← Chapters

အခန်း (၁၇၃)

Vol. 18 Ch. 173

အခန်း (၁၇၃)

Vol. 18 Ch. 173

ရွမ်ဝေ့ရှန်မှာ ကမ္ဘာပျက်ကပ် မတိုင်မီက ဆေးပညာနယ်ပယ်မှ ပါရဂူဘွဲ့ သင်တန်းသားတစ်ဦးဖြစ်ပြီး ကမ္ဘာပျက်ကပ်ပြီးနောက်တွင် သုတေသနဌာနသို့ အရန်လူအဖြစ် ခေါ်ယူခြင်း ခံခဲ့ရသူ ဖြစ်သည်။

သူက ပြင်ပလောကသို့ တစ်ခေါက်မျှ မရောက်ဖူးသေးသည့်ပုံပင်။ ပြင်ပလောက၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုများကို အလွန်ပင် စိတ်ဝင်စားနေခဲ့သည်။

“အဲဒီတော့ အပြင်က အိမ်တွေအကုန်လုံးက ပြိုကျပျက်စီးပြီး သန္ဓေပြောင်း သစ်ပင်တွေက သိမ်းပိုက်လိုက်ပြီပေါ့ ဟုတ်လား၊

တကယ်တော့ ဒီအခြေအနေက အဓိပ္ပာယ်မရှိဘူး၊ ကိုယ်တိုင်မမြင်ရတဲ့အတွက် ဒဏ္ဍာရီထဲကလိုမျိုး ဧရာမသန္ဓေပြောင်း သစ်ပင်ကြီးတွေက မြို့တစ်မြို့ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နိုင်လောက်အောင် ကြီးမားတယ်ဆိုတာကို ကျွန်တော် တကယ်မယုံနိုင်ဘူး၊

ဒါ့အပြင် သုတေသန အချက်အလက်တွေအရ သူတို့က ကိုယ်ပိုင်အသိစိတ်ရှိလာပြီး အမဲလိုက်နိုင်တယ်လို့ ပြောနေကြတာပဲ၊ ဒါက ဘယ်လိုမျိုး သန္ဓေပြောင်းလဲမှုမျိုးလဲ”

ရွမ်ဝေ့ရှန်က လမ်းတစ်လျှောက်လုံး အဆင်မပြတ် ပြောလာပြီး ဇီဝဗေဒဆိုင်ရာ လျှို့ဝှက်ချက်များကို ကျင်းယန်၊ ယင်ရိလျိုတို့နှင့် ဆွေးနွေးရန် ကြိုးစားနေခဲ့၏။

ကံမကောင်းစွာဖြင့် ကျင်းယန်က အေးတိအေးစက် ကျောက်ရုပ်ကြီးကဲ့သို့ ဖြစ်နေပြီး ယင်ရိလျိုကတော့ မည်သည်ကိုမှ မသိနားမလည်သည့် မိန်းကလေးငယ်တစ်ဦးအဖြစ်သို့ ဟန်ဆောင်နေလေသည်။

သူက အချိန်အတော်ကြာအောင် တစ်ယောက်တည်း စကားပြောနေသော်လည်း ရှက်စရာကောင်းသည်ဟု မခံစားရပေ။

ထို့အစား သူက ပို၍ စိတ်လှုပ်ရှားလာခဲ့ကာ ဒဏ္ဍာရီလာ ဧရာမ သန္ဓေပြောင်း သစ်ပင်ကြီးများကို အပြေးအလွှား သွားကြည့်ချင်စိတ်များပင် ဖြစ်ပေါ်နေခဲ့သည်။

ယင်ရိလျိုက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ကမ္ဘာပျက်ကပ်ထဲမှာပင် လူတိုင်း၏ အခြေအနေက ကွာခြားလွန်းသည်။

အပြင်ဘက်ရှိ လူများက ငတ်မွတ်ခေါင်းပါးမှုနှင့် သန္ဓေပြောင်း သတ္တဝါများ၏ ဘေးအန္တရာယ်ကို ခံစားနေရသောကြောင့် အခြေစိုက်စခန်းထဲသို့ ဝင်ရောက်ရန် တောင့်တနေကြပေသည်။

