ကျုပ်မင်းကိုနှိမ်နင်းပစ်မယ်
Vol. 7 Ch. 689
အမှောင်ထုသည် တွင်းနက်ကြီးအလား ဖြစ်လေသည်။
အဆုံးသတ်ကိုလည်းတွေ့မြင်ရခြင်းမရှိသလို အလင်းရောင်လည်း မမြင်ရပေ။ ဆန်းလျန်သည် ငါးတစ်ကောင်အလား အမှောင်ထုထဲတွင် ရွေ့လျားနေပြီး မည်သည့်အခက်အခဲများကို ရင်ဆိုင်ရမည်ကိုလည်း မသိနိုင်ပေ။
ယွမ်စီမှော်မိစ္ဆာသည် သူ့ကိုထိခိုက်စေရန်အတွက် ကျောက်တုံးကျောက်ဆောင်များနှင့် ရေများကို ဖန်ဆင်းထားလေ သည်။ သို့သော် ဆန်းလျန်သည် စိတ်ပျံ့လွင့်ခြင်းမရှိသည့်အတွက် ကျောက်တုံးကျောက်ဆောင်များအားလုံးကို ရှောင်ရှားနိုင်ခဲ့လေသည်။
ဆန်းလျန်သည် စီးကြောင်းအတိုင်း လိုက်ပါသွားပြီး မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။
အမှောင်ထုသည် ဆန်းလျန်၏ နှလုံးသားပင် ဖြစ်လေသည်။ သူ၏ နှလုံးသားကို ယွမ်စီမှော်မိစ္ဆာ၏ အမှောင်တရားက အုပ်ဆိုးထားခြင်း ဖြစ်လေသည်။ သို့သော်… ဆန်းလျန်၏ အသိစိတ်သည် ပျက်စီးခြင်းမရှိဘဲ ဆိုးညစ်သည့်အမှောင် ထုထဲတွင် ရွေ့လျားနေခဲ့လေသည်။
သို့သော် ထိုသို့ပြုလုပ်ရသည်မှာ လွယ်ကူခြင်းလည်းမရှိသလို ထိုသို့ပြုလုပ်နိုင်ခဲ့သည့်အတွက်လည်း သူ့ကိုယ်သူ ဂုဏ်မယူခဲ့ပါ။
မကြာမီတွင်…
ဆန်းလျန်၏ရှေ့တွင် တာအိုနန်းတော်ကြီးတစ်ခု ပေါ်လာလေသည်။
နန်းတော်ရှေ့တွင် "ကျောက်စိမ်းဝိညာဉ်နန်းတော်" ဟု ရေးသားထားလေသည်။ ဆန်းလျန်သည် ထိုစကားလုံးများ ကိုတစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိသည့်တိုင် အဓိပ္ပါယ်ကိုတော့ နားလည်လိုက်လေသည်။
မည်သည့်သက်ရှိမဆို ထိုစကားလုံးများကိုတော့ သိရှိမည် ဖြစ်လေသည်။
ဆန်းလျန်၏ စိတ်အာရုံသည် ကျောက်စိမ်းဝိညာဉ်နန်းတော်အတွင်းသို့ ဝင်လာခဲ့လေသည်။ ကျောက်စိမ်းဝိညာဉ် နန်းတော်သည် ပြင်ပလောကနှင့် အဆက်အသွယ်မရှိသည့် သီးခြားကမ္ဘာတစ်ခု ဖြစ်လေသည်။ အပြာရောင်ခရီးရှည် နန်းတော်နှင့်ယှဉ်လျှင် ကျောက်စိမ်းဝိညာဉ်နန်းတော်က တာအိုနန်းတော်တစ်ခုနှင့် ပို၍ဆင်တူလေသည်။
နန်းတော်ကြီးသည် မြင့်မားကျယ်ပြန့်ပြီး တာအိုမဟာလမ်းစဉ်၏ တာအိုကာရံသည်လည်း စီးဆင်းလျှက်ရှိလေသည်။
ဆန်းလျန်သည် ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ကြည်ညိုလေးမြတ်မှုများစွာဖြင့် ကြည့်နေမိလေသည်။
