← Chapters

အပြာရောင်ခရီးရှည်နန်းတော်မှတိုက်ပွဲကြီး

Vol. 7 Ch. 671

အပြာရောင်ခရီးရှည်နန်းတော်မှတိုက်ပွဲကြီး

Vol. 7 Ch. 671

ကွေလိက ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ပြီး ကျင့်စူးကတော့ အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြလိုက်လေ သည်။

ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်ထဲတွင် မယုံကြည်နိုင်လောက်သည့်ပြောင်းလဲမှုများကို ခံစားလိုက်ရလေသည်။

ဆန်းလျန်၏ ဝိညာဉ်သည် ပုံသဏ္ဍန်ပြောင်းလဲသွားပြီး အံ့သြစရာကောင်းသည့် တန်ခိုးစွမ်းအားတစ်ခုကို ထုတ်လွှတ် လိုက်လေသည်။ ဆန်းလျန် တန်ခိုးစွမ်းအားအမြင့်မားဆုံးအချိန်ကထက်ပင် တန်ခိုးစွမ်းအားများက ပိုပြီး အားကောင်း နေသေးသည်။

ထို့နောက်… လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ကွေလိနှင့် ကျင့်စူး (၂)ယောက်လုံးသည် အပြာရောင်ခရီးရှည် နန်းတော်အပြင်ဘက်သို့ ရောက်ရှိသွားကြလေသည်။

ခန်းမဆောင်ထဲတွင် ယွမ်ကျွင်းဧကရီနှင့် ဆန်းလျန်သာလျှင် ကျန်ရစ်ခဲ့ကြလေသည်။

ယွင်ကျွင်းဧကရီက…

"မင်းက တန်ခိုးစွမ်းအားလှည့်ဖြားမှုပညာကို သုံးမလို့လား"

သေမျိုးလောကမှ ကျင့်ကြံသူများတွင် နတ်ဘုရားများ၏ တန်ခိုးစွမ်းအားကို ရယူသုံးစွဲရန် ပင့်ဖိတ်သည့် နည်းပညာ အမျိုးမျိုးရှိလေသည်။

သို့သော် … အကန့်အသတ်တော့ရှိလေသည်။

ဆန်းလျန်သည် နတ်သမီး (၂)ပါးထံမှ ခွင့်ပြုချက်ဖြင့် သူတို့၏ တန်ခိုးစွမ်းအားများကို ရယူလိုက်လေသည်။ ထို့ကြောင့် အချိန်တိုတိုအတွင်းမှာပင် တန်ခိုးစွမ်းအားများ မြင့်မားလာလေသည်။ တန်ခိုးစွမ်းအားလှည့်ဖြားမှုပညာကို မယုံကြည်နိုင်လောက်အောင် အသုံးပြုနိုင်ခဲ့လေသည်။

ယွမ်ကျွင်းဧကရီသည် စိတ်ရှုတ်ထွေးနေခဲ့လေသည်။

စန့်ချင်တာအိုဆရာသခင် သင်ပြပေးခဲ့ပြီးသည့်နောက်ပိုင်း ဆန်းလျန်သည် သူ၏ရုပ်ခန္ဓာအတွင်းသို့ မိုး ၊ မြေ နှင့် သက်ရှိသတ္တဝါအားလုံး၏ စွမ်းအားများ စုပ်ယူနိုင်သည်ကို ရှင်းလင်းစွာ နားလည်သွားခဲ့ရလေသည်။

အမှန်တော့ မိုး ၊ မြေနှင့် အရာအားလုံးသည် ဆန်းလျန်၏ ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားခြင်း ဖြစ်လေသည်။ ဤသည်မှာ မှန်ကန်သည့် ထိပ်တန်းတာအိုလမ်းစဉ်တစ်ခုလည်း ဖြစ်လေသည်။

