← Chapters

အခန်း (၁၆-၁၇)

Vol. 2 Ch. 16-17

အခန်း (၁၆-၁၇)

Vol. 2 Ch. 16-17

အခန်း ၁၆ အထမြောက်စေမယ်

ပူပြင်းသော စမ်းရေကန်ထဲတွင် ရေများက တဖျပ်ဖျပ် လှုပ်ခါနေသည်။ လဲ့ကျစ်က သူမ၏ နှုတ်ခမ်းများကို ပွတ်သပ်ကာ ဟော်တူ၏ နံဘေးသို့ လျှောက်သွားလိုက်သည်။ သူမက ပူနွေးသော ကျောက်နံရံကို မှီကာ ဟော်တူနှင့် ခပ်လှမ်းလှမ်း၌ ထိုင်နေလိုက်သည်။

"အရှင့်သား ဘယ်လိုနေသေးလဲ၊ နေကောင်းသွားပြီလား"

ဟော်တူက သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်”

လဲ့ကျစ်က ရှက်ပြုံးလေး ပြုံးနေပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေပြန်သည်။

ရေပူစမ်းကန်၏နံဘေးတွင် စားစရာနှင့် သစ်သီးဝလံများ တည်ခင်းထားသည်။ လဲ့ကျစ်က ဟော်တူက ခွက်ကို ယူပြီး သူမအား ပေးနေသည်ကို စိုက်ကြည့်နေပြီးမှ သူမက ခန္ဓာကိုယ်ကို တမင်နှိမ့်ချကာ ခွက်ကို ယူရန် လက်လှမ်းလိုက်သည်။

ကြွေထည်စဉ့်ခွက်အတွင်းမှ အရည်က ရေနှင့်မတူဘဲ အရောင်မရှိသော အရည်တစ်ခု ဖြစ်နေသော်လည်း ရနံ့က အလွန်ရင်းနှီးနေသည်။

ည၏မွှေးရနံ့လေးကို ရနေခဲ့သည်။

လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို အနည်းငယ် ဖွင့်ဟလိုက်သော်လည်း သူမပါးစပ် မပွင့်သွားသေးမီ သူမဘေးနားရှိလူထံမှ ခပ်တိုးတိုး ပြောနေသံကို သူမ ကြားလိုက်ရသည်။

“အဲဒီ ညရဲ့မွှေးရနံ့ကို မင့်လို့လည်း ခေါ်တယ်”

" ‘မင့်’ တဲ့လား၊ နာမည်လေးက လှသားပဲ"

ထို့နောက် သူမက ကြွေစဉ့်ခွက်ကို သူမ၏နှာခေါင်းနားသို့ ယူကာ အနံ့ခံကြည့်လိုက်သော်လည်း အနည်းငယ်ပြင်းထန်သော အနံ့ကြောင့် ခွက်ကို ပြန်ရွှေ့လိုက်မိသည်။

ဟော်တူက ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် သူက ပြောလာပြန်သည်။

“ကိုယ့်ကိုကိုယ် အတင်းအကျပ် မလုပ်နဲ့၊ မင်းနဲ့ကိုယ်က တူညီတဲ့လူတွေ မဟုတ်ဘူး"

ဤစကားကို ကြားပြီးနောက် လဲ့ကျစ်က မျက်မှောင်ကြုတ်လိုက်သည်။

‘သူ ဘာကို ဆိုလိုတာလဲ၊ သူမ ဒီအရာတွေ အားလုံးကို ပြုလုပ်ခဲ့တာတောင် “တူညီတဲ့လူတွေ မဟုတ်ဘူး” ဆိုတဲ့ စကားကိုပဲ ရရှိခဲ့တာလား’

ထိုအရာက လဲ့ကျစ် မျှော်လင့်ထားသည့် ရလဒ် မဟုတ်မှန်း သိသာနေသည်။

လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဟော်တူဆီသို့ ဖြည်းညှင်းစွာ ချဥ်းကပ်လာကာ သူ့ကို ကြည့်ရန် သူမ၏မျက်လုံးများကို ပင့်တင်လိုက်သည်။ သူ့၏မျက်လုံးများထဲတွင် ဘာခံစားချက်မရှိဘဲ အပေါ်နှုတ်ခမ်းတွင် အရည်အချို့ စွန်းထင်းနေသည်။

ပူပြင်းသော မြူခိုးများက ဝိုင်းရံထားသည့် နှစ်ယောက်သားကြားတွင် ရေခိုးရေငွေ့ အလွှာပါးလေးသာ ရှိနေပုံရသည်။ လဲ့ကျစ်က ရုတ်တရက် ရှေ့တိုးလိုက်ပြီး ဟော်တူ၏ ပုခုံးပေါ်သို့ လက်နှစ်ဘက်ကို တင်ကာ သူ့ကို သူမ၏ခန္ဓာကိုယ်ဖြင့် ဖိကပ်လိုက်သည်။

"ထိုက်ဇီဖေး၊ ဒါက..."

သူ့စကားမဆုံးခင် လဲ့ကျစ်က သူမ၏ချယ်ရီ‌ရောင်နှုတ်ခမ်းလေးများကို သူ့နှုတ်ခမ်းပေါ် ဖိချလိုက်ပြီး နှစ်ယောက်သား၏ခန္ဓာကိုယ်များက ပူးကပ်သွားသည်။

မင်္ဂလာမဆောင်ခင် အထိန်းတော်များက အများကြီး သင်ပေးခဲ့သော်လည်း လက်တွေ့လုပ်ရန် မလွယ်ကူလှပေ။ လဲ့ကျစ်က နမ်းဖို့နေနေသာသာ မည်သူနှင့်မျှ ဤသို့ တစ်ခါမှ နီးနီးကပ်ကပ် မနေဖူးခဲ့ချေ။ ယခုတော့ နီးနီးကပ်ကပ်ရှိနေသည့် မက်မွန်ပွင့်မျက်ဝန်းများကတော့ အပြုံးမပျက် ပြုံးရုံသာ ရှိပြီး အခြားတုံ့ပြန်မှု မရှိခဲ့ပေ။

နောက်ဆုံးတွင် လဲ့ကျစ်လည်း မင့်ဖျော်ရည်များ စွန်းထင်းနေသော ဟော်တူ၏နှုတ်ခမ်းများကို ညင်သာစွာ နမ်းရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူမ မျှော်လင့်ထားသလောက် စူးစူးရှရှ မဟုတ်ပဲ လျှာဖျားတွင် အေးမြမှုအရသာလေး ရှိနေသည်။ သူမ သူ့ကို ဂရုတစိုက် နမ်းလိုက်ပြီး သူမ၏လျှာဖျားက တင်းတင်းကျပ်ကျပ် စေ့ထားသော သူ့သွားများကို ထိနိုင်လောက်အောင် တိုးဝင်သွားသည်။

‘ပြီးတော့ ငါ ဘာဆက်လုပ်ရမှာလဲ’

လဲ့ကျစ်၏စိတ်က လွတ်ထွက်သွားရပြန်သည်။ သူမ အစီအစဉ်တကျ တိုးဝင်လိုက်သော်လည်း ဟော်တူက လုံးဝ မလှုပ်ရှားပေ။ သူမ ရုတ်တရက် ရှုံးနိမ့်သွားသလို ခံစားလိုက်ရပြီး သူကို့ စိတ်ပျက်အားငယ်စွာ ကြည့်ကာ နောက်ဆုတ်ရန် အသင့်ဖြစ်သွားရသည်။

သို့သော် လက်ဖဝါးတစ်ဘက်က သူမ၏ခါးအနောက်သို့ ရောက်လာပြီး သူနှင့် သူမကို ပို၍နီးကပ်စေရန် ဆွဲယူလိုက်သည်။

သူမ၏ ရင်ဘတ်ရှေ့ရှိ နူးညံ့သောအရာလေးက မာကြောသောရင်ဘတ်ကြီးနှင့် တိုက်မိသွားသည်။ ရေပူစမ်းကန်ထဲမှ ရေက အလွန်ပူနေခြင်းကြောင့် ဖြစ်နိုင်ပြီး လဲ့ကျစ်၏ခန္ဓာကိုယ်လေး ချက်ချင်း တောင့်တင်းသွားရသည်။ ထို့နောက် သူမရှေ့မှ လူက သူ့လျှာဖျားကို ဖြည်းညှင်းစွာ ထုတ်လာပြီး သူမ၏လျှာလေးကို ရစ်ပတ်လာခဲ့သည်။

‘ဒီအချိန်မှာတော့ ဒါက တကယ့်အနမ်းပါပဲ’

