← Chapters

ကောင်းကင်မိုးကြိုးကျောက်တုံး၏အတွင်းနေရာလွတ်

Vol. 34 Ch. 436

ကောင်းကင်မိုးကြိုးကျောက်တုံး၏အတွင်းနေရာလွတ်

Vol. 34 Ch. 436

လင်းယုဟန် တစ်ခဏအံ့အားသင့်သွားပြီး မချိပြုံးပြုံးကာ ပြောလိုက်သည်။

"မင်းက ဘာတွေ ဒီလောက်အံ့အားသင့်နေတာလဲ..."

သူမက ချိုင့်ခွက်တွေနှင့်ကျရှုံးထားသည့်ကောင်းကင်မိုးကြိုးကျောက်တုံးကိုကောက်ယူပြီး ပြောလိုက်သည်။

"ဒါက ကျရှုံးထားတဲ့ဟာတစ်ခုပါပဲ..."

"မင်းက သိုလှောင်ရတနာဖြစ်ဖို့ မျှော်လင့်နေတာလား..."

ဂျန်ဖန်း အလျှင်အမြန်ပဲ သူ၏အံ့အားသင့်မှုကိုဖုံးကွယ်ပြီး ပြောလိုက်သည်။

"သိုလှောင်ရတနာတစ်ခုကို ဒီနည်းနဲ့လုပ်ရလို့ ကျွန်တော်က အံ့အားသင့်သွားရုံပါ..."

လင်းယုဟန် ပြန်ပြောလိုက်သည်။

"သိုလှောင်ရတနာတွေကို ယေဘူယျအားဖြင့် ၂ မျိုးခွဲထားတယ်...."

"တစ်ခုက ငါတို့လူသားကလန်ရဲ့ လက်နက်သန့်စင်ဆရာတွေသွန်းလုပ်တဲ့ဟာ။ သူတို့က လေဟာနယ်စွမ်းအားကို လက်နက်သန့်စင်တဲ့နည်းနဲ့ပေါင်းစပ်လိုက်တော့ မင်းသိတဲ့သိုလှောင်ရတနာဆိုတာ ဖြစ်လာတာ..."

"ကောင်းကျိုးကတော့ လေဟာနယ်နေရာလွတ်က အလွန်တည်ငြိမ်တာပဲ။ ပြင်းထန်တဲ့တိုက်ခိုက်မှု ဒါမှမဟုတ် အချိန်ရဲ့တိုက်စားမှုကြောင့်သာမဟုတ်ရင် အတွင်းပိုင်းနေရာလွတ်က ထာဝရတည်ရှိနေလိမ့်မယ်..."

"ဆိုးကျိုးကတော့ အတွင်းပိုင်းနေရာလွတ်က သိပ်မကျယ်တာပဲ။ ဒီကွပ်ကဲရေးဠာနလောက်ကျယ်တဲ့ နေရာလွတ်တစ်ခုဆို ထိပ်တန်းအဆင့်သိုလှောင်ရေးရတနာလို့ ယူဆလို့ရတယ်...."

"ငါ့ရဲ့သိုလှောင်လက်ကောက်က ခန်းမမှာရှိတဲ့ သိုလှောင်ရတနာသုံးခုထဲမှာ အကြီးဆုံးပဲ။ အလျား၊အနံ၊ အမြင့် အကုန်လုံးက လေးဇန်လောက်ရှိပြီး အိမ်ငယ်လေးတစ်လုံးစာလောက်ပဲ အရွယ်အစားရှိတယ်..."

"ဒါကိုပဲ အလယ်အလတ်အဆင့် သိုလှောင်ရတနာလို့ သတ်မှတ်နိုင်တယ်..."

ဂျန်ဖန်း အာခေါင်ခြောက်သွား၏။

"ဒီတာ့ နောက်တစ်မျိုးက ကောင်းကင်မိုးကြိုးကျောက်တုံးလို သဘာဝသိုလှောင်ရတနာတွေပေါ့..."

လင်းယုဟန် ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်မိုးကြိုးတွေ သာမန်မဟုတ်တဲ့ပစ္စည်းတွေကိုပစ်ချတဲ့အခါမှာ အတွင်းပိုင်းကိုလည်း တစ်ခါတည်းခွဲကြေပစ်လိုက်တယ်။ အဲ့စွမ်းအားကကြီးလွန်းတာကြောင့် အတွင်းပိုင်းလေဟာနယ်ကိုပုံပျက်သွားစေပြီး နေရာလွတ်တစ်ခုဖြစ်လာတာ..."

