← Chapters

ငါ့ကိုခေါင်းပေး

Vol. 34 Ch. 433

ငါ့ကိုခေါင်းပေး

Vol. 34 Ch. 433

အစောပိုင်း မမျှတမှုအတွက် စောတကတက်နေပြီး နေဝင်မြို့မှထွက်သွားမည်ဟု ခြိမ်းခြောက်နေသည့် တပည့်တွေ ရေအေးနှင့်လောင်းချခံရသလို ခံစားလိုက်ရ၏။

တစ်ယောက်ချင်းဆီက ရှက်ရွံ့သည့်အမူအရာတွေပြသလာပြီး တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။

စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

ဂျန်ဖန်း သူတို့ကို အေးစက်စွာ ကြည့်လိုက်သည်။

"စောနေက ခေါင်းဖြတ်ပြီး ဘောလုံးအဖြစ်ပေးမယ်ဆိုတဲ့ကောင် ဘယ်မှာလဲ...."

"ရှေ့ထွက်ပြီး မင်းကတိကိုဖြည့်ဆည်းပေး...."

လူအုပ်၏အကြည့်တွေအောက်၌..

ခိုးကြောင်ခိုးဝှက် အဝေးထွက်သွားဖို့ ကြိုးစားနေသည့် စစ်မှန်မိုးကြိုးဂိုဏ်းမှ တပည့်တစ်ယောက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှက်ကိုးရှက်ကန်းပြောလိုက်သည်။

"ဂျူ... ဂျူနီယာညီလေးဂျန်, ငါတို့က မင်းနဲ့ စနောက်နေရုံပါ..."

ဟမ့်....

ဂျန်ဖန်း အလျှင်အမြန်ပဲ ခုန်ထွက်သွား၏။

ထို့နောက် ခြေထောက်ကိုမြောက်ကာ တပည့်အား မြေပြင်ပေါ်ကန်ချလိုက်၏။

"ဟာသ, ဟုတ်လား?..."

"စောနက မင်းအကြည့်တွေက ငါ့ကို စိတ်ဓာတ်ကျအောင်လုပ်ဖို့ မစောင့်နိုင်တော့တဲ့ပုံပါ...."

"အခု ဟာသတစ်ခုလို့ ပြောနေတာလား..."

ဤအရာပြောပြီးနောက်....

သူက တပည့်၏ရင်ဘတ်ပေါ် နင်းချလိုက်သည်။

ကရက်...

တိုက်ရိုက်ပဲ နံရိုးတွေကျိုးကြေသွားပြီး အစွမ်းထက်ခွန်အားက များစွာသောအတွင်းဒဏ်ရာတွေကို ရသွားစေခဲ့သည်။

တပည့် ပါးစပ်ပြည့်သွေးတစ်လုတ်အန်လိုက်ရပြီး အော်ဟစ်နေခဲ့သည်။

ထို့နောက်...

ဂျန်ဖန်း ကျန်ရှိသူတွေကိုအေးစက်စွာတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"ဘယ်သူ ငါ့ကို မေးခွန်းထုတ်ချင်သေးလဲ...."

"ရှေ့ထွက်ခဲ့...."

နေရာက လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။

အစောပိုင်းတုန်း၌ မည်သည့်သက်သေမှမရှိပဲ ရှုတ်ချပြောဆိုနေခဲ့ကြသည်။

ဂျန်ဖန်း၏ခိုင်မာသည့်အောင်မြင်မှုတွေကြောင့်သာမဟုတ်လျှင် သူတစ်ဘဝလုံးဂုဏ်သတင်းက ပျက်ဆီးသွားတော့မည်ဖြစ်သည်။

တစ်ယောက်မှအသံမထွက်တာမြင်တော့....

ဂျန်ဖန်း နောက်ပစ်ထားသည့်လက်ကိုဆုတ်ကာ ဂျင်ကျောင်းမင်ဆီလျှောက်သွားပြီး အေးစက်စွာပြောလိုက်သည်။

"စောနက မကျေနပ်ဆုံးက မင်းမလား..."

"အခု ကျေနပ်ပြီလား...."