လဲ့ကျစ်တစ်ယောက် သူမ၏ ပါးပြင်များ မီးကဲ့သို့ လောင်ကျွမ်းနေသလို ခံစားနေရသည်။

ဟော်တူ၏အနမ်းက ဂရုတစိုက် ဖန်တီးထားသကဲ့သို့ သာယာဖွယ်ကောင်းသော်လည်း ထိုအနမ်းက သူမ၏အသက်ရှူမှုအားလုံးကို ဖယ်ရှားနိုင်ခဲ့သည်။ အနမ်းက ရှည်လျားလွန်းသောကြောင့် သူမ အသက်ရှုမဝတော့သလို ဖြစ်နေရှာသည်။ သူတို့နှစ်ယောက်လုံး မျက်လုံးများကို မမှိတ်ဘဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် ဆန္ဒများ ပြည့်နှက်နေပြီး ထိုအနမ်းများထဲတွင် မက်မောနေခြင်းများ ရှိမနေခဲ့ပေ။

လဲ့ကျစ် အသက်ရှုကြပ်တော့မည်ဟု ခံစားမိလိုက်ချိန်တွင် ဟော်တူက အချိန်ကို တွက်ချက်ထားသည့်အတိုင်း သူမကို အချိန်ကိုက် ပြန်လွှတ်ပေးလိုက်သည်။

လဲ့ကျစ်က အနည်းငယ် မောဟိုက်နေပြီးမှ ငြိမ်သက်ဟန်ဆောင်ကာ မှတ်ချက်ပေးလိုက်သည်။

"အရသာရှိလိုက်တာ"

သို့သော် ဟော်တူ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောကြောင့် သူမက သူ့လက်ကို လှမ်းကိုင်လိုက်သည်။ သို့သော် သူလက်များက ရေထဲတွင် နစ်မြုပ်နေပြီး ခဏတာအတွင်း ရှာရခက်နေခဲ့သည်။ လဲ့ကျစ်က အလွန်စိတ်ရှည်ပြီး သူမ၏လက်လေးများဖြင့် ရေအောက်တွင် ဂရုတစိုက် လိုက်စမ်းနေခဲ့သည်။

‘သူမ တစ်စုံတစ်ခုကို ဆုပ်ကိုင်မိတဲ့ အထိပေါ့လေ....’

‘ဒါ ဘာလဲ”

‘အဲဒါက ပူပြီး မာနေတယ်...’

လဲ့ကျစ်က အံ့သြနေပြန်သည်။

‘ဒီရေပူစမ်းကန်ထဲမှာ တခြားတစ်ခုခုရှိနေတာလား’

သူမက အနည်းငယ် သတိထားပြီး ဖိကြည့်လိုက်ပြန်သည်။

သူမရှေ့တွင် ရှိနေသောလူ၏ အသွင်အပြင်က ရုတ်တရက် ပြောင်းလဲသွားသည်ကို သူမ မြင်လိုက်ရပြီး သူ့မျက်လုံးများတွင် ရှက်ရွံ့နေသည့်အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

လဲ့ကျစ်က သူမ ထင်ယောင်ထင်မှားဖြစ်နေခြင်း ဟုတ် မဟုတ် မသိသော်လည်း ဟော်တူ၏မျက်လုံးများက အနည်းငယ် နီသွားသလို သူမ ခံစားနေရသည်။

‘ဒါက…. ဘာဖြစ်တာလဲ’

"အဲဒါက ပျော်ဖို့ ကောင်းလား"

သူ့အသံက အက်ရှနေသည်။

လဲ့ကျစ်က သူ့ကို ဤပုံစံဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး သူမ ထိတ်လန့်တကြားဖြင့် ပြင်းပြင်းထန်ထန် ထပ်ညှစ်လိုက်မိသည်။

ထို့နောက်တွင် သူ့ဆီမှ တိုးတိုးလေးညည်းညူသံကို သူမ ကြားလိုက်ရသည်။

ထိုအချိန်မှသာ လဲ့ကျစ်က သူမ ဘာကို ကိုင်ထားမိမှန်း နားလည်သွားခဲ့သည်။ သူမကိုယ်တိုင် မျက်စိဖြင့် မမြင်ဖူးသော်လည်း စာအုပ်ထဲမှ သရုပ်ဖော်ပန်းချီများနှင့် အထိန်းတော်များ၏ ပြောပြချက်အရ သူမ အကြမ်းဖျင်း ဆုံးဖြတ်နိုင်ခဲ့သည်။

ခပ်တိုးတိုးအော်သံနှင့်အတူ သူမ ထိုအရာကို အမြန် ပြန်လွှတ်လိုက်ပြီး ခြေနှစ်လှမ်းလောက် နောက်ပြန်ဆုတ်လိုက်သည်။ ထိတ်လန့်မှု၊ အကူအညီမဲ့မှုနှင့် ရှက်ကိုးရှက်ကန်း အခြေအနေတစ်ခုကြောင့် သူမ၏ နှင်းရောင် ပါးပြင်ပေါ်တွင် အနီရောင်များ ထွက်ပေါ်လာသည်။ သူမ၏ တောင့်တင်းနေပြီဖြစ်သော ခန္ဓာကိုယ်လေးကလည်း ပိုတုန်ခါလာပြီး ယခုအချိန်တွင် သူမ၏ ခြေထောက်အောက်ပိုင်းကို အတင်း ဆွဲထုတ်နေရသည်။

သူမ၏တစ်ကိုယ်လုံး ရုတ်တရက် အားလျော့သွားပြီး နောက်ပြန်ကျသွားခဲ့သည်။ သူမ၏တစ်ကိုယ်လုံးက ပူပြင်းသော စမ်းရေကန်ထဲသို့ နှစ်မြှုပ်သွားပြီး ဟော်တူ၏ မျက်နှာပေါ်သို့ ရေများ တဖျပ်ဖျပ် လာစင်နေသည်။

ရေထဲတွင် ရုန်းကန်နေရသော လဲ့ကျစ်က သူမ၏မျက်လုံးများကို မှိတ်ထားပြီး သူမက ဤရေပူစမ်းကန်တွင် နစ်မြှုပ်ခံရသင့်သော အရှက်ရဆုံးမင်းသမီးဖြစ်မည်ဟု တွေးကာ ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။

ခဏအကြာတွင် သူမ၏အနောက်ဘက်ရှိ ရေပူစမ်းရေက သူ့ကိုယ်တိုင် ခွန်အားရှိနေသယောင်ဖြင့် သူမကို အထက်သို့ တွန်းထုတ်လိုက်သည်ကို သူမ ရုတ်တရက် ခံစားလိုက်ရသည်။ သူမ၏ဦးခေါင်း ရေမျက်နှာပြင်နှင့် ထိတွေ့လိုက်သည့်အချိန်မှသာ စမ်းရေတွင်း၏ စွမ်းအားက ပျောက်ကွယ်သွားပြီး သူမကို ဟော်တူဆီသို့ တည့်တည့်တွန်းပို့လိုက်သည်။

သူမ အသိပြန်ဝင်လာချိန်တွင် သူမတစ်ကိုယ်လုံး ဟော်တူ့၏ရင်ခွင်ထဲတွင် ရှိနေပြီး သူမ၏မေးစေ့လေးက သူ့ပုခုံးပေါ်၌ မှီတွယ်နေသည်။

လဲ့ကျစ်၏ မျက်လုံးများက နာကျင်လာပြီး အချိန်အတော်ကြာအောင် ထိန်းထားခဲ့သော မျက်ရည်များလည်း ချက်ချင်း ကျဆင်းလာခဲ့သည်။ သူမ ဘာလုပ်ရမှန်း မသိတော့ပေ။

‘ငါ လုပ်သင့်တာရော မလုပ်သင့်တာရော အကုန်လုံးကို လုပ်ခဲ့ပြီးပြီ၊ ဒါပေမယ့် ဟော်တူက ငါ့ကို လှောင်ပြောင်နေတယ်၊ ငါ့က တကယ်ကို အသုံးမဝင်တာပဲ...’

သေးငယ်သော ညည်းသံတစ်ခု ထွက်ပေါ်လာပြီး သူ ‌ပွေ့ဖက်ထားသည့် ပျော့ပျောင်းနူးညံသော ခန္ဓာကိုယ်လေး အနည်းငယ် လှုပ်ခါနေသည်ကို ဟော်တူ ခံစားနေရသည်။ ဟော်တူကိုယ်တိုင်လည်း ဒေါသထွက်နေမိသောလည်း သူမက ရယ်စရာကောင်းသလို ခံစားနေရသေးသည်။

‘သေချာတာကတော့ သူ့ကို နမ်းဖို့ အစပြုခဲ့တာ သူမလေ၊ ဒါပေမယ့် သူမက မနမ်းတတ်ဘူးတဲ့၊ အခုလည်း ရေအောက်ထဲမှာ လက်သီးဆုပ်ထားသေးတယ်၊ မမျှော်လင့်ဘဲ သူမက အရင်လာနမ်းပြီး အခု သူမကပဲ နစ်နာတယ်လို့ ခံစားနေရတာလား’

‘ဒါပေမယ့် ဒီပုံစံလေးက မိုးရေထဲမှာ ဖမ်းမိတဲ့ မြေခွေးငယ်လေးနဲ့ တူတယ်’

‘ထူးထူးဆန်းဆန်းကို သနားစရာကောင်းနေတာပဲ...’

