← Chapters

မိုးကြိုးနတ်မင်း

Vol. 7 Ch. 690

မိုးကြိုးနတ်မင်း

Vol. 7 Ch. 690

စုန့်ချင်းယီသည် ယိုစန်းပြည်တွင်ရှိနေခဲ့လေသည်။

ဆန်းလျန်အကူအညီတောင်းသည့်အတွက် ဆန်းလျန်၏တပည့်မလေး စစ်ကျင်းကို လျှို့ဝှက်စွာဖြင့် ကာကွယ်ပေး နေခဲ့လေသည်။ ဖန်းယန်ယင်းသည်လည်း စုန့်ချင်းယီနှင့်အတူ ယိုစန်းပြည်တွင်ရှိနေရာမှ ဆန်းလျန်က ပြန်ခေါ် သည့်အတွက် တာ့ကျိုးပြည်သို့ ပြန်သွားပြီ ဖြစ်လေသည်။

စစ်ကျင်းသည် စုန့်ချင်းယီရောက်ရှိလာကတည်းက သတိထားမိလေသည်။

သို့သော်… စုန့်ချင်းယီသည် ဆန်းလျန်၏ သူငယ်ချင်းဖြစ်သည်ကို သိရှိလိုက်ရသည့်အခါတွင်တော့ သူမသည် စုန့်ချင်းယီကို လေးလေးစားစား ဆက်ဆံခဲ့လေသည်။ ထို့ပြင်… သူမသည် ဆန်းလျန်၏ အတိတ်မှအကြောင်းများ ကိုလည်း အလျဉ်းသင့်လျှင်သင့်သလို စုန့်ချင်းယီကို မေးမြန်းတတ်လေသည်။

စုန့်ချင်းယီသည် စစ်ကျင်းကို ဆန်းလျန်၏အကြောင်းများ ပြောပြသည့်အချိန်တွင် စစ်ကျင်း၏ ထူးခြားမှုတစ်ခုကို သတိပြုလိုက်မိလေသည်။ သူမသည် တစ်ချိန်တုန်းက ညီမငယ်လေးချီးရှိုးကဲ့သို့ပင် ဆန်းလျန်အပေါ်တွင် သံယောဇဉ်ကြီးမားပြီး မေတ္တာသက်ဝင်နေသူတစ်ယောက် ဖြစ်လေသည်။

သို့သော်… ချီးရှိုးသည် ဆန်းလျန်နှင့် ထပ်မံဆုံတွေ့ခွင့် မရခဲ့ရှာပေ။

ချီးရှိုးအသက်ရှင်နေသေးသည်လား သေဆုံးသွားခဲ့ပြီလားဆိုသည်ကိုတော့ စုန့်ချင်းယီလည်း သိရှိခြင်းမရှိပါ။ သို့သော်… ချီးရှိုးသည် အသက်ရှင်နေသေးလျှင်လည်း နောင်တတရားများကို ရင်ဝယ်ပိုက်ပြီး အသက်ရှင်ရရှာပေ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်… သူမသည် ဆန်းလျန်အပေါ်တွင်ထားရှိသည့် မေတ္တာတရားကို သတ္တိရှိစွာဖြင့် ဖွင့်ဟဝန်ခံခွင့် မရခဲ့ရှာသောကြောင့် ဖြစ်လေသည်။

သို့သော်… ထိုအချက်က သူမ၏ ကျင့်စဉ်လမ်းနှင့် သက်ဆိုင်ခြင်းမရှိပါ။ သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုသာ ဖြစ်လေသည်။ လူတစ်ယောက်အပေါ်တွင်ထားရှိသည့်ခံစားချက်ကို ဖွင့်ပြောခြင်း ၊ မပြောခြင်းဆိုသည်မှာ ထိုသူ၏ ကိုယ်ပိုင်ခံစားချက်နှင့်ပင် သက်ဆိုင်လေသည်။

စစ်ကျင်း၏အဖြစ်မှာလည်း ချီးရှိုးနှင့်တူလွန်းလှသည့်အတွက် စုန့်ချင်းယီမှာ စစ်ကျင်းကို သနားနေမိလေသည်။