ဂျင်ကျောင်းမင်ခန္ဓာတစ်လျှောက် သွေးကြောတွေထောင်ထလာပြီး မျက်နှာက ဒေါသတွေနှင့် ပြည့်နှက်နေခဲ့သည်။

ဂိုဏ်း ၉ ဂိုဏ်းပါရမီရှင်တွေရှေ့၌ ယခုလိုမေးခံရတာဟာ စော်ကားမှုပဲဖြစ်သည်။

သူ ဂျင်ကျောင်းမင်ကို စော်ကားလိုက်တာဖြစ်သည်။

"မင်း မမောက်မာနဲ့..."

ဂျင်ကျောင်းမင် ယဲ့ချန်းယွမ်နှင့် တာဝန်ခံနှစ်ယောက်ကိုကြည့်ပြီး မလှုပ်ရှားဖို့ ကိုယ့်ကိုယ့်ကို အားတင်းလိုက်သည်။

ဂျန်ဖန်း တင်းမာစွာပြောလိုက်သည်။

"မောက်မာနေတာမင်း...."

"မင်းကို ကောင်းကင်ပုဆိန်ဘယ်သူက ကိုင်ခိုင်းထားလို့လဲ..."

"လက်လွဲပေး..."

ဂျင်ကျောင်းမင် ကြောင်သွား၏။

ထို့နောက် ရုတ်တရက် သူ ဂျန်ဖန်းအား အဆင့်ပြိုင်ဖို့ ဖိအားပေးခဲ့တာကို မှတ်မိသွား၏။

ဂျန်ဖန်းရှုံးလျှင် ခြေထောက်နှင့် လျှာတွေကို ဖြတ်မည်ဖြစ်သည်။

သူရှုံးခဲ့လျှင် ကောင်းကင်ပုဆိန်ကို လက်လွဲပေးရမည်ဟူ၍ပင်။

သို့ပေမယ့် ဂျင်ကျောင်းမင် အရှုံးကို ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူမရှုံးဘူးဟု ယုံကြည်သောကြောင့်ဖြစ်သည်။

သို့ပေမယ့်....

လက်တွေ့ကတော့ ခါးသီးလှ၏။

သူရှုံးသွားရုံသာမက လုံးဝကိုရှုံးသွားပြီး ငြင်းခုံလို့ကိုမရတော့ပေ။

အဆင့် ၁ နှင့် အဆင့် ၆....

အကျိုးပြုမှတ် ၈၀၀နှင့် ၅၀၀...

သူ၏ခုခံမှုအားလုံးက အချည်းနှီးပင်။

"ဂျန်ဖန်း, အရမ်းအဝေးကြီးမသွားနဲ့။ ကိုယ့်အတွက်ကို ပြန်ဆုတ်စရာလမ်းချန်ထားအုန်း...."

ဂျင်ကျောင်းမင် ကောင်းကင်ပုဆိန်ကို ဘယ်လိုလုပ် အရှုံးဆုံးခံနိုင်မည်နည်း။

ဤအရာက သူ့အတွက်သီးသန့်လုပ်ပေးထားသည့် မှော်ရတနာဖြစ်ပြီး သူ၏တိုက်ခိုက်စွမ်းရည်ကို ၃၀ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်၏။

ထိုအရာကိုသာရှုံးဆုံးသွားလျှင် နောက်တာဝန်တွေထမ်းဆောင်ရာ၌ အောင်မြင်မှုတွေ သိသိသာသာ လျော့နည်းသွားတော့မည်ဖြစ်သည်။

ဂျန်ဖန်း ဟိတ်ဟန်ပါသည့်အော်ရာတစ်ခုနှင့် ရှေ့တက်လာခဲ့သည်။

"မင်း ငါ့ခြေလက်တွေကို ဖြတ်ချင်တုန်းက ပြန်ဆုတ်ဖို့လမ်းချန်ခဲ့လို့လား...."

"မင်း အရှုံးကို လက်မခံနိုင်ရင်လည်း အရှက်မရှိပြိုင်မနေနဲ့လေ...."

"စိတ်ပျက်စရာပဲ..."

ဂျင်ကျောင်းမင် ဒေါသထွက်သွား၏။

"ဂျန်ဖန်း...."

လူများစွာရှေ့၌ သူ့ကိုစော်ကားခြင်း...

