← Chapters

ကံကြမ္မာ

Vol. 7 Ch. 679

ကံကြမ္မာ

Vol. 7 Ch. 679

လနတ်သမီးက…

"အသူရာချောက်ဆိုတာ မပျက်စီးနိုင်တဲ့နေရာတစ်ခုပဲ ၊ ဒီနေရာကို ရှင်ဖျက်စီးပစ်မှာ ကျွန်မ ခွင့်မပြုနိုင်ဘူး"

တာ့ရှားဧကရာဇ်က…

"တစ်ချိန်တုန်းက ပျက်စီးနေတဲ့ အသူရာချောက်ကို တိကျန်ဗောဓိသကျက ပြန်လည်သန့်စင်ခဲ့ပြီးတော့ ကျင့်စဉ်လမ်း အောင်မြင်အောင် ကျင့်ကြံသွားခဲ့တယ်လို့ မင်းပြောချင်တာမဟုတ်လား ၊ ပြီးတော့ မင်းနဲ့ တာအိုဆရာလုယာရဲ့ တာအိုခန္ဓာတွေက နေနဲ့လ လှည့်ပတ်မှုတွေနဲ့ ဆက်နွယ်နေတယ် ၊ ဒါကြောင့် ဒီနေရာက မင်းအတွက် မျှော်လင့်ချက်တစ်ခုလို ဖြစ်နေလို့ တွယ်တာနေတာမဟုတ်လား ၊ ဒါကြောင့် မင်းက အသူရာချောက်ကို ဖျက်စီးမယ့် သူဘယ်သူ့ကိုမဆို သည်းခံမှာမဟုတ်ဘူး ၊ ဒါပေမယ့် မင်း ကိစ္စတစ်ခုကို မသိခဲ့ဘူး ၊ အဲဒါကတော့ အသူရာချောက် ဆိုတာ မင်းပိုင်ဆိုင်တဲ့ နေရာမဟုတ်ဘူးဆိုတာပဲ"

လနတ်သမီးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…

"ရှင်သိတာတွေ သိပ်များနေပြီ…"

တာ့ရှားဧကရာဇ်က…

"မင်းနားမလည်ဘူးလား ၊ လူတစ်ယောက်ဟာ ကျင့်စဉ်လမ်းအဆင့်မြင့်လာလေ သိတာတွေများလာလေပဲ ၊ မင်း ကွမ်းလုန်ကျီကို မေ့သွားပြီလား ၊ သူမသေခင် ယိလမ်းစဉ်ကိုနားလည်သွားခဲ့ပြီး လျန်စန်းကို ရေးသွားခဲ့တာကိုလည်း ကျုပ်သိထားတယ်"

"အဲဒီလူက အရမ်း စိတ်ဓာတ်ခိုင်မာတယ် ၊ ရှင့်အပေါ်မှာလည်း အရမ်းသစ္စာရှိတယ် ၊ ရှင် သူ့ကို မသတ်သင့်ဘူ"

လနတ်သမီးက ပြောလိုက်လေသည်။

ကွမ်းလုန်ကျီအကြောင်း စဉ်းစားမိသည့်အခါ လနတ်သမီးသည် သက်ပြင်းမချဘဲ မနေနိုင်မိပေ။

"သူက သေသင့်လို့ ကျုပ်သတ်လိုက်တာပဲ"

တာ့ရှားဧကရာဇ်က ပြန်ပြောလိုက်လေသည်။

တာ့ရှားဧကရာဇ်၏စကားကြောင့် လနတ်သမီး၏ နှလုံးသားထဲတွင် အေးစိမ့်သည့်အငွေ့အသက်များကို ခံစားလိုက် ရလေသည်။ သူမသည် တာ့ရှားဧကရာဇ်၏ လူမဆန်စွာရက်စက်မှုများကို လျှော့တွက်ခဲ့မိလေသည်။ သူသည် ဆွေမျိုးတော်စပ်ခြင်းများ ၊ ရင်းနှီးချစ်ခင်မှုများအပေါ်တွင် အလေးထားသူမဟုတ်ပေ။ ထို့ကြောင့်လည်း ယွမ်စီ မှော်မိစ္ဆာပညာကို စတင်ကျင့်ကြံခဲ့သည့်အချိန်မှစပြီး တစ်ရှိန်ထိုးအောင်မြင်ခဲ့ခြင်း ဖြစ်လေသည်။

