← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း ၅၉ - ရဲခွေးစခန်းကို ဒုက္ခပေးနေသော အိမ်မွေးခွေး

ဟေးမီကို ကြိုးဖြင့်ဆွဲလာရင်း ယန်လီသည် ဤခွေး မည်မျှသန်မာကြောင်း ခံစားမိသည်။ သူမ လက်လှမ်းထိလိုက်ချိန်တွင် သူ၏ ကြွက်သားများအတွင်း၌ ပေါက်ကွဲထွက်လုနီးပါး အားအင်များကို ရှင်းလင်းစွာ သိရှိနိုင်သည်။

‘ဒီခွေးက ဘာတွေစားပြီး ကြီးလာတာပါလိမ့်။’

ဤနေရာသည် ရဲခွေးအနည်းငယ်သာရှိသော စခန်းငယ်လေးတစ်ခုဖြစ်ပြီး Rottweilers နှင့် German Shepherds အမျိုးအစားများသာ ရှိသည်။

“ဝုတ် ဝု ဝု ဝု”

ရဲအရာရှိမလေးတစ်ဦးသည် German Shepherd တစ်ကောင်ကို လေ့ကျင့်ခန်းဆင်းပေးနေသည်။ယန်လီနှင့် ဟေးမီရောက်လာချိန်တွင် ထိုရဲခွေးမှာ လေ့ကျင့်ခန်းကို ချက်ချင်းရပ်လိုက်ပြီး ဟေးမီကို ရန်လိုစွာ ဟိန်းဟောက်တော့သည်။

ထိုရဲခွေးသည် သူ၏နည်းပြကို ကာကွယ်ရန် မမေ့ဘဲ သူမကို အနောက်သို့တင်းတွန်းထုတ်နေသည်။အန္တရာယ်ရှိနေသဖြင့် သူမကို အဝေးတွင်နေရန် သတိပေးနေခြင်းဖြစ်ကြောင်း နည်းပြမလေး ချက်ချင်းနားလည်လိုက်သည်။

“နက်ခ်... မင်း ဘာဖြစ်နေတာလဲ။”

နည်းပြမလေးက ချဉ်းကပ်လာသော ဟေးမီနှင့် သူမ၏ ရဲခွေးကို ကြည့်ကာ နားမလည်နိုင်ဖြစ်နေသည်။ ဘာကြောင့် သူ့ခွေးက ဒီလောက် ဂနာမငြိမ် ဖြစ်သွားရသနည်း။

ဟေးမီ က ရပ်လိုက်ပြီး ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။သူ၏ကိုယ်ပေါ်မှ သွေးညှီနံ့နှင့် ထူးခြားသော အရှိန်အဝါတို့မှာ အနံ့ခံအာရုံ ထက်မြက်လှသော ရဲခွေးများအတွက် အလွန်ပင် သိသာလွန်းနေသည်။

ဟေးမီ မှာ ဘာမှမလုပ်ဘဲ ငြိမ်နေသော်လည်း ရဲခွေးများမှာ ပို၍ပင် ထိတ်လန့်လာကြပြီး အဆက်မပြတ် ဟောင်ကြတော့သည်။

“ဝုတ် ဝုတ်”

“ဝု ဝု ဝု”

မကြာမီ ဟောင်သံများ စခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။ German Shepherds နှင့် Rottweilers ၁၀ ကောင်ကျော်မှာ သူတို့နည်းပြများ၏ တားဆီးမှုကို ဂရုမစိုက်တော့ဘဲ အရပ်မျက်နှာအသီးသီးမှ ပြေးထွက်လာကာ ဟေးမီ ကို ဝိုင်းထားကြတော့သည်။

“ဂျိုဂျို... ပြန်လာခဲ့။”

“ဟိုင်းချီ”

“ဘာတွေဖြစ်နေတာလဲ။နည်းပြ ယန် ခင်ဗျားမှာ ထူးထူးခြားခြား ပစ္စည်းတွေ ပါလာလို့လား။”

“ဒီခွေးကြောင့်လား။”

နည်းပြများမှာ အမျိုးသမီးအရာရှိများ ဖြစ်ကြသည်။ သူတို့က ရဲခွေးများကို လာရောက်တားဆီးသော်လည်း ခွေးများမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး ဟေးမီ ကို ဝိုင်းကာ အချိန်မရွေး ခုန်အုပ်တော့မည့်ပုံစံဖြင့် ဟိန်းဟောက်နေကြသည်။

ဟေးမီက မျက်လုံးပြူးကာ တစ်ကောင်ပြီးတစ်ကောင် လိုက်ကြည့်နေသည်။

‘မင်းတို့ကဘာလုပ်ချင်တာလဲ။ချချင်လို့လား။’

