← Chapters

စန့်ချင်တာအိုဆရာသခင်

Vol. 7 Ch. 669

စန့်ချင်တာအိုဆရာသခင်

Vol. 7 Ch. 669

ကွေလိသည် ယွမ်ကျွင်းဧကရီကို စကားပြန်မပြောပါ။

ဆန်းလျန်သည် မကြာခင်အချိန်တွင် ပျောက်ကွယ်သွားရတော့မည် ဖြစ်လေသည်။ သို့သော်… သူမသည် ဆန်းလျန် ထံမှအကြည့်မလွှဲရက်ပေ။ ဆန်းလျန်ရှိရာသို့သာ ငေးကြည့်နေခဲ့မိလေသည်။

ဒြပ်စင် (၄)မျိုးသည် သူတို့၏ နောက်ဆုံးအချိန်သို့ရောက်ရှိနေပြီး ဆန်းလျန်၏ စိတ်ဝိညာဉ်အစစ်အမှန်ကို နောက်ဆုံး အနေဖြင့် အရှိန်အဟုန်ပြင်းထန်စွာ အကြမ်းဖက်တိုက်ခိုက်ဖျက်စီးနေလေသည်။

ဆန်းလျန်သည် ရက်စက်လွန်းစွာဖြင့် နှိပ်စက်သည့်ဒဏ်ကို နာကျင်စွာ ခံစားနေရလေသည်။ အဆုံးသတ်တွင်တော့ သူသည် လောကတွင် သဲလွန်စပင်မကျန်အောင် ပျောက်ကွယ်သွားရမည်ဖြစ်လေသည်။

သူ့တွင် ရွေးခြယ်စရာမရှိ…။

သူ့တွင် လွတ်လမ်းမရှိ…။

သူတတ်နိုင်သည်မှာ သည်းခံနေရန်သာ ဖြစ်လေသည်။

သူခံနိုင်သည့်အနေအထားကိုကျော်လွန်သည်အထိ သူ ကြိုးစားပြီး တောင့်ခံခဲ့လေသည်။ စန့်ချင်တာအိုဆရာသခင် ၏ပုံရိပ်မှာတော့ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး ဆန်းလျန်နှင့်ပိုပြီး တူလာလေသည်။

နောက်ပိုင်းတွင်တော့…. ဆန်းလျန်သည် သူ၏မှတ်ဉာဏ်များ ၊ အမှတ်တရအဖြစ်အပျက်များအားလုံးကို တဖြည်းဖြည်းမေ့လျော့စပြုလာလေတော့သည်။ အတိတ်မှ ဖြစ်ပျက်ခဲ့သမျှသော အတိတ်ဖြစ်ရပ်များသည် သူ့ထံမှ ကွာကျကုန်ကျပြီး စန့်ချင်တာအိုဆရာသခင်၏ ပုံရိပ်ဖြင့် တဖြည်းဖြည်းပေါင်းစပ်သွားကြလေသည်။

ဆန်းလျန်၏ အသိတရားများသည် ကြက်သွန်နီမှ အလွှာများကွာကျသကဲ့သို့ တစ်လွှာပြီတစ်လွှာ ကွာကျနေလေ သည်။

ခေတ်ပေါ်ကမ္ဘာတွင်နေထိုင်ခဲ့သည့် ဒေါက်တာလီဖုန်း…။

ချင်းရှဝတ်ကျောင်းတော်မှ လူငယ်လေး ဆန်းလျန်…။

ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဆန်းလျန်…။

အသူရာချောက်မှ တာ့ကျိုးပြည်၏ ဧကရာဇ်မင်း ဆန်းလျန်…။

အတိတ်မှထိုအကြောင်းအရာများအားလုံးသည် အလွှာလိုက်အဖယ်ခံလိုက်ရသလို ပျောက်ကွယ်သွားနေလေသည်။ သူ၏မှတ်ဉာဏ်ထဲတွင် မည်သည့်အရာမှ ကျန်ရှိခြင်း မရှိတော့ပေ။

မှတ်ဉာဏ်များ ၊ အမှတ်တရများသာ မကျန်ရှိတော့လျှင် … သူ့ကို "ဆန်းလျန်" ဖြစ်ပါသည်ဟု မည်သည့်အရာက အတည်ပြုပေးနိုင်ပါဦးမည်နည်း…။

