← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း ၅၃- သူဌေးအစစ် မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားခြင်။

လုပေါင်သည် ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။မီးပုရွက်ဆိတ်ဘုရင်သည် သူ့နောက်သို့ အမှန်တကယ် လိုက်နေခြင်းပင်ဖြစ်သည်။ သူ လှုပ်ရှားလိုက်တိုင်း မီးပုရွက်ဆိတ်နီ စစ်တပ်တစ်ခုလုံးက နောက်မှ လိုက်ပါလာကြသည်။

အသွင်ပြောင်းကျားပေါ်တွင် ထိုင်ရင်း လုပေါင် အလေးအနက် စဉ်းစားခန်း ဝင်နေမိသည်။သူ ဘာလုပ်သင့်သနည်း။

ဤမျှ များပြားလှသော မီးပုရွက်ဆိတ်နီ စစ်တပ်ကြီးကို အပြင်သို့ ခေါ်သွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ဤနေရာကိုလည်း သူက ထုတ်ဖော်ပြသပြီးသား ဖြစ်နေသည့်အတွက် ဤအကောင်များကို ဒီအတိုင်း ထားခဲ့ရန်မှာလည်း မလုံခြုံလှပေ။

အမှန်စင်စစ် မီးပုရွက်ဆိတ်နီများသည် ကြီးမားသော ဘေးထွက်ဆိုးကျိုးကို ပေးစွမ်းနိုင်သည့် ကျူးကျော်မျိုးစိတ်များ ဖြစ်ကြသည်။တွေ့ရှိပါက သတ်ပစ်ရန်မှာ အကောင်းဆုံးပင်။ုအထက်လူကြီးများအနေဖြင့် ဤကဲ့သို့သော အုပ်စုကြီးတစ်ခု အနီးအနားတွင် ရှိနေသည်ကို စိတ်ချလက်ချ ရှိနိုင်ပါ့မလား။

အသွင်ပြောင်းကျားဖြစ်စေ မီးပုရွက်ဆိတ်ဘုရင်ဖြစ်စေ သူတို့ စောင့်ကြပ်နေသည်မှာ တောင်စောင့်နတ်၏ ပုံရိပ်ယောင်ကျင့်စဉ်ကိုပင် ဖြစ်သည်။ယခုအခါ ထိုကျင့်စဉ်မှာ သူ၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားပြီဖြစ်ရာ ၎င်းတို့အနေဖြင့် ဤနေရာတွင် ဆက်လက်နေထိုင်လိုစိတ် မရှိကြတော့ပေ။

“သွားကြစို့ နေရာရွှေ့ကြမယ်။”

လုပေါင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။သူ ၎င်းတို့ကို နေရာပြောင်းရွှေ့ပေးမှသာဖြစ်တော့မည်။

“ဝေါင်းး”

“ကျိ... ကျိ...”

လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် နီရဲနေသော ပုရွက်ဆိတ်ပင်လယ်ကြီးကို ဦးဆောင်ကာ နေရာရွှေ့ပြောင်းခြင်းကို စတင်လိုက်ကြတော့သည်။တောင်တန်းကြီးများမှာ ကျယ်ပြောလှသည့်အတွက် လုပေါင်၏ အလုပ်မှာ ၎င်းတို့ အခြေချရန် သင့်တော်သော တောင်ကြီးကြီးတစ်လုံးကို ရှာဖွေပေးရန်ပင် ဖြစ်သည်။

ဒါပေါ် နှင့် ဟေးမီ တို့မှာမူ စမ်းချောင်းလေးထဲတွင် ဗိုက်ကလေးများ ကားနေအောင် စားထားပြီးဆော့ကြသည်။လုပေါင် ထားခဲ့သော သိုးခြေထောက်နှင့် သင်္ချိုင်းသူခိုးများ ထားခဲ့သော သိုးကင်တစ်ဝက်မှာ သူတို့ဗိုက်ထဲသို့ အကုန်ရောက်သွားခဲ့ပြီ ဖြစ်သည်။

အသွင်ပြောင်းကျားကို စီးလျက် ထွက်ပေါ်လာသော လုပေါင်ကို မြင်လိုက်ရသည့်အခါ ခွေးနှစ်ကောင်မှာ တစ်ကောင်ကိုတစ်ကောင် ကြည့်ရင်း လုံးဝ ကြောင်တောင်တောင် ဖြစ်နေကြသည်။

မရေမတွက်နိုင်သော မီးပုရွက်ဆိတ်နီများ ပေါ်လာသည့်အခါတွင်မူ သူတို့မှာ အလွန်ကြောက်လန့်သွားပြီး ကုန်းပေါ်သို့ အမြန်ပြေးတက်လာကြတော့သည်။

“ဂူး...”

