← Chapters

【ကျန့်ကွေ၏ နှစ်သက်မှု +၁】 နှင့် 【ကျန့်ကွေ၏ နှစ်သက်မှု -၁】

Vol. 11 Ch. 109

【ကျန့်ကွေ၏ နှစ်သက်မှု +၁】 နှင့် 【ကျန့်ကွေ၏ နှစ်သက်မှု -၁】

Vol. 11 Ch. 109

“သူမရဲ့ မျိုးရိုးနာမည်ကို မေးဖို့ ထပ်မေ့သွားပြန်ပြီ။”

တန်ဝမ်ကျဲသည် အရောင်းစာရေးမလေး၏ အိမ်မှ ထွက်လာချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်နေပြီဖြစ်သည်။ကံကောင်းထောက်မစွာဖြင့် သူသည် အတွင်းခံဘောင်းဘီအသစ် နှစ်ထည် ဝယ်နိုင်ခဲ့သည်။

သူ ဟူအန်းဘုရားကျောင်းသို့ ရောက်ရှိချိန်တွင် ကောင်းကင်ယံမှာ လုံးဝ မှောင်အတိ ကျနေပြီ ဖြစ်သည်။

“မင်း... မင်းပြန်လာပြီလား။”

ကျားမင်း သည် တံခါးမှ ဝင်လာသော ပုံရိပ်ကို ကြည့်ကာ အံ့သြတကြီး ထရပ်လိုက်သည်။

“မင်း နေကောင်းရဲ့လား။ရဲတွေရဲ့ ဝရမ်းထုတ်တဲ့ ကိစ္စကရော ဘာဖြစ်သွားလဲ။”

တန်ဝမ်ကျဲကို ပြန်တွေ့လိုက်ရသဖြင့် သူ့စိတ်ထဲတွင် သက်ပြင်းချနိုင်သွားသည်။

“ဝရမ်းကိုတော့ ခေတ္တ ဆိုင်းငံ့ထားလိုက်ပြီ။ သရဲသခင်က ဘယ်မှာလဲ။”

တန်ဝမ်ကျဲက ခေါင်းကို လှည့်ပတ်ကြည့်လိုက်ရာ ပူဇော်စင်ရှေ့ရှိ ဝါးထိုင်ခုံလေးတစ်ခုပေါ်သို့ အကြည့်ရောက်သွားသည်။သူ ဝင်လာချိန်တွင် ထိုထိုင်ခုံလေးမှာ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

သူသည် နှုတ်ဆက်သည့်အနေဖြင့် ထိုဝါးထိုင်ခုံလေးကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ကုလားထိုင်ဒေါ်ဒေါ်မှာ အိမ်စောင့်ဝိညာဉ်တစ်မျိုး ဖြစ်သည်။သာမန် တောင်စောင့်နတ် သို့မဟုတ် တစ္ဆေများမှာ သရဲတစ္ဆေ နှိမ်နင်းရေး နတ်ဘုရား စံပယ်သည့် ဘုရားကျောင်းတွင် ညအိပ်ရန် သတ္တိရှိကြမည် မဟုတ်ပေ။

“ပုန်းနေတယ်”

ကျားမင်းသည် တန်ဝမ်ကျဲ မရှိသည့် တစ်လနီးပါး ကာလအတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြတော့သည်။

ရဲများ၏ စစ်ဆေးမေးမြန်းခြင်းကို ခံရပြီးနောက် သူ မကြာမီမှာပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

ထို့နောက်သူနှင့် သူ၏ ဒေါ်လေးတို့သည် ကြိုးဆွဲချ သေဆုံးသူ၏ ဝိညာဉ်ကို ကို ပို့ဆောင်ရန်အတွက် ကျန့်ကွေ ရာတုကို ကျင်းပပေးမည့် ဆရာကြီးတစ်ဦးကို ပင့်ဖိတ်ခဲ့ကြသည်။

