အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း ၄၁- ကန်ထုတ်ခြင်းခံရသော CEOလု။
Ocean live stream ၏ ပိုင်ရှင်သည် အခြား ပလက်ဖောင်း တစ်ခုသို့သွား၍ အကောင့်ဖွင့်ကာ လက်ဆောင်များကို ယွမ် ၅၀,၀၀၀ ဖိုး ဝယ်ယူခဲ့သည်။ သို့သော်လည်း ပြိုင်ဘက် ပလက်ဖောင်းပေါ်ရှိ သူ၏ ကိုယ်ပိုင် ထိပ်တန်း Streamerက သူ့ကို Live လွှင့်ခန်းထဲမှ ကန်ထုတ်ခြင်း ခံလိုက်ရသည်။
ဤသတင်း ပျံ့နှံ့သွားသောအခါ လူများသည် စပ်စုချင်စိတ်ဖြင့် ဘာဖြစ်နေသလဲဆိုသည်ကို ကြည့်ရှုရန် အခင်းဖြစ်ပွားရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
ယနေ့ခေတ် stream လောကတွင် ကုမ္ပဏီတစ်ခု၏ CEO နှင့် ထိပ်တန်း streamer တစ်ဦးသည် အခြားကုမ္ပဏီတစ်ခု၏ တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ငန်းကို နှောင့်ယှက်ဖျက်ဆီးနိုင်ပါသလား။
Live လွှင့်ခန်းအတွင်း ကြည့်ရှုသူအရေအတွက်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
CEO လု သည်ချက်ချင်းပင် ပထမနေရာကို ရယူနိုင်ခဲ့ပြီး စစ်မှန်သောအကောင်းဆုံး လက်ဆောင်ပေးသူ ဖြစ်လာခဲ့သည်။ တစ်ဖက်တွင်မူ လုပေါင် သည် အ မုန့် အား ဝင်ငွေပိုရစေရန် ကူညီပေးသည့်အနေဖြင့် ကျောက်ပြားကို ဆေးကြောသန့်စင်ပေးနေသည်။
“ပရိတ်သက်တို့ရေ... ကျေးဇူးပြုပြီး Follow ခလုတ်လေးကို နှိပ်ပေးကြပါဦးနော်။ကျွန်တော့်မှာ ထူးထူးခြားခြား ကျွမ်းကျင်မှုတွေလည်း မရှိဘူး တရုတ်ရိုးရာ လေမှုတ်တူရိယာတွေလည်း ယူမလာခဲ့ပါဘူး။ ဒါကြောင့် လူတိုင်းအတွက် အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်တဲ့ ကျောက်ပြားပေါ်က ငါးကင်ကို ပြင်ဆင်ပေးပါ့မယ်။
ကျောက်ပြားပေါ်တွင် ငါးကင်ခြင်း။
၎င်းမှာ လူပေါင် ငယ်စဉ်က မကြာခဏ လုပ်စားလေ့ရှိသော ငါးကင်ဖြစ်သည်။ သင့်တော်သော ကျောက်ပြားတစ်ခုကို ရှာဖွေကာ အောက်မှ မီးမွှေးပြီး ၎င်းပေါ်တွင် ငါးကိုတင်ကာ ငရုတ်သီးနှင့် ဆားအနည်းငယ် ဖြူးလိုက်ရုံပင်။၎င်းသည် ကလေးဘဝ၏ အနှစ်သက်ဆုံးရသာတစ်ခုဖြစ်သည်။
“အာ... အာ...”
အမုန့် သည် Live လွှင့်ခန်းကို လက်ညှိုးထိုးကာအာ... အာဟု အော်ဟစ်ရင်း Live အခန်းထဲရှိလက်ဆောင်များကိုကြည့်ကာအံ့အားသင့်နေလေသည်
“အာ... အား”
နှင်းလုံးလေးကလည်း အမုန့်၏ အော်ဟစ်သံကို လိုက်တုပနေသည်။
ဒါပေါင် နှင့် ဟေးမီး တို့သည် အားတက်သရော ခုန်ပေါက်ပြေးလွှားရင်း သစ်ကိုင်းများကို သွားရောက်ကောက်ယူပေးကြသည်။ လုပေါင်မှာမူ ကျောက်ပြားကို နေရာချပြီး အပူပေးရန်အတွက် မီးစတင်မွှေးနေပြီဖြစ်သည်။
ကျောက်ပြားကို သန့်ရှင်းနေအောင် တိုက်ချွတ်ထားသည်။အခြောက်ခံပြီးနောက် ပတ်စတာချီယိုဆီ ကိုကျောင်ပြားပေါ်သို့ လောင်းချလိုက်သည်။ ၎င်းဆီကို အမုန့်က ယူဆောင်လာပေးခြင်းဖြစ်သည်။’ရှဲရှဲ’မြည်သံနှင့်အတူ ဆီနံ့သည် လေထုထဲတွင်ပျံ့နှံ့လာ သည်။
ငါးကြင်းများကို ဗိုက်ဖောက်ပြီး အကြေးခွံခွာ၍ ဆေးကြောပြီးနောက် ကျောက်ပြားပေါ်တွင် တင်လိုက်သည်။ အောက်မှ ပြင်းထန်သော မီးတောက်များ လောင်မြိုက်နေပြီး အပေါ်တွင်မူ ငါးကြင်းများအကောင်လိုက်ရှိနေသည်။
