← Chapters

အခန်း (၁၂-၁၃)

Vol. 2 Ch. 12-13

အခန်း (၁၂-၁၃)

Vol. 2 Ch. 12-13

အခန်း ၁၂ ရဲဆေး

အရှေ့တံခါးသို့ အစောင့်ပြန်မ‌ရောက်ခင် လဲ့ကျစ်က အိမ်ကြီးဆီသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။

စာကြည့်ခန်းအတွင်းမှ အခြေအနေကို ပြန်တွေးကြည့်လျှင် ဟော်တူ၏တုံ့ပြန်မှုအရ ထိုက်ဇီစံအိမ်တော်၏ အရှေ့ဘက်တံခါးတွင် မည်သူ့မျှရှိမနေအောင် ဖန်တီးထားသည့် သူလျှို၏ခြေရာလက်ရာကို ဟော်တူ မသိခြင်းမှာ မဖြစ်နိုင်ပေ။ ထိုအတွေးက လဲ့ကျစ်ကို အနည်းငယ် ကြောက်သွားစေခဲ့သည်။

‘သူမ ကြိုပြီး လက်နက်ချဖို့ မသွားခဲ့ဘူးဆိုရင် အခု အခြေအနေက ဘယ်လိုဖြစ်နေမလဲ’

သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်လာသည်။

‘ငါ အရမ်းကံကောင်းတယ်၊ ငါ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ပုံပဲ’

‘ဒါပေမယ့် ဟော်တူကို နောက်ထပ် ဘာပြောရမလဲ’

‘အခုန ငါ သူ့ကို ဝန်ခံဖို့ စိတ်အားထက်သန်နေပေမယ့် သူက ငါ့ကို ဘယ်လောက်ယုံကြည်လဲဆိုတာ မသိနိုင်ဘူးလေ’

‘ငါ့လက်ထဲမှာ ဝှက်ဖဲအများအပြားမရှိသလို ဟော်တူကလည်း ကြင်နာတတ်တဲ့သူ မဟုတ်ဘူး’

‘ငါ အပြင်မထွက်ခင် ငါ ပြန်လာတာကို စောင့်ဖို့ သူ့ကို ပြောခဲ့တယ်၊ သူ...တကယ်ပဲ ငါ့ကို စောင့်နေမှာလား....’

လဲ့ကျစ်က ထိတ်လန့်သွားသလို ခံစားလိုက်ရသဖြင့် နောက်ပြန်လှည့်ကာ ထမင်းစားခန်းဆီသို့ လျှောက်သွားလိုက်သည်။

‘ငါ သတ္တိမွေးဖို့ လိုသေးတယ်’

ညဥ့်နက်နေပြီဖြစ်၍ အိမ်တော်ကြီးက တိတ်ဆိတ်နေသည်။

သို့သော် ညဘက်တွင် တာဝန်ကျသော အစောင့်အကြပ်များစွာ ရှိပြီး ခြေဆယ်လှမ်းတိုင်းတွင် အစောင့်တစ်ဦး ရှိနေသည်။ လဲ့ကျစ်ကို တွေ့သွားသည့်တိုင် အစောင့်များက မအံ့သြဘဲ သူမကို အရိုအသေပေး နှုတ်ဆက်နေကြသေးသည်။

နောက်ဆုံးတွင် သူမ ထမင်းစားခန်းထဲ ရောက်သွားခဲ့သည်။ ထမင်းစားခန်းတွင် တာဝန်ကျနေသော အစေခံက သူမကို မြင်သွားပြီး ခဏတာ အံ့အားသင့်နေသော်လည်း သူမက အလျင်အမြန် တုံ့ပြန်ပြီး ကမန်းကတန်း ကြိုဆိုနှုတ်ဆက်လိုက်သည်။

"ထိုက်ဇီဖေး၊ ညဘက်မှာ နှင်းအေးတွေ ထူထပ်နေပြီး သခင်မရဲ့ခန္ဓာကိုယ်က အရမ်း အဖိုးတန်ပါတယ်၊ တစ်ခုခုလိုအပ်ရင် အမိန့်ပေးဖို့အတွက် တစ်ယောက်ယောက်ကို လွှတ်လိုက်လို့ရပါတယ်"

အစေခံက လဲ့ကျစ်ကို ထမင်းစားခန်းထဲသို့ ညင်သာစွာ ကူတွဲပေးပြီး သူမ ထိုင်ပြီးနောက် ခန်းမထဲတွင် မီးအနည်းငယ် ထပ်ထွန်းလိုက်သည်။ ခန်းမကြီးက တဖြည်းဖြည်း ထိန်လင်းလာပြီး အစေခံ၏ လှပနုပျိုသော မျက်နှာကလည်း မီးရောင်ကြောင့် တောက်ပလာသည်။

လဲ့ကျစ်က သူမ အလုပ်ရှုပ်နေသည့်ပုံစံကို ကြည့်ရင်း လှမ်းမေးလိုက်သည်။

"မင်း နာမည်ဘယ်လိုခေါ်လဲ"

"ထိုက်ဇီဖေးကို ပြန်လည်ဖြေကြားပါတယ်ရှင့်၊ ဒီအစေခံရဲ့နာမည်က လင်းယွဲ့ပါ"

"လင်းယွဲ့.... နာမည်ကောင်းပဲ"

လဲ့ကျစ်က အပြုံးဖြင့် ခေါင်းညိတ်ပြကာ ထပ်မေးလိုက်သည်။

"ဒီမှာ သေရည်ရှိလား"

လင်းယွဲ့က ခဏတာ အံ့အားသင့်နေပြီးမှ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့၊ ထိုက်ဇီဖေး ခဏစောင့်ပေးပါဦး"

လဲ့ကျစ်က လင်းယွဲ့ ထမင်းစားခန်းထဲမှ အမြန်ထွက်သွားသည်ကို ကြည့်နေပြီး သူမဘာသာ တွေးလိုက်မိသည်။

‘လိမ္မာတဲ့ မိန်းကလေးပဲ’

မကြာမီ လင်းယွဲ့က သေရည်အိုးနှင့် သေရည်ခွက်ကို ယူကာ ပြန်ရောက်လာခဲ့သည်။ သူမက သေရည်ကို ခွက်ထဲသို့ လောင်းထည့်ပေးနေပြီး အနီရောင် ဇီးပန်းပွင့်၏ ရနံ့နှင့်တူသော သေရည်၏ရနံ့က ခန်းမတစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။

လဲ့ကျစ်က သေရည်ခွက်ကို ကောက်ယူပြီး ချက်ချင်း သောက်လိုက်သည်။ ပူနွေးသော သေရည်က စပ်ရှရှ ဖြစ်မနေဘဲ ခပ်ပျော့ပျော့ဖြစ်နေသောကြောင့် သူမ၏လည်ချောင်းထဲသို့ ချောမွေ့စွာ စိမ့်ဝင်သွားသည်။