သူမအနေဖြင့် တာ့ရှားဧကရာဇ်နှင့် ပူးပေါင်းခဲ့မိသည်မှာ မှားပြီထင်ပါသည်။

တာ့ရှားဧကရာဇ်က…

"မင်းက ကျုပ်လူမဆန်အောင် ရက်စက်တာ မလုံလောက်သေးဘူးလို့ ထင်နေတာ မဟုတ်လား ၊ ဘာလို့ အခုတော့ ကြောက်နေရတာလဲ"

လနတ်သမီးက သက်ပြင်းတစ်ချက်ချလိုက်ရင်း….

"ရှင့်ကို ဒီလိုပုံစံနဲ့မြင်တွေ့ရတာ ဘယ်သူက မကြောက်ဘဲ နေနိုုင်မှာလဲ"

တာ့ရှားဧကရာဇ်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။

လနတ်သမီးသည် တာ့ရှားဧကရာဇ်၏အနားမှ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ကောင်းကင်ထက်မှ လမင်းသည် ပိုမိုတောက်ပလာလေသည်။ သို့သော်… အေးစိမ့်သည့်အငွေ့အသက်များကတော့ အရိုးထဲထိအောင်အေးစိမ့်နေ လေသည်။

တိချိုးမြို့တော်မှ ထိုက်ယင်းစွမ်းအားသည် ကျင့်စူးထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေခဲ့လေသည်။ ထိုကဲ့သို့သော ပြည့်ဝသည့် ထိုက်ယင်းတန်ခိုးစွမ်းအားသည် နတ်မိစ္ဆာတစ်ပါး (၁၀)နှစ်ကျင့်ကြံမှုနှင့် ညီမျှသည့် မိစ္ဆာ စွမ်းအားများကို ထုတ်လွှတ်နိုင်လေသည်။

ထိုက်ယင်းစွမ်းအားသည် မိစ္ဆာစွမ်းအား မြင့်တက်လာစေရုံသာမက သေလည်းသေစေနိုင်လေသည်။ လရောင်ခြည် တိုင်းသည် ထင်ရှားရှင်းလင်းသည့် ကွမ်ဟန်အမှတ်အသားများဖြစ်လေသည်။

ကျင့်စူးသည် ထိုမိစ္ဆာစွမ်းအားများဒဏ်ကို မခံနိုင်တော့ဘဲ ကောင်းကင်ထက်မှ လမင်းဆီသို့ ပျံသန်းထွက်ခွာသွားပြီး အတောင်ပံများဖြင့် လမင်းကို ကာထားလိုက်လေသည်။ ထို့ကြောင့် တိချိုးမြို့တော်တစ်ခုလုံး မှောင်မိုက်သွားရလေ သည်။

ထိုအခါ လနတ်သမီးသည် လမင်းကို လနတ်သမီးဗိမာန်အဖြစ်ပြောင်းလဲကာ ကျင့်စူးကို အေးစက်စွာဖြင့် စိုက်ကြည့် နေလေသည်။

လနတ်သမီးက လက်တစ်ဖက်ကိုဝေ့ယမ်းလိုက်လေရာ ထိုက်ယင်းစွမ်းအားများသည် သမုဒ္ဒရာကြီးအလား ကျင့်စူး ဆီသို့ ပျံ့နှံ့သွားလေသည်။ ကျင့်စူးက ရယ်မောလိုက်ပြီး မိုက်တစ်ထောင်ခန့်ရှည်လျားသည့် ခွန်သတ္တဝါငါးကြီး တစ်ကောင်အဖြစ်ပြောင်းလဲလိုက်ကာ ထိုက်ယင်းသမုဒ္ဒရာထဲတွင် ကူးခတ်သွားလေတော့သည်။