သို့သော်ရဲများက သူမဦးလေး၏ ကြိုးကွင်းကို သက်သေခံပစ္စည်းအဖြစ် ယူဆကာ ထိုအခမ်းအနားကို နှောင့်ယှက်ခဲ့ကြသည်။

ထို့နောက်တွင်တော့ သူတို့သည် လူတွေ ခဏခဏ ကြိုးဆွဲချသေဆုံးလေ့ရှိသည့် ရှေးဟောင်း သစ်ပင်ကြီးကို ခုတ်လှဲကာ မြေကြီးကို တူးကြည့်ခဲ့ကြရာ သစ်မြစ်အောက်တွင် သရဲသခင်၏ ရုပ်တုဆိုးကို တွေ့ရှိခဲ့ကြသည်။

ထိုအချိန်မှစ၍ အခြေအနေများမှာ အနည်းငယ် ငြိမ်သက်သွားသယောင် ရှိသည်။ ကျားမင်း ဘုရားကျောင်းသို့ ရောက်နေသဖြင့် အရာအားလုံးမှာ သူနှင့် မသက်ဆိုင်တော့ပေ။ ကျန့်ကွေကို သတ်မည်ဟု ကြုံးဝါးနေသော သရဲသခင်မှာလည်း ဘုရားကျောင်းရှေ့သို့ တစ်စက္ကန့်မျှပင် ပေါ်မလာရဲတော့ချေ။

ကျားမင်း ပြောပြချက်များထဲမှ တန်ဝမ်ကျဲသည် ရှေ့နောက်မညီသော အချက်အချို့ကို သတိထားမိလိုက်သည်။ ပထမအချက်ကြိုးဆွဲချ သေဆုံးသူ၏ ဝိညာဉ်မှာ ဒေသခံ ဓလေ့ထုံးတမ်းများအရ မည်သူမျှ အခမ်းအနားကို မဆင်မခြင် နှောင့်ယှက်မည် မဟုတ်ပေ။

ဒေသခံနိုင်ငံရေးသမားများပင်လျှင် ရွေးကောက်ပွဲအတွက် လူထုထောက်ခံမှု ရရန် ပွဲတော်ရက်များတွင် ဘုရားကျောင်းများသို့ လာရောက် ပူဇော်ကာ ဟန်ရေးပြလေ့ ရှိကြသည်။

ထို့အပြင် သစ်ပင်ကို အလျင်အမြန် ခုတ်လှဲကာ သရဲသခင်၏ ရုပ်တုကို တူးထုတ်ခြင်းမှာ သရဲသခင်ကိုယ်တိုင် နောက်ကွယ်က ကြိုးကိုင်နေခြင်း ဖြစ်ကြောင်း အတည်ပြုပေးနေသည်။

ကျားမင်း စကားပြောနေစဉ် တန်ဝမ်ကျဲက အေးအေးဆေးဆေး စဉ်းစားနေသည်။

“...ဆရာကြီးဟော့က ကျွန်မကို ဒီမှာပဲ နေဖို့ ပြောတယ် နတ်ဘုရားက ကျွန်မကို ကာကွယ်ပေးလိမ့်မယ်တဲ့။”

သူမ စကားဆုံးသွားချိန်တွင် တန်ဝမ်ကျဲသည် သရဲနှိမ်နင်းရေး နတ်ဘုရားရုပ်တုရှေ့သို့ ရောက်သွားကာ ဂါရဝပြုနေသည်ကို သူမ သတိထားမိလိုက်သည်။။

【ကျန့်ကွေ၏ နှစ်သက်မှု +၁】

အကယ်၍ စစ်သူကြီး ကျိုးချန်း က တန်ဝမ်ကျဲကို ရွေးချယ်စရာ မရှိ၍ နှစ်သက်ခဲ့ခြင်း ဖြစ်ပြီး။နက်ကျား ဗိုလ်ချုပ်က သူ၏ တပည့်အရင်း ဖြစ်မှုနှင့် မိစ္ဆာကလေးငယ်ကို သတ်လိုသည့် စိတ်ကြောင့် နှစ်သက်ခဲ့ခြင်း ဖြစ်သည်ဆိုလျှင်။

