← Chapters

ဓားတစ်လက်ဖြင့် တစ်လောကလုံးကို အုပ်စိုးမည်

Vol. 7 Ch. 681

ဓားတစ်လက်ဖြင့် တစ်လောကလုံးကို အုပ်စိုးမည်

Vol. 7 Ch. 681

ကျောက်ကဲမြို့တော်၏ ကောင်းကင်ထက်တွင် ထျန်းယီသည်လည်း မတ်တပ်ရပ်လျှက်ရှိလေသည်။

သူသည် ခံစားချက်များရောထွေးနေသည့် မျက်နှာထားဖြင့် ကြယ်စင်မိုးများ တောက်ပစွာရွာသွန်းနေသည်ကို ကြည့်နေလေသည်။ ဆန်းလျန်သည် အချိန်တိုတိုအတွင်းတွင် အဘယ့်ကြောင့် ထိုမျှ တိုးတက်လာရပါသနည်း။

အဖြစ်အပျက်များကိုကြည့်နေရင်းမှာပင် သူသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် အမှောင်ထုထဲတွင် နစ်မြုပ်သွားသည့် အလား ခံစားလိုက်ရလေသည်။

နေအဖွဲ့အစည်းအတွင်းတွင်တော့ နေစကြာနတ်ငှက် (၃)ကောင် ရောက်ရှိနေလေသည်။ နေအဖွဲ့အစည်းအတွင်းတွင် ထူးဆန်းသည့် မီးတောက်များဖြင့် တည်ဆောက်ထားသည့် တာအိုနန်းတော်တစ်ခုကို တွေ့ရှိနိုင်လေသည်။ အသုံးပြုထားသည့် ပစ္စည်းများအားလုံးသည် လူ့လောကမှ ပစ္စည်းများ မဟုတ်ပေ။ နေမင်းများမှထွက်ပေါ်နေသည့် မီးတောက်ကြိုးများသည် နန်းတော်တစ်ခုလုံးတွင် ပျံ့နှံ့နေလေသည်။

အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ဖူဟောင်သည် အလွန်မှ လေးစားသည့်မျက်ဝန်းများဖြင့် အသူရာချောက်ကို ကြည့်နေလေသည်။ နေစကြာနတ်ငှက် (၃)ကောင်သည် အညှာအတာကင်းမဲ့လွန်းလှလေသည်။ နေမင်းမှ စစ်မှန် သည့်မီးတောက်များသည် ပိုမိုတောက်လောင်လာကာ တောထဲမှ ဖူစန်းသစ်ပင်ကို ကြီးထွားစေသည့်အလားဖြစ် လေသည်။

အသူရာချောက် အတွင်းနှင့်အပြင်မှ လူများအားလုံးသည် တိချိုးမြို့တော်သို့ အာရုံစိုက်နေကြလေသည်။

တာ့ရှားဧကရာဇ်သည် ယင်းလုန်နဂါးကြီး၏ဦးခေါင်းထက်တွင် မတ်တပ်ရပ်နေလေသည်။

သူကဆုံးဖြတ်ချက်ခိုင်မာစွာချထားသည့်လေသံဖြင့်…

"တက်စမ်း…"

ဟု အမိန့်ပေးလိုက်လေသည်။

ယင်းလုန်သည် နက်ရှိုင်းသည့် ကြုံးဝါးသံတစ်ချက် ပြုလုပ်လိုက်ပြီး အဆုံးမဲ့ဥက္ကာပျံများကြားသို့  တိုးဝင်သွားလေ တော့သည်။ ဥက္ကာခဲများသည် နဂါးကြီး၏ ဦးချိုများကို ရိုက်ခတ်မိပြီး အဝါရောင်နဂါးသွေးများ ထွက်လာလေသည်။

