← Chapters

အစားသောင်းကြမ်းသူ

Vol. 7 Ch. 675

အစားသောင်းကြမ်းသူ

Vol. 7 Ch. 675

ဆန်းလျန်၏မျက်နှာထက်တွင် ကြောက်ရွံ့ထိတ်လန့်သည့်အမူအရာကို မတွေ့ရသည့်အခါ ကျင့်စူးသည် အနည်းငယ် စဉ်းစားသွားလေသည်။

ထိုအချိန်မှာပင်…

ဆန်းလျန်၏ နွေးထွေးသည့်အကြည့်လေးတစ်ချက်ကို သူမ ရင်ဆိုင်လိုက်ရလေသည်။

ဆန်းလျန်က…

“လောလောဆယ်တော့ အဆင်ပြေပါတယ် ၊ ဘာလို့လဲဆိုတော့ အဆိုးဆုံးအခြေအနေမှ မရောက်သေးတာ"

ဆန်းလျန်က ထိုစကားကိုပြောလိုက်သည့်တိုင် သူသည် မည်သည့်အခါမှ အဆိုးဆုံးအခြေအနေသို့ မရောက်နိုင် သည်ကိုသိရှိထားလေသည်။

စောစောကပင်ရင်ဆိုင်ခဲ့ရသည့် စန့်ချင်တာအိုဆရာသခင်၏ စစ်ဆေးမှုကြောင့် အရာအားလုံးဆုံးရှုံးသွားခဲ့ပြီးမှ သူ၏ ဝိညာဉ်သည် ပြန်လည်တည်ဆောက်ပေးခြင်း ခံခဲ့ရလေသည်။ ထို့ကြောင့် သူ၏ ဝိညာဉ်စွမ်းအားပစ္စည်းများဖြစ် သည့် မိုးမြေသန္ဓေမျိုးစေ့နှင့် တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကား (၂)ခုလုံး ပျက်စီးပျောက်ကွယ်သွားခဲ့ရလေ သည်။

သို့သော်… မိုးမြေသန္ဓေမျိုးစေ့နှင့် တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကား (၂)ခုစလုံးသည် အသစ် ပြန်လည်ဖြစ် တည်လာသည့် သူ၏ဝိညာဉ်ဖြင့် စီးဝင်ပေါင်းစပ်သွားခဲ့လေသည်။

ထို့ကြောင့် ယွမ်ကျွင်းဧကရီနှင့် တိုက်ခိုက်သည့်အချိန်တွင် သူ့ကိုယ်သူ ရွှေဇလားအသွင် ဖန်ဆင်းပြီး တိုက်ခိုက်နိုင်ခဲ့ ခြင်းဖြစ်လေသည်။ ယခင်ကကဲ့သို့ တန်ခိုးစွမ်းအားသာ အလုံအလောက်ရှိမည်ဆိုလျှင် သူ့ကိုယ်သူ တောင်နှင်မြစ်ရေ ကောင်းကင်ဘုံပန်းချီကားအဖြစ်လည်း ဖန်ဆင်းနိုင်မည် ဖြစ်လေသည်။

ထို့ကြောင့် လက်ရှိအချိန်ကို အဆိုးဆုံးအခြေအနေဟု အဘယ့်ကြောင့် ပြောရပါမည်နည်း။

တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကား သူ့လက်ထဲသို့ ရောက်လာသည်နှင့် တာအိုဆရာသခင်ထိုက်ယီက ထိုပန်းချီကားကို ကူညီပြီး ဖွင့်လှစ်ပေးခဲ့လေသည်။ ဆန်းလျန်က သူ၏ခန္ဓာကိုယ်ထဲမှ စန့်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်သင်္ကေတကို ထိုပန်းချီကားထဲတွင် ချန်ထားရစ်ခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့ ချန်ထားခဲ့ခြင်းအားဖြင့် စန့်ချင်တာအိုဆရာသခင်၏ လွှမ်းမိုးမှုအောက်မှ ရုန်းထွက် နိုင်မည်ဟု ထင်ခဲ့မိသောကြောင့် ဖြစ်လေသည်။

