အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း ၄၅ - မြားကို လက်ညှိုးဖြင့်ဖမ်းခြင်းနှင့် ကျည်ဆန်ရှောင်ခြင်း။
“မောင်လေး... မင်းက ဒီမှာ ဘာလုပ်နေတာလဲ။”
ချန်ဂျွန်ဂျွန် သည် ခွေးကိုပွေ့ချီထားသော လုပေါင် ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ကျွန်တော် တောင်တစ်ပတ်ကို ကင်းလှည့်နေတာပါ။ ရွာစည်းကမ်းအရ တစ်လတစ်ခါ ကင်းလှည့်ရတယ် မလှည့်ရင် ကြိမ်ဒဏ်ပေး ခံရမှာ။ ဟော... အချိန်တောင် ရောက်ပြီပဲ။”
လုပေါင်သည် ကောင်းကင်ကို မော့ကြည့်ကာ လက်ထဲမှ ဟေးမီ ပစ်ချလိုက်ပြီး ဆေးခြင်းတောင်းထဲမှ နှဲ ပလွေ တစ်လက်ကို ထုတ်ယူလိုက်သည်။
“ဟဲဟဲ”
ဟေးမီသည် မြေပြင်ပေါ်မှ ပြန်ထကာ မကျေနပ်သလို အသံပြုသည်။
“ဒါက ပလွေ မဟုတ်လား။”
“ဘယ်အချိန်တုန်းက ရောက်တာလဲ။”
သူတို့အားလုံး စိတ်မသက်မသာ ဖြစ်သွားကြသည်။လုပေါင်၏ ပုံစံမှာ ထူးဆန်းလွန်းလှပြီး အန္တရာယ်တစ်ခုခု ကျရောက်တော့မည့် အငွေ့အသက်မျိုး ပေးစွမ်းနေသည်။
Live လွှင့်တာကို ကြည့်ရှုသူဦးရေမှာ ၅.၆ သန်းအထိ ရှိနေပြီဖြစ်သည်။တောတွင်းရှာဖွေရေးကို ရိုက်ကူးနေရင်း သင်္ချိုင်းသူခိုးတစ်စုနှင့် တိုးခြင်းမှာ အလွန်ကြီးမားသော တိုက်ဆိုင်မှုပင်ဖြစ်သည်။ပရိသတ်များကို ပို၍ အံ့အားသင့်စေသည်မှာ လုပေါင်သည် ထွက်မပြေးသည့်အပြင် သူတို့ကိုပါ လှည့်စားရန် ကြိုးစားနေခြင်းဖြစ်သည်။
“ဒီမိန်းကလေးက တော်တော်လေး ဆွဲဆောင်မှုရှိတာပဲနော်။”
“ကျွန်တော်တော့ ဒီမမကို သဘောကျမိပြီ။ အရမ်းလှတာပဲ ဒီလောက်လှတဲ့သူ ထောင်ကျရမယ်ဆိုတာ တွေးမိရင် ဝမ်းနည်းဖို့ကောင်းလိုက်တာ။”
“ဟားဟားဟား... ရတနာနတ်ဘုရားကို ဆက်ပြီ ဟန်ဆောင်ခိုင်းမနေနဲ့တော့ သူက သရုပ်ဆောင် ပီပြင်လွန်းတယ်။”
“သူက တကယ့်ရုပ်ရှင်မင်းသားအတိုင်း သရုပ်ဆောင်နေတာ။”
“သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ရဲတိုင်သင့်တယ်ထင်လား။ သူ့ကံကလည်း တော်တော်ဆိုးတာပဲ တောကောင်တွေနဲ့ မတိုးဘဲ ရက်စက်တဲ့ သင်္ချိုင်းသူခိုးတွေနဲ့မှ သွားတိုးရတယ်လို့။”
ပရိသတ်အားလုံးက ဒါဟာ ကြီးမားတဲ့ တိုက်ဆိုင်မှုကြီးတစ်ခုလို့ပဲ ထင်နေကြသည်။
လုပေါင်သည် ပလွေကို စတင်မှုတ်လိုက်တော့သည်။ ၎င်းမှာ ပျော်ရွှင်ခြင်း ဟူသော သီချင်းတစ်ပုဒ်ဖြစ်သည်။
တရုတ်ရိုးရာ တူရိယာများထဲတွင် ပလွေသည် ဘုရင်တစ်ပါးပင်ဖြစ်သည်။ ၎င်း၏အသံမှာ လူတစ်သောက်၏ ဝိညာဉ်အထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိသည်။
ဟေးမီ ချန်ဂျွန်ဂျွန်နှင့် သင်္ချိုင်းသူခိုးများပါ အံ့ဩမှင်သက်သွားကြသည်။ အဝေးမှ ချောင်းကြည့်နေသော ဒါပေါင် နှင့် သစ်ပင်ပေါ်မှ နှင်းလုံးလေးပင်လျှင် ခေါင်းလေးစောင်းကာ နားထောင်နေကြသည်။
“အစ်ကိုကြီး...”
