ဤမျှ ကြွယ်ဝသော တိုက်ပွဲမျိုး တစ်ခါမျှ မတိုက်ခဲ့ဖူးချေ။
Vol. 11 Ch. 106
မိုးခြိမ်းသံများ ဟိန်းဟောက်လာပြီး ကောင်းကင်ယံမှာ လျှပ်စီးလက်သံများနှင့်အတူ အက်ကွဲသွားသယောင် ရှိနေသည်။
တန်ဝမ်ကျဲသည် သူ၏ ကတိအတိုင်း သတ္တဝါအားလုံး တန်းတူညီမျှခြင်းဟူသည်မှာ ဘာလဲဆိုသည်ကို မိစ္ဆာနှင့် သရဲတစ္ဆေများ နားလည်သွားအောင် ထက်မြက်လှသော မေတ္တာတရားဖြင့် သင်ခန်းစာ ပေးလိုက်ပြီ ဖြစ်သည်။
နတ်ဘုရားများ၏ စွမ်းအားသည် သရဲတစ္ဆေနှင့် မိစ္ဆာများအပေါ် အကြွင်းမဲ့ ဖိနှိပ်နိုင်စွမ်း ရှိသည်။ အကယ်၍ စစ်သူကြီး ကျောက်ကုန်းမင် ၏ နက်ကျားသည် အနီရောင်ဝတ် မိန်းကလေးကို မသတ်နိုင်ဟုဆိုလျှင် ၎င်းမှာ ဟာသတစ်ခုသာ ဖြစ်ပေလိမ့်မည်။
အထူးသဖြင့် ဤကမ္ဘာတွင် နတ်ဘုရား စွမ်းအား၏ ကောင်းချီးပေးမှုမှာ အလွန်ပင် ပြင်းထန်လှသည်။ မိစ္ဆာနှင့် ဝိညာဉ်ဆိုးများ သောင်းကျန်းနေချိန်တွင် လူသားတို့၏ တုံ့ပြန်မှုမှာ နတ်ဘုရားများအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရခြင်း ဖြစ်သည်။
သို့သော် လင်မေဟွာကို ကြည့်ခြင်းအားဖြင့် တန်ဝမ်ကျဲ ပေးလိုက်သော တိုက်ကွက်မှာ သူမ၏ စိတ်ဓာတ်ကိုပါ ဖြတ်တောက်လိုက်ခြင်း ဖြစ်ကြောင်း သိသာလှသည်။ အကယ်၍ သူမတွင် စိုးရိမ်ရမည့် သမီးတစ်ယောက်သာ မရှိခဲ့လျှင် ထိုနေရာ၌တင် သူမ သေဆုံးသွားနိုင်ပေသည်။
လီရှူးဖန်သည် တန်ဝမ်ကျဲကို စိုးရိမ်တကြီး ကြည့်နေမိသည်။ သူသည် သူမ၏သမီးကိုလည်း ထိုကဲ့သို့ တိုက်ကွက်တစ်ခု ပေးပြီးမှ မိခင်မေတ္တာကို ခံစားမိရဲ့လား ဟု မေးဦးမှာလား။
“အန်တီ သူက တကယ့်ကို အံ့သြဖို့ကောင်းတယ် မဟုတ်လား။”
လင်ကျွင်းခိုင်ကစိတ်လှုပ်ရှားစွာ ပြောသည်။
“စိတ်မပူပါနဲ့ ကျွန်တော်တို့ လီယာတင်းကို သေချာပေါက် ပြန်ခေါ်လာနိုင်မှာပါ။”
လီရှူးဖန်က ခက်ခက်ခဲခဲ ခေါင်းညိတ်ပြသည်။ ယခုအချိန်တွင် သူမ ယုံကြည်နိုင်သည်မှာ တန်ဝမ်ကျဲ တစ်ယောက်သာ ရှိတော့သည်။
“တကယ်ပဲ ဖြစ်နိုင်ပါ့မလား။”
လင်ကျွင်းခိုင်သည် အဝတ်နက် အုပ်ထားသော သံလှောင်အိမ်ကြီးကို သယ်ကာ တန်ဝမ်ကျဲ၏ အနောက်မှ လိုက်လာခဲ့သည်။
တန်ဝမ်ကျဲက ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်ပြသည်။
“စိတ်မပူနဲ့ ရှောင်မင်ကို ငါကိုယ်တိုင် လေ့ကျင့်ပေးထားတာ။ သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်။ အဆင်မပြေရင်လည်း နောက်တစ်သုတ် ထပ်ဖမ်းရုံပေါ့။”