နှင်းလုံးလေးက တောင်ပံကိုခတ်ကာ ပျံသန်းလာပြီး ဒါပေါင် ၏ ခေါင်းပေါ်တွင် နားကာ အမွေးအတောင်များကို ပြုပြင်နေသည်။

“သွားကြစို့ အိမ်ပြန်မယ်။”

လုပေါင်က လက်ဝှေ့ယမ်းပြလိုက်သည််။မီးပုရွက်ဆိတ်ဘုရင် ဦးဆောင်သော မီးပုရွက်ဆိတ်နီစစ်တပ်သည် နောက်ဆုံးတွင် သူတို့နေထိုင်ရန် သင့်တော်သော နေရာတစ်ခုကို သွားရောက်ရှာဖွေကြတော့သည်။မရေမတွက်နိုင်သော မီးပုရွက်ဆိတ်နီများမှာ တောင်တန်းများအနှံ့ ပြန့်နှံ့သွားကြတော့သည်။

အသွင်ပြောင်းကျားကိုမူ လုပေါင်က အရင်ဦးဆုံး အိမ်သို့ ခေါ်သွားပြီး နောက်ဖေးတောင်ကုန်းတွင် တစ်ညတာ ထားရန် စီစဉ်ထားခဲ့သည်။

လမ်းတစ်လျှောက်တွင် လုပေါင်သည် တောထွက်ပစ္စည်းအချို့ကို ဆွတ်ခူးလာခဲ့သည်။စမ်းချောင်းထဲတွင် ခွေးနှစ်ကောင်ကို အကြမ်းပတမ်း ဆေးကြောပေးလိုက်ရာ နှင်းလုံးလေး မှာ အလွန်လန့်သွားပြီး အမွေးများပင် ထောင်သွားတော့သည်။

သူသည် အလွန်ကြမ်းတမ်းလှသည်။ ခွေးနှစ်ကောင်မှာလည်း အရေခွံခွာခံနေရသကဲ့သို့ အော်ဟစ်နေကြသည်။

လုပေါင် မသိလိုက်သည်မှာ သူ၏ အဖိုးအဖွားအိမ်တွင် လုပိုင်ဟောက်နှင့် ဇနီးဖြစ်သူတို့က သူအပြန်ကို စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

ရွာထဲတွင် လုပိုင်ဟောက် ပြန်လာသည်နှင့်တပြိုင်နက် အိမ်တိုင်းက တောလုပ်စားစရာမျိုးစုံကို လာရောက် လက်ဆောင်ပေးကြသည်။ တစ်ယောက်က ကြက်တစ်ကောင်၊ နောက်တစ်ယောက်က အသားခြောက် နှစ်ပိဿာ၊ အချို့ကလည်း ကိုယ်တိုင်ချက်ထားသော ဆန်အရက်များကို ယူလာကြသည်။

လုပိုင်ဟောက်ကို ရွာသားတိုင်းက စိတ်ရင်းဖြင့်သာ ကျေးဇူးဆပ်ကြသူများ ဖြစ်သည်။သူ ရောက်လာသည်ဟု ကြားသည်နှင့် အားလုံးက လက်ဆောင်များဖြင့် ရောက်လာကြခြင်း ဖြစ်သည်။

“ဒုတိယဦးလေး ဦးလေးရဲ့ ဆန်အရက်ကို ကျွန်တော် လက်ခံပါတယ်။ဒီမှာ ကျွန်တော် ယူလာတဲ့ ဝူလျန်ယဲ့အရက် ပြန်ယူသွားပြီး မြည်းကြည့်ပါဦး။ ဒုတိယဦးလေးက ကျန်းမာရေး ကောင်းတုန်းပဲနော်။”

“အစ်မ ဒီတောဥတွေကိုတော့ အစ်မတို့ပဲ ယူထားလိုက်ပါ။ ဪ... ဒါက ဝမ်ဝမ်အတွက် ကျောင်းလွယ်အိတ်နဲ့ စာရေးကိရိယာတွေပါ။ ဝမ်ဝမ် စာသင်ရတာ အဆင်ပြေရဲ့လား။”

“ဒုတိယအဖွား ကျန်းမာရေး ကောင်းပါရဲ့လားခင်ဗျာ။”

လုပိုင်ဟောက်မှာ အလွန်အလုပ်ရှုပ်နေသည်။ သူ ပြန်လာတိုင်း ဤသို့ပင် ဖြစ်သည်။ကျန်းရွှယ်ချင်းမှာလည်း ကျင့်သားရနေပြီ။ ဇနီးမောင်နှံနှစ်ဦးမှာ အလုပ်ခွဲလုပ်ကြသည်။တစ်ယောက်က ဆွေမျိုးမိတ်ဆွေများကို ဧည့်ခံပြီး နောက်တစ်ယောက်က မီးဖိုချောင်တွင် ချက်ပြုတ်နေကြသည်။

“ရှောင်မုန့် ပန်းကန်တွေ ဆေးပြီးပြီလား။”

ကျန်းရွှယ်ချင်းက လှမ်းခေါ်သည်။

“ပြီးပါတော့မယ် မေမေ။”

မျက်နှာဝိုင်းဝိုင်းလေးက မပွင့်တပွင့် ပျင်းတိပျင်းရွဲနှင့် ပန်းကန်များကို ကတုန်ကရင် ဆေးကြောနေသည်။တစ်ခါတစ်ရံ အချိန်ကို ကြည့်လိုက်သေးသည်။

‘အစ်ကိုဘာလို့ ပြန်မလာသေးတာလဲ။သူ အဲ့ဒီကျားကြီးကို တကယ် ခေါ်လာမှာလားမသိဘူး။’

“ဂူး...”

ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ ရှောင်မုန်က အမြန်မော့ကြည့်လိုက်ရာ ဖြူဖွေးသော ကြက်တူရွေးဖြူကြီး တစ်ကောင် အိမ်ခေါင်မိုးပေါ်တွင် နားကာ ခြံထဲက လူစိမ်းများကို ခေါင်းစောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဝိုး... နှင်းလုံးလေး ပြန်လာပြီ မေမေ ကိုကို ပြန်လာပြီထင်တယ်။”

ရှောင်မုန်ကပန်းကန်ကို ချက်ချင်းပစ်ချလိုက်ပြီး

“သမီး သွားကြည့်လိုက်ဦးမယ်။”

အော်ဟစ်ကာပြေးထွက်သွားတော့သည်။

“အကုန်ဆေးလိုက်ဦးလေ ဟဲ့ ဟဲ့”

ကျန်းရွှယ်ချင်းလည်း ထွက်ကြည့်လိုက်သည်။သူမမှာလည်း လုပေါင်ကို မေးစရာ မေးခွန်းများစွာ ရှိနေသည့်အတွက် ချက်ပြုတ်ရန်ပင် စိတ်မပါတော့ပေ။

လုပိုင်ဟောက်မှာမူ ရယ်ရယ်မောမော စကားပြောနေသော်လည်း သူ၏အကြည့်များက အပြင်ဘက်သို့သာ ရောက်နေသည်။ သူ၏ အသုံးမကျသော သားဖြစ်သူက ဤမျှအထိ စွမ်းဆောင်နိုင်သူ ဖြစ်လာသည်ကို သူ မယုံနိုင်အောင် ဖြစ်နေမိသည်။

“ဝု ဝု”

ဟေးမီတို့လည်းပြန်ရောက်လာခဲ့ပြီဖြစ်သည်။၎င်းသည် အားအပြည့်ဖြင့် အိမ်ထဲသို့ တိုးဝင်လာပြီး အိမ်မှာ လူတွေအများကြီးတွေ့တော့အစာတောင်းရန် ဝမ်းသာအားရ ပြေးလွှားနေတော့သည်။

မီးဖိုချောင်ထဲတွင်လည်း ဘာဟင်းတွေရှိသလဲဆိုသည်ကို သိချင်၍ နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်ကြည့်ရန်လည်း မမေ့ပေ။

ဒါပေါင် မှာမူ လုပေါင်ကို ဆွဲပြီး အသွင်ပြောင်းကျားအကြောင်း မေးနေသော ရှောင်မုန့်၏ နောက်မှ အမြီးလေးနန့်ကာ လိုက်ပါလာသည်။

“ကိုကို ကျားကြီး ဘယ်မှာလဲ။”

ကောင်မလေး၏ မျက်လုံးများက တောက်ပနေသည်။

လုပေါင်က သူမ၏ ပါးကို အားရပါးရ ဆိတ်လိုက်ပြီး

“ဒါကို လျှို့ဝှက်ထားပါလို့ ငါမပြောဘူးလား။”

သူ့မိဘများ၏ ကားကို တွေ့လိုက်ရသလို အိမ်ရှေ့တွင်လည်း လျှပ်စစ်ဆိုင်ကယ်များနှင့် စက်ဘီးများစွာ ရှိနေသည်။ ဤမြင်ကွင်းက အလွန်ရင်းနှီးနေသည်။

ရှောင်မုန့်က အလွန်ဝမ်းနည်းနေသည့်ပုံစံဖြင့်

“ကိုကို့ကို ကျားကြီး စားလိုက်ပြီ ထင်လို့ မေမေတို့ကို နာရေးကိစ္စ ပြင်ဆင်ခိုင်းလိုက်တာပါ။ ညီမလေးက စေတနာနဲ့ပါ ဪ... ကိုကို ဖေဖေက ကိုကို ဘယ်လိုလုပ်ပြီး ရွှေရောင်ကမ်းခြေက အမှတ်၁မြေကွက်ကို ရလိုက်တာလဲဆိုတာ သိသလားလို့လည်း မေးနေတယ်။”

ကောင်မလေးက မျက်နှာထားကို ချက်ချင်းပြောင်းကာ စိတ်လှုပ်ရှားနေသော ပုံစံဖြင့် ပြောလိုက်သည်။”

“ဘာ...”

လုပေါင် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။သူ၏ဖုန်းကို အမြန်ထုတ်ကြည့်ရာ ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များစွာကို တွေ့လိုက်ရသည်။ တောင်ပေါ်တွင် လိုင်းမမိသောကြောင့် ယခုမှ အကုန်ဝင်လာခြင်း ဖြစ်သည်။

တင်းလင်ဆီမှ မက်ဆေ့ချ်ပို့ထားသည်ကိုလည်း သူ တွေ့လိုက်ရသည်။

၎င်းကို ကြည့်ပြီးနောက် သူ ခေါင်းတစ်ခုလုံး ချာချာလည်သွားတော့သည်။သူ၏ Live လွှင့်မှုက အလွန် လူသိထင်ရှားလွန်းသွားပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။

သို့သော်လည်း Live ကြည့်နေစဉ်တွင် ရင်းနှီးသူများပင်လျှင် လုပေါင်ကို ရတနာနတ်ဘုရား ဟု မှတ်မိရန် ခဲယဉ်းလှသည်။ရှောင်မုန့်ပင်လျှင် လုပေါင် ရိုက်ထားသော ဗီဒီယိုများနှင့် သူ့အခန်းထဲက ပစ္စည်းများကို တွေ့ပြီးမှသာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

“လုပေါင်”

ကျန်းရွှယ်ချင်း ရောက်လာသည်။ သူမက လုပေါင်၏ စုတ်ပြတ်နေသော အဝတ်အစားများကို ကြည့်ကာ မျက်စောင်းထိုးရင်း

