အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း ၄၃ - တောထဲမှာအသက်ပျောက်သွားနိုင်တယ်။
နောက်တစ်နေ့နံနက်ပိုင်းတွင် လုပေါင်သည် စောစောနိုးလာပြီး သူ၏ ဝတ်နေကျ တောလိုက်စစ်ဝတ်စုံဟောင်းကို ထုတ်ဝတ်လိုက်သည်။တောထဲဝင်သည့်အခါ ကျွမ်းကျင်သူတစ်ယောက်နှင့် တူစေရန်ဖြစ်သည်။
ယခင်က ရွာသားအားလုံးနီးပါးမှာ တောလိုက်ခြင်းနှင့် တောင်ပေါ်မှ ဆေးဘက်ဝင်အပင်များ ရှာဖွေခြင်းဖြင့် အသက်မွေးခဲ့ကြသဖြင့် အိမ်တိုင်းတွင် တောလိုက်ကိရိယာအချို့ ရှိကြစမြဲပင်ဖြစ်သည်။
လုပေါင်သည် လေးအကြီးစားတစ်လက်နှင့် ဆေးမြစ်များထည့်ရန်အတွက် ခြင်းတောင်းတစ်လုံးကို ကျောပိုး၍ ခွေးနှစ်ကောင်နှင့် ကြက်တူရွေးတစ်ကောင်ကို ခေါ်ဆောင်၍ တောင်တန်းများဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
မျက်နှာဝိုင်းလေးကိုမူ ခေါ်မလာခဲ့ပေ။ သူမကိုခေါ်လာခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်စေလိမ့်မည်။
“စနစ်... အကောင်းဆုံးလမ်းကြောင်းကို ရွေးပေးစမ်း။”
[သင့်အတွက် အသင့်တော်ဆုံး လမ်းကြောင်းကို ရွေးချယ်ပြီးပါပြီ။
ပထမဦးဆုံးအနေဖြင့် သူသည် တောင်စောင့်နတ်ကျောင်း ကို ရှာဖွေမည်ဖြစ်သည်။ ပင်လယ်ကြမ်းပြင်မှ သင်္ဘောပျက်နှင့် နီလာသိုက်များမျက်စောင်းထိုးနေသော ထိုပညာရှင်များသည် မနာလိုဖြစ်ပြီး ကျန်ခဲ့ပါစေတော့။မည်သို့ပင်ဖြစ်စေကာမူ သူဘာမှထုတ်မပြောခြင်းက ဥပဒေချိုးဖောက်ရာ မရောက်ပေ။
“ဝုတ် ဝုတ်”
ဒါပေါင်သည် ပျော်ရွှင်စွာ ပြေးလွှားရင်းဦးဆောင်လာနေသည်။သူသည် ဤတောင်ပေါ်ရွာလေးကို အလွန်ချစ်မြတ်နိုးသောခွေးဖြစ်သည်။မြို့ပေါ်တွင်နေရခြင်းက သူ၏ကုန်ခမ်းနိုင်စွမ်းမရှိသော အားအင်များကို ထုတ်သုံးခွင့်မရစေပေ။
ဟေးမီကလည်း ဒါပေါင်နှင့်အတူ ယှဉ်ပြိုင်ဆော့ကစားနေတော့သည်။
“နှင်းလုံးလေးရေ... လမ်းမပျောက်စေနဲ့ဦးနော်။”
နှင်းလုံးလေးသည် ဟိုဟိုဒီဒီ အစာလိုက်ရှာနေသည်ကို မြင်သောအခါ လုပေါင်က အော်၍သတိပေးလိုက်ရသည်။
“ဝိုးးးး”
တောင်ပေါ်မှ မှိုများ၊ဆေးဖက်ဝင်အပင်များ၊ မှိုနက်များနှင့် တောသီးများစွာရှိနေသည်။လုပေါင်တွင် အချိန်ပိုများရှိသဖြင့် တွေ့သမျှ ကောင်းနိုးရာရာများကို အကုန်ခူးထည့်နေသည်။ဒါပေါင်ကမူ တစ်မီတာကျော်ရှည်သော မြွေတစ်ကောင်ကို ပါးစပ်ဖြင့်ကိုက်သတ်ကာ ယူလာပေးသည်။ ၎င်းမှာ အလွန်ကောင်းသော ဟင်းလျာတစ်ခွက် ဖြစ်ပေလိမ့်မည်။
“ဟဲဟဲ”
“ဖယ်စမ်း... ဒီအသားမဲကတော့”
လုပေါင်ကဖားတစ်ကောင်ကို ကိုက်ချီလာသော ဟေးမီကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ဤခွေးသည် သူ့ကို ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက်ပေးနေခြင်းဖြစ်ပြီး ဖားကိုပင် သူ့အား သယ်ခိုင်းနေသေးသည်။
သူသည် အချိန်ဖြုန်းမနေတော့ဘဲ တောင်စောင့်နတ်ကျောင်းရှိရာသို့ ခြေလှမ်းကျဲကျဲဖြင့် မြန်နိုင်သမျှမြန်အောင် လျှောက်လာခဲ့သည်။