သို့ပေမယ့် သူ၏အရှုံးကိုလက်မခံနိုင်သည့် သဘောထားက လူအများ၏အထင်သေးသည့်အကြည့်တွေကို ဖြစ်သွားစေခဲ့သည်။

အထူးသဖြင့် ဤအချိန်၌ရှိနေသည့် တပည့်တွေဆီမှပင်။

"ဧရာမဂိုဏ်းရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းတွေပါကွာ...."

"သူတို့မင်းကို ကိုင်တွယ်နိုင်တယ်ထင်ရင် သေတဲ့အထိအနိုင်ကျင့်လိမ့်မယ်...."

"မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ မျက်နှာတွေပြောင်းသွားပြီး လှည့်စားတော့တာပဲ..."

"တပည့်ကြီးတောင် ဒီလိုဆိုတော့ တကယ်ကို မျက်စိပွင့်နားပွင့်ဖြစ်သွားပြီ..."

"မင်းအရှုံးကိုလက်မခံနိုင်ရင် အရင်က ဘာလို့ ကြီးကြီးကျယ်ကျယ်တွေပြောခဲ့သေးလဲ။ လက်တွေဖြတ်မယ်လိမ့် ဘာလိမ့်နဲ့..."

....

ဂျင်ကျောင်းမင် ဘယ်လိုလုပ် ဤကဲ့သို့ စော်ကားမှုမျိုးကို တောင့်ခံနိုင်မည်နည်း။

သူသာ ကတိမတည်လျှင် သူ့ဂုဏ်သတင်းက ပျက်စီးသွားတော့မည်ဖြစ်သည်။

သူက ဂျန်ဖန်းကို ဒေါသတကြီးကြည့်ပြီး နှာမှုတ်လိုက်သည်။

"ငါမပေးဘူးလို့ ဘယ်သူပြောလဲ..."

"မင်းယူနိုင်ရင် ယူလိုက်..."

ဘန်း...

သူက ကောင်းကင်ပုဆိန်ကို မြေပြင်ပေါ်အားနှင့်ထိုးစိုက်လိုက်ရာ

တစ်ဇန်လောက်ရှည့်သည့်ပုဆိန်က လက်ကိုင်နေရာသာ မြေပြင်ပေါ်မှာကျန်တော့၏။

တပည့်များစွာ မျက်လုံးလှန်လိုက်၏။

"ခုချိန်ထိ အရှုံးကို လက်မခံနိုင်သေးဘူး...."

"ပေးမယ်ဆိုလည်း တိုက်ရိုက်ပေးလိုက်လေ။ ဘာလို့ ရည်ရွယ်ချက်ရှိရှိခက်ခဲအောင်လုပ်ပြီး တစ်ဖက်လူကို အရှက်ခွဲနေတာလဲ..."

"ပုဆိန်ရဲ့ အလေးချိန် တစ်ထောင်ဂျင်လောက်ရှိတယ်။ ခန္ဓာသန့်စင်ထားတဲ့လူမဟုတ်ရင် မဖို့က မဖြစ်နိုင်ဘူး။ မြေကြီးထဲစိုက်ထားရင်တော့ ပြောကိုမနေနဲ့တော့...."

"ဂျန်ဖန်း မယူရင်မယူဖို့ပဲရှိတယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကို အရှက်ခွဲသလိုဖြစ်နေမှာ..."

ဂျန်ဖန်း ရယ်လိုက်၏။

လက်တစ်ဖက်ကိုနောက်ပစ်ထားပြီး ကျန်တစ်ဖက်ကိုဆန့်ထုတ်ကာ လက်ကိုင်ရိုးကို အသာအယာဆုပ်ကိုင်လိုက်၏။

ထို့နောက် သာမန်အတိုင်းပဲ ဆွဲထုတ်လိုက်သည်။

ရွစ်...

ကောင်းကင်ပုဆိန် ချက်ချင်းပဲ ကြွတက်လာခဲ့သည်။

ဂျန်ဖန်း ပုဆိန်ကို လက်တစ်ဖက်နှင့်အသာအယာနှုတ်ပြနေတာမြင်တော့ တကယ်ပဲ ဂျင်တစ်ထောင်လေးရဲ့လားဆိုတာ သံသယဝင်လာကြ၏။

သူတို့မသိတာက ဂျန်ဖန်း ခရမ်းဓားကိုကိုင်ဆောင်နေကြဖြစ်ရာ ကောင်းကင်ပုဆိန်က သာမန်ဓားတွေထက် သိသိသာသာပိုလေးမှန်းသိလိုက်၏။

ခဏကြာတော့....