မြေပြင်ထက်တွင် ရှိနေသည့် ဆန်းလျန်ကတော့ ကျင့်စူးနှင့် လနတ်သမီးတိုက်ခိုက်နေသည်ကို စိတ်မဝင်စားပါ။

သူက ကွေလိကို ပြောလိုက်လေသည်။

"တိချိုးမြို့တော်တစ်ခုလုံးက ကြီးမားတဲ့ထောင်ချောက်ကြီးတစ်ခုဖြစ်သွားပြီ ၊ အဲဒီထောင်ချောက်ရဲ့ အဓိကအကျဆုံး လူကတော့ တာ့ရှားဧကရာဇ်ပဲ ၊ ဒီထောင်ချောက်အသက်မဝင်ခင် ကျုပ် သူ့ကိုတိုက်ခိုက်မှ ဖြစ်မယ် ၊ ဒါပေမယ့်  မင်းကတော့ သူ့လက်အောက်က မိစ္ဆာတွေကို သတိထားရမယ်"

ကွေလိက…

"စိတ်ချပါ ၊ ကျုပ်က မင်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရပါဘူး…"

သူမက နူးညံ့စွာပြောလိုက်လေသည်။

ကွေလိသည် သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိပုံရလေသည်။

ဆန်းလျန်ကခေါင်းတစ်ချက်ညိတ်လိုက်ပြီး လေပွေတစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။ လေပွေနှင့်တိုက်ခတ်မိ သည့် နေရာတိုင်းတွင် မိစ္ဆာပုံရိပ်များထွက်ပေါ်လာလေသည်။ မိစ္ဆာပုံရိပ်များအားလုံးကို ဆန်းလျန်က ရိုက်ထုတ် လိုက်လေသည်။

အချို့မိစ္ဆာပုံရိပ်များက ဆန်းလျန်နောက်သို့လိုက်လာပြီး အချို့ကတော့ ကွေလိကို တိုက်ခိုက်လိုက်ကြလေသည်။

ထိုမိစ္ဆာများအားလုံးမှာ တာ့ရှားဧကရာဇ် သတ်ဖြတ်ပစ်ခဲ့သည့် ရှားမျိုးနွယ်များဖြစ်ပြီး တာ့ရှားဧကရာဇ်၏ သစ္စာရှိ နောက်လိုက်များ ဖြစ်ကြလေသည်။

ကွေလိက အကြောက်အလန့်မရှိပါ။ တိုက်ခိုက်ရခြင်းသည် သူမအတွက် အတားဆီးကိုကျော်ဖြတ်ချင်းလည်းဖြစ် သလို လေ့ကျင့်ခြင်းလည်း ဖြစ်လေသည်။ သူမ၏ ဒေါင်းစိမ်းမရဏတန်ခိုးစွမ်းအားသည် အလွန်အစွမ်းထက်ပြီး ဒေါင်းစိမ်းမင်းကြီးမဟာမာရူယိအဆင့်နှင့်ပင် နီးကပ်နေပြီ ဖြစ်လေသည်။

ဆန်းလျန်ကလည်း ထိုအချက်ကိုသိရှိသည့်အတွက် ကွေလိကို တိုက်ခိုက်ခွင့်ပေးလိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် လျှပ်စီးထက်ပင်လျှင်မြန်လေသည်။ သူ့ကို မည်သည့်မိစ္ဆာကမှ တားဆီးနိုင်ခြင်းမရှိပေ။ နောက်ဆုံး တွင် သူသည် တာ့ရှားနန်းတော်အတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