မိုးမြေသန္ဓေမျိုးစေ့မှ ကိုယ်ပိုင်လောကသစ်တစ်ခုဖန်ဆင်းရန် ယခင်က ကျင့်ကြံခဲ့သည့်အရာနှင့် အနည်းငယ် ကွဲပြားသော်လည်း နည်းလမ်း (၂)ခုလုံးသည် အတူတူပင်ဖြစ်လေသည်။ လုကျိုးယွမ်သည် ဤတာအိုလမ်းစဉ်ကို နားလည်သူတစ်ယောက်ဟု ဆိုနိုင်လေသည်။ သို့သော်… သူသည် ချင်းရွှမ်တည်ရှိရာ လောကတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ခြင်းကြောင့် သူ၏ အလားအလာသည် ဟောင်းနွမ်းဆွေးမြေ့သွားပြီး မှားယွင်းသည့်လမ်းကိုလိုက်မိ သည်ဟု ဆိုနိုင်လေသည်။

ကွေလိနှင့် ကျင့်စူးတို့သည်လည်း လောကတွင်နေထိုင်သည့် သက်ရှိသတ္တဝါများပင် ဖြစ်ကြလေသည်။

သူတို့ (၂)ယောက်၏ ခွင့်ပြုချက်ဖြင့် ဆန်းလျန်သည် တန်ခိုးစွမ်းအားလှည့်ဖြားခြင်းပညာကို အသုံးပြုခဲ့ခြင်းဖြစ်သည့် အတွက်ယုတ္တိကျသည်ဟု ဆိုနိုင်ပါသည်။

ဆန်းလျန်က…

"မင်း အခုထွက်သွားမယ်ဆိုရင် အသက်ချမ်းသာပေးမယ်"

ယွမ်ကျွင်းဧကရီမှာ အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်လေသည်။ သူမသည် နှစ်ပေါင်းများစွာကြာအောင် ဂုဏ်သတင်းကျော်ကြားခဲ့သူတစ်ယောက်ဖြစ်ပြီး မည်သူမှ သူမကို ယခုကဲ့သို့ မထီမဲ့မြင်မပြုရဲကြပေ။

သူမ ထိပ်ဆုံးအဆင့်အောင်မြင်နေခဲ့သည့်အချိန်တွင် အသိပညာနတ်ဘုရားဝန်စူး ၊ ဖူရှန်မယ်တော်နှင့် တာအိုဆရာ ချီဟန်တို့ (၃)ယောက်ပေါင်းပြီး တိုက်ခိုက်သည်ကိုပင် ခုခံနိုင်ခဲ့သူ ဖြစ်လေသည်။

ယခုအချိန်တွင် သူမသည် အစွယ်ကျိုးသည့်ကျားတစ်ကောင်ဖြစ်နေဦးတော့ ဆန်းလျန်ကဲ့သို့သော သူ့ထက်ငယ် သည့်ကောင်စုတ်လေးတစ်ယောက်၏ အနိုင်ယူခြင်းကိုတော့ ငြိမ်ခံနေမည် မဟုတ်ပေ။

သူမ၏ နတ်ဘုရားခန္ဓာကို ထုတ်ဖော်လိုက်သည်နှင့် မရေမတွက်နိုင်သော ကြယ်စင်အလင်းတန်းများ တောက်ပလာ လေသည်။ သူမသည် စကြာဝဠာ၏ကောင်းချီးကိုခံစားခဲ့ရပြီး ကြယ်စင်များ၏စွမ်းအားကို အသုံးပြုနိုင်သူတစ်ယောက် ဖြစ်လေသည်။ ထိုကြယ်စင်များသည်ကား ကျယ်ကျောက်အမိန့်တော်ဂိုဏ်းမှ ပျက်စီးသွားသည့် နတ်ဘုရားများ၏ ဝိညာဉ်များဖြစ်ကြလေသည်။ ထိုဝိညာဉ်များသည် အသူရာချောက်၏ ကြယ်စင်များ ဖြစ်ကြလေသည်။ သူမသည် တန်ခိုးစွမ်းအားကို မြှင့်တင်ရန်အတွက် ကြယ်စင်စွမ်းအားများကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင်… ယွမ်ကျွင်းဧကရီ၏ပတ်ဝန်းကျင်မှ နတ်ဘုရားတေးသွားများ ထွက်ပေါ်လာလေသည်။ ဟွမ်ထင်ကျမ်းစာကိုရွတ်ဖတ်သည့် တေးသွားများ ဖြစ်လေသည်။ ထိုအခါ အပြာရောင်ခရီးရှည်နန်းတော်တစ်ခုလုံး တွင် အသက်ဓာတ်စွမ်းအားများဖြင့် ပြည့်လာလေသည်။