နန်းတော်၏ ခန်းမအလယ်တွင် လူတစ်ယောက် ထိုင်နေလေသည်။
ထိုသူသည် တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသော်လည်း ပုံပန်းသဏ္ဍန်မှာ အလွန်ကြည့်ကောင်းလေသည်။ ဆန်းလျန်တွေ့ဖူးသမျှလူများထဲတွင် စန့်ချင်တာအိုဆရာသခင်ပြီးလျှင် ဒုတိယမြောက် အခမ်းနားဆုံး လူတစ်ယောက် ဖြစ်လေသည်။
စန့်ချင်တာအိုဆရာသခင်၏ အရှိန်အဝါက သူ့အတွက် စိတ်ပျက်အားလျော့ခြင်းကို ခံစားရစေလေသည်။ သို့သော်… သူ့ရှေ့မှလူကတော့ ထိုသို့သောခံစားချက်မျိုးမပေးပေ။ ထိုသူကို တွေ့မြင်ရသည်မှာ လမ်းတစ်ခု၏အဆုံးသတ်ကို တွေ့မြင်ရသကဲ့သို့ ခံစားရလေသည်။ သူသင်ယူခဲ့သမျှ ပညာများအားလုံးသည် ထိုသူရှေ့တွင် ရယ်စရာဟာသ တစ်ခုဖြစ်သွားသည့်အလားပင် ဖြစ်လေသည်။
သို့သော်… သူ့ရှေ့မှပုဂ္ဂိုလ်သည် စန့်ချင်တာအိုဆရာလောက် အဆင့်မြင့်မားခြင်း မရှိပါ။ ထို့ပြင် ထိုသူနှင့် စန့်ချင် တာအိုဆရာသခင်သည် အဆင့်အတန်းများစွာ ကွာခြားလွန်းလေသည်။
ထိုသူက မျက်လုံးကို ဖွင့်လိုက်သည့်အခါတွင်တော့ ဖန်ဆင်းခြင်းမတိုင်မီ အချိန်ကာလတစ်ခုကို တွေ့ရှိရသကဲ့သို့ ခံစားလိုက်ရလေသည်။ အရာအားလုံး၏ကနဦးအစသည် ထိုသူ၏မျက်ဝန်းများထဲမှ စတင်သယောင် ထင်မှတ်ရလေ သည်။
ဆန်းလျန်က သူ့ကိုအတန်ကြာစိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင်တော့ ပြုံးလိုက်လေသည်။
"မင်းက မူလတာအိုဆရာသခင်ယွိချင်နဲ့ ဆင်တူပေမယ့် မင်းက ယွိချင်မဟုတ်ဘူး ၊ မင်းက ယွမ်စီမှော်မိစ္ဆာပဲ"
"မင်းက ဘယ်လိုလုပ်သိသွားတာလဲ"
ထိုသူက မေးလိုက်လေသည်။
ဆန်းလျန်က…
"မင်းက အပြစ်ပြောစရာမရှိအောင် ပြည့်စုံနေတယ် ၊ ပြီးတော့ မင်းက ယွိချင်တာအိုဆရာသခင်မဟုတ်တဲ့အတွက် ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူနဲ့ တူနိုင်မှာ မဟုတ်ဘူး"
ယွမ်စီမှော်မိစ္ဆာက…
"မင်းပြောတာမှန်ပါတယ် ၊ ဘယ်လောက်ပဲ ကျုပ်သင်ယူခဲ့ပါစေ ကျုပ်က ယွိချင်တာအိုဆရာသခင် ဖြစ်မလာနိုင်ပါဘူး ၊ ဒါပေမယ့် သူ ဘယ်လောက်ပဲ ကျုပ်ကိုခွဲထုတ်ဖြတ်တောက်ခဲ့ပါစေ ကျုပ်က ဆက်ရှိနေဦးမှာပဲမဟုတ်လား"
ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ကျုပ်က တာအိုဆရာသခင်ကြီးမှမဟုတ်တာ ဘယ်သိနိုင်မှာလဲ"