“ရဲခွေးတွေကို မြန်မြန်ပြန်ခေါ်ကြပါ။ ဒီခွေးကိုယ်ပေါ်က သွေးနံ့တွေကြောင့် ထင်တယ်။”

ယန်လီက ခန့်မှန်းမိလိုက်သည်။ သူမက ဟေးမီ၏ ခေါင်းကို ပုတ်ပေးရင်း

“မကြောက်နဲ့နော်... မကြောက်နဲ့။ သူတို့က လေ့ကျင့်ထားတဲ့ ခွေးတွေမို့လို့ပါ။”

ဟေးမီ ကိုယ်ပေါ်က သွေးတွေက ခြောက်နေပြီဖြစ်သော်လည်း အနံ့ကတော့ ပြင်းနေဆဲဖြစ်သည်။ဤအနံ့ကြောင့် ရဲခွေးများ ဂနာမငြိမ် ဖြစ်နေခြင်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း... ဒါက မဖြစ်နိုင်ဘူးမလား။

ယန်လီ က ဟေးမီ ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ဒီရဲခွေးတွေက ဒီခွေးကို ကြောက်နေကြတာမျိုးတော့ မဟုတ်တန်ရာ။ တောရိုင်းခြင်္သေ့ သို့မဟုတ် ကျားတစ်ကောင်နှင့် တွေ့လျှင်ပင် ဤရဲခွေးများ ဤမျှအထိ တုန်လှုပ်ချောက်ချားမည် မဟုတ်ပေ။

ရဲခွေးများက ရန်မူမည့် အရိပ်အယောင်ပြလာသဖြင့် ဟေးမီ လည်း စိတ်မရှည်တော့ပေ။ သူသည် သွားများကို ဖြဲလိုက်ပြီး အားပါသော အသံကြီးဖြင့် တစ်ချက် ဟိန်းဟောက်လိုက်တော့သည်။

“ဂီးးး”

“အီး... အီး”

“အု... အု...”

ဝိုင်းဟောင်နေသော ရဲခွေးအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။ အချို့မှာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြပြီး အချို့မှာမူ အမြီးကို ဖင်ကြားညှပ်ကာ အဝေးသို့ ထွက်ပြေးသွားကြတော့သည်။

နည်းပြများအားလုံး၏ အံ့သြနေသော အကြည့်များအောက်တွင် ဟေးမီ က ခေါင်းကို မော့ကာ ခြိမ်းခြောက်သည့် အသံဖြင့် ထပ်မံ ဟိန်းဟောက်လိုက်သည်။

“ဂါးးး”

ရဲခွေးများအားလုံးက သတိဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။

“ဘုရားရေ... ရဲခွေးတွေကို မြန်မြန်သွားချော့ကြဦး။ ငါ သူ့ကို ခေါ်သွားတော့မယ်။”

ယန်လီသည် ဒုက္ခရောက်ပြီဆိုတာ သိလိုက်သည်။ဤရဲခွေးများမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီဖြစ်သည်။ သူတို့ ပြန်လည်တည်ငြိမ်လာဖို့ ရက်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

ဘာကြောင့်လဲ။

ယန်လီ သည် ဟေးမီ ကို အမြန်ဆွဲထုတ်သွားတော့သည်။သူမ၏ လက်များမှာ အနည်းငယ် တုန်ယင်နေသည်။ သူမ ဘယ်လိုခွေးမျိုးကို ခေါ်လာမိသနည်း။ဘာလို့ ဒီလောက် ပြင်းထန်တဲ့ အရှိန်အဝါ ရှိနေရသနည်း။

“လိမ္မာတယ်နော်... မမက စားစရာကောင်းကောင်း ကျွေးမယ် ဟုတ်ပြီလား။”

“ဝု ဝု”

‘မြန်မြန်... မြန်မြန်လုပ်’

ဤနေရာတွင် ရဲခွေးများအတွက် အစားအစာများ အမြောက်အမြား ပြင်ဆင်ထားသည်။ရဲခွေးများသည် ရဲအရာရှိများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အရေးကြီးသော လုပ်ဖော်ကိုင်ဖက်များ ဖြစ်သဖြင့် သူတို့၏ ကျန်းမာရေးမှာ အလွန်အရေးကြီးသည်။ ဟေးမီသည် အစားအစာများကို မြင်သောအခါ အငန်းမရ စားတော့သည်။