တစ်နာရီခန့်အကြာ နတ်ကျောင်းသို့ရောက်ရန် မိနစ် ၃၀ ခန့်အလိုတွင် လုပေါင်သည် သူ၏ စူပါ Live eye ကို ဖွင့်ကာ live စတင်ထုတ်လွှင့်လိုက်သည်။
Ocean Live Stream ၏ ဆာဗာများကို အဆင့်မြှင့်တင်ပြီးနောက် ထုတ်လွှင့်မှုမှာ ယခင်ကထက် ပို၍ချောမွေ့လာသည်။ အန်နာဘဲလ် နှင့် သူမ၏အဖွဲ့မှာလည်း မပြန်ကြသေးဘဲ လုပေါင်၏ Live လွှင့်မည့်အချိန်ကို စောင့်မျှော်နေကြသည်။
ပြီးခဲ့သည့်တစ်ခေါက်က သူတို့ အရှက်တကွဲ ဖြစ်ခဲ့ရသည်။ တရုတ်လူမျိုးများက Live Stream ကို ဤမျှ စွဲလန်းနေကြလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ပို၍ပင် အံ့ဩစရာကောင်းသည်မှာ တရုတ်လူမျိုး Streamer များ၏ ကြောက်မက်ဖွယ် စွမ်းဆောင်ရည်ပင် ဖြစ်သည်။
ဝံပုလွေများနှင့် အတူအိပ်ခြင်း၊ ကျားဂူထဲတွင် ကျားကိုပွတ်သပ်ခြင်း၊ မျောက်ဖြူဂူထဲတွင် မျောက်ဘုရင်ကို အနိုင်ယူခြင်း၊ ဝေလငါးဝမ်းဗိုက်ထဲမှ အဖိုးတန်အန်ဖတ် ကို ထုတ်ယူခြင်း၊ ပင်လယ်ကြမ်းပြင်တွင် ရတနာရှာခြင်း၊ ရှားပါးလှသော မျောက်အရက်၊ လျှို့ဝှက်ဆန်းကြယ်သည့် ပင်လယ်မြွေဟောက်ကြီး၊ ရှေးဟောင်းသင်္ဘောပျက်ကြီးနှင့် တန်ဖိုးမဖြတ်နိုင်သော နီလာတွင်းများ။ အားလုံးမှာ လွန်ခဲ့သော နှစ်ရက်အတွင်း အိပ်မက်တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။
“ဥက္ကဋ္ဌလု... တို့ရဲ့ ရတနာနတ်ဘုရားက ဒီနေ့ ဘယ်အချိန်မှာ Live လွှင့်မှာလဲ။”
ဂရေးသည်လည်း လုပေါင်၏ အမာခံပရိသတ်တစ်ဦး ဖြစ်လာခဲ့သည်။ လုပေါင် Live လွှင့်တိုင်း Ocean Treasure လက်ဆောင်များကို မဖြစ်မနေ ပေးပို့လေ့ရှိသည်။
လူပေါင်သည် သူမ၏နှလုံးသားထဲတွင် နတ်သားတစ်ပါးကဲ့သို့ပင်ဖြစ်လာခဲ့သည်။
“မစ္စတာဂရေး... အချိန်အတိအကျတော့ မရှိပါဘူး။ ရတနာနတ်ဘုရားရဲ့ Live က ပုံမှန် streamer တွေနဲ့မတူဘဲ စိတ်ကူးပေါက်ရင်ပေါက်သလို လွှင့်တတ်တာမို့လို့ ဘယ်အချိန် စမလဲဆိုတာ ကျွန်တော်တို့လည်း အတိအကျမသိနိုင်ပါဘူး။”
လုလင်းဟွာမှာ ဤအချက်ကို သိချင်နေသော်လည်း လုပေါင်မှာ သူတို့ ထိန်းချုပ်နိုင်သည့် သာမန် Streamer တစ်ဦးမဟုတ်ပေ။
လုပေါင်က Live လွှင့်ပေးသည်ကိုပင် သူက ကျေးဇူးတင်နေရခြင်း ဖြစ်သည်။
“Live စပြီ။”
“ဆရာ... ရတနာနတ်ဘုရား Live လွှင့်နေပြီ။”
“ဘာ ချက်ချင်းပြောင်းလိုက် အဖွဲ့သားတွေ... အထူးကဏ္ဍတစ်ခုကို အခုချက်ချင်း ပြင်ဆင်လိုက်ကြတော့။”
လုပေါင်သည် မထင်ထားသည့်အချိန်တွင် ရုတ်တရက် Liveကို စတင်လိုက်ခြင်း ဖြစ်သည်။
အန်နာဘဲလ်နှင့် သူမ၏အဖွဲ့သည် ချက်ချင်းပင် အလုပ်ရှုပ်သွားကြသည်။ အကယ်၍ ယခင်တစ်ခေါက်ကကဲ့သို့ ထပ်ဖြစ်လျှင် သူတို့ ဤနေရာတွင် ဆက်နေစရာ အကြောင်းမရှိတော့ပေ။
ပရိသတ်များကမူ ထိုထက်ပို၍ စိတ်အားထက်သန်နေကြသည်။
လက်ဆောင်များမှာ နေရာအနှံ့မှ ဝင်ရောက်လာသည်။ယခင်ကလို ကန့်သတ်ချက်များမှာ ရှိနေဆဲဖြစ်သော်လည်း Fan Level ၈ နှင့်အထက်ရှိသူများမှာ စကားပြောခွင့်ရသဖြင့် လူပေါင် ဝင်လာသည်နှင့် တစ်ပြိုင်နက် လက်ဆောင်များဖြင့် ဝိုင်းဝန်းဂုဏ်ပြုကြတော့သည်။