“မင်း တော်တော် စွမ်းလာတာပဲနော်။ဒီလောက် ကိစ္စကြီးကို တစ်ခွန်းမှ မပြောဘူး။ မင်းက အန္တရာယ်တွေနဲ့ ကစားတတ်နေပြီပေါ့ ပြီးတော့ အမှတ်၁မြေကွက်ကိုမင်း ဘယ်လိုရတာလဲ ပိုက်ဆံ ဘယ်လောက် ကုန်သွားလဲ။”

အမှတ်၁‌‌မြေကွက်မှာ သန်းပေါင်းထောင်ချီ တန်ဖိုးရှိသည်ဟု ခန့်မှန်းရသည်။ ရုတ်တရက် ပိုင်ရှင် ပေါ်လာသည့်အခါ အစိုးရက သိမ်းထားသည်ဟု အားလုံးက ထင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထူးဆန်းသော လုပ်ဆောင်ချက်များကြောင့် လူအများမှာ ဇဝေဇဝါ ဖြစ်ခဲ့ကြသည်။

မိခင်ဖြစ်သူ၏ မျက်နှာထား မကောင်းသည်ကို မြင်တော့ ရှောင်မုန်က ဒါပေါင် နှင့်အတူ အမြန် လစ်ထွက်သွားသည်။

“ဟို... ဟို... ပိုက်ဆံ အများကြီး မကုန်ပါဘူး။ သား... သား... သားက မိုင်းတွင်းတစ်ခုနဲ့ လဲလိုက်တာပါ...”

လုပေါင်ဆင်ခြေအချို့ ကြိုစဉ်းစားထားသော်လည်း ဤမျှ မြန်မြန် သုံးလိုက်ရလိမ့်မည်ဟု မထင်ခဲ့ပေ။

“မိုင်းတွင်း...ဒါကို တခြား ဘယ်သူတွေ သိသေးလဲ အဲ့ဒါ မြပြာကျောက် မိုင်းတွင်းလား။”

ထိုမိုင်းတွင်းမှာ အလွန်တန်ဖိုးရှိလှသည်။ လုပိုင်ဟောက်နှင့် သူမတို့ လမ်းတစ်လျှောက်လုံး ဆွေးနွေးလာခဲ့ကြသည်မှာ၎င်းသည် ရတနာသိုက်ကြီး တစ်ခုကိုပင်ဖြစ်သည်။

“အဲ့ဒါ ဘယ်သူမှမသိဘူး။ မူလက တင်းလင်နဲ့ သားပဲ သိတာ။ အခုမှ ရှောင်မုန့် သိသွားတာ ပြီးတော့ မေမေတို့လည်း သိသွားပြီ။ တခြား ဘယ်သူမှ မသိသေးဘူး။”

လုပေါင်ကခေါင်းကို အမြန်ခါရင်း ထွက်ပြေးသွားသော ရှောင်မုန့်ကို လက်ညှိုးထိုးပြလိုက်သည်။

“လုရှောင်မုန့် နင် ဒီကို ပြန်လာခဲ့စမ်း။”

“လာပြီ မေမေ။”

ရှောင်မုန့်မှာခြေလှမ်းအနည်းငယ်သာ ပြေးရသေးသော်လည်း ၎င်းကို ကြားလိုက်ရသည့်အခါ ပုခုံးလေးတွန့်ကာ သတိထားပြီး ပြန်ပြေးလာခဲ့တော့သည်။

စုန့်မိသားစု မှာလည်း ရင်ဆိုင်ရလွယ်သူများ မဟုတ်ပေ။ယခင်က ကျန်းရွှယ်ချင်းနှင့် လုပိုင်ဟောက်တို့ ထိုမြေကွက်ကို ဝယ်ခဲ့စဉ်က ပြဿနာမရှိသော်လည်း ယခုမှာမူ အခြေအနေက အတော်ကို ခြားနားသွားပြီဖြစ်သည်။အကယ်၍ အမှတ်၁မြေကွက်ကလည်း သူတို့မိသားစုပိုင် ဖြစ်သည်ကို လူတွေ သိသွားပါက ပြဿနာကြီးကြီးတတ်လိမ့်မည်။

အကယ်၍ သတင်းပေါက်ကြားသွားပါက သူတို့၏ ဂုဏ်သိက္ခာ ထိခိုက်ရုံသာမက မရိုးသားသော နည်းလမ်းများ သုံးသည်ဟုပင် အစွပ်စွဲခံရပေလိမ့်မည်။

“ဘယ်သူ့ကိုမှ တစ်ခွန်းမှ မဟနဲ့ ကြားလား။”

“ကြားပါတယ် မေမေ...”

ရှောင်မုန်မှာကြောက်လန့်၍နေသည် ခေါင်းလေးပုနေသည်။သူမမည်သူ့ကိုမှမ‌ပြောမိပါ။

အခန်း ၅၄- ပုံရိပ်ယောင်ကျင့်စဉ်နှင့် ခွေးနက်လေး၏ ဝိညာဉ်အသွင်ပြောင်းလဲခြင်း

သူမသည် ဤအချက်ကိုတော့ နားလည်သဘောပေါက်ပါသေးသည်။

“မေမေ... ဒါက ရိုးရိုးလေးပါ။ ဗီလာ တွေကို ကြိုတင်ရောင်းချလို့ ရတယ်လေ အဲ့ဒါဆိုရင် ပိုက်ဆံရပြီ မဟုတ်လား ပြီးမှ မေမေတို့ အမှတ်၁မြေကွက်ကို ဝယ်ယူလိုက်တယ်ဆိုတာကို လူသိရှင်ကြား ကြေညာလိုက်ပေါ့။ အဲ့ဒီခါကျရင် သားက တင်းလင်ကို မေမေတို့နဲ့ ပူးပေါင်းဆောင်ရွက်ခိုင်းလိုက်ပါ့မယ်။”

