← Chapters

သူတို့ကိုစာရင်းထဲဝင်အောင် ဘယ်သူလုပ်ပေးလိုက်တာလဲ

Vol. 34 Ch. 431

သူတို့ကိုစာရင်းထဲဝင်အောင် ဘယ်သူလုပ်ပေးလိုက်တာလဲ

Vol. 34 Ch. 431

ဂျင်ကျောင်းမင်အံ့အားသင့်တာကို မပြောလိုသေးပေ။

ရှိနေသည့်တပည့်တွေလည်း မနေနိုင်ပဲ အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့သည်။

"မဖြစ်နိုင်တာ..."

"ဘာလို့ စာရင်းက ပိုပြီးပရမ်းပတာဖြစ်နေရတာလဲ..."

"ဒါ ရွယ်ဝမ်ချောင်လေ။ ဂိုဏ်း ၉ ဂိုဏ်း ထိပ်ဆုံး ၅ ယောက်ထဲက တစ်ယောက်လေ..."

"သူက အဆင့် ၈ ပဲ ရတယ်တဲ့လား..."

"တစ်ခုခုမှားနေတာဖြစ်လိမ့်မယ်...."

လန်ဖေးယန်နှင့် ရှဲ့လျိုရှူးလည်း မယုံနိုင်ဖြစ်နေခဲ့သည်။

ရှဲ့လျိုရှူး စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။

"ငါ ထိပ်ဆုံး ၁၀ ယောက်ထဲမဝင်တာ မဆန်းတော့ပါဘူး..."

"ငါက နေဝင်မြို့ကို နောက်ကျမှရောက်လာတာ။ ပြီးတော့ အရင်ကလည်း အခြေခံတာဝန်တစ်ခုမှာ ကျရှုံးထားသေးတယ်...."

"ဒါပေမယ့် ရွယ်ဝမ်ချောင်... ဒါက အဓိပ္ပာယ်ကို မရှိဘူး..."

လန်ဖေးယန်လည်း ထပ်တူ ပဟေဠိဖြစ်နေခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ..."

"သူ့ရှေ့မှာရှိနေတာ ဘယ်သူတွေဖြစ်နိုင်လဲ။ ဒီလောက်များတဲ့အစွမ်းထက်ပုဂ္ဂိုလ်တွေကို ထိပ်ဆုံး ၁၀ ယောက်ထဲက ထွက်သွားစေတယ်..."

"ငါလည်း နောက်ပို့ခံရလောက်လား..."

သူက ဟာသတစ်ဝက်ဖြင့် ပြောလိုက်သည်။

ရှဲ့လျိုရှူး ကို့ရို့ကားရား ရယ်လိုက်၏။

"ညီအကိုလန် ဟာသတွေမပြောပါနဲ့...."

"ဘယ်သူက မင်းရဲ့ အဆင့် ၃ နေရာကို ယူနိုင်မှာလဲ...."

ဟွာရှန်ချန်လည်း မှုန်ကုတ်သည့်အမူအရာဖြင့် ပြောလိုက်သည်။

"ညီအကိုလန်, ကျွန်တော့်ကို မလှောင်ပါနဲ့..."

"အရည်အချင်းမလုံလောက်လို့ မြင်းနက်တွေ ငါ့ကိုကျော်သွားတာ လက်ခံပါတယ်..."

"ဒါပေမယ့် သူတို့ ညီအကိုလန်ကိုကျော်တက်ဖို့ကတော့ ချဲ့ကားလွန်းနေပါပြီ...."

အဆုံးမှာတော့ လန်ဖေးယန်၏ တိုက်ပွဲအောင်မြင်မှုက မယုံနိုင်လောက်အောင်ထင်ရှား၏။

သူကိုကျော်တက်ဖို့က အတော်ခက်၏။

လန်ဖေးယန်ပြုံးလိုက်သည်။

သူက အစောပိုင်းက ဟာသလုပ်နေရုံသာဖြစ်သည်။

သူသာ တကယ်နောက်တွန့်ပို့ခံရလျှင် အခြားလူတွေကို ဘယ်လိုလုပ် မျက်နှာချင်းဆိုင်ရတော့မည်နည်း။

ခေါင်းနှင့်နံရံနှင့် ပြေးတိုက်ပြီး သေဖို့သာရှိတော့၏။

နောက်တစ်ကြိမ် လျိုတုန်းချန် ကြော်ညာလိုက်၏။

"အဆင့် ၇, လန်ဖေးယန်၊ အဆင့် ၁ အံ့ဖွယ်အဆင့်တာဝန် ၃ခု၊ မြေကမ္ဘာအဆင့်တာဝန်တစ်ခု၊ စုစုပေါင်း အကျိုးပြုမှတ် ၄၀၀...."