ဂျန်ဖန်း ပုဆိန်ကို ပုခုံးပေါ်တင်ပြီး ပြောလိုက်သည်။

"ခုကစပြီး ဒီကောင်းကင်ပုဆိန်က ငါ့ဟာပဲ..."

ဂျင်ကျောင်းမင်မျက်ခွံတွေ အပြင်းအထန်ကျုံ့ဝင်သွား၏။

သူတောင် ကောင်းကင်ပုဆိန်ကို ဂျန်ဖန်းလောက် အလွယ်တကူမကိုင်ဆောင်နိုင်ပေ။

ထို့ပြင်....

ပုဆိန်ကမြေကြီးထဲစိုက်ဝင်နေတာဖြစ်၍ ဆွဲထုတ်ဖို့ အားစိုက်ထုတ်ဖို့လိုတာပဲဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်း....

နောက်ဆုံး၌ သူနားလည်လိုက်၏။ ဂျန်ဖန်းက ခန္ဓာသန့်စင်သူတစ်ယောက်ပင်။

နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားသည့် ခန္ဓာသန့်စင်သူတစ်ယောက်...

သူက အကြီးအကျယ်ဆုံးရှုံးသွားပြီပင်။

"ဂျန်ဖန်း... ငါတို့ကြားကကိစ္စမပြီးသေးဘူး..."

ဂျင်ကျောင်းမင်မျက်နှာ အရှက်တရားတွေနှင့် ပြည့်နှက်နေခဲ့သည်။

ဂုဏ်သိက္ခာရှိတပည့်ကြီးက သူ့လက်နက်ကို ရှုံးနိမ့်သွားခဲ့သည်။

ဤအရာက ဤနှစ်အတွင်း ဂိုဏ်း ၉ ဂိုဏ်း၌ အကြီးမားဆုံး ဟာသကြီးပင်။

ဂျန်ဖန်း သူ့ကိုခေါင်းလှည့်ကြည့်ပြီး ပြောလိုက်သည်။

"အနာဂတ်မင်းမှာ ပစ္စည်းကောင်းတွေရှိခဲ့ရင် အဲ့တာတွေယူပြီး ငါနဲ့လာပြိုင်လို့ရတယ်နော်...."

"ငါ ငြင်းမှာမဟုတ်ဘူး..."

ဂျိ...

ဂျင်ကျောင်းမင် ဒေါသထွက်လွန်း၍ အဆုပ်ပေါက်ကွဲတော့မလိုပင်။

ရုတ်တရက်...

သူက လျိုချင်းရှန် ဂျန်ဖန်းကို ပျော်ရွင်စွာဖြင့် ချီးကျူးနေတာမြင်ပြီး လှောင်ပြောင်လိုက်သည်။

"နတ်သမီးလျို, ငါအခု စိတ်အခြေအနေမကောင်းဘူး။ မင်းနဲ့ပြိင်ချင်တယ်..."

ယှဥ်ပြိုင်မယ်?....

ထိုအရာက ဂျန်ဖန်းနှင့်ရင်းနှီးသည့်လူအပေါ် လက်စားချေချင်နေတာဖြစ်သည်။

ဂျန်ဖန်း မျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး ပြောလိုက်သည်။

"ယှဥ်ပြိုင်မယ်? ငါနဲ့ဘာလို့စမ်းမကြည့်တာလဲ...."

ဧရာမဂိုဏ်းက အရင်ကလည်း လျိုချင်းရှန်ကို ဤကဲ့သို့ အနိုင်ကျင့်ဖူး၏။

သူမကိုယ်ပေါ်ရှိ တန်ဖိုးရှိတစ်စုံတစ်ခုကိုမြင်သည့်အခါ ယှဥ်ပြိုင်မှုကိုအကြောင်းပြပြီး သူမကိုဒဏ်ရာရအောင်လုပ် လုယက်ခဲ့သည်။

လျိုချင်းရှန် ပြောလိုက်သည်။

"ဂျူနီယာမောင်လေး, ဒါကို ငါ့ဘာသာ ကိုင်တွယ်နိုင်ပါတယ်...."