“ဒီအစေခံက ထိုက်ဇီဖေးက ဘယ်လိုသေရည်မျိုးကို ကြိုက်မှန်း မသိပါဘူး၊ ဒါကြောင့် ဒီဇီးပန်းပွင့်သေရည်ကိုပဲ ကျွန်မဘာသာယူလာခဲ့မိပါတယ်၊ ဒီသေရည်က မပြင်းပါဘူး၊ ထိုက်ဇီဖေး နှစ်သက်ရဲ့လား"

“သေရည်ကောင်းပဲ”

လဲ့ကျစ်က ချီးကျူးလိုက်သည်။

သူမက သေရည်ခွက်ကို ပြန်ချပြီးနောက် လင်းယွဲ့က သူမအတွက် နောက်ထပ်တစ်ခွက် ထပ်ထည့်ပေးလိုက်သည်။ လဲ့ကျစ်တစ်ယောက် သုံးခွက်ခန့် သောက်လိုက်ပြီး ထို့နောက် လင်းယွဲ့လည်း မျက်မှောင်ကြုတ်လာကာ ဘာလုပ်ရမှန်းမသိ‌တော့ပေ။

‘ဒီဇီးပွင့်သေရည်က မပြင်းပေမယ့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုက ပြင်းထန်တယ်၊ ထိုက်ဇီဖေး ဆက်သောက်ရင် အဆင်မပြေ ဖြစ်လာမှာကို ငါ ကြောက်တယ်’

သို့သော် သူမ သတိမပေးရသေးခင် လဲ့ကျစ်က သေရည်ခွက်ကို ချလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ လင်းယွဲ့က သူမကို အမြန်ကူတွဲပေးလိုက်ပြီး တိုးတိုးလေး ခွင့်တောင်းလိုက်သည်။

"ဒီအစေခံက ထိုက်ဇီဖေးကို အိပ်ခန်းထဲ ပြန်ပို့ပေးပါ့မယ်"

"မလိုပါဘူး"

လဲ့ကျစ်က အပြုံးဖြင့် သူမလက်ကို ညင်ညင်သာသာ တွန်းထုတ်လိုက်သည်။

"မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ မနက်ဖြန် မင်းရဲ့ ဆုလာဘ်ကို ရမယ်၊ မင်းသွားလို့ ရပြီ"

လဲ့ကျစ်၏ နှင်းရောင်ပါးပြင်များက သေရည်၏အကျိုးသက်ရောက်မှုကြောင့် အနည်းငယ် နီနေပြီး သူမ၏မျက်လုံးထောင့်များကိုပင် အနီရောင်ဆေးဆိုးထားသလို ဖြစ်နေသောကြောင့် သူမ၏မြေခွေးမျက်လုံးလေးများကို ပို၍ ချစ်စရာကောင်းနေစေသည်။ လင်းယွဲ့က သူမကို လွှတ်ပေးလိုက်သော်လည်း အရိုအသေပေးရန် မေ့သွားသည့်အထိ ကြောက်ရွံ့ထိတ်လန့်နေကာ သူမကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။

သူမ အသိပြန်ဝင်လာပြီးနောက်တွင် လဲ့ကျစ်က အဝေးသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။

လင်းယွဲ့ကလည်း ထိုက်ဇီဖေးက ကောလာဟလများကဲ့သို့ လှပလွန်းသည်ဟု စိတ်ထဲမှ တွေးနေခဲ့သည်။

‘မဟုတ်ဘူး၊ ကောလဟာလတွေထက် ပိုလှတယ်၊ ပြီးတော့... အရမ်းကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့တယ်၊ ဒီညက သူမ တာဝန်ကျတာ မဟုတ်ပေမယ့် တာဝန်ကျတဲ့ ရှီချန်က နေမကောင်းတာကြောင့် သူမကို အစားဝင်ပေးဖို့ တောင်းဆိုခဲ့တာ’

‘မမျှော်လင့်ထားဘဲ ထိုက်ဇီဖေးနဲ့ အနီးကပ်ထိတွေ့ခွင့်ရတာက အံ့သြစရာပဲ။ မျှော်လင့်မထားတဲ့ ပျော်ရွှင်မှုပေါ့လေ၊ သူမ ပြန်သွားတဲ့အခါ ရှီချန်နဲ့ တခြားသူတွေကို ပြောပြလို့ရတယ်လေ’

အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် လင်းယွဲ့က သူမ၏ခေါင်းကို သူမ ပြန်ပုတ်ကာ ထမင်းစား စားပွဲကို ရှင်းရန် လှည့်ကြည့်လိုက်သည်။

.......။........။.....

ဟော်ရှက သူ့ဘေးနားရှိ လူ၏ဦးခေါင်းနောက်၌ ချည်နှောင်ထားသည့်ကြိုးကို ဖြည်ပေးလိုက်သည်။ သူ့မျက်နှာက အမူအရာ ကင်းမဲ့နေပြီး သူ့မျက်လုံးများကလည်း ဗလာဖြစ်နေသည်။ ဘေးတွင် လဲလျောင်းနေသည့် သူကလည်း မျက်တောင်လေးများ တဖျပ်ဖျပ် ခတ်နေပြီး အိပ်မပျော်သေးမှန်း သိသာနေသည်။

သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်တွင် ကိုက်ခဲခံထားရသော အရာများနှင့် အနီရောင်အစက်အပြောက်များ ဖုံးလွှမ်းနေပုံက အံ့အားသင့်စရာ ဖြစ်နေခဲ့သည်။ ထို့အပြင် သူမ၏ပါးစပ်ထောင့်တွင်လည်း အဖြူရောင်အစက်ကလေး အနည်းငယ်ကို တွေ့နိုင်သည်။

ဟော်ရှ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမ၏နှုတ်ခမ်းထောင့်များကို ဖြည်ထားသော ပိုးသားစဖြင့် သုတ်ပေးလိုက်သည်။

‘ဒီည သူ နည်းနည်း ထိန်းမနိုင် သိမ်းမရ ဖြစ်နေမှန်း သူ သိပါတယ်၊ တကယ်တော့ သူမက အစားထိုးဆိုရင်တောင် သူ့မှာ သူနဲ့လိင်ဆက်ဆံတဲ့ အမျိုးသမီးကို မတော်မတရား လုပ်ချင်စိတ် မရှိပါဘူး။ ‘သူ’ ဆိုတဲ့ ဟော်ရှက ကျောက်စိမ်းလို နူးညံ့သိမ်မွေ့တဲ့သူတစ်ယောက်လေ’