တာ့ရှားဧကရာဇ်က ခါးသက်စွာ ရယ်မောလိုက်ပြီး ယင်းလုန်ကို ဆက်မသွားခိုင်းတော့ပေ။

သို့သော်… ယခုအခြေအနေထိရောက်လာမှတော့ တစ်ခုတည်းသောနည်းလမ်းမှာ တိုက်ခိုက်ရန် ဖြစ်လေသည်။ သနားစရာ နဂါးကြီးသည် တာ့ရှားဧကရာဇ်နှင့်အတူ တိုက်ခိုက်ရင်း အသေခံလိုစိတ် အပြည့်ရှိခဲ့လေသည်။ ထို့ကြောင့်သူသည် ရပ်တန့်ခြင်း မရှိခဲ့ပါ။

ယင်းလုန်သည် သူ၏အမြီးကို တစ်ချက်ခါယမ်းလိုက်ပြီး ရှေ့သို့ ခုန်ထွက်သွားလေသည်။ တာ့ရှားဧကရာဇ်၏ လက်ထဲတွင် မိစ္ဆာဓားကောက်ကြီးပြန်ပေါ်လာပြီး သွေးနီရောင်လင်းလက်တောက်ပလျှက် ရှိလေသည်။ ထိုခဏ အတွင်းမှာပင် မိုးနှင့်မြေတွင် အဆုံးမရှိသည့် မိုးကြိုးများပစ်ခတ်လာပြီး မိစ္ဆာစွမ်းအားများမြင့်တက်လာကာ တိချိုးမြို့တော်တစ်ခုလုံးသည် ငရဲပြည်အလား ပွက်ပွက်ညံလျှက် ရှိလေတော့သည်။

ကြယ်စင်မိုးများ ရွာသွန်းနေခြင်းကလည်း ရပ်တန့်မည့်ဟန် မရှိပေ။ လေထုတစ်ခုလုံးသည် ပေါက်ပြဲနေသည့် စက္ကူ တစ်စအလားပင် ဖြစ်နေတော့သည်။

တာ့ရှားဧကရာဇ်၏ အမျက်ဒေါသထွက်နေသည့် ဓားဝိညာဉ်သည် တောင်များအလားကြီးမားသည့် ဥက္ကာခဲများကို ကြောက်ရွံ့ခြင်းမရှိ ထိုးခုတ်နေခဲ့လေသည်။ ဓားချက်တစ်ချက်တိုင်းသည် ဥက္ကာခဲများအားလုံးကို အမှုန့်ဖြစ်သည် အထိ ထိုးခုတ်ပစ်နေ လေသည်။ ဓား၏စွမ်းအားမှာ ကြောက်မက်ဖွယ်ရာပင် ဖြစ်လေသည်။

များပြားလှစွာသည့် ဥက္ကာပျံများကို ဖြတ်သန်းလာပြီးသည့်နောက် တာ့ရှားဧကရာဇ်သည် ဆန်းလျန်နှင့်နီးကပ်လာ လေသည်။ ဥက္ကာခဲများကြားတွင် ဓားဝိညာဉ်သည် တစ်ချက်ကလေးပင် ရပ်တန့်သွားခြင်းမရှိဘဲ ပို၍ပင် တောက်ပ လာလေသည်။ တာ့ရှားဧကရာဇ်၏ပုံစံမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ပြန်လည်အသက်ဝင်လာသည့်အလား ထင်မှတ်ရလေသည်။

တာ့ရှားဧကရာဇ်၏ ရက်စက်ကြမ်းကြုတ်မှုသည် သမိုင်းတစ်လျှောက်တွင် အကန့်အသတ်မရှိပေ။ သူသည် ဒဏ္ဍာရီထဲမှ ရှေးဟောင်းမိစ္ဆာနတ်ဘုရားများနှင့်ပင် ကောင်းကောင်းယှဉ်နိုင်လေရာ ယွမ်စီမှော်မိစ္ဆာပညာသည် မည်မျှကြောက်မက်ဖွယ်ရာကောင်းသည်ကို သိနိုင်လေသည်။

ဆန်းလျန်၏ရင်ထဲတွင် အလွန်မှ လေးနက်သည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။ တာ့ရှားဧကရာဇ်၏ ရက်စက်ကြမ်းတမ်းမှုသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။ သို့သော်… တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအားပေါက်ကွဲမှုကို သူ လျှော့တွက်ထားခဲ့မိလေသည်။