ယွမ်စီမှော်မိစ္ဆာက …
"မင်းက တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်ချင်တာလား"
"တာအိုဆရာသခင်ကြီးဖြစ်လာဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့တာပေါ့"
ဆန်းလျန်က ယွမ်စီမှော်မိစ္ဆာကို စိုက်ကြည့်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
ထိုဆန္ဒမှာ သူ၏ရင်ထဲမှ စိတ်ဆန္ဒဖြစ်လေသည်။ သူသည် လွှတ်ချရန်ကြိုးစားမိသည့်တိုင် ထိုဆန္ဒသည် ပျက်ပြယ် မသွားခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် လိမ်ပြောစရာအကြောင်းလည်း မရှိပေ။
ယွမ်စီမှော်မိစ္ဆာက…
"ကျုပ် မင်းကိုကူညီပေးနိုင်ပါတယ်"
ဆန်းလျန်က ငြင်းလိုက်လေသည်။
"မင်း မကူညီနိုင်ပါဘူး"
ယွမ်စီမှော်မိစ္ဆာက…
"ကျုပ်က မင်းကိုမကူညီနိုင်ဘူးလို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ"
ဆန်းလျန်က…
"ကျုပ်က တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်မလာသေးပေမယ့် အဲဒီလမ်းကိုလျှောက်လှမ်းဖို့ ကိုယ့်ကိုကိုယ်ပဲ အားကိုးလို့ရမယ်ဆိုတာ သိထားပါတယ်"
ယွမ်စီမှော်မိစ္ဆာက…
"မင်းရဲ့စကားတွေက သေချာလှချည်လား"
ဆန်းလျန်က..
"တာအိုဆရာသခင်ကြီးက သေချာတာပါ…"
ယွမ်စီမှော်မိစ္ဆာက…
"မင်းက ကျုပ်ထင်ထားတာထက် ပိုပြီးတော်တာပဲ ၊ မင်းကိုစားပြီးရင် လူ့လောကမှ ပြန်ပြီး မွေးဖွားလာနိုင်မယ်လို့ ကျုပ်တွေးထားတယ် ၊ ကျုပ်က တာအိုဆရာသခင်ကြီးတော့ မဖြစ်ချင်ပါဘူး ၊ လူ့လောကမှ နေထိုင်နိုင်ဖို့ပဲမျှော်လင့် မိတာပါ"
ဆန်းလျန်က တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်…
"ကျုပ်က မင်းကိုနှိမ်နင်းပစ်မယ်…"
ယွမ်စီမှော်မိစ္ဆာက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"မင်းက သိပ်ရယ်စရာကောင်းတာပဲ ၊ ကျုပ်က တာအိုဆရာသခင်ကြီးတစ်ပါးမဟုတ်ပေမယ့် ယွိချင်တာအိုဆရာ သခင်ရဲ့ မိစ္ဆာဉာဏ်စဉ်တွေစုစည်းထားတဲ့ မိစ္ဆာတစ်ပါးဆိုတာ မမေ့ပါနဲ့"
ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…
"မင်းက ယွိချင်တာအိုဆရာသခင်ဆိုရင်တော့ ကျုပ်အနေနဲ့ နှိမ်နင်းဖို့ မဖြစ်နိုင်ပါဘူး ၊ ဒါပေမယ့် မင်းက ယွိချင် တာအိုဆရာသခင် အစစ်မှမဟုတ်တာ"