ဝက်လက်များ၊ အသားစိမ်းများ၊ ဟင်းသီးဟင်းရွက်များ၊ ဟင်းရည်များ... အာဟာရပြည့်ဝသော ခွေးစာအမျိုးမျိုး...ဟေးမီ သည် အမြီးကို ကောင်းကင်သို့ ထိုးထွက်လုမတတ် ပျော်ရွှင်စွာ ယမ်းခါနေသည်။

“ဖြည်းဖြည်းစား... ဖြည်းဖြည်းစား။ အများကြီး ရှိပါသေးတယ်။”

ယန်လီ သည် ဟေးမီ ၏ စားသောက်နိုင်စွမ်းကိုကြည့်ပြီး လန့်သွားသည်။ပန်းကန်များကိုပါ ဝါးစားတော့မည့်ပုံပင်။ရဲခွေးတစ်ကောင်စာ ပုံမှန်ပမာဏကို ဆယ်စက္ကန့်အတွင်း အပြတ်ရှင်းလိုက်သည်။

တစ်ပန်းကန်ပြီး တစ်ပန်းကန်...

“ဝု”

‘မြန်မြန် ထပ်ယူခဲ့’

“မင်း... မင်း ဖြည်းဖြည်းစားပါဦး...”

ဆယ်မိနစ်အကြာတွင် ယန်လီ သည် ဟေးမီ ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကို ငေးကြည့်ရင်း မှင်သက်နေမိသည်။

‘ဒီခွေးဘယ်လိုတောင်စားလိုက်တာလဲ။’

ရဲခွေး၁၀ ကောင်စာလောက်ကို သူတစ်ကောင်တည်း ကုန်အောင် စားလိုက်ခြင်းဖြစ်သည်။

“နည်းပြ... ဒီကောင်က ဘယ်ကရောက်လာတာလဲ သူ့ကို ပြန်လွှတ်လိုက်ပါတော့... ကျွန်တော်တို့ အစာကျွေးဖို့ မတတ်နိုင်တော့ဘူး...”

တစ်နပ်တည်းနဲ့တင် ဒီလောက်ကုန်တာ။ဝက်လက်တွေကို ခုတ်ပေးရတာတောင် သူစားတာကို မမှီပေ။ နောက်ဆုံးတွင် သူက ခွေးစာအိတ်ထဲ ခေါင်းအတင်းထိုးထည့်ပြီး အားရပါးရ စားနေတော့သည်။

လာပေါင် သည် ဟေးမီ ကို ရှာရန် အလောတကြီး မောင်းနှင်လာခဲ့သည်။အရင်ကပုံစံတိုင်းဆိုလျှင် သူ စိုးရိမ်မည် မဟုတ်သော်လည်း မျိုးဗီဇပြောင်းလဲပြီးနောက်ပိုင်း က လူကို တိုက်ခိုက်မည်လား သူ မသိနိုင်ပေ။အကယ်၍ လူကို အန္တရာယ်ပြုမိလျှင် ရဲစခန်း၌ အသတ်ခံရနိုင်သည်အထိ ပြဿနာကြီးသွားနိုင်သည်။

“မင်္ဂလာပါ အရာရှိ... ကျွန်တော့်ခွေးကို ခင်ဗျားတို့ ဒီကို ခေါ်လာတယ်လို့ ကြားလို့ပါ။ ခွေးနက်လေးပါဗျ”

ရဲခွေးစခန်းသို့ရောက်သောအခါလုပေါင် က အထဲသို့ အမြန်ဝင်မေးလိုက်သည်။

“အဲဒီ ခွေးနက်လား။”

“ဒီမနက် တောကောင်တွေ အများကြီး ကိုက်သတ်ခဲ့တဲ့ ခွေးလား။”

“မင်းက သူ့သခင်လား။”

လုပေါင် စကားပြောလိုက်သည်နှင့် အရာရှိများအားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်လာသည်။

‘တစ်ခုခု ဖြစ်သွားပြီလား။’

လုပေါင် ၏ ရင်ခုန်သံ မြန်လာသည်။

“ဟုတ်ကဲ့... သူ တစ်ခုခု ပြဿနာရှာလို့လား။”

“လာ... ငါ လိုက်ပို့ပေးမယ်။မင်းကဘာလို့ ဒီလောက် ကြာနေတာလဲ။”

ရဲအရာရှိကြီးတစ်ဦးကထရပ်ကာ လုပေါင်ကို လိုက်ခဲ့ရန် အချက်ပြသည်။

“ကျွန်တော် မြို့ကနေ အမြန်ပြန်လာခဲ့တာပါ...”