ဆန်းလျန်ကိုယ်တိုင်လည်း ထိုမေးခွန်းအတွက် အဖြေမရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်သူ ဆန်းလျန် ဖြစ်သည်ဆိုသည့်အချက်ကို လျှင်မြန်စွာ မေ့ပျောက်နေပြီ ဖြစ်သောကြောင့်ပင်။

ကြက်သွန်နီမှ အလွှာများအားလုံးကို တစ်လွှာချင်းခွာလိုက်သည့်အခါ ကြက်သွန်နီတွင် မည်သည့်အရာ ကျန်ရစ်ခဲ့ပါဦးမည်နည်း။

ထိုအခြေအနေသို့ရောက်လျှင်တော့ ဆန်းလျန်သည် လုံး၀ ပျောက်ကွယ်သွားရတော့မည် ဖြစ်လေသည်။

အဆုံးသတ်ကို မလွဲဧကန် ရင်ဆိုင်ရပြီ ဖြစ်လေသည်။ ဖြစ်နိုင်သည်မှာ အခြေအနေသည် "မရှိမှု" သို့ ပြောင်းလဲသွားပြီ ဖြစ်လေသည်။

ကျင့်စူးသည် ဆန်းလျန်ကို ကြည့်ပြီး စိတ်ပျက်အားလျော့လာမိလေသည်။ သူမသည် အစကတည်းက ဆန်းလျန် အပေါ်တွင် အလွန်အမင်း လေးစားအထင်ကြီးခဲ့သူတစ်ယောက်တော့ မဟုတ်ပေ။ သို့သော် ယခု (၃)ရက်အတွင်း တွင်ဆန်းလျန်က အဆုံးထိ အားမလျှော့ရန် ၊ မဆုတ်မနစ်ကြိုးစားရန် သူမကို အမြင်ဖွင့်ပေးသွားခဲ့လေသည်။ သူမ သည်ဘေးမှကြည့်နေသူတစ်ယောက်သာ ဖြစ်သည့်တိုင် ဆန်းလျန်ကဲ့သို့ အချိန်အကြာကြီး မဆုတ်မနစ် တောင့်ခံထားနိုင်ရန်မှာ မည်မျှခက်ခဲသည်ဆိုသည်ကို နားလည်လေသည်။

ဆန်းလျန်သည် ကြိုးစားပြီးတောင့်ခံခဲ့သည့်တိုင် နောက်ဆုံးတွင်တော့ သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ခြင်း မရှိတော့ပါ။ ကံကြမ္မာသည်ခက်ခဲလွန်းသည်သာမက လူသားဘဝ၏ ဝမ်းနည်းစရာအကောင်းဆုံး ဖြစ်ရပ်လည်း ဖြစ်လေသည်။

ဆန်းလျန်၏အဖြစ်သည် ဘေးမှ ရပ်ကြည့်နေသူများကိုပင်လျှင် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းခံစားရစေလေသည်။

သို့သော်… ဆန်းလျန်သာ နောက်ဆုံအချိန်ထိ တောင့်ခံထားခြင်းမရှိခဲ့လျှင် သူ့ကိုကူညီပေးနိုင်မည့် အံ့သြစရာ အဖြစ်အပျက်များလည်း ဖြစ်လာနိုင်မည် မဟုတ်ပေ။ အမှန်တော့ ဝမ်းနည်းခံစားရသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။

ဆန်းလျန်၏ နောက်ဆုံးကျန်သည့် အသိတရားလေးသည် ပိန်းပိတ်အောက်မှောင်နေသည့် ညအမှောင်ထဲတွင် တောက်လောင်နေသည့် နောက်ဆုံးမီးတောက်လေးအလား မှိန်ပြပြလေး လင်းလက်နေလေသည်။  ဆက်လက် ရှင်သန်နိုင်ရန်အတွက် သူစွမ်းအားရှိသလောက် အမှောင်ညထဲတွင် အစွမ်းကုန် တောက်ပနေလေသည်။

သို့သော်… ဒြပ်စင် (၄)မျိုးကလည်း ညအမှောင်တွင် တိုက်ခတ်နေသည့် လေပြင်းများအလား မီးတောက်လေးကို လုံး၀ ငြိမ်းသတ်သွားရန် တိုက်ခိုက်နေကြလေသည်။