“ပရိတ်သက်တို့ရေ. ကျေးဇူးပြုပြီး Follow လုပ်ပေးကြပါ ဦးလေးဖင်းကို ဒီထက် ပိုပြီး အားပေးကြပါဦး လက်ဆောင်လေးတွေ ရှိရင်လည်း အားပေးတဲ့အနေနဲ့ ပို့ပေးကြပါဦးနော်။
ရရှိလာသော အနံ့မှာ အလွန်ပင်မွှေးလှသည်။ လုပေါင်က ကင်မရာကို အနီးကပ် ဆွဲပြလိုက်သည်။ ဤ Live လွှင့်စက်ကိရိယာမှာ စူပါ Live Eye လောက် မကောင်းသည်မှာ အမှန်ပင်။ အကယ်၍ အနီးအနားတွင် အချက်ပြမျှော်စင် သာ မရှိပါက Live လွှင့်ရန်မှာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ပေ။
လူပေါင်သည် Live stream မှ မှတ်ချက်များကို ကြည့်လိုက်ရာ ဆယ်မိနစ်ကျော်အတွင်းတွင် ကြည့်ရှုသူ ၆၀၀,၀၀၀ ကျော်သွားပြီဖြစ်သည်။
“ဘာလို့ ချင်ချီလာတွေကို လိုချင်နေတာလဲ။ငါတို့ရဲ့CEO လု က ချင်ချီလာတွေ ဆက်ပို့နေမှာပဲ မဟုတ်လား။CEO လု ဒီမှာ ရှိနေလားဗျ။”
“ဟုတ်တယ် CEO လု က အချမ်းသာဆုံးပဲသူ ချင်ချီလာတွေ ဆက်ပို့နေမှာ သေချာတယ်။”
လုလင်းဟွာသည် ချက်ချင်းပင် နောက်ထပ် လက်ဆောင်ဆယ်ခုကို ဆက်တိုက် ပေးပို့လိုက်သည်။ သူ live အခန်းအတွင်း ရောက်ရှိနေသည်မှာ မိနစ် ၂၀ ပင် မပြည့်သေးသော်လည်း ယွမ် ၁၀၀,၀၀၀ အသုံးပြုပြီးပြီဖြစ်သည်။
Live လွှင့်ခန်းအတွင်း မိုက်လိုက်တာဟုအော်သံများ ပဲ့တင်ထပ်နေသည်။
“ရယ်ရလွန်းလို့ အူတတ်တော့မယ်။ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် ပလက်ဖောင်း က ပျက်နေလို့လား။ဘာလို့ သူများ ပလက်ဖောင်း မှာ ပိုက်ဆံအကုန်ခံပြီး တိုက်ရိုက်ထုတ်လွှင့် နေတာလဲ။ဟားဟားဟား”
“အို...ဘုရားရေ ကျွန်တော့်ကို Dragon Cat Live ကို Download ဆွဲခိုင်းနေတာပဲ။”
“ဟားဟားဟား...CEO လုကတော့ ရေလည်လန်းတယ်ဗျာ။”
“အို ဘုရားရေ...”
လုပေါင်သည် သူ၏ ပရိသတ်များနှင့် စကားပြောနေစဉ်အတွင်း တောအုပ်ထဲမှ ကြီးမားပြီး မည်းမှောင်နေသော အရာတစ်ခု ထွက်ပေါ်လာကာ လုပေါင်နှင့် မလှမ်းမကမ်းနေရာသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
“ဝက်ဝံ...ဝက်ဝံ။”
ခွေးနှစ်ကောင်က အသည်းအသန် ဟောင်ကြတော့သည်။အ မုန့်ပင်ကလည်း အမြန်အော်ဟစ်ကာ လုပေါင်၏ အနောက်သို့ သွား၍ပုန်းနေလိုက်တော့သည်။
လုပေါင် လှည့်ကြည့်လိုက်သောအခါ ဝက်ဝံနက်အမကြီးသည် သူတို့ကို အကွာအဝေးတစ်ခုမှ စောင့်ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ဒီဝက်ဝံနက်လေးက ငါ့ငါးလေးတွေကို ဘာလို့ မျက်စိကျနေရတာလဲ။”
လုပေါင် စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။ သူ၏ ငါးကြီးကို စားပြီးပြီဖြစ်သော်လည်း ငါးလေးတွေကိုပါစားရန်ကြံစည်နေသေးသည်။
ဒါပေါင်နှင့် ဟေးမီးတို့သည် လုပေါင်ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေကြပြီး ဝက်ဝံအမကြီးကလည်းခြိမ်းခြောက်သံများကို ထုတ်လွှတ်နေသည်။
‘မြန်မြန် လုပ်ပါ သခင်လေး အချက်ပြပါဦး။ငါတို့က ထွက်ပြေးရမလား။ထွက်ပြေးရမလား။ဒါမှမဟုတ် ထွက်ပြေးရမလား။’
“အဆင်ပြေတယ် ဘာမှမဖြစ်ဘူး။”
လုပေါင်ကအမုန့်၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
“မစိုးရိမ်ပါနဲ့။”
“မင်းတို့နှစ်ကောင်လည်းဟောင်မနေနဲ့တော့။”
“အို...”