လုပေါင် စိတ်ထဲတွင် ထူးဆန်းနေသည်။

‘ဒီအရာရှိကြီးကဘာလို့ ဒီလောက် စိတ်လောနေရတာလဲ။’

“လူငယ်လေး... အဲဒီခွေးက ဘာအမျိုးအစားလဲ။”

အရာရှိတစ်ဦးကဘေးမှ လှမ်းမေးလေသည်။

“ရိုးရိုး အိမ်မွေးခွေးပါပဲ...”

အားလုံးကစိုက်ကြည့်နေသဖြင့် လုပေါင်သည် အပြစ်ရှိသလို ခံစားနေရသည်။ ဟေးမီတစ်ခုခု ပြဿနာရှာခဲ့ပြီဆိုတာ သေချာသည်။

‘ဟင်းဟင်း အိမ်ပြန်ရောက်မှတွေ့မယ်။’

လုပေါင် သည် ရဲအရာရှိကြီးနောက်သို့ လိုက်ပါသွားတော့သည်။

“အရာရှိ... ကျွန်တော့်ခွေး ဒီမှာ ပြဿနာရှာသေးလို့လား။”

စခန်းရောက်သွားသောအခါ ဟေးမီ ကို မတွေ့ရသဖြင့် လုပေါင် စိုးရိမ်တကြီး မေးလိုက်မိသည်။

“အဲဒီလိုလည်း ပြောလို့ရတယ်။ မင်းခွေးက တော်တော်လေးကို ထူးခြားတယ်။ စစ်တပ်ကတောင် သတင်းရလို့ လာကြည့်တော့မယ်တဲ့။သူစားတဲ့ ပမာဏကို ထားလိုက်ဦး ငါတို့ ရဲခွေးစခန်းတစ်ခုလုံးကို ကမောက်ကမ ဖြစ်အောင် လုပ်သွားတာ။ မင်းသာ ရောက်မလာရင် ငါတို့ကိုယ်တိုင်ပဲ ပြန်လိုက်ပို့မှရတော့မယ်။”

အရာရှိကြီးက ဆက်ပြောသည်။

“ပြီးတော့ ငါတို့ဆီက ရဲခွေး ၁၃ ကောင်က အခု စိတ်ပိုင်းဆိုင်ရာ ကုသမှု ခံယူနေရတယ်။ နောက်နောင် သူတို့အပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲတောင် မသိရသေးဘူး။”

“…”

‘ဘုရားရေ’

လာပေါင် ခေါင်းတစ်ခုလုံး ချာလည်လည်သွားသည်။သူက အားနာစွာဖြင့်

“တကယ် တောင်းပန်ပါတယ်ခင်ဗျာ။ ဆုံးရှုံးမှုတွေအတွက် ကျွန်တော် ပေးလျော်ပါ့မယ်...”

“မလိုပါဘူး။ဒဏ်ငွေပဲ ဆောင်လိုက်ပါ။ငါတို့က ခေါ်လာတာဆိုတော့ ဆုံးရှုံးမှုတွေကို ငါတို့ပဲ တာဝန်ယူပါ့မယ်။ဒါပေမဲ့ ဒီခွေးကိုတော့ လွတ်လွတ်လပ်လပ် မထားပါနဲ့တော့။ ဒါပေမဲ့လည်း... ကြည့်ရတာ ဒီကောင်ကို ချည်ထားလို့ရော ပိတ်လှောင်ထားလို့ရော ရမယ့်ပုံ မပေါ်ပါဘူးလေ။”

အရာရှိကြီးမှာပြောရင်းနှင့်ပင် စိတ်ရှုပ်ထွေးနေပုံရတော့သည်။

အခန်း ၆၀ - ဒါပေါင်၏ အနံခံအာရုံ ဆင့်ကဲပြောင်းလဲခြင်း။

အကယ်၍ ဤခွေးကို လွှတ်ထားမည်ဆိုလျှင် သူ၏ အမဲလိုက်စိတ်နှင့် နောက်နောင် တောင်ပေါ်တွင် တောရိုင်းတိရစ္ဆာန်များ ကျန်ပါဦးမည်လော။သို့သော်လည်း သူ့ကို ချည်ထား၍လည်းမရ ပိတ်လှောင်ထား၍လည်း မရပေ။

လုပေါင် အနောက်မှလိုက်သွားပြီး ဟေးမီကို တွေ့လိုက်ရချိန်တွင် ရဲအရာရှိကြီး ပြောလိုသည့်အဓိပ္ပာယ်ကို သူ နားလည်သွားတော့သည်။သံလှောင်အိမ်မှာ တွန့်လိမ်ပျက်စီးနေပြီး ကြိုးများစွာ ပြတ်တောက်နေကာ တံခါးမှာလည်း ရိုက်ခွဲခံထားရသည်။ ယခုအချိန်တွင် ဟေးမီ သည် မြက်ခင်းပြင်ပေါ်၌ အေးအေးလူလူ လမ်းလျှောက်နေပြီး အမျိုးသမီး ရဲခွေး နည်းပြအချို့က သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။

