← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း ၅၇ - အမဲလိုက်သော ဟေးမီနှင့် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း။

ပိုင်ရှင် : လုပေါင်

စွမ်းရည်: သားရဲများ၏ နှစ်သက်မှု +၁၀၀ (ရွှေအဆင့်)၊ ပင်လယ်ဘုရင် ခန္ဓာကိုယ် (ငွေအဆင့်)၊ တောင်စောင့်နတ် ပုံရိပါရောင်ကျင့်ဆင်(အထူးအဆင့်)

ကျွမ်းကျင်မှု : တရုတ်ရိုးရာ လေမှုတ်တူရိယာ (ကျွမ်းကျင်အဆင့်၊ မျောက်ဝံသိုင်းပညာ (အခြေခံအဆင့်)

စနစ်သုံးပစ္စည်းများ:စူပါ live eye၊ ရွှေရောင်ကမ်းခြေ မြေကွက် ဧက ၂၀၀

ထူးထူးခြားခြား ပြောင်းလဲမှုများစွာ မရှိပေ။

တောင်စောင့်နတ် ပုံရိပ်ယောင်ကျင့်စဉ်သည် စွမ်းရည်ဖော်ပြချက်ထဲ ရောက်နေသည်ကို လာပေါင်အနည်းငယ် အံ့သြမိသည်။ ၎င်းသည် သူ၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားခြင်းကြောင့် ဖြစ်နိုင်ပေသည်။

ညချမ်းအချိန်တွင် ကြယ်တာရာများ လင်းလက်နေသည်။

လုပေါင် သည် မြက်ခင်းပြင်ဒေသနှင့် ပတ်သက်သည့် အချက်အလက်များ ဒေသန္တရဓလေ့ထုံးတမ်းများ အစားအစာနှင့် အထူးထွက်ကုန်များကို ရှာဖွေဖတ်ရှုနေသည်။ ယခုခရီးစဉ်ကို သူက အပန်းဖြေခရီးတစ်ခုအဖြစ် သဘောထားထားသည်။

ဒါပေါင် ကတော့ သူ့ရှေ့တွင် ငုတ်တုတ်ထိုင်ကာ ပါးစပ်ထဲတွင် ဘောလုံးတစ်လုံးကိုက်ပြီး ကစားချင်စိတ်ဖြင့် ခေါင်းလေးစောင်းကာ ကြည့်နေသည်။

“ဒီလောက်ညနက်နေပြီ ဘာကိုကစားမှာလဲသွားအိပ်တော့။”

“ဝု”

“နှင်းလုံးလေး တောင် အိပ်ပျော်နေပြီ မြန်မြန်သွားအိပ်။ နေဦး... ဒီကိုလာဦး ဒီလိုမျိုး ထိုင်လိုက်။”

လုပေါင်သည် တောင်စောင့်နတ်၏ပုံရိပ်ယောင်ကျင့်စဥ်ကိုရုတ်တရက် သတိရသွားပြီး တင်ပလ္လင်ခွေ ထိုင်လိုက်သည်။မကြာမီ သူ၏အထက်တွင် တောင်စောင့်နတ်ပုံရိပ်ယောင် ပေါ်ထွက်လာသည်။ဒါပေါင်မှာ ထိုပုံရိပ်ယောင်ကို မြင်နိုင်မမြင်နိုင် သူ စမ်းသပ်ချင်နေခြင်းဖြစ်သည်။

Da Bao ၏မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်ထဲမှ ဘောလုံးမှာလည်း ကြမ်းပြင်ပေါ်သို့

“ဂျုတ် ဂျုတ်”

ပြုန်ကျသွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်လာသည်။

လပေါင် ၏ ဝိညာဉ်အမြင်ဖြင့် အရာအားလုံးကို မြင်နေရသည်။ဒါပေါင်သည် ဟေးကဲ့သို့ပင် သူ၏ တောင်စောင့်နတ်ပုံရိပ်ယောင်ကို အမှန်တကယ် မြင်နိုင်သည်။

သို့သော် နှင်းလုံးလေး က ဘာကြောင့် မမြင်နိုင်ရသနည်း။

တာရှမ်းကျွဲ ကျေးရွာ၏ ကျယ်ပြောလှသော ညကောင်းကင်အောက်တွင် ခွေးနက်တစ်ကောင်သည် ခြံထဲ၌ ကြောင်တောင်တောင်ဖြင့် ထိုင်နေသည်။

“မင်းအားတဲ့အခါ တောင်ပေါ်တက်ပြီး တောင်ထွက်ပစ္စည်းတချို့ သွားခူးဦး။ အားပေါငါ နဲ့ အိမ်ကောင်လေးတို့က အဲဒါတွေစားရတာ အရမ်းကြိုက်ကြတယ်။”