သိုသော်လည်း အထဲဘက်ရှိ လူများက စိုးရိမ်ပူပန်စရာ ကင်းမဲ့နေသောကြောင့် ဘဝကို ငြီးငွေ့၍ တခြားနေရာများသို့ သွားချင်နေကြလေ၏။

သူတို့က အပြင်ကိုထွက်ပြီး ဗဟုသုတကို ရှာဖွေချင်နေတာပဲ။

ဤသုတေသနဌာနက မြို့တော် Z ရှိ ဌာနထက် ပိုမိုကြီးမားပြီး ခေတ်မီနည်းပညာများက ပိုမိုမြင့်မားလွန်းသည်။

အပြင်ဘက် ဝန်းထဲတွင်ပင် ခြောက်ထပ်ရှိ၏။ အဆောက်အအုံက ဘဲဥကဲ့သို့ အဖြူရောင်ဖြစ်ပြီး အထပ်တိုင်းရှိ စင်္ကြံလမ်းများကို တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားလေ၏။ အလယ်မှ ကွက်လပ်နေရာ၌ သန္ဓေပြောင်း အပင်တစ်ပင် ကြီးထွားနေခဲ့သည်။

စင်္ကြံလမ်း၏ အပြင်ဘက်မှ ဘေးဘက်သို့ ဖြာထွက်နေသော အပ်ကဲ့သို့ ချွန်ထက်သည့် အရွက်များကို ကြည့်ကာ ဤသုတေသန ပညာရှင်များ၏ အတွေးအခေါ်များကို နားမလည်နိုင်ကြောင်း ယင်ရိလျိုက ထပ်မံ၍ သဘောပေါက်လိုက်ရပြန်သည်။

သူတို့၏ တည်းခိုခန်းက ဒုတိယထပ်ရှိ အခန်းလွတ်တစ်ခုပင်။

အခန်းထဲတွင် ခုတင်နှစ်လုံးပါသော အိပ်ခန်းတစ်ခန်းသာ ရှိပြီး အထဲဘက်တွင် ရေချိုးခန်းနှင့် အိမ်သာက တွဲလျက် ပါရှိသည်။ နေရာကကျဉ်းနေသော်လည်း အလွန် သန့်ရှင်းသပ်ရပ်ပေ၏။

“ခုတင်ရဲ့ဘေးက စားပွဲပေါ်မှာ တစ်ခါသုံး တဘက်တွေ ရှိပါတယ်၊ အဲ့ဒါတွေက ကျွန်တော်တို့ရဲ့ သုတေသနဌာနက တီထွင်ထားတဲ့ အထူးထုတ်ကုန်တွေပါ၊

အသုံးပြုပြီးရင် ရေနွေးနဲ့ ဆေးချလိုက်ရုံနဲ့ ပျော်ဝင်သွားပါလိမ့်မယ်၊ရေတော့ရှိပေမဲ့ မီးတော့ မရှိဘူး၊

ဒါဆိုအနားယူကြပါဦး၊ ကျွန်တော် နောက်ထပ် အနှောင့်အယှက် မပေးတော့ပါဘူး”

ရွမ်ဝေ့ရှန်က စကားပြောပြီးနောက် အခန်းပြင်သို့ ထွက်သွားကာ တံခါးကို ပိတ်လိုက်လေသည်။

သူ ထပ်မပြောလိုက်သော စကားတစ်ခွန်းရှိပေ၏_ မင်းတို့တွေ မနက်ဖြန် အထက်က စစ်ဆေးမေးမြန်းတာကို ရင်ဆိုင်နိုင်ဖို့အတွက် အနားယူထားကြ။

အပြင်ဘက်မှ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသော ရှူးယန်အသင်း၊ ဟုန်ယင်အသင်းနှင့် နျို့ယင်းတို့က အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ချက်ချင်းပင် အနားယူလိုက်ကြသည်။

သို့သော်လည်း မြို့တော် B မှ စေလွှတ်လိုက်သော ဆင့်ကဲပြောင်းလဲသူ အသင်းကတေု့ အစီရင်ခံရန်နှင့် မှတ်တမ်းတင်ရန်အတွက် ခန်းမသို့ တစ်ညလုံး သွားရောက်ခဲ့ရသည်။