လှောင်အိမ်မှာ ရုတ်တရက် တုန်ခါလာသည်။ မိစ္ဆာကလေးငယ်များ၏ အမာခံစခန်းထဲတွင် သူတို့ တမင်ဝှက်ထားသော လူတစ်ယောက်ကို ရှာရသည်မှာ အလွန်ခက်ခဲလှသည်။
တန်ဝမ်ကျဲသည် နက်ကျားဗိုလ်ချုပ်ကို ပင့်ဆောင်ပြီး တောင်ပေါ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်လျှင်ပင် မိစ္ဆာကလေးငယ်တိုင်းကို သတ်နိုင်ဖို့ မသေချာသရွေ့ ထိုလူကို ကယ်တင်နိုင်ဖို့ မသေချာပေ။
ဒါ့ကင်းတောင်သို့ မရောက်မီ တန်ဝမ်ကျဲသည် လှောင်အိမ်ကို ဖွင့်ကာ သူ အထူးအမှတ်အသား လုပ်ထားသော မိစ္ဆာကလေးငယ် ရှောင်မင်”ကို ကြည့်လိုက်သည်။ အထူးအဆန်းတော့ မဟုတ်ပေ လင်မေဟွာ၏ မိုးကြိုးငါးသွယ် မန္တန်ဖြင့် ခပ်ထားသော အမာရွတ်တစ်ခုသာ ဖြစ်သည်။
“ထွက်ပြေးဖို့ မစဉ်းစားနဲ့ ဘယ်သူ့ကိုမှလည်း သွားမပြောနဲ့။”
တန်ဝမ်ကျဲကအသံကို နှိမ့်ကာ ပြောလိုက်ပြီးမှ ပြုံးလျက်
“ရှောင်မင် မင်းကို ငါကိုယ်တိုင် လေ့ကျင့်ပေးထားတာ။ မင်းသာ ငါ့စကား နားထောင်ရင် ဒါ့ကင်းတောင်က မိစ္ဆာကလေးငယ်တွေရဲ့ ခေါင်းဆောင် ဖြစ်လာမယ်လို့ ငါ အာမခံတယ်။ မင်းသာ နားမထောင်လို့ကတော့... ဟင်းဟင်း”
မိစ္ဆာကလေးငယ် ရှောင်မင်မှာကြောက်လန့်တကြား ခေါင်းလျှိုသွားသည်။
“အစ်ကိုကျဲ စိတ်မပူပါနဲ့။”
“မှတ်ထား မင်း ပြန်ရောက်သွားရင် ငါ့ကို စိတ်တိုင်းကျ ဆဲလိုက်။ မင်း စိတ်ထဲမှာ ငါ့အပေါ် ဘယ်လောက် ရိုသေလေးစားနေသလဲ ဆိုတာ ငါသိပါတယ် စိတ်နဲ့မပါဘဲ ပြောရတာ ခက်မယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့ ဒါက မင်း ဟန်ဆောင်ကောင်းဖို့အတွက်ပဲ။ ဒါကြောင့် စိတ်မပူနဲ့ ငါ မင်းကို အပြစ်မတင်ဘူး။”
မိစ္ဆာကလေးငယ် ရှောင်မင်သည် တန်ဝမ်ကျဲက သူ၏ ခန္ဓာကိုယ်တွင် တစ်ခုခုကို ချည်နှောင်နေသည်ကို ကြည့်ကာ မသိစိတ်ဖြင့် မေးလိုက်သည်။
“အစ်ကိုကျဲ ဒါ ဘာကြီးလဲ။”
“အော်... ဒါလား အသံဖမ်းစက်လေ။ မင်းပြောသမျှ အကုန် မှတ်တမ်းတင်ထားလိမ့်မယ်။ မင်း အသက်ပဲ ပေးရပေးရ ဒါကတော့ ပျက်လို့ မရဘူး။ ပျက်သွားရင်တော့ မင်း ငါ့အတင်း ပြောနေတယ်လို့ ငါ ယူဆမှာပဲ။”
ရှောင်မင် တစ်ယောက် ဆွံ့အသွားတော့သည်။
တန်ဝမ်ကျဲက ရှောင်မင်၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