သို့သော်… တာ့ရှားဧကရာဇ်တစ်ယောက်သာလျှင် ဖိအားပေးခံရခြင်းမဟုတ်ပါ။

ဆန်းလျန်သည် မည်သည့်စကားမှ မပြောဘဲ သူ၏လက်နှစ်ဖက်ကို အတူတကွ စုစည်းလိုက်လေသည်။ ထိုအခါ ပျံ့ကျဲနေသည့် ဥက္ကာပျံများသည် စုစည်းသွားပြီး တာ့ရှားဧကရာဇ်ကို အသူရာချောက်၏ အနက်ရှိုင်းဆုံးနေရာသို့ ရိုက်ချလိုက်လေသည်။ တာ့ရှားဧကရာဇ်အတွက် မည်သို့မှ ပြန်လမ်းရှိနိုင်တော့မည် မဟုတ်ပေ။

များပြားလှစွာသည့် တာအိုတန်ခိုးစွမ်းအားများစုပေါင်းသွားပြီး ဆန်းလျန်ကို လှည့်ပတ်နေလေသည်။ တာအိုကာရံ သည်နတ်နဂါးကြီးတစ်ကောင်အလား ထွက်ပေါ်လာလေသည်။ နိယာမများပါဝင်သည့် တန်ခိုးစွမ်းအားသည် အကန့်အသတ်မဲ့လေသည်။

ကျယ်ပြန့်လှသည့် သဘာဝလွန်စွမ်းအများများနှင့် အဆုံးမရှိသည့်တာအိုစွမ်းအားများသည် လုံး၀ ရပ်တန့်ခြင်း မရှိပေ။ ထိုစွမ်းအားများသည် တာ့ရှားဧကရာဇ်နှင့် ယင်းလုန်ကို ဥက္ကာပျံများဖြင့်လှည့်ပတ်ပြီး တိုက်ခိုက်လိုက်လေ သည်။

မိုးပြိုသည့်အလား မြေကြီးတစ်ခုလုံး ကျွံကျသွားလေသည်။ ဆန်းလျန်၏မျက်နှာတွင် ပွဲပြီးသွားပြီဆိုသည့်မျက်နှာ ထားကို တွေ့မြင်နိုင်လေသည်။

သို့သော်… တာ့ရှားဧကရာဇ်၏ ဓားဝိညာဉ်သည် တောက်ပနေဆဲ ဖြစ်ပြီး တာ့ရှားဧကရာဇ်၏အသက်ရှူသံမှာလည်း ပျောက်ကွယ်သွားခြင်းမရှိသေးဘဲ ယွင်စီးမှော်မိစ္ဆာနှလုံးသားမှ ကြုံးဝါးသံများ ထွက်ပေါ်နေလေသည်။ အခြားစကား ဖြင့်ပြောရမည်ဆိုလျှင် ဆန်းလျန်၏ နတ်ဘုရားသြဇာသက်ရောက်မှု အရှိန်အဝါသည် တာ့ရှားဧကရာဇ်ကို လုံးလုံး လျားလျားဖိနှိပ်နိုင်ခဲ့ခြင်း မရှိပေ။

ယင်းလုန်သည် ဥက္ကာပျံများကြားတွင် မရမနေ လမ်းတစ်ခုရအောင်ရှာပြီး ဖောက်ထွက်နေလေသည်။ သူ့ဘဝ၏ အတောက်ပဆုံးခရီးတစ်ခုအလား လမ်းကိုရှာဖွေနေလေသည်။

အဆုံးမရှိသည့် သမုဒ္ဒရာထဲတွင် ကူးခတ်နေသည့်အလား ယင်းလုန်၏ခန္ဓာကိုယ်သည် ဖြောင့်မတ်နေပြီး အမြီးကို ခါယမ်းလျှက်ရှိလေသည်။

တာ့ရှားဧကရာဇ်၏ မျက်ဝန်းများတွင် အလင်းရောင်များတောက်ပလာပြီး မျက်သားအဖြူရောင်များပင် ပျောက်ကွယ် သွားလေသည်။ နက်မှောင်နေသည့်မျက်ဝန်းများသည် တာ့ရှားဧကရာဇ်ကို ပိုပြီး ကြောက်မက်ဖွယ်ရာ ဖြစ်စေလေ သည်။