အမုန့်မှာ ကြောက်နေဆဲဖြစ်သည်။ ဝက်ဝံနက်က ဤနေရာတစ်ဝိုက်တွင် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဒါပေါင်က အမြီးကိုယမ်းကာ လုပေါင်နားသို့ပြေးလညသည်။ ဟေးမီးက ဝက်ဝံနက်ကို တစ်ချက်လှည့်ကြည့်ပြီး ရှက်ကိုးရှက်ကန်းဖြင့် အမြီးကိုယမ်းပြကာ နောက်သို့ ပြန်ပြေးသွားသည်။
“ပရိတ်သက်တို့ရေ... တောင်ပေါ်မှာ သတ္တဝါတွေနဲ့ ထူးဆန်းတာတွေ အများကြီးရှိတတ်ပါတယ်။ ဝက်ဝံလေးတစ်ကောင်နဲ့ ဆုံတာက ပုံမှန်ပါပဲ။ငါတို့တွေ ဒီထက်ကြီးတဲ့ မုန်တိုင်းတွေကိုတောင် ကြံဖူးကြတာပဲ မဟုတ်လား။ဟင်... CEO လု ခင်ဗျားက သူဌေးကြီးဖြစ်ပြီးတော့ ဘာလို့ ချင်ချီလာအစား ဒုံးပျံတွေပိုနေရတာလဲ။”
လုပေါင်က ၎င်းကို အလေးမထားပေ။ ဝက်ဝံနက်သည် ရန်လိုသည့် လက္ခဏာမပြသကဲ့သို့ ခွေးနှစ်ကောင်ကလည်း ၎င်းတို့ကို အာရုံခံနိုင်ကြသည်။
Dragon Cat Live ပေါ်ရှိ အ မုန့်၏ Live လွှင့်ခန်းသည် ကြည့်ရှုသူ တစ်သန်းကို ချက်ချင်း ကျော်လွန်သွားခဲ့သည်။
Dragon Cat Live တွင် ကြည့်ရှုသူ တစ်သန်းပြည့်အောင် လုပ်နိုင်သူမှာ အနည်းငယ်သာ ရှိသည်။ ယခုအခါ အမုန့်သည် ၎င်းကို အောင်မြင်ခဲ့ပြီး သူရရှိသော လက်ဆောင်များ၏ တန်ဖိုးမှာလည်း ယွမ် ၂၀၀,၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။
“ဒါကို ဝက်ဝံလေးလို့ ခေါ်တာလား။”
“ဒါက ဝက်ဝံနက်ကြီးပါ။အရွယ်ရောက်ပြီးသား ဝက်ဝံနက်ကြီး။တိရစ္ဆာန်ရုံက ဝက်ဝံတွေက ရုပ်ဆိုးတယ် မဟုတ်လား။ဒီဝက်ဝံက ကြည့်လို့ကောင်းပြီး ဝက်ဝံရုပ်လေးကျနေတာပဲ။”
“ဟိုမှာ ဟိုမှာ သူ လာနေပြီ။”
“အဲဒီအကောင်ကြီးကို ဝက်ဝံလေးလို့ ခေါ်တာလား။”
“ကြည့်စမ်း CEO လု ခင်ဗျားဘာလို့ ဒုန်းပျံ တွေ ပို့နေတာလဲ။မြန်မြန် ချင်ချီလာတွေပဲ ပို့စမ်းပါ။”
“ဝိုးးး ဝက်ဝံလေးတွေပါလား နှစ်ကောင်တောင်လား။”
“ဒီ Streamer က ရုရှားကနေ လွှင့်နေတာတော့မဟုတ်ဘူးမလား။”
ဝက်ဝံနက်ကြီးသည် လုပေါင်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ ဝက်ဝံပေါက်လေး နှစ်ကောင်လည်း တောအုပ်ထဲမှ ထွက်လာကာ သူတို့မိခင်၏ အနောက်မှ တွန့်ဆုတ် တွန့်ဆုတ် လုပ်၍ လိုက်လာကြသည်။
“အာ... အာ”
အမုန့်က လူပေါင်ကို အနောက်သို့ ဆွဲလိုက်ပြီး ပြန်ဆုတ်ရင်အချက်ပြနေသည်။
“စိတ်အေးအေးထားပါ ပြဿနာမရှိပါဘူး။”
လုပေါင်ကမတ်တတ်ရပ်ကာ ဝက်ဝံနက်ကြီးဆီသို့ တည့်တည့်လျှောက်သွားပြီး ၎င်းကို အကြိမ်အနည်းငယ် ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ငုံ့ကာ ဝက်ဝံပေါက်လေးတစ်ကောင်ကို ပွေ့ချီလိုက်ပြီး
“တွေ့လား ဒီကောင်လေးက ကြောင်လေးတစ်ကောင်လိုပဲ လူယဉ်ပါတယ်။”
“…
ဆွံ့အနသူ မုန့်၏ မျက်နှာအမူအရာမှာ အံ့အားသင့်သွားသည်။