ဖြစ်ရပ်များက ရှုတ်ထွေးသည့်အတွက် ဆန်းလျန်ကိုယ်တိုင်ပင် သိပ်နားမလည်သော်ငြား စန့်ချင်တာအိုဆရာသခင် ၏မူလဝိညာဉ်ခန္ဓာသင်္ကေတကို သူ၏မူလဝိညာဉ်ထဲမှ ခွဲထုတ်နိုင်ခဲ့လေသည်။

သို့သော်… စန့်ချင်တာအိုဆရာသခင်သည် သူ၏အကြံအစည်ကို လက်လျှော့ဟန်မရှိပါ။

စန့်ချင်တာအိုဆရာသခင်သည် အပြာရောင်ခရီးရှည်နန်းတော်တွင် ဆန်းလျန်ကို စစ်ဆေးခြင်းပြုလုပ်ပြီး တောင်နှင့် မြစ်ရေကောင်းကင်ဘုံပန်းချီကားထဲမှ သူ၏မူလဝိညာဉ်သင်္ကေတကို ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာ အတွင်းသို့ ပြန်လည်ထည့်သွင်းပေးခဲ့လေသည်။

စန့်ချင်တာအိုဆရာသခင်သည် သူနှင့် ခွဲခြားမရလောက်အောင် နက်နက်ရှိုင်းရှိုင်းပတ်သက်ခဲ့ပြီဆိုသည့် အချက်ကို ဆန်းလျန်နားလည်ခဲ့ရလေပြီ။

ပြန်လည်ဖန်ဆင်းခံရသည့် ဆန်းလျန်၏ဝိညာဉ်အစစ်အမှန်သည် မရှိမှုကျေးရွာတွင် ရှိနေဆဲဖြစ်လေသည်။ ယခုတစ်ကြိမ်တွင်တော့ သူ၏ဝိညာဉ်အစစ်အမှန်ဖြင့် စန့်ချင်တာအိုဆရာသခင်၏ မူလဝိညာဉ်ခန္ဓာသင်္ကေတတို့ ပေါင်းစပ်သွားခဲ့ပြီဖြစ်သည့်အတွက် သူ့အနေဖြင့် စန့်ချင်တာအိုဆရာသခင်၏မူလဝိညာဉ်သင်္ကေတနှင့် သူ၏ မူလဝိညာဉ်ခန္ဓာကို ထပ်မံခွဲထုတ်နိုင်ရန် နည်းလမ်းမမြင်တော့ပေ။

မည်သို့ပင်ဖြစ်စေ ဆန်းလျန်သည် အပြာရောင်ခရီးရှည်နန်းတော်သို့လာခဲ့မိသည့်အတွက် နောင်တရခြင်း မရှိခဲ့ပါ။

ထို့ပြင် သူ့အနေဖြင့် လင်ပေါင်ထျန်းကျွင်းကို မည်သည့်နည်းနှင့်မျှ မလွန်ဆန်နိုင်ကြောင်းကိုလည်း စန့်ချင်တာအို ဆရာသခင်ကိုယ်တိုင်က သင်ပြပေးသွားခဲ့ပြီ ဖြစ်လေသည်။ ထို့ပြင် သူ့အနေဖြင့် အပြာရောင် ခရီးရှည်နန်းတော်သို့ ယနေ့ မလာရောက်ခဲ့လျှင်လည်း နောင်တစ်ချိန်တွင် အခြားအကြောင်းအရာများဖြင့် လာရောက်ရမည်ပဲ ဖြစ်လေ သည်။

ထို့ပြင်… သူ့ရင်ထဲမှ သံသယများကို ဖြေရှင်းပေးသွားသည့် ကျင့်စူးကိုလည်း အလွန်ကျေးဇူးတင်မိလေသည်။