လုပေါင်သည် ဖြေရှင်းနည်းကို ကြိုတင်စဉ်းစားထားပြီးသားဖြစ်သည်။အဆုံးတွင်မူ ၎င်းမှာ သူတို့ကိုယ်ပိုင်ပစ္စည်းသာ ဖြစ်သည့်အတွက် လူသိရှင်ကြား ကြေညာချက်တစ်ခု ထုတ်ပြန်ရန်သာ လိုအပ်သည်။

“ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်။ရေအောက် မြပြာကျောက် မိုင်းတွင်းရှိတဲ့နေရာကို တခြားဘယ်သူ သိသေးလဲ။သင်္ဘောပျက်ထဲမှာ တခြားရတနာတွေ ရှိသေးလား။ပြီးတော့ ဘာတွေဖြစ်နေတာလဲ။မင်းရဲ့ ရေကူးစွမ်းရည်က ဘယ်လိုလုပ် ဒီလောက်ကောင်းသွားတာလဲ။သိုင်းပညာ ကို ဘယ်တုန်းက စကျင့်တာလဲ။အဲ့ဒီ အသွင်ပြောင်းကျားနဲ့ မီးပုရွက်ဆိတ်နီတွေကရော ဘယ်မှာလဲ။”

ကျန်းရွှယ်ချင်းမှာ လက်ရှိတွင် မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။

“သား အဝတ်အစား အရင်လဲလိုက်ဦးမယ်။ ဒီညကျမှ ဖြည်းဖြည်းချင်း ပြောကြတာပေါ့။ မေးခွန်းတွေကလည်း များလွန်းလို့...”

လုပေါင်သည်သူ၏ စုတ်ပြတ်နေသော အဝတ်အစားများကို အမြန်ကြည့်လိုက်သည်။အဝတ်အစားများမှာ အနည်းငယ် သေးနေသည့်အပြင် ခြင်္သေ့ကျားနှင့် တိုက်ခိုက်ပြီးနောက်တွင်မူ ဝတ်ချင်စရာမရှိအောင် စုတ်ပြတ်နေပြီ ဖြစ်သည်။

“ကောင်းပြီလေ။”

ကျန်းရွှယ်ချင်းက ခေါင်းညိတ်ပြလိုက်သည်။ညကျမှ ဖြည်းဖြည်းချင်း စကားပြောခြင်းက ပိုကောင်းမည်ကို သိသော်လည်း သူမမှာ ယခုပင် အလွန်သိချင်စိတ် ပြင်းပြနေမိသည်။

“ကျားကြီး ဘယ်မှာလဲ။”

ရှောင်မုန့်က လုပေါင်ကို သိချင်စိတ်ပြင်းပြနေသော ကလေးငယ် တစ်ဦးကဲ့သို့ မော့ကြည့်ရင်း ထပ်မံဆွဲမေးပြန်သည်။

“ဖယ်စမ်းပါဆိုနေ။”

“မေမေ ကြည့်ဦး သူ သမီးကို လာဆူနေတယ်။”

အဖိုးနဲ့အဘွားတို့နှစ်ဦးမှာ အလွန်ပင်ဝမ်းသာနေကြသည်။သူတို့၏သားနှင့် ချွေးမ ရောက်လာကြသလို မြေးလေးများလည်း ရှိနေကြသည်။အိမ်တစ်ခုလုံး ရယ်မောသံများဖြင့် ပြည့်နှက်နေလေသည်။လူကြီးများမှာ အသက်ကြီးလာသည်နှင့်အမျှ အထီးကျန်ခြင်းကို အကြောက်ဆုံး လာဖြစ်သည်။

မိသားစုတစ်စု ပျော်ရွှင်စွာ ထမင်းစားပြီးနောက် လုပေါင်ကို လုပိုင်ဟောက်နှင့် ဇနီးဖြစ်သူတို့က စစ်ဆေးမေးမြန်းရန်အတွက် ဘေးသို့ ခေါ်ထုတ်သွားကြသည်။ ရှောင်မုန့်က လိုက်ချင်သော်လည်း အပြင်သို့ တွန်းထုတ်ခြင်း ခံလိုက်ရသည်။

လုပေါင်က ဇာတ်လမ်းဆင်ရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။၎င်းမှာ ကြီးမားသော လှည့်ကွက်တစ်ခုပင်ဖြစ်သည်။သူသည် တောင်ပေါ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ သိုင်းပညာသင်ပေးခဲ့သည့် လျှို့ဝှက်ဆန်းပြားသော ပညာရှင်တစ်ဦးနှင့် တွေ့ခဲ့သည်ဟု အကြောင်းပြလိုက်သည်။မိဘများက သူ့ကို ပစ်ထားပြီး ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ကြောင်းကို အပြစ်တင် ပြောဆိုကာ သူ၏ လှည့်စားမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

စစ်ဆေးမေးမြန်းမှုမှာ သန်းခေါင်ယံအထိ မပြီးဆုံးခဲ့ပေ။

ဇနီးမောင်နှံမှာ လုပေါင်၏ ရှင်းပြချက်ကို လက်ခံရန်မှတစ်ပါး အခြားမရှိတော့ပေ။

“အမဲလိုက်နေတာလား။”