"ဒါကြောင့် အဲ့တာကို သဘာဝသိုလှောင်ရတနာလို့ခေါ်တာ...."

"ကောင်ကျိုးကတော့ နေရာလွတ်ကအရမ်းကျယ်တာပဲ။ အဆုံးမှာတော့ မိုးကြိုးတစ်ချက်တိုင်းက ဇန်ရာနဲ့ချီရှည်တာဆိုတော့ ဖြည်တည်လာတဲ့နေရာလွတ်ကလည်း သဘာဝအတိုင်း အရမ်းကြီးတယ်..."

"သမိုင်းမှတ်တမ်းတွေအရ, အသေးဆုံးကောင်းကင်မိုးကြိုးကျောက်တုံးတောင် အတွင်းပိုင်းနေရာလွတ်က နန်းတော်တစ်ခုစာလောက်ရှိတယ်တဲ့။ ငါ့လက်ကောက်ထက် ၁၀ ဆလောက်ပိုကျယ်တယ်လေ...."

"သိသာတဲ့ဆိုးကျိုးကတော့ မတည်ငြိမ်တာပဲ။ ဘာလို့လဲဆို မိုးကြိုးနဲ့လျှပ်စီးစွမ်းအား ထွင်းထုလိုက်တဲ့လေဟာနယ်က လုံးဝကို ပုံစံမကျလို့ပဲ...."

"နေရာလွတ်ရဲ့အစိတ်အပိုင်းအချို့မှာ ကောင်းကင်မိုးကြိုးကျောက်တုံးနံရံတွေ အရမ်းပါးလွှာနေတတ်ပြီး အလွတ်တကူပေါက်ထွက်သွားနိုင်တယ်..."

"တကယ်လို့ အဲ့လိုသာဖြစ်ခဲ့ရင် နေရာလွတ်ပြိုကျပြီး အထဲကပစ္စည်းအားလုံးပျက်စီးပြီး အနီးနားကလူတွေကိုလည်း ထိခိုက်စေနိုင်တယ်..."

ဤအရာကိုကြားသည့်အခါ....

ဂျန်ဖန်း စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေပြီဖြစ်သည်။

သူက ကောင်းကင်မိုးကြိုးကျောက်တုံးကို လေ့လာဖို့ စိတ်အားထက်သန်နေခဲ့သည်။

သို့ပေမယ့် တစ်ခဏတွေးပြီးနောက် မေးလိုက်သည်။

"ဒါဆို သိုလှောင်ရတနာတစ်ခုကို ဘယ်လိုဖွင့်ရမှာလဲ...."

လင်းယုဟိုင် အချိန်ကိုကြည့်လိုက်ရာ အချိန်အတော်များများကုန်သွားပြီဆိုတာ သိလိုက်၏။

နောက်၌တန်းစီနေသည့်တပည့်တွေလည်း မကျေမနပ်ဖြစ်နေလောက်ပြီပင်။

သို့ပေမယ့် ဂျန်ဖန်း၏သိချင်စိတ်ပြင်းပြမှုကိုမြင်သည့်အခါ စိတ်ရှည်စွာပဲ ခဏထပ်ရှင်းပြလိုက်၏။

"လူလုပ်သိုလှောင်ရတနာဆိုရင် လက်နက်သွန်းလုပ်သူရဲ့ ဂါထာရှိလိမ့်မယ်..."

"ဂါထာမရှိရင် ဘယ်သူမှဖွင့်နိုင်မှာ မဟုတ်ဘူး..."

"သဘာဝသိုလှောင်ရတနာဆိုရင်တော့ ပိုလို့တောင်ဒုက္ခများသွားပြီ။ အဲ့တာကိုဖွင့်ဖို့ အားကောင်းတဲ့ဝိညာဥ်စွမ်းအားလိုအပ်မယ်ထင်တယ်...."