သင်္ချိုင်းသူခိုးတစ်ဦးကအချက်ပေးကာ ပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်လိုက်သည်။
“လူအချို့ကို ခေါ်ပြီး ပတ်ပတ်လည်ကို သွားစစ်ဆေးလိုက်။ တစ်ခုခုဖြစ်ရင် ချက်ချင်း အချက်ပြမီးလွှတ်။”
အစ်ကိုကြီးကပြောလိုက်သည်။ သူသည် လုပေါင်ကို မတားမြစ်တော့ဘဲ လုပေါင်မှာ တကယ့်တောင်စောင့်ကင်းသမားတစ်ဦး ဖြစ်လိမ့်မည်ဟု စတင်ယုံကြည်လာသည်။ မဟုတ်လျှင် ယခုခေတ်တွင် မည်သူက ပလွေ မှုတ်တတ်ဦးမည်နည်း။
မကြာမီ လူအချို့မှာ အရပ်းလေးမျက်နှာသို့ လူစုခွဲထွက်သွားကြတော့သည်။လုပေါင်သည်သူတို့ကို တစ်ချက်ဝေ့ကြည့်ကာ ဆက်လက်မှုတ်နေသည်။
နာရီဝက်ခန့်အကြာတွင် ချန်ဂျွန်ဂျွန်သည် လုပေါင်အပေါ် အလွန်ရင်းနှီးစွာ ဆက်ဆံလာပြီး တောင်ဆိတ်ကင်များကိုပင် ကျွေးမွေးနေသည်။သူတို့ သူငယ်ချင်းတွေ ဖြစ်သွားကြပြီဟုပင် ထင်ရသည်။ကင်းထောက်များ ပြန်မလာသေးသဖြင့် လုပေါင်က ဒါပေါင်အတွက် အနည်းငယ် စိုးရိမ်နေသော်လည်း မည်သည့်အသံမျှ မကြားရသဖြင့် ခွေးမှာ ပုန်းနေလောက်ပြီဟု သူ ယူဆလိုက်သည်။
“မောင်လေး... မင်းပြောတဲ့ ပူဇော်သက္ကာတွေက ဘယ်မှာလဲ။ ဘယ်လိုမျိုးတွေလဲ။”
ချန်ဂျွန်ဂျွန်က သတင်းစတင်နှိုက်တော့သည်။ သင်္ချိုင်းသူခိုးအဖွဲ့ကလည်း နားစွင့်နေကြသည်။ သူတို့ တစ်ပတ်လုံးလုံး တူးနေသော်လည်း ဘာမှမတွေ့ရသေးပေ။
“သိပ်တော့ အသုံးမဝင်ပါဘူး အိုးဟောင်း အိုးပျက်တွေပါပဲ။”
လုပေါင်ကဆိတ်ခြေထောက်တစ်ဖက်ကို အားရပါးရ ကိုက်ရင်း ပြောလိုက်သည်။ သူ တကယ်ပဲ ဆာလောင်နေခဲ့ခြင်းဖြစ်သည်။ ဟေးမီမှာလည်း အမြီးတယမ်းယမ်းဖြင့် အားရပါးရ စားနေသည်။
အားလုံး၏ အာရုံမှာ လုပေါင်ဆီသို့ ရောက်ရှိနေပြီး သူပြောသမျှကို နားစွင့်နေကြသည်။
“အဲဒါတွေ ဘယ်မှာလဲ မမတို့ကို ပြကြည့်လို့ရမလား။”
ချန်ဂျွန်ဂျွန်ကနောက်ထပ် ဆိတ်ခြေထောက်တစ်ဖက်ကို ကမ်းပေးရင်း မေးသည်။
“သိပ်မဝေးပါဘူး ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီကို မသွားရဲဘူး။”
လုပေါင်ကဆိတ်ခြေထောက်တစ်ဖက်ဖြင့် အဝေးရှိ သစ်ပင်ကြီးများ ဖုံးလွှမ်းနေသော တောင်ကုန်းငယ်လေးကို ညွှန်ပြလိုက်သည်။
“မမ... ဒီပေါ်ကို ငရုတ်သီးမှုန့်လေး နည်းနည်း ထပ်ဖြူးပေးပါဦး။”
“အားထိုင်... ငရုတ်သီးမှုန့် ယူခဲ့လိုက်။”
ထိုသူများ အားလုံး ချက်ချင်းပင်စိတ်လှုပ်ရှားသွားကြသည်။သူတို့ ရှာနေသည့်နေရာမှာ လုပေါင်ညွှန်ပြသည့် ဧရိယာထဲတွင် ပါဝင်နေသော်လည်း သေချာ မရှာရသေးသည့် နေရာဖြစ်သည်။
“ဦးလေး... ဒီနေရာမှာ သစ်ပင်တွေက ပုံမှန်ထက် ထူထပ်နေတာဆိုတော့ ဂူသင်္ချိုင်းကြီး ရှိနိုင်တယ်လို့ ဦးလေးပြောခဲ့တာ မဟုတ်လား။ မစ္စတာဟွမ်ရဲ့ မြေပုံကလည်း မှန်ပုံရတယ်။”
အစ်ကိုကြီးက ဆံပင်အဖြူနှင့် အဘိုးကြီးအနားသို့ သွားကာ တိုးတိုးလေး ပြောလိုက်သည်။
“ရှောင်ဟူ... ဒီကောင်လေးက သာမန် မဟုတ်ဘူး။”
အဘိုးကြီးက လူပေါင်ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ရင်း ပြောသည်။