“ငါ အဝေးကြီး မလမ်းလျှောက်နိုင်တော့ဘူး။အနီးအနားမှာလည်း ဘာမှမရှိတော့ဘူး။ မနက်ဖြန် တာဟူ ရွာက ဈေးကိုသွားပြီး ဝယ်ကြတာပေါ့။ ကလေးတွေလာတဲ့အခါ ဝဝလင်လင် ကျွေးရမယ်။”

အဖိုးအိုတို့၏ စကားသံကို ခွေးနက် ကြားလိုက်ရသည့်အခါ မျက်လုံးများ တောက်ပသွားသည်။ သူသည် သူ၏ ပိန်လိမ်နေသော ဝမ်းဗိုက်ကို ငုံ့ကြည့်ပြီးနောက် သူ၏သခင်လေးကို သတိရကာ ခဏမျှ စဉ်းစားပြီး မတ်တပ်ထရပ်လိုက်သည်။ မကြာမီ ခြံထဲမှ ခွေးနက်မှာ ပျောက်ကွယ်သွားတော့သည်။

တိတ်ဆိတ်နေသော တောင်တန်းများကြားတွင် အရိပ်မည်းတစ်ခုသည် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ သတ်ဖြတ်ခြင်းလုပ်ငန်းကို စတင်လေတော့သည်။

နောက်တစ်နေ့ နံနက်။

ကြက်တွန်သံနှင့်အတူ အဖိုးအဖွားနှစ်ဦး နိုးလာကြသည်။ လုပေါင်၏ အဖွားက တံခါးဖွင့်လိုက်ရာ...

“ဟယ်... အဖိုးကြီး မြန်မြန်လာကြည့်ဦး ဒါတွေက ဘာတွေလဲ။”

အဖွားအိုမှာလန့်ဖျပ်သွားရသည်။

“မနက်စောစောစီးစီး ဘာတွေ အုတ်အော်သောင်းနင်း ဖြစ်နေတာလဲ။”

အဖိုးအို ဖိနပ်စီးပြီး ထွက်လာသည်။ ခြံထဲကို ကြည့်လိုက်ရချိန်တွင် သူလည်း မှင်တက်သွားတော့သည်။

တောကြက်များ၊ တောယုန်များ၊ ဝါးကြွက်များ၊ တောဝက်ကောင်များ၊ မြွေများ၊ မြေခွေးများနှင့် တောင်ဆိတ်တစ်ကောင်ပင် ပါသေးသည်။ ခြံဝင်းတစ်ခုလုံးတွင် ထိုအကောင်လောင်းများ ပြန့်ကျဲနေသည်။

“ဒါတွေက အကိုက်ခံပြီး သေနေတာပဲ။ ဘာတွေဖြစ်ကုန်တာလ။”

“အိမ်ထဲဝင် အိမ်ထဲဝင် တစ်ခုခု ရောက်နေပြီ၊ မြန်မြန်ဝင်။”

“ဟေးမီရော သူ အဆွဲခံလိုက်ရပြီလား မသိဘူး”

အဖွားအိုက ဟေးမီကို လိုက်ရှာလေသည်။ တစ်ညလုံး ခွေးဟောင်သံ မကြားရသဖြင့် သူမ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။မကြာသေးမီက တောင်ပေါ်တွင် ထူးဆန်းသည်များ ဖြစ်ပျက်နေသဖြင့် ဤမြင်ကွင်းက သူတို့နှစ်ဦးကို ထိတ်လန့်စေသည်။

“ဂျောက်~”

တံခါးဝမှ အသံတစ်ခု ကြားလိုက်ရသည်။

အဖိုးအိုတို့ ကြည့်လိုက်ရာ ဟေးမီ ၏ ဖင်ကြီးမှာ အရင်ဝင်လာပြီးနောက် ကိုယ်လုံးကို အားစိုက်ရုန်းကန်ကာ တိုးဝင်လာသည်ကို တွေ့ရသည်။မယုံနိုင်စရာကောင်းသည်မှာ ဟေးမီသည် သုံးမီတာနီးပါးရှည်သော မြွေကြီးတစ်ကောင်ကို ဆွဲလာခြင်းဖြစ်သည်။ ထိုမြွေမှာ လုံးဝမသေသေးဘဲ ခွေး၏လည်ပင်းကို ရစ်ပတ်ထားဆဲဖြစ်သည်။

“ဝု ဝု”

သခင်များ နိုးနေသည်ကို မြင်သောအခါ ဟေးမီ စိတ်လှုပ်ရှားစွာ ဟောင်လိုက်သည်။သူသည် မြွေကို အားကုန်ကိုက်ကာ ခေါင်းကို ဆောင့်ခါလိုက်ရာ မြွေမှာ အားအင်ကုန်ခမ်းပြီး ပြုတ်ကျသေဆုံးသွားတော့သည်။

“ဝု ဝု ဝု”

သွေးများ ပေကျံနေသော ဟေးမီသည် အမြီးတယမ်းယမ်းဖြင့် ပြေးလာသည်။ !