“ဝု ဝု”

ဟေးမီက ရုတ်တရက် ခေါင်းလှည့်ကြည့်ရာ လုပေါင်ကို မြင်သည်နှင့် အမြီးတယမ်းယမ်းဖြင့် ပြေးထွက်လာတော့သည်။

“သတိထားးး”

“လမ်းဖယ်ကြ လမ်းဖယ်ကြ”

ရဲအရာရှိမလေးများမှာ ထိတ်လန့်တကြား အော်ဟစ်ကြတော့သည်။ခွေးနက်က လူကို ကိုက်တတ်၍ မဟုတ်ဘဲ ဤခွေး၏ တိုက်ခိုက်မှုအရှိန်မှာ မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ တွေ့ကြုံခဲ့ရပြီးပြီ ဖြစ်သောကြောင့်ပင်။ ထိုအရှိန်နှင့်သာ လူကို တိုက်မိလျှင် တန်းစီပြီး ဆေးရုံတက်ရပေလိမ့်မည်။

“ဖယ်ကြစမ်းးး”

အရာရှိကြီးက အော်ပြောလိုက်သော်လည်း သူ၏ မျက်စိရှေ့တွင် အရိပ်မည်းတစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ နောက်ထပ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ မှင်တက်သွားပြီး ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင် ဖြစ်သွားတော့သည်။

လုပေါင် က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အသာအယာပင် ခွေး၏ ဂုတ်ကို လှမ်းဆွဲကာ လေထဲတွင် တွဲလောင်း ကိုင်ထားလိုက်ခြင်းပင်။

“ဝု...”

‘သခင်လေး... ဘာလုပ်တာလဲ။ကျွန်တော့်ကို လွှတ်ပါဦး’

ဟေးမီ ကတော့ သူ၏ တောက်ပသော မျက်လုံးလေးများကို ကလည်ကလည် လုပ်ကာ အမြီးကို ပျော်ရွှင်စွာ ယမ်းနေတော့သည်။

“မင်း ဘာတွေစားထားတာလဲ။”

လုပေါင် က ခွေး၏ ပုံမှန်ထက် ပိုဖောင်းနေသော ဝမ်းဗိုက်ကို ကြည့်ပြီး မေးလိုက်သည်။ ဘယ်လောက်တောင် စားထားမှန်းမသိသော်လည်း အတော်လေးလည်း လေးနေသည်။ကိုယ်လုံးကလည်း သန့်ရှင်းနေသည်မှာ တစ်ယောက်ယောက်က ရေချိုးပေးထားပုံရသည်။

ယန်လီ တို့မှာတော့ အံ့သြနေကြသည်။ ဤခွေး မည်မျှ လေးကြောင်း သူတို့ သိကြသည်။ပြီးခဲ့သည့် နှစ်နာရီအတွင်း ဤခွေးက သူတို့ကို စိတ်ပန်းလူပန်း ဖြစ်အောင် လုပ်ခဲ့သေးသည်။ရဲခွေးလေ့ကျင့်ခန်းများ အားလုံးကို ခဏရပ်နားထားရပြီး နည်းပြများမှာလည်း ဤခွေးကို ဝိုင်းကြည့်နေခဲ့ရသည်။ ထိုမျှမက သူတို့စခန်းမှာလည်း ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။

မယုံနိုင်စရာ အကောင်းဆုံးမှာ ဤမျှ ရန်လိုပြီး သန်မာလှသော ခွေးကြီးက လုပေါင် ရှေ့တွင်တော့ ကြောင်လေးတစ်ကောင်ကဲ့သို့ ယဉ်ပါးနေခြင်းပင်။မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်ချိန်တွင်လည်း ချစ်စဖွယ် ခွေးကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ရိုက်နှက်ခြင်း ခံရလျှင်ပင် အမြီးယမ်းခြင်းကို မရပ်ပေ။

ဒဏ်ငွေဆောင်ပြီး လုပ်ထုံးလုပ်နည်းများ အပြီးသတ်လိုက်သည်။အရာရှိကြီးက ခေါင်းခဲစွာဖြင့် လုပေါင်ကို ဤခွေးအား သေသေချာချာ စောင့်ကြည့်ရန် တဖွဖွ မှာကြားနေတော့သည်။ဤခွေးက ထူးဆန်းလွန်းလှသဖြင့် တစ်ခုခုဖြစ်လျှင် အလွန်ဒုက္ခများပေလိမ့်မည်။