သန်းခေါင်ယံအချိန်တွင်လုပေါင်သည် စနစ်၏အမှတ်အသား ကို အသုံးပြုကြည့်ရာ အသွင်ပြောင်းကျားမှာ အမဲလိုက်နေပုံရသည်ကို သတိပြုမိလိုက်သည်။ဝက်ဝံနက်တွင်းကို သတိရသွားပြီး သူသည် အသွင်ပြောင်းကျားကို ရှာရန် တောင်ပေါ်သို့ အမြန်သွားခဲ့သည်။

“ဝုတ် ဝုတ်”

ဟေးမီ သည် ညဥ့်နက်ချိန်တွင် အားအင်များ ပြည့်ဝနေကာ အမြီးနန့်လျက် သူ၏သခင်လေးနောက်သို့ လိုက်ပါလာသည်။

ကြယ်တာရာများ တောက်ပနေပြီး လရောင်မှာလည်း ထွန်းလင်းနေသည်။

ညင်သာသော လေပြေလေးတွေကလည်းတိုက်ခတ်နေသည်။ကျောက်ဆောင်တစ်ခုပေါ်တွင် အသွင်ပြောင်းကျားမှာ သူ၏သားကောင်စားသောက်နေသည်။ကံမကောင်းသော ဝက်ဝံတစ်ကောင်မှာ ၎င်း၏ အစာဖြစ်သွားခဲ့ရပြီဖြစ်သည်။

အသွင်ပြောင်းကျားသည် အဝေးသို့ သတိရှိရှိရှိ မော့ကြည့်လိုက်သည်။လုပေါင် သူ့ထံသို့ ခုန်ကူးလာသည်ကို မြင်သောအခါ ၎င်းသည် အောက်သို့ ချက်ချင်းခုန်ဆင်းပြီး လုပေါင်ဆီပြေးလာခဲ့သည်။

“မင်း ဘာတွေ စားနေတာလဲ။ဒီမှာ ဝက်ဝံနက်အသိုက် ရှိတယ်။သူတို့ကို သတ်လို့မရဘူးနော်။”

လုပေါင်က လာရောက်စစ်ဆေးကြည့်သည်။ ၎င်းမှာ ဝက်ဝံနက် မဟုတ်ကြောင်း အတည်ပြုပြီးနောက်မှ သူ သက်ပြင်းချနိုင်တော့သည်။ ဝက်ဝံနက်ပေါက်လေး နှစ်ကောင်မှာ ငယ်သေးသည့်အတွက် အကယ်၍ ဝက်ဝံကြီး သေသွားပါက သူတို့ ရှင်သန်ရန် ခဲယဉ်းပေလိမ့်မည်။

ထို့အပြင် ဝက်ဝံပေါက်လေးများမှာ တကယ်ပင် ချစ်စရာကောင်းလှသည်။

“ဝေါင်းး”

အသွင်ပြောင်းကျားသည် သူ၏ ရှည်လျားသော အမြီးကို ညင်သာစွာ ယမ်းရင်း လုပေါင်နောက်မှ လိုက်ပါလာသည်။

ဟေးမီ ရောက်လာပြီး အဝေးတွင် ရပ်ကာ အသွင်ပြောင်းကျားကို ခေါင်းစောင်းကြည့်လိုက်သည်။ထို့နောက် လုပေါင်ကို ကြည့်ကာ ဖြည်းဖြည်းချင်း အနားတိုးရန် ကြိုးစားသည်။နေ့ခင်းဘက်ကလို အသွင်ပြောင်း ကျားကို ကိုက်ခဲ့စဉ်ကမျိုး အရှိန်အဝါမျိုး လုံးဝမရှိတော့ပေ။

လုပေါင်သည် အသွင်ပြောင်းကျားနှင့် ခေတ္တမျှ ဆော့ကစားပြီးနောက် ကျောက်ဆောင်ပေါ်တွင် ထိုင်လိုက်သည်။သူသည် မူလက တိုက်ခိုက်ရေး နည်းစနစ်တစ်ခုကို ကျင့်ကြံရန် ရည်ရွယ်ထားသော်လည်း ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။

“တောင်စောင့်နတ် ပုံရိပ်ယောင်ကျင့်စဉ် စမ်းကြည့်ရအောင်။”

လုပေါင်သည် သူ၏စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။တောင်စောင့်နတ် ပုံရိပ်ယောင်ကျင့်စဉ်မှာ သူ၏ဝိညာဉ်နှင့် ပေါင်းစပ်ပြီးသား ဖြစ်သည်။သူ၏ဝိညာဉ်နှင့် ပုံရိပ်ယောင်ကျင့်စဉ်မှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့်အခါ ကမ္ဘာကြီးတစ်ခုလုံးမှာ ခြားနားနေသည်ကို သူ တွေ့ရှိလိုက်ရသည်။

