ရေမိစ္ဆာမယ်
Vol. 7 Ch. 682
ဆန်းလျန်၏ရင်ထဲတွင် ပျော်ရွှင်ခြင်းလည်မဖြစ်မိသလို စိတ်မကောင်းဖြစ်ခြင်းလည်း မဖြစ်မိပါ။
ဆန်းလျန်သည် ကောင်းကင်ထက်မှ ဖြေးညင်းစွာ ဆင်းသက်လာလေသည်။ သူသည် လနတ်သမီးကို တစ်ချက်ပင် အရေးမစိုက်ပါ။ သို့သော်… လနတ်သမီးသည်လည်း မနေရဲတော့သည့်အတွက် ညကောင်းကင်မှ ပျောက်ကွယ်သွား ခဲ့ပြီဖြစ်လေသည်။
တိချိုးမြို့တော် ကျဆုံးသွားခဲ့ပြီဖြစ်လေသည်။
တာ့ရှားဧကရာဇ်သေဆုံးသွားသည်နှင့် မိစ္ဆာဝိညာဉ်များသည် သဲမုန်တိုင်းများအလား တစ်ယောက်ပြီတစ်ယောက် လွင့်စင်ပျောက်ကွယ်သွားကြလေသည်။
ဂုဏ်ယူစရာ တိချိုးမြို့တော်ကြီးနှင့် မည်သူမှ အနိုင်မယူနိုင်သည့် ရှားမျိုးနွယ်များသည် လူတစ်ယောက်၏လက်ထဲ တွင်ကျဆုံးသွားခဲ့ကြရပြီ ဖြစ်လေသည်။ သူတို့ပြန်လာရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်တော့ပေ။
အလင်းရောင်တစ်ချက်လင်းလက်သွားကာ ကျင့်စူးသည် လူသားပုံသဏ္ဍန်ပြန်ပြောင်းလိုက်ပြီး ကွေလိ၏ဘေးတွင် ရပ်နေလိုက်လေသည်။ သူမသည် ဆန်းလျန်ကို ကြည့်လိုက်ပြီး ဆန်းလျန်သည် ထူးဆန်းသည့် ခံစားချက်တစ်ခုကို သူမကိုပေးသည့်အတွက် အံ့သြမင်သက်သွားရလေသည်။
မည်သူမှ သူ့ကို မထိုးနှက်နိုင်သည့်အလား ဖြစ်လေသည်။ ပုံရိပ်ယောင်မျှသာဖြစ်သည့်တိုင် မမေ့နိုင်သည့် ခံစားချက် ကိုပေးနိုင်လေသည်။
ကြီးမားသည့်နဂါးကြီးတစ်ကောင်၏ ခန္ဓာကိုယ်သည် ကောင်းကင်ထက်မှ ပြုတ်ကျလာလေသည်။ နဂါးခန္ဓာကိုယ်ကြီး သည်မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့် တောင်တန်းကြီးအလား ဖြစ်လေသည်။
ဆန်းလျန်က သူ၏လက်ကို အသာအယာဝေ့ယမ်းလိုက်ပြီး ပြုတ်ကျလာသည့်နဂါးကြီးကို အရှိန်ထိန်းပေးလိုက်လေ သည်။
တိုက်ပွဲအရှိန်ကြောင့် တိချိုးမြို့တော်တွင် မြေကြီးများကျွံဝင်နေပြီး တွင်းနက်ကြီးတစ်ခု ဖြစ်တည်နေလေသည်။ အသူရာချောက်မှ ရေများသည် မြေကြီးထက်သို့ စိမ့်ထွက်လာပြီး တိတ်ဆိတ်စွာဖြင့် စီးဆင်းသွားလေသည်။ တွင်းနက်ကြီးသည် အဘယ်မျှနက်ရှိုင်းသည်ကို မည်သူမှ မသိနိုင်ပေ။
ဆန်းလျန်က ကျင့်စူးကို မေးလိုက်လေသည်။
"မင်း နဂါးအသားစားချင်သေးလား"
ကျင့်စူးသည် ယင်းလုန်မသေမီတွင် ထိန်းသိမ်းထားခဲ့သည့် နဂါးအသွင်သဏ္ဍန်ကြီးကို တစ်ချက် ကြည့်လိုက်လေ သည်။ နဂါးကြီးကို ဝန်းရံထားသည့် ဥက္ကာပျံများကို ဆန်းလျန်က တန်းခိုးဖြင့် ထိန်းသိမ်းထားလေသည်။
ကျင့်စူးမှာ စိတ်ဓာတ်ကျသွားရလေသည်။ ထိုမျှ သူရဲကောင်းဆန်လွန်းသည့် နဂါးကြီးကို သူမအနေဖြင့် မစားရက် တော့ပေ။