ယွမ်ကျွင်းဧကရီ၏ မျက်ဝန်းများသည် သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် တောက်ပနေလေသည်။

သူမက လက်နှစ်ချောင်းကို ထိုးညွှန်လိုက်သည့်အခါ အင်းသင်္ကေတတစ်ခုပေါ်လာပြီး ရေများစီးဆင်းလာလေသည်။

ရေများသည်တောက်ပနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်နေကာ ဆန်းလျန်ရှိရာသို့ မုန်တိုင်း တစ်ခုအလား ဝင်ရောက်လာကြလေတော့သည်။

အပြာရောင်ခရီးရှည်နန်းတော်တစ်ခုလုံးသည် ရေလှိုင်းများကြောက် တုန်လှုပ်နေသည့်တိုင် တာအိုစွမ်းအားများကို ခံနိုင်ရည်ရှိလေသည်။ ထိုကဲ့သို့သော တာအိုနန်းတော်မျိုးသာလျှင် နတ်ဘုရား (၂)ပါး၏ ကြောက်မက်ဖွယ်ရာ တိုက်ပွဲကို ခံနိုင်မည်ဖြစ်လေသည်။

ဆန်းလျန်သည် ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြင့် ပထမဆုံး တိုက်ခိုက်ဖူးခြင်း ဖြစ်လေသည်။

လက်ရှိအချိန်တွင် ယွမ်ကျွင်းဧကရီသည် အနည်းငယ် တန်ခိုးစွမ်းအား ကျဆင်းနေသည့်တိုင် ကြောက်မက်ဖွယ်ရာ ကောင်းနေဆဲ ဖြစ်လေသည်။

ဆန်းလျန်သည် သူမ၏ ရေလှိုင်းများကို ဓားဝိညာဉ်တစ်ခုအသုံးပြုကာ ခုခံကာကွယ်လိုက်လေသည်။ ဓားဝိညာဉ် သည်နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

ဓားဝိညာဉ်အောက်တွင် ရေလှိုင်းများသည် တစ်စစီပြိုကွဲသွားရလေသည်။

စွမ်းအားမြင့်မားလွန်းသည့်ဓားဝိညာဉ်သည် အရာအားလုံးကို ဖျက်စီးပစ်တော့မည့်အလား ထင်မှတ်ရလေသည်။ ဓားဝိညာဉ်သည် ရေလှိုင်းလုံးများတစ်လျှောက် ဖြတ်သန်းသွားပြီး ယွင်ကျွင်းဧကရီ၏ နတ်ဘုရားခန္ဓာကို ထိုးစိုက်ချ လိုက်လေသည်။

ဓားဝိညာဉ်ချဉ်းကပ်လာသည်နှင့် ယွမ်ကျွင်းဧကရီသည် ကျောက်သားအသွင်သို့ ကူးပြောင်းလိုက်လေသည်။ အတိတ်တစ်ချိန်တုန်းက ထို့ထက်ပိုပြီး ခမ်းနားသည့်တိုက်ကွက်များကို သူမရင်ဆိုင်ခဲ့ဖူးသည်ဖြစ်၍ ထိတ်လန့်ခြင်း မဖြစ်မိပေ။

သူမက အင်္ကျီလက်တစ်ဖက်ဖြင့် ဓားဝိညာဉ်ကို ရိုက်ထုတ်လိုက်လေသည်။ မိုးခြိမ်းသံများသည် လေထုကိုထိုးခွင်း ကာ ထွက်ပေါ်လာလေသည်။

ကျင့်စူးသည် မထိန်းနိုင်တော့ဘဲ မေးလိုက်လေသည်။

"ညီမလေးကွေလိ ၊ အဲဒီမိစ္ဆာမကြီးက ရူးများနေလား မသိဘူး"

ကွေလိက နူးညံ့သိမ်မွေ့သည့်လေသံဖြင့်....