ဂျန်ဖန်း နောက်ထပ်မေးခွန်းတွေမေးရာမှကာကွယ်ဖို့ သူမက အလျှင်အမြန်ပဲပြောလိုက်သည်။

"ကောင်းပြီ, မင်းမှာမေးစရာတွေရှိသေးရင် နောက်မှငါ့ကိုလာရှာလည့်...."

"ငါ သေချာရှင်းပြပေးမယ်..."

"အခုတော့ မင်းရဲ့အကျိုးပြုမှတ်တွေနဲ့ အရင်းအမြစ်ပဲ အရင်လှဲသင့်တယ်...."

ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။

"ကျွန်တော်အခုတော့ ဘာမှမလိုသေးဘူး...."

"နောက်တစ်ကြိမ်အတွက် စုထားလိုက်မယ်..."

လင်းယုဟန် ခေါင်းညိတ်လိုက်၏။

"ဒါလည်းရတာပဲ..."

သူမအကြည့်ရွေ့သွားပြီး ရုတ်တရက်အသံနှိမ့်ကာ ပြောလိုက်သည်။

"ဒီလမှာ အကျိုးပြုမှတ်များများရအောင်လုပ်...."

"နောက်တစ်ကြိမ်အရင်းအမြစ်ခွဲဝေတဲ့အခါ သန္ဓေသားကျောက်စိမ်းအဆောင် သုံးခုပါလာလိမ့်မယ်...."

"တစ်ခုချင်းဆီက အကျိုးပြုမှတ် တစ်ထောင်လောက်ပဲကျမှာ...."

သူမ မနာလိုဖြစ်နေခဲ့သည်။

ထိုကျောက်စိမ်းအဆောင်တွေက လက်ထောက်ခန်းမသခင်တွေတောင် မရနိုင်ပဲ တောင်းဆိုလျှင်တောင်ရမည်မဟုတ်ပေ။

သို့ပေမယ့် ခန်းမသခင်က ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေအတွက် ဆုလာဒ်အဖြစ်သုံးခဲ့သည်။

ထို့ပြင် တစ်ခါတည်းနှင့် သုံးခုပေးပစ်ခဲ့သည်။

ရှင်းလင်းစွာပင်....

နတ်ဆိုးအင်ပါယာကိုယ်လုပ်တော် ရှေ့တန်းဆီ နတ်ဆိုးအင်ပါယာသွေးအနှစ်သာရ လာရောက်ပို့ဆောင်သည့်ကိစ္စက ခန်းမသခင်ကို ဒေါသထွက်သွားစေခဲ့သည်။

ထို့ကြောင့် ကျောက်စိမ်းအဆောင်တွေကို တိုက်ပွဲထဲ၌ အသုံးပြုလိုက်တာဖြစ်သည်။

မင်းရဲ့နတ်ဆိုးမျိုးနွယ်မှာ နတ်ဆိုးအင်ပါယာသွေးအနှစ်သာရရှိသလို...

လူသားကလန်မှာလဲ သန္ဓေသားအဆောင်ရှိတယ်။

ဘယ်သူက ဘယ်သူ့ကိုကြောက်ရမလဲ ကြည့်ကြတာပေါ့။

ဂျန်ဖန်း မျက်ခွံ့တွေကျုံ့သွား၏။

သူက သန္ဓေသားအဆောင်၏စွမ်းအားကို မျက်မြင်တွေ့ဖူးပြီဖြစ်သည်။

ထိုအရာရာကိုဖျက်ဆီးနိုင်သည့်စွမ်းအားက သူ့အား ခုချိန်ထိ တုန်လှုပ်စေဆဲဖြစ်သည်။

ဤကဲ့သို့အဆောင်မျိုး နောက်တစ်ကြိမ်ဆုလာဒ်ထဲ၌ ပါလာမည်ကိုတွေးပြီး...

ထို့ပြင် သုံးခုတောင်ဖြစ်သည်။

သူက အနည်းဆုံးတစ်ခု ရကိုရရမည်ဖြစ်သည်။

"ပြောပြလို့ ကျေးဇူးပါ စီနီယာလင်း..."

ဂျန်ဖန်း ဦးညွှတ်ပြီး သူ၏သဘောထားကို ဖော်ပြလိုက်သည်။

လင်းယုဟိုင် မျက်လုံးလှန်ကြည့်လိုက်၏။

"မင်းသာ ငါ့စေတနာကိုတကယ်နားလည်ရင် အဲ့ဒီအသုံးမဝင်တဲ့လေဟာနယ်ကြာပန်းကို ရွေးမှာမဟုတ်ဘူး..."