သရဲနှိမ်နင်းရေး နတ်ဘုရား ကျန့်ကွေက တန်ဝမ်ကျဲကို နှစ်သက်ရခြင်း အကြောင်းရင်းမှာ ရိုးရှင်းလှပါသည်။

၎င်းမှာ သူတို့နှစ်ဦးစလုံး သရဲသတ်ခြင်း ကို ဝါသနာတူသောကြောင့်ပင်။

“ဘုရားကျောင်းက ဆရာကြီးတွေ ဘယ်မှာလဲ။”

တန်ဝမ်ကျဲကလှည့်မေးသည်။

ကျားမင်းက

“သူတို့ အိမ်ပြန်နားကြပြီ။”

“ရဲစခန်းက ဘယ်ဘက်မှာလဲ။”

သူ ရုတ်တရက် စိုးရိမ်သွားသည်။

“ရှင် ဘာလုပ်မလို့လဲ။”

အမှန်တကယ်တွင် ဘုရားကျောင်း ဆရာကြီးများက ရဲအရာရှိ တစ်ယောက်သည် သရဲသခင်၏ ထိန်းချုပ်မှုကို ခံနေရနိုင်ကြောင်း သို့မဟုတ် သရဲသခင်ကိုယ်တိုင်က ရဲစခန်းထဲတွင် ရှိနေနိုင်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။

ဤနိုင်ငံခြားမှဝိညာဉ်ဆိုးများသည် ဒေသခံ ရဲစခန်းများ၏ ကန့်သတ်ချက်အောက်တွင် မရှိကြပေ။သာမန်လူများ၏ စွမ်းဆောင်ရည်ဖြင့်မူ ရဲစခန်းထဲတွင် ပုန်းနေသော သရဲသခင်ကို ကြည့်ကာ သက်ပြင်းသာ ချနိုင်ကြသည်။ မိမိတို့ တတ်နိုင်သမျှ လူတွေကို ကာကွယ်ပေးခြင်းမှာ သူတို့၏ အကန့်အသတ်ပင် ဖြစ်သည်

ကျားမင်းက အလေးအနက် ပြောသည်။

“အဲဒါ ရဲစခန်းနော်။”

တန်ဝမ်ကျဲက ဘုရားကျောင်း အပြင်ဘက်က လမင်းကို ညွှန်ပြသည်။

“ကြည့်စမ်း ရာသီဥတုက သိပ်သာယာတာပဲ။”

ကောင်းကင်ယံမှာ ကြည်လင်နေသည်။ သူသည် ဤကဲ့သို့ ရာသီဥတုမျိုးကို ကြိုက်သည် သရဲသတ်ရန် အလွန် သင့်တော်လှသည်။ ဆရာကြီးတွေ ဒီမှာ မရှိတာကတော့ နှမြောစရာပင်။ မဟုတ်ရင် သူ ကျန့်ကွေအကကို သင်ယူပြီး သရဲတွေကို အမြစ်ပြတ် သတ်ပစ်နိုင်မည် ဖြစ်သည်။

သန်းခေါင်ယံ လရောင်အောက်တွင်။

လူအများ အိပ်မောကျနေကြပြီ။ းလမ်းမီးတိုင်များက မြေပြင်ပေါ်တွင် အလင်းစက်ဝိုင်းလေးများ ဖန်တီးထားပြီး အမှောင်ထုကို ပိုမို ထင်ရှားစေသည်။ အေးစက်သော လေညင်းက သူ၏ လည်ပင်းကို ဓားတစ်လက်ကဲ့သို့ လာရောက် ပွတ်တိုက်သွားသည်။