နောက်ဆုံးတွင် ဟော်တူက သူမကို မကျီစယ်တော့ဘဲ သူ၏လက်တစ်ဖက်ကို သူမ၏ သွယ်လျသော ခါးလေးအား ဖက်ထားပြီး အခြားလက်တစ်ဖက်ဖြင့် သူမကို ချော့ရန် သူမကျောလေးကို ညင်ညင်သာသာ ပုတ်ပေးလိုက်သည်။

"အရှင့်သားက အမြဲတမ်း ကျွန်မကို နောက်ပြောင်တယ်"

လဲ့ကျစ်က သူမ၏မျက်နှာကို သူ့လည်ပင်းပေါ်၌ မြုပ်နှံထားလိုက်ပြီး ညင်ညင်သာသာ ပွတ်သပ်အနံ့ခံနေရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“အရှင့်သားက လူကို အနိုင်ကျင့်တယ်…”

“ဟွန့်”

‘သူမက သူ သူမကို တစ်လက်မလောက်ပေးတာကို တမိုင်လောက် လိုချင်နေတယ်’

‘သူမက လူဆိုးဖြစ်နေတာတောင် သူမက အရင် တိုင်ကြားတဲ့သူ ဖြစ်ချင်နေတုန်းပဲ’

ဟော်တူက သူ့ရင်ခွင်ထဲမှလူကို ပြန်ဆွဲထုတ်လိုက်ပြီး သူမ၏ မြေခွေးမျက်လုံးနီနီလေးများကို စိုက်ကြည့်ရင်း မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ဝံပုလွေလို ကျားလို ကိုယ်တိုင် ပစ်ဝင်လာတာက ဘယ်သူလဲ၊ ဘယ်သူက အရင်နမ်းတာလဲ၊ အဆုံးမှာ ဘယ်သူက အရင် အနိုင်ကျင့်တာလဲ”

ထိုစကားကို ကြားပြီးနောက် လဲ့ကျစ်၏မျက်နှာက နီရဲလာပြီး သူမ၏ခေါင်းလေး ချက်ချင်း ပြန်ငုံ့သွားသည်။

"ဒါပေမယ့် အရှင့်သား အရင်ပြောခဲ့တာလေ၊ ကျွန်မတို့က တူညီတဲ့လူတွေ မဟုတ်ဘူးတဲ့"

ဟော်တူက လဲ့ကျစ်၏ နှလုံးသားဆီသို့ သူ့လက်ဖဝါးဖြင့် ဖိလိုက်ပြီး လဲ့ကျစ်က သူမ၏ မျက်လုံးများဖြင့် ဇဝေဇဝါလေး မော့ကြည့်လိုက်သည်။

“မင်း ကိုယ်နဲ့ အတူနေချင်ရင် ဒီလောက်ထိ ပျော့ညံ့နေလို့ မရဘူး၊ နားလည်လား"

လဲ့ကျစ် အနည်းငယ် လန့်သွားပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

သူက သူ့လက်ဖဝါးကို ဖြည်းညှင်းစွာ ရွှေ့လိုက်ပြီး သူမ၏ဖြူဖွေးသော ပခုံးကို ကိုင်ကာ သူမကို သူနှင့် အနည်းငယ် ပိုနီးကပ်အောင် ဆွဲယူလိုက်သည်။ သူတို့၏ နှာသီးဖျားလေးများ ထိမိသွားသည်နှင့် ဟော်တူက သူ့နှုတ်ခမ်းကို တွန့်ကာ ပြောလာပြန်သည်။

“ပြီးတော့ ဒါကို ဘယ်လိုလုပ်ပြီး အနိုင်ကျင့်တာလို့ ခေါ်နိုင်မှာတုန်း၊ ဖြစ်နိုင်တာကတော့ ဒါက လင်နဲ့မယားကြားက ကျီစယ်မှုပဲ”

........။.......။.....

ရေပူစမ်းကန်တွင် အချိန်အတော်ကြာ ကြန့်ကြာနေခဲ့ကြပြီး နှစ်ယောက်သား အိပ်ခန်းထဲသို့ ပြန်ရောက်လာချိန်တွင် ညနက်နေချေပြီ။

လဲ့ကျစ်က ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားနေသည်။

‘ခုနလေးတင်.... သူမ အဲဒါကို မတော်တဆ ထိမိသွားတယ်၊ တကယ်လို့ မော့မော့ရဲ့ စကားတွေအရဆိုရင် ဟော်တူ အခုထိ ငါကို မထိသေးတာက သူ့မှာ ထူးဆန်းတဲ့ ဆန္ဒတွေ မရှိလို့လား’

‘ဘာပဲဖြစ်ဖြစ်ပါ၊ သူ ဒီလိုမျိုးနေတာကလည်း ကောင်းတာပါပဲ’

"မင်း ဘာတွေတွေးနေလဲ"

လဲ့ကျစ်က အတွေးထဲမှ ပြန်ထွက်လိုက်ပြီး တည်းခိုခန်းတွင် ဟော်ရှပြောခဲ့သည့်စကားကို အမှတ်ရသွားကာ ဟော်တူကို မေးလိုက်ပြန်သည်။

"အရှေ့နန်းတော်မှာ ဟော်ရှရဲ့ သူလျှိုတွေရှိတယ်ဆိုတာ အရှင့်သား သိတယ်မလား"

"အိုး... မင်းက ဘာလို့ ဒီလိုပြောတာလဲ"

"သူ သိနေတယ်....အရှင့်သားနဲ့ ကျွန်မ....မဖြစ်...."

ခေတ္တနားပြီးနောက် လဲ့ကျစ်က ဒေါသတကြီးဖြင့် လျှာကို ပြန်ကိုက်လိုက်သည်။

‘ဒီအချိန်မှာ ငါ ဘာလို့ ဒီအကြောင်းကို ပြောလိုက်မိတာလဲ’

"ဘာမဖြစ်တာလဲ"

ဟော်တူက အပြုံးဖြင့် ထပ်မေးလိုက်သည်။

လဲ့ကျစ်က သူ့ကို စိုက်ကြည့်နေသည်။

‘ဒီလူက ရှင်းရှင်းလင်းလင်း သဘောပေါက်ပေမယ့် သူက ငါ့ကို ပြောခိုင်းနေတယ်’

သူမက “အထမြောက်” ဟူသော စကားလုံးကို စမ်းတဝါးဝါး ထုတ်ပြောလိုက်သည်။

"ဘာလဲ" ဟော်တူက ထပ်ပြောလိုက်သည်။

"ရှင်းရှင်းလင်းလင်းပြော၊ ဘာကို အထမြောက်တာလဲ”

လဲ့ကျစ်က ရှက်ရွံ့ဟန်လေးဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်မတို့ လင်မယားအရာ မမြောက်သေးတာကို သူ သိနေတယ်၊ သူလျှို မရှိရင် ဒီလိုကိုယ်ရေးကိုယ်တာ ကိစ္စကို သူ ဘယ်လို သိနိုင်မှာလဲ”

အိပ်ခန်းထဲတွင် အပူပေး မီးဖိုမရှိသောကြောင့် ရေပူစမ်းကန်မှ ကျန်နေသည့် အပူများက ခနလေးအတွင်း ကွယ်ပျောက်သွားခဲ့သည်။ လဲ့ကျစ်က ဘရိုကိတ်စောင်ကို ဆွဲထုတ်လိုက်ပြီး သူမကိုယ်သူမ လွှမ်းခြုံလိုက်သည်။

“အထမြောက်အောင် ဆောင်ရွက်တာ…”

ဟော်တူက ပန်းထိုးခေါင်းအုံးကို မှီကာ သူမကို ဘေးတိုက်ကြည့်ရင်း ထပ်မေးလာပြန်သည်။

“မင်း လုပ်ချင်လို့လား”

လဲ့ကျစ်က အံ့အားသင့်စွာဖြင့် ခေါင်းကို မော့ကာ ခဏလောက် စဉ်းစားနေပြီးမှ နှုတ်ခမ်းကိုက်ရင်း ပြန်ဖြေလိုက်သည်။

"ကျွန်မက အရှင်သားရဲ့ စကားကို နားထောင်ပါ့မယ်"

‘အိုး.....’