စန့်ချင်တာအိုဆရာသခင်၏စစ်ဆေးခြင်းကြောင့် မခံမရပ်နိုင်အောင် နာကျင်မှုများနှင့် စိတ်ပျက်အားလျော့ခြင်းများကို ခံစားခဲ့ရသော်လည်း သူ့ဘ၀ ပျက်စီးခြင်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ကျင့်စူးထံမှ သိရှိခဲ့ရသည့်အတွက် အလွန် ကံကောင်းသည်ဟု ဆိုနိုင်လေသည်။

ထို့ပြင်… တာအိုဆရာသခင်ထိုက်ယီကိုလည်း ဆန်းလျန် ကျေးဇူးတင်မိလေသည်။

ကံဆိုးမိုးမှောင်ကျမှုများမှ လွတ်မြောက်ရန်အတွက် တာအိုဆရာသခင်ထိုက်ယီက သူ့ကို အတတ်နိုင်ဆုံး ကူညီခဲ့ သည်မဟုတ်ပါလား။ သို့သော်… ကံမကောင်းစွာဖြင့်ပင် သူသည် အရှုတ်အထွေးများအတွင်းသို့ တဖန်ပြန်လည် သက်ဆင်းခဲ့ရပြန်လေသည်။

တာအိုဆရာသခင်ထိုက်ယီအနေဖြင့် သူ့ထံမှကျေးဇူးပြန်ဆပ်မှုကို မလိုအပ်သည့်တိုင် သူ၏ကျေးဇူးတရားကိုတော့ ဆန်းလျန်ကအမြဲတမ်း သတိရနေမိမည် ဖြစ်လေသည်။ ကျေးဇူးပြန်ဆပ်နိုင်လျှင်တော့ အတိုင်းထက်အလွန်ပင် ဖြစ်ပေလိမ့်မည်။

ဆန်းလျန်က အေးဆေးတည်ငြိမ်နေသည့်အတွက် ကျင့်စူးသည် ဒေါသထွက်လာလေသည်။

သူမက ဒေါသတကြီးဖြင့်…

“ရှင် ဘာလို့ နည်းနည်းလေးမှ မကြောက်ရတာလဲ”

ဆန်းလျန်ကပြုံးလိုက်ရင်း…

“ကြောက်နေလည်း ဘာများတတ်နိုင်မှာမို့လို့လဲ ၊ ပြီးတော့ လောကမှ ကျုပ်လိုအောင်မြင်တဲ့သူဆိုတာ ခပ်ရှားရှား ရယ် ၊ စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်းကျင့်စဉ်တွေကို ကျင့်ကြံမိလို့ ခုလိုအောင်မြင်မှုတွေရတာဆိုတော့ စန့်ချင် တာအိုဆရာသခင်ကို ကျေးဇူးတောင်တင်သင့်တယ်"

ကျင့်စူးက စိတ်ပျက်လက်ပျက်ဖြင့်…

“ရှင်ကတော့ စံပဲဟေ့ ၊ စောစောကတောင် စန့်ချင်တာအိုဆရာသခင်က ရှင့်ကို သတ်တော့မလို့လေ…"

စန့်ချင်တာအိုဆရာသခင်၏ စစ်ဆေးခံရမှုကြောင့် ဆန်းလျန် ကျင့်စဉ်လမ်းအဆင့်တက်ရောက်နိုင်ခဲ့သည်ကို ကျင့်စူး သိရှိခဲ့ခြင်း မရှိပေ။

သာမန်လူများသည် သာမန်ကိစ္စရပ်များကိုသာ နားလည်နိုင်မည် ဖြစ်လေသည်။ ကောင်းကင်မှ ဥက္ကပျံတစ်စင်း ကြွေကျသွားသည်ကိုပင် သာမန်လူတစ်ယောက်အတွက် ထူးဆန်းချင် ထူးဆန်းနေပေလိမ့်မည်။ သက်တမ်းရင့် ကြယ်စင်များကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရလျှင်တော့ လူသားများအတွက် ဆိုဖွယ်ရာပင် မရှိတော့ပေ။