ဘာ...

ဤတစ်ကြိမ် လူအုပ် လုံးဝကို ပေါက်ကွဲထွက်လာခဲ့သည်။

အစောပိုင်းထူးဆန်းသည့်အဆင့်တွေက လက်ခံပေးလို့ရသေး၏။

သို့ပေမယ့် လန်ဖေးယန် ထိပ်ဆုံး ၃ ယောက်ထဲမဝင်ပဲ အဆင့် ၇ထိကျဆင်းသွားတာက....

ထိုအရာကို မည်သူက လက်ခံနိုင်မည်နည်း။

"တစ်ခုခုမှားနေတာဖြစ်ရမယ်...."

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

"အကျိုးပြုမှတ် ၄၀၀နဲ့ သူက ရှချောင်ကောနှင့် ဂျင်ကျောင်းမင်ပြီးရင် ဒုတိယဖြစ်သင့်တာ..."

လန်ဖေးယန်ခန္ဓာကိုယ် ယိမ်ယိုင်သွား၏။

ဟာသက ရှေ့ဖြစ်ဟောအဖြစ် ပြောင်းသွားခဲ့ပြီဖြစ်သည်။

ယဲ့ချန်းယွမ်မျက်လုံးတွေတောင် အံ့အားသင့်မှုတွေ ဖြတ်ပြေးသွား၏။

သူက တပည့်တွေ၏ခွန်အားနှင့် တာဝန်ပြီးမြောက်မှုတွေကို ကောင်းကောင်းနားလည်၏။

လန်ဖေးယန် ထိပ်ဆုံး ၃ ယောက်မဝင်လျှင်တောင် အဆင့် ၅ကတော့ ပြဿနာမရှိသင့်ပေ။

ဘယ်လိုလုပ် အဆင့် ၇ ထိကျဆင်းသွားရသနည်း။

သူက အဆင့်စာရင်းကိုအနီးကပ်ကြည့်ဖို့ ခေါင်းလှည့်လိုက်သည်။

လန်ဖေးယန်နှလုံးသာ နောက်တစ်ကြိမ် မျှော်လင့်ချက်ဖြင့် ခုန်ပေါက်လာခဲ့သည်။

ကြေညာမှု၌ အမှားတစ်ခုခုရှိနေသည်လား?

သို့ပေမယ့်...

ကြည့်ပြီးနောက် ယဲ့ချန်းယွမ်အမူအရာ လေးနက်သွား၏။

"အဆင့်တွေက မှန်တယ်..."

"စိတ်အေးအေးထားပြီး အဆင့်တွေအကုန်ဖတ်ပြပြီးတဲ့အထိစောင့်ပါ။ ဘယ်လိုမေးခွန်းမဆို ငါတို့ နောက်မှဆွေးနွေးနိုင်တယ်..."

လန်ဖေးယန်နှလုံးသား ကွဲကြေသွား၏။

သူ့အမြင်လည်း မဲမှောင်သွားပြီး တယိမ်းတယိုင်ဖြစ်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ဂျန်ဖန်း အချိန်မှီသတိထားမိပြီး ဖမ်းပေးလိုက်သည်။

မဟုတ်လျှင် လူအများရှေ့မှာ လဲကျပြီး အမှန်ကို လူရယ်စရာဖြစ်တော့မည်ဖြစ်သည်။

လန်ဖေးယန်မျက်နှာ ဖြူဖျော့နေပြီး တီးတိုးကျေးဇူးတင်လိုက်၏။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်...."

သူ့အသံက တိမ်ဝင်နေပြီး တစ်စုံတစ်ခုကြောင့် ဆို့နင့်နေသလိုပင်။

ဂျင်ကျောင်းမင် အထင်မြင်သေးစွာဖြင့် ကြည့်နေခဲ့သည်။

"ဘယ်လိုတောင် သနားစရာကောင်းနေတာလဲ...."

"မင်းက ဒီလိုတိုက်ခိုက်မှုမျိုးကိုတောင် ခံနိုင်ရည်မရှိဘူး..."

