← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

စစ်အခြေစိုက်စခန်းထဲ၌ စစ်သားအုပ်စုများက မနက်ခင်း မြူနှင်းများကြားတွင် လေ့ကျင့်ခန်းလုပ်၍

ကာ အပြေးလေ့ကျင့်နေကြပြီး သူတို့၏ ကြွေးကြော်သံများက လေထုထဲတွင် ပဲ့တင်ထပ်နေ၏။

ထိုအမျိုးသားအများစုက စစ်တပ်သုံး လက်ပြတ်အင်္ကျီများကိုသာ ဝတ်ဆင်ထားကြပြီး တချို့က အင်္ကျီပင် မဝတ်ထားကြပေ။

သူတို့၏ လှုပ်ရှားမှုနှင့်အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ကြွက်သားအဖုအထစ်များက ယင်ရိလျို၏ မျက်လုံးများကို ဖမ်းစားထားလေသည်။

မည်သည့်နေရာကိုကြည့်သည်ဖြစ်သေ ကျန်းမာသန်စွမ်းပြီး လှပသော ခန္ဓာကိုယ်များကို တွေ့နိုင်သည်။

ယင်ရိလျို၏ အာရုံများက လေ့ကျင့်ရေးကွင်းထဲမှ အမျိုးသားများထံသို့ ရောက်ရှိနေသည်ကို မြင်ချိန်တွင် ကျင်းယန်၏ မကျေနပ်မှုက ပို၍ ပြင်းထန်လာခဲ့သည်။

သူက မိန်းကလေး၏ ဘေးနားသို့ လျှောက်သွားခဲ့ကာ သူ၏ ခန္ဓာကိုယ်ဖြင့် သူမ၏ စူးစိုက်နေသော အကြည့်များကို ပိတ်ဆို့လိုက်လေ၏။

ယင်ရိလျိုက သူမ၏ ရွှေပေါင်လုံးက စိတ်မချမ်းမသာ ဖြစ်နေသည်ကို သတိမထားမိပေ။

သူမက ခေါင်းကို စောင်း၍ အရှေ့မှ လူကို ပတ်၍ ကြည့်ရန်ပင် ကြိုးစားနေခဲ့၏။

ဤမျှ ကောင်းမွန်သော ခန္ဓာကိုယ်များကို ရှေ့တည့်တည့်တွင် မြင်နိုင်နေခေိန်၌ အဘယ်ကြောင့် အလွတ်ပေးနိုင်ပါမည်နည်း။

နောက်တစ်စက္ကန့်တွင် ကြီးမားသော လက်တစ်ဖက်က နူးညံ့သော်လည်း မငြင်းဆန်နိုင်သောအားဖြင့် သူမကို ဆွဲကိုင်လိုက်လေသည်။

ယင်ရိလျိုတစ်ယောက် တစ်ဖက်လူက သူမ၏ မေးစေ့ကို ဆုတ်ကိုင်လိုက်ချိန်တွင် နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရလေ၏။

ထိုအမျိုးသားက သူမ၏ မေးစေ့ကို အသာညှစ်ထားသောကြောင့် သူမ၏ ခေါင်းက အနည်းငယ် မော့နေခဲ့ပြီး အရှေ့မှ အမျိုးသား၏ သိန်းငှက်ကဲ့သို့ နက်ရှိုင်းသော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည်။

ထို့နောက်တွင် အနည်းငယ်မှေးနေသော မျက်ဝန်းတစ်စုံက ယင်ရိလျို၏ အကြည့်နှင့် ဆုံသွားခဲ့၏။

သူမက ကျင်းယန်၏ မျက်လုံးအတွင်းပိုင်းမှ ရွှေရောင်လိုင်းများကိုပင် မြင်နေရသည်။

များသောအားဖြင့် ဤကဲ့သို့ အခြေအနေမျိုးက ဤခြေပေါင်လုံးကြီး စိတ်ကြည်မနေကြောင်းကို ပြသနေခြင်းပင်။

သူမက မည်မျှပင် သတိမမူမိတတ်သူ ဖြစ်ပါစေ၊ ကျင်းယန်က စိတ်အခြေအနေမကောင်းဖြစ်နေသည်ကို ရိပ်မိသွားသောကြောင့် ချက်ချင်းပင် သူမ၏ အမှတ်အသားဖြစ်သော ချစ်စရာကောင်းသည့် အမူအရာလေးကို အသုံးပြုလိုက်တော့သည်။