“ဘယ်လိုဖြစ်လို့လဲ”
ခွမ်းဟူ က မျက်မှောင်ကြုတ်ကာ
“သူက တော်တော်ထူးဆန်းတယ်။ တောလိုက်သမားတစ်ယောက်ရဲ့ တုံ့ပြန်မှုမျိုးလည်း မရှိဘူး အပြုအမူကလည်း တောသားနဲ့ မတူဘူး။”
သူ ပြီးခဲ့သည့်တစ်ခေါက် မြားဖြင့် စမ်းသပ်စဉ်က လုပေါင်သည် လုံးဝ တုံ့ပြန်မှု မရှိခဲ့သည်ကို သူ သတိရလိုက်သည်။ တောင်ပေါ်မှာ တစ်နှစ်ပတ်လုံး နေထိုင်သော တောလိုက်သမားတစ်ဦးမှာ ဤမျှ တုံ့ပြန်မှု မရှိခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။
“သူ့ပလွေက အသစ်စက်စက်ပဲ။ဖိနပ်က ပေနေပေမဲ့ နာမည်ကြီးတံဆိပ်ဖြစ်နေတယ်။ အင်္ကျီက ဟောင်းနေပေမဲ့ သူ့အတွက် အရမ်းသေးနေတယ် ဒါ သူ့အင်္ကျီ မဟုတ်လောက်ဘူး။သူ ဘယ်လို သိနေလဲတော့ မသိပေမဲ့ ငါတို့ ဒုက္ခရောက်နိုင်တယ်။ တစ်စုံတစ်ယောက်က ငါတို့ကို ဒါမှမဟုတ် ဒီသင်္ချိုင်းကို စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်။”
ဆယ်စုနှစ်ပေါင်းများစွာ သင်္ချိုင်းခိုးတူးလာသော အဘိုးကြီး၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်။ခွမ်းဟူ သည် အခြေအနေကို နားလည်သွားပြီး သူ၏ခါးကြားမှ စစ်သုံးဓားမြှောင်ကို တိတ်တဆိတ် ကိုင်လိုက်သည်။
ထိုစဉ် ကင်းထောက်သွားသော သင်္ချိုင်းသူခိုးတစ်ဦး ပြန်ရောက်လာပြီး ခွမ်းဟူ အနားသို့ တိုးကပ်သွားသည်။
“အနောက်ဘက် ချုံထဲမှာ ဘော်ဒါကိုလီခွေးတစ်ကောင် ပုန်းနေတာ တွေ့တယ်။ရဲခွေးတော့ မဟုတ်ပုံရဘူး၊ ဒါပေမဲ့ ဒီအနားမှာပဲ ပုန်းနေတာ။ တခြားလူတော့ မတွေ့ဘူး။”
“အင်း...”
လုပေါင်သည် သူ၏ စူးရှသော အကြားအာရုံကြောင့် သူတို့၏ နှလုံးခုန်သံကိုပင် ကြားနေရသဖြင့် သူတို့ပြောသမျှကို အကုန်ကြားနေနေသည်။သူကဟေးမီ ၏ ခေါင်းကို ရိုက်လိုက်သည်။
“ဝုတ်။”
ခွေးနက်ကြီးက ခေါင်းမော့ကြည့်သည်။
‘ငါ့ကိုဘာလို့ ရိုက်တာလဲ။’
ဒါပေါင်နှင့် ယှဉ်လျှင် ဤခွေးမှာ ဉာဏ်ရည် အနည်းငယ် နိမ့်ပါးနေဆဲ ဖြစ်သည်။
ပရိသတ်များက သူ အစားအသောက် အလကားစားရအောင် ဟန်ဆောင်နေသည်ကို ကြည့်ပြီး ရယ်မောနေစဉ်မှာပင် လုပေါင်သည် ရုတ်တရက် ထရပ်လိုက်ပြီး စားလက်စ ဆိတ်ခြေထောက်ကို ခြင်းတောင်းထဲ ပစ်ထည့်လိုက်သည်။
“မောင်လေး... ဗိုက်ဝပြီလား။”
ချန်ဂျွန်ဂျွန် အံ့ဩသွားသည်။
‘စောစောကမှငတ်ပြတ်နေသူတစ်ယောက်လို အားရပါးရ စားနေပြီးမှ အခု ဘာလို့ ရုတ်တရက် ထရပ်လိုက်တာလဲ။’
“ဗိုက်မဝသေးပါဘူး ဒါပေမဲ့ ဆက်စားလို့ မဖြစ်တော့ဘူး။”
လုပေါင်သည် ဟေးမီကို ဆွဲမလိုက်ပြီး မြားတောင့်ကို ကျောမှာလွယ်ကာ လေးကို ကောက်ကိုင်လိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ အလွန်မြန်ဆန်သဖြင့် ချန်ဂျွန်ဂျွန်၏ မျက်နှာ ပျက်သွားတော့သည်။
အခြား သင်္ချိုင်းသူခိုးများလည်း စတင် စိုးရိမ်လာကြသည်။ သက်တော်စောင့်အချို့က မစ္စတာဟွမ်၏ ရှေ့တွင် ကာကွယ်လိုက်ကြသည်။
“ဘာပြဿနာ ရှိလို့လဲ”
“ဟဲဟဲ...”