လေပြေလေးက တိုးတိုးလေး တိုက်ခင်နေသလို မြေကြီးက အသက်ရှူနေသလို... အသွင်ပြောင်းကျားမှာ လုပေါင်၏ ဦးခေါင်းထိပ်ကို စိုက်ကြည့်နေရင်း ရုပ်ထုတစ်ခုကဲ့သို့ မလှုပ်မယှက် ရှိနေသည်။ဖြူဖွေးသော အလင်းတန်းမှိန်မှိန်လေးများမှာ ၎င်း၏ ကိုယ်ပေါ်မှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ဟေးမီ မှာ အသွင်ပြောင်းကျား ၏စားကြွင်းစားကျန်များကို ချောင်းနေခြင်း ဖြစ်သည်။ သခင်လေးကို မတော်တဆ မော့ကြည့်လိုက်သည့်အခါ ၎င်းမှာ တောင့်ခဲကာရန်တန့်သွားတော့သည်။တဖြည်းဖြည်းနှင့် ၎င်း၏ ညိုမှောင်သော မျက်လုံးများမှာ ပို၍ နက်မှောင်လာပြီးခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

လုပေါင်သည် သူ၏ဝိညာဉ်မှာ ဆက်တိုက် အင်အားကြီးမားလာသကဲ့သို့ ခံစားနေရပြီး သတိလစ်မေ့မြောတော့မည့် အခြေအနေသို့ ရောက်ရှိလာသည်။

တောင်ပေါ်တောအုပ်တစ်ခုလုံးမှာ တိတ်ဆိတ်နေသည်။နှင်းလုံးလေးလည်း ပျံသန်းရောက်ရှိလာပြီး တောင်ပံကိုခတ်နေသည်။၎င်းက လုပေါင်ကို တစ်ချက်ကြည့်လိုက်ကြောင်တောင်တောင် ဖြစ်နေသော ဟေးမီကို တစ်ချက်ကြည့်ရင်း ဇဝေဇဝါဖြင့် အပင်ပေါ်တွင်နားကာ အမွေးအတောင်များကို ပြုပြင်နေတော့သည်။

“ဂူး...”

တောင်တန်းများပေါ်တွင် တိတ်ဆိတ်မှုက လွှမ်းမိုးထားသည်။အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ ကောင်းကင်နှင့် မြေကြီးမှာ လုပေါင်၏ ဝိညာဉ်ထဲကိုစီးဆင်း နေသကဲ့သို့ ရောင်စုံအလင်းတန်း မှိန်မှိန်လေးများ ထွက်ပေါ်လာသည်။အချိန်များ ကုန်လွန်သွားပြီး အရှေ့ဘက်ကောင်းကင်တွင် နီကျင့်ကျင့် အလင်းရောင်များ စတင်ထွက်ပေါ်လာသည်။

“ဒိန်းး”

သူ့ခေါင်းထဲတွင် အသံတစ်ခုမြည်ဟည်းသွားပြီး လုပေါင် မျက်လုံးဖွင့်လိုက်ရာ နှင်းလုံးလေး မှာ သူ၏ပခုံးပေါ်တွင် ရပ်ကာ သူ့ကို သိချင်စိတ်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“မင်း ဘာလို့ ငါ့ကို လာဆိတ်နေတာလဲ။ပုန်ကန်ချင်လို့လာ။ ဟမ်...”

လုပေါင်သည် ရုတ်တရက် ထူးခြားမှုကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ပို၍ ပေါ့ပါးလာသကဲ့သို့ ခံစားရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးအပေါ် အာရုံခံစားနိုင်စွမ်းမှာလည်း ပို၍ ကြည်လင်ပြတ်သားလာသည်။

လုပေါင်သည် ပုံရိပ်ယောင်ကျင့်စဉ်ကို အမြန်စစ်ဆေးကြည့်သည်။ပုံရိပ်ယောင်ကျင့်စဉ်နှင့် ပေါင်းစပ်ထားသော ဝိညာဉ်မှာ ယခုအခါ ဖျော့တော့သော အရောင်အဝါတစ်ခု ရှိနေသေးသည်ကို သတိပြုမိလိုက်သည်။

အသွင်ပြောင်းကျားမှာ ဖြည်းဖြည်းချင်း သူ့ဆီသို့ လျှောက်လာပြီး သူ၏ဘေးတွင် ဝပ်လိုက်သည်။

“ဟေးမီ...”

လုပေါင်သည် တစ်ချိန်တည်းမှာပင် ဟေးမီကို တွေ့လိုက်ရသည်။

ယခုအခါ ၎င်းကို အခြားခွေးတစ်ကောင်နှင့် မှားနေပြီဟုပင် သူ သံသယဝင်နေမိသည်။ ဟေးမီမှာ အရွယ်အစား သိသိသာသာ ကြီးမားလာသည်။တစ်ကိုယ်လုံးရှိ အမွေးများမှာ ပြောင်လက်နက်မှောင်နေပြီး မျက်လုံးများမှာ ကျောက်စိမ်းနက်ကဲ့သို့ မည်းနက်နေကာ သွားများနှင့် ခြေသည်းများမှာပင် အေးစက်၍ ထက်မြက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

“ဝု ဝု”

ဟေးမီ က ဝမ်းသာအားရ ပြေးလာပြီး အမြီးနန့်ပြသည်။လုပေါင်သည် ၎င်းထံမှ တောင်စောင့်နတ် ပုံရိပ်ယောင်ကျင့်စဉ်၏ အရှိန်အဝါနှင့် အသွင်ပြောင်းကျားနှင့် ဆင်တူသော အရှိန်အဝါတို့ကို ခံစားနေရသည်။

“ဘုရားရေ... မင်း ဘာဖြစ်သွားတာလဲ ဒါက ဖြစ်နိုင်ပါ့မလား...”