ထို့ကြောင့် စန့်ချင်တာအိုဆရာသခင်ကို ဆန်းလျန် ကျေးဇူးတင်မိခြင်းမှာ စိတ်ရင်းနှင့် ဖြစ်လေသည်။

အမှန်တော့ သူသည် သာမန်လူတစ်ယောက်မျှသာ ဖြစ်ခဲ့လေသည်။ အခြားလူများကဲ့သို့ အသက်တိုပြီး အချိန်တန် လျှင်အိုမင်းကာ သေဆုံးသွားရမည် ဖြစ်လေသည်။ သူ၏အဘိုးဖြစ်သူ ဆန်းသခင်ကြီးက သက်သေဖြစ်လေသည်။ နောက်ဆုံးတွင်တော့ ဘဝတစ်ခုသည် မြေကြီးထဲတွင် မြှုပ်နှံသဂြိုလ်ခံလိုက်ရသည်ပဲ ဖြစ်လေသည်။

ယခုအချိန်တွင်…  တစ်ချိန်တုန်းက ဆန်းသခင်ကြီးကို သိရှိသူဆို၍ လောကတွင် တစ်ယောက်တစ်လေပင် ရှိတော့ မည်မဟုတ်ပေ။

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“ဒီ အပြာရောင်ခရီးရှည်နန်းတော်နဲ့ပတ်သက်ပြီးတော့ သတင်းကောင်းလေးဘာလေး ပြောပြစရာ မရှိတော့ဘူးလား”

ကျင့်စူးသည် သူမလုပ်ခဲ့သည့်လုပ်ရပ်များအတွက် နောင်တရနေပြီး စန့်ချင်တာအိုဆရာသခင်ကိုလည်း ဝေဖန်မနေ တော့ပေ။

သူမက…

“ရှင်ဘာတွေပဲလုပ်လုပ် ကျွန်မစိတ်မဝင်စားတော့ဘူး ၊ ဒါပေမယ့် ဘာလို့ ဒီကံဆိုးမှုကြီးမှာ ကျွန်မပါရောပြီး ပတ်သက်နေရတာလဲ ၊ ကျွန်မက ပြင်ပလောကကိုထွက်ပြီး နည်းနည်းလောက်လျှောက်ကြည့်ချင်ရုံပါ…”

သူမသည် ထိုစကားများကိုပြောရင်း ဝမ်းနည်းလာမိလေသည်။

သူမသည် မည်သည့်အခါမှ ဝမ်းမနည်းတတ်သည် နတ်မိစ္ဆာမလေး ဖြစ်လေသည်။ စည်းကမ်းများအတိုင်းလိုက်နာပြီး နှလုံးသားမှခံစားချက်များကို အလေးမထားတတ်ပေ။ ယခုတော့ သူမသည် စတင်ငိုကြွေးနေပြီ ဖြစ်လေသည်။ သူမ၏ ခွန်ဖိန်နတ်မိစ္ဆာခန္ဓာသည် ရေဖြင့်ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်လေရာ သူမငိုသည့်အခါ အပြာရောင် ခရီးရှည်နန်းတော်တစ်ခုလုံး ရေများဖုံးလွှမ်းသွားပြီး ခန်းမဆောင်ကြီးတစ်ခုလုံး ရေမြုပ်တော့မည့်အလား ဖြစ်ရလေ သည်။

ဘဝဆိုသည်က ရွေးခြယ်စရာမှ မရှိဘဲလေ…။

ဆန်းလျန်သည် သူ့ကိုယ်သူ ဗလာနယ်တစ်ခုအဖြစ် ဖန်ဆင်းကာ ရေများအားလုံးကို စုပ်ယူလိုက်လေသည်။

ကျင့်စူးမှာ ဆန်းလျန်၏အပြုအမူကြောင့် အံ့သြသွားပြီး အငိုတိတ်သွားလေသည်။

“ရှင်ဘာလို့ ကျွန်မမျက်ရည်တွေကို မြိုချပစ်လိုက်ရတာလဲ”