ပြောပြီးနောက် သူမအင်္ကျီလက်ထဲမှ တစ်စုံတစ်ခုထုတ်ယူလိုက်သည်။

ထိုအရာက ချိပ်ပိတ်မှုများစွာဖြင့် ကျောက်စိမ်းသေတ္တာငယ်လေးတစ်လုံးဖြစ်ပြီး ဂျန်ဖန်းဆီပစ်ပေးလိုက်သည်။

"ဒီယွမ်စွမ်းအင်ဆေးလုံးကိုယူလိုက်..."

"အစကတော့ မင်း ဆေး ၂ လုံးလှဲလိုက်ရင် ဒါနဲ့ဆို အောင်မြင်နိုင်ချေ ၉၀ ရာခိုင်နှုန်းလောက်ရှိမှာ..."

"ဒါပေမယ့် မင်းကမှ နားမထောင်တာ...."

"ဒီတစ်လုံးတည်းနဲ့ မင်းမှာ အခွင့်အရေး ၃၀ ရာခိုင်နှုန်းပဲရှိတယ်။ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာတော့ မင်းကံကိုပဲကြည့်ရတော့မှာပဲ...."

ဂျန်ဖန်း လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

လင်းယုဟန်က တကယ်ကို သူ့အပေါ်၌ မည်သည့်မကောင်းသည့်ရည်ရွယ်ချက်မှမရှိပေ။

ဤယွမ်စွမ်းအင်ဆေးလုံးက သူမအတွက်တော့ ဘာမှအသုံးမဝင်လုနီးပါးပင်။

သို့ပေမယ့် နောက်ကွယ်ရှိဂရုစိုက်မှုက အရာရာထက်ပိုတန်ဖိုးရှိ၏။

သူက ဆေးလုံးကိုယူလိုက်ပြီး အရိုအသေပေးကာ တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

"အကြီးအကဲနေဝင်မြို့ကထွက်မသွားခင် တလည်းသီးလမ်းက ဝူတုန်ခြံဝန်းကိုလာခဲ့ပါအုန်း...."

"ကျွန်တော့်မှာ စီနီယာလင်းကို ပေးစရာပစ္စည်းအချို့ရှိတယ်..."

လင်းယုဟန်ပြုံးလိုက်၏။

"ကောင်းပါပြီ..."

"ငါ အချိန်ရှိရင် လာခဲ့ပါ့မယ်...."

ဤခရီးက ထိုက်တန်၏။

သူမ အောင်မြင်စွာပဲ ဂျန်ဖန်းနှင့်အဆက်အသွယ်လုပ်နိုင်ခဲ့၏။

သူ သူမကိုပေးမည့်တစ်စုံတစ်ခုအတွက်တော့...

သူမလို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ အထူးတာဝန်ခံတစ်ယောက်က တပည့်လေးတစ်ယောက်ဆီမှ လက်ဆောင်သေးသေးလေးကို ဂရုစိုက်နေမည်မဟုတ်ပေ။

ဂျန်ဖန်း ကွပ်ကဲရေးဠာနမှ ထွက်လာခဲ့သည်။

လူတိုင်းတန်းစီနေပြီး အရင်းအမြစ်တွေလှဲဖို့ စိတ်အားထက်သန်နေခဲ့သည်။

မည်သူမှ သူ့ကို အာရုံမစိုက်ပေ။

ထိုအရာက ပိုတောင်ကောင်းသေး၏။

ဂျန်ဖန်း လျိုချင်းရှန်၏ခြံဝန်းလေးကို အလျှန်အမြန်ပြန်လာခဲ့ပြီး ချက်ချင်းပဲ ကောင်းကင်မိုးကြိုးကျောက်တုံးကို ထုတ်ယူလိုက်သည်။

ထို့နောက် စိတ်လှုပ်တရှားဖြင့် ဝိညာဥ်စွမ်းအားကိုအသက်သွင်းပြီး ကျောက်တုံးထဲကို ထည့်သွင်းလိုက်သည်။

ထိုအရာကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် ဂျန်ဖန်း အားကောင်းသည့်စုပ်အားတစ်ခုကို ခံစားလိုက်ရသည်။

သူ့အသိစိတ်က မသိလိုက်ခင်မှာပဲ ကျိုးပဲ့ပျက်စီးနေသည့်လေဟာနယ်တစ်ခုထဲကို ဆွဲခေါ်ခံလိုက်ရ၏။

ပတ်ဝန်းကျင်တစ်ခုလုံးက မဲမှောင်နေပြီး မည်သည့်အရာမှမမြင်ရပေ။

အတွေးတစ်ချက်နှင့်....