ဘုရားကျောင်းထဲမှ ကျားမင်း၏ မန္တန်ရွတ်သံများ ထွက်ပေါ်လာပြီး တန်ဝမ်ကျဲကို လိုက်လံ ပို့ဆောင်ပေးနေသည်။

တန်ဝမ်ကျဲသည် နဂါးကျားစကတ်ကို ဝတ်ဆင်ကာ ဘယ်ဘက်လက်တွင် အနက်ရောင် အမိန့်ပေးအလံ ညာဘက်လက်တွင် ဓားမကြီးကို ကိုင်ဆောင်ထားသည်။ သူသည် လမ်းမီးရောင်အောက်က သူ၏ အရိပ်ကို နင်းကာ ရဲစခန်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေသည်။

သူ ဖြတ်သန်းသွားချိန်တွင် ပိုးကောင်များ၏ အော်သံများ ရပ်တန့်သွားကာ ငှက်နှင့် တိရစ္ဆာန်များမှာလည်း ထွက်ပြေးကြတော့သည်။ တန်ဝမ်ကျဲ၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ကျားသစ်ကြီး တစ်ကောင် တကယ်ပင် လိုက်ပါလာသကဲ့သို့ပင်။

ရဲစခန်းအတွင်း၌...

မကြာသေးမီက ဖြစ်ပွားခဲ့သော ရဲစခန်း အတိုက်ခံရမှုနှင့် လုယက်မှုများကြောင့် အထက်လူကြီးများက ရဲစခန်းအတွင်း မည်သည့် နတ်ရုပ်တုကိုမျှ မကိုးကွယ်ရန် အမိန့်ထုတ်ထားသည်။ သို့သော် အစိုးရရှေ့နေ ချိုက် ၏ စားပွဲပေါ်တွင်မူ အလွန်အရုပ်ဆိုးသော ရုပ်တုလေးတစ်ခု ရှိနေသည်။ ၎င်းမှာ ဆံပင်များ ဖရိုဖရဲနှင့် စုတ်ပြတ်နေသော အဝတ်အစားများ၊ အရိုးပြူးပြူးနှင့် ကြည့်ရဆိုးသော သူတောင်းစားကြီး သို့မဟုတ် ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရသော လူယောက်နှင့် တူလှသည်။

ညတာဝန်ကျနေသော ရဲအရာရှိများသည် ရုတ်တရက် လက်များကို မြှောက်ကာ သူတို့၏ မျက်လုံးများကို အတင်း ပွတ်လိုက်ကြသည်။ သူတို့ လက်များကို ပြန်ချလိုက်ချိန်တွင် မျက်လုံးများမှာ သွေးကဲ့သို့ နီမြန်းနေတော့သည်။ သူတို့သည် သေနတ်များကို ဆွဲထုတ်ကာ တစ်ပြိုင်နက်တည်း ရဲစခန်း အပြင်ဘက်သို့ ပြေးထွက်လာကြသည်။

ရဲလေးယောက်မှာ ထူးဆန်းသော ဝတ်စုံနှင့် တန်ဝမ်ကျဲကို မြင်လိုက်ရသည်။သူသည် မတ်မတ်ရပ်နေပြီး လရောင်မှာ သူ၏ ပုခုံးပေါ်သို့ ငွေရောင် ဝတ်ရုံကဲ့သို့ ကျရောက်နေကာ ညကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းမိုးထားသယောင် ရှိသည်။ လူသူကင်းမဲ့သော လမ်းမပေါ်တွင် ဖော်ပြမတတ်သော ဖိအားတစ်ခုမှာ တောင်ပေါ်က ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ တိုးဝင်လာသည်။

သူတို့သည် သေနတ်ပြောင်းများကို တန်ဝမ်ကျဲထံသို့ ချိန်ရွယ်လိုက်ကြသည်။ ပစ်မိန့်တစ်ခု ရရုံနှင့် ပစ်ခတ်ရန် အသင့်ပင်။