သူမက ကျင်းယန်၏ မျက်လုံးများကို အပြစ်ကင်းစင်စွာ ကြည့်လိုက်ပြီး၊ သူမ၏ နူးညံ့သော ပန်းရောင်နားရွက်လေးများက ချွဲနွဲ့နေသကဲ့သို့ လှုပ်ခတ်သွား၏။

သူမက သူမ၏ နူးညံ့သော လက်ဖဝါးလေးများကို ဆန့်ထုတ်ကာ ရှေ့မှ အမျိုးသားကို စိတ်ပြေသွားစေရန် ညှစ်ခိုင်းရန်ပင် တွေးလာခဲ့သည်။

သူမက တွန့်ဆုတ်ပြီး နူးညံ့စွာ စကားပြောလိုက်ချိန်တွင် သူမ၏ အသံလေးက ကြောင်ပေါက်လေးတစ်ကောင်က တစ်စုံတစ်ယောက်၏ နှလုံးသားကို အသာအယာ ကုတ်ခြစ်နေသကဲ့သို့ ချိုသာလွန်းသည်။

“ဘာဖြစ်လို့လဲ”

ကျင်းယန်က ထိုမျက်ဝန်းများ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအချိန်တွင် သူ၏ မကျေနပ်မှုအားလုံးက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။

သူက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အက်ရှသည့်အသံဖြင့် ပြောလိုက်ပေသည်။

“မကြည့်နဲ့”

ယင်ရိလျိုအနေဖြင့် မည်သည့်နေရာကို မကြည့်ရမည်ကို နားမလည်သောကြောင့် ခဏမျှကြောင်အသွားရ၏။

ထိုအခိုက်တွင် အဝေးမှ ဟိန်းထွက်လာသော အော်ဟစ်သံကို ကြားလိုက်ရလေ၏။ သူမ၏ မျက်လုံးများက အလိုအလျောက် ဝိုင်းစက်သွားရသည်။

“အဲဒီအမျိုးသားတွေကို မကြည့်နဲ့”

ကျင်းယန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်လေ၏။

“တစ်ကိုယ်လုံးချွေးတွေနဲ့ စိုရွှဲနေတဲ့ လူတွေကို ကြည့်ရတာက ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ”

ဒါက ရင့်ကျက်တဲ့အမျိုးသားတစ်ယောက်ရဲ့ ဟော်မုန်းတွေပဲလေ!

ယင်ရိလျိုက စိတ်ထဲတွင်ပြန်လည်၍ ငြင်းဆန်မိသော်လည်း အပြင်သို့ ထုတ်မပြောရဲဘဲ ခပ်တိုးတိုး ရေရွတ်နေမိလေသည်။

ရွှေပေါင်လုံး၏ ပြောဆိုလှုပ်ရှားပုံများက သူမအပေါ်တွင် အလွန်ပင် နိုင်ထက်စီးနင်းနိုင်လွန်းပြီး ပရောပရည်လုပ်သကဲ့သို့လည်း ဖြစ်နေသောကြောင့် သူမ အနည်းငယ်ပင် ရှက်သွေးဖြန်းသွားရ၏။

ယင်ရိလျိုက နှာခေါင်းလေးကိုရှုံ့လိုက်ပြီး ကျင်းယန်၏ စူးရှသောအကြည့်အောက်တွင် အရှေ့တည့်တည့်သို့သာ လိမ္မာစွာကြည့်နေခဲ့။သည်။

သူမအနေဖြင့် စစ်သားများ၏ ရင်အုပ်နှင့် ဝမ်းဗိုက်ကြွက်သားများကို ထပ်မံ၍ မကြည့်ရဲတော့ပေ။

အဆုံးတွင်တော့ သူတို့က အမှန်တကယ် အရေးကြီးပုဂ္ဂိုလ်နှင့် တွေ့ဆုံလိုက်ရလေ၏။ တစ်ဖက်လူကို မြင်ချိန်တွင် ယင်ရိလျိုတစ်ယောကာ လုံးဝ တောင့်ခဲသွားပြီး အသက်ပင် မရှူရဲတော့ပေ။

