← Chapters

အနီရောင်ဝတ် မိန်းကလေးငယ်။

Vol. 11 Ch. 102

အနီရောင်ဝတ် မိန်းကလေးငယ်။

Vol. 11 Ch. 102

ယခင်က တန်ဝမ်ကျဲ၏ မိစ္ဆာနှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် ချွမ်ဟုန် ပါဝင်ခဲ့စဉ်က သူသည် တစ်ချိန်လုံး အခိုင်းအစေအဖြစ်သာ နေခဲ့ရသည်။ ပစ္စည်းဝယ်ပေးခြင်း၊ ကားမောင်းပေးခြင်းနှင့် ဓားမကြီး ရှာပေးခြင်းတို့ကိုသာ လုပ်ဆောင်ခဲ့ရပြီး လက်တွေ့တွင်မူ ဘာမှမမြင်ခဲ့ရဘဲ ကင်မရာမှန်ဘီလူး တစ်ခုသာ အရှုံးပေါ်ခဲ့ရသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် မိမိမျက်စိဖြင့် တပ်အပ်မြင်တွေ့ရရုံသာမက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရနေပြီဖြစ်သည်။

အိုမင်းသော အဖိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့သည် ဓားမကြီးကိုယ်စီ ကိုင်ဆောင်ကာ တံခါးဝတွင် စောင့်ရှောက်ရေး နတ်မင်းကြီးများကဲ့သို့ ရပ်နေကြပြီး မှိုစွဲနေသော သစ်သားတံခါးကို စူးစိုက်ကြည့်နေကြသည်။

ငါးစက္ကန့်မျှ ကုန်ဆုံးသွားသည်။

ချွမ်ဟုန်သည် အလွန်ရင်ခုန်နေပြီး ထိုငါးစက္ကန့်မှာပင် ဘယ်လိုမှ သည်းမခံနိုင်လောက်အောင် ရှည်လျားနေသည်ဟု ခံစားရသည်။ ကင်မရာကို ကိုင်ထားသော သူ၏ လက်ဖဝါးများမှာ ချွေးများဖြင့် စိုရွှဲနေသည်။ သူတို့နှစ်ဦး ပြောနေသောထူးချွန်ထက်မြက်သူ အမြန်ဝင်လာပြီး သူရိုက်ချင်သော ပုံရိပ်များကို ရိုက်ကူးခွင့်ရရန် မျှော်လင့်သလို၊ တစ်ဖက်ကလည်း ထိုအရာ ဝင်လာပါက သူ၏အသက်မှာ သူ့လက်ထဲမှာ ရှိတော့မည်မဟုတ်ဟု ကြောက်ရွံ့နေမိသည်။

ပိုဆိုးသည်မှာ ထိုလူနှစ်ယောက်သည်လည်း အမဲလိုက်ရန် ပြင်နေသော ကျားများကဲ့သို့ လုံးဝ မလှုပ်မယှက် ရှိနေခြင်းပင်။ အခန်းတွင်းရှိ လေထုမှာ တင်းမာလွန်းလှသဖြင့် ချွမ်ဟုန်မှာ ပြင်းပြင်းပင် အသက်မရှူရဲတော့ပေ။

အသံမှာ အခန်းအပြင်ဘက် တံခါးအထက် မျက်နှာကြက်နားမှ ထွက်ပေါ်နေသော်လည်း ထိုအသံရှင်မှာ ပေါ်လာမည့် အရိပ်အယောင် မရှိသေးပေ။

“ဘုန်းးးး”

တံခါးမှာ ရုတ်တရက် ဝုန်းခနဲ ပွင့်သွားသည်။

ချွမ်ဟုန်မှာအားခနဲ လန့်အော်ပြီး ကြမ်းပြင်ပေါ်မှ ဝုန်းခနဲ ခုန်ထလိုက်သည်။ မြေပြင်ပေါ်မှာ ထိုင်နေရင်းမှ တစ်ချက်တည်းဖြင့် တစ်ဝက်တစ်ပျက် ဆောင့်ကြောင့်ထိုင် အနေအထားသို့ ရောက်သွားနိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။ သူ၏ အကြည့်မှာ ခုန်ထလိုက်ခြင်းနှင့်အတူ တံခါးအထက်ပိုင်းသို့ ရောက်သွားသည်။