သူမ ငိုနေသည်မျာ သူနှင့်ပတ်သက်နေသည့်အတွက် ဆန်းလျန်သည် သူမနှင့်ပြိုင်ပြီး အငြင်းအခုန်လုပ်မနေတော့ ပေ။

“စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း”  စာအုပ်၏လျှို့ဝှက်ချက်များကို ကျင့်စူးသည် ဆန်းလျန်ကို ပြောပြခဲ့သည့် အတွက် သူမ၏ကံကြမ္မာသည် ဆန်းလျန်နှင့် ဆက်နွယ်သွားပြီ ဖြစ်လေသည်။

ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်မှလူများသည် ဆန်းလျန်၏လျှို့ဝှက်ချက်ကို သိရှိသွားသည် နှင့်မီးခိုးကြွက်လျှောက် စုံစမ်းမှုများကို ပြုလုပ်ကြပေလိမ့်မည်။ ထိုအခါ … ပြဿနာအရှုတ်ထုပ်များကြားတွင် ကျင့်စူး သည်လည်း မလွှဲမရှောင်သာ ယက်ကန်ယက်ကန်ဖြင့် ကြားညပ်ရတော့မည် ဖြစ်လေသည်။

ကျင့်စူးအနေဖြင့် ဆန်းလျန်ကိုသစ္စာဖောက်ပြီး ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်သို့သွားကာ ဆန်းလျန်အကြောင်း ဖော်ကောင်လုပ်ပြီး သတင်းပေးလျှင်တောင်မှ သူမကို မည်သူကမှ ကျေနပ်ကြလိမ့်မည် မဟုတ်ပေ။ သူမ ထိုသို့ပြုလုပ်ခဲ့လျှင်လည်း ထိုနန်းတော် (၂)ခုလုံးသည် သူမကဲ့သို့ နတ်မိစ္ဆာတစ်ပါးထံတွင် ကျေးဇူးကြွေး အတင်ခံကြမည် မဟုတ်ပေ။

ကျောက်စိမ်းဝိညာဉ်နန်းတော်သည် မြင့်မြတ်ပြီးသီးခြားတည်ရှိရာနေရာတစ်ခု ဖြစ်လေသည်။ ကျောက်စိမ်းဝိညာဉ် နန်းတော်သည် မည်သူ့ကိုမှ ကြောက်ရွံ့ခြင်းမရှိသလို လေးစားခြင်းလည်း မရှိပေ။ ဘုရင်ရှစ်ပါးနန်းတော်မှာတော့ ပြောနေစရာပင် မလိုတော့ပေ။

ယခင်အချိန်များတုန်းက ကျယ်ကျောက်အမိန့်တော်ဂိုဏ်း၏ အောင်မြင်ကျော်ကြားမှုများကို ကျောက်စိမ်းဝိညာဉ် နန်းတော်မှလူများက “တိရိစ္ဆန်းများနှင့် ပိုးကောင်များစုစည်းနေသည့်အုပ်စု” ဟု သရော်လှောင်ပြောင်ခဲ့ကြဖူးခြင်းက သက်သေပင်ဖြစ်လေသည်။

ကျင့်စူးသည် ခွန်ဖိန်အနွယ်တော်တစ်ယောက်ဖြစ်သည့်တိုင် ကျယ်ကျောက်အမိန့်တော်ဂိုဏ်းမှ မြင့်မြတ်သည့် တပည့်များနှင့် မည်သို့မှ မနှိုင်းယှဉ်နိုင်ပါ။ အမှန်တော့ သူတို့နှင့်ယှဉ်လျှင် သူမသည် အဆင့်နိမ့်နတ်မိစ္ဆာတစ်ကောင် သာဖြစ်လေသည်။ ဆရာဘိုးဘိုးကြီးခွန်ဖိန်သည် မည်မျှ တန်ခိုးစွမ်းအားမြင့်မားပါစေ စန့်ချင်တာအိုဆရာသခင်နှင့် တော့ယှဉ်နိုင်မည် မဟုတ်ပေ။