ဝက်ဝံမကြီးက သူ၏ ဦးခေါင်းကြီးဖြင့် လုပေါင်လက်ကိုကို ရင်းနှင်းနေသည့်အလား တိုးဝှေ့နေသည်။
“အီး... အီး~”
ဝက်ဝံပေါက်လေးတစ်ကောင်မှာ ငါးကင်နားသို့ ရောက်လာပြီး နောက်ခြေထောက်နှစ်ဖက်ဖြင့် မတ်တတ်ရပ်ကာ ငါးနားသို့ ကပ်ရန် ကြိုးစား သော်လည်း မီးတောက်များကို ကြောက်သဖြင့် အော်ဟစ်နေသည်။
‘ဟိုဝက်ဝံပေါက်စ သရဲလိုလိုဘာလိုလို အမဲရောင်နဲ့ကောင် ထထွက်သွားစမ်း’
ဟေးမီးသည်အတော်စိတ်တိုနေပြီဖြစ်သည်။
‘သူက ငါးကြီးကို စားခဲ့ပြီးပြီလေ။အခု ငါးလေးတွေကိုပါ ထပ်စားဖို့ ကြိုးစားနေတာလား။’
သူသည် လျင်မြန်သော လှုပ်ရှားမှုဖြင့် ဝက်ဝံပေါက်လေးကို မြေကြီးပေါ်သို့ တွန်းလှဲလိုက်သည်။သူ၏ လက်ဖဝါးဖြင့် ရိုက်ရန်လည်း မမေ့ခဲ့ပေ။
“အီး... ဝူး... ဝူး~”
ဝက်ဝံပေါက်လေးသည်ဝမ်းနည်းစွာ အော်ဟစ်ရင်း မတ်တတ်ရပ်ကာ သူ၏ မိခင်အနောက်သို့ ငိုမဲ့မဲ့ဖြင့် ပြန်ပြေးသွားသည်။
လုပေါင်မှာ စကားပင် မပြောနိုင်တော့ပေ။
‘ဒီခွေးက ဒီလောက်အထိတောင် မောက်မာရဲတင်းနေပြီလား။’
Live လွှင့်ခန်းအတွင်းရှိ လူတိုင်းမှာ မှင်တက်သွားကြသည်။ထိုခွေးမှာ အလွန်ရဲတင်းလွန်းလှသည်။ဝက်ဝံမကြီး၏ မျက်စိရှေ့တင် ဝက်ဝံပေါက်လေးကို ဆော်ထည့်လိုက်ခြင်းဖြစ်သည်။
ဟေးမီမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လွန်ကဲနေပြီဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဝက်ဝံမကြီးနှင့် ဝက်ဝံပေါက်အပါဝင် ဟေးမီနှင့် ဒါပေါင်တို့သည် ငါးကင်များအနားတွင် ဝိုင်းဖွဲ့ကာ ကြည့်နေကြသည်။ လုပေါင်က ငါးများကို ခွဲဝေပေးလိုက်ရာ တစ်ကောင်စီ ရရှိကြပြီး သူနှင့် အမုန့်အတွက် တစ်ကောင်သာ ကျန်ရစ်ခဲ့သည်။
အ မုန့်သည် မှိုစွပ်ပြုတ် တစ်ဝက်ခန့်ကို ကုန်အောင်သောက်လိုက်ပြီး ကျန်ရှိသည်များကို ဝက်ဝံပေါက်လေး နှစ်ကောင်က လုယက်သောက်ကြသည်။
“ငါ ပြန်ရတော့မယ်။”
လုပေါင်က မတ်တတ်ရပ်ပြီး သူ၏ နာရီကို ကြည့်လိုက်သည်။အချိန် နာရီဝက်ကျော် ကုန်ဆုံးသွားပြီဖြစ်သည်။ အဘိုးအိုနှစ်ယောက်မှာ သူတို့၏ ငါးစွပ်ပြုတ်ကိုစားရန်အတွက် စောင့်နေကြဆဲ ဖြစ်လိမ့်မည်။
“အာ... အာ။”
အမုန့်က မတ်တတ်ရပ်ကာ Live လွှင့်နေသည်ကို လက်ညှိုးထိုးပြပြီးနောက် လက်ဟန်ခြေဟန်များဖြင့် ပြောဆိုဆက်သွယ်လာသည်။
“ဒီပိုက်ဆံတွေ အားလုံးက ဦးလေးအတွက်ပဲ။ ဦးလေး ဖင်းအန်... ကြိုးစားပြီး ထိပ်တန်း streamer တစ်ယောက်ဖြစ်အောင် လုပ်ပါ။ဒါမှ နောင်ကျရင် ကျွန်တော်တို့ ရွာနဲ့ မြို့က ဒေသထွက်ကုန်တွေကို ရောင်းပေးနိုင်မှာ။”
အမုန့်က ရရှိထားသော လက်ဆောင်ငွေများ အားလုံးကို သူ့အား ပေးလိုသည်ကို မြင်သောအခါ လုပေါင်က ပြုံးပြီး ငြင်းဆိုခဲ့လိုက်သည်။