သူမက သူမ၏ ထင်မြင်ချက်အရ အလွန်သိမ်မွေ့သည်ဟု ယူဆရသော အကြည့်ဖြင့် ရှေ့ဆုံးတွင် ထိုင်နေသော အမျိုးသားကို ခိုးကြည့်လိုက်မိ၏။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် ပြုံးယောင်သန်းနေသောမျက်ဝန်းတစ်စုံနှင့် ဆုံသွားရသောကြောင့် သူမ၏ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရကာ ခေါင်းကို အမြန်ပြန်ငုံ့လိုက်ရလေသည်။

“ထိုင်ကြပါ၊ အရမ်းကြီး အထူးအဆန်းလုပ်မနေနဲ့”

ပင်မခုံနေရာတွင် ထိုင်နေသော အမျိုးသားက ပြောလာလေ၏။ ကျင်းယန်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိဘဲ သူ၏ဘေးတွင် ယင်ရိလျိုအတွက် ကုလားထိုင်ကို ဆွဲပေး၍ သူမကို ထိုင်စေလိုက်သည်။

ကျယ်ဝန်းလွန်းသော အစည်းအဝေးခန်းမကြီးထဲ၌ စစ်ဆေးမေးမြန်းခြင်းကို ခံရရန် စောင့်ဆိုင်းနေသော သူတို့နှစ်ဦးနှင့် တာဝန်ခံဖြစ်သူ စစ်ဝတ်စုံဝတ် လူလတ်ပိုင်းအမျိုးသားသာ ရှိလေသည်။

ယင်ရိလျိုက ထိုအခန်းထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သော အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရ၏။

ဤသည်က မျက်စိဖြင့် မမြင်နိုင်၊ လက်ဖြင့် ဆုပ်ကိုင်၍ မရသော်လည်း ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားရစေနိုင်၏။

ကျင်းယန်က တစ်ခါတရံတွင် ကြောက်စရာကောင်းသော်လည်း ဤသည်က အပြင်လူများအတွက်သာ ဖြစ်လေ၏။

ယင်ရိလျိုနှင့် ဆက်ဆံရာတွင်တော့ သူ၏ ထက်လွန်းသော အစွယ်များကို လုံးဝဖုံးကွယ်ထားပြီး ဤမိန်းကလေးအပေါ်တွင် အနူးညံ့ဆုံးသောဘက်ကိုသာ ပြသရန် အစွမ်းကုန် ကြိုးစားတတ်သူ ဖြစ်၏။

ဤအမျိုးသားနှင့်ယှဥ်လျှင် လျို့ကျန်းကျန်းနှင့် နျို့ဖေးဟွမ်တို့က အတော်ပင် ပျော့ညံ့သူများဟု ယင်ရိလျိုက ခံစားလိုက်ရသည်။

သူ့တွင် တင်းမာသော မျက်နှာအမူအရာမရှိသကဲ့သို့ ဖိအားပေးလိုသည့် အမူအရာမျိုးကိုလည်း တကူးတက လုပ်မနေပေ။

သာမန်လူတစ်ဦးကဲ့သို့ပင် သူမနှင့် ကျင်းယန်ကို နှုတ်ဆက်နေခြင်းပင်ဖြစ်သော်လည်း လူကို နေမထိထိုင်မသာ ဖြစ်စေလေသည်။

သူတို့နှစ်ဦးက ထိုင်ပြီးနောက် အရှေ့မှအမျိုးသားက သူ၏ရှေ့ရှိ မှတ်စုစာအုပ်ကို ဖွင့်၍ မော့ကြည့်လိုက်လေ၏။

“ကျင်းယန်၊ ယင်ရိလျို၊ ရှူးယန်အသင်းက ဟုတ်တယ်မလား၊ မင်းတို့နှစ်ယောက်က သားအဖတွေလား”

ကျင်းယန်၏ မျက်နှာအမူအရာက မပြောင်းလဲဘဲ ပြန်ဖြေလိုက်ပေသည်။

“မဟုတ်ပါဘူး”

စစ်ဝတ်စုံနှင့် အမျိုးသားက ခေါင်းကိုညိတ်လိုက်ပြီး ထပ်မံ၍ အတင်းအကျပ် မမေးတော့ပေ။

သူက သူ၏လက်နှစ်ဖက်ကို စားပွဲပေါ်တင်၍ ကျင်းယန်၏ မျက်လုံးများကို စိုက်ကြည့်လျက် ပြောဆိုလေ၏။

“အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ၊ ငါ့ရဲ့နာမည်က ရှန်ကျစ်ဟူ၊ မြို့တော် B က အထူးတပ်ဖွဲ့ရဲ့ တပ်မှူးပါ၊