သူမသည် ဆရာဘိုးဘိုးကြီးခွန်ဖိန်၏ တပည့်ဖြစ်သည့်တိုင် တာအိုဆရာသခင်ကြီးများ၏ တပည့်များလောက်တော့ အဘယ်မှာ အဆင့်မြင့်နိုင်ပါမည်နည်း။

ထို့ကြောင့် ကျင့်စူးအနေဖြင့် ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်တွင် သွားရောက်ခိုလှုံမည် ဆိုလျှင်တောင်မှ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်ရပေလိမ့်မည်။

ဆန်းလျန်က သူမနှင့်ပြိုင်ပြီး ငြင်းခုန်မနေသည့်အတွက် သူမက ဆန်းလျန်ကို လူကြီးလူကောင်းပီသသူတစ်ယောက် ဟုသတ်မှတ်လိုက်လေသည်။ သူမ၏စိတ်များလည်း အနည်းငယ် တည်ငြိမ်လာပြီး ဆန်းလျန်ပြောသည့်စကားများ မှာ ကျိုးကြောင်းဆီလျော်ကြောင်း နားလည်လာရလေသည်။

ဝမ်းနည်းပူဆွေး စိုးရိမ်သောကရောက်နေရုံဖြင့် အခြေအနေများက ပြောင်းလဲသွားမည်မှ မဟုတ်ဘဲလေ။

ထို့ကြောင့် သူမသည် အနည်းငယ်တည်တည်ငြိမ်ငြိမ်ဖြစ်လာပြီး သက်ပြင်းချလိုက်လေသည်။

“အဲဒီအကြောင်းတွေ ထားလိုက်တော့ ၊ ကျွန်မကံဆိုးတယ်ဆိုလည်း ရှိပါစေတော့ ၊ အဲဒါ ကျွန်မပြဿနာပဲ ၊ တကယ်တော့ နတ်မိစ္ဆာအဓိပတိနန်းတော်မှာ နေရတဲ့ဘဝက ပျော်စရာအကောင်းဆုံးပဲ ၊ နန်းတော်ကနေ ကိုယ့်သဘောနဲ့ကိုယ် ထွက်လာမိတာ အမှားကြီးမှားတာပဲ ၊ ခုတော့ ပြဿနာတောထဲဝင်မိတာ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရတော့မှာပဲ”

ဆန်းလျန်က…

“ကျုပ် မင်းကို နတ်မိစ္ဆာအဓိပတိနန်းတော်ကို လိုက်ပို့ပေးမယ်လေ ၊ ဒါဆို နတ်မိစ္ဆာအဓိပတိကြီးခွန်ဖိန်က မင်းကို ကာကွယ်ပေးနိုင်မှာပါ”

ကျင့်စူးက ခေါင်းခါယမ်းလိုက်ရင်း…

“နတ်မိစ္ဆာအဓိပတိနန်းတော်က ချိတ်စည်းတံဆိပ်ချထားလိုက်ပြီ ၊ ကမ္ဘာ့ကပ်ဆိုးကြီးမပြီးဆုံးသရွေ့ ကျွန်မ အဲဒီကို ပြန်လို့မရတော့ဘူး”

ကျင့်စူးသည် ဒေါသထွက်လွယ်သလို စိတ်လည်းပြေလွယ်လေသည်။

ယခုတော့ ကျင့်စူးသည် စိတ်ဆိုးပြေသွားပြီ ဖြစ်ပြီး ဆန်းလျန်ကို ချိုချိုသာသာလေးသံလေးနှင့် စကားဆက်ပြော လိုက်လေသည်။