သူမက ဆန်းလျန်၏အမေးစကားကို ခေါင်းခါယမ်းပြလိုက်ရင်း အဖြေပြန်ပေးလိုက်လေသည်။
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဥက္ကာပျံများနှင့်အတူယင်းလုန်ကို တွင်းနက်ကြီးအတွင်းသို့ မြှုပ်နှံပေး လိုက်လေသည်။ နဂါးကြီး တွင်းနက်ကြီးအတွင်းသို့ကျသွားသည်နှင့် ကျယ်လောင်သောအသံကြီးတစ်သံထွက်ပေါ် လာလေသည်။ တွင်းနက်ကြီးမှာ မည်မျှ နက်ရှိုင်းသည်ကို ပြသနေခြင်း ပင်ဖြစ်လေသည်။
ဆန်းလျန်၏ လက်ဖဝါးထက်ရှိ တာရှားဧကရာဇ်၏ ယွမ်စီမှော်မိစ္ဆာနှလုံးသားသည် တဖြည်းဖြည်း ကျုံ့သွားပြီး ပုတီးစေ့တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ပုတီးစေ့၏အရောင်သည် နက်မှောင်လွန်းသည့်အတွက် ပတ်ဝန်းကျင်မှ အလင်းရောင်များကိုပင် စုပ်ယူတော့မည့်အလား ထင်မှတ်ရလေသည်။ ဆန်းလျန်က ပုတီးစေ့ကို သူ၏ အင်္ကျီလက်ထဲတွင် သိမ်းဆည်းလိုက်ပြီး ယင်းစန်းပြည်ရှိရာ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်လေ သည်။
ကျင့်စူးက …
"အခုတော့ ရှင်က အရမ်းတန်ခိုးစွမ်းအားမြင့်မားနေတာပဲ ၊ ဒါပေမယ့်…."
ဆန်းလျန်က သူမ၏ စကားကို ဖြတ်ပြောလိုက်လေသည်။
"ဘာလဲ… ကျုပ်တော့ နာမည်ကြီးတစ်ယောက်ဖြစ်လာတော့မယ်လို့ မင်းထင်နေတာလား"
ကျင့်စူးက…
"အမှန်ပဲ ၊ ဒါပေမယ့် လောလောဆယ်တော့ ရှင်နည်းနည်းလောက် ငြိမ်နေသင့်တယ်ထင်တယ်"
ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပင်…
"နာမည်ကျော်ကြားတယ်ဆိုတာ ရွေးခြယ်မှုတစ်ခုပါပဲ ၊ မထင်မရှားနေတယ်ဆိုတာလည်း ရွေးခြယ်မှုတစ်ခုပါပဲ ၊ ဒါပေမယ့် ကျုပ်မှာတော့ ရွေးခြယ်စရာမရှိဘူး"
ဆန်းလျန်၏ စကားသည် အမှန်ပင် ဖြစ်လေသည်။
စန့်ချင်တာအိုဆရာသခင်သည် သူ့ဘဝတစ်ခုလုံးကို အေးအေးဆေးဆေးနေခွင့် မပေးတော့ပြီ မဟုတ်ပါလား။
သို့သော်… ထိုအချက်ကြောင့်တော့ စန့်ချင်တာအိုဆရာသခင်ကလည်း ဆန်းလျန်ကို ရွေးခြယ်ခဲ့ခြင်းမဟုတ်သလို ဆန်းလျန်ကလည်း လက်လျှော့တတ်သည့်လူစားမျိုး မဟုတ်ပါ။
ဆန်းလျန်၏စိတ်အမှောင်ဘက်ခြမ်းကို မည်သူမှ မသိသည့်တိုင် ဆန်းလျန်ဆိုသည်က သေဖို့အရေးကို ထိုင်စောင့်နေ မည့်သူတစ်ယောက်တော့ မဟုတ်ပေ။
ထိုအချိန်မှာပင်… လေမုန်တိုင်းတစ်ခုတိုက်ခတ်လာပြီး မိုးများသည်းထန်စွာ ရွာသွန်းလာလေသည်။ တိုက်ပွဲဖြစ်ပွား ခဲ့သည့်သဲလွန်စများအားလုံးသည် မုန်တိုင်းထဲတွင် ပျောက်ကွယ်သွားလေသည်။
ထို့ပြင် ဆန်းလျန်သည်၏ အနာဂတ်သည်လည်း မုန်တိုင်းတစ်ခုအလား အခက်အခဲများနှင့် ပြည့်နက်နေတော့မည့် နိမိတ်ပင် ဖြစ်လေသည်။
စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်းကျင့်စဉ်ကို စတင်ကျင့်ကြံခဲ့သည့်အချိန်မှစပြီး သူ့ဘဝတွင် ရွေးခြယ်စရာ မရှိတော့ ပါ။
ဆန်းလျန်သည် မိုးရေထဲတွင် တစ်ယောက်တည်း ရပ်နေလေသည်။ မိုးရေစက်များသည် သူ့ကို ရိုက်ခတ်နေသည်ကို တားဆီးခြင်းမပြုဘဲ တစ်ယောက်တည်း စဉ်းစားနေမိလေသည်။
"ဒီမုန်တိုင်းက တော်တော်ကြမ်းတာပဲ"
ထိုအချိန်မှာပင်… ကျောက်ကဲမြို့တော်တွင်လည်း မုန်တိုင်းတိုက်ခတ်လျှက် ရှိလေသည်။
ထျန်းယီသည်လည်း စဉ်းစားနေမိလေသည်။
"နောက်ထပ်လာမယ့်မုန်တိုင်းက ပိုပြီးကြမ်းလိမ့်မယ်"
တာ့ရှားပြည်တည်ရှိသည့်နေရာဒေသနှင့် တာ့ရှားပြည်မှ တိုင်းသူပြည်သားများကတော့ ဆက်လက်ရှိနေဦးမည် ဖြစ်လေသည်။ သို့သော်… တာ့ရှားဧကရာဇ်နှင့် တိချိုးမြို့တော်မှာတော့ ရှိတော့မည် မဟုတ်ပေ။ တစ်နည်းအားဖြင့် ဆိုရသော် တာ့ရှားပြည်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
ယင်းစန်းပြည် ၊ တာ့ကျိုးပြည်နှင့် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းတို့သည်သာ အသူရာချောက်၏ အဓိကကစားသမားများ ဖြစ်လာတော့မည် ဖြစ်လေသည်။ သို့သော်… ယင်းစန်းပြည်နှင့် တာ့ကျိုးပြည်တို့ကတော့ ရန်ဘက်အင်အားစုများ ဖြစ်လာမည်မှာ သိသာထင်ရှားလွန်းလှလေသည်။
သို့သော်… ထိုအခြေအနေသည် ယင်းစန်းမကျဆုံးမီ အချိန်အတွင်းသာဖြစ်သည်ကို လူအများက ခန့်မှန်းမိကြလေ သည်။
အဘယ်ကြောင့်ဆိုသော် ယင်းစန်းတွင် ဆန်းလျန်ကို ယှဉ်နိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။
သို့သော်… ဆန်းလျန်သည်လည်း တာ့ရှားဧကရာဇ်ကို သတ်ဖြတ်သုတ်သင်ပြီးသည့်နောက် ယင်းစန်းကို တိုက်ခိုက် ရန်အတွက် အလျင်မလိုသေးပါ။ သူသည် တာ့ကျိုးပြည်သို့ ပြန်သွားခဲ့လေသည်။ သူနောက်ထပ်လှမ်းမည့်ခြေလှမ်း ကိုမည်သူမှ မခန့်မှန်းနိုင်ကြပေ။
တာ့ရှားဧကရာဇ် ကျဆုံးသွားပြီး ရက်ပေါင်း (၁၀၀)ကြာသည့်နောက်တွင် တာ့ကျိုးပြည်တွင် ထူးဆန်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။
တာ့ကျိုးပြည်တွင် စီးဆင်းနေသည့် မြစ်များအားလုံးသည် ထိတ်လန့်ဖွယ်ရာကောင်းအောင် ခြောက်သွေ့သွားခဲ့ကြ လေသည်။
အင်းပညာရှင်ဖြစ်သည့် ဆရာသခင်စုရှိုးချင်က ရေကိုစွဲဆောင်သည့် အင်းသင်္ကေတများဖြင့် တိုင်းပြည်တစ်ဝှမ်းမှ မြစ်များ ပြန်လည်စီးဆင်းလာစေရန် ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ပြင်… ရေစွမ်းအားကျင့်စဉ်ကို ကျင့်ကြံကြသည့် ကျင့်ကြံသူများက တွက်ချက်ကြည့်လေရာ တာ့ကျိုးပြည်၏ မိုးနှင့်မြေတစ်ခုလုံးသည် ရေအရင်း အမြစ်နှင့် ဆက်သွယ်နိုင်ခြင်း မရှိတော့သည်ကို တွေ့ရှိလိုက်ရလေသည်။