“Level 8 အထက် အထူးအဖွဲ့ဝင်တစ်ဦး Live ထဲသို့ ဝင်ရောက်လာပါပြီ။”
“ဝိုး... ရှာဖွေရေးလား အရမ်းစိတ်လှုပ်ရှားဖို့ကောင်းမှာပဲ။”
“ဝက်ဝံနက်ကြီး ဘယ်မှာလဲ။ ဝက်ဝံနက်ကြီးကို သွားရှာကြစို့။”
“ငါတို့တွေ ငွေကုန်ကြေးကျခံထားရတာဆိုတော့ နည်းနည်းတော့ ရိုင်းရိုင်းပြောခွင့်ရှိမယ် ထင်တယ်။ လုပေါင်... ငါ့ကို အဖေလို့ ခေါ်စမ်းပါဦး။”
“Level 15 Fan Badge က အောင်မြင်သွားပါပြီ။”
“အခုလို စည်းကမ်းချက်တွေ ရှိတာက ပိုကောင်းပါတယ်။ မဟုတ်ရင် Ocean Treasure တွေ ပေးထားလည်း စကားတစ်ခွန်းမှ ပြောခွင့်ရမှာ မဟုတ်ဘူး။”
စနစ်တကျ သတ်မှတ်ထားသော Mode ကြောင့် ပရိသတ်များမှာ ပို၍ သက်တောင့်သက်သာ ရှိလာကြသည်။ထို့သို့မဟုတ်လျှင် ယခင်ကကဲ့သို့ပင် လက်ဆောင်များ၊ Effect များနှင့် စာတိုများ ပြည့်နှက်နေခြင်းက ကြည့်ရသူများကို အနှောင့်အယှက် ဖြစ်စေသောကြောင့် ဖြစ်သည်။
ကြည့်ရှုသူဦးရေမှာလည်း ၃ သိန်း... ၅ သိန်း... ၈ သိန်း စသည်ဖြင့် အရှိန်အဟုန်ဖြင့် တိုးပွားလာသည်။ လုပေါင်က ကင်မရာကို လက်ပြနှုတ်ဆက်ရင်း ပြောလိုက်သည်။
“မဂ်လာပါ ပရိတ်သက်တို့ရေ... ဒီနေ့ Live ကတော့ တောတွင်းရှာဖွေးရေးပဲ ဖြစ်ပါတယ်။ကျွန်တော် ပင်လယ်အောက်ခြေကို မသွားရဲတော့ဘူး။သုသေတနပညာရှင်တွေက တွေ့သမျှ အကုန်အပ်ခိုင်းနေကြတာကျွန်တော် တော်တော်ကြောက်သွားပါပြီဗျာထောင်ဒဏ်တွေနဲ့တောင် ခြိမ်းခြောက်နေကြတာဆိုတော့ ပင်လယ်ထဲက ဘယ်နေရာမှာ ဘာရှိလဲဆိုတာတောင် ကြောက်လွန်းလို့ မေ့ကုန်ပါပြီ။ သူတို့ဘာသာသူတို့ပဲ ရှာကြည့်ကြပါစေတော့။”
မနေ့ညက သုသေတနပညာရှင်များ၏ ခြိမ်းခြောက်မှုများကို သူ ပြန်လည်ဖတ်ရှုခဲ့ရာတွင် အချို့က ပစ္စည်းများ မအပ်နှံခြင်းမှာ မည်သို့သော ပြစ်မှုမြောက်ကြောင်းထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ကျခံရနိုင်ကြောင်း စသည်ဖြင့် ရယ်စရာကောင်းသော ခြိမ်းခြောက်မှုများကို တွေ့ခဲ့ရခြင်း ဖြစ်သည်။
ထင်သည့်အတိုင်းပင် Live ထဲတွင် သုသေတန ပညာရှင်များကို ဆဲဆိုသံများ ပြည့်နှက်သွားသည်။ ပရိသတ်များကလည်း ထိုယလူများ၏ အမြင်များနှင့် ခြိမ်းခြောက်မှုများကို ဝိုင်းဝန်းဝေဖန်နေကြတော့သည်။
“ကျွန်တော်က တောင်ပေါ်သားဆိုတော့ တောင်ပေါ်အကြောင်းပဲ ပြောကြတာပေါ့။ ဒီနေ့တော့ ကျွန်တော်တို့ တောင်တန်းကြီးတွေရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေပြီး ဒီမှာရှာတွေ့နိုင်တဲ့ ရတနာသေတ္တာတွေကို ရှာကြမယ်။ ကဲ... ကျွန်တော် ရှာထားတာလေးတွေကို ကြည့်ဦး။ မှိုတွေ ဆေးမြစ်တွေ၊ ပြီးတော့ မြွေတစ်ကောင်။ ဒီမြွေကို ခွေးက ကိုက်သတ်လိုက်တာနော်၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး။”
ယခုခေတ်တွင် မြွေမျိုးစိတ်အားလုံးနီးပါးမှာ ဘေးမဲ့ပေးထားသော သတ္တဝါများ ဖြစ်သည်။
“ဟဲဟဲ”