‘ဒါပေမယ့် သူ့ရဲ့အတွင်းစိတ်ထဲမှာ ပူလောင်နေတဲ့ မတင်းတိမ်မှုနဲ့ မကျေနပ်ချက်တွေက ထိန်းချုပ်မရနိုင်လောက်အောင် ဖြစ်နေခဲ့တယ်’

‘ဒီမျက်နှာ.... ဒီမျက်နှာက လဲ့ကျစ်နဲ့ အရမ်းတူလွန်းတယ်၊ ဒီအချိန်မှာ သူ့ဘေးမှာ တကယ်ပဲ ကျစ်ကျစ် ရှိနေရင် အရမ်းကောင်းမှာပဲ’

သူ့စိတ်ထဲတွင် လဲ့ကျစ်၏ ပြုံးနေသော မျက်နှာလေး ရုတ်တရက် ပေါ်လာသောကြောင့် ဟော်ရှ၏ နှလုံးသားလည်း ရုတ်တရက် တုန်လှုပ်သွားရသည်။

‘သူ သူ့ဘေးနားက အမျိုးသမီးကို ထိခဲ့တာကို ကျစ်ကျစ် သိသွားရင် စိတ်ဆိုးမှာလား ဒါမှမဟုတ် ဝမ်းနည်းနေမှာလား’

တာ့လီတွင် ဆယ်နှစ်ကျော်ကြာအောင် နေခဲ့သော ဟော်ရှက တာ့လီတွင် ဧကရာဇ်မင်းမှ သာမန်လူများအထိ လူတိုင်းက တစ်သက်တာအတွက် တစ်ကြိမ်တည်းသော မေတ္တာတရားနှင့် သစ္စာကိုသာ ယုံကြည်ကြကြောင်း သိထားခဲ့သည်။ တာ့လီတွင် မယားငယ်ယူသော ယောက်ျားများ ရှိသော်လည်း အလွန်နည်းပါးလှသည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဟော်ရှတစ်ယောက် စိတ်ပြောင်းသွားပြန်သည်။

‘တာ့လီ မရှိတော့တဲ့အတွက် ဒီနေရာရဲ့ဓလေ့ထုံးစံတွေကိုပဲ လိုက်နာသင့်တယ်။ တာ့ချီက အမျိုးသားအများစုမှာ ကိုယ်လုပ်တော် သုံးယောက်နဲ့ မောင်းမ လေးယောက်ရှိတယ်၊ ကျစ်ကျစ်ကလည်း ဒီဓလေ့ကို လက်ခံနိုင်ရမယ်’

‘သူ့နှလုံးသားထဲမှာ သူမကို အနှစ်သက်ဆုံးဖြစ်နေရင် လုံလောက်ပြီ မဟုတ်ဘူးလား’

‘ပြီးတော့ လဲ့ကျစ်က အခု ဟော်တူရဲ့လူ ဖြစ်နေပြီ၊ သူမကို မထီမဲ့မြင်ပြုတာကြောင့် သူမ သူ့ကို ဘယ်လိုအပြစ်တင်နိုင်မှာလဲ’

သူ မှုန်ကုပ်ကုပ် မျက်နှာဖြင့် သက်ပြင်းချလိုက်ပြီး ကုတင်ဘေးသို့ ပြန်လှဲချလိုက်သော်လည်း အိပ်ပျော်ရန် ခက်ခဲနေလေသည်။ ထို့နောက် သူ ကုတင်ပေါ်မှ ဆင်းကာ အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ ခေါင်မိုးပေါ်မှ အစောင့်အကြပ်များက သူ့ထံတွင် ညွှန်ကြားချက် ရှိနေမည်ကို နားလည်နေပြီး အပေါ်မှ ဆင်းလာကြသည်။

"ထိုက်ဇီအိမ်တော်ထဲက သူလျှိုတွေကို လဲ့ကျစ်ရဲ့ လှုပ်ရှားမှုတိုင်း စောင့်ကြည့်ဖို့ ညွှန်ကြားထားလိုက်"

ဟော်ရှက စကားကို ခဏရပ်ထားပြီးမှ ဆက်ပြောလိုက်သည်။

"လီယောင်ကိုလည်း သေသေချာချာ ညွှန်ကြားထား၊ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတစ်ခုခု ရှိနေရင် ချက်ချင်း သတင်းပို့ပေးရမယ်လို့ ပြောထားလိုက်"

“ဟုတ်ကဲ့”

အစောင့်အကြပ်များက အမိန့်ကို တညီတညွတ်တည်း လက်ခံလိုက်ကြသည်။

အခန်းအပြင်ဘက်တွင် လေအေးများ တဖျပ်ဖျပ် တိုက်ခတ်နေပြီး ဟော်ရှက ပါးလွှာသော ညအိပ်အဝတ်အစားကိုသာ ၀တ်ဆင်ထားသည်။ လေအေးက သူ့လည်ပင်းဆီသို့ တိုးဝင်လာပြီး သူ့ကို ထိန်းမနိုင်သိမ်းမရ ချောင်းဆိုးသွားစေသည်။ ရုတ်​တရက်​ လူတစ်ယောက်​က သူ့၏အ​ပေါ်ဝတ်​ရုံကို ​အနောက်မှ လှမ်းတင်ပေး​လိုက်​သည်​။ သူက လှည့်ကြည့်ပြီး နွေးထွေးမှုအပြည့်ဖြင့် မေးလိုက်သည်။

“နိုးပြီလား”

ထိုအမျိုးသမီးက သူမအသံကို သူ မကြိုက်မှန်းသိနေပြီး အိပ်ယာပေါ်ရှိ “ကျစ်ကျစ်” ဟူသော ခေါ်သံကလည်း သူမကို မခေါ်ကြောင်း ပိုနားလည်လာခဲ့သည်။ ထို့ကြောင့် သူမက ပါးစပ်ကို လုံးဝမဖွင့်ဘဲ အပြုံးဖြင့် ခေါင်းခါလိုက်သည်။

သူမ၏ သိမ်မွေ့ပြီး နူးညံ့သော အသွင်အပြင်လေးက ဟော်ရှ၏ မျက်လုံးများထဲသို့ ဝင်ရောက်သွားပြီး သူ့နှလုံးသားထဲမှ နူးညံ့မှုနှင့် အရှက်မဲ့မှုကို နိုးကြားလာစေပြန်သည်။

"မျက်လုံးမှိတ်ထား"

ဟော်ရှက သူ့ရှေ့မှလူကို ဆွဲပွေ့လိုက်ပြီး အိပ်ခန်းထဲသို့ ပြန်ဝင်သွားသည်။ သူက ထိုလူကို ကုတင်ပေါ်သို့ ညင်သာစွာ ချထားလိုက်ပြီး သူမ၏ညအိပ်အဝတ်အစားများကို ချွတ်ရန် လက်မြှောက်လိုက်သည်။ ပိုးစက ညစ်ပတ်နေပြီဟု သူ တွေးမိ‌သောကြောင့် ထပ်အမိန့်ပေးလိုက်သည်။