လူတစ်ယောက်၏ သေလုနီးပါးအခြေအနေသည် သူ့ဘဝ၏ အဖိုးအတန်ဆုံးသော အခိုက်အတန့်များကို အမှန်တကယ် သတိရတမ်းတမိသည့် အချိန်ဖြစ်လေသည်။ ထိုအခိုက်အတန့်သည် ဘဝ၏အလှတရားနှင့် ကြီးကျယ်ခမ်းနားခြင်းကို စစ်မှန်စွာ နားလည်သဘောပေါက်စေလေသည်။

သို့သော်… ဆန်းလျန်ကတော့ အဖိုးတန်သည့်အချိန်များကို ပြန်လည်တမ်းတသတိရနိုင်ခြင်း မရှိတော့ဘဲ သေခြင်းတရားကိုသာ ခံစားနေမိလေသည်။ သူ၏မှတ်ဉာဏ်များအားလုံး ပျက်စီးသွားပြီဖြစ်သည့်အတွက် မည်သည့် အမှတ်တရကိုမှ သတိရနိုင်ခြင်း မရှိတော့ပေ။

သူသည် ဆန်းလျန်ဖြစ်ခဲ့သည်ဆိုသည့်အချက်ကိုပင် သိရှိခြင်း မရှိတော့ပါ။ အတိတ်တစ်ချိန်က သူသည် ဆန်းလျန် ဖြစ်ခဲ့သည်ဟု ကိုယ်စားပြုသည့် အရေးကြီးသည့် အဖြစ်အပျက်တိုင်း ၊ အမှတ်တရတိုင်းသည် သူ့နှလုံးသားထဲတွင် အားလုံးပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

သူ၏ တာအိုနှလုံးသားသည် မှောင်မိုက်ပြီး အထီးကျန်ဆန်လွန်းလှလေသည်။

နောက်ဆုံးကျန်ရှိနေသည့် အသိတရားအလင်းတန်းလေးသည် ကြယ်လေးတစ်စင်းကြွေသွားသည့်အလား အတောက်ပဆုံးတစ်ချက်လင်းလက်လိုက်ပြီး ကြွေကျသွားခဲ့လေသည်။ သူ့ဘဝကိုလည်း ကြွေကျသွားသည့် ကြယ်တစ်စင်းနှင့်ပင် အဓိပ္ပါယ်ဖော်နိုင်မည်ဖြစ်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် အမှောင်ထုသာ ကျန်ရစ်ခဲ့တော့သည်။

ကြယ်တစ်စင်းသည် တောက်ပခြင်း ၊ ခမ်းနားခြင်း ၊ မြင့်မြတ်ခြင်း ၊ ဂုဏ်အသရေရှိခြင်းများဖြင့် ပြည့်နက်နေခဲ့သည့် တိုင်ကြွေသွားသည့်ကြယ်များကိုမည်သည့်နည်းနှင့်မျှ ပြန်လည်ရရှိနိုင်မည် မဟုတ်တော့ပေ။

လွန်ခဲ့သည့် နှစ်ပေါင်း ရာနှင့်ထောင်နှင့်ချီသည့် အတိတ်တစ်ချိန်တုန်းကလည်း "ဆန်းလျန်" ဆိုသည်မှာ လောက တွင်တည်ရှိခဲ့ခြင်း မရှိသေးပေ။

ထို့အတူ… နောင်အနာဂတ်တွင် နှစ်ပေါင်း ရာနှင့်ထောင်နှင့်ချီပြီး အချိန်များကြာမြင့်သွားသည့်အခါတွင်လည်း "ဆန်းလျန်" ဆိုသည့် သူ့ကို မည်သူမှ သိရှိမှတ်မိကြတော့မည် မဟုတ်ပေ။

အသိတရားအလင်းတန်းလေးပျောက်ကွယ်သွားသည်နှင့် အမှောင်ထုကြီးသည်လည်း ဒီရေများအလား မြင့်တက် လာခဲ့လေသည်။ ဆန်းလျန်တွင် နောက်ဆုံးကျန်ရှိနေခဲ့သည့် အသိတရားလက်ကျန်လေးသည် ပျောက်ကွယ်သွား ခဲ့ပြီဖြစ်လေသည်။