‘ကြည်လိုက် တောင်ကောင်တွေ အများကြီး ဖမ်းလာတယ်။ သခင်လေးကို မြန်မြန်ခေါ်ပြီး ကျွေးလိုက်တော့။’

“ဘုရားရေ...” အဖိုးအိုပါဆွံ့အသွားသည်။

“ဒီခွေး ဘာဖြစ်သွားတာလဲ။”

အဖွားအိုလည်းကြောက်လန့်နေသည်။

လုပေါင်ဖုန်းလက်ခံရရှိပြီး ဟေးမီ ဖမ်းလာသည့် အကောင်များအကြောင်း ကြားသောအခါ သူလည်း ခဏမျှ ကြောင်သွားသည်။ သူသည် တက်ကြွနေသော ဒါပေါင် ကို ကြည့်လိုက်မိသည်။ဒါပေါင် ၏ ပြောင်းလဲမှုသည် ဟေးမီလောက် ဘာကြောင့် မသိသာရသနည်း။

“အဖိုး... အဖမ်းမခံရအောင် သတိထားဦး။ အဲဒီတောင်ဆိတ်က နိုင်ငံတော်အဆင့် ၁ ကာကွယ်ထားတဲ့ တိရစ္ဆာန်ဗျ...”

ဒီထောင်နန်းစံ တောင်ဆိတ်ကတော့ သနားစရာပင်။ တာရှမ်းကျွဲ ရွာသည် အမြဲစောင့်ကြည့်ခံနေရသော နေရာဖြစ်သည်။

“ခွေးက ကိုက်သတ်တာ ငါနဲ့ ဘာဆိုင်လို့လဲ။ ဖမ်းချင်ရင် ဟေးမီ ကိုပဲ ဖမ်းသွားခိုင်းလိုက်။ ဒီခွေးက မနေ့က ထမင်းတစ်အိုးလုံး ကုန်အောင်စားပြီး အခုထိ ဆာလို့ ဟောင်နေတုန်းပဲ။ ဘယ်သူယူချင်လဲ ယူသွားမွေးကြ။”

အဖိုးအိုကတော့ဂရုမစိုကပ်ပေ။

“ဝု ဝု”

ဟေးမီ ကတော့ မကျေနပ်ပေ။

‘ငါကကိုယ့်အားကိုယ်ကိုးပြီး ဖမ်းလာာတ မဟုတ်ဘူးလား။’

“အဖိုး ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့။ အေးအေးဆေးဆေးနေပြီး ဟေးမီကို ကြည့်ထားဦး။ နောက်ထပ် ပြဿနာမရှာခိုင်းနဲ့တော့။”

လုပေါင် နားလည်သွားသည်။ဤသည်မှာ ဟေးမီ၏ မျိုးဗီဇပြောင်းလဲမှုကြောင့် သေချာပေါက် ဖြစ်ပေလိမ့်မည်။

တာရှမ်းကျွဲ ရွာလေးသည် ပွက်လောရိုက်သွားတော့သည်။ ဟေးမီ က မြွေကြီးနှင့် တောင်ဆိတ် အပါအဝင် တောကောင်များစွာကို သတ်ဖြတ်ခဲ့သည့် သတင်းမှာ တောမီးကဲ့သို့ ပြန့်နှံ့သွားတော့သည်။

ထို့ကြောင့်ပင် လုပေါင်စိုးရိမ်သည့် အတိုင်း ဖြစ်လာတော့သည်။တစ်စုံတစ်ယောက်က တိုင်ကြားလိုက်သဖြင့် ရဲကားနှစ်စီး ရောက်ရှိလာသည်။ ခြံထဲက မြင်ကွင်းကို ကြည့်ပြီး ရဲများပင် အံ့အားသင့်သွားကြသည်။

“အဘိုး... ဒဏ်ရာတွေကို စစ်ဆေးပြီးပါပြီ။ တကယ်ပဲ အကိုက်ခံရလို့ သေတာပါ။ ဒါပေမဲ့ အမဲလိုက်ခွေး ဆိုရင်တောင်မှ...”