စစ်ကျင်းမှာ စုန့်ချင်းယီ သူမအပေါ်တွင် သဘောထားပြောင်းသွားသည်ဟု ထင်လိုက်မိပြီး စုန့်ချင်းယီကို တွေ့ဆုံရန် မျက်နှာပူနေမိလေသည်။ ထို့ပြင် ဆန်းလျန်အကြောင်း မေးစရာမရှိတော့သည့်အတွက် စုန့်ချင်းယီကို ဆက်သွယ် စရာမလိုတော့ဟူ၍လည်း တွေးနေမိလေသည်။

စုန့်ချင်းယီသည် အချိန်ကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့သူတစ်ယောက် ဖြစ်သည့်အတွက် စစ်ကျင်း သူ့ကို အထင်လွဲသွားပြီကို ချက်ချင်းသိလိုက်လေသည်။ သူ့ဘက်က စစ်ကျင်းအပေါ်တွင် သနားမိခြင်းသာရှိပြီး အခြားသော ခံစားချက်မရှိခဲ့ပါ။

(၁)လခန့်ကြာသည့်အခါတွင်တော့…

ယိုစန်းပြည်၏နန်းတော်တွင် ထူးဆန်းသည့်တန်ခိုးစွမ်းအားတစ်ခု ပေါ်ထွက်လာလေသည်။

အစပိုင်းတွင်တော့ စစ်ကျင်းက ထူးဆန်းသည့်ကျင့်တစ်ခု ကျင့်ကြံနေသည့်အတွက် ထွက်ပေါ်လာသည့် တန်ခိုး စွမ်းအားဖြစ်မည်ဟု စုန့်ချင်းယီက ထင်မိလေသည်။ သို့သော် … နောက်ပိုင်းတွင်တော့ ထိုတန်ခိုးစွမ်းအားများမှာ ယိုစန်းပြည် ၊ နန်းတော်အတွင်းမှ လူတစ်စုကြောင့် ထွက်ပေါ်လာရခြင်း ဖြစ်သည်ကို ရိပ်မိလိုက်လေသည်။

ယိုစန်းပြည် ၊ နန်းတော်သို့ အစောင့်စစ်သည်တော်တပ်တစ်တပ် ရောက်ရှိလာခဲ့လေသည်။ ထိုအစောင့်စစ်သည် တော်တပ်သည် ယခင် နန်းတော်အတွင်းမှ လူဟောင်းများ နေရာတွင် အစားထိုးလိုက်လေ သည်။ ထိုစစ်သည်တော် တပ်မှထူးဆန်းသည့်တန်ခိုးစွမ်းအားက ထွက်ပေါ်နေခြင် ဖြစ်လေသည်။

ထိုသူများ၏ တန်ခိုးစွမ်းအားသည် စစ်ကျင်း၏ တန်ခိုးစွမ်းအားများနှင့် ဆင်တူလေသည်။ သူတို့သည် စစ်ကျင်း၏ မျိုးနွယ်ဖြစ်သည့် လေ့အိမ်တော်မှ ယိုဟူမျိုးနွယ်များဖြစ်ကြပြီး တာ့ရှားပြည်မှ အနွယ်တော်များ ဖြစ်ကြလေသည်။ ထို့ကြောင့် ထိုစစ်သည်တော်များကို စစ်ကျင်း၏လူများပင်ဖြစ်သည်ဟု အားလုံးက ထင်မှတ်ထားကြလေသည်။

စုန့်ချင်းယီက စစ်ကျင်းကို တိတ်တဆိတ်လေ့လာကြည့်သည့်အခါတွင်တော့ သူမတွင် ပြဿနာတစ်စုံတစ်ရာ ရှိဟန် မပေါ်ပေ။ ထို့ကြောင့် သူကလည်း အခြေအနေများကို ဝင်မစွက်ဘဲ နေလိုက်လေသည်။

သို့သော်… ယနေ့တွင်တော့ မူမမှန်သည့် ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့လေသည်။

ယိုစန်းပြည် ၊ နန်းတော်ထဲတွင် နွေးထွေးသည့်အပူငွေ့များထွက်ပေါ်လာပြီး ပန်းများလည်း ပွင့်လန်းလာကြသလို သစ်ပင်များနှင့် မြက်ပင်များမှာလည်း အညှောင့်များထွက်လာကြလေသည်။