နောက်တစ်ခဏ၌ သူ့အိတ်ကပ်ထဲရှိအလင်းပုလဲများစွာ ဤနေရာလွတ်ထဲမှာ ပေါ်လာခဲ့သည်။

ဤအရာက သိုလှောင်ရတနာ၏လုပ်ဆောင်မှုဆိုတာ သိသာလှ၏။

ဂျန်ဖန်း အလွန်ပျော်ရွင်သွား၏။

ဤအရာက တကယ်ကို သိုလှောင်ရတနာဖြစ်နေခဲ့သည်။

အလင်းပုလဲတွေ၏အလင်းရောင်အောက်၌ စိတ်ဝိညာဥ်အသီးတစ်ခု၏အတွင်းပိုင်းနှင့်တူသည့် နေရာလွတ်တစ်ခု မြင်ကွင်းထဲပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်၌ အနက်ရောင်နံရံတွေရှိနေပြီး အစအနတွေအရ တစ်ခါက စိတ်ဝိညာဥ်အသီး၏အသားတွေဖြစ်ခဲ့ပုံပင်။

သို့ပေမယ့် မိုးကြိုးစွမ်းအား၏ဖျက်ဆီးစွမ်းအားအောက်၌ မီးလောင်ကျွမ်းသွားပြီး မာကျောသည့်လေဟာနယ်နံရံတွေဖြစ်လာခဲ့သည်။

ပတ်ပတ်လည်ကိုကြည့်လိုက်ရာ...

ဤနေရာလွတ်က တိမ်စိမ်းဂိုဏ်း ဂိုဏ်းသခင်ခန်းမလောက်ကျယ်၏။

အလျား၊ အနံ၊ အမြင့် ဇန် ၂၀၀ လောက်ကျယ်ကာ ကြီးမားသည်ဟု ယူဆနိုင်၏။

ထိုအရာအပြင်...

အကြောင်းပြချက်အချို့ကြောင့် လေဟာနယ်နံရံတွေက ရံဖန်ရံခါ မိုးကြိုးစွမ်းအားတွေ တဖျစ်ဖျစ်တောက်ပနေခဲ့သည်။

ဂျန်ဖန်း အံ့အားသင့်သွား၏။

"ဒီမိုးကြိုးစွမ်းအားတွေက အထဲမှာပိတ်မိနေပြီး အပြင်မထွက်နိုင်ဘူးလား...."

ကွက်တိပင်။

သူက သန့်စင်မိုးကြိုးအရိပ်သုံးခု၏ ဒုတိယပုံစံကိုလေ့ကျင့်နေရာ မိုးကြိုးစွမ်းအားပမာဏအများအပြားလိုအပ်နေ၏။

ဤအရာက အိပ်ချင်နေတုန်း ခေါင်းအုံးရတာပဲ မဟုတ်လား။

လေဟာနယ်ကိုစစ်ဆေးကြည့်ပြီး လုံခြုံတယ်ဆိုတာ အတည်ပြုလိုက်၏။

ထို့နောက် အတွေးတစ်ခုနှင့် ခရမ်းဓား၊ ခုံးကောင်အသား၊ ပြန်လည်ရှင်သန်ခြင်းဆေးလုံး၊ စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံး၊ ခြေသုံးလှမ်းမူးဝေခြင်းဆေးလုံး၊ ရှေးဟောင်းဗျတ်စောင်းနှင့် အခြားပစ္စည်းများစွာ အထဲမှာနေရာချထားလိုက်၏။

သူ၏အသိစိတ် ခန္ဓာကိုယ်သို့ပြန်ရောက်သည့်အခါ အချိန်အတော်ကြာမေ့နေခဲ့သည့် ပေါ့ပါးမှုကို ခံစားလိုက်ရသည်။

"အရမ်းသက်တောင့်သက်သာရှိတာပဲ..."