"ကျယ်ကျောက်အမိန့်တော်ဂိုဏ်းရဲ့တပည့်တွေအားလုံးထဲမှာ ကျင်းလင်စန်းမုက ထူးခြားတဲ့ တန်ခိုးစွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့သူပဲ ၊ တန်ခိုးစွမ်းအားလည်း အရမ်းမြင့်မားတယ် ၊ သူက အရင်တုန်းက ရှေးဟောင်းနတ်မိစ္ဆာတွေထဲ မှာအတော်ဆုံးဖြစ်တဲ့ ကွေလင်စန်းမုထက်တောင် သာသေးတယ် ၊ ကျင်းလင်စန်းမုရဲ့ မူလတာအိုခန္ဓာဟာ တာအို ဆရာရန်တိန့်ရဲ့ ပင်လယ်ပုလဲကြောင့်သာ မပျက်စီးခဲ့ရင် ဆန်းလျန်ဘယ်လောက်ပဲတန်ခိုးကြီးကြီး အပြာရောင်ခရီး ရှည်နန်းတော်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"

ကျင့်စူးက....

"ညီမလေးပြောတာတွေအကုန်လုံး ငါသိပါတယ် ၊ ဒါပေမယ့် သူ့မှာကျန်နေတဲ့စွမ်းအားက အဲဒီလောက်ကြောက်စရာ ကောင်းမယ်လို့ ထင်မထားမိဘူး ၊ သူ အထွတ်ထိပ်အဆင့် အောင်မြင်ခဲ့တုန်းကဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲနော်"

ကွေလိက…

“သူ အထွတ်ထိပ်အဆင့်ကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပါဘူး ၊ အဲဒီတော့ ငါတို့လည်း မတွေ့ရတော့ဘူးပေါ့”

ကျင့်စူးက ကွေလိ၏လက်လေးများကို ဆုပ်ကိုင်လိုက်ရင်း တစ်ချက်ပြုံးလိုက်လေသည်။

“ဒါနဲ့… ညီမလေးက အဲဒီကောင်လေးအပေါ် အရမ်းယုံကြည်တယ်နော်”

သူတို့ (၂)ယောက် စကားပြောနေကြစဉ်မှာပင် ဆန်းလျန်နှင့် ယွမ်ကျွင်းဧကရီသည် အကြိမ်ပေါင်းများစွာတိုက်ခိုက် ပြီးခဲ့ပြီ ဖြစ်လေသည်။ အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် မုန်တိုင်းထန်နေပြီး ဓားဝိညာဉ်တစ်ခုကလည်း လင်းလက်တောက်ပနေလေသည်။

ယွမ်ကျွင်းဧကရီသည် တည်ငြိမ်စွာဖြင့် ဆန်းလျန်ကို အဆက်မပြတ်တိုက်ခိုက်နေလေသည်။ သူမတိုက်ခိုက်သည့် တန်ခိုးစွမ်းအားမျိုးကို ဆန်းလျန်၏ဘဝတွင် တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ သူမသည် ရှေးဟောင်းနတ်ဘုရား တစ်ပါး၏ ကြီးမြတ်သည့်တန်ခိုးစွမ်းအားများကို ထုတ်ဖော်ပြသလျှက်ရှိလေသည်။

ဆန်းလျန်ကလည်း သူမ၏တိုက်ခိုက်မှုများကို အဆက်မပြတ်ခုခံနေခဲ့ပါသည်။ ဓားဝိညာဉ်ဖြင့် တစ်ချက်တိုက်ခိုက် လိုက်တိုင်း တန်ခိုးစွမ်းအားပေါက်ကွဲမှုတစ်ခုက ဖြစ်ပေါ်လာစမြဲဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်သည် ယွမ်ကျွင်းဧကရီ၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်သည်သာမက အသာစီးပင်ရလျှက် ရှိလေသည်။