ကောင်းကင်ထက်တွင် တိမ်တိုက်များရှိနေသော်လည်း ထိုတိမ်တိုက်များသည် တာ့ကျိုးပြည်အတွင်းသို့ ဝင်ရောက် လာသည်နှင့် ချက်ချင်းပျောက်ကွယ်သွားကြလေသည်။
တာ့ကျိုးပြည်တွင် အသူရာချောက်မှ စိမ့်ထွက်လာသည့် ရေတစ်မျိုးသာ ရှိတော့သည်။ သို့သော် ထိုရေသည် လူသားများစားသုံးရန်အတွက် သင့်တော်ခြင်း မရှိပေ။
မြေကြီးမှ အစိုဓာတ်လျော့နည်းသွားပြီး တာ့ကျိုးပြည်သူပြည်သားများ ဒုက္ခရောက်စ ပြုလာကြလေသည်။
အဆင့်နိမ့်ကျင့်ကြံသူများမှာလည်း ထိုအဖြစ်အပျက်၏ အကျိုးသက်ရောက်မှုကို ခံစားကြရလေသည်။ ကျင့်ကြံသူ များသည် ထမင်းစားစရာမလိုသည့်တိုင် ရေသောက်ရန်လိုအပ်သလို တာအိုခန္ဓာကိုသန့်စင်ရန်အတွက် ရေချိုးရန် လည်းလိုအပ်လေသည်။
ထို့ကြောင့် တိုင်းပြည်၏အမတ်မင်းတစ်ပါးဖြစ်သည့် ယီကျီးသည် စိတ်ပူပန်နေရလေတော့သည်။ ထို့ကြောင့် နောက်ဆုံးတွင် ဆန်းလျန်ရှိရာ အပြာရောင်ခရီးရှည်နန်းတော်သို့ လာရောက်အကူအညီတောင်းရလေတော့သည်။
ဆန်းလျန်သည် အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် ကိုယ်ယောင်ဖျောက်ထားလေသည်။ တာ့ရှားဧကရာဇ်ကို သတ်ဖြတ်ပြီးသည့်နောက် သူသည် အပြာရောင်ခရီးရှည်နန်းတော်မှ တစ်ဖဝါးမှ မခွာခဲ့ပေ။
ယီကျီးက…
"ကျွန်တော်မျိုး ယီကျီး ၊ မင်းကြီးကို လာရောက်တွေ့ဆုံပါတယ်…"
ဆန်းလျန်၏ ကြည်လင်သည့်အသံသည် နန်းတော်အတွင်းမှ ထွက်ပေါ်လာလေသည်။
"မင်းရောက်လာရတဲ့အကြောင်းရင်းကို ကျုပ်သိပြီးသားပါ"
ယီကျီးက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်…
"မင်းကြီး…. တာ့ကျိုးပြည်မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေတာကို မင်းကြီး သိပါသလား"
ဆန်းလျန်က…
"သိတယ်…"
ယီကျီးမှာ ထိုအခါမှ စိတ်သက်သာရာ ရသွားလေသည်။
ဆန်းလျန်သာ လက်ရှိရင်ဆိုင်နေရသည့် အဖြစ်အပျက်များ၏ နောက်ကွယ်မှအကြောင်းရင်းကို မသိရှိလျှင် သူလည်း ထိုပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ဆန်းလျန်က ပြဿနာ၏အရင်းအမြစ်ကို ပြောမပြဘူးဆိုလျှင် တောင်မှ သိရှိသည်ဆိုလျှင် ဖြေရှင်းပေးမည် ဖြစ်လေသည်။
ယီကျီးက…
"မင်းကြီး ပြဿနာကို မင်းကြီး ဖြေရှင်းပေးမှာလား ၊ ဒါမှမဟုတ် ကျွန်တော်မျိုးကို ဖြေရှင်းဖို့ လမ်းညွှန်ချက်များ ပေးနိုင်မလား"
ဆန်းလျန်သည် အပြာရောင်ခရီးရှည်နန်းတော်ထဲမှ ထွက်လာလေသည်။