ဝန်းထုပ်ဝန်ပိုးကြီးငယ်မရှိတော့၍ သူကအတော်လေး လွတ်လပ်ပေါ့ပါးသွားသလိုခံစားရ၏။

တကယ်ပင် သိုလှောင်ရတနာက လက်တွေ့ကျပြီး အသုံးဝင်၏။

သူ့ကိုယ်ပေါ်၌ လွမ်းဆွတ်ခြင်းဆီးနှင်းဓားသာရှိတော့ပြီး ၇ ရောင်ခြယ်ဆန်းကြယ်ရေခဲ၊ လေဟာနယ်ကြာပန်းနှင့် အခြားအရံပစ္စည်းအချို့သာရှိတော့၏။

"နောက်ဆုံးတော့ ငါ ချင်ရူးဆေးလုံးကို စတင်ဖော်စပ်နိုင်ပြီ...."

သူက အခြေအနေကို ချက်ချင်းပဲ ချိန်ညှိပြီး စတင်ဆေးဖော်စပ်တော့မည့်အချိန်မှာပဲ...

ရုတ်တရက်...

ခြံဝန်းအပြင်ဘက်မှ စကားသံတွေထွက်ပေါ်လာခဲ့သည်။

"နင်တို့ဘာလုပ်နေတာလဲ။ ဘာလို့ ငါ့ခြံဝန်းထဲဇွတ်ဝင်နေတာလဲ...."

ထိုအရာက လျိုချင်းရှန်အသံဖြစ်ပြီး ဒေါသ၊ ကြောက်ရွံ့မှုတို့နှင့် ပြည့်နှက်နေခဲ့သည်။

ထို့နောက် ဂျင်ကျောင်းမင်၏ တုံ့ပြန်သံကြီးထွက်ပေါ်လာခဲ့သည်။

"ငါတို့ လူတိုင်းဓားတွေကို စစ်ဆေးနေတာ..."

"ဂျန်ဖန်းလည်း ချွင်းချက်မဟုတ်ဘူး..."

"ငါတို့ သူ့ဓားကိုမြင်တာနဲ့ သူလုပ်ခဲ့တာဟုတ်လားမဟုတ်လား သိရလိမ့်မယ်.."

ထို့နောက် ဧရာမဂိုဏ်းသခင် ကုန်းယွမ်ဘ၏အေးစက်သည့်နှာမှုတ်သံထွက်ပေါ်လာခဲ့သည်။

"ဒီကိစ္စက ငါတို့ဂိုဏ်းမဟာအကြီးအကဲအသတ်ခံရတာနဲ့ ပတ်သက်နေတယ်..."

"လူတိုင်း စစ်ဆေးခံရလိမ့်မယ်..."

လျိုချင်းရှန် စိုးရိမ်သွား၏။

သူမက ဂျန်ဖန်းနှင့်မကြာခဏအတူနေဖူး၍ သဘာဝအတိုင်း ဂျန်ဖန်း၌ အလွန်ထူးဆန်းသည့်ဓားတစ်ချောင်းရှိတာ သိထား၏။

၎င်းကို အမြဲအဝတ်စဖြင့် ပတ်ထား၏။

တစ်ခါက သူမ မရည်ရွယ်ပဲအဝတ်အဟကြားမှ ကြည့်လိုက်မိရာ...

အရောင်က...

ခရမ်းရောင်ဖြစ်နေခဲ့သည်။

ဂျန်ဖန်း တကယ့်တရားခံဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ...

ဓားအရောင်ကြောင့် ပြဿနာကြီးတစ်ခုတက်တော့မည်ဖြစ်သည်။

သို့ပေမယ့် ရန်မူနေသည့်ဧရာမဂိုဏ်းကို သူမဘယ်လိုလုပ်တားမည်နည်း။

အံ့ကြိတ်ဓားဆွဲထုတ်ပြီး တိုက်ခိုက်တော့မည်အချိန်မှာပဲ...

ခြံဝန်းအထဲမှ ဂျန်ဖန်းအသံထွက်ပေါ်လာခဲ့သည်။

"စီနီယာအမ, သူတို့ကိုဝင်လာခိုင်းလိုက်ပါ...."

All Chapters