‘သူမ ဆိုလိုတာက မလုပ်ချင်ဘူးပေါ့’

"ဒါပေမယ့် ကိုယ်က မလုပ်ချင်ဘူး"

လဲ့ကျစ်က အရှုံးပေးဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"ဟူး"

‘မဟုတ်ဘူး…

မဟုတ်သေးဘူးလေ...ဘာကြီးတုန်း၊ လင်မယားအရာ မြောက်အောင် မလုပ်ဘူးလား.... လုပ်လေ…’

ဟော်တူက ညင်သာစွာ ပြုံးလိုက်ပြီး စာအုပ်ကို လဲ့ကျစ်၏မျက်နှာဘေးမှ ကုတင်ခေါင်းရင်းသို့ ညင်သာစွာ တင်လိုက်သည်။ လဲ့ကျစ်က စောင်ထဲမှ ထွက်လာပြီး စာအုပ်ကို လှမ်းယူလိုက်သည်။

‘ဒီစာအုပ်က သူ ဖတ်လေ့ရှိတဲ့ စာအုပ်မဟုတ်ဘူးလား’

သူမက စူးစမ်းချင်စိတ်ဖြင့် စာအုပ်ကို ဖွင့်ကာ စာမျက်နှာများကို လှန်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် လဲ့ကျစ်၏ ချယ်ရီရောင်နှုတ်ခမ်းလေးများက လျှပ်စီးလက်သလို ပွင့်လာပြန်သည်။

ထိုစာအုပ်ထဲမှ ဖော်ပြချက်များက မင်္ဂလာမဆောင်ခင် မော့မော့ပြခဲ့ဖူးသည့် စာအုပ်ထက်ပင် ပိုအသေးစိတ်နေသေးသည်။ သရုပ်ဖော်ပုံများကိုလည်း ပိုမိုရှင်းလင်းစွာ ရေးဆွဲခဲ့ပြီး ရုပ်ပုံအများစုတွင် အမျိုးသမီးများက အပေါ်မှ ရပ်တည်နေကြသည်။ နောက်ဆုံးတွင် လဲ့ကျစ်၏ လက်နှစ်ဘက်စလုံး တုန်ယင်သွားပြီး စာအုပ်ကလည်း ကုတင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဟော်တူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စာအုပ်ကို ပြန်ကောက်ယူလိုက်သည်။

"ဒီမင်းသားရဲ့ ခြေထောက်တွေက အဆင်မပြေဘူးလေ၊ ထိုက်ဇီဖေးကို ဒုက္ခပေးမိမှာကို ကိုယ် ကြောက်တယ်”

သူက ပြောနေရင်းဖြင့် စာအုပ်ကို လဲ့ကျစ်၏လက်ထဲသို့ တွန်းပို့လိုက်ပြီး ရယ်သံဖြင့် ထပ်ပြောနေသေးသည်။

"ကြိုးစားဖတ်နော်"

“မထင်မှတ်ပဲ၊ အဲဒီလိုမျိုးတွေ ရှိတယ်ပေါ့”

လဲ့ကျစ်က ရှက်ရွံ့နေသော်လည်း တုံ့ပြန်ရဲသောသတ္တိကို ဆင့်ခေါ်လိုက်သည်။

"ထိုက်ဇီဖေးက အရမ်းထက်မြက်တာဆိုတော့ ဒီလျှို့ဝှက်ချက်တွေကို ကျွမ်းကျင်ဖို့ အချိန်သိပ်ကြာမှာ မဟုတ်ပါဘူး"

ဟော်တူက လဲ့ကျစ်၏ နားရွက်ဖျားသို့ ထွက်သက်ဝင်သက် ဖြန်းကနဲ လာထိမိသည်အထိ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်ပြန်သည်။

“ဒါဆို ဒီမင်းသားက ဒီမင်းသားရဲ့ဘောင်းဘီကို ချွတ်ဖို့ ထိုက်ဇီဖေး ကူညီပေးမယ့်နေ့ကို စောင့်နေမယ်”

‘ဗန်းးးး

ငါ့ဦးနှောက်ကြီး ပေါက်ကွဲသွားပြီ.....

ဒီလူက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့....’

ဟော်တူက လဲ့ကျစ်၏ တောင့်တင်းသော ခန္ဓာကိုယ်လေးကို ကျေကျေနပ်နပ် စိုက်ကြည့်နေလေသည်။

‘အိုး၊ အခု သူမက အမွေးဖွာနေတဲ့ မြေခွေးလေးတစ်ကောင်လိုပဲ....’

ဟော်တူက ကုတင်ကန့်လန့်ကာ ကျသွားအောင် သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ရာ ကုတင်၏အတွင်းဘက်က အမှောင်ကျသွားသည်။

လဲ့ကျစ်က အိပ်ယာပေါ်သို့ လဲလျောင်းလိုက်သည်။ သို့တိုင်အောင် သူမ၏နှလုံးခုန်နှုန်းက မြန်နေဆဲဖြစ်ပြီး သူမ အိပ်မပျော်နိုင်ခဲ့ပေ။

"စကားမစပ်၊ ဒီမင်းသားကို အဆိပ်ဖြေပေးတဲ့အတွက် ထိုက်ဇီဖေးကို ကျေးဇူးမတင်ရသေးဘူး၊ မင်း လိုချင်တာတစ်ခုခုရှိလား"

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟော်တူက ထပ်ပြောလာသည်။

"မရှိရင် မေ့လိုက်တော့"

“ရှိတယ်…”

လဲ့ကျစ်က တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်မ နောက်ထပ် အစေခံနှစ်ယောက် လိုချင်တယ်၊ ကျွန်မ အရှေ့နန်းတော်က ကျင့်ရှင်းနဲ့ ဒီအိမ်တော်က လင်းယွဲ့ကို လိုချင်တယ် ရမလား”

“အစေခံတွေက နဂိုထဲက မင်းရဲ့တာဝန်ပဲ၊ ရတယ်၊ ဘာမှ မဖြစ်ဘူး၊ နောက်ထပ် ဘာလိုချင်သေးလဲ"

"အရှင့်သားဆီကနေ ပိုက်ဆံချေးချင်တယ်..."

လဲ့ကျစ်က သူမ တာ့ချီတွင် ခြေကုပ်ယူလိုပါက လက်ထဲတွင် ပိုက်ဆံမရှိပဲ လုံးဝ မလုပ်နိုင်ကြောင်း တွေးနေခဲ့သည်။

‘ဘယ်နေရာက ပိုက်ဆံမလိုဘဲ ရနိုင်လို့လဲ၊ လူစုဆောင်းဖို့နဲ့ လူတွေရဲ့စိတ်ကို ဆွဲဆောင်ဖို့ လာဘ်ထိုးရမယ်၊ ထိုက်ဇီဖေးရဲ့ လစာတစ်ခုတည်းကိုသာ အားကိုးနေရရင် မလုံလောက်နိုင်ဘူး’

‘လုပ်ငန်းတစ်ခုလုပ်ဖို့ အရင်းအနှီးလိုတယ်၊ ဒီနည်းနဲ့ပဲ အာမခံချက်ရှိတဲ့ ဘဝကို ပြန်ရလာနိုင်လိမ့်မယ်’

“ရတယ်၊ ဘယ်လောက်ချေးချင်လဲ"

"ငါး... ငါးထောင်"

သူမ လိုချင်သည့် ပမာဏက မနည်းလှသဖြင့် လဲ့ကျစ်က သတိကြီးကြီးဖြင့် ပြောလိုက်သည်။

“မနက်ဖြန် ဘဏ္ဍာစိုးက မင်းဆီကို ယူလာပေးလိုက်မယ်”

‘ဒီ​လောက်တောင်​ ​အဆင်ပြေချောမော​နေနိုင်တယ်လား’

လဲ့ကျစ်တစ်ယောက် မမေးဘဲ မနေနိုင်ဘဲ ထပ်မေးလိုက်မိသည်။

“အရှင်သားက ဒီငွေနဲ့ ကျွန်မ ဘာလုပ်မှာလဲလို့ မမေးဘူးလား”

သူမအတွက်အဖြေက သူ၏ရယ်မောသံ ဖြစ်နေပြန်သည်။

“မင်း လူသတ်ပြီး မီးရှို့ရင်တောင် ရတယ်၊ ဒါပေမယ့်…”

ဟော်တူက ပေါ့ပေါ့ပါးပါးဟန်ဖြင့် ဆက်ပြောနေပြန်သည်။

“ဒီမင်းသားကို တစ်နှစ်အတွင်း အတိုးနဲ့ အရင်း ပေါင်းပြီး သုံးဆ ပြန်ဆပ်ရမယ်”

‘သုံးဆ.....

ဒီယောကျာ်းက အမြတ်ကြီးစားတဲ့သူထက်တောင် ပိုဆိုးနေတာလား’

လဲ့ကျစ်က ထိတ်လန့်သွားပြီး တိုးတိုးလေး ထပ်မေးလိုက်သည်။

"မဆပ်နိုင်ရင်..."