ဤလက်ဆောင်များသည် နဂိုကတည်းက အမုန့်အတွက်သာ ဖြစ်သည်။အမုန့်သည် လက်မောင်းများကို ယမ်းကာ ငြင်းဆိုသည့်ဖြအမူအရာပြနေသည်။
“ကျွန်တော် တကယ် မလိုပါဘူး။ကျွန်တော်က တခြား ပလက်ဖောင်း တွေမှာ Stream တယ်။ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်။”
“မင်းလည်း သွားတော့နောက်ခါကျရင်လည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် ဂရုစိုက်ပါ။
သူက ဝက်ဝံနက်အမကြီးကို တစ်ခါထပ်ပြီး ပွတ်သပ်ပေးလိုက်သည်။ ဤတောင်မှာ အမှန်တကယ်ပင် ထူးဆန်းလှပြီး တောရိုင်းတိရစ္ဆာန်မျိုးစုံနှင့် ပြည့်နှက်နေသည်
အကယ်၍ အနီရောင်ကျား တစ်ကောင် ပေါ်လာလျှင်ပင် သူ အံ့သြမည်မဟုတ်တော့ပေ။
အခန်းး ၄၂ - တောထဲဝင်ရန် ပြင်ဆင်ခြင်း။
စကားမပြောနိုင်သော အမုန့် အဖို့ နာမည်ကြီး Streamer တစ်ယောက်ဖြစ်လာရန်မှာ အလွန်ခက်ခဲလှပေသည်။သူ့တွင် ပါရမီမရှိသည့်အပြင် စကားလည်းမပြောနိုင်သဖြင့် ပရိသတ်၏ သနားဂရုဏာသက်မှုကိုသာ အားကိုးပြီး ဆွဲဆောင်နိုင်ပေလိမ့်မည်။
သို့ဆိုလျှင် လုပေါင်သည် မည်သို့ကြောင့် ယခုကဲ့သို့ နာမည်ကျော် Streamer တစ်ယောက် ဖြစ်လာခဲ့သနည်း။
လုပေါင်အတွက် အောင်မြင်နိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ ထူးခြားဆန်းသစ်သည့် အစီအစဉ်များကို ဖန်တီးပြသရန်သာဖြစ်သော်လည်း ဆွံ့အနားမကြားဖြစ်နေသော အမုန့်အဖို့မူ ၎င်းမှာ အလွန်ခက်ခဲလွန်းလှသည်။
“ငါ့မြေးက ငါးဟင်းချိုချက်မယ်ဆိုပြီး အခုတော့ မှိုကြက်သားစွပ်ပြုတ် ဖြစ်နေပါလား။ တစ်မနက်လုံး ငါးတစ်ကောင်မှ မမိခဲ့ဘူးလား။”
အဖွားဖြစ်သူက လုပေါင်ပန်းကန်ထဲသို့ ဟင်းထည့ပေးရင် ငါးမရသည့်အကြောင်းကိုမေးနေသည်။
“မိတော့ မိတယ်အဖွား ဒါပေမဲ့ ဝက်ဝံတွေက အကုန်လုသွားလို့။”
လုပေါင်သည် သူ၏ခြေထောက်ကို ခေါင်းမှီထားသော အမွေးပင် မခြောက်သေးသည့် ဟေးမီကို ကန်ထုတ်လိုက်သည်။ ထိုဝက်ဝံမိသားစုသာ မရှိလျှင် ယခုအချိန်တွင် သူသည် ငါးဟင်းချို သောက်နေရပြီဖြစ်သည်။
“တောင်ပေါ်မှာ ဝက်ဝံတွေ ပြန်ပေါ်လာပြီလား။”
ထိုစကားကိုကြားသောအခါ အဘိုးဖြစ်သူက ခေါင်းမော့ကြည့်လာပြီး နံရံတွင် ချိတ်ထားသော နီညိုရောင် သေနတ်တစ်လတ်ကို လက်ညှိုးထိုးပြကာ ပြောသည်။
“နောက်တစ်ခါ တောထဲသွားရင် ဒါကို ယူသွား။ အနီးကပ်ဆိုရင် ဝက်ဝံတွေတောင် ဒါကို ကြောက်တယ်။ ဒါပေမဲ့ တောဝက်အုပ်နဲ့ တိုးရင်တော့ ချက်ချင်းပြေးပေတော့။ ဒီသေနတ်က တောဝက်ကြီးတွေရဲ့ အရေခွံကို မဖောက်နိုင်ဘူး။”
တောဝက်အကြီးများ၏ အမွေးမှာ အလွန်ထူထဲပြီး ရွှံ့နွံများဖြင့်ဖုံးအုပ်ကာ သံချပ်ကာသဖွယ် ဖြစ်နေသဖြင့် ကျည်ဆန်ဖောက်ဝင်ရန် အလွန်ခက်ခဲလှသည်။
“ဒါပေမဲ့ ဒါက တရားမဝင်ဘူးလေ အဘိုးရဲ့။”
