← Chapters

အခန်း (၄၃၀)

Vol. 34 Ch. 430

အခန်း (၄၃၀)

Vol. 34 Ch. 430

တောင်ကြားထဲတစ်ရက်က ပြင်ပကမ္ဘာ၌ ရက်ပေါင်းသန်းနှင့်ချီကုန်ဆုံးသွားပြီဟု သူမခံစားနေရ၏။

မည်သည့်အချိန်က ဂျန်ဖန်း ဤကဲ့သို့ တောက်ပလာသနည်း။

ထပ်တူအိမ်မက်မက်သလိုခံစားနေရတာက ဂျင်ကျောင်းမင်ပင်။

ကြယ်တွေကြားရှိလတစ်စင်းကဲ့သို့ ပါရမီရှင်တပည့်တွေဝန်းရံခံနေရသည့် ဂျန်ဖန်းကိုကြည့်ပြီး....

အတော်လေးကို မျက်စိဆံပင်မွေးစူးနေခဲ့သည်။

အတိတ်တုန်းကဆို ထိုနေရာက အမြဲသူရှိနေသည့် နေရာဖြစ်သည်။

ယခုချိန်၌ တိိမ်စိမ်းဂိုဏ်းရှိ အမည်မသိဂျူနီယာတစ်ယောက်က သူ့နေရာကို ဘယ်လိုလုပ် ယူသွားနိုင်ရသနည်း။

သူက ကောင်းကင်ပုဆိန်ကိုတရွတ်တိုက်ဆွဲပြီး ခြေလှမ်းကျဲကြီးတွေဖြင့် လျှောက်လာခဲ့သည်။

စူးစူးဝါးဝါးပွတ်တိုက်သံက လူအုပ်ကြားရှိ တီးတိုးပြောဆိုမှုတွေကို ဖြတ်တောက်ပစ်လိုက်သည်။

ရှချောင်ကောတစ်ယောက်သာ အာရုံမစိုက်ပဲ ဂျန်ဖန်း၏တိုင်ဟူရေကန်ခရီးကို စိတ်ဝင်တစား ဆက်လက်မေးနေခဲ့သည်။

ဂျင်ကျောင်မင်၏ ရန်လိုသည့်အမူအရာကိုမြင်သည့်အခါ လန်ဖေးယန်နှင့် အခြားလူတွေ မလွယ်ကူသလိုခံစားလိုက်ရ၏။

ဧရာမဂိုဏ်းတပည့်တွေက ပင်ကိုအားဖြင့်ကို မောက်မာကြ၏။

တပည့်ကြီးတစ်ယောက်အနေဖြင့် ဂျင်ကျောင်းမင်က ပိုလို့တောင်ဆိုး၏။

မည်သူက သူ့ကို မကြောက်ဘဲမနေပေ။

"ကောင်လေး, မင်းအတော်ပျော်နေတယ်ပေါ့, ဟမ့်...."

ဂျင်ကျောင်းမင် ရန်လိုစွာ ချည်းကပ်လာခဲ့သည်။

ဂျန်ဖန်း ထူးမခြားနားစွာပြန်ပြောလိုက်သည်။

"မင်းသာ ဝေးဝေးသွားရင် ပိုတောင်ပျော်အုန်းမှာ...."

ဝူး...

ဂျင်ကျောင်းမင်၏ အားစိုက်မှုကြောင့် ကောင်းကင်ပုဆိန်မှ တုန်ခါသံထွက်ပေါ်လာခဲ့သည်။

သူက မျက်လုံးမှေးကျဥ်းပြီး သားရဲတစ်ကောင်က သားကောင်းအပေါ်ကြည့်သည့်အကြည့်မျိုးဖြင့် ဂျန်ဖန်းကို စိုက်ကြည့်နေခဲ့သည်။

အချိန်မရွေးခုန်အုပ်တော့မည့် ကျားရိုင်းတစ်ကောင်ကဲ့သို့ပင်။

လူတိုင်းနှလုံးသားကို စိုးရိိိမ်မှုနှင့် စိမ်မအေးမှုတိုနှင့် ပြည့်နှက်သွားစေခဲ့သည်။

လန်ဖေးယန် ကိုယ့်ကိုယ်ကို အားတင်းပြီး ပြောလိုက်သည်။

"ညီအကိုဂျင်, စကားနဲ့ပဲ အေးဆေးပြောကြရအောင်...."