“အားလုံး အဆင်သင့်ပြင်ကြ ချင်းကျန်း မြို့ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲနားမှာ အလွန်ပြင်းထန်တဲ့ ဗုံးတစ်လုံးကို ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားတစ်ယောက် ရှိနေတယ်လို့ သတင်းရတယ်။အခြေအနေက အလွန်စိုးရိမ်ရတယ်ကျွန်တော်တို့ကို အမြန်ဆုံး လာခဲ့ဖို့ ပြောတယ်။”

လုပေါင် က Black Rice ကို ခေါ်ပြီး ထွက်ခွာခါနီးအချိန်တွင် ရဲအရာရှိတစ်ဦး အပြေးအလွှား ရောက်လာပြီး သတင်းပို့လိုက်ခြင်းဖြစ်သည်။

“သွားပြင်ကြတော့ ၅ မိနစ်အတွင်း ထွက်မယ်။”

“ဟုတ်ကဲ့”

‘ချင်းကျန်းပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲစခန်းလား။’

လုပေါင် နောက်လှည့်ကြည့်လိုက်သည်။ထိုစခန်းသည် မြို့လယ်ခေါင်၏ အစည်ကားဆုံးနေရာတွင် ရှိပြီး သူ၏ မိဘများ ကုမ္ပဏီနှင့်လည်း အလွန်နီးကပ်သည်။ သူ့အဖေနှင့် အမေ ကုမ္ပဏီမှာ ရှိနေကြသည်လော။

“သွားကြစို့ ဟေးမီ မြန်မြန်တတ်။”

“ဝု ဝု”

ကားပေါ်ပြန်ရောက်သောအခါ စောင့်နေသော ဒါပေါင် က ဟေးမီ နှင့် ချက်ချင်းပင် ဆော့ကစားတော့သည်။နှင်းလုံးလေး ကလည်း လုပေါင် ၏ ပုခုံးပေါ် ပျံတက်လာပြီး စောင့်ခိုင်းထားသည့်အတွက် မကျေမနပ်ဖြစ်ကာ တကျိကျိနှင့် ဆိတ်နေတော့သည်။ကားစထွက်သည်နှင့် ဤကောင်လေးမှာ ကားမူးသည့် ဝေဒနာကို ချက်ချင်း ခံစားရပြန်သည်။

“အမေ... ကျွန်တော်ပါ အမေတို့ ကုမ္ပဏီမှာလား။”

လုပေါင် က သူ၏အမေ ဖုန်းဆက်မေးလိုက်သည်။

“အခုပဲ ထွက်လာကြတာ။ ဘာဖြစ်လို့လဲတော့ မသိဘူး ရဲတွေ အများကြီး ရောက်လာပြီး လူတွေကို ဖယ်ရှားနေကြတယ်။ တစ်ခုခုတော့ အကြီးအကျယ် ဖြစ်နေပုံရတယ်။ မင်း ဒီဘက်ကို မလာနဲ့ဦးနော်။”

ဖုန်းထဲမှ လူအုပ်ကြီးကို လူစုခွဲနေသည့် ဆူညံသံများကို ကြားနေရသည်။

“မြန်မြန် ဝေးဝေးကို သွားလိုက်ပါ။ အပြည်ပြည်ဆိုင်ရာ ပြပွဲစခန်းမှာ အားပြင်းဗုံးကိုင်ထားတဲ့ အကြမ်းဖက်သမားတစ်ယောက် ရှိနေတယ်လို့ ကျွန်တော် သိလိုက်ရတယ်။ အမေတို့ အခုချက်ချင်း ထွက်သွားကြပါ။”

ဒီလောက်အကွာအဝေးကနေ လူတွေကို ဖယ်ရှားနေရတယ်ဆိုရင်တော့ အခြေအနေက တကယ်ကို စိုးရိမ်ရပုံပင်။

“ဗုံးလား...မင်း ဘယ်လိုသိတာလဲ။”

အခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီးနောက် လာပေါင် ဖုန်းချလိုက်သည်။ရဲများက လူစုခွဲနေသဖြင့် ပြဿနာမရှိနိုင်ပေ။ သို့သော် သူတို့ ဗုံးကို ရှာတွေ့နိုင်ပါ့မလား။

အကယ်၍ လွယ်လွယ်ကူကူ ရှာတွေ့နိုင်လျှင် ယခုကဲ့သို့ လူအုပ်ကြီးကို ဖယ်ရှားနေမည် မဟုတ်ပေ။ဗုံးကဘယ်လောက်တောင် အားပြင်းနေသည်ကိုမသိနိုင်ပေ။ရှာမတွေ့ခဲ့လျှင် ရဲအရာရှိတွေပါ အသက်စွန့်ရနိုင်သည့်အခြေအနေတွင်ရှိသည်။ပြပွဲစခန်းသာ တကယ် ပေါက်ကွဲသွားလျှင် ပြည်သူများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

“ဝု...”