တွားသွားဝင်လာသော အရာမှာ အရေးအကြောင်းများနှင့် အမည်းစက်များ ဖုံးလွှမ်းနေသော အမျိုးသမီး မျက်နှာတစ်ခု ဖြစ်သည်။ သူမ၏ သွားများမှာ ခွေးရိုင်းတစ်ကောင်ကဲ့သို့ ထက်မြက်လှသည်။ သူမ ဝတ်ထားသော အဝတ်အစားများမှာ နှစ်ပေါင်းများစွာ လျှော်ဖွတ်ထားခြင်း မရှိသည့်အလား ဖြစ်နေပြီး မျက်စိဖြင့်ပင် မြင်နိုင်လောက်သော ပြင်းထန်သည့် ပုပ်စော်နံအနံ့များ ထွက်နေသည်။

သူမသည် နံရံတွင် ပင့်ကူတစ်ကောင်ကဲ့သို့ ခြေလက်များကို အသုံးပြုကာ ကပ်တွယ်နေသည်။ သူမ၏ ဆံပင်များမှာ ခြောက်သွေ့ပြီး အဖတ်လိုက် ဖြစ်နေသော်လည်း အလွန်သန်မာပုံရသည်။ သူမကို လူသေအလောင်းဟု ခေါ်ခြင်းက ပိုမှန်ပေလိမ့်မည်။ ခွေးသေ၊ ကြောင်သေ၊ ဖားနှင့် ပိုးဟပ်များကြားတွင် မြှုပ်နှံပြီး ပြုလုပ်ထားသော အလောင်းတစ်ခုနှင့် တူနေသည်။

သူမ၏ နောက်တွင်တော့ သူမထက် အနည်းငယ် သေးငယ်သော မိစ္ဆာတစ်ကောင်မှာလည်း နံရံပေါ်တွင် တွားသွားကာ လိုက်ပါလာသည်။ ထိုမိစ္ဆာနှစ်ကောင်သည် အခန်းထဲက အဖိုးအိုနှင့် လူငယ်ကို ရင်ဆိုင်လိုက်ကြသည်။

ရုတ်တရက် သူတို့အားလုံး တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။

တန်ဝမ်ကျဲက သူ၏ ဘယ်ဘက်ခြေထောက်ကို မြှောက်လိုက်ပြီး ခါးကို လိမ်ကာ ညာဘက်လက်ဖြင့် ဓားမကြီးကို လွှဲပစ်လိုက်သည်။ ထပ် ဆိုသော အသံနှင့်အတူ သေးငယ်သော မိစ္ဆာ၏ ရင်ဘတ်ကို ဓားက ဖောက်ထွက်သွားပြီး နံရံတွင် ကပ်လျက်သား ဖြစ်သွားသည်။

ကြီးမားသော မိစ္ဆာက တန်ဝမ်ကျဲထံ ခုန်အုပ်လာစဉ် သူက ကိုယ်ကိုလှည့်ကာ သူမ၏ နားထင်ကို အားပါပါ ကန်လိုက်သည်။ လီရုံဖုန်း၏ ဓားမကြီး ကျရောက်သွားသောအခါ ခေါင်းတစ်ခုမှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားတော့သည်။

“ဘုန်းးး”

တန်ဝမ်ကျဲ၏ ကန်ချက်အရှိန်ကြောင့် အလောင်းမှာ လွင့်ထွက်သွားပြီး နံရံတွင် ပန်းချီကားတစ်ချပ်ကဲ့သို့ ကပ်သွားသည်။ ပြတ်သွားသော ခေါင်းမှာ ချွမ်ဟုန်ထံသို့ လိမ့်လာပြီး ၎င်း၏ မျက်လုံးများမှာ ကင်မရာစခရင်ကို တည့်တည့် စိုက်ကြည့်နေသည်။

“ဝါးးးးး!”