"မင်းနဲ့ ညီအကိုဂျန်ကြားမှာ တစ်ခုခုနားလည်မှုလွဲနေတာရှိရင် အဲ့ကိစ္စကိုဖြေရှင်းဖို့ ကျွန်တော်အားလုံးအတွက်ပွဲတစ်ခုကျင်းပပေးမယ်လေ။ ဘယ်လိုသဘောရလဲ...."

ဆက်ဆံရေးကောင်းမွန်မှုကြောင့်ကျော်ကြားသည့်လူတစ်ယောက်အနေဖြင့် လန်ဖေးယန်၌ မျက်နှာအချို့ရှိနေဆဲဖြစ်သည်။

ဂျင်ကျောင်းမင် သူ့ကို ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။

"ဘာလဲ, မင်းက ဝင်ပါချင်လို့လား..."

"ဒါဆို သူ့အစား မင်းရဲ့ခြေတွေလက်တွေနဲ့ လျှာကိုဖြတ်လိုက်..."

လန်ဖေးယန် အတော်လေးရှက်စရာကောင်းသည့်အခြေအနေရောက်သွားခဲ့သည်။

အမြဲသူ့အားယဥ်ကျေးသည့် ဂျင်ကျောင်းမင်က ယနေ့မှ မမျှော်လင့်စွာပဲ ဤလောက်ထိခေါင်းမာနေခဲ့သည်။

သူတို့၌ ဖြေရှင်းမရသည့် မကျေနပ်ချက်အချို့ ရှိနေသည်လား?...

"ဂျူနီယာညီလေးဂျန်, မင်းနဲ့သူ့ကြားမှာ ဘာဖြစ်တာလဲ..."

လန်ဖေးယန် ညင်သာစွာမေးလိုက်သည်။

ဂျန်ဖန်း တည်ငြိမ်စွာပြန်ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး, အဲ့ကောင်က ရှုံးမဲ မဲနေရုံပါ..."

ဝှစ်!

ဂျန်ကျောင်းမင်မျက်နှာ အေးစက်သွားပြီး ကောင်းကင်ပုဆိန်ကိုမြှောက်ကာ ဂျန်ဖန်းလည်ပင်းကို ရွယ်လိုက်သည်။

"မင်း ဘယ်သူ့ကို ရှုံးမဲ မဲတယ်လို့ပြောတာလဲ...."

"အဲ့တာက ကံကောင်းသွားရုံပဲ။ ဘာအန္တရာယ်မှမတွေ့ပဲ ကံကောင်းပြီး တာဝန်ပြီးမြောက်သွားရုံပဲ..."

"မင်းသာ ငါ့တာဝန်ကိုယူရင် ခုလောက်ဆို သေနေလောက်ပြီ...."

"အဲ့တာကို မင်းက ငါ့ကို ရှုံးမဲမဲတယ်လို့ပြောတာလား..."

"ဟာသပဲ..."

အလွန်အမင်းထက်ရှသည့် ကောင်းကင်ပုဆိန်ကိုကြည့်ပြီး လူတိုင်းမျက်ခွံတွေ တုန်ယင်နေခဲ့သည်။

သူတို့အားလုံးက ဂျင်ကျောင်းမင်ကို စိတ်အေးအေးထားဖို့ တိုက်တွန်းလိုက်ကြ၏။

ဂျန်ဖန်းကို မထိခိုက်စေဖို့ပင်။

ဂျန်ဖန်းသာ တည်တည်ငြိမ်ငြိမ်ရှိနေပြီး ကောင်းကင်ပုဆိန်ကို လက်နှစ်ချောင်းဖြင့်ဆုပ်ကိုင်ပြီး စိတ်ဝင်တစားစစ်ဆေးနေခဲ့သည်။

"အေးစက်နေတာပဲ။ ဒါကို သံအေးနဲ့ အထူးပစ္စည်းအချို့ပေါင်းပြီးလုပ်ထားတာဖြစ်ရမယ်။ အတော်လဲလေးတယ်...."