ဟေးမီက ဒါပေါင် ကို ဟောင်လိုက်လေသည်။

‘မင်းကအရင်နဲ့ မတူတော့သလိုပဲ။’

ဒါပေါင် က နှာချေလိုက်ပြီး အမြီးကို ပျော်ရွှင်စွာ ယမ်းပြသည်။

“ဒါပေါင်... မင်းရဲ့ အနံ့ခံအာရုံတွေ ပြောင်းလဲသွားတာလား။”

ကားမောင်းနေသော လုပေါင် တစ်ခုခုကို သတိရသွားသည်။ဒါပေါင် ၏ ပြောင်းလဲမှုက သိပ်မသိသာသော်လည်း မနက်ကတည်းက သူ မကြာခဏ နှာချေနေခဲ့သည်။ ကားထဲဝင်လာချိန်တွင် ရေမွှေးနံ့ အနည်းငယ်ကိုပင် သူ အကြာကြီး နှာချေနေခဲ့သည်။

ဒါပေါင် ၏ အနံ့ခံအာရုံမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း ဖြစ်နိုင်မည်လား။

လုပေါင် နောက်လှည့်ကြည့်လိုက်မိသည်။

“ဝု ဝု”

ဒါပေါင် က စိတ်အားထက်သန်စွာဖြင့် ခေါင်းတိုးလာသော်လည်း ချက်ချင်းပင် ထပ်ပြီး နှာချေပြန်သည်။

သူ နေမကောင်းတာတော့ မဟုတ်တန်ရာ။လုပေါင်သည် စမ်းသပ်ရန်အတွက် ကားထဲတွင်ရေမွှေးကို အနည်းငယ် ဖြန်းလိုက်သည်။ ထိုအခါ ဒါပေါင်မှာ မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တသီတတန်းကြီး နှာချေတော့သည်။

နောက်ဆုံးတွင်သူ၏နှာခေါင်းကို ဟေးမီ၏ ကိုယ်လုံးနှင့် ဖိကပ်ထားပြီးမှ သက်သာသွားပုံရသည်။

“ဘုရားရေ...”

‘တကယ်ပဲ ဖြစ်နေတာပဲ။’

ခွေး၏ အနံ့ခံအာရုံသည် လူသားထက် ၁၂၀၀ ဆ ရှိသည်။ဒါပေါင်၏ မျိုးဗီဇပြောင်းလဲမှုမှာ အနံ့ခံအာရုံတင်မကဘဲ အကြားအာရုံနှင့် အမြင်အာရုံများပါ ပါဝင်ပုံရသည်။သူ၏ နားရွက်များမှာလည်း မနက်ကတည်းက ကပ်နေသည်မှာ အသံများကို ပိတ်ထားရန် ကြိုးစားနေသည့်ပုံပင်။

မျက်နှာဝိုင်းလေးဆီက ဖုန်းဝင်လာသည်။ ရဲတွေ အများကြီး ရောက်နေပြီး တစ်ခုခု ထူးခြားနေသဖြင့် သတိထားရန် လှမ်းပြောခြင်း ဖြစ်သည်။ဒီကလေးမလေးက သူ့အပေါ် စေတနာသိပ်မရှိလှသော်လည်း ဤကဲ့သို့ အခြေအနေမျိုးတွင်တော့ စိုးရိမ်ပေးရှာသည်။

အတန်းထဲက Group Chat တွင်လည်း ဤအကြောင်းကို ပြောနေကြသည်။အချို့လူများမှာ မြို့ထဲမှပင် ထွက်ခွာသွားကြပြီ ဖြစ်သည်။ ရဲကားများ လက်နက်ကိုင်ရဲများနှင့် စုံထောက်များမှာလည်း အင်တိုက်အားတိုက် လှုပ်ရှားနေကြသည်။ လူနာတင်ကားနှင့် မီးသတ်ကားများပါ အသင့်ပြင်ထားသည်မှာ ထိန့်လန့်စရာ မြင်ကွင်းပင်ဖြစ်သည်။

“မီးပုရွက်ဆိတ်နီစစ်တပ်...”