နွေးထွေးသည့်အပူငွေ့များမှာ သန့်စင်သည့် ယန်စွမ်းအားများဖြစ်ပြီး အတော်လေး ပူလောင်လေသည်။ ထို့ကြောင့် နွေဦးရာသီပင်ဖြစ်လင့်ကစား ယိုစန်းနန်းတော်အတွင်းမှာတော နွေရာသီကဲ့သို့ ပူပြင်းလျှက် ရှိလေတော့သည်။

စုန့်ချင်းယီသည် တစ်စုံတစ်ခု မူမမှန်သည်ကို သိရှိလိုက်ည့်အတွက် စစ်ကျင်းနှင့်တွေ့ဆုံရန် နန်းတော်အတွင်းသို့ ရောက်လာခဲ့လေသည်။

သို့သော်… သူတွေ့မြင်လိုက်ရသည့် စစ်ကျင်းမှာ ပုံရိပ်ယောင်တစ်ခုလေလားထင်မှတ်ရပြီး ယခင်ကထက်ပိုပြီး လှပလွန်းနေလေသည်။ စုန့်ချင်းယီသည် အတွေးများကိုပင် ဆက်မတွေးနိုင်တော့ဘဲ စစ်ကျင်း၏ ခမ်းနားလှသည့် အလှတရားများကို ရှောင်လွှဲနိုင်ခြင်းမရှိဘဲ ငေးမောကြည့်နေမိတော့သည်။

စစ်ကျင်းက…

"ဆရာချင်းယီ ၊ ဘာကိစ္စများရှိလို့လဲ"

စုန့်ချင်းယီက…

"နန်းတော်ထဲမှ ရာသီဥတုက ထူးထူးဆန်းဆန်း ပြောင်းလဲသွားလို့ ၊ ဧကရီစစ်ကျင်း ပြဿနာတစ်ခုခုများဖြစ်နေ သလားလို့ လာကြည့်တာပါ"

"အခု ဆရာချင်းယီတွေ့တဲ့အတိုင်းပဲလေ ၊ ကျွန်မ ဘာမှ မဖြစ်ပါဘူး ၊ ဒီတော့ စိတ်မပူပါနဲ့"

စစ်ကျင်းက ကြည်လင်သည့်မျက်ဝန်းလေးများဖြင့် စုန့်ချင်းယီကိုကြည့်ရင်းပြောလိုက်လေသည်။

ထိုအခါ… စုန့်ချင်းယီသည် သူမ၏မျက်ဝန်းများထဲတွင် လျှပ်စီးများလက်နေသည်ကို တွေ့မြင်လိုက်ရလေသည်။

စုန့်ချင်းယီက…

"ဧကရီလေးရဲ့ လျှပ်စီးစွမ်းအားတွေက အရင်ကထက်ပိုပြီး ပြင်းထန်နေတယ်"

စစ်ကျင်းက…

"ဟုတ်လား…"

ဟု ပြန်မေးလိုက်လေသည်။

စုန့်ချင်းယီက သူမ၏ မျက်ဝန်းများကို ထပ်မံကြည့်ရှုလိုက်လေသည်။

ထိုအခါ လျှပ်စီးများကို မြင်တွေ့ရခြင်းမရှိတော့ပေ။ သို့သော်… မျက်ဝန်းများက တစ်လက်လကတောက်ပနေလေ သည်။ ထိုသို့တောက်ပနေခြင်းမှာ ပုံမှန်မဟုတ်ပေ။

ထို့ကြောင့် စု့န်ချင်းယီက…

"ဟုတ်တယ်…"

ဟု ပြန်ဖြေလိုက်လေသည်။

ထိုအခါမှ စစ်ကျင်းက…

"ဆရာချင်းယီက တကယ် အမြင်စူးရှတာပဲ ၊ ကျွန်မ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာပါ ၊ အခု ကျွန်မပင်ပန်း နေပြီ ၊ ဆရာချင်းယီ ပြန်ပါတော့"

စုန့်ချင်းယီက စစ်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး…

"ဒါဖြင့်လည်း ကျုပ်ပြန်ပါတော့မယ် ၊ ဧကရီလေး ဂရုစိုက်ပါ"

စုန့်ချင်းယီက စစ်ကျင်းကို ကျောခိုင်းလိုက်ပြီး တံခါးမှ ထွက်ရန် ပြင်လိုက်လေသည်။

ရုတ်တရက်… စစ်ကျင်းက လက်ဟန်တစ်ခုကို ပြုလုပ်လိုက်လေရာ မိုးကြိုးတစ်စင်းဖြစ်တည်လာပြီး စုန့်ချင်းယီကို နောက်ကျောမှ ပစ်ခတ်တိုက်ခိုက်လိုက်လေတော့သည်။