လျို့ကျန်းနှင့် ရှန်းယင်ကျိုးတို့က ချန်ဟုန်အသင်း၏ ခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင်များဖြစ်သည့်အတွက် ကျန်းယွီချန်နှင့်အတူ အဓိက စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရသည်။

လျို့ကျန်းက ယခုအချိန်တွင် လုံးဝ တည်ငြိမ်သွားခဲ့ချေပြီ။

ထိုကျောက်တုံးနီကြီးက သူမ၏ လက်ထဲသို့ မည်သည့်နည်းနှင့်မျှ ရောက်လာတော့မည် မဟုတ်ကြောင်းကို သူမက သိထားသောကြောင့် အခြေအနေတိုင်းကို ရှင်းလင်းအောင် အကောင်းဆုံး ရှင်းပြရန်သာ ကြိုးစားခဲ့၏။

သန္ဓေပြောင်း သစ်ပင်များအကြောင်းမှစ၍ မြေအောက်ရှိ ထူးဆန်းသော နီညိုရောင် အမြစ်များအကြောင်း၊ ထို့နောက် ကျင်းယန်၊ ယင်ရိလျိုနှင့် တခြားသူများက မြေအောက်သို့ ရောက်သွားကြသော်လည်း သူတို့နှစ်ယောက်ကသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကျောက်တုံးနီကို ယူဆောင်လာခဲ့ကြောင်းနှင့် ယင်ရိလျို၏ ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွားလာရခြင်း အကြောင်းများကိုပါ သူမက ပြောပြခဲ့သည်။

လျို့ကျန်းက ဇာတ်လမ်းကို အပိုမပြောခဲ့ပေ။ သူမ၏ ရှင်းပြချက်များ ပြီးဆုံးသွားချိန်တွင် အခန်းပြင်သို့ ပြန်ထွက်လာခဲ့၏။

သူမထံတွင် ယခုထက် ပို၍ အရေးကြီးသော အစီအစဉ်များကို ရေးဆွဲရန် ရှိနေသေးသည်။

သူတို့၏ ရှေ့တွင် ထိုင်နေသူက စစ်တပ်ဝတ်စုံကို ဝတ်ထားသော ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ငွေဖြူရောင် သုတေသနဝတ်စုံကို ဝတ်ထားသော သုတေသနပညာရှင် နှစ်ဦးကလည်း မှတ်စုများကို ရေးမှတ်နေကြသည်။

သူမ၏ စကားများကို နားထောင်ပြီးနောက် သူတို့က ကျင်းယန်နှင့် ယင်ရိလျို၏ နာမည်များကို ဝိုင်းလိုက်ပြီး အထူးမှတ်သားလိုက်ကြလေ၏။

လျို့ကျန်းနှင့် ရှန်းယင်ကျိုးတို့ ထွက်သွားပြီးနောက်၊ သူတို့က သတင်းပို့ခဲ့သော ကျန်းယွီချန်နှင့် ဖန်ချိုးနန်တို့ကို မေးမြန်းခဲ့သည်။

ထူးဆန်းစွာဖြင့် သူတို့နှစ်ဦးလုံးက ရှူးယန်အသင်းအပေါ် တွင်အလွန် အထင်ကြီး လေးစားနေကြသည်ပင်။

အစည်းအဝေးခန်းထဲတွင် လူအနည်းငယ်ကသာ ကျန်ရှိတော့သောအချိန်တွင် စစ်ဝတ်စုံနှင့် ဗိုလ်ချုပ်က သူ၏ ထိုင်ခုံကို နောက်သို့ မှီလိုက်ပြီး စာရွက်ပေါ်ရှိ ရှူးယန်အသင်း ဟူသော စာလုံးကို လက်ညှိုးထိုး၍ ပြောဆိုလိုက်လေသည်။

“မြို့တော် Z က လာတဲ့ ဒီအသင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ”

အလယ်တွင် ထိုင်နေသော သုတေသနဌာနမှ အသက်ကြီးသည့် ပုဂ္ဂိုလ်ကြီးက သူ၏ မျက်မှန်ကို ပြင်လိုက်ပြီး ပြောလေ၏။

“ကျွန်တော်ကတော့ ဟိုယုန် သန္ဓေပြောင်း မိန်းကလေးကိုပဲ ပိုပြီး စိတ်ဝင်စားတယ်၊ သူမရဲ့ ခန္ဓာကိုယ်က ရုတ်တရက်ကြီး...”

