← Chapters

အချစ်နှောင်ကြိုး

Vol. 7 Ch. 692

အချစ်နှောင်ကြိုး

Vol. 7 Ch. 692

ဆန်းလျန်၏ ဘဝတွင် အေးစိမ့်မှုကို တစ်ခါမှ ခံစားခဲ့ရဖူးခြင်း မရှိပေ။

ယခုတော့ အေးစိမ့်မှုကို ခံစားနေရလေသည်။ သို့သော်… ခံစားနေရသည့်အေးစိမ့်မှုသည် အေးစိမ့်မှုဟုလည်းမ ဆိုသာပေ။ ထုံကြဉ်နေသည့် ခံစားချက်တစ်ခု ဖြစ်လေသည်။

ထုံကြဉ်မှုအောက်တွင် သူ၏နှလုံးသားထဲမှ ခံစားချက်များသည် အဖူးအငုံများအဖြစ်ပြောင်းလဲသွားလေသည်။ ခံစားချက်များ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

ယွမ်စီမှော်မိစ္ဆာသည် ဆန်းလျန်၏ အသိတရားများကို ဖျက်စီးနေခြင်း မဟုတ်ပေ။ စိတ်ခံစားချက်များကို ဖျက်စီး နေခြင်းဖြစ်လေသည်။

ဆန်းလျန်သည် သူ၏အသိတရားများကို ပြီးပြည့်စုံလွန်းသည့်စိန်တစ်လုံးအဖြစ် ပြောင်းလဲထားခဲ့လေသည်။ ထိုအသိတရားစိန်တုံးသည် ခိုင်မာပြီးသန့်စင်လေသည်။ ထို့ကြောင့် ယွမ်စီမှော်မိစ္ဆာအနေဖြင့် ဖျက်စီးရန် မဖြစ်နိုင်ပေ။

ဆန်းလျန်သည် သူ၏အသိတရားများကို ပြီးပြည့်စုံသည့် စိန်တစ်လုံးအဖြစ် ပြောင်းလဲထားခြင်းမှာ အလွန်အကျိုးကျေးဇူးများလေသည်။ ထိုသို့ ပြုလုပ်နိုင်ခြင်းသည် တာအို၏ နက်ရှိုင်းသည့်အဆင့်တစ်ခု ဖြစ်ပြီး ထိုက်စန့်ဝမ့်ချင်အဆင့်အထိ တက်လှမ်းနိုင်ရန် နီးစပ်လေသည်။

သို့သော်… ထိုအချက်များက အဓိကမကျပါ။

ဆန်းလျန်သည် အစကတည်းကပင် ဦးနှောက်နှင့်နှလုံးသားဆိုလျှင် ဦးနှောက်ကို ဦးစားပေးပြီး ခံစားချက်ကို ရှေ့တန်းတင်တတ်သူမဟုတ်ပေ။ ဆန်းလျန်သည် အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သူတစ်ယောက် ဖြစ်လေ သည်။

ထို့ကြောင့် သူ၏စိတ်ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ပြီး နိဂုံးချုပ်တစ်ခုဆီသို့ ရောက်ရှိခဲ့လေသည်။ ထို့ကြောင့် ယွမ်စီမှော်မိစ္ဆာအနေဖြင့် ဆန်းလျန်၏ ခိုင်မာလွန်းသည့် ကိုယ်ပိုင်အသိတရားများကိုဖျက်စီးပစ်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

လောကတွင် အဆိုးဝါးဆုံးအရာသည် အထီးကျန်ခြင်း မဟုတ်ပါ။ အထီးကျန်ဆန်သည့်လမ်းကို သိသိကြီးနှင့် ရွေးခြယ်ခဲ့ခြင်းသည်သာ အဆိုးဝါးဆုံးအရာဖြစ်လေသည်။ ဆန်းလျန်သည်လည်း အထီးကျန်ဆန်သည့်လမ်းကို ရွေးခြယ်ခဲ့သူတစ်ယောက် ဖြစ်သည်ဆိုလျှင် ချဲ့ကားပြောဆိုရာ ရောက်ပေလိမ့်မည်။