“မှတ်ထား မင်းတို့အုပ်စုရဲ့ ခေါင်းဆောင်တွေ ကိုင်တွယ်ရခက်တဲ့သူတွေနဲ့ မင်းကိုယ်တိုင် မကြိုက်တဲ့သူတွေ အကုန်လုံးကို မျှားခေါ်လာခဲ့။ ငါ သုံးရက်နေရင် မင်းဆီက သတင်းကို စောင့်နေမယ်။ သွားတော့ ရှောင်မင်။”
ဘေးက ကြည့်နေသော လင်ကျွင်းခိုင်က မိစ္ဆာကလေးငယ် တောင်ပေါ် ပြေးတက်သွားသည်ကို ကြည့်ကာ မေးလိုက်သည်။
“အစ်ကိုကျဲ လီယာတင်းကရော။”
“မိစ္ဆာကလေးငယ်တွေ လူဖမ်းသွားရင် လမ်းပျောက်အောင်ပဲ လုပ်တာ လွယ်လွယ်နဲ့ အန္တရာယ် မပေးဘူး။ အဲဒီ ကြောက်တတ်တဲ့ ရှောင်မင်က လီယာတင်းကို ကယ်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား။”
ရှောင်မင်သည် သူ သေချာ ရွေးချယ်ထားသူ မှန်သော်လည်း သူဖမ်းမိသမျှထဲတွင် စွမ်းအားအနည်းဆုံး ဖြစ်သည်။ သို့သော် သူသည် အလွန်ပါးနပ်ပြီး ဉာဏ်ကောင်းသည်။
“ရှောင်မင် ထွက်ပြေးသွားရင်ကော။”
တန်ဝမ်ကျဲ ခေါင်းခါလိုက်သည်။
“သူက အလွန် ဉာဏ်ကောင်းတယ်။ သေချာပေါက် ထွက်ပြေးမှာ မဟုတ်ဘူး။”
အကယ်၍ သူ ထွက်ပြေးလျှင် တန်ဝမ်ကျဲ၏ အမြစ်ပြတ် ရှာဖွေမှုနှင့် ရင်ဆိုင်ရမည် ဖြစ်သလို သစ္စာဖောက် တစ်ယောက်အနေဖြင့် မိစ္ဆာအုပ်စုကြားတွင်လည်း အပယ်ခံရနိုင် သို့မဟုတ် အသတ်ခံရနိုင်သည်။
အကယ်၍ သူ မပြေးဘဲ တန်ဝမ်ကျဲကို ကူညီလျှင်မူ သူသည် ခေါင်းဆောင်ဖြစ်လာပြီး အုပ်ချုပ်နိုင်မည် ဖြစ်သည်။ သူသည် အလွန် ဉာဏ်ကောင်းလွန်းသဖြင့် ထွက်ပြေးမည် မဟုတ်ပေ။
တန်ဝမ်ကျဲ လှည့်ထွက်လာခဲ့သည်။
“သွားကြစို့။ သုံးရက်နေရင် ပြန်လာမယ်။”
“ခင်ဗျား ဘယ်လို ထင်လဲ။”
လင်မေဟွာ၏ ကိစ္စမှာ ပြေလည်သွားခဲ့ပြီ။ သူမသည် သမီးဖြစ်သူနှင့်အတူ ရွှမ်ဟု ဘုရားကျောင်းသို့ လိုက်လာခဲ့သည်။သူမသည် တန်ဝမ်ကျဲကို ကူညီချင်သလို စိတ်မအေးဖြစ်နေသဖြင့် ထိုနေရာတွင်ပင် နေထိုင်နေသည်။
ဖိနပ်တစ်စုံကို တန်ဝမ်ကျဲထံ ဆက်သလာသည်။ ခြေဖနောင့် ထူထူနှင့် လည်ရှည်ဖိနပ် အဖြူရောင်ဖြစ်သည်။ ထိုဖိနပ်ပေါ်တွင် မိုးကြိုးငါးသွယ် မန္တန်များဖြင့် ပြည့်နှက်နေသည်။
တန်ဝမ်ကျဲသည် သူ၏ ခန္ဓာကိုယ်တွင် လက်နှစ်ဖက်သာ ရှိခြင်း အတွက် အမြဲတမ်း အခက်တွေ့နေရသူ ဖြစ်သည်။ သူ့တွင် မှော်ပစ္စည်းများ၊ လက်နက်များနှင့် ကိရိယာများစွာ ရှိသော်လည်း တကယ်တိုက်လျှင် လက်နှစ်ဖက်သာ သုံးနိုင်သည်။ လက်နက်ပြောင်းရန်အတွက် အိတ်ထဲတွင် ရှာဖွေနေရသည်မှာ အရေးကြီးသော အချိန်များတွင် အသက်အန္တရာယ် ရှိနိုင်သည်။