လန်ဖေးယန် အံကြိတ်ပြောလိုက်၏။

"မင်း ဘာတွေကြွားနေတာလဲ။ မင်းလည်း ငါ့လိုအဆုံးမသတ်အောင် ဂရုစိုက်အုန်း..."

ခုချိန်ထိတောင် တစ်စုံတစ်ယောက်က သူ့ကို မခံချိမခံသာဖြစ်အောင် ပြောနေဆဲဖြစ်သည်။

ဤအရာက ဘယ်လိုလူမျိုးနည်း။

ဂျင်ကျောင်းမင် ကောင်းကင်ပုဆိန်ကိုကိုင်ထားပြီး အလွန်ယုံကြည်မှုရှိနေခဲ့သည်။

သူက အေးစက်စွာပြောလိုက်သည်။

"အေးဆေးနေပါ, ငါက မင်းလိုမဟုတ်ဘူး..."

"ငါ့မျက်လုံးထဲမှာ...."

သူပြောတော့မည့်အချိန်မှာပဲ လျိုတုန်းချန် နောက်ထပ်အဆင့်တစ်ခုကို ကြေညာလိုက်၏။

"အဆင့် ၆ ဂျင်ကျောင်းမင်၊ အဆင့် ၁ အံ့ဖွယ်အဆင့်တာဝန် ၅ခု၊ အကျိုးပြုမှတ် ၅၀၀..."

ဘာ?....

လန်ဖေးယန်အဆင့်က ရုတ်ရုတ်သဲသဲဖြစ်စေလျှင်...

ဂျင်ကျောင်းမင်အဆင့်က ငလျှင်တစ်ခုကဲ့သို့ပင်။

"အဆင့် ၆, ဂျင်ကျောင်းမင်ကလေ..."

"လာနောက်နေတာလား..."

"သူက အဆင့် ၆, ဘယ်လိုဟာသကြီးလဲ..."

အပြင်လူတွေလည်း တုန်လှုပ်နေပြီဖြစ်သည်။

ယုံကြည်မှုမြင့်မားနေသည့် ဂျင်ကျောင်းမင်ဆို ပြောစရာကိုမလိုတော့ပေ။

ဒုန်း...

သူကိုင်ထားသည့် ကောင်းကင်ပုဆိန် မြေပြင်ပေါ် ဒုန်းဆိုးသည့်အသံတစ်ခုနှင့် ပြုတ်ကျသွားခဲ့သည်။

သူ၏ ကျားမျက်လုံးတွေက အပ်ပေါက်တစ်ခုကဲ့သို့ ကျဥ်းမြောင်းသွားပြီး ပင့်သက်ရှိုက်လိုက်သည်။

"မင်းပြောတာ ဘယ်သူက အဆင့် ၆..."

"ငါလား..."

"ဒါဖြစ်နိုင်လို့လား။ ဒါကို မင်းကိုယ်တောင်ယုံလို့လား..."

"ငါ, ဂျင်ကျောင်းမင်က အဆင့် ၆? ဒါ ဘယ်လိုဟာသကြီးလဲ..."

ထိုအရာကိုကြားသည့်အခါ ယဲ့ချန်းယွမ်မျက်နှာပြောင်းလဲသွားပြီး ကြိမ်းမောင်းလိုက်၏။

"တိတ်စမ်း..."

စာရင်းက ခန်းမသခင်ကိုယ်တိုင် စီစဥ်ထားတာဖြစ်သည်။

စာရင်းကိုမေးခွန်းထုတ်တာက ခန်းမသခင်၏အာဏာကို မေးခွန်းထုတ်လိုက်တာဖြစ်သည်။

သို့ပေမယ့် စိတ်ထဲမှာတော့ သူလည်း ဝရုန်းသုန်းကားဖြစ်နေပြီဖြစ်သည်။

ဂျင်ကျောင်းမင်က အဆင့် ၆...

တကယ်ကို တွေးမထားသည့်ကိစ္စပင်။

သူက နောက်တစ်ကြိမ်ခေါင်းလှည့်ကြည့်ပြီး ပြောလိုက်သည်။

"အဆင့်က မှန်တယ်..."

"နောက်တစ်ကြိမ် စိတ်အေးအေးထားကြပါ..."

