နောင်တမရှိ
Vol. 7 Ch. 685
ချုန်းဟေးဟူသည် ကျင့်စဉ် နောက်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံရန်အတွက် အချိန်သိပ်မကြာခဲ့ပေ။
ဖူဟောင်သည် ဟေးဟူ လူသားအသွင်မှ ကျားအသွင်ပြောင်းသွားသည်ကို ကြည့်နေလေသည်။
ထိုအချိန်မှာပင်… အန္တရယ်အငွေ့ အသက်များကို သူမ ရလိုက်လေသည်။
ကောင်းကင်က မှောင်မိုက်နေပြီး အဝေးဆီမှ အလင်းရောင်သဲ့သဲ့ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ ထိုအလင်းရောင်မှာ မြင်းတပ်ကြီးတစ်တပ် ချီတက်လာခြင်းဖြစ်ပြီး စစ်တပ်ကြီးမှာ မြွေရှည်ကြီးတစ်ကောင်နှင့်ပင် ဆင်တူလေည်။
ဖူဟောင်သည် သာမန်ထက်ထူးခြားသူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့် မီးအလင်းရောင် လင်းလက်နေသည် သာမက ယင်စွမ်းအားများ တဖြည်းဖြည်းပျောက်ကွယ်နေသည်ကိုလည်း သတိထားလိုက်မိလေသည်။ ယင်စွမ်းအား များနည်းပါးသွားသည့်အတွက် ညသည် အအေးဓာတ်လျော့နည်းသွားလေသည်။
ထိပ်ဆုံးမှ မြင်းစီးသူရဲကောင်းသည် ကြွက်သားများဖြင့် သန်မာခွန်အားကြီးသည့် လူငယ်တစ်ယောက် ဖြစ်လေသည်။ သူ့ထံမှ အငွေ့အသက်သည် ညအမှောင်တွင်တောက်လောင်နေသည့် တောမီအလားဖြစ်လေသည်။ ထိုသူနီးကပ် လာသည်နှင့်အမျှ မီးဖိုကြီးတစ်ခုအလား ပူလောင်မှုကို ခံစားလိုက်ကြရလေသည်။
ထိုသူမှာ အရပ်မြင့်မြင့် နဖူးကျယ်ကျယ်နှင့်ဖြစ်လေသည်။ စွမ်းအားကြီးသူတစ်ယောက်ဖြစ်သည်ကိုတော့ ငြင်းဖွယ်ရာ မရှိပေ။
"ဘယ်မိစ္ဆာက ကျုပ်ညီကို ကျားမိစ္ဆာပုံစံ ပြောင်းပစ်နေတာလဲ"
မြင်းစီးသူရဲကောင်းက ချုန်းဟေးဟူ၏ အဝတ်အစားများကိုတွေ့သည်နှင့် စကားပြောလိုက်လေသည်။
သို့သော်… သူ့စကားမဆုံးသေးမီမှာပင် ကောင်းကင်ထက်မှ မိုးကြိုးတစ်ချက် ပစ်ချလိုက်လေတော့သည်။
မြင်းစီးသူရဲကောင်းမှာ ကြံ့ခိုင်သန်စွမ်းသူတစ်ယောက်ဖြစ်သော်လည်း မိုးကြိုးဒဏ်ကိုတော့ ခံနိုင်စွမ်းမရှိပေ။ ဆန်းလျန် တစ်ချက်ပင် တိုက်ခိုက်စရာ မလိုဘဲ ထိုသူ၏အသားများသည် မီးသွေးခဲအလားဖြစ်သွားရလေသည်။
ဖူဟောင်ပင်လျှင် ဆန်းလျန် မည်သို့သော တန်ခိုးစွမ်းအားအသုံးပြုလိုက်သည်ကို မသိလိုက်ပေ။
သို့သော်… ဆန်းလျန်သည်လည်း မည်သည့်တန်ခိုးစွမ်းအားမှ အသုံးပြုခဲ့ခြင်းမရှိခဲ့ပါ။