ထိုသူလေးဦး၏ အနောက်တွင် အနက်ရောင် တိမ်တိုက်များ လိပ်တက်လာကာ ကောင်းကင်ယံသို့ ပျံ့နှံ့သွားသည်။ ထိုတိမ်တိုက်များသည် ဘီလူးလက်ကြီး တစ်ဖက်ဖြင့် နယ်ဖတ်ထားသကဲ့သို့ တဖြည်းဖြည်းနှင့် ဦးခေါင်းခွံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုဦးခေါင်းခွံ၏ မျက်တွင်းများမှာ နက်ရှိုင်းနေပြီး သွေးဆာနေသော ရဲအရာရှိ လေးဦးကဲ့သို့ပင် ရဲရဲနီနေသော အလင်းတန်း နှစ်ခု ရှိနေသည်။

မိုင်ပေါင်း ထောင်ချီ ခရီးနှင်ကာ မူးယစ်ဆေးဝါး မှောင်ခိုသွင်းပြီး နိုင်ငံခြားမှာ မျက်စိနီရောဂါဖြန့်ဝေနေသော ဤသရဲသခင်မှာ ဉာဏ်သိပ်မကောင်းသည်ကို ဖယ်ထားလျှင် စွမ်းအားမှာ အလွန် ပြင်းထန်လှသည်။ သူ၏ ကိုယ်ပိုင်ခန္ဓာမှာ ဤကမ္ဘာတွင် ကိုယ်ထင်ပြနိုင်ခြင်းမှာပင် ဝိညာဉ်ဆိုးများ၏ ၉၀ ရာခိုင်နှုန်းကို ကျော်လွန်နေပြီ ဖြစ်သည်။

ဤကမ္ဘာတွင် နတ်ဆိုးနှင့် ဝိညာဉ်အများစုမှာ လှည့်စားခြင်း သို့မဟုတ် နာမည်သိခြင်းဖြင့်သာ လူကို ဒုက္ခပေးနိုင်ကြသည်။ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိန်းချုပ်ပြီး လူသတ်နိုင်သူမှာ အလွန်ပင် နည်းပါးလှသည်။

ထိုင်းဝိညာဉ်ဆိုး သရဲသခင်သည် တန်ဝမ်ကျဲကို ငုံ့ကြည့်လိုက်သည်။ သူသည် တန်ဝမ်ကျဲထံမှ ဒေသခံ နတ်ဘုရားများ၏ အရှိန်အဝါကို ခံစားမိသည်။ ၎င်းမှာ နဂါးစိမ်းဓား၏ ထက်မြက်မှု မဟုတ်သလို၊ သူ့ကို နှစ်ပေါင်းများစွာ နှောင့်ယှက်ခဲ့သော ကျန့်ကွေလည်း မဟုတ်ပေ။ သို့သော် ၎င်းမှာ သွေးဆာနေသော သားရဲတစ်ကောင်ကဲ့သို့ အလွန် စက်ဆုပ်ဖွယ် ကောင်းလှသည်။

ယခုအခါ သူသည် မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ထိုသားရဲ၏ အကြည့်အောက်သို့ ရောက်နေရပြီ။ သရဲသခင်သည် ပါးစပ်ကို ဟကာ ဟိန်းဟောက်လိုက်သည်။

“ငါ မင်းကို ကောင်းကင်လည်း တက်လို့မရငရဲလည်း ဆင်းလို့မရအောင် လုပ်ပစ်မယ်။”

ထိုအချိန်မှာပင် ဘုရားကျောင်းအတွင်း၌..