“ငါ့ကို ဥပဒေချိုးဖောက်တယ်လို့ မပြောနဲ့။ ငါက အသက်ကြီးပေမယ့် ဥပဒေမသိဘူးလို့ မထင်နဲ့။ ဒါ ငါ့အိမ်စောင့်ခွေးပဲ။ ဒီကောင်တွေ အိမ်ထဲဝင်လာရင် ခွေးက ကိုက်မှာပေါ့။ အရင်က မင်းတို့ပြောခဲ့တာတွေကို မှတ်မိသေးလား။ဘာပဲဖြစ်ဖြစ် ငါ ဥပဒေမချိုးဖောက်ဘူး။”

ရွာသူကြီး လုအားလင် ရောက်လာသည်။ သူသည် လုပေါင် ၏ တတိယမြောက် အဖိုးမိသားစုမှ ဦးလေးတော်စပ်သူဖြစ်သည်။

“အရာရှိကြီးတို့... ခင်ဗျားတို့ မြင်တဲ့အတိုင်းပါပဲ။ဒီခွေးက အိမ်ကို ကာကွယ်တာပါ။ခွေးမှာ ရာဇဝတ်မှု ကျူးလွန်နိုင်တဲ့ အရည်အချင်း မရှိပါဘူး။ အဖိုးကြီးတို့က ညသန်းခေါင် အိပ်နေတာ ဘယ်လိုလုပ် ခိုင်းစေနိုင်မှာလဲ။”

ရဲအရာရှိဟောင်းကတော့ သံသယရှိနေဆဲဖြစ်သည်။

“သူကြီးလာ... ဒါကို ပုံမှန်လို့ ထင်သလား။”

သူတို့ယူလာသော ရဲခွေးများပင် ဟေးမီ ကို မြင်သောအခါ ကြောက်ရွံ့ပြီး နောက်ဆုတ်နေကြသည်ကို တွေ့ရသဖြင့် အခြေအနေမှာ အမှန်တကယ်ပင် ထူးခြားနေတော့သည်။

အခန်း ၅၈ - အရှုံးမပေးသည့် ဟေးမီရဲစခန်းသို့ ခေါ်ဆောင်ခံရခြင်း။

“ဒီလောက် တောကောင်တွေ အများကြီး သေနေတာကို ဘယ်လိုလုပ် ပုံမှန်ဖြစ်နိုင်မှာလဲ။”

“ဒီနေရာက သဘာဝဘေးမဲ့တော မဟုတ်ဘူး။ဆင်းရဲတဲ့ တောင်ကြားရွာလေးပဲ။ဘာလို့ ငါတို့ကိုပဲ လာပတ်သက်နေကြတာလဲ။ရွာထဲဝင်လာတဲ့ အကောင်တွေကို ခွေးကကိုက်တာကို အခုတော့ ခင်ဗျားတို့က မကျေနပ်ပြန်ဘူး။ ပြီးခဲ့တဲ့တစ်ခေါက် တောဝက်တွေလာတုန်းက ငါတို့ပစ္စည်းတွေ အကုန်ဖျက်ဆီးတာကို ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရတယ်။ခင်ဗျားတို့ ဘာမှမလုပ်ပေးနိုင်ဘူးလေ။ငါတို့ကိုလည်း အဲဒီအကောင်တွေကို သတ်ခွင့် ရိုက်ခွင့်မပေးဘူး။တောခွေးတွေလာတုန်းကလည်း ခင်ဗျားတို့ ဂရုမစိုက်ဘူး။ ငါတို့ကို အသက်ရှင်ခွင့်ရော ပေးဦးမှာလာ။ဒီအကောင်တွေကိုပဲ ယူသွားလိုက်ကြစမ်းပါ။”

တာရှမ်းကျွဲ ရွာသည် အနီးအနားပတ်ဝန်းကျင်တွင် ကံဆိုးလွန်းသော ရွာအဖြစ် နာမည်ကြီးလေသည်။ ကြက်မွေးလျှင် တုပ်ကွေးမိသည်။ ဝက်မွေးလျှင် ဝက်နားရွက်ပြာရောဂါ ဖြစ်သည်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးခြံဆောက်လျှင် တောဝက်အုပ်နှင့် တိုးသည်။ ကြက်ဘဲမွေးလျှင် တောခွေးအုပ်နှင့် တွေ့သည်။ သူတို့ရွာကတော့ ကံအဆိုးဆုံးပင်ဖြစ်သည်။

ရွာသူကြီး လုအားလင် မှာလည်း အားကိုးရာမဲ့နေလေသည်။

ယခုအခါတွင် လုပိုင်ဟောက် သည်လည်း ရွာကို ချမ်းသာအောင်လုပ်ပေးမည့် အစီအစဉ်ကို လက်လျှော့လိုက်ပြီဖြစ်ကြောင်း အားလုံးက နားလည်ထားကြသည်။