ဟေးမီမှာလည်း ရုတ်တရက် အမ ခံလိုက်ရသဖြင့် ရုန်းကန်နေသော်လည်း သူ၏သခင်လေး၏ မျက်နှာမှာ ထူးထူးခြားခြား ဖြစ်နေသည်ကို သတိပြုမိသွားသည်။
“မောင်လေး.. မင်း ဘာလုပ်မလို့လဲ။”
ချန်ဂျွန်ဂျွန်သည်လည်းသူမ၏ခြေထောက်နားမှ ဓားမြှောင်ကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။
“ခင်ဗျားတို့နဲ့ ရင်ဆိုင်ရမယ်မှန်း သိရင် ကျွန်တော် ဒီထက်ပိုပြီး ပြင်ဆင်လာခဲ့မှာပါ။ ကျွန်တော်ရဲ့သရုပ်ဆောင်မှုက အားနည်းချက်တွ ပေါ်လွင်နေတော့ ခင်ဗျားတို့ကို လှည့်စားလို့ မရတော့ဘူးပဲ။”
လူပေါင်ကရယ်မောရင်းသူတို့ကို ဝေ့ကြည့်လိုက်သည်။
“ကျွန်တော့်ကို လွှတ်ပေးမှာလား။ဒါမှမဟုတ် တိုက်ခိုက်ကြမှာလား။”
“ရွှီ...”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် မြားတစ်စင်း ရုတ်တရက် လုပေါင်ဆီရာသို့ ပေါ်ထွက်လာသည်။လူပေါင်သည် လက်လှမ်းလိုက်ပြီး သတ္တုဖြင့်လုပ်ထားသော မြားခေါင်းကို လက်ညှိုးနှင့် လက်မကို သုံးကာ ဖမ်းလိုက်သည်။ မြား၏ အမြီးပိုင်းမှာ တုန်ခါနေဆဲ ဖြစ်သည်။
“သတိထားကြ သူက သိုင်းသမားပဲ။”
“ဘာကြီးလဲဟ။”
အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြသည်။ ရှေးဟောင်းသိုင်းပညာရှင်အချို့မှာ မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ သိကြသည်။ မျက်နှာအမူအရာ မပျက်ဘဲ မြားကို လက်ဖြင့်ဖမ်းနိုင်ခြင်းမှာ မယုံနိုင်လောက်အောင် အားအင်ကြီးမားမှသာ ဖြစ်နိုင်သည်။
“ဒိုင်းးး”
သင်္ချိုင်းသူခိုးတစ်ဦးက သေနတ်ဖြင့် လှမ်းပစ်လိုက်သည်။လုပေါင်၏ ကိုယ်ခန္ဓာမှာ လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး သစ်ပင်ကြီးတစ်ပင်၏ နောက်သို့ ရှောင်ဝင်လိုက်သည်။ သစ်ခေါက်များ လွင့်စင်သွားပြီး မီးခိုးပြာများ ထွက်ပေါ်လာတော့သည်။
လုပေါင်သည် ခွေးကိုပွေ့လျက် သစ်ပင်နောက်မှ ထွက်လာသည်။ သူက သစ်ပင်ပင်စည်ကို အေးအေးဆေးဆေး ကြည့်ရင်း ပြောလိုက်သည်။
“ခင်ဗျားတို့က တော်တော်ရက်စက်တာပဲ။ ဘာမှတောင် မမေးဘဲ သတ်ဖို့ ကြိုးစားနေကြတာလား။”
“မင်း တကယ်ပဲ ဘယ်သူလဲ။”
ခွမ်းဟူ၏ မျက်နှာမှာ အတော်တင်းမာနေပြီဖြစ်သည်။ မြားကို လက်ဖြင့်ဖမ်းပြီး ကျည်ဆန်ကို ရှောင်နိုင်ခြင်းမှာ သာမန်လူတစ်ယောက် မလုပ်နိုင်သည့် ကိစ္စမျိုးဖြစ်သည်။
“အူး...”