“မျက်လုံးကို လုံးဝ မဖွင့်နဲ့

သူ့အောက်မှလူက ခေါင်းညိတ်ပြလာခဲ့သည်။

ဟော်ရှက ကျေနပ်စွာ ပြုံးလိုက်သည်။ စောစောက သူ့၏မကျေနပ်မှုကို ဖြေဖျောက်ရန်သာ ဖြစ်ခဲ့သော်လည်း ဤအချိန်တွင် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်မှာ တောက်လောင်နေသောဆန္ဒစစ်စစ်များ ဖြစ်နေခဲ့သည်။

သူက အောက်ငုံ့လိုက်ပြီး ရောင်ရမ်းနေသော နှုတ်ခမ်းများကို ညင်ညင်သာသာ သိမ်းပိုက်လိုက်သည်။

.......။.......။....

လဲ့ကျစ်က အိပ်ခန်းတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး အထဲတွင် လုံးဝ မှောင်မိုက်နေသည်။ ဟော်တူ အိပ်ပျော်နေပြီဟု သူမ တွေးလိုက်ပြီး ကုတင်ဘေးနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သော်လည်း ကုတင်ပေါ်တွင် မည်သူမျှ မရှိမှန်း သူမ သိလိုက်ရသည်။

‘သူ အိပ်ခန်းထဲမှာ မရှိရင် ဘယ်ကိုသွားနေတာလဲ’

ရုတ်​တရက်​ ပုလွေသံသဲ့သဲ့​လေးက​ သူမနားထဲသို့ တိုးဝင်​လာသည်​။

‘ညကြီးမင်းကြီး စံအိမ်မှာ ဘယ်သူက ပုလွေ မှုတ်နေတာတုန်း’

လဲ့ကျစ်က အခန်းထဲမှ ထွက်လာပြီး ပုလွေသံကြားရာ နောက်သို့ လိုက်လာခဲ့သည်။ သူမ အိပ်ခန်းအနောက်ဘက်မှ ဇီးပန်းပင်များစွာ စိုက်ထားသည့် ဥယျာဉ်ဆီသို့ သွားသော စင်္ကြံလမ်းတစ်လျှောက် လျှောက်လာခဲ့ပြီး နောက်ဆုံးတွင် ဟော်တူကို တွေ့လိုက်ရသည်။

သူက အနောက်ဘက်ဥယျာဉ်ရှိ ကျောက်စားပွဲဘေးမှ ဘီးတပ်ထိုင်ခုံပေါ်မှာ ထိုင်နေပြီး သူမဘက်ကို နောက်ကျောပေးထားသည်။ သူက သူမ ရွေးချယ်ထားသော ကျောက်စိမ်းပုလွေဖြူကို မှုတ်နေခဲ့သည်။

တေးသွားမပြီးခင်အထိ လဲ့ကျစ်က စင်္ကြံတိုင်ကို မှီကာ ရပ်နေခဲ့ပြီး သူ့ကို နှောင့်ယှက်ရန် ရှေ့ကို ထွက်သွားခြင်းမရှိပေ။

ပုလွေသံက ငြိမ့်ညောင်းပြီး လဲ့ကျစ်နှင့် ရင်းနှီးနေသည့် တေးသွားတစ်ပုဒ်ပင်။ တိုင်းပြည်များကြားထဲတွင် လုံးလုံးလျားလျား ချိတ်ဆက်နိုင်သည့် အရာရှိလျှင် ထိုအရာက ဂီတသာ ဖြစ်ပေလိမ့်မည်။

ယခုအချိန်တွင် ဟော်တူက "ထန်ရှဲ့သီချင်း"ကို တီးမှုတ်နေခဲ့သည်။ ထိုသီချင်းက နာမည်ကြီး မဟုတ်သော်လည်း လဲ့ကျစ်၏အစ်မတော် အကြိုက်ဆုံးသီချင်းဖြစ်သည်။

‘အရင်တုန်းကတော့ သူမရဲ့အစ်ကိုတော်က သူမကို စာဖတ်ဖို့ အတင်းအကျပ်ဖိအားပေးခဲ့ပြီး သူမရဲ့အစ်မတော်က ဒီသီချင်းကို တီးမှုတ်ရင်း သူမကို ပြုံးပြနေခဲ့ဖူးတယ်’

‘တာ့လီက တောင်ဘက်မှာ ရှိတော့ ဆောင်းရာသီရဲ့နှင်းတွေကို မြင်တွေ့ဖို့ သိပ်မဖြစ်နိုင်ဘူး။ ငယ်ငယ်တုန်းက မောင်နှမသုံးယောက် ကောင်းကင်နဲ့ မြေကြီးကြားက နှင်းတွေဖုံးနေတဲ့ ငွေရောင်သဘာဝရှုခင်းတွေကို အတူကြည့်ချင်ခဲ့ကြတယ်။’

‘ယခု သူမ တာ့ချီကို ရောက်လာတော့ နှင်းတွေဖုံးနေတဲ့ ကောင်းကင်ကြီးကို မြင်လိုက်ရတယ်၊ ဒါပေမယ့် အစ်ကိုတော်က မရှိတော့သလို အစ်မတော်ကလည်း နေအိမ်အကျယ်ချုပ် ကျခံနေရတယ်’

တေးသွားပြီးဆုံးသွားချိန်တွင် အမှတ်တရများလည်း ရုတ်တရတ် ပျောက်ဆုံးသွားသည်။

လဲ့ကျစ်က သူမ၏လက်ကို မြှောက်လိုက်ပြီး သူမ၏မျက်လုံးထောင့်များ၌ စိုစွတ်နေသော မျက်ရည်များကို လက်ချောင်းများဖြင့် ဖိသုတ်လိုက်သည်။ ထို့နောက် တွန့်ဆုတ်ခြင်းမရှိဘဲ ဟော်တူဆီသို့ လျှောက်သွားလိုက်သည်။ သူ့နံဘေးသို့ လျှောက်သွားပြီးနောက် လဲ့ကျစ်က သူ ကြမ်းတမ်းသော ဆောင်းရာသီကို လုံးဝမကြောက်သလို ခပ်ပါးပါးကြက်သွေးရောင်အ၀တ်အစားများသာ ၀တ်ထားမှန်း သိလိုက်ရသည်။