“ဟုတ်တယ် ခင်ဗျားတို့က ငါတို့ကို သက်သက်နှိပ်စက်နေတာပဲ။”

“အဲဒါ အမှန်ပဲ ပြီးခဲ့တဲ့တစ်ခေါက် တောခွေးအုပ်နဲ့ တိုးတုန်းက တောခွေးတွေ ထွက်သွားမှ ခင်ဗျားတို့က ရောက်လာတာလေ။”

ရွာသားများကလည်း မကျေမနပ် ဖြစ်နေကြသည်။ သူတို့ ဘာကြောင့် နေ့တိုင်း အစောင့်အကြပ် ခံနေရသနည်း။သူတို့ကို အေးအေးဆေးဆေး နေခွင့်မပေးပေ။

“ဒါက ရိုးရိုးခွေး မဟုတ်ဘူးထင်တယ်ဝံပုလွေလား။”

ရဲခွေးအုပ်ကို ဦးဆောင်လာသည့် ရဲအရာရှိတစ်ဦးက ရုတ်တရက် ပြောလိုက်သည်။

“ဝု ဝု”

ဟေးမီက တစ်ချက်ဟောင်လိုက်ရာ ထိုရဲအရာရှိမှာ ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။ ဝံပုလွေတွေက ခွေးလို မဟောင်နိုင်ကြပေ။

ဘယ်လို ဖြေရှင်းကြမလဲ။

အားလုံး ခေါင်းခဲနေကြသည်။ဟေးမိ၏ မောက်မာသော ရုပ်အသွင်နှင့် သေဆုံးနေသော ဘေးမဲ့တိရစ္ဆာန်များကို ကြည့်နေသည်။ရဲများက ဓာတ်ပုံရိုက်ခြင်း၊ ပတ်ဝန်းကျင်ကို စစ်ဆေးခြင်းများ ပြုလုပ်နေကြသည်။ ထို့ပြင် အဖိုးအို၏ နှစ်လုံးပြူး အမဲလိုက်သေနတ်နှင့် ကျည်ဆန်အချို့ကိုလည်း သိမ်းဆည်းလိုက်ကြသည်။

“ယူချင်ရင် ယူသွားလိုက်။ မကြာသေးခင်က နောက်ဖေးတောင်ပေါ်မှာ ဝက်ဝံတစ်ကောင် ပေါ်လာတယ်။ ငါ့တို့ဆီမှာ တစ်ခုခုဖြစ်ရင် ခင်ဗျားတို့ တာဝန်ယူရမယ်။”

သေနတ်သိမ်းခံရခြင်းအပေါ်အဖိုးအိုက ဘာမှကန့်ကွက်ခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ အပ်နှံရမည့်အရာဖြစ်လေသည်။

“ရဲဘော်တို့... သေနတ်လည်း သိမ်းပြီးပြီ ဒီအမဲလိုက်... ဒီတိရစ္ဆာန်တွေကိုလည်း ခင်ဗျားတို့ ယူသွားလို့ရပါပြီ။ ခွေး ကိုက်တာကတော့ ရှောင်လွှဲလို့မရဘူးလေ။ ခင်ဗျားတို့က အဖိုးအိုနှစ်ယောက်ကို တာဝန်ယူခိုင်းလို့တော့ မဖြစ်ဘူးမလား။”

လုအားလင် က ကြားဝင်ဖြေကြားပေးရသည်။အကယ်၍ အဖိုးအိုနှစ်ဦးကို တာဝန်ယူခိုင်းမည်ဆိုလျှင် အမှန်တကယ်ပင် အကျိုးအကြောင်းဆီလျော် မည်မဟုတ်ပေ။

ခွေးက ကိုက်သတ်ခဲ့ခြင်း ဖြစ်သော်လည်း ဤကိစ္စက အလွန်ပင် ရှုပ်ထွေးလှသည်။ နောက်ဆုံးတွင် ဒဏ်ငွေအနည်းငယ် ဆောင်ခိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။ထို့ပြင် ဟေးမီကလည်း သူတို့ကို ခေါင်းရှုပ်စေခဲ့သည်။ အကယ်၍ ဤအကောင်က တောင်ပေါ်ပြန်တက်သွားလျှင် ဘာဆက်ဖြစ်မည်နည်း။ယခုခေတ်တွင် ဘေးမဲ့တိရစ္ဆာန်ကာကွယ်ရေးက အလွန်တင်းကျပ်ထားပေသည်။

“ငါ့မြေးလာတဲ့အခါ ပိုက်ဆံပေးမယ်။ ခွေးကိုတော့ ချည်ထားလိုက်ပါ့မယ်။”