ကျားမင်းသည် စိုးရိမ်တကြီးဖြင့် မန္တန်ရွတ်ဆိုနှုန်းကို မြှင့်တင်လိုက်သည်။ဆယ်မိနစ်ခန့်အကြာတွင် မန္တန်ရွတ်ခြင်း ပြီးဆုံးသွားသည်။ သူသည် ထရပ်ကာ ကျန့်ကွေ ရုပ်တုရှေ့တွင် ဒူးထောက်ပြီး ဦးချလိုက်သည်။

“နတ်ဘုရားကြီ လမ်းပြပေးပါ။ သူ့ကို ကူညီချင်ပါတယ်။”

စားပွဲပေါ်ရှိ မိုးကြိုးငါးသွယ် တံဆိပ်မှာ မြေပြင်ပေါ်သို့ ဘုန်း ခနဲ ပြုတ်ကျသွားသည်။ ကျားမင်းက မော့ကြည့်ကာ ထိုတံဆိပ်ကို ကောက်ယူလိုက်သည်။

“ကျေးဇူးတင်ပါတယ် နတ်ဘုရားကြီး။”

သူမသည် ရဲစခန်းဆီသို့ အပြေးထွက်လာခဲ့သည်။ လေထုထဲတွင် သရဲတစ္ဆေ အော်သံများ ကြားနေရပြီး၊ ကျန့်ကွေ ညီမ လက်ထပ်ပွဲအတွက် သရဲစစ်သည်များက လမ်းရှင်းပေးနေသကဲ့သို့ မည်သည့် မကောင်းဆိုးဝါးမျှ သူမအနားသို့ မကပ်ရဲကြပေ။

တန်ဝမ်ကျဲသည် ဘယ်ခြေကို မြှောက်ကာ မြေကြီးကို ပြင်းထန်စွာ နင်းလိုက်သည်။ လေပြင်းများ တိုးဝှေ့လာသည်။ သူ၏ ခေါင်းကို ခါလိုက်ချိန်တွင် ဒင်္ဂါးပြားမျက်နှာဖုံးမှာ သူ၏ မျက်နှာပေါ်သို့ ကွက်တိ ကျရောက်သွားသည်။။

သူ၏ ဘယ်ဘက်လက်တွင် နက်ကျား အမိန့်ပေးအလံမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။ ယဇ်ပလ္လင် မပြင်ဆင်ထားသဖြင့် နက်ကျားဗိုလ်ချုပ်ကို ဆင့်ခေါ်၍ မရသော်လည်း တန်ဝမ်ကျဲသည် ဆူပွက်နေသော သတ်ဖြတ်လိုစိတ်နှင့် တိုက်ခိုက်လိုစိတ်တို့ကို ခံစားနေရသည်။နက်ကျားဗိုလ်ချုပ်မှာ စိတ်လှုပ်ရှားနေသဖြင့် ပင့်ဖိတ်ခြင်း မပြုရဘဲ အလိုအလျောက် ရောက်ရှိလာခြင်း ဖြစ်သည်။။

【နက်ကျားဗိုလ်ချုပ်၏ နှစ်သက်မှု +၂】

【ကျန့်ကွေ၏ နှစ်သက်မှု +၁】

နက်ကျားဗိုလ်ချုပ်၏ နှစ်သက်မှုကို သူ နားလည်နိုင်သော်လည်း သရဲနှိမ်နင်းရေး နတ်ဘုရား၏ နှစ်သက်မှုက ဘာကြောင့် ထပ်တိုးလာပြန်တာလဲ။သူ၏ ရဲရင့်သော သရဲသတ်စိတ်ဓာတ်က ဆရာကြီးကျန့်ကို စိတ်လှုပ်ရှားသွားစေတာလား။

တန်ဝမ်ကျဲသည် အတွေးများကို အမြန်စုစည်းလိုက်သည်။ ယခု အရေးကြီးဆုံးမှာ သရဲသခင်ကို သတ်ရန်ဖြစ်သည်။

“နက်ကျားဗိုလ်ချုပ်ရဲ့ နတ်ယာဉ်ကို ကြွမြန်းဖို့ လေးစားစွာ ပင့်ဖိတ်ပါတယ် မိစ္ဆာတွေကို နှိမ်နင်းပြီး ဝိညာဉ်ဆိုးတွေကို ဖမ်းဆီးပါသရဲတစ္ဆေတွေကို သတ်ဖြတ်ပြီး မကောင်းသော အရှိန်အဝါတွေကို ဖယ်ရှားပေးပါ။”