ဆန်းလျန် ထိုကဲသို့ ဆိုးရွားစွာ ပျက်စီးသွားသည့်အချိန်တွင် …

စန့်ချင်တာအိုဆရာသခင်၏ ရုပ်ခန္ဓာသည် လုံး၀ ရုပ်လုံးပေါ်လာပြီး ဒြပ်စင် (၄)မျိုး၏ အထက်တွင် ရပ်နေလေသည်။ သူသည် "မဟာတာအိုလမ်းစဉ်" ကို အသုံးပြုလိုက်လေသည်။

သူက ဒြပ်စင် (၄)မျိုးကို အစီအစဉ်တကျဖြစ်အောင် ပြုပြင်လိုက်ပြီး အားလုံးကို ရောနှောကာ အတူတကွစုစည်း လိုက်လေသည်။ ထိုအခါ လောကငယ်လေးတစ်ခု စတင်ဖြစ်တည်လာပြီး မွေးဖွားခြင်းတန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။ စန့်ချင်တာအိုဆရာသခင်သည် ဒြပ်စင် (၄)မျိုးကိုအသုံးပြုကာ လောကအသစ်တစ်ခုကို ဖန်ဆင်းလိုက်ခြင်း ဖြစ်လေသည်။

အနန္တစကြာဝဠာတစ်ခု စတင် ဖြစ်တည်လာသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။

လှပသည့် တောင်နှင့် မြစ်ရေများ ၊ သဲကန္တာရများ ၊ ပင်လယ်ရေလှိုင်းများနှင့် ကုန်းမြေတိုက်ကြီးများ….။

သန့်စင်သည့်တန်ခိုးစွမ်းအားများသည် အထက်သို့တက်သွားပြီး မိုးကောင်းကင်ဖြစ်တည်သွားလေသည်။

မသန့်စင်သည့်တန်ခိုးစွမ်းအားများကတော့ မြေအောက်သို့ နစ်မြုပ်သွားပြီး အသူရာချောက် (၉)ထပ် ဖြစ်တည်လာ လေသည်။

ကောင်းကင်ထက်တွင်တော့ ကြယ်များ ၊ နေနှင့်လများ ဖြစ်တည်လာလေသည်။ ကမ္ဘာမြေပြင်ပေါ်တွင်တော့ ငှက်များ ၊ သားရဲများ ၊ အင်းဆက်ပိုးမွှားများ ၊ ငါးများ ဖြစ်တည်လာလေသည်။ လောကအသစ်သည် အသက်ဓာတ် စွမ်းအားများဖြင့် ပြည့်နက်သန်စွမ်းလျှက်ရှိလေသည်။ လောကအသစ်သည် အသက်ဝင်ပြီး တောက်ပလျှက်ရှိသလို ရင်သပ်ရှုမောဖွယ်ရာပင် ဖြစ်လေသည်။

ယွမ်ကျွင်းဧကရီ၏မျက်နှာထက်တွင် ခံစားချက်များရှုတ်ထွေးနေလေသည်။

သူမသည် အဖြစ်အပျက်များအားလုံးကို အကြည့်တစ်ချက်မလွှဲဘဲ ကြည့်နေခဲ့လေသည်။ သူမ၏ ဆရာသည် အမြင့်ဆုံးသော ထိပ်တန်းအဆင့်ဖန်ဆင်းခြင်းကို ပြုလုပ်နေခဲ့လေသည်။ မိုးနှင့်မြေကိုခွဲခြားပြသသည့် တာအို၏ ဖန်ဆင်းခြင်းသဘောတရားကို ပြသနေခဲ့လေသည်။

ထိုလောကအသစ်၏ စတုရန်းတစ်လက်မရှိသည့် ကုန်းမြေတစ်ခုချင်းစီတိုင်းတွင် ကြီးမြတ်သည့်စွမ်းအားတစ်ခု ပါဝင်လေသည်။ လက်ဖျောက်တစ်ချက်တီးလိုက်ရုံမျှဖြင့် မိုးနှင့်မြေများစွာ ၊ လောကသစ်များစွာကို ဖန်ဆင်းနိုင်မည် ဖြစ်လေသည်။ ဤသည်မှာ "တာအိုဆရာသခင်ကြီး" ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်လေသည်။

သို့သော်… ကွေလိကတော့ ထိုအဖြစ်အပျက်များအားလုံးကို စိတ်ဝင်စားခြင်းမရှိပါ။

သူမသည် ဆန်းလျန်အတွက် ဝမ်းနည်းနေခဲ့မိလေသည်။ နောက်ဆုံးတော့ ဆန်းလျန်အသက်ရှင်သန်နိုင်ရန်အတွက် အံ့သြစရာအဖြစ်အပျက်များ ဖြစ်လာခြင်း မရှိတော့ပါလား…။