ခွေးနက်ကြီးမှာမူ ထိတ်လန့်တကြား ဘေးဘီကို ကြည့်နေသည်။
‘ဒီလောက်ထိလုပ်ဖို့ လိုလို့လား ငါ သူတို့အသားလေး နည်းနည်းပဲ စားရသေးတာကို။’
အခန်း ၄၆ - အသွင်ပြောင်းကျား။
လုပေါင်သည် ခွေးကိုပွတ်သပ်ပေးပြီးနောက် ပြန်ချထားလိုက်သည်။ဟေးမီသည် ချက်ချင်းပင် ချုံပုတ်ထဲသို့ ပြေးဝင်ပုန်းအောင်းသွားပြီး ပြန်ထွက်မလာတော့ပေ။
“ဟဲဟဲ...”
တုန်တုန်ရင်ရင်ဖြင့် ခွေးနက်ကြီးသည် ခေါင်းလေးပြူထွက်ကာ ဟောင်လိုက်သည်။
“ဝုတ် ဝုတ်”
‘သခင်လေး... ခင်ဗျားလည်း ဒီထဲမှာ လာပုန်းပါလား။’
Ocean Live Stream ကြည့်ရှုသူများမှာလည်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနေကြသည်။ Live လွှင့်သည့်အခန်းထဲတွင် လက်ဆောင်များမှာ ပျံဝဲနေပြီး သူဌေးကြီးအချို့မှာ စကားပြောခွင့်ရရန်အတွက် ငွေများကို အလုအယက် သုံးစွဲနေကြသည်။စကားပြောခွင့် ကန့်သတ်ချက်မှာ သူတို့အတွက် အလွန်အနှောင့်အယှက် ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
“ငါ အခု ဘာကို မြင်လိုက်တာလဲ။”
“လက်နဲ့ မြားကိုဖမ်းပြီး ကိုယ်လုံးလေးနဲ့တင်ကျည်ဆန်ကို ရှောင်တယ်။ဘုရားရေ... ငါ သိုင်းကားကြည့်နေရတာလား။”
“အမလေး... ကျောချမ်းစရာကြီး။”
“အရမ်းမိုက်တာပဲ အရမ်းချောတာပဲ ဝိုးဝိုးဝိုး”
“ဒီနေ့ကစပြီး ရတနာနတ်ဘုရားက ငါ့ရဲ့နည်းပြပဲ သူက ငါ့ရဲ့ အိုင်ဒေါပဲ။နောက်ခါ Live လွှင့်တိုင်း ငါ မဖြစ်မနေ လာကြည့်တော့မယ်။”
“ရတနာမြေပုံ လက်ဆောင်ပေးပြီးပြီ ရတနာနတ်ဘုရားရဲ့ အမာခံပရိတ်သက် ဖြစ်သွားပြီဟေ့။”
“ဒါက ငါ့ရဲ့ ကမ္ဘာကြီးအပေါ် အမြင်ကို မင်းကပြောင်းလဲပစ်လိုက်တာပဲလား။”
လုပေါင်၏ လှုပ်ရှားမှုများက ပရိသတ်ကို အံ့အားသင့်စေသည်။ မြားကို လက်တစ်ဖက်တည်းဖြင့် ဖမ်းခြင်းနှင့် ကျည်ဆန်ကို ကိုယ်လေး အနည်းငယ်ရွှေ့ကာ ရှောင်လိုက်ခြင်းမှာ အလွန်ပင် ကျော့ရှင်းသပ်ရက် လွန်းလှသဖြင့် ယခင်က သူ၏ အူကြောင်ကြောင်ပုံစံမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ကြည့်ရှုသူဦးရေမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာရာ အန်နာဘဲလ်ပင်လျှင် ထိုကိန်းဂဏန်းများကို ကြည့်ပြီး အံ့ဩနေမိသည်။
“၇.၀၉ သန်း... ၇.၁၃ သန်း...”