လုပေါင်ကစိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ဤတောင်ကြားမှာ လူသူဝေးလွန်း၍သာ တော်သည်။မြို့ပေါ်မှာဆိုလျှင် ရဲတိုင်ခံရသည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ။
၎င်းမှာ အလွန်အရည်အသွေးကောင်းသော ပြောင်းနှစ်လုံးပစ် သေနတ်ဖြစ်သော်လည်း အသုံးမပြုသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ အသုံးဝင်သည် မဝင်သည်မှာ စိတ်မချရသေးပေ။
“ဒါက တရားမဝင်ဘူးလား။ အသက်ဘေးက ကာကွယ်ဖို့ပဲလေ။”
အဘိုးကမကျေမနပ် ပြန်ပြောသည်။
လုပေါင်သည် အလွန်အလုပ်ရှုပ်နေသည်။ ထမင်းစားပြီးနောက် ကြက်စာကျွေးကာ ရွှံ့စေးကိုအသုံးပြု၍ မီးဖိုတစ်ခုကို စတင်တည်ဆောက်သည်။ တစ်နေကုန် အလုပ်ရှုပ်နေပြီးနောက် ခွေးနှစ်ကောင်ကိုလည်း ရေချိုးပေးလိုက်သည်။ ညနေ ၅ နာရီတွင် မျက်နှာဝိုင်းလေး ရောက်လာသဖြင့် ခွေးနှစ်ကောင်မှာပျော်ရွှင်သွားကြသည်။
“အစ်ကိုကြီး။”
မျက်နှာဝိုင်းလေးသည် လုပေါင်ဆီသို့ အားတက်သရော ပြေးလာပြီး ဖက်လိုက်သည်။
“ဘာဖြစ်လာတာလဲ။ ရွာထဲက မြည်းက နင့ခေါင်းကို ကန်လိုက်လို့လား။”
သူမ၏ ထူးထူးခြားခြား ချွဲနွဲ့နေသောအသံကြောင့် လုပေါင် စိတ်ထဲတွင် မသင်္ကာဖြစ်မိသွားသည်။ ပုံမှန်ဆိုလျှင် သူမသည် ပြဿနာရှာခြင်း မဟုတ်ရင် အော်ဟစ်ခြင်းသာ ပြုလုပ်လေ့ရှိသည်။
“အစ်ကိုကြီး နောက်တစ်ခါ Live လွှင့်ရင် ညီမလေးကိုပါ ခေါ်သွားပါလား။”
မျက်နှာဝိုင်းလေးကလုပေါင်၏လက်ကို ဆွဲကာ သနားစရာမျက်နှာလေးဖြင့် တောင်းဆိုသည်။
လူပေါင် ရင်ထိတ်သွားပြီး ချက်ချင်းပင်
“ဘာ Live လဲ။ ငါ တစ်ခါမှ အဲဒါတွေ မလုပ်ဖူးပါဘူး။”
“လာလိမ်မနေနဲ့ ညီမလေးမှာ သက်သေရှိတယ်နော် ကြည့်ကြည့်။”
သူမက ဖုန်းကိုထုတ်ကာ ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်သည်။ လုပေါင် ကြည့်လိုက်ရာတွင် သူ၏အခန်းထဲရှိ ရွှေများ၊ ကျောက်မျက်ရတနာများ၊ မျောက်အရက်နှင့် အခြားသော ရတနာများကို မြင်လိုက်ရသဖြင့် ခေါင်းနားပန်းကြီးသွားသည်။
“နင်က ငါ့အခန်းထဲ ဘယ်လိုဝင်တာလဲ။”
“အစ်ကိုကြီးက တံခါးမပိတ်ထားခဲ့ဘူးလေ။ ညီမလေးက တက်ဘလက် သွားယူရင်း မြင်ခဲ့တာ။ဒီမနက် အဘ အမုန့် Live လွှင့်တဲ့ထဲမှာဒါပေါင်နဲ့ နှင်းလုံးလေး ပါလာသေးတယ်မဟုတ်လား။ပြီးတော့ အစ်ကိုကြီးအခန်းထဲက ရတနာတွေနဲ့ မျောက်ဝိုင်တွေကို ညီမလေး မြင်ပြီးသွာားပြီ။”
မျက်နှာဝိုင်းလေးက အားရပါးရပြောနေသည်။
“ဒါကို တခြားဘယ်သူ့ကို ပြောလိုက်သေးလဲ။”
လုပေါင်မှာဗီဒီယိုရိုက်ကူးပြီး Live လွှင့်မည်ဆိုကတည်းက တစ်နေ့နေ့တွင် လူအများသိသွားမည်ကို သိထားသော်လည်း မျက်နှာဝိုင်းလေးသည် ပထမဆုံး သိသွားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သူမသည် JK ဝတ်စုံများ၊ ဟန်ဖူ ဝတ်စုံများ၊ စာရေးကိရိယာများနှင့် အရုပ်များကိုသာ စိတ်ဝင်စားသည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