စန့်ချင်တာအိုဆရာသခင်သည် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဆန်းလျန်နှင့်အလွန်ဆင်တူသည့် စန့်ချင်တာအိုဆရာသခင်၏ ခန္ဓာကိုယ်ပေါ်မှ သိပ်သည်းလှသည့် မဟာတာအို လမ်းစဉ်၏သင်္ကေတများနှင့် စကားလုံးများ ထွက်ပေါ်လာလေသည်။ ထိုအရာများသည် လောကတွင် မည်သူကမှ အနိုင်ယူနိုင်ခြင်းမရှိသည့် နက်နဲဆန်းပြားသည့် နိယာမတရားများပင် ဖြစ်လေသည်။

ဤသို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရန်အတွက် အခွင့်အရေးရသူများသည် သူတို့ဘဝတစ်လျှောက်လုံးတွင် ရရှိရန် ခက်ခဲလှသည့် အလားအလာကောင်းများကို ရရှိလိုက်ကြလေသည်။

ကျင့်စူးသည် အံကိုတင်းတင်းကြိတ်ထားလေသည်။

ဆန်းလျန်သည် သေဆုံးသွားပြီဖြစ်သော်လည်း သူမကတော့ တာအိုဆရာသခင်ကြီး၏ အမြင့်ဆုံးသော ထိပ်တန်း အဆင့်ပညာများကို လေ့လာမြင်တွေ့ခွင့်ရခဲ့လေသည်။ ယခုဖြစ်စဉ်ကို လေ့လာရခြင်းအားဖြင့် သူမအတွက် အကျိုးကျေးဇူးများ များစွာရရှိနိုင်မည် ဖြစ်လေသည်။

သို့သော်… မည်သူမှ သတိမထားမိသည့်အချက်တစ်ချက် ရှိလေသည်။

ထိုအချက်မှာ အသစ်ဖြစ်တည်လာသည့် လောကငယ်ထဲရှိ သစ်ပင်တစ်ပင်ထက်မှ သစ်ရွက်လေးတစ်ရွက်တွင် ပိုးတုံးလုံးလေးတစ်ကောင် ရှိနေခဲ့လေသည်။ ထိုပိုးတုံးလုံးလေးသည် အဆက်မပြတ် တဆတ်ဆတ်တုန်လျှက်ရှိလေ သည်။

ဆန်းလျန်၏ အသိတရားများအားလုံးသည် လုံးဝပျောက်ဆုံးသွားပြီ ဖြစ်လေသည်။

နောက်ဆုံးတွင်တော့ ဆန်းလျန်သည် ပိုးတုံးလုံးလေးအသွင်သို့ ပြောင်းလဲသွားပြီး ထိုပိုးတုံးလုံးလေးသည် နှိုင်းယှဉ်မှုကိုကျော်လွန်လောက်အောင် သန်မာလွန်းလေသည်။ ထိုပိုးတုံးလုံးလေးသည် ပိုးချည်မျှင်များဖြင့် သူ့ကိုယ်သူရစ်ပတ်ပြီး အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ နေထိုင်နေလေသည်။

ပိုးတုံးလုံးလေသည်။ အထီးကျန်ပြီး အမှောင်ထုထဲတွင် ပိတ်မိနေသည့်အတွက် သေသည်နှင့်ကွဲပြားခြင်း မရှိပါ။

ဤအခြေအနေသည် မရှိမှုကျေးရွာတွင်ရှိနေသည့် ဆန်းလျန်၏ ဝိညာဉ်အစစ်အမှန် အခြေအနေပင် ဖြစ်လေသည်။  အတွေးများမရှိ ၊ စိတ်မရှိ ၊ အနာဂတ်မရှိ ၊ မည်သည့်အရာမှမရှိသည့် အခြေအနေဖြစ်လေသည်။