ဟော်တူက ဘာမှ ပြန်မဖြေခဲ့ပေ။

"ကောင်းပါပြီ၊ သုံးဆ ပေးမယ်"

လဲ့ကျစ်တစ်ယောက် အံကြိတ်ပြီး ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

မှောင်မိုက်သောကုတင်ခန်းဆီးအတွင်းတွင် ဟော်တူက သူ့မျက်လုံးများကို မှိတ်ထားပြီး သူ့နှုတ်ခမ်းများကို တွန့်ကွေးထားသည်။ သူ မျက်လုံးဖွင့်မကြည့်သော်လည်း သူမ၏အမူအရာကို ခန့်မှန်းနိုင်သည်။

‘အာ....

အဆင်မပြေရင်လဲ အခြားတစ်ခုခုနဲ့ ပြန်ဆပ်လို့ရပါတယ်....’

#######

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : အကြွေးက ဆပ်နေလဲ ဘာထူးမှာမလို့လဲ။

ကျစ်ကျစ်: ကောင်းပြီ၊ ရှင်က ကျွန်မနဲ့ လင်မယား မဖြစ်ချင်ဘူးပေါ့....မလုပ်ချင်တာလား.... မလုပ် နိုင်တာလား....

ဟော်တူ : “.....”

အခန်း ၁၇ ရှာဖွေမှု

နက်မှောင်ပြီး ကျဉ်းမြောင်းသော လမ်းကြားတွင် အသံလေးတစ်ခု ထွက်ပေါ်လာသည်။

“သခင်မဘက်မှာ ဘာအထူးအဆန်းမှ မရှိပါဘူး”

ထိုသည်မှာ လီယောင်၏ အသံဖြစ်သည်။

"လီယောင်၊ မင်း ရှင်းရှင်းလင်းလင်း မှတ်မိသင့်တယ်"

အစေခံယောက်ျားတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသော ကျွန်လုလင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

“မင်းရဲ့သခင်က ဘယ်သူလဲ၊ မင်းက သူ့အပေါ် သစ္စာစောင့်သိသင့်တယ်”

လီယောင်တစ်ယောက် နဖူးမှ ချွေးပေါက်များ စိမ့်ထွက်လာပြီး နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်လိုက်သည်။ သူမ၏မျက်နှာက ဖြူဖျော့နေပြီး နာကျင်မှုများစွာကို ခံစားနေသကဲ့သို့ မျက်ခုံးများကို တွန့်ချိုးထားသည်။

အစေခံငယ်က တံတွေးကို ထွီခနဲ လှမ်းထွေးလိုက်ပြီး သူ့အင်္ကျီလက်ဝထဲမှ အဖြူရောင် ကြွေပုလင်းကို ထုတ်ယူကာ သူမထံသို့ ပစ်ပေးလိုက်သည်။

“အရှင်က အသုံးမကျတဲ့ လူတွေကို မထောက်ပံ့ဘူး၊ အသုံးဝင်တဲ့ အချက်အလက် ရှာမတွေ့ဘူးဆိုရင် နောက်တစ်ကြိမ်မှာ ဖြေဆေးရှိတော့မှာ မဟုတ်ဘူး”

သူက ပြောပြီးသည်နှင့် ခြေထောက်ကို မာန်ပါပါ မြှောက်ကာ ထွက်ခွာသွားသည်။

လီယောင်က ကြွေပုလင်းထဲမှ အဆိပ်ဖြေဆေးကို တုန်ရီသောလက်ဖြင့် ယူကာ ချက်ချင်း သောက်ချလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမ၏ဖြူဖျော့နေသော ပါးပြင်များက ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

ရှည်လျားသော ဆောင်းညတစ်ညတွင် သေးငယ်သော လမ်းကြားလေးအတွင်း ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။ လီယောင်က ဖြည်းဖြည်းချင်း လဲကျသွားပြီး ခွန်အားမရှိတော့သလို နံရံဘေး၌ မှီထိုင်လိုက်သည်။ ထို့နောက် မျက်ရည်များ ပြည့်နေသော သူမ၏ မျက်လုံးများကို မှိတ်ချလိုက်သည်။

ဘဝက ခါးသီးလွန်းသလို အထူးသဖြင့် ပါးစပ်ထဲရှိ ဆေးက ပို၍ခါးသက်နေသေးသည်။

‘ဒီခါးသီးတဲ့ဆေးက နှလုံးထဲကို ဘယ်လိုဝင်လာခဲ့နိုင်လဲ’

........။.......။........

နောက်နေ့မနက်စောစောတွင် အစေခံနှစ်ယောက်က ထိုက်ဇီအိမ်တော်၏ အရှေ့ဘက်ခန်းမ၌ ရိုရိုကျိုးကျိုး ရပ်နေကြသည်။ သူမတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် မသိကြသည့်အတွက် စကားမပြောဖြစ်ကြပေ။

လဲ့ကျစ်က နှင်းဖြူရောင်မြေခွေးသားမွေးအင်္ကျီကို ၀တ်ဆင်ထားပြီး ခန်းမထဲသို့ လျှောက်ဝင်လာကာ လက်တင်ထိုင်ခုံတွင် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်သည်။

ကျင့်ရှင်းနှင့် လင်းယွဲ့တို့က သူမကို တညီတညွတ်တည်း ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။

“ထိုက်ဇီဖေးကို နှုတ်ခွန်းဆက်သပါတယ်”

“စည်းမျဉ်းတွေကို ရှောင်လို့ ရတယ်”

လဲ့ကျစ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး နူးနူးညံ့ညံ့ လှမ်းပြောလိုက်သည်။

"နောက်ဆိုရင် မင်းတို့နှစ်ယောက်ကို ငါ့အနားမှာ အလုပ်လုပ်စေချင်တယ်၊ ဒါကြောင့် ငါ မင်းတို့ကို ခေါ်လိုက်တာ၊ မင်းတို့ ...ငါ့အနားမှာ အလုပ်လုပ်ချင်လား"

လဲ့ကျစ်က စကားကို ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။

“မင်းတို့ရဲ့ မူရင်းအလုပ်ကိုပဲ နှစ်သက်တယ်ဆိုရင်လဲ ငါ့ကို ပြောလို့ ရတယ်၊ ငါ မင်းတို့ကို အတင်းအကြပ် မလုပ်ဘူး"

ဤကဲ့သို့ ကောင်းမွန်သော အရာတစ်ခု ရှိနေသည်ကို ကြားလိုက်ရပြီးနောက် လင်းယွဲ့က ဝမ်းသာအားရဖြင့် ချက်ချင်း တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့၊ ဒီအစေခံ အရမ်းဆန္ဒရှိပါတယ်”

ကျင့်ရှင်းက လင်းယွဲ့ကဲ့သို့ ရွှင်မြူးနေခြင်း မရှိသော်လည်း သူမ၏စိတ်ထဲတွင်လည်း အလွန်ပျော်ရွှင်နေမိသည်။ သူမလည်း သူမ၏မျက်လုံးများထဲမှ အပြုံးကို မဖုံးကွယ်နိုင်ဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

‘ဒီတော့ ပြေလည်သွားပြီပေါ့’

ကျင့်ရှင်းနှင့် လင်းယွဲ့ ပြန်ထွက်သွားပြီးနောက် လဲ့ကျစ်က တံခါးအပြင်ဘက်တွင် ရပ်နေပြီး ခန်းမထဲသို့ ဝင်ရန် တုံ့ဆိုင်းနေသော လီယောင်ကို လှမ်းမြင်လိုက်ရသည်။ ထို့ကြောင့် သူမက လီယောင်ကို လှမ်းခေါ်လိုက်သည်။ လီယောင် နီးကပ်လာချိန်တွင် သူမ၏မျက်နှာ ဖြူဖျော့နေပြီး အခြေအနေ မကောင်းသည်ကို တွေ့လိုက်ရသောကြောင့် လဲ့ကျစ် အံ့သြသွားရသည်။

"မင်း နေမကောင်းဘူးလား၊ အပြင်မှာ အေးတယ်၊ အဆင်မပြေရင် အခန်းထဲပြန် သွားပြီး အနားယူလိုက်ပါ"

လီယောင်က သူမ၏နှုတ်ခမ်းများကို ဖွဖွဖိထားရင်း ခေါင်းခါလိုက်သော်လည်း သူမ၏ မျက်လုံးများက တဖြည်းဖြည်း နီရဲလာသည်။

