။

သို့သော် အဆင့်မြင့် ရာထူးနေရာအများစုကိုတော့ တိမ်တိုက်ထျန်းဖူမှ လာသူများကပင် ခိုင်ခိုင်မာမာ ချုပ်ကိုင်ထားကြသည်။

ထန်ထျန်း ပြန်ရောက်လာသည့် သတင်းမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသည်။

တောင်ထိပ်သို့ မရောက်မီမှာပင် ယခင်က နတ်ဘုရားသားတော် အများအပြား သတင်းကြား၍ ရောက်ရှိလာကြသည်။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ "ဇာတိတူချင်း တွေ့ရလျှင် မျက်ရည်ဝိုင်းရသည်" ဟူ၍ပင်။

အားလုံးမှာ ကမ္ဘာတစ်ခုတည်း၊ ဂိုဏ်းတစ်ခုတည်းမှ လာသူများဖြစ်ရာ တွေ့တွေ့ချင်း ဖက်ငိုစရာ မလိုသော်လည်း မွေးရာပါ ရင်းနှီးမှုတစ်ခုတော့ ရှိနေကြသည်။

ထန်ထျန်းမှာ ဟင်းလင်းပြင်မုန်တိုင်းထဲမှ အသက်ရှင်လျက် ပြန်လာနိုင်သည့်အပေါ် အားလုံးက တုန်လှုပ်အံ့ဩကြသလို စိတ်ရင်းမှန်ဖြင့်လည်း ဂုဏ်ပြုကြသည်။

၎င်းပြင် ဝူဟွေ့ တာအိုအရှင်က ကိုယ်တိုင် နာမည်ထုတ်ပြောထားသည့် ကိစ္စကြောင့် လူတိုင်းက ပို၍ ပျူငှာကြသည်။

ထျန်းဖူမျိုးဆက်များအတွက် ဝူဟွေ့ တာအိုအရှင်ဆိုသည်မှာ တကယ့်ကို 'နတ်ဘုရား' ပင် ဖြစ်သည်။ သူတို့ စိတ်ထဲတွင် ဝူရှန့်ကျိကျွင်းထက်ပင် မနိမ့်ကျသော နေရာတွင် ရှိသည်။

ထို့ကြောင့် ထန်ထျန်းအပေါ် သူတို့၏ စေတနာမှာ နှလုံးသားထဲမှ လာခြင်းဖြစ်သည်။

ထန်ထျန်းလည်း ဤပတ်ဝန်းကျင်ကို သဘောကျသည်။ သူ၏ ဝိညာဉ်မှာ အခြားကမ္ဘာမှ လာသော်လည်း ဤကမ္ဘာတွင် သူ တစ်ယောက်တည်း အထီးမကျန်ကြောင်း ခံစားရစေသည်။

အခက်အခဲများစွာကို ဖြတ်ကျော်လာပြီးနောက် သံယောဇဉ်တချို့လည်း ဖြစ်ပေါ်လာခဲ့သည်။

ဤတစ်ခေါက် တိမ်တိုက်ထျန်းဖူ မျိုးဆက်ဆီသို့ လာရန် ရွေးချယ်ခဲ့ခြင်းမှာ ထိုက်တန်လှပေသည်။

နှစ်ပေါင်း သောင်းချီအတွင်း ကောင်းကင်ထိပ်ဆုံးသို့ အောင်မြင်စွာ တက်လှမ်းခဲ့သော တိမ်တိုက်ထျန်းဖူ နတ်ဘုရားသားတော် ဦးရေမှာ တစ်သောင်းကျော် ရှိခဲ့သည်။

ခေတ်အဆက်ဆက် ပြောင်းလဲမှုများကြောင့် ယခုအခါ တိမ်တိုက်ထျန်းဖူတောင်ပေါ်တွင် ငါးထောင်ကျော်သာ ကျန်ရှိတော့သည်။

အားလပ်နေသူတိုင်းမှာ ဂျူနီယာညီလေး ထန်ထျန်းကို လာကြည့်ကြသည်။

အများအပြားက ထန်ထျန်းကို သူတို့ စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း အခက်အခဲရှိလျှင် အချိန်မရွေး လာရှာရန် ပြောကြသည်။

သို့သော် သူတို့ မသိသည်မှာ ဤညီလေး၏ အစွမ်းမှာ သူတို့ စိတ်ကူးမယဉ်နိုင်သော အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

မြင့်မြတ်နယ်မြေတစ်ခုလုံးတွင် သူက သူများကို သွားပြဿနာရှာလျှင်သာ ရှိမည်၊ သူ့ကို လာပြဿနာရှာမည့်သူ မရှိသလောက်ပင်။

သို့သော် အားလုံး၏ စေတနာကို ထန်ထျန်းက ပြုံးလျက် လက်ခံကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

ထိုအရင် နတ်ဘုရားသားတော်များနှင့် စကားပြောနေစဉ် ထန်ထျန်းက ထာဝရစင်မြင့်ပေါ်တွင် ပထမဆုံး ပြိုင်ဘက်အဖြစ် ဆုံတွေ့ခဲ့ဖူးသော စစ်နတ်ဘုရားနန်းတော်မှ သစ္စာဖောက် ချင်းဖုန်း ကိုလည်း တွေ့လိုက်ရသည်။

ယခုအခါ ချင်းဖုန်းက ထိုက်ယိတာအို အစောပိုင်း အဆင့်ရှိသော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီဖြစ်သည်။

ကံဆိုးသည်မှာ ထိုက်ယိတာအို အဆင့်က အတိတ်နှင့် အနာဂတ်ကို မမြင်နိုင်သေးသဖြင့် သူ လူငယ်ဘဝတုန်းက ပုံရိပ်ယောင်မှာ ထန်ထျန်းနှင့် တိုက်ခိုက်ခဲ့ရသည်ကို သူ မသိပေ။

စစ်နတ်ဘုရားနန်းတော် ပျက်စီးသွားပြီဖြစ်ကြောင်း ထန်ထျန်း ပြောသည့်အခါ ချင်းဖုန်းမှာ စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိပေ။

ဖြစ်နိုင်သည်မှာ သူသည် အတိတ်က ရန်ငြိုးများကို စောစောစီးစီး စွန့်လွှတ်လိုက်ပြီ ထင်သည်။

"စီနီယာ အစ်ကိုကြီးတွေက တော်တော် ပျူငှာတာပဲ၊ ဒါပေမဲ့ နောက်နှစ်ရက်လောက်နေမှ ကျွန်တော်တို့ ပြန်ဆုံကြတာပေါ့"

"စီနီယာ လျိုထျန်းဟုန် က ညီလေးထန်ထျန်းကို စောင့်နေတာ။ ပြီးတော့ ဒီသတင်းက ဝူဟွေ့ တာအိုအရှင်ဆီကိုလည်း ရောက်သွားပြီ"

"ဝူဟွေ့ တာအိုအရှင်ကလည်း မကြာခင်မှာ ညီလေးထန်ထျန်းကို ခေါ်တွေ့မှာ သေချာတယ်"

ကျန်းဖုန်းက ပြုံးလျက် ပြောလိုက်လေသည်။

All Chapters