ဒါပေါင်သည် လျှာကြီးထုတ်၍ မောပန်းစွာ ပြေးလာသည်။ နှင်းလုံးလေးကမူ ဒါပေါင်၏ ခေါင်းပေါ်တွင် နားနေသည်။
ဟေးမီကလည်း လုပေါင်နောက်မှ တကောက်ကောက် လိုက်လာသည်။ တစ်နာရီကြာ အောင် တောင်တက်ရမည့် ခရီးမှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
တောင်တက်လမ်းမှာ ကြမ်းတမ်းသောကြောင့် ခရီးသွားရသည်က ပို၍ခက်ခဲလာခဲ့သည်။နောက်ဆုံးတွင် သူတို့သည် ထူထပ်လှသော တောအုပ်တစ်ခုထဲသို့ ရောက်ရှိလာကြသည်။
ဤတောင်တန်းများ၏ အလယ်တွင် ယခုကဲ့သို့ စိမ်းစိုသော တောအုပ်ကြီးရှိနေလိမ့်မည်ဟု လူပေါင် မထင်ထားမိပေ။ မြေပြင်တွင် သစ်ရွက်ခြောက်များနှင့် ငှက်ချေးများ ထူထပ်စွာ ဖုံးလွှမ်းနေသည်။ သစ်ပင်များတွင် နွယ်ပင်များက တွဲလောင်းကျနေပြီး ငှက်ကလေးများကလည်း တစာစာ အော်မြည်နေကြသည်။
“ဝုတ် ဝုတ်”
ဒါပေါင်သည် ခေါင်းနီမြွေပွေးတစ်ကောင်ကို ကြည့်ကာ ဟိန်းဟောက်ပြီး နောက်သို့ ဆုတ်လိုက်သည်။
“ဒါပေါင်... ဒီကိုပြန်လာခဲ့။”
လုပေါင်က ချက်ချင်းပင် လှမ်းခေါ်လိုက်ရသည်။ထိုကောင်တွေကို ခေါ်လာခဲ့မိသည်မှာ မှားပြီဟု သူ ရုတ်တရက် နောင်တရသွားခဲ့သည်။ ဤနေရာ၏ အန္တရာယ်မှာ သူထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းလှသည်။
သူသည် သူ၏လေးကို အသင့်ပြင်လိုက်ထားသည်။ ဤတောအုပ်ထဲတွင် အေးစိမ့်မှက အလွန်ပြင်းထန်နေပြီး ပင့်ကူများ၊ မြွေဆိုးများနှင့် ကင်းခြေများကဲ့သို့သော သတ္တဝါများ အလွန်ပေါများသည်။
ဒါပေါင်က သူ၏တာဝန်အတိုင်း လုပေါင်၏ ရှေ့မှနေ၍ လမ်းရှင်းပေးသည်။နှင်းလုံးလေးမှာ ဤပတ်ဝန်းကျင်နှင့် အသားကျနေပြီဖြစ်၍ ဟိုဟိုဒီဒီ ပျံသန်းရင်း လူပေါင်ကို တစ်ချက်တစ်ချက် ကြည့်ပေးနေသည်။
“ဟဲဟဲ။”
ဟေးမီကလည်းလုပေါင်ဘေးမှ လိုက်ပါလာသည်။
“ဒိုင်းးး”
အဝေးမှကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။ သစ်ရွက်များ ကြွေကျလာပြီး ငှက်များမှာလည်း လန့်ဖျန့်ကာ ပျံတက်သွားကြသည်။
လုပေါင် အံ့ဩသွားသည်။ ခွေးနှစ်ကောင်လုံးမှာ အမြီးကို မလှုပ်တော့ဘဲ တောနက်ထဲသို့ စိုက်ကြည့်နေကြသည်။
“ဒါ သေနတ်သံလား။”
လုပေါင် အတွေးလွန်သွားသည်။တောလိုက်သမားများဆိုလျှင် ဤမျှနက်ရှိုင်းသော နေရာအထိ ဘာကြောင့် လာကြသနည်း။ဤနေရာ တောလမ်းအနှင့် မိုင်ပေါင်း ၇၀ ခန့် ဝေးသောနေရာဖြစ်သည်။
ယခင်က တောလိုက်အဖွဲ့များပင်လျှင် ဤမျှအထိ မလာကြပေ။
လူပေါင်သည် စနစ်၏ မြေပုံကို ကြည့်လိုက်ရာ မိုင် ၅၀ ပတ်လည်တွင် မည်သည့်ကျေးရွာမျှ မရှိသည်ကို တွေ့ရသည်။
‘တောလိုက်သမားတွေလား။မှောင်ခိုသမားတွေလား။ဒါမှမဟုတ်... သင်္ချိုင်းသူခိုးတွေလား။’
ရုတ်တရက် သူ သတိပြုမိလိုက်သည်မှာ ၎င်းမှာ သေနတ်သံမဟုတ်ဘဲ လက်လုပ်ယမ်းတစ်ခုပေါက်ကွဲသံ ဖြစ်နိုင်သည်ဟူ၍ပင်။
“နှင်းလုံးလေး... အဲဒီနေရာကို သွားကြည့်လိုက်။သတိထားနော်။”
လုပေါင်က နှင်းလုံးလေးကို အသံထွက်ပေါ်လာရာ နေရာသို့ ညွှန်ပြလိုက်သည်။
“နားလည်ပါပြီ...”