သို့သော်… လျှပ်စီးသည် ဗလာနယ်တစ်ခုကိုသာ ထိခိုက်မိသွားလေသည်။

ထို့နောက်တွင်တော့… စစ်ကျင်းသည် ထူးဆန်းသည့်လူတစ်ယောက်အသွင် ပြောင်းလဲသွားလေသည်။ ထိုသူတွင် အတောင်ပံများပါရှိပြီး အတောင်ပံများတွင် လျှပ်စီးများလင်းလက်နေလေသည်။

စုန့်ချင်းယီကို တိုက်ခိုက်သူမှ စစ်ကျင်းမဟုတ်သည်မှ ထင်ရှားနေလေသည်။ စစ်ကျင်းအဖြစ် အယောင်ဆောင်ထား သူက စုန့်ချင်းယီကို တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

ထို့နောက်တွင်တော့… ပလ္လင်ထက်တွင် လျှပ်စီးကြိုးများဖြင့် ချည်နှောင်ထားခြင်းခံရသည့် စစ်ကျင်းအစစ် ပေါ်လာ လေသည်။ သူမ၏မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး အလွန်မှ နာကျင်ခံစားနေရဟန်ရှိလေသည်။

စုန့်ချင်းယီက ထူးဆန်းသည့်လူဘက်သို့လှည့်လိုက်ပြီး…

"မင်းက ဘယ်သူလဲ"

ထူးဆန်းသည့်လူက သူ၏အတောင်များကို ဖြန့်ကားလိုက်လေရာ ခန်းမတစ်ခုလုံးတွင် မိုးခြိမ်းသံများထွက်ပေါ်လာ လေသည်။ သူက စုန့်ချင်းယီကို အေးစက်သည့်အကြည့်များဖြင့်စိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ ပြန်မပြောပေ။

လျှပ်စီးကြိုးများဖြင့် ချည်နှောင်ခံထားရသည့် စစ်ကျင်းကသာ နာကျင်နေသည့်ကြားမှ အားယူပြီး တစ်လုံးချင်းပြော လိုက်လေသည်။

"သူ.. သူက… မိုးကြိုးနတ်မင်းပဲ ၊ ကျွန်မတို့ … ဘိုးဘေးလည်းဖြစ်တယ်"

စုန့်ချင်းယီက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"မိုးကြိုးနတ်မင်းက ကျုပ်ကိုတိုက်ခိုက်ချင်တာ မင်းကဘာလို့ တားဆီးထားရတာလဲ ၊ မင်းခုလိုဒဏ်ရာရသွားတော့ အစ်ကိုဆန်းကို ကျုပ် ဘယ်လိုမျက်နှာပြရတော့မလဲ"

စစ်ကျင်းက တိုးလျသည့်လေသံဖြင့်…

"ရှင်က ဆရာ့ရဲ့ သူငယ်ချင်းလေ ၊ သူတို့ရှင့်ကို ဒုက္ခပေးမှာကို ကျွန်မ ကြည့်မနေနိုင်ဘူး"

စုန့်ချင်းယီက ပြုံးလိုက်ရင်း…

"ဆန်းလျန်က ကျုပ်ကို ဒီကိုလွှတ်လိုက်တာ ဧကရီလေးကို ကာကွယ်ပေးဖို့လေဗျာ ၊ အခုတော့ ဧကရီလေးက ကျုပ်ကို ပြန်ပြီး ကာကွယ်ပေးနေရတယ်လို့"

စုန့်ချင်းယီ၏ လက်ထဲတွင် စုတ်တံတစ်ချောင်း ပေါ်လာလေသည်။

စုတ်တံ၏အစွန်းဖျားသည် စိန်တစ်လုံးကဲ့သို့ ကြည်လင်တောက်ပလာလေသည်။ စုတ်တံ၏ထိပ်တွင် ပြည့်နက်နေ သည့်တန်ခိုးစွမ်းအားများသည် လူသားဆန်ခြင်းဖြင့် ပြည့်ဝနေပြီး နွေဦးရာသီနှင့် ဆောင်းဦးရာသီကို ရေးသားပြီး လောကနိယာမများကို ပြန်လည်ပြုပြင်တော့မည့်အလား ထင်မှတ်ရလေသည်။