သူမ၏ အသံမှာ အဖွဲ့သားများကို ထိတ်လန့်စေသည်။သူတို့၏ ဆာဗာမှာ ကြည့်ရှုသူ သန်း ၂၀ အထိ လက်ခံနိုင်သော်လည်း ယခုကဲ့သို့ တိုးတက်နှုန်းနှင့်ဆိုလျှင် သူတို့ပင် ယုံကြည်မှု လျော့နည်းလာခဲ့သည်။
“တရုတ်သိုင်းပညာ။”
“တရုတ်သိုင်းပညာက တကယ် အံ့ဩဖို့ကောင်းတာပဲ။”
နိုင်ငံခြားသားများမှာ အံ့အားသင့်ပြီး ထိတ်လန့်တုန်လှုပ်နေကြသည်။ တရုတ်သိုင်းပညာက ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
Live လွှင့်သည့်အခန်းမှာ ပို၍ပင် ဆူညံလာသည်။
“မင်း ဘယ်သူလဲ။”
ခွမ်းဟူက မေးလိုက်ရင်း သူ၏အဖွဲ့သားများကို တိတ်တဆိတ် တိုက်ခိုက်ခြင်း မပြုရန် တားမြစ်လိုက်သည်။
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းက အလုပ်ဖြစ်မည်မဟုတ်ပေ။ သူတို့အဖွဲ့မှာလည်း သိုင်းပညာရှင်များ ပါဝင်သဖြင့် လုပေါင် မည်မျှသန်မာကြောင်း သိနေကြသည်။ ကျည်ဆန်ကိုတောင် ရှောင်နိုင်သူကို သူတို့ တကယ်ပဲ နာကျင်အောင် လုပ်နိုင်ပါ့မည်လော။
“ကျွန်တော်က မတော်တဆ ဒီကိုရောက်လာတဲ့ Streamer တစ်ယောက်ပါ။ တကယ်တော့ ခင်ဗျားတို့ကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ဒါပေမဲ့ ခင်ဗျားတို့ကသာ ကျွန်တော့်ကို ဝိုင်းထားတာလေ။”
လုပေါင်ကပြုံးရင်း သူ၏ခေါင်းပေါ်ကို ညွှန်ပြကာ
“ကြည့်ဦး... ဒါက ဘာလဲဆိုတာ။”
ပြာလဲ့သော အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး လုံးဝန်းသော စက်မျက်လုံး တစ်ခု ပေါ်လာကာ ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်။
“မင်း Live လွှင့်နေတာလား။”
ချန်ဂျွန်ဂျွန်သည် အသက်ရှူပင် မှားသွားပြီး လုပေါင်၏ခေါင်းပေါ်မှ အရာကို မယုံနိုင်တကြီး ကြည့်နေသည်။
“ဒါက ဘာကြီးလဲ။”
“ဟုတ်တယ်လေ ခင်ဗျားတို့ ကျွန်တော့်ကို မမှတ်မိဘူးလား။ ကျွန်တော်က Ocean Live ရဲ့ ရတနာနတ်ဘုရားလေ။ ဟားဟား။”
လူပေါင်ကမေးလေးကို အနည်းငယ် ၍ဂုဏ်ဆာသော မျက်နှာဘေးဖြင့်ပြောလိုက်သည်။
“ရတနာနတ်ဘုရား...”
“ဘယ်သူသိမှာလဲ။ တောင်လေး မင်းက Live တွေ ခဏခဏ ကြည့်တာဆိုတော့ သူ့ကို သိလား။”
“တစ်ခါမှ မကြားဖူးဘူး။ နာမည်မရှိတဲ့ Streamer အသေးစားလေး တစ်ယောက် ဖြစ်မှာပါ။”
“Streamer အသေးစားလေး ဖြစ်နေရင်တောင် ငါတို့တော့ ဒုက္ခရောက်ပြီဟ။”
သူတို့ အချင်းချင်း တိုးတိုးလေး ပြောနေကြသည်။အချို့က မျက်နှာကို အတင်းဖုံးရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။လူပေါင်၏ Live မှာ သူတို့၏မျက်နှာကို အကုန်လုံး ဖော်ပြပြီးသား ဖြစ်နေသည်။
‘Streamer အသေးစားလေး ဟုတ်လား။’
လုပေါင် ခေတ္တမျှ ကြောင်သွားပြီး မျက်စောင်းထိုးကာ ပြောလိုက်သည်။
“မင်းက ဘယ်သူ့ကို Streamer အသေးစားလို့ ခေါ်တာလဲ ဒီလူပုလေးရဲ့ ငါက အခု လောလောဆယ် ဒီလောကမှာ အတော်ဆုံး Streamer ပဲ။ ငါ့မှာ Fan ဆယ်သန်း ရှိတယ်ကွ။”
Fan ဆယ်သန်းနှင့် ယခု လက်ရှိ ကြည့်ရှုသူ ၇.၄ သန်း ရှိနေသည်။ ဤမျှ လူသိများသူကိုမှ နာမည်မရှိသူဟု ခေါ်ရသလား။