ချုန်းဟေးဟူကျင့်ကြံနေစဉ်အချိန်တွင် ဆန်းလျန်သည် အခြားသူများ မနှောက်ယှက်ရန်အတွက် အရံအတားပြုလုပ် ထားခဲ့လေသည်။
ထိုအချိန်မှာပင်… မြင်းစီးသမားက ဆန်းလျန်ကို မိစ္ဆာဟု စွပ်စွဲပြောဆိုလိုက်သည့်အခါ ဆန်းလျန်ကဲ့သို့ ကြီးမြတ်သူတစ်ယောက်ကို မထီမဲ့မြင်ပြုခြင်းအတွက် မိုးကြိုးပစ်ခံလိုက်ရခြင်းသာ ဖြစ်လေသည်။
မြင်းစီးသူရဲကောင်း၏အဆင့်သည် ဆန်းလျန်ကို ပြစ်မှားလောက်ရသည်အထိ တန်ခိုးစွမ်းအားမလုံလောက်ပေ။ ထို့ကြောင့် အပြစ်ပေးခံလိုက်ရခြင်းဖြစ်လေသည်။
မြင်းစီးသမားသည် မြေပြင်ထက်သို့ြ့ပုတ်ကျသွားပြီး အကြောများစွဲနေကာ မိုးကြိုးဒဏ်ကြောင့် ပါးစပ်တွင်းမှ အဖြူရောင်အမြှုပ်များ ထွက်နေလေသည်။ သူ့နောက်မှ လိုက်လာသည့်စစ်သည်တော်များမှာ အဘယ်သို့ လုပ်ရမည် မသိဖြစ်သွားကြရလေသည်။ စစ်သည်တော်အနည်းငယ်က မြင်းစီးသမားရှိရာသို့ ကူညီရန် သွားလိုက်ကြပြီး ကျန်သည့်စစ်သည်တော်များက ဆန်းလျန်ကို ကြောက်ကြောက်ရွံ့ရွံ့နှင့်ပင် ဝိုင်းထားလိုက်ကြလေသည်။
ချုန်းဟေးဟူမှာ ကျားတစ်ကောင်အသွင်သို့ လုံးဝပြောင်းလဲပြီးသွားပြီ ဖြစ်လေသည်။
သူက တစ်ချက်ဟိန်းလိုက်ပြီး…
"ကျုပ်ရဲ့ဇာစ်မြစ်က ကျယ်ယန်းတောင်က ကျားတစ်ကောင်ပဲ ၊ သခင်လေးနဲ့တွေ့ပြီးနဲ့နောက် မိုးမြေသဘာဝတရား တွေအကြောင်း နားလည်ခွင့်ရခဲ့တယ် ၊ အခု သခင်လေးက ကျုပ်ကို ပညာသင်ပေးဖို့ရောက်လာခဲ့တယ် ၊ ကျုပ် ကျားအသွင်ပြောင်းပြီး သူနဲ့ လိုက်သွားတော့မယ် ၊ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်"
သူ၏စကားသံတိုင်းသည် မိုးပေါ်မှ တူကြီးတစ်ချောင်းဖြင့်ထုနေသည့်အလား ခံစားရလေသည်။
ချုန်းကော်တိုင်းပြည်မှ လူတိုင်းသည် သူ့အသံကို ကောင်းကောင်းကြားလိုက်ကြရလေသည်။
ဆန်းလျန်က…
"သွားကြစို့…"
ဆန်းလျန်သည် ချုန်းကောင်တိုင်းပြည်မှလူများကို လှည်ပင်မကြည့်တော့ပေ။
လင်းလက်နေသည့် တိမ်တိုက်တစ်ခုထွက်ပေါ်လာပြီး သူတို့ (၃)ယောက်စလုံးကို ဝန်းရံလိုက်ကာ ညအမှောင်တွင် ပျောက်ကွယ်သွားကြလေတော့သည်။
ထိုညတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို လူအများသည် ဒဏ္ဍာရီအဖြစ် မှတ်တမ်းတင်ထားခဲ့ကြပြီး ထိပ်တန်းစစ်သည်တော်တစ်ပါး ဖြစ်သည့်ချုန်းဟိုဟူသည် ထိုညတွင် အရှုံးကြီး ရှုံးနိမ့်ခဲ့ရလေသည်။ သူ၏ရဲစွမ်းသတ္တိ များအားလုံး ပျောက်ဆုံးသွားခဲ့ရပြီး သူ့နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် မှော်နက်အတတ်ပညာ များကိုသာ အသုံးပြုခဲ့ရလေသည်။
တိမ်တိုက်များ၏အနောက်ဘက်တွင် ကြယ်ရောင်များ လင်းလက်တောက်ပနေလေသည်။ ကောင်းကင်ထက်မှ ကြည့်လိုက်သည့်အခါ လောကမြေပြင်ကို စစ်တုရင်ခုံတစ်ခုအလား တွေ့မြင်ရလေသည်။ တောင်တန်းနှင့် မြစ်ချောင်း များသည် စစ်တုရင်ကွက်များနှင့်ဆင်တူပြီး လှုပ်လှုပ်ရွရွနှင့် သက်ရှိသတ္တဝါများသည် စစ်တုရင်အရုပ်များနှင့်ဆင်တူ လေသည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ ဆန်းလျန်နှင့်အတူ ကောင်းကင်ထက်တွင်ပျံသန်းနေရသည်မှာ အိပ်မက်ဆန်လွန်းလှ သည်ဟု ချုန်းဟေးဟူ ခံစားနေရလေသည်။
ဆန်းလျန်က…
"မင်းရဲ့ အစ်ကိုနဲ့ ပြည်သူတွေကိုထားခဲ့ရလို့ နောင်တရနေသလား"
ဟေးဟူက…
"သခင်လေးအနားမှာနေရတာက ပြဒါးဆေးစားရတာထက်တောင် ကောင်းပါသေးတယ် ၊ ဘာလို့ နောင်တရစရာ ရှိမှာလဲ"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မင်းက လူသာပြန်ဝင်စားတာ အကျင့်ကအရင်အတိုင်းပဲ ၊ ဒါပေမယ့် မင်းရဲ့အစ်ကိုက အနှေးနဲ့အမြန် မင်းရဲ့လက်ထဲမှာသေရလိမ့်မယ်"
ဟေးဟူက…
"သခင်လေး ၊ ကျွန်တော် သူ့ကိုသဘောမကျပေမယ့် သတ်ပစ်ချင်ရလောက်အောင်တော့ မမုန်းသေးပါဘူး ၊ သူက ဘာလို့ ကျွန်တော့်လက်ထဲမှာ သေရမှာလဲ"
ဆန်းလျန်က…
"အဲဒါ ကံတရားအတိုင်းပဲလေ…"
ဟေးဟူက ခေါင်းငုံ့လိုက်သည့်အခါတွင်တော့ သူ၏မျက်ခုံးနှစ်ခုကြားမှ ဧကရာဇ်သင်္ကေတက နက်ရှိုင်းစွာထွက်ပေါ် လာလေသည်။
အစ်ကိုဖြစ်သူကို သူ့လက်ဖြင့်သတ်ရမည့်နေ့ရက်သို့ ရောက်လာခဲ့လျှင်လည်း အစ်ကိုဖြစ်သူကိုမသတ်ဘဲ လွှတ်ပေး လိုက်မည်ဟု စဉ်းစားနေခဲ့လေသည်။
လူသားတစ်ယောက်အဖြစ် လူပြန်ဝင်စားခဲ့သည့်အတွက် ကိုယ်ကျင့်တရားနှင့် လူသားတို့လိုက်နာရမည့် စည်းကမ်းများ ၊ စိတ်နေသဘောထားများ ဟေးဟူတွင် အပြည့်ရှိနေပြီ ဖြစ်လေသည်။
သူက…
"သခင်လေး… ကျွန်တော်တို့ဘယ်ကိုသွားနေတာလဲ"
"မင်းအရင်ဘ၀ ဆုံးသွားတဲ့နေရာကို သွားနေတာ"
ဆန်းလျန်က ပြန်ပြောလိုက်လေသည်။