ဆန်းလျန်၏ ခန္ဓာကိုယ်ထဲမှ သန့်စင်သည့်တန်ခိုးစွမ်းအားများ စီးဆင်းထွက်ပေါ်လာလေသည်။ ထိုတန်ခိုးစွမ်းအား များသည် ဆန်းလျန်၏ အခြေခံကျပြီး သန့်စင်သည့် တာအိုဉာဏ်စဉ်များ ဖြစ်လေသည်။
ယွမ်စီမှော်မိစ္ဆာက မတ်တပ်ရပ်လိုက်ပြီး ခြေတစ်လှမ်းလှမ်းလိုက်လေသည်။ သူသည် ချက်ချင်းပင် ဆန်းလျန် ရှေ့သို့ရောက်လာပြီး မတ်တပ်ရပ်နေခဲ့လေသည်။
သူသည် မိစ္ဆာဉာဏ်စဉ်များ စုစည်းထားခြင်းဖြစ်သော်လည်း သူ့ထံတွင် ယွိချင်တာအိုဆရာသခင်၏ အနှစ်သာရ သဘောတရားများ ရှိနေသေးသည်။ ထို့ကြောင့် သူ့ထံတွင် ထူးခြားသည့် ဝိသေသလက္ခဏာများ ရှိနေလေသည်။ ထို့ကြောင့်ပင် ယွမ်စီမှော်မိစ္ဆာနှလုံးသားကို ဆန်းလျန်က သန့်စင်မပစ်နိုင်ခဲ့ခြင်း ဖြစ်လေ၏။
သန့်စင်မပစ်နိုင်လျှင် နှိမ်နင်းပစ်ရမည် ဖြစ်လေသည်။ သို့သော်… ယွမ်စီမှော်မိစ္ဆာကို နှိမ်နင်းပစ်ရန်မှာ မဖြစ်နိုင်သည့် နီးပါးခက်ခဲလေသည်။
ယွမ်စီမှော်မိစ္ဆာသည် ဆန်းလျန်နှင့် ချည်နှောင်မိသွားပြီ ဖြစ်လေသည်။ ဤသည်မှာ မိစ္ဆာစွမ်းအားတို့၏ သဘာဝပင် ဖြစ်လေသည်။ ယွမ်စီမှော်မိစ္ဆာသည် တစ်ခုတည်း ရပ်တည်ရှင်သန်ရန် မဖြစ်နိုင်ပေ။ ချည်နှောင်ထားသည့် အမှီ တစ်ခုရှိမှသာ ရပ်တည်ရှင်သန်နိုင်မည် ဖြစ်လေသည်။
ဆန်းလျန်အနေဖြင့် သူ၏တာအိုနှလုံးသားထဲသို့ရောက်ရှိနေသည့် မိစ္ဆာဉာဏ်စဉ်ကို ကျော်လွှားနိုင်ရန် လိုအပ်လေ သည်။ မကျော်လွှားနိုင်ပါက လောကတွင် ဆန်းလျန်ဆိုသည်မှာ တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူသည် ဆုံးဖြတ် ချက်ခိုင်မာစွာချထားလိုက်ပြီ ဖြစ်သည့်တိုင် ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
ယွမ်စီမှော်မိစ္ဆာနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့်တိုင် ဆန်းလျန်သည် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်လေသည်။
ကြောက်စိတ်ကင်းမဲ့ပြီး စိုးရိမ်ပူပန်ခြင်းမရှိအောင် သူ့စိတ်ကိုသူ ပြင်ဆင်ထားခဲ့လေသည်။ သူ၏နှလုံးသားထဲတွင် ထိုကိစ္စကို သာမန် ထမင်းစားရေသောက်ကိစ္စကဲ့သို့ သတ်မှတ်ထားလိုက်လေသည်။
မိစ္ဆာစွမ်းအားများသည် ဆန်းလျန်ကို ဝန်းရံထားလေသည်။ ဆန်းလျန်ထံမှ ထွက်ပေါ်နေသည့် သန့်စင်သည့်တန်ခိုး စွမ်းအားများသည် မိစ္ဆာစွမ်းအားများကြားတွင် ကွဲကြေသွားတော့မည်အလား ထင်မှတ်ရလေသည်။