ထိုအချိန်ခဏတာသည် တာ့ရှားဧကရာဇ်၏ ဘဝတစ်လျှောက်လုံးတွင် စွမ်းအားအမြင့်မားဆုံး အချိန်ဖြစ်လေသည်။

ယင်းလုန်သည် ဥက္ကာပျံများကြားမှ ထွက်ခွာလာသည့် အခါတွင်တော့ အားအင်ကုန်ခမ်းသွားခဲ့ပြီ ဖြစ်လေသည်။ နဂါး ခန္ဓာကိုယ်ကြီးသည် လေထဲတွင် အေးခဲပြီး ရပ်တန့်သွားလေသည်။ ထိုအခိုက်အတန့်သည် ထာဝရဖြစ်မည်ဆိုပါက နဂါးကြီးသည် ထိုအခိုက်အတန့်တွင် ထာဝရနေလိုသည့် ဆန္ဒများဖြစ်ခဲ့မိလေသည်။

ဆန်းလျန်၏ စိတ်ထဲတွင်တော့ အခြားအတွေးများမရှိဘဲ သူ၏တာအိုနှလုံးသားသည် မရေရာမှုနှင့်တစ်သားတည်း ကျနေလေသည်။ ထိုနေရာတွင် အထက် ၊ အောက် မရှိ ။ အချိန်နှင့်နေရာမရှိ။ လူသားမရှိ ၊ အတ္တမရှိပေ။

သို့သော်… ထိုနေရာတွင် မရဏဓားတစ်လက် ထွက်ပေါ်လာလေသည်။

မရဏဓားထဲတွင် နဂါးငွေ့တန်း၏ တာအိုအဓိပ္ပါယ်များပါဝင်နေပြီး အချိန်စီးဆင်းသည့်အလား ယင် နှင့် ယန် တို့က စီးဆင်းနေလေသည်။

ဓားတစ်လက်ဖြင့် တစ်လောကလုံးကို အုပ်စိုးမည် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏ မိစ္ဆာဓားကောက်ကြီးနှင့် ဆန်းလျန်၏ မရဏဓားတို့ ဓားထိပ်ဖျားခြင်း ရင်ဆိုင်ထိခတ်မိကြလေ သည်။ ထိုဓား (၂)လက်မှ ထွက်ပေါ်လာသည့် တောက်ပသည့် အလင်းရောင်များ၏ ခမ်းနားမှုကို လောကတွင် မည်သည့်အရာကမှ မီနိုင်မည် မဟုတ်ပေ။

ယင်းလုန်သည် သူ့ဘဝတွင် အခမ်းနားဆုံးအလုပ်တစ်ခုကို ပြုလုပ်ခဲ့ပြီးစဉ်တွင် တာ့ရှားဧကရာဇ်၏ ဓားသည်လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

လောကတွင် နောက်ထပ်ယင်းလုန်တစ်ကောင်ပေါ်လာဦးမည်ဆိုလျှင်တောင်မှ ယခုယင်းလုန်၏ ခမ်းနားမှုနှင့် သတ္တိရှိမှုများကို ကျော်လွန်နိုင်မည် မဟုတ်ပေ။

နဂါးများသည် မိုးနှင့်မြေတွင် လွတ်လပ်စွာ သွားလာနိုင်သူများအဖြစ် မွေးဖွားလာကြသူများဖြစ်လေသည်။ ယင်းလုန်နဂါးကြီး၏ နောက်ဆုံးဆန္ဒမှာတော့ တာ့ရှားဧကရာဇ် အသက်ရှင်သန်ရန် ဖြစ်လေသည်။