ဆန်းလျန်အနေဖြင့် ကိုယ့်ကိုကိုယ်ပြန်လည်သိမြင်လာရန်အတွက် အချိန်မည်မျှကြာမည်ကို မည်သူမှ မသိနိုင်ပေ။ သူ့တွင် မျက်လုံးများလည်းမရှိ ၊ နားများလည်းမရှိ ၊ နှုတ်ခမ်းများလည်း မရှိတော့ပေ။ တည်ရှိသည်ဆိုသည့် အခြေခံသဘောတရားတစ်ခုအဖြစ်သာ တည်ရှိနေခြင်း ဖြစ်လေသည်။

"ငါ" ဆိုသည့်အရာကို သူမသိတော့ပေ။ "ငါ" ဆိုသည့် အယူအဆသည်ပင် သူ့တွင်မရှိတော့ပေ။

သို့သော်… အထီးကျန်သည့်အမှောင်ထုထဲတွင် မတူကွဲပြားသည့် နောက်ထပ်ဖြစ်တည်မှုတစ်ခု ထွက်ပေါ်လာလေ သည်။

ထိုဖြစ်တည်မှုကို တွေ့မြင်လိုက်ရသည့်အခါတွင်တော့ ဆန်းလျန်သည် "ငါ" ဆိုသည့်အတွေးကို တွေးလိုက်မိလေ သည်။ ထိုအခါ အခြားဖြစ်တည်မှုသည် "သူ" ဖြစ်ရပေမည်။

"သူ" ဖြစ်တည်ပေါ်ထွက်လာခဲ့လေသည်။ "သူ" သည် အမှောင်ထုထဲတွင် တိတ်ဆိတ်စွာဖြင့် ရပ်နေခဲ့လေသည်။ "သူ" ရှေ့မှ မည်သည့်အရာမှ အရေးမကြီးသည့်အလား ရပ်နေခဲ့လေသည်။

"သူ" ၏ မျက်လုံးများသည် တောက်ပနေလေသည်။

"သူ" ထံမှ အသိတရားများ ၊ မှတ်ဉာဏ်များနှင့် အချက်အလက်များသည် အရှိန်ပြင်းထန်သည့် ရေလှိုင်းများအလား ဆန်းလျန်၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာလေသည်။ ရာစုနှစ်ပေါင်းများစွာတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအားလုံးကို ဆန်းလျန်သည် တစ်ခဏအတွင်း ပြန်လည်မှတ်မိသွားရလေသည်။

"ဆန်းလျန်" သည် ချက်ချင်းပင် "ဆန်းလျန်" မည်သူဖြစ်သည်ကို သိရှိနားလည်သွားလေသည်။ ထို့ပြင် ဆန်းလျန်ရှိရာသို့ရောက်လာသည့် "သူ" ဆိုသည့် ဖြစ်တည်မှုသည် စန့်ချင်တာအိုဆရာသခင်ဖြစ်သည်ကိုလည်း ဆန်းလျန်သိလိုက်ရလေသည်။

စန့်ချင်တာအိုဆရာသခင်သည် ဆန်းလျန်ကို စိတ်ပျက်အားလျော့ပြီး နာကျင်ရသည့် အတွေ့အကြုံကိုရော ၊ ဘဝအသစ်ကိုပြန်လည်ရရှိသည့် အတွေ့အကြုံကိုရော ပေးခဲ့လေသည်။

သူသည် ဆန်းလျန်ကို လုံးဝပျောက်ကွယ်သွားအောင် ပြုလုပ်ခဲ့လေသည်။ သို့သော်… သူသည် ဆန်းလျန်ကို ချက်ချင်းပင် အရာအားလုံးကို ပြန်လည်ပေးအပ်ခဲ့လေသည်။

သူက အရာအားလုံးကိုဖန်တီးနိုင်ပြီး အရာအားလုံးကို ဖျက်စီးနိုင်သူလည်း ဖြစ်လေသည်။

စန့်ချင်တာအိုဆရာသခင်က စကားတစ်ခွန်းမှ မပြောပါ။

သို့သော်… တာအိုဆရာသခင်ကြီးသည် အဘယ်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ဆန်းလျန် နားလည် သဘောပေါက်သွားခဲ့ရပြီ ဖြစ်လေသည်။ ထိုသို့ ကြောက်မက်ဖွယ်ရာကောင်းမှုကို ဆန်းလျန်ဘဝတွင် တစ်ခါမှ ခံစားခဲ့ဖူးခြင်း မရှိပေ။

လူတစ်ယောက်၏အတွေးကို မည်သည့်အခါမှ နားမလည်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်၏အဖြစ်နှင့် ဆန်းလျန် သည်ဆင်တူခဲ့လေသည်။