ယွမ်စီမှော်မိစ္ဆာသည် ဆန်းလျန်၏ အသိတရားများကို မည်သို့မှ ဖျက်စီးနိုင်ခြင်း မရှိသည့်အတွက် သူက ဆန်းလျန်၏ ချစ်ခြင်းမေတ္တာအကြောင်းတရား (၇)ခုနှင့် စိတ်ဆန္ဒ (၆)ခုကို ပျောက်ကဆုံးအောင် ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်သည် ထုံကြဉ်သည့် ခံစားချက်ကို ခံစားလိုက်ရပြီး သူ၏စိတ်ခံစားမှုများသည် အဖူးအငုံများ သဖွယ် ဖြစ်သွားရခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်သည် ပုံကြမ်းအားဖြင့် ယွမ်စီမှော်မိစ္ဆာလိုချင်သည့် ပုံစံမျိုး ဖြစ်သွားရလေသည်။

အမှန်တော့ ဆန်းလျန်၏ စိတ်ခံစားမှုများသည် အလိုက်အထိုက် ပြောင်းလွယ်ပြင်လွယ်ဖြစ်ပြီး အဆက်မပြတ် ကြီးထွားတိုးတက်လျှက်ရှိလေသည်။

ယွမ်စီမှော်မိစ္ဆာက အေးစိမ့်သည့် မုန်တိုင်းကို ထုတ်လွှတ်ကာ ဆန်းလျန်၏ စိတ်ခံစားချက်များကိုပျောက်ကွယ်စေပြီး နောက်ဆုံးတွင် ဆန်းလျန်၏ အသိတရားများကိုပါ ဇီဝိန်ခြွေပစ်ရန် ရည်ရွယ်လိုက်ခြင်း ဖြစ်လေသည်။

သို့သော်… သူ မအောင်မြင်ခဲ့ပါ။

တိုက်ပွဲသည် လက်ရှိအခြေအနေတွင် ရပ်တန့်သွားလျှင် ဆန်းလျန်သည် ရှုံးနိမ့်သွားမည် ဖြစ်လေသည်။ သူသည် ချစ်ခြင်းမေတ္တာအကြောင်းတရား (၇)ခုနှင့် စိတ်ဆန္ဒ (၆)ခု ပျက်သုဉ်းသွားသည့် အသိတရားမရှိတော့သည့် လူတစ်ယောက်ဖြစ်သွားရပေလိမ့်မည်။

အချစ်ဆိုသည်မှာ လူတစ်ယောက်ကို အသိတရားပျောက်စေပြီး စိတ်ကိုအမှောင်ဖုံးစေလေသည်။ သို့သော် အချစ်ဆိုသည်မှာ လူတစ်ယောက်ကို ကာကွယ်ပေးသည့် ဒိုင်းတစ်ခုလည်း ဖြစ်လေ၏။

"မင်းက ခံစားချက်ရှိတဲ့လူတစ်ယောက် မဟုတ်လား ၊ ဒါပေမယ့် အခုရော ဘာများခံစားရသေးသလဲ"

ယွမ်စီမှော်မိစ္ဆာ၏အသံသည် ဝိညာဉ်များနေထိုင်ရာ အသူရာချောက်၏ အနက်ရှိုင်းဆုံးနေရာမှ အေးစိမ့်စွာထွက်ပေါ် လာသည့်အလား ထင်မှတ်ရလေသည်။

ဆန်းလျန်က…

"ခံစားချက်တွေမရှိတော့ဘူးဆိုရင်လည်း အတွေ့အကြုံအသစ်တစ်ခု ရတာပေါ့ ၊ မင်းသာမရှိရင် ဒီလိုအတွေ့အကြုံမျိုး ရနိုင်မယ် မထင်ဘူး"

ယွမ်စီမှော်မိစ္ဆာက…

"ခံစားချက်မရှိတာ ကောင်းတယ်လို့ မင်းက ပြောနေတာလား"

"ဒီမေးခွန်းက အဖြေမရှိတဲ့ မေးခွန်းပဲ ၊ ဒါပေမယ့် အခုလောလောဆယ် ကျုပ် ပျော်ရွှင်တာရော ဝမ်းနည်းတာရော မခံစားရတော့ဘူးလေ ၊ လုံးဝကို အကျိုးသင့်အကြောင်းသင့် ဖြစ်နေတာ"