လုပေါင်၏ ခေါင်းထဲသို့ အတွေးတစ်ခု ဖြတ်ခနဲ ဝင်လာသည်။ အကယ်၍ သူ၏ ပုရွက်ဆိတ်တပ်သားများကို ဗုံးရှာခိုင်းမည်ဆိုလျှင် ပိုပြီး မလွယ်ကူပေဘူးလား။ဤသို့တွေးမိသည်နှင့် သူသည် ကားကို အရှိန်မြှင့်ကာ ရွာသို့ ဦးတည်မောင်းနှင်လိုက်တော့သည်။

ချင်းကျန်းမြို့၏ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲစခန်းသည် မြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုသည်။မကြာသေးမီ နှစ်များအတွင်း နိုင်ငံအသီးသီးမှ ခေတ်မီဆန်းသစ်သော ကုန်ပစ္စည်းများ၊ ဝိုင်များ၊ အထည်အလိပ်များ၊ ဇိမ်ခံကားများ၊ ရတနာများနှင့် ရွှေငွေများမှာ ဤနေရာသို့ စုပြုံရောက်ရှိလာကြသည်။

ပြပွဲစခန်းသည်ဧရိယာ ရှစ်ခုရှိပြီး စတုရန်းမီတာ တစ်သိန်းနီးပါး ကျယ်ဝန်းသည်။ အကယ်၍ ဤနေရာ ပေါက်ကွဲသွားလျှင် မြို့၏ စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်ပေလိမ့်မည်။

ယခုရက်ပိုင်းတွင် ကမ္ဘာ့ရတနာပြပွဲကို ကျင်းပနေခြင်းဖြစ်ပြီး အဖိုးတန် ရတနာများစွာ ရှိနေသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ပစ္စည်းများကို ဖယ်ရှားရန်မှာလည်း အလွန်ပင် ခက်ခဲပေလိမ့်မည်။

ကုန်စည်ပြပွဲစခန်းရှိ အခြေအနေမှာ လုပေါင်ထင်ထားသည်ထက် ပို၍ ဆိုးရွားနေသည်။ ဓားစာခံ တစ်ရာကျော်နှင့် အကြမ်းဖက်သမား နှစ်ဆယ်ကျော် ရှိနေသည်။ ဗုံးရှာရရုံတင်မကဘဲ အခြေအနေမှာ အလွန်ရှုပ်ထွေးနေတော့သည်။လုံခြုံရေးဝန်ထမ်းအချို့နှင့် ဓားစာခံအချို့မှာ သွေးအိုင်ထဲတွင် လဲကျနေကြပြီ ဖြစ်သည်။

“မင်းတို့မှာ အချိန် တစ်နာရီပဲ ကျန်တော့တယ်။ငါတို့ တောင်းဆိုချက်တွေကို မလိုက်လျောရင် ဒီလူတွေ တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး။ဒီမှာရှိတဲ့ ရွှေငွေရတနာတွေ အားလုံးလည်း ငါတို့နဲ့အတူ ပြာဖြစ်သွားလိမ့်မယ်... ဟားဟားဟားဟား”

ထိုရယ်သံမှာ နားမခံသာအောင် စူးရှလှသည်။

အကြမ်းဖက်သမားအားလုံးမှာ မျက်နှာဖုံးများ တပ်ဆင်ထားကြသည်။သူတို့ကို ကြည့်လိုက်ရုံနှင့်ပင် ကြက်သီးထဖွယ် ကောင်းလှသည်။သူတို့သည် ဓားစာခံများကို ဖမ်းဆီးထားပြီး ရဲများနှင့် ရင်ဆိုင်နေရသည်မှာ နှစ်နာရီကြာပြီ ဖြစ်သည်။

“မင်းတို့ အလိုရှိတဲ့လူကို လွှတ်ပေးဖို့ အနည်းဆုံး အချိန်နှစ်နာရီလောက် ထပ်လိုသေးတယ်။ထောင်ကနေ ဒီကိုထွက်လာဖို့က အရမ်းဝေးလွန်းတယ်...”

“ဗုံးတွေအားလုံးကို အချိန်သတ်မှတ်ပြီးပြီ။ မင်းတို့မှာ ညှိနှိုင်းဖို့ အခွင့်အရေး မရှိတော့ဘူး။ အချိန်ပြည့်တာနဲ့ အားလုံး... ဒုန်းးဆိုပြီး ပျောက်ကွယ်သွားလိမ့်မယ်... ဟားဟားဟားဟား”

ထိုရယ်သံမှာ ရူးသွပ်မှု အပြည့်ပင် ဖြစ်တော့သည်။

All Chapters