ဟေးဟူက ထိုနေ့က အဖြစ်အပျက်များကို ပြန်လည် သတိရသွားမိလေသည်။
ထိုနေ့က သူ့ဘ၀ (၂)ခုစလုံးတွင် သတ္တိအရှိဆုံးအပြုအမူကို ပြုလုပ်ခဲ့သည့်နေ့ ဖြစ်လေသည်။ ထို့ကြောင့်လည်း သခင်လေး သူ့အပေါ်ထားသည့် သဘောထား ပြောင်းသွားခဲ့ခြင်း ဖြစ်လေသည်။ မဟုတ်ပါက ဆန်းလျန်သည် သူ့ကို ကျင့်စဉ်တစ်ခုရေးသားသင်ပြပေးမည် မဟုတ်ပေ။
ဖူဟောင်သည်လည်း ထိုနေ့က အဖြစ်အပျက်များကို ပြန်လည် သတိရနေမိလေသည်။ သူမသည် ထိုအချိန်က အလွန်ငယ်ရွယ်ပြီး မသိနားမလည်သေးသည့်တိုင် ဟေးဟူ၏ သတ္တိရှိစွာ ပြုလုပ်ခဲ့သည့်အပြုအမူက သူမ၏ရင်ကို ထိရှစေခဲ့လေသည်။
ထိုနေ့က… ဟေးဟူ၏တစ်ကိုယ်လုံးတွင် သွေးများထွက်နေပြီး နတ်ဘုရားကျောင်းတော်အတွင်းသို့ ဝင်ရောက်လာ ကာသူမ၏ မိခင်ဖြစ်သူထံမှ နတ်ဘုရားဆရာကို ကူညီပေးရန် အကူအညီတောင်းခံခဲ့လေသည်။ သူသည် နောက်ဆုံး ထွက်သက်အထိ ဆန်းလျန် ပြန်လည်လွတ်မြောက်လာရန် စောင့်နေခဲ့လေသည်။
သို့သော်… ထိုသို့ သတ္တိနှင့်ပြည့်ဝလှသည့်ကျားနက်ကြီးမှာ ယခုအချိန်တွင် ဆန်းလျန်ရှေ့၌ ခွေးလေးတစ်ကောင်လို ပြုမူနေသည့် ဟေးဟူနှင့် ယှဉ်ကြည့်လျှင် မည်သို့မှ ဆက်စပ်၍ပင် မရနိုင်ပေ။
သူတို့ (၃)ယောက်သည် ထောင်ပေါင်းများစွာသော တောတောင်ရေမြေများကို ဖြတ်ကျော်သွားပြီးနောက် မက်မွန်တောင်သို့ ရောက်ရှိလာကြလေသည်။
နတ်ဘုရားကျောင်းတော်သည် ယခင်ကထက်ပင်ပိုပြီး ခမ်းနားကြီးကျယ်နေခဲ့လေသည်။ ကျောင်းတော်ကို စောင့်ရှောက်ထောက်ပံ့ပေးနေသည့် စစ်ကျင်းကို ကျေးဇူးတင်ရမည် ဖြစ်လေသည်။
စစ်ကျင်းသည် ယိုစန်းပြည်၏ ဧကရီဘုရင်မဖြစ်ပြီး အရှေ့တိုင်းစစ်သည်တော်များကို ထိန်းချုပ်ထားနိုင်သူ ဖြစ်လေ သည်။ ထို့ကြောင့် ခမ်းနားသည့် ဝတ်ကျောင်းတော်တစ်ခု ဆောက်လုပ်ရန်မှာ သူမအတွက် ခက်ခဲ့သည့်အလုပ် မဟုတ်ပေ။
ထို့ပြင် ဆန်းလျန်သည်လည်း အသူရာချောက်တစ်ဝှမ်းတွင် တစ်နေ့တခြား ဂုဏ်သတင်းကြီးမားလာလေရကား နတ်ဘုရားကျောင်းတော်တွင် ဆုတောင်းပြည့်ကြသည်က များလေသည်။
နတ်ဘုရားကျောင်းတော်ကို ကောင်းကင်ထက်မှ ကြည့်မည်ဆိုလျှင် ဆုတောင်းစကားများကြောင့် တန်ခိုးစွမ်းအား အငွေ့အသက်များ စုဝေးနေပြီး မိုးနှင့်မြေမှ ကင်းလွတ်နေသည့်အလားပင် ခံစားရလေသည်။