ထို့အပြင် လက်နှစ်ဖက်လုံးတွင် လက်နက်ကိုင်ထားပါက မန္တန်သုံးရန်အတွက် လက်နက်တစ်ခုကို လွှတ်ချရမည် ဖြစ်သည်။ လက်ချောင်းဖြင့် မန္တန်လုပ်ရန် လွယ်သော်လည်း မိုးကြိုးလက်ဝါးမှာမူ အလွန် အလုပ်ရှုပ်လှသည်။အကယ်၍ သူ၏ ခြေထောက်များကပါ တိုက်ပွဲတွင် ပါဝင်နိုင်လျှင်ကော။
ထို့ကြောင့် သူသည် လင်မေဟွာကို မိုးကြိုးငါးသွယ် မန္တန် ဖိနပ်တစ်စုံ လုပ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဤလျှို့ဝှက်နယ်မြေ မှ ထွက်ခွာပြီးနောက် ဆုလာဘ်အဖြစ် ၎င်းတို့ကို ရရှိနိုင်လျှင် သူသည် မိမိကိုယ်ပိုင် စိတ်ကြိုက် လက်နက်များကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။
တန်ဝမ်ကျဲသည် ဖိနပ်ကို စီးကာ ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်သည်။
“အရောင် ကျွတ်သွားနိုင်လား။”
လင်မေဟွာ၏ မန္တန်များသည် ပြင်းထန်သော်လည်း အားနည်းချက်တစ်ခု ရှိသည်။ အကယ်၍ မန္တန်၏ အစိတ်အပိုင်းတစ်ခုခု အုပ်မိသွားလျှင် အလုပ်မလုပ်တော့ပေ။ အကယ်၍ အဝတ်အစားဖြင့် ဖုံးအုပ်ထားလျှင် မည်သည့်အစွမ်းမျှ ပြမည်မဟုတ်ပေ။ ထို့ကြောင့် သူမ တိုက်ခိုက်တိုင်း အင်္ကျီလက်ကို အရင်လိပ်ရခြင်း ဖြစ်သည်။ ဤဖိနပ်ပေါ်က မန္တန်များကိုလည်း ဖုံးအုပ်၍ မရပေ။
ထားလိုက်ပါတော့။ဒါက သူ့ရဲ့ ဖြတ်ကနဲ ပေါ်လာတဲ့ စိတ်ကူးတစ်ခုပဲ။
နောက်ထပ် အရေးကြီးဆုံးအချက်မှာ လင်မေဟွာသည် တန်ဝမ်ကျဲ ဝယ်လာသော အဝတ်အစားများပေါ်တွင် ခေါင်းအစ ခြေအဆုံး မိုးကြိုးငါးသွယ် မန္တန်များကို ရေးဆွဲပေးနေခြင်း ဖြစ်သည်။၎င်းအပြင် မိုးကြိုးငါးသွယ် မန္တန် ထီး၊ ဖဲချပ် စသည်တို့သာမက ဆိုင်ကယ်တစ်စီးလုံးကိုပါ မန္တန်များဖြင့် ဖုံးအုပ်ထားလိုက်သည်။
တန်ဝမ်ကျဲသည် မန္တန်ပါသော အရာများ ကို နောက်တစ်ကြိမ် ကမ္ဘာသစ်မသွားမီ ရယူနိုင်မည်ဆိုပါက မိုးကြိုးငါးသွယ် မန္တန် တင့်ကား သို့မဟုတ် ရဟတ်ယာဉ်ကိုပင် ရယူရန် စိတ်ကူးနေတော့သည်။
၎င်းမှာ သူ၏ ခန့်မှန်းချက်သာ ဖြစ်သော်လည်း သူသည် ရွှမ်ဟု ဘုရားကျောင်းမှ ပစ္စည်းများကိုလည်း သိမ်းကျုံးယူငင်နေသည်။ သုံးရက်မှာ ခဏချင်း ကုန်ဆုံးသွားခဲ့သည်။
“နဂါးကျားစကတ်တွေ၊ ဗိုက်စည်းတွေ၊ နက်ကျားမင်း အမိန့်ပေးအလံတွေ...”