လဲ့ကျစ်လည်း သက်ပြင်းချလိုက်မိသည်။

‘လီယောင်က အရာရာကို သတိနဲ့ တွေးတောတတ်မှန်း သူမ မသိဘဲ ဘယ်နေပါ့မလဲ၊ တကယ်လို့ လီယောင်က ဟော်ရှ ပို့ထားတဲ့သူ မဟုတ်ရင် သူမ လီယောင်ကို သေချာပေါက် ကောင်းကောင်းအသုံးချနိုင်မှာပါ၊ ဒီအချက်ကြောင့်လည်း သူမ ကျင့်ရှင်းနဲ့ လင်းယွဲ့ကို ထပ်ခေါ်လိုက်ရတာ၊ သူတို့နှစ်ယောက်က လီယောင်လောက် စေ့စပ်သေချာမှု မရှိပေမယ့် အတော်လေးရိုးရှင်းကြတယ်။ လူတွေကို ကိုယ့်အနားမှာ ထားဖို့ အရေးအကြီးဆုံးအချက်က သစ္စာစောင့်သိမှုပဲ။’

‘လီယောင်... သူမ တကယ်ကို ဒီမိန်းခလေးကို မသုံးဝံ့ဘူး’

လဲ့ကျစ်၏ မျက်မှောင်ကြုတ်နေသော အမူအရာနှင့် စောစောက ထွက်သွားသော အစေခံနှစ်ယောက်ကို ကြည့်လိုက်ပြီး ထက်မြက်သော လီယောင်က သခင်မ၏ စိတ်ကို ခန့်မှန်းနိုင်သွားသည်။

‘သခင်မက ငါ့ကို မယုံတော့ဘူးလား’

‘မဟုတ်ဘူး၊ သခင်မက ငါ့ကို လုံးဝမယုံခဲ့ဘူးလို့ ပြောရမယ်’

သူမက သခင်မကို တစ်လကျော်ကြာ ကောင်းကောင်း ပြုစုစောင့်ရှောက်ခဲ့သည်။ သခင်မက သူမ၏ကံကြမ္မာမှ နုတ်ထွက်ထားပုံပေါ်နေသော်လည်း လီယောင်က သူမ၏သခင်မ ကံကြမ္မာမှ အမှန်တကယ် နုတ်ထွက်ခြင်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။

‘သခင်မ ဘာကို စီစဉ်နေမှန်း ငါ မသိပေမယ့် သခင်မက ခေါင်းမာပြီး သူမရဲ့ နှလုံးသားနဲ့ အရိုးတွေထဲအထိ ရှုံးနိမ့်မှုကို ဝန်ခံဖို့ ငြင်းဆန်နေတာကို ငါ မြင်နေရတယ်’

လီယောင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ကို ပြန်ထိန်းလိုက်သည်။ သူမက သူတပါး၏သနားညှာတာမှုကို မလိုချင်တော့ပေ။ သို့သော် သူမက လဲ့ကျစ်ရှေ့တွင် အလေးအနက် ဒူးထောက်လိုက်သည်။ သူမ၏ မျက်နှာဖြူဖျော့ဖျော့က တင်းမာသော အမူအရာကို ပြနေပြီး သူမ၏လေသံကလည်း ခိုင်မာလွန်းနေသည်။

“သခင်မက ဒီအစေခံကို မယုံကြည်ဘူးဆိုတာ ဒီအစေခံက သိပါတယ်၊ ဒါပေမယ့် ဒီအစေခံက သခင်မကို အကြွင်းမဲ့ ယုံကြည်ပါတယ်၊ သခင်မအနေနဲ့ ဒီအစေခံကို ထပ်ပြီး ယုံကြည်ပေးနိုင်မလား"

သူမ ပြောပြီးသည့်နောက်တွင် ခန်းမက တိတ်ဆိတ်သွားပြီး မြေပြင်ပေါ်ကျလာသော အပ်သံများကိုပင် ကြားရနိုင်သည်။

လဲ့ကျစ်က လီယောင်၏မျက်နှာကို သေချာစိုက်ကြည့်နေသည်။ ခဏအကြာတွင် သူမက စကား စပြောလိုက်သည်။

“ထပါ၊ ထိုင်ပြီးမှ စကားပြောမယ်"

လီယောင်၏ မျက်နှာတွင် မျက်ရည်များ ပြည့်နေခဲ့သည်။ သူမက မတ်တပ်ထရပ်လိုက်သော်လည်း ထိုင်ရန် ငြင်းဆန်လိုက်သည်။ ယင်းအစား သူမက ရှိုက်ကြီးတငင်နှင့် အရာအားလုံးကို ပြောပြနေသည်။

ရှုပ်ထွေးနေသော ဤကမ္ဘာကြီးတွင် သူမ၏ ဇာတ်လမ်းက အလွန်ရိုးရှင်းပြီး သာမာန်သာဖြစ်သည်။

သူမက ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦး ဖြစ်ပြီး သူမ၏မိဘများက မည်သူမည်ဝါဖြစ်သည်ကို သူမ မသိခဲ့ရပေ။ ကံကောင်းထောက်မစွာဖြင့် ကြင်နာတတ်သော အဘွားအိုတစ်ယောက်က သူမကို မွေးစားခဲ့သည်။ သို့သော် ကောင်းသောအချိန်များက ကြာရှည်မခံခဲ့ပေ။ သူမ ဆယ်နှစ်အရွယ်တွင် အဘွားက ဖျားနာပြီး ကွယ်လွန်သွားကာ သူမအတွက် ထောက်ပံ့ကူညီမှု ဆုံးရှုံးခဲ့ရပြန်သည်။ သူမ လမ်းပေါ်၌ လှည့်လည်သွားလာနေချိန်တွင် တစ်စုံတစ်ဦးက သူမကို ရထားလုံးပေါ်သို့ တွန်းတင်လိုက်သည်။ သူမ ပြန်နိုးလာချိန်တွင် သူမ အချုပ်ခန်းကြီးတစ်ခုထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနေရာတွင် သူမအရွယ် ကလေးများစွာ ရှိနေပြီး အားလုံးက သူမကို အံ့သြနေသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။

ထို့နောက်တွင် လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက် အခန်းထဲကို ဝင်လာခဲ့သည်။ သူက သူ့မျက်နှာကို အုပ်ထားပြီး ကလေးများကို စာဖတ်ခြင်း၊ လူများ၏ နှလုံးသားကို ဖော်ထုတ်ခြင်း၊ မူးယစ်ဆေးဝါး ဖန်တီးခြင်း၊ လျှို့ဝှက်လက်နက်သုံးနည်း စသည်များကို သင်ပေးခဲ့သည်။ ငိုယိုပြီး သင်ယူရန် ငြင်းဆန်သည့် ကလေးများနှင့် အမှားလုပ်မိသည့် ကလေးများကို ထိုအခန်းထဲမှ ခေါ်ထုတ်သွားပြီး သူတို့ ဘယ်သောအခါမှ ပြန်မလာနိုင်ကြတော့ပေ။

အခန်းထဲတွင် ကလေးများ နည်းသထက်နည်းလာခဲ့သည်။ လီယောင်က ထက်မြက်သူဖြစ်ပြီး ဖယ်ထုတ်ခံရခြင်းက ကောင်းသောအရာမဟုတ်မှန်း သူမ သိနိုင်ခဲ့သည်။ သူမအတွက် အခြားရွေးချယ်စရာမရှိတော့ဘဲ ပိုပြီး ကြိုးစားလေ့လာကာ အခြားလူများနောက်သို့ မရောက်သွားရန် ကြိုးစားခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် အခန်းထဲတွင် လူငါးယောက်သာ ကျန်နေခဲ့ပြီး အလုပ်များကို တရားဝင်လက်ခံကြရသည်။

ထိုတာဝန်အများစုက သတင်းခိုးယူရန် သို့မဟုတ် ညွှန်ကြားထားသည့်အတိုင်း စာရင်းထဲမှလူများကို အဆိပ်အသုံးပြုပြီး လုပ်ကြံရန်၊ အကြီးတန်းအရာရှိများနှင့် နန်းတွင်းအရာရှိများ၏ အိမ်ထဲသို့ ခိုးဝင်ရန် ဖြစ်သည်။ လီယောင်က လူအများ၏ နှလုံးသားကို နားလည်နိုင်သော်လည်း အဆိပ်ကို မကျွမ်းကျင်ပေ။ ထို့ကြောင့် သူမ၏တာဝန်များက သတင်းအချက်အလက်ခိုးယူရန်အတွက်သာ ဖြစ်ပြီး သူမ၏လက်များတွင် သွေးစွန်းထင်းခြင်း မရှိသေးပေ။ သူမကို ဟော်ရှဘက်သို့ စေလွှတ်ခြင်းခံရသည်မှာလည်း လွန်ခဲ့သည့်တစ်လခန့်က ဖြစ်ပြီး အချိန်မကြာသေးပေ။