တာ့ရှားနန်းတော်သို့ ဆန်းလျန်သည် ပထမဆုံးအကြိမ်ရောက်ဖူးခြင်း မဟုတ်ပေ။ သို့သော်… ယခုတော့ နန်းတော်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ အချိန်တိုအတွင်းမှာပင် အရာတော်တော်များများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

အရာရာသည် ဆန်းလျန်အတွက် မှုန်မှုန်ဝါးဝါးဖြစ်နေလေသည်။ သူ့နေဖြင့် တာ့ရှားဧကရာဇ်အပေါ်တွင် အကြီးအကျယ်မုန်းတီးစိတ်မရှိခဲ့ပါ။ သို့သော်… သူတို့ (၂)ယောက်တွင် တစ်ယောက်သာလျှင် အသက်ရှင်ရမည်ဖြစ် လေသည်။ ဤသည်မှာ ကံကြမ္မာပင် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်သည် အနက်ရောင်ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆန်းလျန် ဝင်ရောက်လာသည်ကို ကြည့်နေ လေသည်။ သူ၏အသားအရေများက တောင်ပေါ်မှ နှင်းပွင့်များအလား ဖြူဆွတ်နေလေသည်။ ထို့ပြင် သူ့ကိုကြည့်ရ သည်မှာ အထီးကျန်ဆန်လှသလို ထူးခြားဆန်းကျယ်၍လည်း နေလေသည်။

ဆန်းလျန်က သူ့ဆီသို့ တစ်လှမ်းချင်းလမ်းလျှောက်သွားလေသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဆန်းလျန်၏ ခြေဖဝါးအောက်တွင် ကြာပန်းများ ပေါ်လာလေသည်။ ထို့ပြင် သူ့ထံမှ အလင်းရောင်ပြပြလေးလည်း လင်းလက်နေ လေသည်။ သူ၏ဝတ်ရုံနှင့် အင်္ကျီလက်များသည် လေထဲတွင် လွင့်ပျံနေကြလေသည်။ နတ်ဘုရားတစ်ပါး လူ့လောက သို့ဆင်းသက်လာသည့်အတိုင်းပင် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏ဘဝတွင် တန်ခိုးစွမ်းအားမြင့်မားသည့် ကျင့်ကြံသူများစွာကို တွေ့ခဲ့ဖူးပါသည်။ သို့သော်… လက်ရှိ အချိန်တွင် ဆန်းလျန်သည် မည်သည့်ကျင့်ကြံသူနှင့်မှ နှိုင်းယှဉ်၍မရနိုင်တော့ပေ။ ဆန်းလျန်၏ ဝင်သက် ထွက်သက် တိုင်းသည်ပင် နေ့နှင့်ညကိုပင် ပြောင်းလဲပစ်နိုင်စွမ်းရှိနေလေပြီ။ ဆန်းလျန်၏ ပြုမူလှုပ်ရှားမှုတိုင်းတွင် တန်ခိုး စွမ်းအားများ ကိန်းအောင်းနေသည်ကို တာ့ရှားဧကရာဇ် ခံစားနေရလေသည်။

တစ်ချိန်တည်းမှာပင်… သူသည် ကံကြမ္မာကို ခံစားခဲ့ရလေသည်။ သူသည် ဆန်းလျန်ကို အသေသတ်ရမည် ဖြစ်လေသည်။ ဤသည်မှာ အမုန်းတရားနှင့်မသက်ဆိုင်သည့် ကံကြမ္မာသာ ဖြစ်လေသည်။

အမှန်တော့ ဆန်းလျန်သည်လည်း ထို့အတူပင် ခံစားခဲ့ရသူ ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ သိပ်အများ ကြီးစဉ်းစားထားခြင်း မရှိပါ။

ကံကြမ္မာနှင့်ပတ်သက်ပြီး သူတို့ (၂)ယောက် ခံစားချက်တူညီနေရသည်မှာ သူတို့ ကျင့်ကြံခဲ့သည့် ကျင့်စဉ်များ ကြောင့် ဖြစ်လေသည်။