တန်ဝမ်ကျဲကမေးသည်။
“ဆရာကြီးအားလုံ တခြား ဘာမှ မကျန်တော့ဘူးလား။”
ဆရာကြီးအားလုံက မနေနိုင်ဘဲ ပြောလိုက်သည်။
“ဒါတွေ တောင် အများကြီးပဲ။ မင်း ဒါတွေအကုန် တကယ်ပဲ ဝတ်မှာလား။”
တန်ဝမ်ကျဲက ခေါင်းခါလိုက်သည်။
“ဆရာကြီး မှားနေပြီ။ ဝတ်စုံ က ထူလေလေကျွန်တော် ပိုပြီး ဘေးကင်းလေလေပဲ။”
ထို့နောက် သူ၏ မျက်လုံးများက ဆရာကြီးအလုံ၏ ရင်ဘတ်ပေါ်က ပစ္စည်းတစ်ခုထံသို့ ရောက်သွားသည်။ ဆရာကြီးအလုံက သူ၏ရင်ဘတ်ကို ကာလိုက်သည်။
“ဘာလုပ်မလို့လဲ။”
“ဆရာကြီးရဲ့ လည်ပင်းက မိုးကြိုးငါးသွယ် အမိန့်ပေးတံဆိပ် လေး ခဏလောက် ငှားပါဦး။”
ဆရာကြီးအားလုံသည် တွန့်တိုနေသယောင် ရှိသော်လည်း တံဆိပ်ကို ချွတ်ပေးချိန်တွင်တော့ ရိုးသားလှသည်။
“ပြန်ပေးဖို့ မမေ့နဲ့နော်။”
“စိတ်မပူပါနဲ့။”
တန်ဝမ်ကျဲသည်တံဆိပ်ကို ယူကာ လည်ပင်းတွင် ဆွဲလိုက်သည်။ ပစ္စည်းကောင်းလေးပဲ။
ဘုရားကျောင်း အဝင်ဝတွင်...
လီရှူးဖန်၊ လင်ကျွင်းခိုင်၊ လင်မေဟွာနှင့် သမီးတို့ အားလုံးသည် မိုးကြိုးငါးသွယ် မန္တန်ဝတ်စုံကို ဝတ်ဆင်ပြီး မိုးကြိုးငါးသွယ် မန္တန်ဆိုင်ကယ်ကို စီးကာ ဒါ့ကင်းတောင်သို့ ဦးတည်သွားနေသော တန်ဝမ်ကျဲကို စိုးရိမ်တကြီး ကြည့်နေကြသည်။
တန်ဝမ်ကျဲ၏ စိတ်အခြေအနေမှာ အလွန်ပင် ပေါ့ပါးနေပြီး သီချင်းပင် ဆိုနေသေးသည်။
“ငါက ထိုင်ဝမ်မလေးတွေကို ချစ်တယ်။ထိုင်ဝမ်မလေးတွေကလည်း ငါ့ကို ချစ်တယ်။”
သူသည် ဤမျှ ကြွယ်ဝသော တိုက်ပွဲမျိုး တစ်ခါမျှ မတိုက်ခဲ့ဖူးချေ။