ထိုစုတ်တံကိုတွေ့မြင်လိုက်သည်နှင့် မိုးကြိုးနတ်မင်းသည် တစ်ချက် လှုပ်ရှားသွားလေသည်။

မိုးကြိုးနတ်မင်းသည် အသိဉာဏ်ပညာနှင့် ပြည့်ဝသူတစ်ယောက်ဖြစ်လေရာ စုန့်ချင်းယီ၏ လက်ထဲမှ စုတ်တံသည် သာမန်မဟုတ်ဘဲ မြင့်မားသည့်ဇစ်မြစ်မှလာသည်ကို သိရှိလိုက်ပြီး အန္တရယ်အငွေ့အသက်များကိုလည်း ခံစားလိုက်ရ လေသည်။

အန္တရယ်အငွေ့အသက်များသည် ကြောက်တရားအဖြစ်သို့ ကူးပြောင်းသွားလေသည်။

အဘယ်ကြောင့်ဆိုသော်…

ခန်းမဆောင်အတွင်းသို့  ကြာပန်းမီးအိမ်လေးတစ်ခု လွင့်မျောလာသောကြောင့် ဖြစ်လေသည်။

မီးအိမ်လေးထံမှ နွေးထွေးသည့်အငွေ့အသက်များထွက်နေသည့်တိုင် မိုးကြိုးနတ်ဘုရားသည် တစ်ကိုယ်လုံးအေးစိမ့် သွားသလို ခံစားလိုက်ရလေသည်။

မီးအိမ်လေးမှ ပူလောင်လွန်းသည့်တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး မိုးကြိုးနတ်ဘုရားကို ရစ်ပတ်ထားလိုက်လေ သည်။ ထို့နောက်တွင်တော့ မီးခိုးငွေ့များထွက်ပေါ်လာပြီး မိုးကြိုးနတ်ဘုရားသည် လုံး၀ ပျောက်ကွယ်သွားလေတော့ သည်။

စုန့်ချင်းယီမှာ အနည်းငယ် အံ့သြသွားမိလေသည်။

သူက ပွဲကြီးပွဲကောင်း နွှဲရတော့မည်ဟု ထင်ထားလေရာ ယခုတော့ ရန်သူက အကြောက်လွန်ကာ ပြေးပြီ ဖြစ်လေ သည်။

မီးခိုးငွေ့များနှင့်ဖုံမှုန့်များကို အလင်းတန်းတစ်ခုက ရှင်းလင်းပစ်လိုက်လေသည်။ ထို့နောက်တွင်တော့ လက်ထဲတွင် ကြာပန်းမီးအိမ်လေးကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ယောက်သည် စစ်ကျင်းရှိရာသို့ လမ်းလျှောက်လာသည် ကိုတွေ့မြင်လိုက်ကြရလေသည်။

လူငယ်က ကြာပန်းမီးအိမ်လေးကို လျှပ်စီးကြိုးများအောက်တွင်ထားလိုက်သည့်အခါ လျှပ်စီးကြိုးများ ချက်ချင်း အရည်ပျော်ကျသွားပြီး စစ်ကျင်း လွတ်မြောက်သွားရလေသည်။

သူမသည် လူငယ်ကိုပြေးဖက်လိုက်ရင်း အချိန်အတန်ကြာအောင် ငိုနေလေတော့သည်။

ဆန်းလျန်က သူမ၏ ပခုံးလေးကို အသာပုတ်ပေးကာ နှစ်သိမ့်လိုက်ရင်း…

"မငိုနဲ့တော့… တော်ကြာ သူများတွေ မင်းကို လှောင်ပြောင်ကုန်တော့မယ်…"

ဆန်းလျန်၏ စကားကြောင့် စစ်ကျင်းမှာ ရှက်သွားရလေသည်။

စစ်ကျင်းသည် ဆန်းလျန်ကို မတွေ့ရသည်မှာ ကြာလှပြီဖြစ်သည့်အတွက် မျက်စိအကြည့်တစ်ချက်ပင်မလွှဲဘဲ ငေးကြည့်နေလေသည်။

စုန့်ချင်းယီက ရယ်မောလိုက်ရင်း…

"မင်းအချိန်မီရောက်လာတာပဲ..."