နှင်းလုံးလေးသည် အတောင်ပံများကို ခတ်ကာ ချက်ချင်းပင် ထိုနေရာသို့ပျံသန်းထွက်ခွာသွားတော့သည်။
အခန်း ၄၄ - ကျွန်တော့်နာမည် ရှပေါင်ပါ။
ချုံပုတ်များကြားတွင် စစ်တပ်သုံးအစိမ်းရောင် တဲအကြီးစားတစ်လုံးကို တည်ဆောက်ထားသည်။လူတစ်စုမှာ အိုးတစ်လုံးကို ဝိုင်းထား၍ ခေါက်ဆွဲစားနေကြပြီး အနီးအနားရှိ မီးဖိုဘေးတွင်မူ မွှေးကြိုင်လှသော တောင်ဆိတ်တစ်ကောင်ကို လှည့်၍ ဖုတ်နေကြသည်။
“မစ္စတာဟွမ်... အခုဆိုရင် တစ်ပတ်တောင် ကျော်သွားပြီ။ခင်ဗျားပြောတဲ့ နတ်တောင်ရှိတယ်ဆိုတာက သေချာရဲ့လား။”
ဆံပင်အနက်ရောင် ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်ဖြောင့်ဖြောင့်နှင့် အမျိုးသားတစ်ဦးသည် ဘေးတွင်ဝင်ထိုင်ရင်း ရေဘူးထဲကရေကို တစ်ငုံနှစ်ငုံ သောက်လိုက်ကာ မေးလိုက်သည်။
“ဒီမှာဆိုတာ သေချာပါတယ်။”
စောင်ပေါ်တွင်လဲလျောင်းနေသော မစ္စတာဟွမ်သည် အားယူ၍ ထိုင်လိုက်သည်။ဖြူဖျော့နေသော သူ၏မျက်နှာဖြင့် မြေပုံကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အားနည်းသောအသံဖြင့်ဆိုသည်။
“တည်နေရာက မှန်တယ်။ အခု ငါတို့ ဒီနေရာကို ဖြည်းဖြည်းချင်း အသေးစိတ် ရှာဖို့ပဲ လိုတော့တာ။”
“ကျုပ်တို့ တူးလိုက်ရတဲ့ ကျင်းပေါင်း ၂၈ ကျင်းတောင် ရှိနေပြီဗျ။တစ်ပတ်လုံးလုံး တူးနေရတာ။ ဒီစစ်ဝတ်စုံ တွေတောင် စုတ်ပြတ်နေပြီ။ခင်ဗျားက ဖြည်းဖြည်းချင်းရှာပါဆိုတော့ ကျုပ်တို့က ဘယ်လောက်အထိ ဆက်ရှာနေရဦးမှာလဲဗျ။”
ဆိတ်သားဖုတ်နေသူမှာ ပေပေတေတေနှင့် အရပ်ပုပု လူတစ်ယောက်ဖြစ်သည်။ ထိုစကားကို ကြားသောအခါ သူက ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူ၏ခန္ဓာကိုယ်နှင့် အံကိုက်ဖြစ်နေသော အိတ်အသေးလေးများစွာ ပါရှိသည့် စစ်ဝတ်စုံကို ဝတ်ဆင်ထားသည်။
“ငါ မင်းတို့ကို ငှားဖို့ ငါးသန်းတောင် အကုန်အကျခံထားရတာ။အခု ငါ ဒီလောက်နေမကောင်းဖြစ်နေတာတောင် မပြန်သေးဘူးဆိုတာ မင်းတို့ကို နောက်နေတယ်လို့ ထင်နေသေးလား။”
မစ္စတာဟွမ်၏ အကြည့်များ ချက်ချင်း အေးစက်သွားသည်။ သူ နေမကောင်းဖြစ်နေသော်လည်း သူ၏ အရှိန်အဝါမှာ မှေးမှိန်သွားခြင်းမရှိပေ။
သူ့နောက်မှ သက်တော်စောင့်များမှာလည်း တိုက်ခိုက်တော့မည့်ပုံစံဖြင့် အဆင်သင့်အနေအထား ဖြစ်သွားကြသည်။
“တောင်လေး...မင်းငြိမ်ငြိမ်နေစမ်း။”
ဆံပင်အနက်ရောင်နှင့် အစ်ကိုကြီးဖြစ်သူက ထိုလူပုလေးကို ငေါက်လိုက်ပြီးနောက် ပြုံးကာ
“နေရာမှန်တယ်ဆိုရင်တော့ ကျုပ်တို့ တွေ့မှာသေချာပါတယ်။ ကဲ... အားလုံး စိတ်အေးအေးထားကြ။”
ထိုသူများမှာ သူတို့နောက်က သစ်ပင်ပေါ်တွင် ကြက်တူရွေးဖြူကြီးတစ်ကောင်က ခေါင်းစောင်းကာ သူတို့ကို စူးစမ်းကြည့်နေသည်ကို သတိမထားမိကြပေ။ခနအကြာတွင် ထိုကြက်တူရွေးလေးမှာ ပျံသန်းထွက်ခွာသွားတော့သည်။
“သင်္ချိုင်းသူခိုးတွေပဲ...”