အမိန့်ပေးအလံ ပွင့်ထွက်သွားကာ နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်လာသည်။

“နတ်စစ်သည်များ အမိန့်အတိုင်း ဆောင်ရွက်ကြ။”

တန်ဝမ်ကျဲ စကားဆုံးသည်နှင့် သူ၏ ခြေဖဝါးအောက်ရှိ အဋ္ဌဂံပုံရိပ် ထဲမှ နက်ကျားကြီးတစ်ကောင်သည် သူ၏နောက်ကွယ်တွင် တဖြည်းဖြည်း ပုံပေါ်လာတော့သည်။

“ဝေါင်းး”

ကျားမင်းသည် အမောတကောဖြင့် ရဲစခန်းရှေ့သို့ ရောက်လာချိန်တွင် တန်ဝမ်ကျဲ၏ ရှေ့တွင် သတိလစ်နေသော ရဲအရာရှိ လေးဦးကို မြင်လိုက်ရသည်။ သူတို့မှာ ဟိုတစ်ယောက် ဒီတစ်ယောက် လဲကျနေကြသည်။

နတ်ဘုရား အလင်းတန်းများ တောက်ပနေသော နက်ကျားကြီးမှာ သူ၏ ဘေးတွင် ဟိန်းဟောက်နေသည်။ တန်ဝမ်ကျဲသည် ကိုယ်ကို လှည့်ကာ ရှေ့သို့ တစ်လှမ်းတိုးပြီး အနက်ရောင် အမိန့်ပေးအလံကို ပစ်ပေါက်လိုက်ရာ ထိုအလံမှာ လှံတစ်စင်းကဲ့သို့ ပျံသန်းသွားပြီး ကောင်းကင်က သရဲသခင်၏ မျက်ခုံးနှစ်ခုကြားသို့ တည့်တည့် ထိမှန်သွားတော့သည်။

“အားးးးး”

သရဲသခင်သည်နာကျင်စွာ အော်ဟစ်လိုက်သည်။

နတ်အလင်းတန်းများနှင့် နက်ကျားကြီးမှာလည်း ချက်ချင်း လိုက်ပါသွားပြီး ၎င်း၏ လက်သည်းဖြင့် သရဲသခင်၏ ခေါင်းကို ရိုက်ချလိုက်သည်။

ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ဆိုးမှာ လေထဲတွင် ကွယ်ပျောက်သွားတော့သည်။

ထိုအချိန်မှာပင် ရဲစခန်းအတွင်းရှိ အစိုးရရှေ့နေ ချိုက်၏ စားပွဲပေါ်က သရဲသခင် ရုပ်တုမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။

တန်ဝမ်ကျဲမှာ အင်အားကုန်ခမ်းသွားသကဲ့သို့ မြေပြင်ပေါ်သို့ ပုံကျသွားသည်။ သူ၏ ကိုယ်ပေါ်က ထူးခြားသော အရှိန်အဝါများ အားလုံး ပျောက်ကွယ်သွားသည်။

“မင်း အဆင်ပြေရဲ့လား။”

ကျားမင်းကသူ့ဆီ ပြေးလာသည်။သူ တစ်လှမ်း နောက်ကျသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘာမှ မဖြစ်ခဲ့ပေ။

သူ့အသံကို ကြားသောအခါ တန်ဝမ်ကျဲ ခေါင်းလှည့်လိုက်ရာ ဒင်္ဂါးပြားမျက်နှာဖုံးမှာ တချောက်ချောက် မြည်သွားသည်။

“ငါ အဆင်ပြေပါတယ်။ မင်းက ဘာဖြစ်လို့လဲ။”

All Chapters