နဂါးကြီးသည် တာ့ရှားဧကရာဇ်၏ မစ္ဆာဓားကောက်ကြီးနှင့် ဆန်းလျန်၏မရဏဓား ထိခတ်မိသည့် ဆုံချက်နေရာကို ငေးကြည့်နေလေသည်။ နဂါးကြီးသည် အရာအားလုံးကို ကျော်ဖြတ်လွှမ်းမိုးနိုင်သည့် ဓားဝိညာဉ်ကို တွေ့မြင်ရန် မျှော်လင့်လိုက်မိလေသည်။ သို့သော်… နဂါးကြီးသည် တွေ့မြင်လိုက်နိုင်ခြင်း မရှိတော့ပေ။

ယင်းလုန်နဂါးကြီးသေဆုံးသွားခဲ့ပြီဖြစ်ပြီး သူ၏ဝိညာဉ်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပျက်စီးသွားပြီး သူ၏တစ်ကိုယ်လုံးမှာလည်း မိစ္ဆာသွေးများဖြင့် ဖုံးလွှမ်းနေလေသည်။

သို့သော်…

တာ့ရှားဧကရာဇ်သည် မည်သည့်အခါမှ လဲမကျတော့မည့်အလား ခပ်မတ်မတ် မတ်တပ်ရပ်နေဆဲ ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင်… မိစ္ဆာဓားကောက်ကြီးနှင့် မရဏဓားတို့မှ အလင်းရောင်များမှာလည်း ချက်ချင်းပင် မှေးမှိန် သွားလေသည်။ မိုးနှင့်မြေတွင် မည်သည့်အသံမှ ထွက်ပေါ်လာခြင်းမရှိဘဲ လေထုထဲတွင် အက်ကြောင်းများ ထွက်ပေါ်လာလေသည်။

အသူရာချောက်မှ မြေကြီးကျွံဝင်သွားပြီး ယင်စွမ်းအားများ မြင့်တက်လာကာ များပြားလှစွာသော ဝိညာဉ်များ ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။ ဝိညာဉ်များသည် တဖြည်းဖြည်း ပြန်လည် အားပြည့်လာကြသော်လည်း သူတို့ သည်ကျယ်လောင်စွာ အော်ဟစ်ရဲခြင်း မရှိကြပေ။

ဆန်းလျန်၏ ပုံသဏ္ဍန်သည် အေးဆေးတည်ငြိမ်နေဆဲ ဖြစ်လေသည်။ သို့သော်… သူ၏ အနက်ရောင်ဆံပင်ရှည်များ သည် ကြယ်စင်များစီးဆင်းနေသည့်အလား လေထဲတွင် လွင့်ပျံနေလေသည်။

တိုက်ပွဲတွင် ဆန်းလျန် အနိုင်ရခဲ့သည်မှာ ရှင်းနေပြီ ဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏ မြင့်မားလှသည့်တန်ခိုးစွမ်းအားများနှင့် ယင်းလုန်၏ပေးဆပ်အနစ်နာခံမှုများပေါင်းစပ်လိုက်သည့် တိုင် တိုက်ပွဲရလဒ်မှာ ပြောင်းလဲသွားခြင်း မရှိခဲ့ပါချေ။

တိုက်ပွဲကို လျှို့ဝှက်စွာဖြင့် ကြည့်နေသည့် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်သည် မည်သို့မှ မတတ်နိုင်သည့် တိုင်ခါးသီးသည့်ခံစားချက်ကို ခံစားလိုက်ရလေသည်။ ဆန်းလျန်သည် အစကတည်းက အသူရာချောက်တွင် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်ခဲ့သည်မှာ ငြင်းစရာမရှိပါ။ သို့သော် … ယခုအချိန်ထိတိုင် သူသည် ထိုအချက်ကို လက်မခံချင်သေးပေ။

အပြစ်ကင်းစင်ပြီး ပြီးပြည့်စုံလွန်းသည့်ဆန်းလျန်သည် တာအိုဆရာသခင်ကြီးတစ်ပါးကဲ့သို့ ခမ်းနားလွန်းလှလေ သည်။ တာ့ရှားဧကရာဇ်ကတော့ ကျဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ နှစ်ပေါင်းများစွာ သူတည်ဆောက်ခဲ့သည့် ဂုဏ်သိက္ခာများသည်လည်း လုံး၀ ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။