"အဆင့်တွေ အကုန်ဖတ်ပြီးတဲ့အခါ မင်းတို့မေးချင်တဲ့ ဘယ်မေးခွန်းမဆို မေးနိုင်တယ်...."

သို့ပေမယ့် မည်သူမှ မတည်ငြိမ်နိုင်တော့ပေ။

ငြင်းမရသည့် အစွမ်းထက်ပုဂ္ဂိုလ်က အဆင့် ၆ ရခဲ့သည်။

လန်ဖေးယန် ဂျင်ကျောင်းမင်ကို လှောင်ချင်ပေမယ့် သူကိုယ်တိုင်လည်း မရယ်နိုင်ဖြစ်နေခဲ့သည်။

ဤရလဒ်က တကယ်ကို တုန်လှုပ်စရာကောင်းလွန်း၏။

"ငါ့တို့အထက်မှာ အတိအကျဘယ်သူတွေရှိနေတာလဲ..."

"ဂိုဏ်းအချို့က တိတ်တဆိတ်ပျိုးထောင်ပေးထားတဲ့ စွမ်းအားကြီးတပည့်အချို့ဖြစ်နိုင်လား..."

မကြာမီ...

လျိုတုန်းချန် လူအုပ်တစ်ခုလုံးကို သုဿန်တစ်စပြင်အလားတိတ်ဆိတ်သွားစေသည့် နာမည်တစ်ခုကို ကြောညာလိုက်သည်။

"အဆင့် ၅, ချင်ချိုင်းဟီ၊ အဆင့် ၁ ကောင်းကင်အဆင့် တာဝန် ၁ခု၊ ဒုတိယအဆင့် တာဝန် ၃ခု၊ စုစုပေါင်း အကျိုးပြုမှတ် ၅၂၀..."

နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး လုံးဝကို စိတ်ရှုပ်နေခဲ့သည်။

"ချင်ချိုင်ဟီဆိုတာ ဘယ်သူလဲ..."

"ဂိုဏ်း ၉ ဂိုဏ်း ပါရမီရှင်တပည့်တွေထဲမှာ ဒီလိုနာမည်ရှိလို့လား..."

"ပြီးတော့ ကောင်းကင်အဆင့်တာဝန်ကိုတောင် အောင်မြင်ခဲ့တယ်လား..."

"ဒီအစွမ်းထက်ပုဂ္ဂိုလ်က ဘယ်သူလဲဟ..."

"ခုချိန်ထိ, ရှချောင်ကော၊ ဂျင်ကျောင်းမင်နဲ့ ဂျန်ဖန်းတို့ပဲ ကောင်းကင်အဆင့်တာဝန် ပြီးမြောက်သေးတာ...."

"သူမက ဘယ်သူလဲ..."

ဤအခိုက်အတန့်၌...

လန်ဖေးယန် ကြောင်အနေခဲ့သည်။

သူက မသေချာစွာပြောလိုက်သည်။

"ငါတို့အသင်္ချေဓားဂိုဏ်းမှာ ချင်ချိုင်းဟီဆိုတဲ့နာမည်နဲ့ ဂျူနီယာညီမတစ်ယောက်ရှိတယ်...."

"ဒါပေမယ့် သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ပဲရှိသေးတာ..."

"ဒီချင်းချိုင်းဟီနဲ့ ဆိုင်မယ်မထင်ဘူး..."

အခြေခံတည်ဆောက်ခြင်းအဆင့် ၆?

ထိုသို့ဆိုလျှင် သူမမဖြစ်နိုင်တော့ပေ။

ယဲ့ချန်းယွမ်မျက်ခုံးတွေ တွန့်လိမ်နေခဲ့သည်။

သေချာပြန်စဥ်းစားကြည့်ရာ ချင်ချိုင်းဟီနာမည်နှင့်မည်သည့်တပည့်မှ နေဝင်မြို့မှာ ပေါ်မလာခဲ့ဖူးပေ။

သူက မနေနိုင်ပဲ စာရင်းပေါ်ရှိ ချင်းချိုင်းဟီအချက်အလက်တွေကို ကြည့်လိုက်သည်။

ရလဒ်အနေဖြင့် သူ့အမူအရာ ပိုလို့တောင်ထူးဆန်းသွားပြီး စဥ်းစားနေခဲ့သည်။

"ဒီတပည့်... တကယ်ပဲ အသင်္ချေဓားဂိုဏ်းကပဲ..."

အာ?...