“ရှင်က စိတ်ထားကောင်းတယ် ၊ အဲဒါလေ… ကျွန်မ တကယ်နဂါးအသားစားချင်လို့ ၊ ရှင်သာ ကျွန်မစားဖို့ ယင်းလုန်ကို ဖမ်းပေးမယ်ဆိုရင် ရှင့်ကို အပြစ်မတင်တော့ဘူး”

ဆန်းလျန်မှာ ဘာပြောရမှန်းပင်မသိ ဖြစ်သွားရလေသည်။

သူ့ဘဝတွင် လူပေါင်းများစွာဖြင့် တွေ့ဆုံဖူးလေသည်။ သို့သော်… ကျင့်စူးကဲ့သို့ အစားသောင်းကြမ်းသူတစ်ယောက် ကိုတော့ ယခုမှပင် တွေ့ဆုံဖူးခြင်း ဖြစ်လေသည်။

ဆန်းလျန်က…

“ကျုပ်နဲ့ တာ့ရှားပြည်က သိပ်အဆင်မပြေလှဘူး ၊ ဒီတော့ ယင်းလုန်ကိုတော့ မဖမ်းခိုင်းပါနဲ့ဗျာ”

ကျင့်စူးက…

“ကျွန်မတို့ သဘောတူထားတာရှိတယ်လေ ၊ ရှင့်စကားကိုရှင်မမေ့နဲ့နော် ၊ ကျွန်မတို့ အခုပဲ သွားဖမ်းကြမယ်”

ဆန်းလျန်က…

“အပြာရောင်ခရီးရှည်နန်းတော်ကို အရင်သန့်ရှင်းရေးလုပ်ပါရစေဦး ၊ ကျုပ် ဒီနန်းတော်ကို တာ့ကျိုးပြည်ကို ရွှေ့သွား ချင်လို့ပါ"

ထိုအခါတွင်တော့ ကျင့်စူးကလည်း ဆန်းလျန်စကားကို နားထောင်ရှာလေသည်။

သူမက…

“ဒီနေရာက စန့်ချင်တာအိုဆရာသခင် တရားအလင်းရခဲ့တဲ့နေရာပဲ ၊ အခုတော့ ရှင်… တကယ်ပဲ ဒီနေရာကို သိမ်းပိုက်လိုက်နိုင်ပြီနော် ၊ ကျွန်မမှာသာ ရှင်လိုမျိုး တာအိုနန်းတော်ကြီးတစ်ခုလောက် ပိုင်ဆိုင်ရင် နတ်မိစ္ဆာမဟာ တန်ခိုးရှင် (၇)ပါးကို နှိမ်နင်းပစ်မှာပဲ”

သူမက ဆက်ပြောလိုက်လေသည်။

“မဟုတ်ဘူး … (၆)ပါးလို့ပြောတာ…”

သူမသည် သိုကျန့်စန့်ဖူကိုယ်တော်ကို စံပြပုဂ္ဂိုလ်အဖြစ် လေးစားသူ ဖြစ်လေသည်။

ထို့ကြောင့် နတ်မိစ္ဆာမဟာတန်ခိုးရှင် (၇)ပါးကို နှိမ်နင်းမည်ဆိုလျှင် သိုကျန့်စန့်ဖူကိုယ်တော်ပါ ပါနေသည့်အတွက် တစ်ပါးလျှော့လိုက်ခြင်း ဖြစ်လေသည်။

ကျင့်စူး၏ စိတ်ထားဖြူစင်ပုံလေးမှာ ချစ်စရာကောင်းသည်ကို ဆန်းလျန် နားလည်လိုက်ရလေသည်။ ပေမင်ကျီကို သူသတ်ဖြတ်ပစ်ခဲ့သည့်တိုင် ကျင့်စူးကတော့ တကယ်ပင် ခင်မင်စရာကောင်းသူ ဖြစ်လေသည်။

ထိုသို့တွေးနေရင်းမှာပင် ဆန်းလျန်သည် စိတ်စွမ်းအားကိုအသုံးပြုကာ ကွေလိကိုပြန်လာရန် အကြောင်းကြားလိုက် လေသည်။

All Chapters