“ဘယ်သူ့ကိုမှ မပြောပါဘူး။”
မျက်နှာဝိုင်းလေးကခေါင်းခါပြသဖြင့် လူပေါင် သက်ပြင်းချနိုင်တော့သည်။
“အဖေနဲ့ အမေကိုလည်း သွားမပြောနဲ့ဦး။ မဟုတ်လို့ကတော့... ဟင်းဟင်းး။”
လူပေါင်က ခြိမ်းခြောက်လိုက်သည်။ အကယ်၍ လူကြီးများသိသွားလျှင် သူ၏ရတနာများမှာ မလုံခြုံတော့ဘဲ သူပိုင်ဆိုင်သော မြေကွက်အကြောင်းပါ ပေါ်သွားနိုင်သောကြောင့်ဖြစ်သည်။
မျက်နှာဝိုင်းလေးက ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“အွန်းပါဆို ဒါဆိုရင် ညီမလေးကို ကျားပေါက်လေး တစ်ကောင် ပေးမလားဟင်။ တစ်ကောင်ပဲလေနော် ရမလား။”
“အိပ်မက်မက်မနေနဲ့။ ခြေလက်သန့်စင်ပြီး သွားအိပ်တော့။ အိပ်မက်ထဲမှာပဲ ရလိမ့်မယ်။”
လုပေါင် ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ ကျားကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ထိုစဉ် လုပေါင်၏ဖုန်းမြည်လာသည်။ လုလင်းဟွာ ဆီမှ ဖုန်းဖြစ်သည်။ ရေအောက်ရတနာရှာဖွေမှုကို မည်သည့်အချိန်တွင် ဆက်လုပ်မည်နည်းဟု မေးမြန်းခြင်းဖြစ်သည်။ ယခုအခါ အင်တာနက်ပေါ်မှ သုသေတနပညာရှင် များက လုပေါင်အား ထိုနေရာကို ထုတ်ဖော်ပြောကြားရန်နှင့် ရှေးဟောင်းသင်္ဘောပျက်များကို နိုင်ငံတော်သို့ အပ်နှံရန် ဖိအားပေးနေကြသည်။
Ocean Live Stream ပလက်ဖောင်းပင်လျှင် ဖိအားအချို့ ကြုံတွေ့နေရသည်။
“သူတို့ကို အိပ်မက်မက်မနေဖို့ ပြောလိုက်။ ပြီးခဲ့တဲ့တစ်ခါ မျောက်ဘုရင် နေတဲ့နေရာကို မေးတုန်းကလည်း ရွှေနဲ့ မျောက်ဝိုင်ကိုပဲ မျက်စိကျနေကြတာ မဟုတ်လား။ သူတို့က ငါ့ကို အတ္တကြီးတယ်လို့ ပြောတယ်ဆိုတော့လည်း အေးလေ အဲဒီအတိုင်းပဲ ထားလိုက်။ ကိုယ့်ဘာသာကိုယ် ရှာကြပေါ့။ မနက်ဖြန်ကျရင် ငါ တခြားဟာတွေ တင်ဦးမယ်။ စိတ်ထဲရှိရင် ရေအောက်ကနေ Live လွှင့်ပြီး သူတို့ကို ဒေါသထွက်အောင် လုပ်ဦးမှာ။”
လုပေါင်သည် ကိုယ်ကျင့်တရားအား အကြောင်းပြပြီး သူတစ်ပါးအပေါ် ဩဇာပေးလိုသူများကို အလွန်မုန်းတီးသည်။
“မနက်ဖြန် ငါ တောင်ပေါ်သွားပြီး တောင်စောင့်နတ်ကျောင်းမှာ တာဝန်တစ်ခု ပြီးအောင်လုပ်ရဦးမယ်။ ရလာမယ့် ဆုလာဘ်တွေကိုပဲ ငါ စိတ်ဝင်စားတယ်။ အဲဒီ ပညာရှင်တွေ ဘာပြောပြော ငါဂရုမစိုက်ဘူး။”
မျက်နှာဝိုင်းလေး ရောက်လာသဖြင့် အိမ်ထဲတွင် ကြက်ကပျံခွေးကခုန်နှင့် ပို၍ပင် ဆူညံတော့သွားသည်။
နေဝင်ရီအချိန်တွင် အမုန့်သည် ယွမ်တစ်သောင်း ကို ယူဆောင်လာပြီး လူပေါင်အား အတင်းပေးနေသည်။ သူက အသံထွက်ရန် ကြိုးစားရင်း ဖုန်းထဲမှ စာသားကို ပြသည်။