ရုတ်တရက် ကြီးထွားလာခြင်းက ထိုဧရာမ သန္ဓေပြောင်း သစ်ပင်ကြီးနှင့် ဆင်တူနေသောကြောင့် သူမ၏ခန္ဓာကိုယ်က သုတေသနလုပ်ငန်းအတွက် အလွန်ပင် တန်ဖိုးရှိလွန်းပဝသည်။

ဗိုလ်ချုပ်က မျက်ခုံးကိုတစ်ချက်ပင့်လိုက်သော်လည်း မည်သည့်စကားကိုမျှ မပြောခဲ့ပေ။

သူက သုတေသနဌာနမှ ဤအရူးများနှင့် မပတ်သက်ချင်ပါချေ။

ထိုလူများ၏ မျက်လုံးထဲတွင် စမ်းသပ်မှုနှင့် သုတေသနပြုလုပ်ရန်သာ ရှိပြီး သူတို့ ရူးသွပ်လာလျှင် အပြင်ဘက်ရှိ သန္ဓေပြောင်းသတ္တဝါများထက်ပင် ပို၍ ကြောက်စရာကောင်းလွန်း၏။

အနားယူခန်းထဲရှိ ကျင်းယန်နှင့် ယင်ရိလျိုတို့ကတော့ ထိုလူများက သူတို့၏အကြောင်းကို ဆွေးနွေးနေသည်ကို မသိကြပေ။

ယခုအချိန်တွင် သူတို့နှစ်ဦးက သီးခြားစီရှိသော ခုတင်များပေါ်တွင် ထိုင်နေကြပြီး တစ်ယောက်ကိုတစ်ယောက် စကားတစ်ခွန်းမျှမပြောဘဲ ကြည့်နေမိကြသည်။

ယင်ရိလျိုက ရုတ်တရက် ချောမောလှပသော မိန်းကလေးငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကျင်းယန်က အမူအရာကို သိသိသာသာထိန်းလာခဲ့၏။

အသိသာဆုံးအချက်မှာ သူက မိန်းကလေးတစ်ယောက်၏ လက်ကို ယခင်ကကဲ့သို့ ပေါ့ပါးစွာ ဆွဲကိုင်ရန် သို့မဟုတ် ပွေ့ချီရန်ပင် မဝံ့ရဲတော့ပေ။

ခဏမျှ ငေးကြည့်နေပြီးနောက် ကျင်းယန်က နှာခေါင်းထိပ်ကို ထိပြီး ပြောလိုက်လေ၏။

“မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးတော့ အနားယူဖို့ ပြင်တော့၊ ဘာမှမစားနဲ့၊ ရေလည်း မချိုးနဲ့ဦး၊ ဒါက သုတေသနဌာနရဲ့ နယ်မြေဆိုတော့ စောင့်ကြည့်ကင်မရာတွေက ရှိမရှိမသိနိုင်ဘူး”

ယင်ရိလျိုက ကျဉ်းမြောင်းသော အခန်းလေးကို နှစ်ကြိမ်မျှ လှည့်ပတ်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

အကယ်၍ သူမကသာ နေရာလွတ် ထဲမှ အစားအစာများကို လေထဲမှ ထုတ်ယူလိုက်လျှင် ထိုနေရာလွတ်၏ တည်ရှိမှုက ပေါ်သွားနိုင်ပေ၏။

သူမ အလွန်ပင် ဂရုစိုက်ရမည်ပင်။

သူမက နဂို အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ဤသည်ကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကိုလည်း မည်သူကမျှ မသိကြပေ။

သူမ တစ်နေ့တာလုံး မြေကြီးပေါ်တွင် လူးလှိမ့်နေခဲ့သော်လည်း ထိုဝတ်စုံက အနည်းငယ်မျှ မညစ်ပတ်ဘဲ ဖြူစင်နေဆဲ ဖြစ်သည်။