တစ်ယောက်က ယွမ်စီထျန်းကျွင်း၏ ယွမ်စီမှော်မိစ္ဆာပညာကို ကျင့်ကြံခဲ့ပြီး တစ်ယောက်ကတော့ လင်ပေါင် ထျန်းကျွင်း၏ စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံခဲ့သူဖြစ်လေသည်။

ကျင့်စဉ် (၂)ခုလုံးသည် တာအိုဆရာသခင်ကြီး (၂)ပါး၏ အမုန်းတရားများမှ ဖြစ်တည်လာကြသည့် ကျင့်စဉ်များ ဖြစ်ကြလေသည်။

ယွမ်စီထျန်းကျွင်းဖြစ်သည့် ယွိချင်တာအိုဆရာသခင်နှင့် လင်ပေါင်ထျန်းကျွင်းဖြစ်သည့် စန့်ချင်တာအိုဆရာသခင်တို့ မည်သူပိုပြီးသာသည်ဆိုသည့်အချက်ကို သိမြင်ရန်အတွက် သူတို့ (၂)ယောက် တိုက်ခိုက်ကြရမည် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်သည် စကားတစ်လုံးမှ မပြောပါ။ သူက လက်သီးတစ်ချက်ဖြင့်သာ ဆန်းလျန်ကို တုန့်ပြန်လိုက်လေ သည်။ သူ၏လက်သီးချက်သည် နှင်းများဖုံးနေသည့် တောင်ကြီးတစ်လုံးအလား ပြင်းထန်လွန်းလေသည်။

ထိုလက်သီးချက်တွင် လောကတစ်ခုလုံးတုန်လှုပ်သွားစေသည့် အသံများထွက်ပေါ်လာခြင်း မရှိပါ။ တောင်တစ်လုံး ကဲ့သို့ ပြင်းထန်လှသည့်တိုင် တိတ်ဆိတ်လွန်းလှလေသည်။

လက်ရှိအချိန်တွင် ယွမ်စီမှော်မိစ္ဆာပညာကို ကျင့်ကြံထားသည့် တာ့ရှားဧကရာဇ်ကို ဆန်းလျန်သည် လုံး၀ လျှော့မတွက်ရဲပါ။ သူက လက်ဟန်တစ်ချက်ဖန်ဆင်းပြီး ထိုက်ချိသင်္ကေတတစ်ခုကို ပြုလုပ်လိုက်လေသည်။ ထိုက်ချိသင်္ကေတတွင် ယင်နှင်ယန်လှည့်ပတ်သွားပြီး တာ့ရှားဧကရာဇ်၏ လက်သီးချက်ကို ကျောက်ဆောင်တစ်ခု အလားကာကွယ်ထားလိုက်လေသည်။

တာ့ရှားဧကရာဇ်၏ လက်သီးချက်နှင့် ဆန်းလျန်၏ ယင်ယန်ကျောက်ဆောင်ထိမိသည့်အရှိန်သည် ကောင်းကင် တစ်ခုလုံးကွဲထွက်သွားတော့မည့်အလား ထင်မှတ်ရလေသည်။ တာ့ရှားဧကရာဇ်၏ လက်သီးချက်သည် လောက တစ်ခုလုံးကို ဖျက်စီးနိုင်မည့်အလား ကြောက်မက်ဖွယ်ကောင်းလွန်းလှလေသည်။

လက်သီးချက်သည် ထိုက်ချိယင်ယန်ကျောက်ဆောင်ကြီးကို ထိုးခွဲပစ်လိုက်ပြီး ကျန်ရှိနေသေးသည့် အင်အားမှာလည်း အရှိန်အဟုန်ပြင်းစွာဖြင့် ဆန်းလျန်ရှိရာသို့ ဝင်ရောက်လာလေသည်။