လုပေါင်က ဟေးမီကို ချီကြည့်လိုက်သည်။ ၎င်းမှာ သိသိသာသာ ပိုလေးလာပြီး ကိုယ်ခန္ဓာ တည်ဆောက်ပုံမှာလည်း တကယ့်ကို အံ့မခန်းကိုလှပနေသည်။

သူသည် တောင်စောင့်နတ် ပုံရိပ်ယောင်ကျင့်စဉ်ကို သတိရလိုက်သည်။

မီးပုရွက်ဆိတ်ဘုရင်၊ ခြင်္သေ့ကျား၊ ယခုအခါတွင်မူ ဤရွာခွေးလေးမှာပင် ဝိညာဉ်အသွင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။တောင်စောင့်နတ် ပုံရိပ်ယောင်ကျင့်စဉ်သည် အမှန်တကယ်ပင် တိရစ္ဆာန်များကို မျိုးဗီဇပြောင်းလဲစေနိုင်သည်ပင်။ထို့အပြင် ဟေးမီ မှာ သူ့အပေါ် ပို၍ သံယောဇဉ်ကြီးလာပြီး တိုက်ရိုက်ဆက်သွယ်မှုများကိုပင် ပြုလုပ်နိုင်လာသည်ကို သူ ခံစားရသည်။

“ပုရွက်ဆိတ်ဘုရင်က နေရာတစ်ခု ရှာတွေ့ပြီး အသိုက်ဆောက်နေကြပြီ။ငါ ဒီကနေ ခဏပြန်ရမယ်။နောက်ရက်အနည်းငယ်နေရင် ပြန်လာခဲ့မယ်။မင်း ပုရွက်ဆိတ်ဘုရင်ကို အရင်သွားရှာလိုက်ဦး။”

လုပေါင်သည်ယနေ့ ပြန်ရမည်ကို သတိရကာ အသွင်ပြောင်းကျား၏ ခေါင်းကြီးကို ပုတ်ပေးလိုက်သည်။

“ဝေါင်းးး”

အသွင်းပြောင်းကျားမှာ အနည်းငယ် စိတ်မကောင်းဖြစ်ပုံရပြီး လုပေါင်ကို ဝမ်းနည်းသော မျက်လုံးကြီးများဖြင့် ကြည့်နေသည်။

လုပေါင်က ၎င်း၏ ခေါင်းကြီးကို ဖက်လိုက်ပြီး

“စိတ်မပူပါနဲ့ ငါ မင်းတိုပကို ပစ်မထားခဲ့ပါဘူး။မင်းတို့အားလုံးက အရမ်းထူးခြားနေတော့ ငါ အရင်ပြန်ပြီး ပြင်ဆင်စရာရှိတာတွေ လုပ်ရဦးမယ်။”

မီးပုရွက်ဆိတ်နီတပ်မဟာဖြစ်စေ၊ အသွင်ပြောင်းကျားဖြစ်စေ လူသားများအနေဖြင့် အလွယ်တကူ လက်ခံနိုင်မည့် အရာများ မဟုတ်ပေ။

မီးပုရွက်ဆိတ်နီစစ်တပ်၏ တည်ရှိမှုတန်ဖိုးကို သူ ရှာဖွေရန် လိုအပ်သည် ဖြစ်နိုင်လျှင် လူသားမျိုးနွယ်အတွက် အကျိုးပြုနိုင်မည့် အရာတစ်ခု ဖြစ်စေချင်သည်။၎င်းတို့ကို လက်ခံနိုင်ကြလျှင် အရာအားလုံးမှာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

‘တကယ်လို့ အဆင်မပြေရင် အသွင်ပြောင်းကျားကို အဲ့ဒီ ရွှေရောင်ကျားမကြီးဆီ ပို့ပေးလိုက်ရမလား။သူတို့တကယ်များ စုံတွဲဖြစ်သွားနိုင်မလား။’

“ဝေါင်း”

အသံတိုးတိုးဖြင့် ဟိန်းဟောက်ကာ အသွင်ပြောင်းကျားမှာ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

လုပေါင် မတ်တပ်ရပ်ကာ ဟေးမီ ကို ပုတ်လိုက်ပြီး

“အိမ်ပြန်ရအောင်။”

“ဝု ဝု”

ဟေးမီ မှာ အိမ်သို့ ဝမ်းသာအားရ ပြေးလွှားသွားရာ ၎င်း၏ အရှိန်မှာ ယခင်ကထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

‘ဒါပေါင် ရော ဝိညာဉ်အသွင် ပြောင်းလဲနိုင်မလား နှင်းလုံးလေးရော’

လုပေါင်က နှင်းလုံးလေး ကို ကြည့်လိုက်သည်။ ဤကောင်လေးသည်လည်း တစ်ညလုံး သူနှင့်အတူ ရှိနေခဲ့သည်။

‘ဘာကြောင့်ဘာမှမပြောင်းလဲရတာလဲ။’

တောင်စောင့်နတ်ပုံရိပ်ယောင်ကျင့်စဉ်သည် တိရစ္ဆာန်အားလုံးကို မျိုးဗီဇပြောင်းလဲစေနိုင်ခြင်းမဟုတ်သောကြောင့်ဖြစ်နိုင်ပေသည်။

“ဂူး...”

နှင်းလုံးလေးက လုပေါင်ကို ကြည့်သည်။

‘ဘယ်လိုအကြည့်နဲ့လာကြည့်နေတာလဲ။’

All Chapters