မရေမတွက်နိုင်အောင်များပြားသည့် မိစ္ဆာများနှင့် ထူးဆန်းသည့် နတ်ဆိုးများထွက်ပေါ်လာပြီး ဆန်းလျန်ကို ကိုက်ဖြတ်စားသောက်ပစ်ရန် ချဉ်းကပ်လာကြလေသည်။
ဆန်းလျန်သည် တင်ပျဉ်ခွေထိုင်ချလိုက်လေသည်။
သူ့တွင် ကြောက်စိတ်ဝင်လာလျှင် ရှုံးနိမ့်ရမည်ဖြစ်လေသည်။
သူ့တွင် ဒေါသတရားဝင်လာလျှင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားမည် ဖြစ်လေသည်။
သူလုပ်နိုင်သည့် တစ်ခုတည်းသောအလုပ်မှာ အေးဆေးတည်ငြိမ်စွာဖြင့် ညှင်းပန်းနှိပ်စက်မှုအားလုံးကို လက်ခံရန် သာဖြစ်လေသည်။
ဤသည်မှာ ကြောက်မက်ဖွယ်ရာ စမ်းသပ်မှုတစ်ခု ဖြစ်လေသည်။ ထိုစမ်းသပ်မှုသည် ဆန်းလျန်ကိုယ်တိုင်နှင့် ယွမ်စီမှော်မိစ္ဆာ၏ သည်းခံနိုင်မှုစွမ်းအားကို စမ်းသပ်ခြင် ဖြစ်လေသည်။
အကယ်၍ဆန်းလျန် ရှုံးနိမ့်ခဲ့ပါက သူ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်မမီသေးကြောင်း ပြသခြင်းဖြစ်လေသည်။
အပြာရောင်ခရီးရှည်နန်းတော် အပြင်ဘက်တွင် ဆန်းလျန်၏ နတ်ဘုရားဉာဏ်စဉ်တစ်ခု စေလွှတ်ထားလေသည်။ ထိုနတ်ဘုရားဉာဏ်စဉ်သည် အားလျန်ရှိရာ နတ်ဘုရားကျောင်းတော်သို့ ရောက်ရှိနေလေသည်။
သို့သော်… သူသာ ယခုတိုက်ပွဲတွင်ရှုံးနိမ့်ခဲ့ပါက သူ၏ ဉာဏ်စဉ်သည်လည်း ကွယ်ပျောက်သွားရမည် ဖြစ်လေသည်။
နတ်ဘုရားကျောင်းတော်ဆီမှ သူ၏ဉာဏ်စဉ်၏ အပြုအမူများကို ဆန်းလျန်ခံစားနေရလေသည်။ သို့သော်… ဆန်းလျန်က ထိုခံစားချက်များကို သီးခြားခွဲထားလိုက်လေသည်။ သူလုပ်ရမည့်အလုပ်ကို လုပ်ရမည်ပဲဖြစ်လေ သည်။
အားလျန်သည် ကြာပန်းမီးအိမ်လေးကို ထုတ်ယူလိုက်လေသည်။ မီးအိမ်မှအလင်းတန်းများသည် အမှောင်ထု မှန်သမျှကို ထိုးဖောက်ဖြိုခွင်းနိုင်မည်အလား ထင်မှတ်ရလေသည်။
ဆန်းလျန်က မီးအိမ်လေးကို သေသေချာချာလေ့လာကြည့်လိုက်လေသည်။ မီးအိမ်လေးမှ စုပ်ယူထားသည့် ဆုတောင်းခြင်း၏တန်ခိုးစွမ်းအားများစွာကို ဆန်းလျန် ခံစားလိုက်ရလေသည်။ ထိုတန်ခိုးစွမ်းအားများသည် မီးစာဆီ အလားမီးအိမ်လေးကို ထွန်းလင်းနေစေခြင်း ဖြစ်လေသည်။ မီးအိမ်လေးသည် ရေကဲ့သို့ ကြည်လင်နေပြီး ဆီများ ပေကျံနေခြင်း မရှိပါ။