ဆန်းလျန်၏ နတ်ဘုရားခန္ဓာသည် ပုံရိပ်ယောင်တစ်ခုအလား အစိတ်အမွှာမွှာ ကွဲဖြာသွားလေသည်။

သူ၏လက်သီးချက်သည် ဆန်းလျန်၏ ယင်နှင့်ယန် တန်ခိုးစွမ်းအားကိုသာ ထိုးနှက်မိသည့်အတွက် တာ့ရှား ဧကရာဇ်သည် မကျေမနပ်ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်သီးချက်သည် ဆန်းလျန်ကို ထိခိုက်ခြင်း မရှိခဲ့သောကြောင့် ဖြစ်လေသည်။

ဆန်းလျန်၏ နတ်ဘုရားခန္ဓာတစ်စစီ ပြိုကွဲသွားခြင်းမျာ တာ့ရှားဧကရာဇ်၏ လက်သီးချက်ကို ရှောင်ရှားရန်အတွက် မြင်ကွင်းမှ ခဏတာပျောက်ကွယ်သွားခြင်းသာ ဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏ ဘုန်းတန်ခိုး နေလိုလလို ထွန်းတောက်စဉ်အချိန်က ကျင့်ကြံသူပေါင်းများစွာ၏ လှည့်ကွက် များစွာကိုမြင်တွေ့ခဲ့ရဖူးလေသည်။ လေထဲတွင် မမြင်ရအောင် ပုန်းကွယ်နေနိုင်သည့် အံ့သြလောက်စရာကျင့်စဉ် များစွာရှိကြ သော်လည်း ယခု ဆန်းလျန်ပျောက်ကွယ်သွားသလိုမျိုး တာ့ရှားဧကရာဇ်ရှေ့တွင် ပျောက်ကွယ်သွားနိုင် သည့်သူဆို၍ တစ်ယောက်မှ မရှိခဲ့ပေ။

ဤနေရာသည် တိချိုးမြို့တော်ဖြစ်လေသည်။ တာ့ရှားဧကရာဇ်၏ နယ်မြေဖြစ်လေသည်။ သူသည် တိုင်းပြည်ကို ထျန်းယီအကြီးအကဲလောက် စုစည်းနိုင်ခဲ့ခြင်း မရှိပါ။ သို့သော်… သူ၏ ကျင့်ကြံခြင်းအဆင့်ကို မည်သူမှ လျှော့မတွက်ရဲကြပေ။ သူ့မျက်လုံးထဲမှ ထိုသို့ ပျောက်ကွယ်သွားနိုင်သူဆို၍ မည်သူမှ မရှိပေ။

ယနေ့တော့ ဆန်းလျန်က လုပ်ပြခဲ့လေပြီ။

ရန်သူတစ်ယောက်ဖြစ်သည့်တိုင် တာ့ရှားဧကရာဇ်သည် ဆန်းလျန်ကို လေးစားအထင်ကြီးသွားမိလေသည်။ သို့သော်… သူက အထင်ကြီးလေ တိုက်ခိုက်မှုက ပိုပြီပြင်းထန်လာလေ ဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏လက်ထဲတွင် မိစ္ဆာဓားကောက်ကြီးပေါ်လာလေသည်။

သူက ဓားကောက်ကြီးကို လေထဲတွင် တစ်ချက်ဝေ့ယမ်းလိုက်လေသည်။ ထိုအခါ လေထဲတွင် ဓားဝိညာဉ်ပေါင်း တစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာတိတိ ထွက်ပေါ်လာလေသည်။

ဓားရောင်များသည် လေထုထဲတွင် တောက်ပနေပြီး လေထုတစ်ခုလုံးမှာ သဏ္ဍန်မဲ့ထုထည်တစ်ခုပြိုကျသည့်အလား ချက်ချင်းပင် ကွဲအက်သွားရလေသည်။

All Chapters