ကြက်တူရွေးကြီး၏ အသံတုပမှုကို ကြားသောအခါ လုပေါင်မှာ စဉ်းစားရခက်သွားတော့သည်။
‘ဘယ်လိုကံတရားပါလိမ့်။ သင်္ချိုင်းသူခိုးတွေနဲ့မှ လာတိုးရတယ်လို့...’
ထို့အပြင် ဒီနေရာက လက်မှတ်ထိုးဝင်ရမည့်နေရာလည်း ဖြစ်နေသည်။တောင်စောင့်နတ်ကျောင်းက ဒီနားမှာပဲ ရှိနေသည်။သင်္ချိုင်းသူခိုးတစ်စုက ဤနေရာတွင် ဂူသင်္ချိုင်းများ ရှာနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
Live လွှင့်တာကို ကြည့်နေသော ပရိသတ်များမှာမူ အလွန်စိတ်လှုပ်ရှားနေကြသည်။
“ဘုရားရေ... တောင်ထဲမှာ တကယ့်သင်္ချိုင်းသူခိုးတွေနဲ့ တိုးတာပဲ ဒါဆို The Grave Robbers Chronicles ကအပြင်လောကမှာ တကယ်ရှိနေတာပေါ့။”
“ချလွင်.. ချလွင်... ချလွင်။”
ရုတ်တရက် ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ခေါင်းလောင်းသံများ ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်သွားသည်။
လုပေါင် လန့်ဖြန့်သွားတော့သည်။ သူ လှည့်ကြည့်လိုက်သောအခါ ဟေးမီ သည် ခေါင်းလေးစောင်းကာ ခေါင်းလောင်းတစ်ခုကို အံ့ဩတကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ခြေထောက်မှာ မြေပြင်ပေါ်ရှိ ဝါယာကြိုးတစ်ခုပေါ်သို့ တတ်နင်းမိနေခြင်းဖြစ်သည်။သူသည် သိချင်စိတ်ဖြင့် နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်နင်းလိုက်သေးသည်။
ထိုအခါမှသာပတ်ဝန်းကျင်တစ်ခုလုံးတွင် မမြင်နိုင်လောက်အောင် သေးငယ်သော ဝါယာကြိုးများကို တတ်ဆင်ထားကြောင်း လုပေါင် သတိပြုမိသွားသည်။ ထိုကြိုးများကို ထိမိသည်နှင့် ခေါင်းလောင်းများ မြည်လာမည်ဖြစ်သည်။
“မင်းကတော့ ပြသနာရှာတဲ့ကောင်ပဲ။”
လုပေါင် မျက်မှောင်ကြုတ်သွားသည်။
‘ဒီခွေးကိုဘာလို့ခေါ်လာမိပါလိမ့်။’
နှင်းလုံးလေးမှာမူ အဝေးသို့ ပျံသန်းသွားပြီဖြစ်သည်။မသွားခင် လူပေါင်ကို နှုတ်သီးဖြင့် တစ်ချက်ဆိတ်ကာ တောနက်ထဲသို့ ပျောက်ကွယ်သွားသည်။
“သွားတော့။”
သူတို့ ထောင်ချောက်မိသွားပြီဖြစ်ကြောင်း လုပေါင် သိလိုက်သည်။သူသည် အနားရှိ ဒါပေါင် ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ပြေးခိုင်းလိုက်သည်။
ထိုသုံးစားမရတဲ့ခွေးကိုလည်း
“မင်းလည်း သွားတော့။”
သူကို တွေ့သွားလျှင် ပြသနာမရှိနိုင်သော်လည်း ခွေးနှစ်ကောင်ရှိနေခြင်းက အဆင်မပြေလှပေ။ ၎င်းတို့မှာ သာမန်ခွေးများသာ မဟုတ်သောကြောင့်ဖြစ်သည်။
ဒါပေါင်သည် လုပေါင်ကို တစ်ချက်ကြည့်ကာ တောထဲသို့ပျံသွားသော စနိုးဘောနောက်သို့ လိုက်၍ ပြေးလွှား ထွက်ခွာသွားသည်။
ဟေးမီမှာ မှင်သေသေလုပ်နေတုန်းဖြစ်သည်။
“ရော့ ရော့ ရော့”
လူပေါင်က ထိုခွေးသောက်တုံး၏ ခေါင်းကို ရိုက်လိုက်သည်။
သူ့နောက်မှ ခြေသံသဲ့သဲ့ကို ကြားရသော်လည်း လုပေါင်က မကြားချင်ယောင်ဆောင်၍ ခွေးခေါင်းကိုသာ ပွတ်ပေးနေလိုက်သည်။
“တောလိုက်သမားလား။”
“ဒီနားမှာ တောလိုက်သမား ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”