“Fan ဆယ်သန်းဆိုတာ မရှိတာတော့ မဟုတ်ဘူး။ဒါပေမဲ့ တော်တော်ရှားတယ်။ Ocean Live မှာတောင် Fan ဆယ်သန်းရှိတဲ့ Streamer အကြီးစား မရှိသေးဘူးလေ... ဒီမှာ တကယ်ရော လိုင်းမိလို့လား။”
တောင်လေးသည် Live များကို မကြာခဏ ကြည့်သူဖြစ်သဖြင့် ဤအကြောင်းများကို သိနေသည်။
“…”
လူပေါင်ခေတ္တ ငြိမ်သွားပြီးမှ ချက်ချင်း ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့ ဒီမှာနေတာ တစ်ပတ်ကျော်ပြီ မဟုတ်လား။အခုမှ ငါနားလည်သွားတော့တယ်။ခင်ဗျားတို့ ဒီမှာနေတာ တော်တော်ကြာနေပြီပဲ။ ပြီးခဲ့တဲ့ အပတ်က ငါ ကျားဂူထဲမှာ အိပ်ပြီး Live လွှင့်တာကို ခင်ဗျားတို့ မသိလိုက်ဘူးလား။”
ဒီလူတွေမှာ ကမ္ဘာကြီးနှင့် အဆက်ပြတ်နေသဖြင့် လူပေါင်၏ နာမည်ကျော် Live များနှင့် သတင်းများကို မသိကြခြင်း ဖြစ်နိုင်သည်။
သူတို့အဖွဲ့မှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။ လုပေါင်ချက်ချင်း နားလည်လိုက်သည်။သူတို့ အမှန်တကယ်ပင် မသိကြခြင်း ပင်ဖြစ်သည်။ Live ထဲမှ ပရိသတ်များမှာမူ လုပေါင်သည် ကြွားဝါရန် ကြိုးစားသော်လည်း မည်သူမှ မသိသဖြင့် အူတက်အောင် ရယ်နေကြတော့သည်။”
“ဟားဟား ဟားဟား ဟား”
“နာမည်မရှိတဲ့ Streamer လေးတဲ့ ဟားဟားဟား။”
“တော်တော် ရယ်ရတယ် ဖန်သားပြင်အပြင်ဘက်က ငါတောင် ရှက်မိတယ်။တကယ်လို့ သူတို့မှာ မြားတွေ သေနတ်တွေသာ မရှိရင် ဒါက ကြိုတင်စီစဉ်ထားတဲ့ ပြက်လုံးလို့တောင် ထင်မိမှာ ဟားဟား။”
လုပေါင်သည် မျက်စိကစားကာ ဘေးဘီကို ကြည့်လိုက်သည်။တကယ်ပဲ တစ်ယောက်မှ သူ့ကို မသိကြပေ။.
‘တောက်.. ဗဟုသုတ မရှိတဲ့ သင်္ချိုင်းသူခိုးအုပ်စု။’
“ကဲ... ထားလိုက်ပါတော့ မသိရင်လည်း မသိဘူးပေါ့။ အခု ခင်ဗျားတို့ လက်နက်ချမလားထွက်ပြေးမလား ဒါမှမဟုတ် ကျွန်တော့်နဲ့ဆက်တိုက်မလား။”
လုပေါင်က လက်ထဲက လေးကို ကိုင်ကာ မေးလိုက်သည်။
“ငါတို့ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြေးလေ။မင်း ဘာလိုချင်လဲသာ ပြောလိုက်။”
ခွမ်းဟူက ခဏငြိမ်ပြီးမှ ပြောလိုက်သည်။ သူ့ဘေးက အဘိုးကြီးကမူ ယမ်းကိရိယာအချို့ကို တိတ်တဆိတ် ထုတ်နေသည်။
“မဖြစ်နိုင်တော့ဘူး အခုဆိုရင် ရဟတ်ယာဉ်တွေ ဒီနေရာကို လာရှာနေလောက်ပြီ။ ခင်ဗျားတို့နဲ့ ကျွန်တော် မပတ်သက်ချင်ဘူး။ ကျွန်တော်က အကောင်းမြင်စိတ်ရှိတဲ့ Streamer တစ်ယောက်ပါ ခင်ဗျားတို့ပြောနေတာတွေက ကျွန်တော့်ကို သတ်နေတာနဲ့ အတူတူပဲ။”
လုပေါင်ကမျက်စောင်းထိုးလိုက်သည်။
ထို့နောက် လုပေါင်က အဘိုးကြီးကို ကြည့်ကာ ပြောလိုက်သည်။
“အဘိုးကြီး... အဲဒီဗုံးတွေနဲ့ ဆော့မနေနဲ့တော့။ ကျွန်တော်က ခင်ဗျားတို့ မျက်စိရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားနိုင်တယ်။ အဲဒီပစ္စည်းတွေက ကျွန်တော့်ကို မထိခိုက်နိုင်ဘူး။”
လုပေါင်အဖို့ ဗုံးမှာ ကျည်ဆန်ထက်ပင် ပို၍ အန္တရာယ်နည်းသေးသည်။ခွမ်းဟူ၏ မျက်နှာမှာပျက်သွားပြီး ဘေးကအဘိုးကြီးမှာလည်းသက်ပြင်းချလိုက်သည်။
“ငါ ကိုင်တွယ်လိုက်မယ်။”