ရေချိုးခန်းထဲတွင် သူမ၏ အရွယ်အစားနှင့် အတော်လေး လိုက်ဖက်သော စတုဂံပုံ ရေကန်ငယ်လေးတစ်ခုက ရှိသော်လည်း ထိုနေရာ၌ ရေမချိုးနိုင်ပေ။

ထို့အပြင် ရေပန်းတစ်ခုသာ ရှိသည်။

သူမက ညစ်ပတ်မနေဘဲ မျက်နှာသစ်ရန်နှင့် ခြေလက်များကို ဆေးကြောရန်သာ လိုအပ်သော်လည်း သူမ၏ ဆံပင်များထဲတွင် ဖုန်မှုန့်တချို့ ရှိနေဆဲပင်။

စေးကပ်မနေသော်လည်း အတော်လ နေရခက်လွန်း၏။

သူမ ခေါင်းလျှော်ချင်သောကြောင့် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်မိသည်။

ကျင်းယန်လည်း အထဲဘက်မှ အသံကို ကြားရသောကြောင့် တံခါးဝသို့ လာပြီး မေးလိုက်လေ၏။

“ဘာဖြစ်လို့လဲ”

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အထဲဘက်မှ အနည်းငယ် ထိတ်လန့်နေပုံသော ချိုသာသည့် အသံလေးက ထွက်ပေါ်လာသည်။

“ကျွန်မ ခေါင်းလျှော်ချင်လို့”

ကျင်းယန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးမေးလိုက်လေ၏။

“ကော ဝင်ခဲ့လို့ရမလား”

ယင်ရိလျို၏ ခွင့်ပြုချက်ရပြီးနောက် သက တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့သည်။

ထို့နောက်တွင်တော့ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး သူ့ကို မျက်လုံးအဝိုင်းသားလေးဖြင့် ကြည့်နေသည့် သနားစရာကောင်းသော မိန်းကလေးကို သူ မြင်လိုက်ရလေ၏။

သူက ယင်ရိလျို၏ ပိန်လှီသော ခြေလက်များကို ကြည့်၍ စိတ်မသက်မသာ ဖြစ်သွားကာ အလိုအလျောက် မျက်မှောင်ကြုတ်မိသွားရသည်။

သူ၏မှတ်ဥာဏ်များထဲတွင် ယုန်လေးက ကလေးမလေးဘဝကတည်းက ဝဝကစ်ကစ်နဲ့ ဖောင်းဖောင်းလေး ဖြစ်ပေသည်။

သူမ၏ ခြေနှင့်လက်များက တိုတောင်းသော်လည်း ကြာစွယ်အပိုင်းအစလေးများကဲ့သို့ အသားစိုင်လေးများဖြင့် ပြည့်နေခဲ့၏။

သူမ၏ မျက်နှာလေးကလည်း ဖောင်းအိနေပြီး နှစ်သစ်ကူး ပန်းချီကားထဲမှ ထွက်လာသည့် ကံကောင်းခြင်း ကလေးငယ်လေးတစ်ဦးကဲ့သို့ ချစ်စရာကောင်းလွန်းသည်။

သို့သော် သူမက ကြီးပြင်းလာသည့်အချိန်တွင် မေးစေ့က ချွန်လာပြီး ခြေတံလက်တံများကလည်း အင်အားအနည်းငယ်လောက် သုံးလိုက်ရုံနှင့် ကျိုးသွားတော့မည်ပုံရသည်။ ဆိုရလျှင် ရှည်လျားပိန်သွယ်လွန်းနေသောကြောင့် ကျင်းယန်ကို အလွန်ပင် စိုးရိမ်ပူပန်စေ၏။

သူမက အရမ်းပိန်လွန်းတာပဲ။ ကျန်းမာရေးက တကယ်ရော ကောင်းရဲ့လား။ ဒါက စတီးရွိုက် တွေကြောင့်များလား။

ဆင့်ကဲပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေများလား။

သူ ယင်ရိလျို၏ ခေါင်းပေါ်မှ နူးညံ့သော ယုန်နားရွက်လေးများကို ထိလိုက်ပြီး ရေကန်ထဲတွင် လှဲလျောင်းရန် အချက်ပြလိုက်လေသည်။

All Chapters