"လက်နက်ကောင်းတစ်ခုပဲ..."

"ငါ ယူလိုက်မယ်..."

ထို့နောက် သူ့လက်ချောင်းတွေကို လှုပ်ရှားလိုက်သည်။

တစ်ထောင်ဂျင်လောက်လေးသည့် ကောင်းကင်ပုဆိန် အသာအယာပဲ ဘေးဖက်ကို လွင့်ထွက်သွားခဲ့သည်။

ဂျင်ကျောင်းမင် သတိလက်လွတ်ဖြစ်သွားပြီး လက်နက်ဆုံးရှုံလုနီးပါးပင်။

သူက တုန်လှုပ်မှုကော ဒေါသကော ခံစားလိုက်ရသည်။

တုန်လှုပ်တာက အားနည်းပုံရသည့်ဂျန်ဖန်းက ဤကဲ့သို့ကြီးမားသည့်ခွန်အားရှိနေခဲ့သည်။

ဒေါသက လူတိုင်းရှေ့မှာ သူ့ကိုယ်သူ အရူးလုပ်မိလုနီးပါးဖြစ်သွားခဲ့တာပင်။

သူ့ဒေါသကို ပုံချတော့မည့်အချိန်မှာပဲ ပုံရိပ်ပေါင်းများစွာ ကွပ်ကဲရေးစခန်းထဲမှ လျှောက်ထွက်လာခဲ့သည်။

ပထမဆုံးထွက်လာသူက ယဲ့ချန်းယွမ်ပင်။

သူ့နောက်၌ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမဝတ်စုံဝတ်ဆင်ထားသည့် သန်မာသည့်ကျင့်ကြံသူနှစ်ယောက် ကပ်လိုက်လာခဲ့သည်။

အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ယဲ့ချန်းယွမ်းနောက် ခြေတစ်လှမ်းဝက်အကွာမှာ အသီးသီးရပ်နေကြသည်။

ယဲ့ချန်းယွမ်ပေါ်လာသည်နှင့်တစ်ပြိုင်နှင့် နေရာတစ်ခုလုံး ရေခဲရေလောင်းထည့်လိုက်သည့် ရေနွေးပူကဲ့သို့ ချက်ချင်းပဲ ငြိမ်ကျသွားခဲ့သည်။

"လူတိုင်းကို မိတ်ဆက်ပေးမယ်..."

"ဒီနှစ်ယောက်က ခန်းမသခင်ကိုယ်စား ဒီနေရာကို ရောက်နေတာ။ လွန်ခဲ့တဲ့လရဲ့ အကျိုးပြုမှတ်တွေကို ကြေညာပြီး ဆုလဒ်လဲလှယ်မှုတွေကို ကိုင်တွယ်ဖို့ပဲ..."

"တာဝန်ခံ လျိုတုန်ချန် နဲ့ တာတန်ခံ လင်ယုဟန်ပဲ...."

ကွင်းပြင်ရှိတပည့်တွေ လျိုတုန်းချန်ကို စူးစမ်းသည့်မျက်လုံတွေဖြင့် ကြည့်နေကြသည်။

သူလက်ထဲ၌ တံဆိပ်ခတ်ထားသည့် အဝါရောင်တောက်တောက်စာလိပ်တစ်ခုကိုင်ထားခဲ့သည်။

သံသယရှိစရာမလိုပေ....

ဤအရာက အာလုံးမျှော်လင့်နေသည့် အကျိုးပြုမှတ်စာရင်းပင်ဖြစ်သည်။

လျိုတုန်ချန်း အပြုံးတစ်ခုနှင့် ရှေ့တက်လာခဲ့သည်။

"လွန်ခဲ့တဲ့လက တပည့်ပေါင်း လေးရာငါ့ဆယ့်တစ်ယောက် တာဝန်တွေလုပ်ဆောင်ခဲ့တယ်..."