နတ်ဘုရားကျောင်းတော်ကို မလေးမစားလုပ်သည့် ကျင့်ကြံသူမည်သူမဆို အပြစ်ပေးခံရနိုင်လေသည်။
သူတို့ (၃)ယောက်သည် နတ်ဘုရားကျောင်းတော်အတွင်းသို့ မဝင်ဘဲ နတ်ဘုရားနယ်မြေအတွင်းသို့ တန်းပြီး ဝင်ရောက်သွားကြလေသည်။ နတ်ဘုရားနယ်မြေသည် အစစ်အမှန်မဟုတ်သလို အတုအယောင်ဟုလည်း ပြော၍မရပေ။ နတ်ဘုရားနယ်မြေသည် နတ်ဘုရားကျောင်းတော်နှင့် တစ်ထေရာတည်းတူသည့်တိုင် အပြင်လူများ ဝင်၍မရသည့် နေရာတစ်ခုဖြစ်လေသည်။
သူတို့ ဝင်လာသည်နှင့် ပလ္လင်ထက်တွင်ထိုင်နေသည့် အားလျန်က ဆင်းလာပြီး ဆန်းလျန်ကို ဂါရဝပြုလိုက်လေ သည်။
သူမသည် ဖူဟောင်ကို တွေ့သည်နှင့် မျက်ရည်များစီးကျလာလေသည်။ ဖူဟောင်သည်လည်း သူမ၏မိခင်ကို ပြေးဖက်လိုက်လေသည်။
အားလျန်က သမီးဖြစ်သူ၏ဆံပင်လေးများကို အသာအယာသပ်ပေးလိုက်ရင်း…
"မေမေ သမီးကို နောက် ဘယ်တော့မှ မဆူတော့ပါဘူးကွယ်…"
သားအမိ (၂)ယောက် အလွမ်းသယ်နေကြလေရာ အချိန်ခဏကြာလာသည့်အခါတွင်တော့ ဟေးဟူက မကျေမနပ်ဖြင့် တစ်ချက်ညည်းညူလိုက်လေသည်။
ထိုအခါမှာ အားလျန်က သမီးဖြစ်သူကို ပွေ့ဖက်ထားခြင်းမှ လွှတ်လိုက်ပြီး…
"သခင်လေးဟေးဟူ ၊ အခုလိုပြန်လာတာ အရမ်းဝမ်းသာတာပဲ"
ဟေးဟူက ပြုံးလိုက်ရင်း…
"မင်းကိုကြည့်ရတာ အရင်ကထက် တန်ခိုးစွမ်းအားတွေ မြင့်မားလာသလိုပဲ"
အားလျန်က…
"ကျွန်မ အခုလိုအခြေအနေမျိုးရောက်လာတာဟာ နတ်ဘုရားဆရာကြောင့်ပါ"
ဆန်းလျန်က…
"ကျုပ်ကို ကျေးဇူးတင်စရာမလိုပါဘူး ၊ ဒါနဲ့ မင်းရဲ့သမီးကိုလည်း တွေ့ရပြီဆိုတော့ အကူအညီတစ်ခုလောက် တောင်းချင်သေးတယ်"
အားလျန်က…
"ဟုတ်ကဲ့ပါ ၊ နတ်ဘုရားဆရာ အမိန့်ကိုနာခံပါ့မယ်"
ဆန်းလျန်က…
"တာ့ကျိုးပြည် မိုးခေါင်ရေရှားဒုက္ခကြုံနေရတာ မင်းလည်းကြားမှာပဲ"
အားလျန်က ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်ကဲ့ ၊ အဲဒီသတင်းကိုကြားပါတယ် ၊ ကျွန်မ တာ့ကျိုးပြည်ကိုသွားပြီး မိုးရွာစေတဲ့တိမ်တိုက် ဖန်ဆင်းပေးခဲ့ပါ သေးတယ် ၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး ၊ စိတ်မကောင်းစရာပါပဲ"
ဆန်းလျန်က…
"မင်းအဲဒီလိုစေတနာထားတာ တကယ်ကောင်းတယ် ၊ တကယ်တော့ ဒီကိစ္စဖြစ်ရတဲ့အကြောင်းကို ကျုပ်သိထား တယ် ၊ အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် မင်းဆီက ကြာပန်းမီးအိမ်လေးခဏငှားချင်လို့ပါ"