သူတို့ကို လျှို့ဝှက်စွာ ပြန်ပေးဆွဲပြီး ပြုစုပျိုးထောင်ပေးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သည့်လူက ဟော်ရှနှင့် အများကြီးသက်ဆိုင်နေကြောင်း လီယောင် သိထားခဲ့သည်။ သူမ ထွက်ပြေးရန် မစဉ်းစားနိုင်အောင် သူတို့က သူမကို ထိန်းချုပ်ဖို့ အဆိပ်ကို အသုံးပြုခဲ့ကြသည်။ အဆိပ်ဖြေဆေး အချိန်မီမသောက်ရလျှင် သူမ၏ဘဝက သေသည်ထက် ပိုဆိုးလာပေလိမ့်မည်။ ထို့အပြင် အဆိပ်ဖြေဆေးထဲ၌ အဆိပ်သစ်တစ်မျိုး ထပ်ရောလေ့ရှိပြီး သူမ လွတ်မြောက်ရန် ခက်ခဲစေခဲ့သည်။

သို့သော် လီယောင်က အမှန်တကယ် ပင်ပန်းနွမ်းနယ်နေကာ လူရော စိတ်ပါ နွမ်းလျနေခဲ့သည်။ လီယောင်က သူမ ထိန်းချုပ်ခံထားရသည့် နေ့ရက်များကို မုန်းတီးပြီး ပြန်တိုက်ခိုက်ချင်ခဲ့သည်။ ဟော်ရှထံမှ ချုပ်ကိုင်ခံရခြင်းနှင့် နှိုင်းယှဉ်လျင် လဲ့ကျစ်ကို ရွေးချယ်သည့် တခြားနည်းလမ်းကို ရွေးချယ်ချင်ခဲ့သည်။ ရှေ့ဆက်ရမည့်လမ်းက မည်မျှအန္တရာယ်များနေစေကာမူ နောက်ဆုံး သေခြင်းတရားမှ မလွတ်မြောက်နိုင်လျှင်ပင် လူတစ်ယောက်ကဲ့သို့ ဂုဏ်သိက္ခာရှိရှိ သေဆုံးနိုင်ရန် သူမ မျှော်လင့်နေခဲ့သည်။

လီယောင်က အရာအားလုံးကို ထုတ်ပြောပြီးနောက် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။ သူမ ငိုနေသော်လည်း အနည်းဆုံးအနေဖြင့် ယခု သူမ ဆန္ဒရှိသလို ငိုနိုင်သည့်အတွက် အနည်းငယ် ဝမ်းသာနေမိသည်။

ဤအရာအားလုံးကို နားထောင်ပြီးနောက် လဲ့ကျစ်၏ မျက်လုံးများလည်း နီရဲလာပြီး ဒေါသကို ဖိနှိပ်ရန် ခွန်အားများစွာ အသုံးပြုထားသကဲ့သို့ သူမ၏ ရင်ဘတ်လေး တုန်ခါနေသည်။

‘သားရဲတွေ... ကလေးတွေကိုတောင် အလွတ်မပေးဘူး၊ သူတို့က သားရဲတွေထက်တောင် ပိုဆိုးသေးတယ်၊ လီယောင်က ငယ်ငယ်လေးနဲ့ ဒီအခက်အခဲတွေကို ခံစားခဲ့ရတယ်’

ခန်းမတံခါးကို ကျယ်ကျယ်ဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ အေးစက်သောလေများ ဝင်ရောက်လာသောကြောင့် လီယောင်၏ ခန္ဓာကိုယ်ကို ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားစေသည်။

လဲ့ကျစ်က ထရပ်လိုက်ပြီး သူမ၏မြေခွေးသားမွေးအင်္ကျီကို ချွတ်ကာ လီယောင်၏ခန္ဓာကိုယ့်ပေါ်သို့ တင်ပေးလိုက်သည်။ လီယောင်က ထိတ်လန့်တုန်လှုပ်သွားပြီး တားဆီးလိုက်သည်။

“ကျွန်မ လက်မခံနိုင်ပါဘူး၊ သခင်မ အအေးပတ်လိမ့်မယ်"

လဲ့ကျစ်က သူမ၏လက်ကို ဖိထားလိုက်ပြီး မြေခွေးသားမွေးဝတ်ရုံ၏ကြိုးကို သေချာ ဆွဲတင်းပေးလိုက်သည်။

"လီယောင်... ယုံကြည်မှုဆိုတာက သံလို ခိုင်ခံ့ပြီး စက္ကူလို ပျက်စီးလွယ်တဲ့ အရာပါ၊ ဒီနေ့ကစပြီး ငါ မင်းကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်နေမယ်ဆိုတာ သံသယ မရှိနဲ့တော့၊ မင်း ရိုးသားနေသမျှ ငါက မင်းကို ဘယ်တော့မှ ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး"

လီယောင်က မျက်ရည်များ အဆက်မပြတ်စီးကျနေရင်း ပြန်ဖြေလိုက်သည်။

"ဒီအစေခံက သခင်မရဲ့ယုံကြည်မှုကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး"

ထိုသို့ပြောပြီးနောက် သူမက လဲ့ကျစ်ကို ဦးညွှတ်ပြီး ဒူးထောက်လိုက်ပြန်သည်။ လဲ့ကျစ်က သူမလက်ကို အမြန်ကိုင်လိုက်ပြီး ထပ်မေးလိုက်သည်။

"နောက်ထပ် အဆိပ်က ဘယ်တော့လဲ"

“မနက်ဖြန်ညလောက်မှာ…”

"ဟုတ်လား"

လဲ့ကျစ်က လီယောင်၏ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

"မင်းရဲ့ခန္ဓာကိုယ်ပေါ်က အဆိပ်တွေကို ဖြေရှင်းဖို့ ငါ နည်းလမ်းရှာပေးမယ်"

.......။......။......

အဆိပ်ကို တွေးမိသည်နှင့် လဲ့ကျစ်က ဟော်တူကို ချက်ချင်း စဉ်းစားမိလိုက်သည်။

ထိုညတွင် အဆိပ်က အလွန်အန္တရာယ်များသော်လည်း ဟော်တူက ၎င်းကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။ သူသာ ကူညီရန် ဆန္ဒရှိပါက လီယောင်၏ ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်အတောက်များကို သန့်စင်ရန် ခက်ခဲမည် မဟုတ်ပေ။

သိုသော် ထိုအ‌ရွေ့ကို ရွှေ့ဖို့က သူမအတွက် ပိုခက်ခဲနေလေသည်။ သို့သော် မည်မျှ ခက်ခဲသည်ဖြစ်စေ လဲ့ကျစ်က ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်ပြီး သူမ၏ နှလုံးသားနောက်သို့ လိုက်ကာ နောက်ဖေးဥယျာဉ်ဆီသို့ ဦးတည်လိုက်သည်။

ပူနွေးသော နေရောင်ခြည်က ဆောင်းရာသီ၏ အအေးဓာတ်ကို ဖယ်ရှားပေးနေသည်။ ဘီးတပ်ထိုင်ခုံပေါ်တွင် ထိုင်နေသော ဟော်တူက ထော့ကျိုးလေးဟော်ကို ရယ်မောလှောင်ပြောင်နေသည်အား လဲ့ကျစ် တွေ့လိုက်ရသည်။ သူမက သူ့ဆီသို့ ခပ်သွက်သွက်လျှောက်သွားလိုက်သည်။

သူမနှင့် နီးကပ်လာချိန်တွင် ထော့ကျိုးလေးဟော်က ခေါင်းလေးကို မြှောက်ကာ စိတ်လှုပ်ရှားဟန်ဖြင့် အော်လိုက်သည်။ သူက လဲ့ကျစ်ဆီသို့ လာရန် သူ့၏ ရှေ့ခြေသည်းများကို ဆန့်ထုတ်လိုက်သည်။ ထိုအပြုအမူလေးက ဟော်တူကို မျက်နှာ ပျက်သွားစေပြီး သူ့နားရွက်ကို ဆွဲထားလိုက်သည်။ ထိုနောက် သူက လဲ့ကျစ်အတွက် အေးစက်သည့်အကြည့်များ ပေးစွမ်းရန် သူ့မျက်လုံးများကို ပင့်တင်လာခဲ့သည်။

လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်ပြီး ထော့ကျိုးလေးဟော်ကို ကောက်ပွေ့လိုက်သည်။ ထို့နောက် သူမက ဟော်တူ၏ပေါင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။ နောက်ဆုံးအကြိမ် အဆောက်အဦးထဲနှင့် မတူသည်က ဤတစ်ကြိမ်တွင် သူမတစ်ကိုယ်လုံး သူ့ပေါ်သို့ မှီထားလိုက်ခြင်းပင်။

မင့်ရနံ့များဖြင့် ဝိုင်းရံနေသည်ကို သူမ ခံစားနေရသည်။

သူမ ထိုင်လိုက်သည်နှင့် ဟော်တူ၏ အနက်ရောင်မျက်လုံးများတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး ပိုတောက်ပလာသော်လည်း မကြာမီ ပုံမှန်ပြန်ဖြစ်လာသည်။

‘အာ....