"အချိန်အကန့်အသတ်အရ ဒီတာဝန်ခံက ထိပ်ဆုံးဆယ်ယောက်ရဲ့နာမည်တွေကိုပဲ ကြေညာပေးမယ်...."

"နာမည်မခေါ်တဲ့လူတွေကတော့ ကိုယ့်အဆင့်ကိုသိရဖို့ ကြော်ညာသင်ပုန်းမှာ သွားရောက်ကြည့်နိုင်တယ်...."

လန်ဖေးယန် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

အမှန်တရားကိုသိရမည့်အချိန်က နောက်ဆုံးမှာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဂိုဏ်း ၉ ဂိုဏ်းက အမြဲတမ်း အချင်းချင်း ပြိုင်ဆိုင်နေခဲ့ကြသည်။

သို့ပေမယ့် ထိပ်တန်းပါရမီရှင်တပည့်တွေ စုပေါင်းပြီး ဤကဲ့သို့တာဝန်တွေလုပ်ဆောင်တာမျိုးတော့ တစ်ခါမှမရှိခဲ့ဖူးပေ။

ဤစာရင်းက တပည့်တွေ၏ကိုယ်ပိုင်အဆင့်သတ်မှတ်ချက်ဖြစ်ပုံရသော်လည်း...

လက်တွေ့မှာတော့ ဂိုဏ်းတွေကြားက ပြိုင်ဆိုင်မှုတစ်ခုဖြစ်သည်။

စာရင်း၌ ထူးချွန်စွာစွမ်းဆောင်နိုင်ခဲ့သည့် မည်သည့်ဂိုဏ်း၏တပည့်မဆို ၎င်းတို့ဂိုဏ်းကို ကြီးမားသည့်ဂုဏ်သတင်းတွေယူဆောင်လာပေးမှာဖြစ်သည်။

ထို့ကြောင့်...

ဤအရာက ကိုယ်ပိုင်ထက် ဂိုဏ်းတွေကြားက ပြိုင်ဆိုင်မှုဟု ပြောရမည်ပင်။

ဧရာမဂိုဏ်း၊ မြင့်မြတ်ဂိုဏ်း၊ အသင်္ချေဓားဂိုဏ်းတို့က ထိပ်ဆုံးဂိုဏ်းသုံးဂိုဏ်းအဖြစ် အချိန်အတော်ကြာလူသိများခဲ့သည်။

၎င်းတို့တပည့်တွေသာ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့လျှင် အခြားဂိုဏ်း ၆ ဂိုဏ်း၏ ရယ်စရာဖြစ်လာဖို့ လွယ်ကူတာပဲဖြစ်သည်။

သို့ပေမယ့် သူ့၌ ယုံကြည်မှုရှိ၏။

ဂိုဏ်း ၉ ဂိုဏ်း၌ ရှချောင်ကောနှင့် ဂျင်ကျောင်းမင်မှလွဲ၍ သူ့ကိုကျော်နိုင်မည့်လူက ရှား၏။

တတိယနေရာက သေချာတာပဲဖြစ်သည်။

ရွစ်!

လျိုတုန်းချန် ချိပ်ပိတ်စည်းကိုဖွင့်လိုက်သည်။

ထိုအရာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမသခင်ကိုယ်တိုင် အဆင့်သတ်မှတ်ထားတာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မှ မမြင်ဖူးပေ။

ပထမဆုံးအကြိမ် လောကကြီးထဲကို ထွက်ပေါ်လာတာဖြစ်သည်။

လန်ဖေးယန်နှင့် ရှဲ့လျိုရှူးတို့လို ပါရမီရှင်တွေတောင် သဘာဝအတိုင်း တောင့်တင်းနေကြ၏။

ထိပ်တန်း ၁၀ ယောက်ထဲဝင်ဖို့ အခွင့်အရေးမရှိသည့်လူတွေအတွက်တော့ အများကြီးပို သက်တောင့်သက်သာရှိ၏။

သူတို့က ခေါင်းချင်းဆိုင်ပြီး စိတ်အားထန်သန်စွာ ခန့်မှန်းနေကြသည်။

"လာ, လာ, လာကြ လောင်းကြေးထပ်ရအောင်...."