သို့သော်… တစ်ဖက်မှ ပြတ်ပြတ်သားသားရှုံးနိမ့်သွားခြင်း မရှိသေးသရွေ့ နတ်ဘုရားများ၏တိုက်ပွဲသည် အချိန်တို အတွင်းအဆုံးအဖြတ်ပေးနိုင်မည် မဟုတ်ပေ။ ထိုအရာသည် စကြာဝဠာအရှင်ကြီးနှင့် ဝမ်လင်ကွမ်းတို့ တိုက်ပွဲနှင့် တူညီလေသည်။ စကြာဝဠာအရှင်ကြီးနှင့် ဝမ်လင်ကွမ်းတို့ ဆယ်ချီအထိတိုက်ခိုက်ခဲ့ကြသည့်တိုင် အနိုင်အရှုံး ပြတ်ပြတ်သားသား မရှိခဲ့ပေ။

ရုတ်တရက်…

ဆန်းလျန်၏ဝိညာဉ်သည် မီးတောက်မီးလျံများတောက်လောင်နေသည့် ခွန်ဖိန်တစ်ယောက်အဖြစ်ပြောင်းလဲသွား လေသည်။ ကျင့်စူး၏ တန်ခိုးစွမ်းအားများကို ယူသုံးထားသည့်အတွက် စကြာဝဠာတွင် အကြီးမြတ်ဆုံး နတ်မိစ္ဆာ တစ်ပါး၏ပုံသဏ္ဍန်အဖြစ် ပြောင်းလဲလိုက်နိုင်ခြင်း ဖြစ်လေသည်။ ခွန်ဖိန်နတ်မိစ္ဆာတစ်ပါး၏ လျှင်မြန်မှုသည် လောက တွင်ပြိုင်ဘက်ကင်းလေသည်။ ခွန်ဖိန်များ၏လျှင်မြန်မှုကို ယှဉ်နိုင်သူ သိပ်မရှိလှပေ။

ဆန်းလျန်သည် အတောင်များကို တစ်ဖျတ်ဖျတ်ခတ်လိုက်ပြီး မယုံကြည်နိုုင်လောက်အောင် လျှင်မြန်သည့်အရှိန်ဖြင့် ယွမ်ကျွင်းဧကရီရှိရာသို့ ဓားဝိညာဉ်ဖြင့် ထိုးစိုက်ချလိုက်လေသည်။ ယွမ်ကျွင်းဧကရီသည် အနည်းငယ်ထိတ်ထိတ် ပြာပြာဖြစ်သွားပြီး ဆန်းလျန်၏ ဓားချက်ကို ပွတ်ကာသီကာဖြင့် ရှောင်တိမ်းလိုက်ရလေသည်။

လေထဲတွင် ဆံပင်များလွင့်သွားပြီး အောက်သို့ ပြတ်ကျသွားရလေသည်။ သူမ၏ ချောမောလှပသည့် မျက်နှာထက် တွင် သေးငယ်သည့် ဓားခြစ်ရာတစ်ခု ထင်သွားလေသည်။ ထိုဓားခြစ်ရာမှ သွေးအနည်းငယ်ပင် ထွက်နေလေသည်။

သူမ၏ ပြိုင်ဘက်မရှိ လှပသည့်မျက်နှာသည် ချက်ချင်းပင် ဒေါသကြောင့် သွေးရောင်လွှမ်းသွားလေသည်။ သူမ ဒေါသချောင်းချောင်းထွက်နေခဲ့လေသည်။

ကျင့်စူးက…

“မကောင်းတော့ဘူး ၊ မိစ္ဆာမကြီးဒေါသထွက်နေပြီ…”

ကွေလိကတော့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အပြာရောင်ခရီးရှည်နန်းတော်ထဲမှ အခြေအနေကို စူးစိုက်ကြည့်နေလေ သည်။ သူမသည်လည်း အမှတ်မထင် ကျင့်စူး၏လက်ကို တင်းကြပ်စွာ စုပ်ကိုင်ထားလိုက်မိလေသည်။