လုပေါင် ထရပ်ကာ လှည့်ကြည့်လိုက်သောအခါ လေးများ သေနတ်များ ဓားမြှောင်များ ကိုင်ဆောင်ထားသော လူဆယ်ယောက်ကျော်မှာ သူ့ကို ဝိုင်းထားသည်ကို တွေ့ရသည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ။”
လုပေါင်က ဒေါသထွက်နေသော မျက်နှာဖြင့် အော်ပြောလိုက်သည်။
“ခင်ဗျားတို့ အတင့်ရဲလှချည်လား ဒါက နတ်တောင်ကွ။ ခွင့်ပြုချက်မရှိဘဲ ဒီတောင်ထဲဝင်ရင် တောင်စောင့်နတ်က အပြစ်ပေးလိမ့်မယ်။”
ထိုသူများမှာ ဝိုင်းထားခြင်းခံရသည့်တိုင် လုပေါင်သည် ဤမျှ သတ္တိရှိနေလိမ့်မည်ဟု မထင်ထားကြပေ။
လုပေါင်က နတ်တောင် ဟူသော စကားလုံးကို ပြောလိုက်သောအခါ သူတို့၏မျက်နှာတွင် အံ့ဩခြင်း သံသယဖြစ်ခြင်းနှင့် စိတ်လှုပ်ရှားခြင်း စသည့် အမူအရာမျိုးစုံ ပေါ်လာသည်။
“ဟဲဟဲ...”
ဟေးမီက သူ၏သခင်လေးကို အံ့ဩတကြီး ကြည့်နေသည်။
‘ဘာတွေ လျှောက်ပြောနေတာလဲ။’
“ဟေး... ကိုလူချောလေး မင်းက ဘယ်သူလဲ။ မင်းပြောတဲ့ နတ်တောင်ဆိုတာ ဒီမှာရှိတာလား။”
ဆွဲဆောင်မှုရှိသောကိုယ်လုံးကိုယ်ပေါက်နှင့် အမျိုးသမီးတစ်ဦး သူတို့ဆီသို့ လျှောက်လာသည်။ သူမ ဝတ်ထားသော စစ်ဝတ်စုံသည် သူမ၏ ထင်ရှားလှသော ကိုယ်လုံးကိုယ်ပေါက်ကို မဖုံးကွယ်နိုင်ပေ။
သူမ၏ ညှို့ယူဖမ်းစားနိုင်သော မျက်လုံးလေးများက လုပေါင်၏ ရင်ကို တုန်လှုပ်သွားစေသည်။
‘ငါကတော့ အရင်ခေတ်ကအမျိုးသားတွေလို မိန်းမလှလေးတွေ့ရင် မနေနိုင်တဲ့အထဲ ပါပုံရတယ်။’
“ကျွန်တော်လား...ကျွန်တော်က ဒီနတ်တောင်ကို စောင့်ရှောက်တဲ့ (၁၂) ဆက်မြောက် အုပ်ထိန်းသူ လေ။ ကျွန်တော့်နာမည်က ရှပေါင်။”
လုပေါင်ကဂုဏ်ယူစွာဖြင့် ခေါင်းကိုမော့ကာ
“ကျွန်တော်က ဒီရွာမှာ အတော်ဆုံး လက်ဖြောင့်တိုက်ခိုက်ရေးသမားပဲ။ ဒါနဲ့... ခင်ဗျားက ဘယ်သူလဲ။”
ထိုသို့ပြောပြီးနောက် လူယုပေါင်သည် ထိုအမျိုးသမီး၏ ရင်ဘတ်ကို တည်တည်တံ့တံ့ ကြည့်ကာ လက်ညှိုးထိုးပြီး
“အဲဒီထဲမှာ ဘာတွေဝှက်ထားတာလဲ။ ထုတ်ပြစမ်း။ နတ်တောင်က ပူဇော်သက္ကာတွေကို ခိုးလာတာလား။”
“ရွှီးးး”
မြားတစ်စင်းသည် လုပေါင်၏ နားဘေးမှ ဝှေ့ခနဲ ဖြတ်ပျံသွားပြီး အဝေးရှိ ချုံပုတ်ထဲသို့ စိုက်ဝင်သွားသည်။ လုပေါင်ကမူ နေရာကပင် မရွေ့ပေ
“ဒါ ဘာသဘောလဲ။”
လုပေါင်က အံ့ဩဟန်ဆောင်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
ပစ်လိုက်သူမှာ အသားညိုညိုနှင့် အမျိုးသားတစ်ဦး ဖြစ်သည်။ လူပေါင်က မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ သူ မျက်မှောင်ကြုတ်သွားသည်။ လေ့ကျင့်ထားသူတစ်ယောက်ဆိုလျှင် ချက်ချင်း တုံ့ပြန်နိုင်ရမည် မဟုတ်ပါလား။
“ဒီသတင်းကို ငါတို့အပြင် တခြားဘယ်သူ သိသေးလဲ။”
အစ်ကိုကြီးကမစ္စတာဟွမ်ကို တိုးတိုးလေး မေးလိုက်သည်။
“ဒီကောင် ပေါ်လာတာ တော်တော်ထူးဆန်းတယ်။”
မစ္စတာဟွမ်က ခေတ္တစဉ်းစားကာ
“ရတနာမြေပုံရဲ့ အရင်းအမြစ်က မသေချာသလို အချက်အလက်တွေကလည်း ဝေဝါးနေတယ်။ ဒါပေမဲ့ ဒီကောင်က နတ်တောင်၊တောင်စောင့်နတ် ဆိုတဲ့ စကားလုံးတွေကို ပြောနေတာဆိုတော့ သူ တစ်ခုခုသိမှာ သေချာတယ်။ သူ့ကို လွှတ်မပေးနဲ့။”
“ဒီအနား မိုင်ပေါင်းများစွာမှာ လူသူမရှိဘူး။ ဒီလိုလူမျိုး ပေါ်လာတာ သတိထားတာ အကောင်းဆုံးပဲ။”
“အင်း...”