အလင်းရောင်မှ မွှေးပျံ့သည့်ရနံ့တစ်မျိုး ထွက်ပေါ်နေလေသည်။ လူသားများသာ ထိုရနံ့ကို ရှူရှိုက်မိလျှင် ဉာဏ်ရည် များထက်မြက်လာမည် ဖြစ်လေသည်။ စာပေလေ့လာလျှင်လည်း လွယ်လွယ်နှင့်နားလည်မည်ဖြစ်ပြီး စီးပွားရေး လုပ်မည်ဆိုလျှင်လည်း ခိုင်မာသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည် ဖြစ်လေသည်။
ထို့ထက်ပိုသည့် အကြီးမားဆုံးအကျိုးကျေးဇူးသည်ကား ကျင့်စဉ်လမ်းအဆင့်တက်နိုင်ခြင်း ဖြစ်လေသည်။ မီးအိမ်လေးကိုသာ ပိုင်ဆိုင်ထားမည်ဆိုလျှင် တာအိုကျင့်စဉ်များနှင့် တန်ခိုးစွမ်းအားကျင့်စဉ်များကို ကျင့်ကြံရာတွင် လွယ်လွယ်နှင့် အောင်မြင်နိုင်မည် ဖြစ်လေသည်။
ဆန်းလျန်က နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…
"ဒီ မီးအိမ်လေးနဲ့ဆိုရင် မိစ္ဆာအားလုံးကို နှိမ်နင်းနိုင်လိမ့်မယ် ၊ ဒါပေမယ့် စွမ်းအားအပြည့်အ၀ အသုံးပြုနိုင်ဖို့အတွက် သော့ချက်တစ်ခုလိုတယ်"
အားလျန်က…
"သော့ချက်ကဘာလဲ…"
ဆန်းလျန်က…
"ဟောက်ရန်တန်ခိုးစွမ်းအား…"
ဟောက်ရန်တန်ခိုးစွမ်းအားဆိုသည်မှ အလွန်သန့်စင်မြင့်မြတ်သည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။
ဆန်းလျန်၏ ဘဝတွင် လူပေါင်းများစွာနှင့် ဆုံတွေ့ဖူးသော်လည်း ဟောက်ရန်တန်ခိုးစွမ်းအားကို မွေးရာပါ ပိုင်ဆိုင်သူ (၂)ယောက်ကိုသာ တွေ့ဆုံခဲ့ဖူးလေသည်။
တစ်ယောက်မှာ လူစောယိ ဖြစ်လေသည်။ သို့သော် လူစောယိသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် လောကကိုကျော်လွန်သည့် နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။
နောက်တစ်ယောက်မှာတော့ စုန့်ချင်းယီ ဖြစ်လေသည်။
ဟောက်ရန်တန်ခိုးစွမ်းအားဆိုသည်က ကျင့်ကြံ၍ရရှိသည့် တန်ခိုးစွမ်းအားမျိုး မဟုတ်ပေ။ လူတစ်ယောက်၏ စိတ်နေသဘာဝနှင့် မွေးရာပါဆက်စပ်နေသည့် စွမ်းအားတစ်မျိုးဖြစ်လေသည်။
ရိုးသားဖြောင့်မတ်သူများသည် အလွန်းထူးချွန်ခြင်းမရှိကြသော်လည်း မြင့်မြတ်သူများ ဖြစ်ကြလေသည်။ ထိုသို့သော လူမျိုးများနှင့်မိတ်ဆွေဖြစ်ခွင့်ရခြင်းက ကံကောင်းသည်ဟု ဆိုနိုင်လေသည်။
ထို့ကြောင့် … စုန့်ချင်းယီနှင့် မိတ်ဆွေဖြစ်ခွင့်ရခဲ့သည့် ဆန်းလျန်သည်လည်း ကံကောင်းသူတစ်ယောက် ဖြစ်လေ သည်။