အားလျန်က…
"ကြာပန်းမီးအိမ်က နတ်ဘုရားဆရာဖန်တီးခဲ့တဲ့ပစ္စည်းပါ ၊ နတ်ဘုရားဆရာလိုချင်ရင် အချိန်မရွေးပြန်ယူသွားလို့ ရတာပါပဲ"
ဆန်းလျန်က…
"ဘယ်ဟုတ်မလဲ ၊ ကျုပ်က မင်းကိုပေးလိုက်ပြီဆိုမှတော့ မင်းအပိုင်ဖြစ်သွားပြီပေါ့ ၊ ရှေ့လျှောက် ယုံကြည်သူတွေရဲ့ ဆုတောင်တွေကို မင်းကိုယ်တိုင်အသုံးပြုပြီး ကျင့်ကြံတဲ့အခါ ကျုပ်ရဲ့ပစ္စည်းဖြစ်တဲ့အကြောင်းကို ဖျောက်ဖျက် ပစ်လိုက်သင့်တယ် ၊ ရှန်လမ်းစဉ်က ကျင့်ကြံရတာ ခက်ခဲတယ် ၊ ကျုပ်အတွက် အဖိုးတန်တဲ့ပစ္စည်းတွေကို မဖြုန်းတီး မိစေနဲ့"
ဆန်းလျန်၏စကားများက အားလျန်၏နှလုံးသားကို ထိရှသွားစေလေသည်။
သို့သော်… သူမက ဆုံးဖြတ်ချက်ခိုင်မာသည့်လေသံဖြင့်…
"ကျွန်မက အမြဲတမ်း နတ်ဘုရားဆရာအတွက် တာဝန်ထမ်းဆောင်ပေးမယ့်သူပါ ၊ ဒီဆုံးဖြတ်ချက်ကို ဘယ်တော့မှ မပြောင်းလဲပါဘူး"
မိခင်ဖြစ်သူ၏စကားကြောင့် ဖူဟောင်ကတော့ သက်ပြင်းတစ်ချက် ကြိတ်ပြီးချလိုက်မိလေသည်။
သူမက ဆရာဖြစ်သူ တာအိုဆရာလုယာထံမှ အကြောင်းအရာအချို့ကို သိရှိထားလေသည်။ နတ်ဘုရားဆရာသည် ဘဝတွင်ကြီးမားသည့်အောင်မြင်မှုများကို ရရှိခဲ့သည့်တိုင် သူ၏ဘဝအဆုံးသတ်သည် လှပမည် မဟုတ်ပေ။
သို့သော်… သူမ၏မိခင်ပဲဖြစ်ဖြစ် ၊ သူမကိုယ်တိုင်ပဲဖြစ်ဖြစ် ဆန်းလျန်နှင့် ချည်နှောင်ထားသည့်ကြိုးကို ဖြတ်တောက် ပစ်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့ (၂)ယောက်သည်လည်း ဘဝအဆုံးသတ် လှပရမည် မဟုတ်ပေ။
သူမ၏ မိခင်သည်လည်း ငြင်းဆန်လိမ့်မည်မဟုတ်သလို သူမသည်လည်း နောင်တရလိမ့်မည် မဟုတ်ပါ။
ဆန်းလျန်က…
"ဒါဖြင့်လည်း မင်းသဘောအတိုင်းပါပဲ ၊ ဒီကြာပန်းမီးအိမ်က အခု ရင်ဆိုင်နေရတဲ့ပြဿနာကိုသာ ဖြေရှင်းနိုင်ရင် ပိုပြီး တန်ခိုးစွမ်းအား မြင့်မားလာလိမ့်မယ် ၊ နောက်ပိုင်းကျ အဲဒီမီးအိမ်ကို မင်းအတွက် အကာအကွယ်အဖြစ် အသုံးပြုပြီး အန္တရယ်တွေကို ကျော်လွှားနိုင်ပါလိမ့်မယ် ၊ ဒါပေမယ့် မင်းက ကျုပ်နဲ့ ရေစက်မဖြတ်ချင်ဘူးဆိုရင်တော့ ကျုပ်ရင်ဆိုင် ရမယ့် ကြမ္မာဆိုးမှာ မင်းတို့လည်း ပတ်သက်နေမိကြလိမ့်မယ် ၊ နောင်တမရဘူးဆိုရင်လည်း ရပါတယ်"