သူတို့လာတာကို ဘယ်သူမှ မသိသလို လမ်းတစ်ဝက်မှာလည်း ဘယ်သူမှ လူမခွဲခဲ့ကြပေ။ ဆက်သွယ်ရေးကိရိယာများလည်း အလုပ်မလုပ်သဖြင့် ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လိမ့်မည်ဟု သူတို့ ယူဆလိုက်ကြသည်။
ထိုအချိန်တွင် လုပေါင်သည် ဟေးမီကို ပွေ့ချီကာ ထိုအမျိုးသမီးလှလှလေးနှင့် စကားပြောနေသည်။ ခေတ္တမျှ စကားပြောပြီးနောက် သူတို့နှစ်ဦးမှာ သူငယ်ချင်းများ သဖွယ် ဖြစ်သွားကြသည်။
“ဒီကောင့်နာမည်က အမဲကောင်တဲ့။ ကြည့်ဦးတစ်ကိုယ်လုံးမဲသဲနေတာပဲ ကျွန်တော့်အဘိုးက ပြောတယ် ဒီအကောင်က တောင်ပေါ်မှာ ကင်းလှည့်တဲ့ ခွေးဖြစ်သလို မကောင်းဆိုးဝါးတွေကိုလည်း နှင်ထုတ်နိုင်တယ်တဲ့။ နတ်တောင်ထဲ လမ်းလျှောက်ထွက်ရင် သူ့ကို ခေါ်သွားမှ ဖြစ်မယ်။မဟုတ်ရင် မကောင်းတာတစ်ခုခုနဲ့ တိုးလိမ့်မယ်။
သူက ခွေးနက်ကြီးကို ချီကာ ထိုအမျိုးသမီးဆီသို့ တိုးပေးလိုက်ပြီး
“မမဂျွန်ဂျွန် သူ့ကို ကိုင်ကြည့်ပါဦး။ မမကို ကံကောင်းစေလိမ့်မယ်။”
ချန်ဂျွန်ဂျွန် သည် အင်တင်တင် ဖြစ်နေသော ခွေးနက်ကြီးကို ကြည့်လိုက်မိသည်။ထို့နောက် အလေးအနက် ပြောနေသော လုပေါင်ကို ကြည့်ရင်း ရယ်မောလိုက်သည်။
“ကျေးဇူးပဲ မောင်လေး။ဒါနဲ့ သူ့ကို ဘာလို့ အမဲကောင် လို့ ခေါ်တာလဲ”
“မသိဘူးလေ အဲ့တာအဘိုးပေးထားတဲ့ နာမည်ပဲ။”
လူပေါင်ကတည်တည်ငြိမ်ငြိမ်ပင် ဖြေလိုက်သည်။
“ဟဲဟဲ”
‘ကျွန်တော့်နာမည်က ဟေးမီ မဟုတ်လား။’
ဟေးမီမှာ တွေးမရနိုင် ဖြစ်နေသည်။
‘ငါ့နာမည် အမဲကောင်လား ဟေးမီလား။ သခင်လေးက ငါ့နာမည်ကို ဘယ်လိုများ မေ့သွားရတာလဲ။’
“ချစ်စရာကောင်းတဲ့ ခွေးလေးပဲ။ လာ... မမ ချီရအောင်။”
“ဂီးး ဂီးး”
‘ဖယ်စမ်းပါ ငါကလူမသမီးတွေနဲ့ ဓာတ်မတည့်ဘူး သွား သွား ‘
ခွေးနက်ကြီးက သွားအဖြဲသားဖြင့် ဟိန်းဟောက်လိုက်သည်။
“ဂျွန်ဂျွန်... ဒီကို ခဏလာဦး။”
အစ်ကိုကြီးက လက်လှမ်းပြကာ ချန်ဂျွန်ဂျွန်ကို ခေါ်လိုက်သည်။ စကားအနည်းငယ် ပြောပြီးနောက် သူမ လူပေါင်ရှိရာသို့ ပြန်ရောက်လာသည်။