ယခုတော့ ဘုန်းတန်ခိုးအာဏာကြီးမားသည့် တာ့ရှားဧကရာဇ် မဟုတ်တော့သလို ရှားမျိုးနွယ်များ၏သမိုင်းတွင် လည်း အကြီးမြတ်ဆုံး ဘုရင်တစ်ပါး မဟုတ်တော့ပါ။

သူသည် အရှုံးသမားတစ်ယောက်သာဖြစ်ပြီး အသူရာချောက်တွင် မည်သည့်သြဇာအာဏာမှ မရှိတော့ပါ။

မည်သူမှ လောကတွင် ရှုံးနိမ့်ချင်မည် မဟုတ်ပါ။ အထူးသဖြင့် တာ့ရှားဧကရာဇ်လိုလူမျိုးသည် အရှုံးတရားကို အမုန်းကြီးမုန်းသူ ဖြစ်လေသည်။

သို့သော်… သူနှင့် ဆန်းလျန်သည် များစွာ အဆင့်အတန်းကွာခြားသည်ကို ဝန်ခံရတော့မည် ဖြစ်လေသည်။ ကျင့်ကြံခြင်းအဆင့်တွင် ဆန်းလျန်သည် သူ့ထက်များစွာ အဆင့်မြင့်လေသည်။

ဆန်းလျန်၏ မရဏဓားသည် ချန်ကျန့်မေ၏ အနတ္တဓားလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိပါ။ သို့သော်… ဆန်းလျန်သည်လည်း ကိုယ်ပိုင် မရဏဓားတစ်လက်ကို ကျင့်ကြံအောင်မြင်ခဲ့သူတစ်ယောက် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏ မိစ္ဆာဓားကောက်ကြီးအထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားသည့်အချိန်တွင် တာ့ရှားဧကရာဇ် ကိုယ်တိုင်လည်း ပင်ပန်းနွမ်းနည်နေပြီဖြစ်သလို ယင်းလုန်သည်လည်း စတေးခံခဲ့ပြီးပြီ ဖြစ်လေသည်။

သူ့အနေဖြင့် နောက်တစ်ကြိမ် ဓားကိုအသုံးပြုရန် လုံးဝအားမရှိတော့ပေ။ ဆန်းလျန်ကတော့ သူ၏ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ဓားကွက်ကို အသုံးပြုနိုင်ခဲ့လေသည်။

ထို့ကြောင့် … ဆန်းလျန် ဒုတိယအကြိမ် ဓားကိုထုတ်လိုက်ချိန်တွင် တာ့ရှားဧကရာဇ်သည် ခုခံနိုင်စွမ်းမရှိတော့ပေ။ မရဏဓားသည် တာ့ရှားဧကရာဇ်၏ ရင်ပတ်ကို ထိုးစိုက်သွားလေသည်။ နွေးထွေးသည့်သွေးများ သူ့ကိုယ်ထဲမှ စီးထွက်လာပြီး ယွမ်စီမှော်မိစ္ဆာနှလုံးသားသည် လွတ်မြောက်ရန်အတွက် တာ့ရှားဧကရာဇ်၏ရင်ပတ်အတွင်းမှ ခုန်ထွက်လာလေသည်။

သို့သော်… ဧရာမလက်ကြီးတစ်ဖက်က ထိုနှလုံးသားကို တားဆီးထားလိုက်လေသည်။

လေထုတစ်ခုလုံး အပြည့်အ၀ ချိတ်စည်းတံဆိပ်အခတ်ခံလိုက်ရပြီး မိစ္ဆာနှလုံးသားသည် ဧရာမလက်ကြီးထက်သို့ ကျရောက်လာလေသည်။ မိစ္ဆာနှလုံးသားထက်တွင် အဆုံးမရှိမိစ္ဆာသင်္ကေတများကို တွေ့မြင်ရပြီး ယွမ်စီမှော်မိစ္ဆာ စွမ်းအားများ လှည့်ပတ်နေလေသည်။ မှော်မိစ္ဆာစွမ်းအားများ၏ ကြုံးဝါးသံများလည်း ထွက်ပေါ်လျှက် ရှိနေလေတော့ သည်။

All Chapters