ယွမ်စီမှော်မိစ္ဆာက ရုတ်တရက် ထမေးလိုက်လေသည်။

"အခု ကျုပ်တို့ ပူးပေါင်းလို့ရပြီလား"

ဆန်းလျန်က…

"မရဘူး…"

ယွမ်စီမှော်မိစ္ဆာက ဆန်းလျန်အဖြေကြောင့် အံ့သြသွားပြီး တစ်ချက် အော်ဟစ်လိုက်လေသည်။

သူနားလည်သလောက် သူ့ရှေ့မှကောင်လေးတွင် အချစ်နှင့် စိတ်ဆန္ဒများ မရှိတော့ပေ။ သူ၏စိတ်ထဲတွင် အကျိုးအမြတ်သာလျှင် စဉ်းစားတော့မည် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ကမ်းလှမ်းချက်ကို ငြင်းနေစရာ အကြောင်းမရှိတော့ပေ။

သို့သော်… ဆန်းလျန်က သူ့ကို ငြင်းနေဆဲ ဖြစ်လေသည်။

ထိုအချိန်မှာပင်… ဆန်းလျန်က ရုတ်တရက် ထ ရယ် လိုက်လေသည်။

ဆန်းလျန်၏ ရယ်သည်မှာ မထူးဆန်းပါ။ သို့သော်… ယွမ်စီမှော်မိစ္ဆာအတွက်တော့ ဆန်းလျန်၏ ရယ်သံသည် အခြားသော မြင့်မားသည့်တန်ခိုးစွမ်းအားများထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော်….  စိတ်ခံစားချက်မရှိသူတစ်ယောက်သည် အဘယ့်ကြောင့် ရယ်မောနေရပါသနည်း။ ခံစားချက်မရှိသူတစ်ယောက်သည် ရယ်မောရန်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

သို့သော်… ဆန်းလျန်၏ ရယ်သံသည် ဟန်ဆောင်ခြင်း မဟုတ်ပါ။

ရယ်မောနေစဉ်တွင် ဆန်းလျန်၏ အမူအရာမှာ အလွန်ရိုးသားနေပြီး ရယ်သံမှာလည်း ခံစားချက်အပြင့်နှင့်ဖြစ်လေ သည်။

ထိုအချိန်မှာပင်… ဆန်းလျန်၏ သန့်စင်သည့် အသိတရားထဲတွင် ထူးခြားဆန်းကြယ်သည့် ကြိုးတစ်ချောင်း ထွက်ပေါ်လာလေသည်။

ယွမ်စီမှော်မိစ္ဆာက နက်ရှိုင်းသည့် လေသံဖြင့်…

"အချစ်နှောင်ကြိုး…"

ဟု ရေရွတ်လိုက်လေသည်။

လောကတွင် ရုန်းထွက်ရန်အခက်ခဲဆုံးအရာများမှာ မလွတ်မြောက်နိုင်သည့် ပိုက်ကွန်းများလည်းမဟုတ်သလို လည်ပတ်နေသည့် ကံတရားလည်း မဟုတ်ပါ။

လောကတွင် ရုန်းထွက်ရန် အခက်ခဲဆုံးအရာမှာ အချစ်နှောင်ကြိုးဖြင့် နှောင်ဖွဲ့ခြင်းသာလျှင် ဖြစ်လေသည်။

တာ့ယိကဲ့သို့ မြင့်မြတ်သည့်လေးသည်တော်တစ်ပါးသည်ပင် အချစ်နှင့် မကင်းခဲ့ပေ။ ထို့ကြောင့် ဆန်းလျန်သည် လည်းအဘယ်မှာ အချစ်နှင့် ကင်းနိုင်ပါမည်နည်း။

အချစ်နှင့်နှောင်ဖွဲ့ခြင်းမှ သက်ရှိတိုင်းရုန်းထွက်ရန်ခက်ခဲလေသည်။ ထို့ပြင် အချစ်သည် သက်ရှိတိုင်းကို နူးညံ့သိမ်မွေ့သွားစေလေသည်။

သို့သော်… အချစ်သည် ဆန်းကြယ်ပြီး နားလည်ရခက်လေရကား အတော်ဆုံးဆိုသည့် ကျင့်ကြံသူများပင်လျှင် အချစ်၏ဆန်းကြယ်မှုကို နားလည်နိုင်ခြင်း မရှိကြပေ။