လန်ဖေးယန်မျက်လုံးတွေ ပြူးကျယ်သွား၏။

"တကယ်, တကယ် အသင်္ချေဓားဂိုဏ်းက ငါ့ဂျူနီယာညီမ ချင်းချိုင်းဟီလား..."

"ဒါ အမှားတစ်ခုပဲဖြစ်မယ်။ ဘယ်လိုလုပ် သူမဖြစ်နိုင်မှာလဲ...."

ချင်းချိုင်းဟီကဲ့သို့ သာမန်တပည့်တစ်ယောက်ကို အသင်္ချေဓားဂိုဏ်း၌ နေရာတိုင်းမှာ တွေ့နိုင်၏။

ပုံမှန်ဆို လန်ဖေးယန် သူမကို နှစ်ခါတောင်ကြည့်မည်မဟုတ်ပေ။

ယခု သူတို့က သူ့ကို ပြောနေခဲ့သည်။

ဤချင်းချိုင်းဟီက အသင်္ချေဓားဂိုဏ်း၏ အစွမ်းထက်တပည့်ကြီးကို ကန်ထုတ်ပြီး အဆင့် ၇ ကို ရောက်သွားစေခဲ့သည်။

ရှဲ့လျိုရှူး မျက်လုံးတွေ ပြူးကျယ်နေခဲ့သည်။

"ညီအကိုလန်, မင်း.. မင်းသေချာလား... မင်းရဲ့ဂျူနီယာညီမက တိတ်တဆိတ်လေ့ကျင့်ပေးထားတဲ့ အစွမ်းထက်တပည့်တစ်ယောက်မဟုတ်ဘူးဆိုတာလေ..."

"ကောင်းကင်အဆင့်တာဝန်, ဒါက အခြေခံတည်ဆောက်ခြင်းအဆင့် ၆ တစ်ယောက် လုပ်နိုင်တဲ့အရာလား..."

သူ့ဟာသက သူ့ဆီပြန်ပက်လာမည်ဟု လန်ဖေးယန် မမျှော်လင့်ထားပေ။

သူက အလျှင်အမြန်ပဲ ပြောလိုက်သည်။

"အသင်္ချေဓားဂိုဏ်းက တိတ်တဆိတ်တပည့်တွေ လေ့ကျင့်ပေးနေရင် တပည့်ကြီးဖြစ်တဲ့ငါက ဘယ်လိုလုပ် မသိပဲနေမှာလဲ..."

"အဲ့ဂျူနီယာညီမချင်က တကယ်ကို သာမန်အမျိုးသမီးတပည့်တစ်ယောက်ပါပဲ..."

အာ...

လူတိုင်း စိတ်ရှုပ်သွားကြ၏။

သူတို့ထင်ထားတာ တစ်စုံတစ်ယောက်က ပါရမီရှင်တွေ တိတ်တဆိတ်မွေးမြူပြီး ထိပ်သီးတပည့်တွေကို ဖယ်ရှားလိုက်တာဟုပင်။

အဆုံးမှာတော့ နာမည်မရှိသာမန်တပည့်လေးတစ်ယောက်ဖြစ်နေခဲ့သည်။

ဂျန်ဖန်းသာ အပြစ်ရှိမှုကိုခံစားနေရပြီး သူ့နှာခေါင်းကိုထိလိုက်သည်။

ချင်းချိုင်းဟီ၏ ကောင်းကင်အဆင့်တာဝန်နောက်ရှိ အမှန်တရားကို သူတစ်ယောက်သာသိ၏။

လျိုတုန်းချန် ဆက်လက်ကြေညာလိုက်သည်။

"အဆင့် ၄, ချူရှင်းမန်၊ ကောင်းကင်အဆင့်တာဝန်တစ်ခု၊ ဒုတိယအဆင့်တာဝန်ခြောက်ခု၊ အဆင့် ၃ တာဝန် ၂ခု၊ စုစုပေါင်း အကျိုးပြုမှတ် ၅၃၀..."

လူတိုင်းကြောင်သွားကြ၏။

သူတို့မကြားဖူးသည့် နောက်ထပ်နာမည်တစ်ခုပင်။

"ဒါကကော ဘယ်ဂိုဏ်းကတပည့်လဲ..."

"သူမလည်း နောက်ထပ်သာမန်တပည့်ပဲလို့တော့ ငါ့ကို မပြောနဲ့နော်...."

All Chapters