ဘီးတပ်ထိုင်ခုံက အနည်းငယ် လှည့်လာပြီး ဟော်တူ၏မျက်နှာက သူမ၏မျက်လုံးများတွင် ထင်ဟပ်နေသည်။ လဲ့ကျစ်က သူမ၏ ခန္ဓာကိုယ်မှ နှင်းဖြူရောင် ချည်သားအပေါ်ရုံအင်္ကျီကို ချွတ်လိုက်ပြီး ဟော်တူ၏ပေါင်ပေါ်သို့ တင်ပေးကာ သူ့မျက်နှာချင်းဆိုင်ရှိ ကျောက်ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

ဇီးပန်းပွင့်သေရည်က ခွန်အားအနည်းငယ် တိုးလာစေပုံရသည်။ လဲ့ကျစ်က သူမ၏ပါးပြင်များ ပူထူလာသည်ကို ခံစားလိုက်ရပြီး မျက်လုံးများကို အောက်စိုက်ထားကာ မည်သည့်စကားလုံးဖြင့် စတင်ရမည်ကို မသိသေးပေ။ သူမ၏မျက်လုံးများက ဟော်တူ၏လက် ချည်အင်္ကျီပေါ်သို့ ပေါ့ပေါ့ပါးပါး ချထားသည်ကို မြင်နေရပြီး သူ့လက်ချောင်းထိပ်များက ဖြူဖျော့နေသည်ဟု တွေးမိသွားသည်။

လဲ့ကျစ်တစ်ယောက် ဘယ်က ရောက်လာမှန်း မသိသည့် သတ္တိဖြင့် သူ့လက်ဖဝါးကို ဆုပ်ကိုင်ထားလိုက်သည်။

ဟော်တူ၏လက်များက အေးစက်နေပြီး သူမ၏ လက်ဖဝါးများက ပူလောင်နေသောကြောင့် သူ့ထံသို့ နွေးထွေးမှုအချို့ စီးကူးသွားစေခဲ့သည်။ လဲ့ကျစ်က မျက်လုံးပြူးလေးဖြင့် ဟော်တူ၏မျက်လုံးများကို မော့ကြည့်ရင်း စကားစလိုက်သည်။

“ကျွန်မ…”

"မင်း သောက်လာတာလား"

ဟော်တူက နူးညံ့သောအပြုံးဖြင့် သူမကို အနှောင့်အယှက်ပေးလိုက်သည်။

######

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : ငါ့ဇနီးလေးက အရက်သမားဆိုရင် ငါ ဘယ်လိုလုပ်မလဲ။ (သူ့လက်ကို မြှောက်ထား)

အခန်း ၁၃ အရူး....သူကရူးနေတာ...

လေအေးက တောထဲမှ ဇီးပန်းမွှေးရနံ့ကို ဖြန့်ကျက်သယ်ဆောင်လာသော်လည်း ထိုဇီးပန်းရနံ့က သူမခန္ဓာကိုယ်ပေါ်ရှိ ဇီးပန်းပွင့်သေရည်နံ့ကို မဖုံးကွယ်ပေးနိုင်ခဲ့ပေ။

“အင်း…”

လဲ့ကျစ်က ရှက်ကိုးရှက်ကန်းဖြင့် မျက်လုံးလွှာချလိုက်ပြီး သူမ၏မျက်နှာက ပိုနီလာကာ တိုးတိုးလေး ထပ်ပြောလိုက်သည်။

“သုံးခွက်ပဲ သောက်တာပါ”

ဟော်တူက သူမ ဆုပ်ကိုင်ထားသော လက်ကို ဖယ်မချဘဲ သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ဖဝါးကို သူမ၏လည်ပင်းနောက်ဘက်တွင် တင်ကာ သူမ သူနှင့် ပိုမိုနီးကပ်လာစေရန် အနည်းငယ် အားစိုက်ထုတ်လိုက်သည်။

သူမ၏လည်ပင်းသို့ရောက်လာသော အအေးဓာတ်က လဲ့ကျစ်ကို တုန်လှုပ်သွားစေပြီး ထိတ်လန့်တကြားဖြင့် မျက်လွှာပြန်ပင့်လိုက်သည်။ ဟော်တူ၏ မက်မွန်ပွင့်မျက်လုံးများကို အနီးကပ်မြင်နေရသောကြောင့် သူ့မျက်လုံးများထဲတွင် သူမ၏ကြောက်ရွံ့တုန်လှုပ်နေသော ပုံရိပ်ကို မြင်နေရသည်။

ထိုအရာက ဟော်တူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာစေသော်လည်း သူ့မျက်လုံးထဲတွင်တော့ ဘာခံစားချက်မှ ရှိမနေချေ။ သူက သူ့ရှေ့မှ မူးဝေနေသည့် ညှို့ယူနိုင်သော မြေခွေးမျက်လုံးလေးများကို စိုက်ကြည့်နေပြီး ဖြည်းဖြည်းချင်း မေးမြန်းနေသည်။

"တတိယညီတော်နဲ့ ကိုယ်နဲ့ကြားမှာ မင်းက ကိုယ့်ကို ရွေးချင်တာလား"

သူ၏ တိုက်ရိုက်မေးခွန်းက လဲ့ကျစ်၏ နှလုံးသားကို တည်ငြိမ်သွားစေသည်။ သူမက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ပြီး အခိုင်အမာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့”

ဟော်တူက သူမ၏စကားများ မည်မျှမှန်သည်ကို ပိုင်းခြားသိမြင်ရန် ကြိုးစားနေသကဲ့သို့ သူမ၏မျက်လုံးများကို ဂရုတစိုက် ကြည့်နေပြန်သည်။ အချိန်အတော်ကြာပြီးနောက် သူက သူ့လက်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ဘီးတပ်ထိုင်ခုံ၏နောက်ကျောသို့ ပျင်းပျင်းရိရိ ပြန်မှီကာ ရယ်မောနေလေသည်။

"ဟော်ရှက မင်းကို ဘယ်လိုအခြေအနေတွေအတွက် ကတိပေးခဲ့လဲ၊ သူ့အတွက် မင်းကို ဘာလုပ်ပေးစေချင်တာလဲ"

လဲ့ကျစ်က သူမ၏အင်္ကျီလက်ဝကျယ်ထဲမှ ဆေးထုတ်ကို ထုတ်ယူပြီး ကျောက်စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

"ဧကရီရာထူး ချီးမြှင့်ပေးမယ်လို့ ပြောတယ်၊ အရှင့်သား မသေမချင်း အရှင့်သားနားမှာ နေပြီး အခွင့်အရေး ရဖို့ စောင့်ခိုင်းတယ်"

ဟော်တူက သူမကို နောက်တစ်ကြိမ် လှမ်းကြည့်သော်လည်း သူ ယုံကြည်သွားပုံရသည်။

သို့သော်…

"မင်းက ဧကရီရာထူးနဲ့တောင် မတုန်လှုပ်ဘူးလား"