ဒဏ်ငွေကမများသော်လည်း သတိပေးချက်တစ်ခု ဖြစ်နေသဖြင့် အဖိုးအိုလည်း ဒေါသထွက်နေသည်။သူသည် ခွေးသံကြိုးတစ်ချောင်းကို ရှာလာရာ ဟေးမီ မှာ ကြောက်လန့်တကြားဖြင့် ခြံထဲပတ်ပြေးပြီး အော်ဟောင်နေတော့သည်။

‘ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲ’

‘ငါက ငါ့သခင်လေးစားဖို့ တောင်ကောင်လေးတွေကို ဖမ်းလာပေးတာလေ ဘာလို့ ငါ့ကို ချည်ထားမှာလဲ။’

လူတစ်စု၏ အားထုတ်မှုဖြင့် အသစ်စက်စက် ခွေးချည်ကြိုးကြီးကို ဟေးမီ ၏ လည်ပင်းတွင် ခတ်လိုက်နိုင်သည်။ဟေးမီကတော့ ဟောင်ရင်း ခုန်ပေါက်နေတော့သည်။

“ဒီတစ်ခေါက်တော့ ဒီအတိုင်း လွှတ်ပေးလိုက်မယ် ဒါပေမဲ့ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့...”

“စိတ်ချပါ စိတ်ချပါ လုံးဝ ထပ်မဖြစ်စေရဘူး။ဒီခွေးကို ဒီမှာချည်ထားရင် ဘယ်သူမှ လာဖြုတ်မှာ မဟုတ်ပါဘူး။”

လုအားလင် က အလျင်အမြန်ပင် ဝင်ပြောလိုက်ရသည်။ချည်ထားရမည်ဆိုလျှင်လည်း ချည်ထားရုံသာ ရှိတော့သည်။

ဟေးမိ သည် သူတစ်ညလုံး အပင်ပန်းခံ၍ ဖမ်းထားသော သားကောင်များကို တစ်ကောင်ပြီး တစ်ကောင် သယ်သွားကြသည်ကို ကြည့်နေရသည်။စဉ်းစားလေလေ ပိုစိတ်တိုလေလေ ဖြစ်လာပြီး ရုတ်တရက် ဟိန်းဟောက်လိုက်ရာ ရဲခွေးနှစ်ကောင်မှာ ထိတ်လန့်တကြား အော်ဟစ်ကုန်ကြသည်။

“ဒီခွေး ဘာဖြစ်တာလဲ။”

ရဲတစ်စုမှာ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။စနစ်တကျလေ့ကျင့်ထားသော ရဲခွေးများက ဘာကြောင့် ဤမျှ ကြောက်လန့်နေကြသနည်း။

နောက်ထပ် မြင်ကွင်းကတော့ သူတို့ကို မျက်လုံးပြူးသွားစေသည်။

ဟေးမီက ခေါင်းကို ရုတ်တရက် တစ်ချက်ဆောင့်ချလိုက်ရာ အသစ်စက်စက် ခွေးချည်ကြိုးမှာ ပြတ်ထွက်သွားတော့သည်။ ဟေးမီ၏ ခြေသည်းများကလည်း လည်ပတ်ကို ကုတ်ဆွဲလိုက်ရာ လည်ပတ်မှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ၏ လှုပ်ရှားမှုများက သပ်ရပ်မြန်ဆန်လွန်းလှသည်။

“ဘုရားရေ...”

“ဒါက...”

အားလုံး ကြက်သီးထသွားကြတော့သည်။ အထူးသဖြင့် ဟေးမီက လှည့်ကြည့်လိုက်ပြီး တောင်ဆိတ်ကို ဆွဲသွားသော ရဲအရာရှိကို စူးစိုက်ကြည့်လိုက်သည့်အခါ ထိုရဲအရာရှိ၏ ဂုတ်ပိုးတွင် အမွေးအမှင်များ ထောင်ထသွားတော့သည်။

ထို့ကြောင့်ပင်... ဟေးမီတစ်ကောင်တော့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။

“ဘာတွေဖြစ်ကုန်တာလဲ။”

လာပေါင် ဖုန်းလက်ခံရရှိပြီးနောက် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။လွန်ခဲ့သော တစ်နာရီက ဟေးမီ အမဲလိုက်နိုင်ကြောင်း ကြားခဲ့ရပြီး နောက်တစ်နာရီအကြာတွင် ဟေးမီကို ရဲများ ဖမ်းသွားသည်တဲ့လား။

“အားပေါင်ရေ... အားရင် မြန်မြန်လာပါဦး။ မဟုတ်ရင် ဟေးမီ ကို သူတို့ သတ်ပစ်ကြမှာ စိုးလို့။”