သေးငယ်သော မိစ္ဆာမှာ နံရံပေါ်တွင် အစွမ်းကုန် ရုန်းကန်နေဆဲ ဖြစ်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူသည် နံရံနှင့် ပွတ်တိုက်ကာ လူးလိမ့်နေသော်လည်း စိုက်ဝင်နေသော ဓားကို မရုန်းထွက်နိုင်ပေ။ သူ၏ မျက်လုံးများမှာ ထိန်းမရအောင် လည်နေပြီး ပါးစပ်မှ အမည်းရောင် အရည်များ ထွေးထုတ်နေသည်။ သူ၏ ရှည်လျားသော လက်သည်းများဖြင့် နံရံကို ကုတ်ခြစ်နေသဖြင့် ထုံးများမှာ အတုံးလိုက် အတစ်လိုက် ပြုတ်ကျနေသည်။

တန်ဝမ်ကျဲသည် ထိုမိစ္ဆာထံ လျှောက်သွားသည်။ သူ၏ ညာဘက်ခြေထောက်ဖြင့် မိစ္ဆာ၏ ဝမ်းဗိုက်ကို နင်းကာ ဓားကို ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်လိုက်သည်။

“သူတို့ကလည်း သနားစရာ သတ္တဝါတွေပါပဲ။”

တန်ဝမ်ကျဲကသေးငယ်သော မိစ္ဆာကို ကြည့်ကာ ပြောသည်။

“သူတို့ကို မိစ္ဆာပြုလုပ်ဖို့ အသုံးချခံရတာ။ သူတို့ရဲ့ သွေးရင်းသားရင်းတွေကပဲ သူတို့ ပထမဆုံး ရာသီသွေး လာတဲ့အချိန်မှာ လုပ်ခဲ့ကြတာ။ အခုတော့ သူတို့က လူလည်းမဟုတ် သရဲလည်းမဟုတ်တဲ့ မိစ္ဆာတွေ ဖြစ်နေပြီ။”

“ဒါဆို မင်းက...”

ချွမ်ဟုန်သည်တန်ဝမ်ကျဲက ထိုမိစ္ဆာကို ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်လိုက်သည်ကို ကြည့်ပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အန်ထုတ်လိုက်တော့သည်။

“ဝေါ့”

တန်ဝမ်ကျဲက ဤမျှအထိ ပြတ်သားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ တစ်စက္ကန့်မှာ သနားစရာဟု ပြောပြီး နောက်တစ်စက္ကန့်မှာပဲ သတ်ပစ်လိုက်သည်။

တန်ဝမ်ကျဲက သူ၏ ဓားပေါ်မှ သွေးတွေကို ခါထုတ်လိုက်ပြီး။

“သူတို့က လူသားတွေကို စားသုံးနေကြတာ။ သူတို့ကို ကယ်တင်လို့ မရတော့ဘူး။”

သူ ထွက်ခွာသွားချိန်တွင် ချွမ်ဟုန်၏ ခြေထောက်များမှာ ပျော့ခွေနေပြီ ဖြစ်သည်။ ပရော်ဖက်ရှင်နယ် အသိစိတ်ကြောင့် ကင်မရာကိုတော့ မပျက်စီးအောင် ကာကွယ်ထားသော်လည်း လှေကားပေါ်မှ ဆင်းလာချိန်တွင် ရဲကားတစ်စီး ပေါ်လာပြီး ရဲအရာရှိများ သူရှိရာသို့ အမြန် တိုးလာကြသည်ကို မြင်လိုက်ရသည်။

“မဟုတ်ဘူး... ကျွန်တော်က...”

သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ တန်ဝမ်ကျဲမှာ မရှိတော့ပေ။

အဲဒီကောင် ငါ့ကို ပစ်ထားခဲ့တာပဲ။

တစ်ဖက်တွင်မူ တန်ဝမ်ကျဲသည် လီရုံဖုန်း၏ ဓားမကြီးကို ကျောပိုးအိတ်ထဲ ထည့်ကာ ပြတင်းပေါက်မှတစ်ဆင့် ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ သူ၏ ညာဘက်လက်တွင်တော့ မိစ္ဆာညီအစ်မ နှစ်ယောက်၏ အလောင်းများကို အိပ်ရာခင်းဖြင့် ထုတ်ပိုးကာ သယ်ဆောင်လာသည်။

ချွမ်ဟုန်သည် သွေးပျက်ဖွယ် မြင်ကွင်းကြောင့် အပြင်ဘက်မှ အသံများကို မကြားခဲ့သော်လည်း တန်ဝမ်ကျဲကတော့ ရဲဥဩသံများကို ကြားနေရသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူက ရှေ့တံခါးမှ ထွက်ရန် အစီအစဉ် မရှိခဲ့ခြင်းပင်။