‘ဒီကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် အမြင့်မြတ်ဆုံးအဆင့်အတန်းက ဧကရီရာထူး ဖြစ်မယ်ထင်တယ်၊ ဧကရီရဲ့ အနေအထားတောင်မှ သူမကို မလှုပ်မရှား ဖြစ်စေတယ်ဆိုရင် သူမကို တခြားဘာတွေက ဖမ်းစားထားခဲ့တာလဲ’

ဟော်တူက ရယ်မောနေပြန်သည်။

‘သူမက သူကို မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတဲ့ မုသားကို ရူးရူးမိုက်မိုက် ပြောချင်နေတာလား’

"ကျွန်မ ဧကရီဖြစ်ချင်ရင် လက်ရှိမှာ အရှင့်သားက ထိုက်ဇီပါ၊ နောင်အနာဂတ်မှာ အရှင့်သား ထီးနန်း ဆက်ခံနိုင်တာနဲ့ ကျွန်မက သဘာဝအတိုင်း ဧကရီဖြစ်လာမှာပါ၊ ဒီလိုအခြေအနေမှာ ကျွန်မက ဘာလို့ မလိုအပ်ဘဲ လှုပ်ရှားရမှာလဲ"

လဲ့ကျစ်က စကားကို ခေတ္တရပ်နားပြီးနောက် ဟော်တူ၏လက်များကို အနည်းငယ် ပိုတင်းတင်းဆုပ်ကိုင်ကာ ထပ်ပြောလိုက်သည်။

"အဲ့ဒါအပြင် ကျွန်မမှာ ဧကရီနေရာထက် ပိုလိုချင်တဲ့ အရာတစ်ခုရှိပါတယ်”

"အိုး"

ဟော်တူက မျက်ခုံးပင့်ကာ သူမကို ဆက်ပြောရန် လှုံ့ဆော်လိုက်သည်။

လဲ့ကျစ်ကလည်း မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

"ဟော်ရှရဲ့ အသက်"

ထိုစကားက ဟော်တူက အမှန်တကယ် ဟက်ဟက်ပက်ပက် ရယ်မောစေခဲ့သည်။

‘ဟော်ရှက တာ့လီမှာ နှစ်တွေအကြာကြီး ဓားစာခံအဖြစ် နေခဲ့တာကို သူလည်း သိပြီးသားပါ၊ နောက်ဆုံးမှာ ဟော်ရှက ချီစစ်တပ်နဲ့ ပူးပေါင်းပြီး တာ့လီကို ဖျက်ဆီးခဲ့တယ်’

‘လဲ့ကျစ်က သူ့ကို မုန်းတီးတာက သာမာန်ပါပဲ’

‘အမုန်းတဲ့လား.... သူလည်း အများကြီးတွေ့ဖူးတာပါပဲ...’

‘ဒါပေမယ့် အဆုံးအထိ နှလုံးသားမရှိဘဲ လုံးဝ မုန်းတီးဖို့တက်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိနိုင်မှာလဲ’

ဟော်တူက ယခု သူမ ပြောနေသည့်စကားကို ယုံကြည်ပေးနိုင်သော်လည်း သူမ အမြဲတမ်း ထိုသို့ဖြစ်နေမည်ဟုတော့ မယုံကြည်နိုင်သေးပေ။

‘ထားပါတော့လေ.... ကိစ္စ မရှိပါဘူး’

သူ့မျက်နှာက အေးစက်သွားပြီး သူမ၏မေးစေ့ကို ညှစ်ရန် လက်မြှောက်လိုက်ပြန်သည်။

"ညီတော်နဲ့ ဆယ်နှစ်ကြာ ခင်မင်ရင်းနှီးမှုနဲ့ လူတိုင်း သဘောကျတဲ့ ထိုက်ဇီဖေးရဲ့ ဒီမျက်နှာရယ်ကို သုံးပြီး သူ့ကို သတ်ဖို့ ကြိုးစားရင် ခက်မယ် မထင်ပါဘူး"

‘သူမ သူ့ကို တကယ်မုန်းရင် ဟော်ရှကို သူမစွမ်းရည်နဲ့ သတ်ဖို့က မခက်ခဲဘူး’

‘သူမ သူ့ကို မသတ်ခဲ့ဘူး၊ ဆိုလိုချင်တာက သူ့အပေါ် ခံစားချက်တွေ ရှိနေတုန်းပဲ’

သူမ၏မေးစေ့ကို တင်းကြပ်စွာ ညှစ်ထားသည့် လက်ချောင်းများကြောင့် လဲ့ကျစ်တစ်ယောက် နာကျင်စွာ မျက်မှောင်ကြုတ်လိုက်သော်လည်း သူမ၏ မျက်လုံးများက မြဲမြံနေသေးသည်။

"အရှင့်သားရဲ့စကားက မှန်ပါတယ်၊ ဟော်ရှတစ်ယောက်တည်းကို သတ်ဖို့က မခက်ခဲပါဘူး၊ ဒါပေမယ့် ကျွန်မက သူ့ကိုတင်မကပဲ သူ့အပေါင်းအပါတွေကိုလည်း သတ်ပစ်ချင်တယ်၊ အဲ့ဒါအပြင် အစ်မကိုလဲ ကယ်တင်ချင်သေးတယ်”

အမှန်တကယ်တွင် လဲ့ကျစ်က တစ်ဝက်သာ ပြောနေခြင်းပင်။ သူမက ကလဲ့စားချေချင်ပြီး သူမ၏ အန္တိမရည်မှန်းချက်က တာ့ချီအင်ပါယာခ၏ဧကရာဇ်ကို သတ်ပစ်ရန်ဖြစ်သည်။ ထိုသူကသာ တာ့လီကို ဖျက်ဆီးရန် အမိန့်ပေးခဲ့သော အဓိကတရားခံဖြစ်ပြီး ဟော်ရှက ကြံရာပါတစ်ယောက်သာ ဖြစ်သည်။

သို့သော် ယခု သူမ ထိုစကားကို မပြောနိုင်သေးပေ။

‘ချီဧကရာဇ်က ဟော်ရှကို ဘယ်လောက်ပဲ အလေးထားပြီး ဟော်တူကို မထီမဲ့မြင်ပြုနေပါစေ သွေးက ရေထက် ပိုပျစ်ပြီး အဲ့လူက ဟော်တူရဲ့ ဖခင်အရင်းပဲ။ ပြီးတော့ ဟော်တူက သူရဲ့ခမည်းတော်အပေါ် ဘယ်လိုခံစားချက်ရှိနေမှန်း သူမ မသိသေးဘူး’