အဖိုးအိုလည်းအတော်ကိုစိုးရိမ်နေသည်။လူအုပ်ကြီးက ဝိုင်းတားမထားလျှင် သူသည် ဓားဆွဲပြီး ရဲများနှင့် သွားတိုက်ခိုက်မိပေလိမ့်မည်။ဟေးမီသည် လူကို မတိုက်ခိုက်ရန် သင်ကြားခံထားရသဖြင့်သာ တော်တော့သည်။မဟုတ်လျှင် အခြေအနေမှာ အလွန်ကြောက်စရာ ကောင်းပေလိမ့်မည်။

“သိပြီ သိပြီ။”

လာပေါင် က အလျင်အမြန် ပြန်ပြောလိုက်သည်။

“အဖိုး စိတ်မပူနဲ့၊ ကျွန်တော် အခုပဲ လာခဲ့မယ်။”

သူ စိုးရိမ်နေသည်မှာ အချက်နှစ်ချက်ရှိသည်။တစ်ချက်မှာ ဟေးမီ တစ်ခုခုဖြစ်မှာကို ဖြစ်ပြီး နောက်တစ်ချက်မှာ ဟေးမီ က လူတွေကို အန္တရာယ်ပေးမှာကို ဖြစ်သည်။ဘယ်လိုပဲဖြစ်ဖြစ် အလွန်ဒုက္ခများပေလိမ့်မည်။

“အစ်ကို... ဘယ်သွားမလို့လဲ။”

မျက်နှာဝိုင်းလေးက လုပေါင်အထုတ်အပိုးပြင်နေသည်ကို မြင်ပြီး ပြေးလာပြီးမေးသည်။ဒါပေါင် ကလည်း လုပေါင် နောက်ကပ်ပါလာလေသည်။ သူ့အဓိပ္ပာယ်ကတော့ငါလည်း လိုက်မယ်ဆိုသည့် သဘောပင်။

“ငါ သင်တန်းသွားမလို့ လိုက်ခဲ့လေ။ နောက်မှ ငါ့အတွက် မှတ်စုကူရေးပေး မင်းလက်ရေးက လှသားပဲ။”

လုပေါင် က လှည့်မကြည့်ဘဲ ပြောလိုက်သည်။ ယမျက်နှာဝိုင်းလေး အခန်းထဲမှ မြန်မြန်ထွက်ပြေးသွားတော့သည်။

“ဒီကလေးမလေးကတော့။”

လုပေါင်သည်လွယ်အိတ်ကို လွယ်ပြီး အောက်ထပ်သို့ အမြန်ဆင်းလာခဲ့သည်။

ဟေးမီကို ရွှေကျဲခရိုင် ရဲခွေးလေ့ကျင့်ရေးစခန်းသို့ ပို့ဆောင်လိုက်ပြီး အထူးကြိုးဖြင့် ထပ်မံချည်နှောင်ထားသည်။

“ဝုတ် ဝုတ်”

ဟေးမီသည် ရဲကားပေါ်တွင် ထိုင်နေပြီး အောက်သို့မဆင်းပေ။ ရဲများက မည်သို့ပင် ဆွဲချသော်လည်း သူက မလှုပ်မယှက် နေမြဲဖြစ်နေသည်။

“ဒီခွေးက ဘာလဲ။ဘာလို့ ဒီလောက် ကြံ့ခိုင်နေတာလဲ။ကြည့်ရတာလည်း အဆင့်မြင့်ဆုံး တရုတ်အိမ်မွေးခွေးအမျိုးအစားနဲ့ တူတယ်။”

သတိပေးချက်ရရှိပြီးနောက် ရဲခွေးနည်းပြတစ်ဦး ရောက်လာသည်။ သူမသည် ဟေးမီကို မြင်သောအခါ အံ့သြသွားသည်။ သူမ တစ်သက်လုံး ခွေးများနှင့် ထိတွေ့လာခဲ့သော်လည်း ဟေးမီ ကဲ့သို့ ခွေးမျိုး တစ်ခါမှ မမြင်ဖူးချေ။ အပြစ်ပြောစရာမရှိလောက်အောင်ကြံ့ခိုင်သောခွေးကြီးဖြစ်သည်။

ခန္ဓာကိုယ် အရွယ်အစား၊ အမြီး၊ မျက်လုံး၊ နားရွက်၊ အမွေးအမှင်များ၏ ပြောင်လက်မှု၊ ခြေသည်းနှင့် သွားများ... အားလုံးက အလွန်ပင် ပြည့်စုံလွန်းလှသည်။