"မကျေနပ်ချက်အချို့ကို ကိုယ်တိုင်ဖြေရှင်းတာ အကောင်းဆုံးပဲ...."

ဂျင်ကျောင်းမင် ရယ်လိုက်၏။

"အို? မင်းက တိုးတက်မှုအချို့ရှိလာတယ်ထင်တယ်။ ငါ့ကိုတောင် စိန်ခေါ်ရဲနေပြီ...."

"ကောင်းပြီလေ, မင်းဘယ်လောက်တိုးတက်လာလဲ ကြည့်ရတာပေါ့..."

ပြောပြီးနောက် တိုက်ရိုက်ပဲ စွမ်းအင်ကိုလှုံ့ဆော်ကာ လျိုချင်းရှန်ကို တိုက်ခိုက်လိုက်၏။

လျိုချင်းရှန် သူမဓားကိုဆွဲထုတ်ပြီး အံကြိတ်ကာ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်၏။

ပထမဆုံးဖလှယ်မှုမှာတင် ဂျင်ကျောင်းမင် တုန်လှုပ်သွား၏။

"မင်းက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို ချိုးဖျက်သွားပြီပဲ...."

"ဒီလောက်မြန်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

လျိုချင်းရှန် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်ထားတာ မကြာသေးပေ။

နောက်တစ်ဆင့်ကိုချိုးဖျက်ဖို့က အနည်းဆုံး နှစ်ဝက်လောက်ကြာသင့်၏။

"ဒါပေါ့, ဖန်း ငါ့ကို ကူညီခဲ့တာလေ...."

လျိုချင်းရှန် ယုံကြည်မှုအပြည့်ဖြင့် ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်၏။

အတိတ်က သူမ အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ မှာရှိ၍ အဆင့် ၃ ဂျင်ကျောင်းမင် ပြိုင်ဘက်မဟုတ်ခဲ့ပေ။

ယခုတော့ မတူတော့ပေ။ သူမ၏လှုပ်ရှားမှုတိုင်းက ဂျင်ကျောင်းမင်ကို ခြိမ်းခြောက်နိုင်၏။

ထို့ပြင် ဂျင်ကျောင်းမင်က ကောင်းကင်ပုဆိန်ကို ရှုံးဆုံးထားသေး၏။

ထို့ကြောင့် သူ၏တိုက်ခိုက်ရေးစွမ်းရည်က ယခင်ကလောက် မသန်မာတော့ပေ။

တုန်လှုပ်မှု၊ဒေါသတို့နှင့် ဂျင်ကျောင်းမင် အကွက် ၂၀ ပြီးနောက်တောင် လျိုချင်းရှန်ကို ဒဏ်ရာရအောင်မလုပ်နိုင်သေးပေ။

"ကောင်းပြီ, ဒါက လုံလောက်ပြီ..."

"အခြားတပည့်တွေ အကျိုးပြုမှတ်နဲ့အရင်းအမြစ်တွေလှဲလှယ်မှာ မနှောက်ယှက်နဲ့...."

ယဲ့ချန်းယွမ် တိုက်ပွဲကို ရပ်တန့်လိုက်၏။

လျိုချင်းရှန် လှပစွာပြန်ဆုတ်လာပြီး သူမမျက်နှာပေါ်၌ တောက်ပသည့်အပြုံးတစ်ခုရှိနေခဲ့သည်။

သူမ ဂျင်ကျောင်းမင်နှင့် ဤလောက်ကြာအောင် တိုက်ခိုက်နိုင်တာကို မယုံနိုင်ဖြစ်နေခဲ့သည်။

သူမက တစ်ဖက်လှည့်ပြီး ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်...."

ဂျန်ဖန်းပြန်ပြောလိုက်၏။

"ငါတို့ကြားမှာ ကျေးဇူးတင်ဖို့မလိုပါဘူး...."

"မင်းရဲ့အရင်းအမြစ်တွေ မြန်မြန်သွားလှဲချည်..."

သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေအပြည့်ပင်။

နောက်ဆုံး၌ ဤအချိန်ကိုရောက်ရှိလာပြီဖြစ်ရာ သိုလှောင်ရေးပစ္စည်းနှင့် လှဲလှယ်နိုင်မလားသိချင်နေခဲ့သည်။

ထို့ပြင် လေဟာနယ်ကြာပန်းကောပင်။

All Chapters