လဲ့ကျစ်၏ နာကျင်သောအမူအရာကို ကြည့်ရင်း ဟော်တူက သူ့လက်ကို လွှတ်ပေးလိုက်ပြီး အဝေးသို့ အကြည့်လွှဲသွားကာ မေးခွန်းများ ထပ်မမေးတော့ပေ။

လဲ့ကျစ်က ဟော်တူ မည်မျှယုံနိုင်သည်ကို တွေးတောရင်း စိတ်ထဲတွင် တုံ့ဆိုင်းသွားကာ ခံစားချက်တစ်စုံတစ်ရာမရှိဘဲ ယခုန သူမ ပြောခဲ့သောစကားများက အနည်းငယ် တုံးအနေသလို ခံစားလိုက်ရသည်။

‘အဲဒါကို ဘယ်လိုပြန်ပြင်ရမလဲ’

သူမ တုံ့ဆိုင်းသွားသော်လည်း သူမ၏လက်ချောင်းများက ဟော်တူ၏လက်ကို ညင်သာစွာ ညှစ်ထားပြီး တိုးတိုးလေး မေးနေပြန်သည်။

“အရှင့်သားမှာ သဘောကျတဲ့လူရှိလား”

ဟော်တူနှင့် သူမ၏လက်ထပ်ထိမ်းမြားမှုကို ချီဧကရာဇ်မှ ပေးအပ်ခဲ့ပြီး သူမ၏ အသိအမှတ်ပြုပွဲ အခမ်းအနားအတွက် သူမတစ်ယောက်တည်းသာ တက်ရောက်ခဲ့ရသည်။

သူမက ၎င်းနှင့်ပတ်သက်၍ သူ မကျေမနပ်ဖြစ်နေသည်ဟု ယူဆကာ သူ့ထံတွင် ချစ်သူရည်းစားရှိနေသည်ဟု ယူဆခဲ့သည်။

ဟော်တူက သူမ၏မေးခွန်းကို နားထောင်နေသော်လည်း ပြန်မဖြေခဲ့ပေ။

လဲ့ကျစ်က ဆက်ပြောလိုက်သည်။

"အရှင့်သားမှာ ချစ်သူတစ်ယောက်ရှိနေရင် အနာဂတ်မှာ ကိစ္စတွေအောင်မြင်သွားလို့ အရှင့်သား နန်းတက်ရင် ကျွန်မက ကျွန်မဆန္ဒနဲ့ ကျွန်မ ဧကရီရာထူးကနေ ဖယ်ပေးဖို့ အကြောင်းပြချက်ရှာပေးနိုင်ပါတယ်၊ အဲ့ဒါကြောင့် ဧကရီရာထူးကို အရှင့်သားရဲ့နှလုံးသားထဲက လူတစ်ယောက်အတွက် သီးသန့်ချန်ထားနိုင်ပါတယ်"

ချစ်သူ?

ဟော်တူက ရုတ်တရက် ရယ်ချင်လာသည်။

‘သူ့မှာ နှလုံးသားတောင် မရှိခဲ့တာ သူ့နှလုံးသားထဲမှာ ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက် ရှိနေနိုင်မှာလဲ’

သို့သော် သူက မငြင်းဘဲ ဂရုမစိုက်ဟန်ဖြင့် ပြန်မေးလိုက်သည်။

“မရှိရင်ရော ဘယ်လိုလုပ်မလဲ”

“မရှိရင်…”

လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို တွန့်လိုက်ပြီး သူမ၏မျက်လုံးကို အနည်းငယ် မော့ကာ ထပ်မေးလိုက်သည်။

“အရှင့်သား.... ကံကြမ္မာကို ယုံလား”

ဟော်တူက ဘာမှ မဖြေသောကြောင့် သူမဘာသာ ဆက်ပြောနေပြန်သည်။

“ကျွန်မက ကံကြမ္မာကို ယုံတယ်၊ လီပေါင်းထောင်ချီဝေးကွာနေတဲ့ အရှင့်သားနဲ့ ကျွန်မ လင်မယားဖြစ်ခွင့်ရတာက ကံကြမ္မာကြောင့် မဟုတ်ဘူးလား”

"ကံကြမ္မာတဲ့လား"

ဟော်တူက လှောင်ပြောင်လိုက်သည်။

‘ဒါက ဘာကြီးလဲ? သူ သေချာပေါက် မယုံဘူးပေါ့’

"ဟုတ်​တယ်"

လဲ့ကျစ်က တောက်ပစွာ ပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။

"ကျွန်မ အရှင့်သားကို မြင်မြင်ချင်း မချစ်မိသွားပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရှင့်သားနဲ့ အတူရှိနေပြီးတဲ့နောက်မှာ ကျွန်မ တွေးမိတာက ကျွန်မ အရှင့်သားကို ကျွန်မ ချစ်မိသွားဖို့ ကြာမယ် မထင်ဘူး၊ ပြီးတော့ အရှင့်သားကလဲ အခု ကျွန်မကို စိတ်မဝင်စားပေမယ့် ချစ်ခြင်းမေတ္တာတွေ ရောက်ရှိလာတဲ့ အချိန်ရောက်ရင် အရှင့်သားက ကျွန်မကို တဖြည်းဖြည်း သဘောကျလာလိမ့်မယ်"

သူမ၏စကားအဆုံးတွင် လဲ့ကျစ်က သူမ၏မျက်တောင်လေးများကို တဖျပ်ဖျပ် ခပ်နေပြီး အနည်းငယ် ကလူ၏သို့မြှူ၏သို့ လုပ်ပြနေသည်။

ဟော်တူက ပူလောင်သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်။

‘ခေတ်ကာလတွေအားလုံးမှာ လှပတဲ့အမျိုးသမီးတွေရဲ့လက်အောက်မှာ သူရဲကောင်းတွေ ဘယ်လောက်တောင် ကျဆုံးခဲ့ရတာလဲ’

‘သေချာတာပေါ့၊ အလှတရားက ထိန်းရခက်ခဲစေတယ်’

‘ဒီနေ့ညက သူမ ပြောခဲ့တဲ့ စကားအားလုံးက အလိမ်အညာတွေဆိုရင် ဟော်ရှက လူမှန်ကို ရွေးချယ်လိုက်ပြီလို့တောင် ပြောနိုင်တယ်’

‘အထင်ကြီးစရာပါပဲ....’

‘အရမ်း အထင်ကြီးစရာ ကောင်းလွန်းနေတယ်....’