သူက သေနတ်ကျည်ဆန်ကို ခံနိုင်ရည်ရှိသည့် အစွမ်းမျိုး ရှိနေသည်မဟုတ်သဖြင့် သေနတ်ပြောင်းဝရှေ့တွင် ရပ်နေစရာ အကြောင်းမရှိပေ။

လမ်းတွင် တစ်စုံတစ်ဦးက သူ့ကို မှတ်မိသွားခြင်း သို့မဟုတ် အိမ်လခကောက်သူက ပြောလိုက်ခြင်း ဖြစ်နိုင်သော်လည်း ရဲတွေက ချွမ်ဟုန်ကို ဖမ်းသွားခြင်းက ပိုအဆင်ပြေသည်။ ထိုလူက သတ္တိမရှိသော်လည်း ဇွဲတော့ ရှိသည်။

ရဲအရာရှိများသည် ချွမ်ဟုန် ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကို မြင်တွေ့ပြီးနောက် သဘာဝလွန် အင်အားစုများ ရှိသည်ကို မယုံကြည်ဘဲ မနေနိုင်တော့ပေ။ နံရံပေါ်တွင် တွားသွားနေသော အရာမှာ လူသား မဟုတ်သည်မှာ သေချာသည်။ ထို့အပြင် တန်ဝမ်ကျဲ၏ ပြတ်သားသော သတ်ဖြတ်မှုများနှင့် ထိုမှတ်ဉာဏ်ချို့ယွင်းနေသော စစ်ပြန်ကြီး... အရာအားလုံးက ထူးဆန်းနေသည်။

“အစီရင်ခံပါတယ် သံသယရှိသူရဲ့ ခြေရာကို တွေ့ရပါပြီ။”

“ဘယ်မှာလဲ။”

“ဒါ့ကင်း တောင်နားမှာပါ။ ဒါပေမဲ့ သူ့ဘေးမှာ အနီရောင်ဝတ် မိန်းကလေးတစ်ယောက် ပါနေတယ်။”

“အနီရောင်ဝတ် မိန်းကလေး။”

ဗီဒီယိုဖိုင်ထဲတွင် တန်ဝမ်ကျဲနှင့်အတူ ရှိနေသော အနီရောင်ဝတ် မိန်းကလေးကို မြင်လိုက်ရသောအခါ အရာရှိမှာ ဦးရေပြားများပင် စိမ့်သွားသည်။ အကယ်၍ သူ မှတ်မိသလောက်ဆိုလျှင် အနီရောင်ဝတ် မိန်းကလေးနှင့် ပတ်သက်သော လူပျောက်မှုများစွာ ရှိခဲ့ဖူးသည်။

ထို့ကြောင့် ထိုအရာရှိက ချွမ်ဟုန်ထံ အပြေးအလွှား သွားမေးလိုက်သည်။

“သူက အဲဒီအရာတွေကို တကယ် ဖမ်းနိုင်လို့လား။”

“သူက အရမ်းကို အစွမ်းထက်တာဗျ။”

ချွမ်ဟုန်ကခဏမျှ ကြောင်သွားပြီးနောက် လက်မထောင်ပြလိုက်သည်။

တခြားသူတွေက တန်ဝမ်ကျဲကို မယုံရင်နေမယ် သူကတော့ အကြွင်းမဲ့ ယုံကြည်သည်။

“ဘာဖြစ်လို့လဲ။”

ချွမ်ဟုန်ကနားမလည်စွာ မေးလိုက်သည်။

“သူ့ကို အနီရောင်ဝတ် မိန်းကလေးက ခေါ်သွားပြီ။ သူ ပျောက်သွားပြီ။”

“တကယ်လား။”

သတင်းထောက်တစ်ယောက်အနေဖြင့် ချွမ်ဟုန်သည် အနီရောင်ဝတ် မိန်းကလေးအကြောင်းကို သိထားပြီး ထိုအကြောင်းအရာကို သတင်းရေးရန်ပင် စိတ်ကူးခဲ့ဖူးသည်။

‘တန်ဝမ်ကျဲကို အနီရောင်ဝတ် မိန်းကလေးက ခေါ်သွားတာလား။ အဲဒီလောက် အစွမ်းထက်တဲ့လူက... ဒီအတိုင်းပဲ သေသွားနိုင်လို့လား။’

All Chapters