"ထိပ်ဆုံးသုံးယောက်က ဂိုဏ်းကြီးသုံးဂိုဏ်းထဲကလို့ လောင်းတယ်။ ငါရှုံးရင် သလင်းကျောက်အားလုံးက မင်းဟာပဲ။ ငါနိုင်ခဲ့၇င် ငါ့ကို နည်းနည်းပဲပေးလေ, ဟဲ.. ဟဲ..."

"မင်းက ငါ့ကို ပရဟိတလုပ်နေတယ်ထင်နေတာလား။ ထိပ်ဆုံးသုံးယောက်ကို ခန့်မှန်းဖို့ လိုလို့လား။ ဂိုဏ်းကြီးသုံးဂိုဏ်းအပြင် ဘယ်သူက ယူနိုင်မှာလဲ..."

"ကျန် ၇ နေရာကိုပဲ ခန့်မှန်းရအောင်...."

ထိပ်ဆုံးသုံးယောက်ကို မည်သူမှ မငြင်းကြပေ။

ကျန်နေရာတွေအပေါ်မှာသာ စိတ်ဝင်စားကြပြီး ကျန် ၆ ဂိုဏ်း ဘယ်နှစ်နေရာလောက်ရမလဲဆိုတာပင်။

ရှချောင်ကော တည်ငြိမ်တိတ်ဆိတ်နေကာ ရံဖန်ရံကာ စာရင်းနှင့် တစ်ခါတစ်ရံ ဂျန်ဖန်းကို ကြည့်နေခဲ့သည်။

သူမကြည့်ရတာ အဆင့်ကို စိတ်မဝင်စားပုံပင်။

ဂျင်ကျောင်းမင် လက်ပိုက်ရပ်နေပြီး လွန်စွာယုံကြည်မှုရှိနေခဲ့သည်။

ဒုတိယနေရာက သူ့အတွက် သေချာနေခဲ့သည်။

ဘယ်သူမှမယှဥ်နိုင်ပေ။

သူလည်း ရံဖန်ရံခါ ဂျန်ဖန်းခြေလက်တွေကိုကြည့်နေပြီး ဘယ်ကစဖြတ်ရမလဲဆိုတာ တွေးနေခဲ့သည်။

စာလိပ်ကိုဖြည်လိုက်ပြီး....

လျိုတုန်းချန်အကြည့် ဆယ်ယောက်မြောက်နာမည်အပေါ်ကြည့်ပြီး ကြေညာလိုက်သည်။

"အဆင့် ၁၀, ဟွာရှန်းချန်၊ အဆင့် ၁ အံဖွယ်တာဝန် ၃ ခုအောင်မြင်ခဲ့ပြီး ၁ ခုကျရှုံး။ အကျိုးပြုမှတ် ၃၀၀..."

အဆင့်ကို ကြားသည့်အခါ...

တပည့်များစွာ မျက်မှောင်ကြုတ်သွား၏။

သူတို့က ဤအဆင့်ကို ယုံကြည်ဖို့ ခက်ခဲနေခဲ့သည်။

"ဒါမဖြစ်သင့်ဘူး။ ဟွာရှန်ချန်အဆင့်က နိမ့်လွန်းနေတယ်...."

"အဆင့် ၁၀ တဲ့..."

"သူက အဆင့် ၁ တာဝန် ၃ ခုအောင်မြင်တာ အနည်းဆုံး အဆင့် ၆ လောက်ရသင့်တယ်..."