‘သူမ အမှန်ပြောတာပဲ ဖြစ်ဖြစ်၊ လိမ်နေတာပဲ ဖြစ်ဖြစ်၊ အနည်းဆုံးတော့ သူ သူမကို မသတ်ချင်သေးဘူး၊ ဘာကြောင့်လဲဆိုတော့ သူမ ဆက်လုပ်မယ့်အရာတွေကို သူ တကယ်မြင်ချင်နေလို့ပဲ’

ဟော်တူက ကျောက်စားပွဲပေါ်မှ ဆေးထုတ်ကို ကြည့်ရင်း ထပ်မေးလိုက်သည်။

“အဲ့ဒါ ဘာဆေးလဲ”

လဲ့ကျစ်က သူ့လက်ဖဝါးများကို ကိုင်ထားသည့် လက်ကို လွှတ်လိုက်ပြီး ဆေးထုတ်ကို လှမ်းယူလိုက်သည်။

သူ့လက်ဖဝါးမှ နူးညံ့မှုနှင့် နွေးထွေးမှုကို ရုတ်တရက် ဆုံးရှုံးလိုက်ရသဖြင့် ဟော်တူတစ်ယောက် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

ကျောက်စားပွဲပေါ်မှ လက်ဖက်ရည်က အေးနေပြီဖြစ်သည်။ လဲ့ကျစ်က လက်ဖက်ရည်ခွက်အဖုံးကို ဖွင့်ပြီး အဖြူရောင်ဆေးမှုန့်အားလုံးကို လောင်းထည့်လိုက်သည်။

ခဏအကြာတွင် ဆေးအမှုန့်က လက်ဖက်ရည်ထဲသို့ လုံးဝပျော်ဝင်သွားသည်။ သို့သော်လည်း လက်ဖက်ရည်၏အညိုရောင်က လုံးဝပြောင်းလဲသွားခြင်း မရှိပေ။ သူမက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး အနံ့ခံရန် နှာခေါင်းအောက်သို့ ထားလိုက်သော်လည်း ထူးထူးခြားခြား အနံ့မရှိပေ။

ဟော်ရှက သူမကို မလိမ်ညာခဲ့ဘဲ ဤဆေးက အမှန်တကယ် အရောင်ကင်းပြီး အနံ့လည်း မရှိပေ။

လဲ့ကျစ်က ဟော်တူရှေ့သို့ လက်ဖက်ရည်ခွက်ကို လှမ်းပေးလိုက်ရင်း ပြန်ဖြေလိုက်သည်။

"ဟော်ရှ ပြောတာတော့ ဒါက အရောင်၊ အနံ့နဲ့ အရသာ မရှိတဲ့ အဆိပ်တဲ့၊ အရှင့်သားရဲ့အစားအစာတွေထဲမှာ ဆယ်ခါလောက်ထည့်လိုက်ရင် အရှင့်သားက…”

ကျန်နေသည့်စကားကို ပြောစရာ မလိုတော့ဘဲ ဟော်တူ နားလည်နိုင်မည်မှန်း သူမ သိနေသည်။

ထို့နောက် ဟော်တူက သူမထံမှ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်ကို သူမ မြင်လိုက်ရသည်။

"ဒီလောက်တောင် အစွမ်းထက်တဲ့ အဆိပ်လား၊ စမ်းမကြည့်ရင် အစစ်လား အတုလား ဆိုတာကို ဘယ်လိုပြောနိုင်မှာလဲ"

ဟော်တူက လက်ဖက်ရည်ခွက်အလွတ်ကို ကျောက်စားပွဲပေါ်ပြန်တင်လိုက်ပြီး အံ့အားသင့်နေသော လဲ့ကျစ်ကို ကြည့်ကာ မေးလိုက်ပြန်သည်။

"ပြောပါဦး ထိုက်ဇီဖေး.... ဟုတ်တယ်မလား"

‘သူကိုယ်တိုင် အဆိပ်ကို တကယ်စမ်းသပ်တယ်ပေါ့....’

လဲ့ကျစ်၏ မျက်ဆံများက တုန်ခါသွားပြီး ချယ်ရီနှုတ်ခမ်းများက အနည်းငယ် ပွင့်အာလာသည်။ ဟော်တူက ငြိမ်သက်နေပြီး အဆောတလျင် မရှိသည်ကို မြင်လိုက်ရသဖြင့် သူမလည်း စိတ်ငြိမ်သွားခဲ့သည်။

"အရှင့်သားမှာ ဖြေဆေးရှိနေပုံပဲ"

ဟော်တူက သူမကို မတုံ့ပြန်ဘဲ ဘီးတပ်ထိုင်ခုံ၏လက်တင်ကို သူ့လက်ချောင်းထိပ်များဖြင့် တင်းကြပ်စွာ ကိုင်ထားခဲ့သည်။ သူ၏ အတွင်းအင်္ဂါများမှ ပြင်းထန်သော နာကျင်မှုကို ရရှိရန် အချိန်အကြာကြီး မစောင့်လိုက်ရဘဲ သူ၏ နှုတ်ခမ်းထောင့်များမှ သွေးမဲများ စီးကျလာသည်။

လဲ့ကျစ်၏ မျက်လုံးများ တဖန်ပြန်ပြူးကျယ်သွားပြီး တုန်ယင်နေသော အသံဖြင့် တိုက်တွန်းလိုက်သည်။

“အရှင့်သား၊ စမ်းပြီးပြီဆိုရင် အဆိပ်ဖြေဆေးကို မြန်မြန် သောက်လိုက်ပါ”

ဟော်တူက သူ့အင်္ကျီလက်ထဲမှ နှင်းဖြူရောင်လက်ကိုင်ပုဝါကို ထုတ်ယူကာ သူ့နှုတ်ခမ်းထောင့်မှ သွေးများကို ဖြည်းညှင်းစွာ သုတ်လိုက်ပြီး သူ့အတွင်းအင်္ဂါများအား ကိုက်ဖြတ်နေသည့် ဝေဒနာကို ခံစားနေရသည်။ သူက လဲ့ကျစ်ကို ပျင်းရိနေပုံရသော အကြည့်များဖြင့် ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ကိုယ့်မှာ ဖြေဆေး မရှိဘူး"

သူက ပြောပြီးသည်နှင့် ရုတ်တရက် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ပါးစပ်ထဲမှ အနက်ရောင် သွေးများ ထွက်ကျလာသည်။

လဲ့ကျစ်က ထိတ်လန့်စွာ ထရပ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု၊ အကူအညီမဲ့မှုနှင့် နက်နဲသော နားမလည်နိုင်မှုတို့ ချက်ချင်း ထွက်ပေါ်လာသည်။

‘အဆိပ်ဖြေဆေး မရှိဘူးလား?’

‘ဒါကိုတောင် သူက အဆိပ်ကို ပေါ့ပေါ့ဆဆ သောက်ရဲတယ်ပေါ့လေ..’

‘သူက ရူးနေတာလား.......’

#######

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....

ဟော်တူ : “ဟုတ်တယ်”

All Chapters