နောက်ဆုံးအကြိမ်က သူမက သေမှာကြောက်နေပေမယ့် အခုတော့ သူ့ရင်ခွင်ထဲမှာ သက်တောင့်သက်သာ ထိုင်နေတယ်ပေါ့။’

ဟော်တူက လဲ့ကျစ်၏ သေးသွယ်သော ခါးလေးကို ဖတ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

"မင်း ကောင်းကောင်း သင်ယူပြီးပြီလား"

"ဟမ်"

လဲ့ကျစ်တစ်ယောက် အံ့ဩသွားရပြန်သည်။

‘ဘာကို သင်ယူရမှာလဲ...’

သူမ၏ခါးတွင် ရစ်ပတ်ထားသော လက်က အနည်းငယ် ပိုအားပါလာသောကြောင့် လဲ့ကျစ်တစ်ယောက် သူ့အနားသို့ ပိုတိုးကပ်သွားရသည်။ ဟော်တူက သူမ၏နားရွက်နားကို ကပ်လာပြီး ရယ်မောသံဖြင့် ပြောလာခဲ့သည်။

"အထမြောက်အောင်လေ....အာ... ဒီမင်းသားက ထိုက်ဇီဖေး စိတ်အားထက်သန်ပြီး ဥယျာဉ်ထဲမှာ လုပ်ရတာကို နှစ်သက်မှန်း မသိခဲ့ဘူး…”

သူက စကားကို ခဏရပ်ပြီးမှ "ကျွစ်" ခနဲ့ စုတ်သံလိုက်သည်။ ထို့နောက် ထပ်ပြောလာပြန်သည်။

"ဒါက မဖွယ်မရာဆိုပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူးလေ"

သူက ပြောပြောဆိုဆိုဖြင့် သူ့လက်ကို မြှောက်လိုက်ကာ လဲ့ကျစ်၏ခါးပတ်ကြိုးပြားကို ဖြည်ရန် ကြိုးစားနေသည်။

လဲ့ကျစ်က သူ့စကားကြောင့် ထိတ်လန့်သွားပြီး သူ့ကို တားရန်ပင် မေ့လျော့နေခဲ့သည်။ သူမ ထော့ကျိုးလေးဟော်ကို ကိုင်ထားသည့်လက်ကိုပါ ဖြေလျော့လိုက်မိသောကြောင့် ခြေမသန်တဲ့ကြောင်လေးက ချက်ချင်းဆိုသလို မြေပြင်ပေါ်ကို လဲကျသွားပြီး မကျေမနပ်ဖြစ်ကာ ကြိမ်ဖန်များစွာ ခေါင်းထောင်ကြည့်ပြီးမှ ထွက်သွားတော့သည်။

ထိုအချိန်မှသာ လဲ့ကျစ်တစ်ယောက် အသိပြန်ဝင်လာပြီး သူမ၏ နှင်းရောင်ပါးပြင်များက နီရဲလာသည်။ သူမက ချက်ချင်း ထရပ်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

"ကျွန်မ ဟော်လေးကို သွားပြန်ခေါ်လိုက်ဦးမယ်"

သို့သော် သူမ လုံးဝ မတ်တပ်မရပ်နိုင်ခင် ဟော်တူက သူမကို သူ့ရင်ခွင်ထဲသို့ ထပ်မံဆွဲသွင်းလိုက်သည်။ ဟော်တူက လဲ့ကျစ်၏ခါးပတ်ကြိုးစကို သူ့လက်ညှိုးတစ်ဝိုက်တွင် ချည်နှောင်ထားပြီး သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။

“အဲ့ ကောင်ဆိုး‌လေးကို မကြည့်နဲ့တော့၊ မင်းက ကိုယ်တို့ရဲ့ အထမြောက်မှုကို သူ့ကို မြင်စေချင်လို့လား”

လဲ့ကျစ်ကတော့ ဖြစ်နိုင်လျှင် သူ့ပါးစပ်ကို အပ်ဖြင့် ချုပ်ပစ်ချင်နေခဲ့သည်။ သို့သော် သူမ မလုပ်ရဲပေ။ သူမက ဟော်တူ၏လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး သူ့ဆီသို့ ပိုးတိုးကပ်ကာ သူ့နှုတ်ခမ်းထောင့်ကို ညင်ညင်သာသာ နမ်းလိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"ဒုက္ခမပေးပါနဲ့တော့...အရှင့်သား"

"ဘာအတွက်မှ ယဥ်ကျေးနေဖို့ မလိုဘူး"

ဟော်တူက ရှုပ်ယှက်ခတ်နေသော ခါးပတ်ကြိုးကို ဖြည်လိုက်ပြီး လဲ့ကျစ်၏ မျက်နှာကို ဖိထားကာ ထပ်ပြောလာပြန်သည်။

"မင်း ကိုယ်ကို့ မေးစရာရှိလို့လား"

လဲ့ကျစ်၏ နှလုံးသားက တုန်လှုပ်သွားပြီး ဟော်တူ၏ အနက်ရောင်မျက်လုံးများကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ ဤအခိုက်အတန့်တွင် ဟော်တူက အချို့သောကိစ္စရပ်များကို လုံးလုံးလျားလျား သိနိုင်သည်ကို သူမ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဥပမာအားဖြင့် လီယောင်၏အဆိပ်၊ လီယောင်၏ဝိသေသလက္ခဏာနှင့် သူမ အနားမှာရှိနေသည့် ရည်ရွယ်ချက်.... အားလုံးကို သူ သိနေနိုင်သည်။

ထိုအရာက သူမကို ကျောရိုးအောက်ခြေအထိ ချမ်းတုန်လာစေသည်။

‘ဟော်တူက ဘယ်လိုလူလဲ၊ ဘာပဲဖြစ်ဖြစ် သူမ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဝန်ခံမှ ရတော့မယ်’

“ဟုတ်တယ်...ကျွန်မ အရှင့်သားကို တစ်ခုခု အကူအညီ တောင်းချင်လို့ပါ”

"ပြဿနာမရှိဘူး"

ဟော်တူက အပြုံးတစ်ခုဖြင့် မျက်ခုံးပင့်ကာ သူမ၏ခါးပတ်ကြိုးကို မရှင်းလင်းသော အဓိပ္ပာယ်တစ်ခုဖြင့် ပြန်ချည်နှောင်ပေးလိုက်သည်။

လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

‘ဒီရူးသွပ်နေတဲ့လူက ဥယျာဉ်ထဲမှာ လင်မယားအရာ မမြောက်စေချင်ဘူး ဟုတ်တယ်မလား’

‘တကယ်တော့ သူမ အစားခံရဖို့ မကြောက်တာကြာပြီ။ ဘာပဲဖြစ်ဖြစ် မျက်လုံးမှိတ်ပေးထားရုံပဲလေ။ ဒါပေမယ့် ပန်းခြံထဲမှာကတော့… အေးနေပြီး နေ့ခင်းကြောင်တောင် ရှက်စရာကြီးလေ....’

‘အစေခံတွေ ဖြတ်သွားခဲ့ရင်… အား ငါ ဒီကိစ္စကို မတွေးရဲတော့ဘူး’

‘ဒါပေမယ့် လီယောင်ရဲ့ အဆိပ်...’

‘ဟူး...ထားလိုက်ပါတော့...ကိစ္စမရှိပါဘူး’

လဲ့ကျစ်က သူမ၏နှုတ်ခမ်းတွင် အဖြူရောင် အမှတ်အသားတစ်ခု ပေါ်လာသည်အထိ သူမ၏နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

‘မျက်စိမှိတ်ထားရုံပဲ မဟုတ်လား အခန်းထဲမှာ မျက်လုံးမှိတ်ထားတာနဲ့ ပန်းခြံထဲမှာ မျက်လုံးမှိတ်ထားရတာရဲ့ ကြားထဲမှာ ခြားနားမှု မရှိနိုင်ပါဘူး‌လေ၊ ပြီးတော့ ဘယ်အစေခံက ဟော်တူအနားကို ပေါ့ပေါ့ဆဆ လာရဲမှာတုန်း’

သူမ အသက်ကို ပြင်းပြင်းလေး ရှူလိုက်သည်နှင့် အေးစက်သောလေက သူမ၏နှလုံးနှင့် အဆုတ်ထဲသို့ တိုးဝင်လာကာ သူမတကိုယ်လုံးကို တုန်ယင်သွားစေသည်။ လဲ့ကျစ်က တုံ့ဆိုင်းမနေတော့ဘဲ သူ့ခါးပတ်ကြိုးကို ဖြည်ရန် သူမလက်ကို ဟော်တူ၏ခါးဆီသို့ ဆန့်ထုတ်လိုက်သည်။

########

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : အံ့ဩစရာပဲ။ ငါ့မိန်းမက ရမ်းကားတဲ့သူလေးကွ....

ကျစ်ကျစ် : အရှက်ကို မရှိဘူး....

All Chapters