ဆန်းလျန်သည် စိတ်ပျက်လက်လျော့မှုကို အမှန်တကယ် ခံစားခဲ့ရလေသည်။ ဖြစ်ခဲ့သမျှကို ပြန်စဉ်းစားလိုက်တိုင်း မည်သို့မှမတတ်နိုင်ဘဲ နာကျင်မှုကို ခံစားရလေသည်။

စန့်ချင်တာအိုဆရာသခင်ကဲ့သို့ပင် ဆန်းလျန်သည်လည်း တိတ်ဆိတ်နေခဲ့လေသည်။

သူသည် စိတ်ပျက်လက်လျော့မှုများကို ခံစားခဲ့ရပြီး ယခုအချိန်ထိ လွတ်မြောက်ခြင်း မရှိသေးပေ။ သူ ဘာမှ မလုပ်နိုင်သည်မှာ ထင်ရှားနေခဲ့လေသည်။ စောစောက ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို ပြန်တွေးလိုက်မိသည့် အခါ သူသည် မည်မျှအကူအညီမဲ့ပြီး အားလျော့စိတ်ပျက်ခဲ့ရသည်ကို သဘောပေါက်လိုက်ရလေသည်။

ယခုတော့ သူ့အခြေအနေသည် အလွန်ဆိုးရွားနေခြင်း မရှိတော့သည့်တိုင် အရာအားလုံးပြီးပြည့်စုံခဲ့သည့် သူ၏ပုံရိပ်ကို ပြန်သတိရစဉ်းစားလိုက်မိလေသည်။

ထို့နောက် ပျောက်ကွယ်သွားလိုခြင်းမရှိသည့် ဆန္ဒများနှင့် အစွမ်းအစများအားလုံး ဆုံးရှုံးခဲ့ရသည့်အချိန်တစ်ခဏကို ပြန်စဉ်းစားမိပြန်သည်။ ထိုအတွေ့အကြုံများအားလုံးသည် နာကျင်စရာကောင်းလှလေသည်။ ထို့ပြင် ထိုအကြောင်းအရာများအားလုံးသည် ဝတ္ထုတစ်ပုဒ်ကဲ့သို့ ဖြစ်လေသည်။

"အခက်အခဲတွေမရှိဘူးဆိုရင် နာကျင်ခံစားရမှုတွေမရှိဘူးဆိုရင် ဘယ်တော့မှ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာမှာမဟုတ်ဘူး"

စန့်ချင်တာအိုဆရာသခင်ကြီးက နောက်ဆုံးတော့ စကားပြောလိုက်လေသည်။

သူ့လေသံက ပုံမှန်ပင် ဖြစ်လေသည်။ သူ၏အသံသည် လေကဲ့သို့ အသူရာချောက် (၉)ထပ်၏ အောက်ဆုံး အဆင့်ထိတိုင်အောင် လွင့်မျောသွားလေသည်။ သူ၏အသံသည် လူတစ်ယောက်၏နှလုံးသား အနက်ရှိုင်းဆုံးနေရာ အထိ အေးစက်မှုကို ခံစားရစေလေသည်။

ကြီးမြတ်သည့်အောင်မြင်မှုများကိုရရှိထားပြီး မည်သူမှ အနိုင်မယူနိုင်သော…

အတိတ် ၊ ပစ္စုပ္ပန်နှင့် အနာဂတ် လိုသလို ကျော်လွန်သွားလာနိုင်သော…

တာအိုဆရာသခင်ကြီးက ဆန်းလျန်ကို အံ့သြစရာကောင်းစွာ စကားပြောလိုက်သည်တဲ့လေ။

သို့သော်… ဆန်းလျန်က စကားပြန်မပြောပါ။

နောက်တစ်ကြိမ် အခွင့်အရေးရခဲ့ပြီကို ဆန်းလျန်သိလိုက်လေသည်။

ထိုအခွင့်အရေးကိုပေးသူသည် စန့်ချင်တာအိုဆရာသခင်ကိုယ်တိုင် ဖြစ်ခဲ့သည့်တိုင် သူကိုယ်တိုင် မဆုတ်မနစ် ၊ မလျှော့သောဇွဲဖြင့် ရယူခဲ့သည့် အခွင့်အရေးလည်း ဖြစ်လေသည်။

All Chapters