မြင့်မြတ်သည့်နတ်မိစ္ဆာမျိုးရိုးမှ ဆင်းသက်လာကြသည့် မိန်းမပျိုလေး (၂)ယောက်သည် တိုက်ပွဲကို ကြည့်နေရုံသာ တတ်နိုင်ကြလေသည်။ သူတို့အနေဖြင့် အခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်း မရှိကြပေ။

ယွမ်ကျွင်းဧကရီထံမှ ဂါထာရွတ်သံတစ်ချက် ကြည်ကြည်လင်လင်ထွက်ပေါ်လာလေသည်။

ထိုဂါထာသည် စကြာဝဠာရှိကြယ်အစုအဝေးများနှင့် ပေါင်းစပ်သွားပြီး သူမ၏ တာအိုခန္ဓာတွင် ဝန်းရံနေလေသည်။ မရေမတွက်နိုင်သည့် ကြယ်စင်များထွကပေါ်လာပြီး မမြင်ရသည့် တန်ခိုးစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ကြယ်စင်တံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

ဆန်းလျန်သည် လောကအလယ်တွင် နှစ်ပေါင်းများစွာ လွတ်လပ်စွာနေခဲ့သူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့် သူ၏ မရဏဓားမှာ ထက်မြက်မှုတွင် ပြိုင်ဘက်ကင်းလေသည်။

ဓားဝိညာဉ်သည် ချက်ချင်းပင် သန်းနှင့်ချီသည့် ဓားများအဖြစ်ပြောင်းလဲသွားပြီး ကြယ်စင်တံတိုင်းကြီးကို ခုတ်ဖြတ်တိုက်ခိုက်လိုက်လေသည်။ ကြယ်စင်တံတိုင်းကြီးသည် ဆန်းလျန်၏ မရဏဓားကို ရေရှည် ခုခံကာကွယ် နိုင်ခြင်း မရှိခဲ့ပါ။ လေပူပေါင်းတစ်လုံးအလား ပေါက်ကွဲ ထွက်သွားလေသည်။

ကြယ်စင်တံတိုင်းသည် များစွာ အထောက်အကူမပေးနိုင်သော်လည်း တိုက်ပွဲကိုတော့ အနည်းငယ် နှောင့်နှေးသွား အောင်စွမ်းဆောင်နိုင်လေသည်။

ကြယ်စင်တံတိုင်းပျက်စီးသွားသည်နှင့် ယွမ်ကျွင်းဧကရီသည် ဖန်သားအလားကြည်လင်သည့် လက်သီးချက်တစ်ချက်ဖြင့် ဆန်းလျန်ကို ထိုးချလိုက်လေသည်။

ထိုလက်သီးချက်သည် သူမ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် သဘောဝလွန်စွမ်းအားတစ်ခုဖြစ်ပြီး “ဧကရီလက်သီး” ဟု ခေါ်လေသည်။ လက်သီးတစ်ချက်တည်းဖြင့်ပင် အပြာရောင်ခရီးရှည်နန်းတော်ကြီးတစ်ခုလုံး တုန်လှုပ်သွားရ လေသည်။ ထိုလက်သီးချက်သည် နေ ၊ လ နှင့် ကြယ်တာရာများကိုပင် ဖုံးလွှမ်းသွားလေသည်။

ထိုလက်သီးချက်သည် အကြင်နာတရားကင်းမဲ့စွာဖြင့် ဆန်းလျန်ရှိရာသို့ ဝင်ရောက်လာလေသည်။

ထိုအခါ… သူတို့ (၂)ယောက်၏ တိုက်ပွဲအနေအထားသည် ချက်ချင်းပြောင်းပြန်ဖြစ်သွားလေသည်။

ဆန်းလျန်သည် ယွမ်ကျွင်းဧကရီ၏ လက်သီးချက်ကို အလွန်လျှင်မြန်သည့်အရှိန်ဖြင့် ရှောင်တိမ်းရန် ကြိုးစားလိုက်သည့်တိုင် ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပါ။

သို့သော်… ဆန်းလျန်သည် ထိတ်လန့်သွားခြင်း မရှိပါ။ သူ၏မျက်နှာသည် အေးဆေးတည်ငြိမ်နေဆဲ ဖြစ်လေသည်။

All Chapters