ဘာမှ ထူးထူးခြားခြား မဖြစ်လာဘူးဆိုရင် မင်းတို့ရဲ့ ရှူးယန်အသင်းက ငါ့ရဲ့ ကွပ်ကဲမှုအောက်ကို ရောက်လာလိမ့်မယ်၊

ဒါပေမဲ့ မင်းတို့က မြို့တော် B မှာ ဆက်မနေဘူးဆိုရင်တော့ အဲ့ဒါက တစ်မျိုးပေါ့လေ”

ယင်ရိလျိုက အနည်းငယ် အံ့အားသင့်သွားရ၏။

သူမကို စစ်ဆေးမေးမြန်းမည့်သူက ကြောက်စရာကောင်းသော မျက်နှာအမူအရာနှင့် လူတစ်ယောက် သို့မဟုတ် သုတေသနဌာနမှ တစ်စုံတစ်ယောက်က ဖြစ်လိမ့်မည်ဟု သူမက ထင်ထားခဲ့ခြင်း ဖြစ်သည်။

အထူးတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်လိမ့်မည်ဟု သူမက မမျှော်လင့်ထားခဲ့ပေ။

သူမက စစ်ဝတ်စုံနှင့် ထိုအမျိုးသားကို စပ်စုလိုသော အကြည့်ဖြင့် ခဏမျှ ကြည့်နေမိသည်။

ကြည့်ရသည်က အတော်လေး ယဉ်ကျေးပျူငှာပြီး ပေါင်းရသင်းရ လွယ်မည့်ပုံပင်။

ရှန်ကျစ်ဟူက ဖောင်တိန်အဖုံးကို ဖွင့်လိုက်ပြီး ပြောဆိုပေ၏။

“ငါက ဘာကိုမေးချင်သလဲဆိုတာကို မင်းတို့က သေသေချာချာ သိမှာပါ၊

လွှဲပြောင်းဌာနကို ရောက်ပြီးတဲ့နောက် ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပါ၊ အထူးသဖြင့် မြေအောက်က အခြေအနေတွေကိုပေါ့”

ကျင်းယန်က သူ၏ အတွေ့အကြုံများကို ပြန်လည်၍တွေးနေကဲ့သို့ မျက်လွှာကို အနည်းငယ် ချလိုက်ပေ၏။

သူ၏အသံက တည်ငြိမ်အေးစက်နေပြီး မည်သည့် စိတ်လှုပ်ရှားမှု အရိပ်အယောင်မျှ မရှိပေ။

ထိုအသည်းပုံ ကျောက်တုံးနီကြီးအကြောင်းကို ပြောလိုက်ချိန်တွင် ရှန်ကျစ်ဟူ၏ မျက်လုံးများက ရုတ်တရက် စူးရှသွားပြီး ကျင်းယန်၏ မျက်နှာကို စိုက်ကြည့်၍ တင်းမာစွာမေးလိုက်လေသည်။

“တခြားလူတွေအားလုံးက သေသွားတဲ့အချိန်မှာ မင်းတို့က ဘာလို့ ဒီကျောက်တုံးကို ရနိုင်ခဲ့တာလဲ၊

ဒီကျောက်တုံးက သန္ဓေပြောင်းအပင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုအတွက် အဓိက အချက်အလက်ပဲလို့ မင်းတို့က ဘယ်လိုမျိုး ဆုံးဖြတ်ခဲ့တာလဲ၊ ဒါကို ဘယ်ကနေ ရခဲ့တာလဲ”

ကျင်းယန်က တစ်ခုချင်းစီကို ပြန်ဖြေခဲ့၏။

“တခြားလူတွေက အရမ်းပျော့ညံ့လွန်းလို့ပါ၊ ကျောက်တုံးရဲ့အကြောင်းကတော့ ကျွန်တော်က ခန့်မှန်းကြည့်တာ၊

ဒီကျောက်တုံးက အမြစ်ရဲ့ အလယ်ဗဟိုမှာ မြှုပ်နေပြီး အလင်းရောင်ထွက်နေတာကို မြင်လို့ ဆွဲထုတ်လာခဲ့တာ”