နည်းပြမှာ ရဲအရာရှိမလေး တစ်ဦးဖြစ်ပြီး သူမသည် ဟေးမီကို စွဲလန်းသွားပုံရသည်။

“နည်းပြ ယန်... သူ့နား သိပ်မကပ်နဲ့။ ဒီခွေးက နည်းနည်း ကြမ်းတယ်။ခွေးသံကြိုးအသစ်ကို တစ်ချက်တည်းနဲ့ ဖြတ်ပစ်ပြီး လည်ပတ်ကိုလည်း ခြေသည်းနဲ့ ကုတ်ဖြုတ်ပစ်ခဲ့တာ။ မနေ့ညက တောယုန် ၇ ကောင်၊ တောကြက် ၃ ကောင်၊ မြေခွေး ၁ ကောင်၊ တောင်ဆိတ် ၁ ကောင်၊ တောဝက်ကောင် ၁ ကောင်နဲ့ ၃ မီတာကျော်ရှည်တဲ့ မြွေကြီးတစ်ကောင်ကို သတ်ခဲ့တာ”

အကယ်၍ ဤခွေးက လူအပေါ် ရန်လိုမှု မပြခဲ့လျှင် သူတို့အနေဖြင့် မေ့ဆေးသေနတ် သို့မဟုတ် လျှပ်စစ်တုတ်ကို သုံးခဲ့ကြမည်မှာ သေချာသည်။

“ဟင်...”

နည်းပြယန် က ရဲများ၏ စိုးရိမ်နေသော မျက်နှာများကို ကြည့်ကာ နားမလည်နိုင်ဖြစ်သွားသည်။ ထို့နောက် သွေးများ ပေကျံနေသော ဟေးမီ ကို ကြည့်ပြီး

“ဒါတွေအားလုံး တစ်ညတည်းမှာလား။”

တောယုန်ဆိုသည်မှာ အိမ်မွေးခွေးတစ်ကောင် အလွယ်တကူ လိုက်ဖမ်းနိုင်သည့် အကောင်မျိုး မဟုတ်ပေ။ တောကြက်ကတော့ ချောင်းဖမ်းလျှင် ဖြစ်နိုင်သော်လည်း မြေခွေးကို ဘယ်လိုဖမ်းသနည်း။တောင်ဆိတ်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့။ ၃ မီတာကျော်ရှည်သော မြွေကြီးဆိုသည်မှာလည်း သေးသေးအဖွဲလေး မဟုတ်ပေ။

“သူ့ကို ရဲခွေးလုပ်ဖို့ ပို့လိုက်တာလား။”

အကယ်၍ ဒါက ရဲခွေးသာ ဖြစ်လာမည်ဆိုလျှင်...

“မဟုတ်ပါဘူး ခင်ဗျားတို့ဆီက ခွေးလှောင်အိမ်ကို ခဏငှားချင်လို့ပါ။သူ့ကို ကားပေါ်ကဆင်းအောင် လုပ်လို့ရမလား ကြည့်ပေးပါဦး။ကျွန်တော်တို့ ကင်းလှည့်ဖို့ သွားရဦးမှာမို့လို့ပါ။”

ဟေးမီ က ကားပေါ်ကမဆင်းသဖြင့် သူတို့ လောနေကြသည်။ အဓိကမှာဟေးမီက ရန်လိုမှု မပြဘဲ သူတို့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေခြင်းကြောင့် အင်အားသုံးရန်လည်း သနားနေကြခြင်း ဖြစ်သည်။

“ကျွန်မ စမ်းကြည့်ပါ့မယ်။”

ယန်လီက ကြိုးကို လှမ်းယူပြီး

“လာပါ... ဆင်းခဲ့နော်။ မမက စားစရာကောင်းကောင်း ကျွေးမယ် ဟုတ်ပြီလား။ အရသာရှိတဲ့ အစာတွေ အများကြီး ရှိတယ်နော်။”

လေသံအေးအေးဖြင့်ပြောလိုက်သည်။

“ဝု”

‘အဲဒါကိုပဲ စောစောက ပြောရောပေါ့။’

ဟေးမီ က အမြီးတယမ်းယမ်းဖြင့် ကားပေါ်မှ ချက်ချင်း ခုန်ဆင်းလာပြီး ယန်လီ ကို ပျော်ရွှင်စွာ ပွက်သက်နေတော့သည်။

‘သွားကြစို့ ငါ ဗိုက်ဆာနေပြီ။’

“…”

“…”

“ဒီလောက် လွယ်တာလား။”

ရဲအရာရှိများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့မှာ တစ်ချိန်လုံး အပင်ပန်းခံ ဆွဲနေရသည်မှာ အချည်းနှီးပါလား။

All Chapters