ချန်ဂျွန်ဂျွန်က ခွမ်းဟူကို မျက်ရိပ်ပြလိုက်ပြီး လူပေါင်ကို ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ကြည့်ကာ ပြောသည်။
“မောင်လေး... တို့တွေက မိတ်ဆွေတွေပါရန်သူဖြစ်စရာ မလိုပါဘူး။မမကလည်း မောင်လေးကို အရမ်းချစ်မိသွားတာ။ တို့တွေ ပူးပေါင်းကြရင် မကောင်းဘူးလား။””
သူတို့မှာ လုပေါင်သည် မည်သူမှန်း အခုထိ မသိကြသေးပေ။
“မမ... ကျွန်တော်လည်း မမကို ချစ်ပါတယ် ဒါပေမဲ့ မရဘူး။ အခု ကျွန်တော့်ကို မျက်လုံးပေါင်း ၈ သန်းက စောင့်ကြည့်နေတာဗျ။ စက်မျက်လုံးကြီးကလေ။”
လူပေါင်က နှမြောတသဟန်ဖြင့် ချန်ဂျွန်ဂျွန်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“မမလို အရမ်းလှတဲ့သူက ဖျော်ဖြေရေးလောကထဲ ဝင်ရင် မင်းသမီးကြီးတွေကိုတောင် ကျော်တက်သွားမှာ။ ဘာလို့ ဒီလို အလုပ်မျိုး လာလုပ်ရတာလဲ။ ထောင်ကျသွားရင် ကျွန်တော့်ကို အပြစ်မတင်နဲ့နော်။ ကျွန်တော် တမင်လုပ်တာ မဟုတ်ဘူး၊ ခင်ဗျားတို့ဘာသာ ကျွန်တော့်ကို လာဝိုင်းကြတာလေ။”
စက်မျက်လုံးမှ ပြာလဲ့သောအလင်းတန်းများ ထွက်လာပြီး လူပေါင်၏နောက်ကွယ်တွင် ကြီးမားလှသော ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။
“ဒါ ဘာကြီးလဲ”
“တောက်...”
သင်္ချိုင်းသူခိုးများ အံ့ဩသွားကြသည်။ မစ္စတာဟွမ်၏ မျက်နှာမှာ ပို၍ပင် ပျက်သွားသည်။ သူ၏ အမှတ်အသားများက ပေါ်ကုန်ပြီဖြစ်ရာ ၎င်းမှာ ကြီးမားသော ပြဿနာပင်ဖြစ်သည်။
“မိသားစုဝင်တို့ရေ... Comment မှာ ၁၁၁၁၁ လို့ ရိုက်ပေးကြပါဦး။”
လုပေါင်က နောက်လှည့်မကြည့်ဘဲ လက်မြှောက်ကာ အချက်ပြလိုက်သည်။ Live ထဲတွင် ၁၁၁၁၁၁၁၁ ဟူသော စာတိုများမှာ မယုံနိုင်လောက်အောင် မြန်ဆန်စွာ ပြည့်နှက်သွားသည်။
ချန်ဂျွန်ဂျွန်နှင့်အခြားသူများမှာ အံ့အားသင့်သွားကြသည်။
‘ဒါတကယ့် Live လား။ဘယ်လို ပစ္စည်းမျိုးက ဒီလောက်အထိ အစွမ်းထက်ရတာလဲ။’
“ခုခံမနေပါနဲ့တော့...။”
လုပေါင်က ဆက်လက်ပြောရန် ပြင်လိုက်စဉ်မှာပင် တစ်ခုခု မှားယွင်းနေသည်ကို သူ ခံစားလိုက်ရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ သစ်တောအနီးတွင် ကြီးမားပြီး ဆွတ်ဆွတ်ဖြူနေသော သတ္တဝါကြီးတစ်ကောင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ ရွှေအိုရောင် မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။
၎င်းတွင် ခြင်္သေ့နှင့် ကျားတို့၏ လက္ခဏာများ ပေါင်းစပ်ထားသော ရွှေရောင်အစင်းကြောင်းများပါသည့် အဖြူရောင် အမွေးအမှင်များ ရှိသည်။ အရွယ်အစားမှာလည်း ကျားဂူထဲက ကျားမကြီးထက်ပင် ပို၍ ကြီးမားလှသည်။
“ဝေါင်းးးးးး”
ရုတ်တရက် ကျယ်လောင်လှသော ဟိန်းသံကြီး ထွက်ပေါ်လာသည်။တောအုပ်တစ်ခုလုံး တုန်ခါသွားပြီး သစ်ရွက်များ ကြွေကျကာ ငှက်များမှာလည်း လန့်ဖျန့်ပျံတက်ကုန်ကြသည်။ ချုံထဲတွင် ပုန်းနေသော ဟေးမီမှာ ကြောက်လွန်းသဖြင့် အသံထွက်ညည်းမိတော့သည်။
“ဒါ... ဒါ... အသွင်ပြောင်းကျားပဲ။”
အဘိုးကြီးကထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။