ရှန်ကျစ်ဟူက မျက်လုံးများကို မှေးလိုက်လေ၏။

ကျင်းယန်၏ အသံထဲမှ ဝတ်ကျေတန်းကျေ ဖြေနေသည်ကို သူက ခံစားမိသည်။

မြေအောက်ရှိ အဖြစ်အပျက်များက ဤမျှ ရိုးရှင်းလိမ့်မည်မဟုတ်ကြောင်းကို သူ ရိပ်မိပေသည်။

သို့သော်လည်း မြေအောက်မှ အသက်ရှင်လျက် ပြန်တက်လာသူက ကျင်းယန်နှင့် ယင်ရိလျိုတို့ နှစ်ဦးသာ ရှိသည်။

သူက ကလေးတစ်ယောက်ကို အတင်းအကျပ် စစ်ဆေးမေးမြန်းရန် မလိုအပ်ပေ။

သူက လက်ထဲမှ အသံဖမ်းဖောင်တိန်ကို လှည့်နေရင်း တစ်စုံတစ်ခုကို တွေးတောနေပုံရ၏။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အထက်လူကြီးများတိုင်းက စိတ်အဝင်စားဆုံးဖြစ်သည့် မေးခွန်းကို သူက မေးလိုက်လေသည်။

“ဒီကျောက်တုံးကို ဘာလုပ်ဖို့ စီစဉ်ထားသလဲ”

ကျင်းယန်က တွန့်ဆုတ်နေခြင်းမရှိဘဲ ပြန်ဖြေလိုက်ပေ၏။

“အပ်နှံမှာပါ၊ ဒါကို သုတေသနအတွက် ယူမလား၊ ဒါမှမဟုတ် ဖျက်ဆီးပစ်မလားဆိုတာကတော့ ကျွန်တော်တို့နဲ့ မဆိုင်တော့ပါဘူး”

ရှန်ကျစ်ဟူက အဓိပ္ပာယ်အပြည့်ဖြင့်ပြုံးလိုက်လေသည်။ ဤလူငယ်က အမှန်တကယ့်ကို အပြစ်ပြောစရာ မရှိပေ။

သူ၏ရှေ့တွင် တည်ငြိမ်စွာ ရှိနေနိုင်ခြင်းကိုကြည့်၍ ဤလူငယ်မှာ အမှန်တကယ်ပင် ကြောက်ရွံ့ခြင်းကင်းသူ ဖြစ်ကြောင်းကို ပြသနေ၏။

အထက်လူကြီးများက ဤကျောက်တုံးကို အလွန်ပင် တန်ဖိုးထားကြသည်။

အကယ်၍ ကျင်းယန်က ပေးအပ်ရန် ငြင်းဆန်လျှင်ပင် သူတို့က နည်းလမ်းအမျိုးမျိုးဖြင့် လုယူရန် လူလွှတ်ကြပေလိမ့်မည်။

ထိုအချိန်ကျလျှင် ရှူးယန်အသင်းက အန္တရာယ်ရှိလာနိုင်သည်။

ကျင်းယန်က ဤသည်ကို အထက်သို့ အပ်နှံရန် စောစီးစွာ ဆုံးဖြတ်လိုက်ခြင်းက နာမည်အရဆိုလျှင် ကြီးမားသော အောင်မြင်မှုတစ်ခုပင် ဖြစ်၏။

သူတို့ကို အန္တရာယ် မပြုသင့်သည့်အပြင် အကောင်းဆုံးပင် ဆက်ဆံသင့်သည်။

ရတနာက မည်မျှပင် အဖိုးတန်ပါစေ၊ ဤသည်ကို ခံစားနိုင်ရန်အတွက် အသက်ရှင်နေဖို့က အဓိကမဟုတ်ပါလား။

ရှန်ကျစ်ဟူက ထက်မြက်သောသူများနှင့် ဆက်ဆံရသည်ကို နှစ်သက်ပေ၏။

အထူးသဖြင့် စွမ်းဆောင်ရည်ရှိသော်လည်း နှိမ့်ချတတ်၍ ပြတ်သားသူများကို ပို၍ သဘောကျသည်။

ကျင်းယန်၏ ပြုမူပုံက သူ့ကို ဆွဲဆောင်နိုင်ခဲ့ပြီး ယခုအချိန်တွင် သူက ကျင်းယန်ကို အသင်းဖော်တစ်ဦးအဖြစ် အကဲခတ်သည့် မျက်ဝန်းမျိုးဖြင့် ကြည့်လာခဲ့သည်။

All Chapters