ဆန်းလျန်က စုန့်ချင်းယီကို ကျေးဇူးတင်စကားပြောလိုက်လေသည်။

"မင်းကူညီခဲ့တာအားလုံးအတွက် ကျေးဇူးပါကွာ… ချင်းယီ"

စုန့်ချင်းယီက…

"ဘာမှလည်း မကူညီလိုက်ရပါဘူး ၊ ဧကရီလေးလည်း ဒဏ်ရာရသွားတယ်လေ"

စစ်ကျင်းက ပြာပြာသလဲဖြင့် ငြင်းလိုက်လေသည်။

"ဆရာချင်းယီ ၊ ကျွန်မ ဘာမှ မဖြစ်ပါဘူး ၊ မိုးကြိုးနတ်မင်းက ကျွန်မကို ဘာမှ မလုပ်ပါဘူး"

ဆန်းလျန်က…

"ကဲ… ဘာတွေဖြစ်တာလဲ ပြောပြပါဦး"

"မိုးကြိုးနတ်မင်းက ကျွန်မတို့ ယိုဟူမျိုးနွယ်တွေရဲ့ဘိုးဘေးတစ်ယောက်ပါ ၊ ပြီးတော့ သူက တာ့ရှားပြည်ကို တည်ထောင်ခဲ့တဲ့ ဧကရာဇ်စစ်ဝမ်မင့်ရဲ့ သစ္စာရှိအမှုထမ်းပါ ၊ သူက လေ့အိမ်တော်ကို ရောက်သွားတော့ ကျွန်မ အကြောင်းကို သိသွားတယ် ၊ ကျွန်မကို တာ့ရှားပြည်ရဲ့ ဘုရင်မ လုပ်ဖို့ပြောတယ် ၊ ကျွန်မက သဘောမတူလို့ သူက ဒုက္ခပေးချင်တာပါ"

ဆန်းလျန်က…

"တာ့ရှားပြည်ရဲ့ ဘုရင်မအသစ်လုပ်တာ ဘာမကောင်းတာရှိလို့လဲ ၊ မင်း ကျုပ်အတွက် ထည့်စဉ်းစားပေးစရာ မလိုပါဘူး"

စစ်ကျင်းက…

"ကျွန်မ ဒီလိုတာဝန်တွေယူရတာကို သဘောမကျဘူးဆိုတာ ဆရာလည်းသိရဲ့သားနဲ့ ၊ ဖြစ်နိုင်ရင် ကျွန်မက တောထဲတောင်ထဲသွားပြီး တစ်ယောက်တည်းကျင့်ကြံနေချင်တာ"

ဆန်းလျန်က…

"အ လိုက်တဲ့ကလေး ၊ လောကမှာ သန့်စင်တဲ့နေရာ ဘယ်နေရာမှမရှိဘူး ၊ ပြီးတော့… မိုးကြိုးနတ်မင်းက စစ်ဝမ်မင့်ရဲ့သစ္စာရှိအမှုထမ်းဆိုတာ အရင်တုန်းက ကိစ္စတွေပါ ၊ သူ အခုရောက်လာတာ သိပ်ပြီးတော့ မရိုးရှင်းဘူးဓ

ဆန်းလျန်၏ စကားကြောင့် စစ်ကျင်းမှာ ပဟေဠိဖြစ်သွားရပြီး…

"ဆရာ့စကားက ဘာအဓိပ္ပါယ်လဲ"

ဆန်းလျန်က ကြမ်းပြင်ထက်တွင်ကျနေပြီး အရည်မပျော်သေးသည့် လျှပ်စီးကြိုးတစ်ခုကို ကောက်ယူလိုက်ကာ လေနှင့်မှုတ်လိုက်လေသည်။ ကြိုးစသည် လေထဲသို့ အမှုံအမွှားများအဖြစ် လွင့်ပြယ်သွားပြီး တန်ခိုးစွမ်းအားသဲလွန်စ အနည်းငယ် ကျန်ရစ်ခဲ့လေသည်။

ကျန်ရစ်ခဲ့သည့် တန်ခိုးစွမ်းအားသဲလွန်စသည် အရာအားလုံး၏ ဇာစ်မြစ်ကို ဖော်ပြလျှက်ရှိလေတော့သည်။

All Chapters