ဆန်းလျန်ကိုကြည့်ပြီး ယီကျီးမှာ များစွာ အံ့သြထိတ်လန့်သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ မျက်နှာတစ်ခုလုံးတွင် မိစ္ဆာသင်္ကေတများဖြင့် ပြည့်နေပြီး အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေသာကြောင့် ဖြစ်လေသည်။
သူ၏လည်ပင်းထက်တွင် အနက်ရောင်ပုတီးစေ့တစ်လုံးကိုဆွဲထားပြီး ထိုပုတီးစေ့မှ မိစ္ဆာစွမ်းအားများ စိမ့်ထွက်နေ လေသည်။ ယီကျီးသည် မိစ္ဆာတစ်ယောက်၏ ပိုင်နက်အတွင်းသို့ ရောက်ရှိနေသည့်အလား ခံစားလိုက်ရလေသည်။
သို့သော်…ဆန်းလျန်၏ ကြည်လင်ရှင်းသန့်နေသေးသည့် နတ်ဘုရားစွမ်းအားများကတော့ မိစ္ဆာစွမ်းအားများကြောင့် ထိခိုက်ခြင်းမရှိသေးပေ။
ဆန်းလျန်က…
"ယီကျီး… မင်း ကျုပ်ရဲ့ပုံစံကို ကြောက်သွားတာလား ၊ ဒါကြောင့်လည်း ကျုပ် နန်းတော်ထဲက တစ်ဖဝါးမှ မခွာဘဲ နေနေတာပေါ့ ၊ ယွမ်စီမိစ္ဆာစွမ်းအားတွေဟာ တစ်ခုခုတော့ တစ်ခုခုပဲ ၊ အခု ရက် (၁၀၀) ရှိနေတာတောင် အဲဒီမိစ္ဆာစွမ်းအားတွေကို ကျုပ်ဟာ လုံးလုံးလျားလျား ထိန်းချုပ်လို့ မရခဲ့ဘူး"
ဆန်းလျန်အဆင်ပြေသည်ကို သိတော့မှာ ယီကျီးမှာလည်း စိတ်သက်သာရာ ရသွားခဲ့လေသည်။ သို့သော်… ဆန်းလျန်၏ ပုံစံမှာ အလွန်မှ ကြောက်မက်ဖွယ်ရာကောင်းနေသည့်အတွက် ဆန်းလျန်၏ လက်ရှိပုံသဏ္ဍန်ကိုသာ အခြားသူများတွေ့မြင်သွားမည်ဆိုလျှင် ကောလဟလမျိုးစုံ ပြောဆိုကြမည် ဖြစ်လေသည်။
"အခု တာ့ကျိုးပြည်မှာဖြစ်နေတာ သာမန်ဘေးအန္တရယ်မဟုတ်ဘူး ၊ တာ့ရှားပြည်က မြစ်ဖျားခံလာတာပဲ"
ယီကျီးက…
"မင်းကြီး… အသေးစိတ် ရှင်းပြပေးလို့ရမလား"
ဆန်းလျန်က ယီကျီး၏ရှေ့တွင် ကြာပန်းပုံသဏ္ဍန်တင်ပျဉ်ခွေချိတ်ထိုင်လိုက်ပြီး…
"တာ့ရှားပြည်ကိုတည်ထောင်ခဲ့သူက ဧကရာဇ်စစ်ဝမ်မင့်ပဲ ၊ သူတိုင်းပြည်ကို စတင်တည်ထောင်ခဲ့တုန်းက အခြား အမတ်မင်းတွေအပြင် ယုံကြည်စိတ်ချရတဲ့ လက်ထောက် (၂)ယောက် ရှိခဲ့တယ် ၊ အဲဒီ (၂)ယောက်မှာ တစ်ယောက်က ယင်းလုန်နဂါးကြီးပဲ ၊ ယင်းလုန်က ရေကိုထိန်းချုပ်နိုင်တဲ့ နဂါးအနွယ်တော်တစ်ပါးပဲ ၊ ဒါကြောင့် လည်းတိချိုးမြို့တော်လိုနေရာမျိုးမှာ ရှားတူးမြောင်းကို တူးဖော်ပြုလုပ်နိုင်ခဲ့တာပေါ့ ၊ နောက်တစ်ယောက်ကတော့ မိုးနတ်မယ်ပဲ ၊ ဘယ်သူမှ သူ့ရဲ့ဇာစ်မြစ်ကို မသိကြဘူး ၊ ဒါပေမယ့် သူက ရေအရင်းအမြစ်တွေကို ခမ်းခြောက်သွား အောင်ဖြတ်တောက်ပစ်နိုင်စွမ်းရှိတယ် ၊ ဒါကြောင့်သူ့ကို ရေမိစ္ဆာမယ်လို့လည်း ခေါ်ကြတယ် ၊ သူပျောက်ကွယ် နေတာနှစ်ပေါင်းများစွာကြာခဲ့ပြီ ၊ အခုတော့ လျှို့ဝှက်ပြီး ပြန်ပေါ်လာပုံရတယ် ၊ တာ့ကျိုးပြည် ရေပြတ်လပ်သွား အောင်သူလုပ်နေတာပဲ"