ဟွာရှန်းချန်လည်း အကြီးအကျယ်အံ့အားသင့်နေခဲ့သည်။

နေဝင်မြို့၌ ပါရမီရှင်ဘယ်လောက်ရှိတယ် တာဝန်တွေဘယ်လောက်ပြီးမြောက်ထားတယ်ဆိုတာ လျို့ဝှက်ချက်မဟုတ်ပေ။

သူ၏စွမ်းဆောင်မှုက ထိပ်ဆုံးအနည်းငယ်ထဲမှာပါသင့်၏။

ဘယ်လိုလုပ် ထိပ်ဆုံး ၁၀ ယောက်အပြင်ရောက်လုနီးပါးဖြစ်သွားရသနည်း။

ကြီးမားသည့် ကွာဟချက်က သူ့ကို တစ်ခဏ လက်မခံနိုင်ဖြစ်သွားစေ၏။

လျိုတုန်းချန် ဆက်လက်ကြေညာလိုက်သည်။

"အဆင့် ၉, လျိုချင်းရှန် အဆင့် ၁ အံဖွယ်အဆင့် တာဝန် ၃ ခုအောင်မြင်ခဲ့ပြီး အဆင့် ၁ မြေကမ္ဘာအဆင့် တာဝန် ၁ ခု ကျရှုံး။ အကျိုးပြုမှတ် ၃၀၀..."

ဤအရာက လှုပ်ရှားမှုကြီးကြီးမားမားဖြစ်မသွားစေခဲ့ပေ။

နေဝင်မြို့ရောက်ကတည်းက လျိုချင်းရှန်၏အားထုတ်မှုကို လူတိုင်းမြင်ပြီးသားဖြစ်သည်။

သူမအဆင့်က ဟွာရှန်းချန်အထက်မှာ ရှိနိုင်၏။

သူမကျရှုံးခဲ့သည့်တာဝန်ဖြစ်သည့် တိုင်ဟူရေကန်စူးစမ်းခြင်းက မြေကမ္ဘာအဆင့်တာဝန်ဖြစ်သည်။

ထို့ကြောင့် အကျိုးပြုမှတ်ချင်းတူတာတောင် သူမအဆင့်က ဟွာရှန်းချန်အထက်မှာရှိနေရခြင်းဖြစ်သည်။

"လျိုချင်းရှန်အဆင့်က သူမအားထုတ်မှုနဲ့ ထိုက်တန်တယ်..."

"တကယ်ပဲ ဘာမှပြောစရာမရှိဘူး။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ဝင်ရောက်ကာစအသစ်တစ်ယောက်က ဟွာရှန်းချန်လို မျိုးဆက်ဟောင်းတစ်ယောက်ကို ကျော်တက်ရတာ လုံးဝမလွယ်ဘူး..."

လျိုချင်းရှန်မျက်လုံးတွေ နီရဲနေခဲ့သည်။

တစ်လကြာခက်ခက်ခဲခဲကြိုးစားခဲ့တာ နောက်ဆုံးတော့ အရာထင်လာခဲ့ပြီဖြစ်သည်။

သူမက တိမ်စိမ်းဂိုဏ်းအတွက် တစ်နေရာရယူပေးနိုင်ခဲ့၏။

ကံမကောင်းစွာပဲ အဆင့်က အရမ်းကြီးမြင့်မနေခဲ့ပေ။

ဂျန်ဖန်း ပြုံးလိုက်၏။

"ဂုဏ်ယူပါတယ် စီနီယာအမ, တိမ်စိမ်းဂိုဏ်းက အမကို ဂုဏ်ယူနေမှာပါ..."

လျိုချင်းရှန် မျက်ရည်ဝဲနေသည့်မျက်လုံးတွေဖြင့် ပျော်ရွင်စွာခေါင်းညိတ်လိုက်သည်။

ဂျင်ကျောင်းမင် လှောင်ပြောင်လိုက်၏။

"အဆင့် ၉ ရတာကို ဒီလောက်ပျော်နေတယ်..."

"ငါ့ဂျူနီယာညီဆို ဒီထက်ပိုမြင့်မှာ..."

သူ့စကားဆုံးသည်နှင့်...

လျိုတုန်းချန် ကြေညာလိုက်သည်။

"အဆင့် ၈, ရွယ်ဝမ်ချောင်၊ အဆင့် ၁ အံဖွယ်အဆင့် တာဝန် ၃ ခုနဲ့ အဆင့် ၂ တာဝန်တစ်ခု အောင်မြင်...."

ဂျင်ကျောင်းမင်မျက်လုံးတွေ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွား၏။

"အဆင့် ၈?..."

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

All Chapters