“ဦးလေးဖင်း ဒီငွေတွေကို ပြန်ယူသွားလိုက်ပါ။ ပလက်ဖောင်းကနေ ဒီငွေတွေ အကုန်လုံး ထုတ်လို့မရဘူးလား။”
လုပေါင်က အကောင့်ကို ကြည့်လိုက်ရာ အမုန့်တွင် ထုတ်ယူရန် ငွေ ၁၁၀,၀၀၀ ကျန်နေသေးသည်ကို တွေ့ရသည်။အမုန့်က လက်ဟန်ခြေဟန်ဖြင့် ရှင်းပြသည်။ စာချုပ်မချုပ်ထားသော Streamer များမှာ တစ်ရက်လျှင် ငွေတစ်သောင်းသာ ထုတ်ယူခွင့်ရှိပြီး ကျန်ရှိသောငွေများကို တဖြည်းဖြည်းချင်းသာ ထုတ်ယူရမည်ဖြစ်သည်။
“ဦးလေးဖင်း ကျွန်တော် ဒီငွေကို တကယ်မလိုချင်ပါဘူး။ ကျွန်တော် ဒီထက်အများကြီး ပိုရှာနိုင်ပါတယ်။ ဦးလေးလည်း သိသားပဲ ဒါကြောင့် ကျွန်တော့်အပေါ် အားနာမနေပါနဲ့။”
လုပေါင်ကအမုန့်ပေးသောငွေကို ငြင်းပယ်လိုက်သည်။အမုန့်အတွက်သာ ထိုငွေက ပို၍ လိုအပ်မည်ဖြစ်သည်။
အမုန့်သည် ငွေထုတ်ပြီးနောက် သူအတွက် တစ်ပြားမှမချန်ဘဲ လုပေါင်ကို ကျေးဇူးဆပ်ရန် ယူလာခဲ့ခြင်းဖြစ်သည်။
လုပေါင် ငြင်းလိုက်သဖြင့် အမုန့်သည် လက်ထဲမှငွေကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူသည် နောင်တွင်လည်း လုပေါင်နှင့်အတူ Live လွှင့်ချင်နေမှန်း လုပေါင် ရိပ်မိသည်။ သို့သော် လူပေါင်၏ ရှေ့ဆက်သွားမည့် ခရီးစဉ်များမှာ အလွန်အန္တရာယ်များလှသည်။
အမုန့်သည် မှောင်ရီပျိုးချိန်အထိ တုံ့ဆိုင်းနေပြီးမှ ပြန်သွားရှာသည်။ လုပေါင်ကမူ သူနှင့်အတူ Live လွှင့်ရန် ငြင်းဆိုထားဆဲဖြစ်သည်။
“အစ်ကိုကြီး ဘာတွေ ထုပ်ပိုးနေတာလဲ။”
မျက်နှာဝိုင်းလေးက အခန်းထဲ ပြေးဝင်လာပြီး လုပေါင်၏အိတ်ထဲမှ ပစ္စည်းများကို လိုက်ကြည့်သည်။ သူမက ရှေးဟောင်းတူရိယာတစ်ခုကို ကိုင်ရန် ကြိုးစားသော်လည်း လုပေါင်က သူမခေါင်းကို ခေါက်လိုက်သည်။
“လျှောက်မကိုင်နဲ့။”
လူပေါင်ကမျက်စောင်းထိုးရင်း ပြောလိုက်သည်။
“မင်းအိတ်ထဲမှာ ငါ့ရဲ့ ရွှေတုံး ငွေတုံးတွေ ကဘယ်လိုရောက်နေတာလဲ။ မင်း အိတ်မတုန်းက အထဲက အသံကို ငါ ကြားသားပဲ။”
မျက်နှာဝိုင်းလေးမှာလုပေါင်၏ရွှေတုံးအချို့ကို ခိုးယူထားခြင်းဖြစ်သော်လည်း လုပေါင်၏ ထက်မြက်သော အကြားအာရုံကို မလွတ်နိုင်ခဲ့ပေ။
“အစ်ကိုကြီးက ညီမလေးကို ငွေတစ်သိန်း ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်လေ။ဒါဆို ပြန်ပေးစရာ မလိုတော့ဘူးပေါ့။ဟော... ဟိုမှာအဖွားခေါ်နေသလိုပဲ။သွားကြည့်လိုက်ဦးမယ်နော်။”
မိန်းကလေးမှာ စကားလမ်းကြောင်းလွှဲကာ ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။
“ဒီငွေမက်တဲ့ ကလေးမလေးတော့။”
လုပေါင် တွေးကြည့်သည်။ ဤအတိုင်းဆိုလျှင် သူ ရှုံးနေမည်။ အခွင့်အရေးရလျှင် ၎င်းတို့ကို ပြန်ခိုးယူရမည်ဟု သူ တေးထားလိုက်သည်။
“သူခိုးမလေး။သူခိုးမလေး။”
နှင်းလုံးလေးကလည်း ထအော်တော့သည်။