ထိုအချစ်ဆိုသည့် နှောင်ဖွဲ့မှုတစ်ခုဖြစ်သည့် အချစ်နှောင်ကြိုးမှတစ်ဆင့် ဆန်းလျန်၏ ခံစားချက်များ ပြန်လည် ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။

အချစ်နှောင်ကြိုးသည် ဆန်းလျန်၏ နှလုံးသားကို ရစ်ပတ်သွားပြီး အချစ်ပိုက်ကွန်တစ်ခု ပေါ်လာလေသည်။

ယွမ်စီမှော်မိစ္ဆာသည် ဆန်းလျန်၏ အချစ်ပိုက်ကွန်ဖြင့် ချုပ်နှောင်မိသွားလေသည်။ ယွမ်စီမှော်မိစ္ဆာအနေဖြင့် မြင့်မားသည့်တန်ခိုးစွမ်းအားများစွာကို ရင်ဆိုင်ခဲ့ဖူးသော်လည်း အချစ်နှင့်ခံစားချက်များကို လက်နက်အဖြစ်အသုံး ပြုကာ တိုက်ခိုက်နိုင်သည့် ဆန်းလျန်ကဲ့သို့သော လူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ တွေ့မြင်ဖူးဖို့ဝေးစွ ကြားပင် မကြားခဲ့ဖူးပေ။

ယွမ်စီမှော်မိစ္ဆာ၏ သဘောသဘာဝသည် လွတ်လပ်ပြီး စီးဆင်းနေသည့် စမ်းချောင်းတစ်ခုနှင့် အလားသဏ္ဍန်တူလေ သည်။ ထို့ကြောင့် ဆန်းလျန်၏ အချစ်ပိုက်ကွန်ဖြင့် တုတ်နှောင်ခံလိုက်ရသည့်အခါ သူသည် မည်သို့ ဖြေရှင်းရမည် မသိ ဖြစ်သွားရလေသည်။

အချစ်ပိုက်ကွန်ကြောင့် ယွမ်စီမှော်မိစ္ဆာသည် မည်သို့လုပ်ရမည်မသိ ဇဝေဇဝါဖြစ်နေလေသည်။ ထို့နောက် ယွမ်စီမှော်မိစ္ဆာ၏ ဖြစ်တည်လာခြင်းမရှိသေးသည့် အသိတရားများသည် အချစ်ပိုက်ကွန်ထဲတွင် တစ်စစီ ကွဲထွက်သွားလေတော့သည်။

ဆန်းလျန်သည် အချစ်ပိုက်ကွန်ကို နှလုံးသားထဲတွင် ထိန်းသိမ်းထားလေသည်။ သူ၏ နတ်ဘုရားစိတ်အာရုံများ သည်လည်း ငြိမ်းချမ်းလျှက် ရှိနေလေတော့သည်။

အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာပေါ်လာပြီး ယင် နှင့် ယန် ထိုက်ချိသင်္ကေတ အဖြစ်ပြောင်းလဲသွားလေသည်။ ထိုက်ချိသင်္ကေတသည် လူသားတစ်ယောက် ပုံသဏ္ဍန်သို့ ပြောင်းလဲသွားလေ သည်။

နောက်ဆုံးတွင်တော့ ထိုက်ချိယင်ယန်သင်္ကေတပါရှိသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုဆရာ တစ်ယောက် ခန်းမထဲတွင် ပေါ်လာလေသည်။

ထိုတာအိုဆရာသည် ဆန်းလျန်ပင် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင်… တာ့ကျိုးပြည်ကြီးတစ်ခုလုံးသည် အကြောင်းရင်းမရှိဘဲ ငလျင်များ လှုပ်ခတ်လာလေသည်။ ငလျင်လှုပ်ခတ်မှုသည် မြေကြီးထဲမှ သစ်ပင်ငယ်လေးများ ထိုးခွဲထွက်ပေါ်လာသည်နှင့် ဆင်တူလေသည်။

အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် တစ်စုံတစ်ခုပြောင်းလဲသွားသည်ကို ကျင့်စူး အာရုံရလိုက်လေသည်။ ထို့ကြောင့် သူမက အပြာရောင်ခရီးရှည်နန်းတော်ဆီသို့ ထွက်လာခဲ့လေသည်။

ထိုအခါ နန်းတော်အတွင်းမှ ထွက်လာသည့်ဆန်းလျန်ကို တွေ့လိုက်ရလေသည်။

ဆန်းလျန်ဝတ်ဆင်ထားသည့် အင်္ကျီပြောင်းလဲသွားသည်မှအပ ဆန်းလျန်တွင် အခြားသော ထူးခြားသည့်ပြောင်းလဲမှု မတွေ့ရပေ။

သို့တိုင်အောင် ဆန်းလျန် တစ်ခုခုပြောင်းလဲသွားသည်ဟု ကျင့်စူး ခံစားနေရလေသည်။ သို့သော်… မည်သည့်အရာ ပြောင်းလဲသွားသည်ကိုလည်း သူမ ပြောမပြတတ်ပေ။

ကွေလိသည်လည်း အပြာရောင်ခရီးရှည်နန်းတော်သို့ ရောက်ရှိလာလေသည်။

သူမက ဆန်းလျန်ကို လှမ်းကြည့်လိုက်ရင်း…

"မင်း ဘာကျင့်စဉ် အောင်မြင်သွားပြန်တာလဲ…"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"ပြောရတော့ခက်တယ် ၊ ဒါပေမယ့် မင်းတို့ကို ကျုပ် ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်"

ကျင့်စူးက…

"ဘာဇာတ်လမ်းလဲ…"

ဆန်းလျန်က…

"မင်းက နားထောင်ချင်လို့လား…"

ကျင့်စူးက မျက်လုံးကို အပေါ်သို့လှန်လိုက်ရင်း…

"အပိုတွေလုပ်မနေနဲ့တော့…"

ဆန်းလျန်က လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်ရင်း ပြုံးလိုက်လေသည်။

"ဟိုးတုန်းက မြောက်ပိုုင်းပေမင်ပင်လယ်ထဲမှာ ငါးကြီးတစ်ကောင်ရှိတယ် ၊ သူ့ကို ခွန်သတ္တဝါလို့ခေါ်တယ် ၊ သူက အရမ်းကြီးလွန်းလို့ ချက်စားဖို့ဆိုရင်လည်း အိုးနဲ့မဆန့်ဘူး ၊ ပြီးတော့ အဲဒီငါးကြီးက ငှက်လိုလည်း ဖန်ဆင်းနိုင်တယ် ၊ ငှက်လို ဖန်ဆင်းလိုက်ရင် သူ့ကို ဖိန်လို့ ခေါ်သတဲ့ ၊ ဖိန်ငှက်ကြီးကလည်း အရမ်းကြီးမားလွန်းလို့ မီးကင်ပြီးစားမယ်ဆိုရင် စင်နှစ်ခုပေါ်တင်ပြီး ကင်ရတယ်တဲ့"

ဆန်းလျန၏ စကားမဆုံးမီပင် ကျင့်စူးက ဒေါသတကြီးဖြင့် ဆန်းလျန်ကို တိုက်ခိုက်လိုက်လေသည်။

ကျင့်စူးထံမှ အလွန်ကြီးမားသည့် သမုဒ္ဒရာကြီးတစ်စင်းထွက်ပေါ်လာပြီး ဆန်းလျန်ရှိရာသို့ ဝင်ရောက်သွားလေသည်။ သို့သော် ဆန်းလျန်က ထိုက်ချိသင်္ကေကိုဖန်ဆင်းလိုက်ပြီး ရေများအားလုံးကို စုပ်ယူပစ်လိုက်လေသည်။

ဆန်းလျန်က ထိုအပြုအမူကို အေးအေးဆေးဆေးပင် ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။

ထို့နောက်… ဆန်းလျန်က ချက်ချင်းပင် ကျင့်စူးအနားသို့ ရောက်ရှိသွားပြီး နောက်ထပ်တိုက်ခိုက်ခြင်းမပြုနိုင်အောင် သူမ၏ လက်များကို ဖမ်းချုပ်ထားလိုက်လေသည်။ ဆန်းလျန် သူမကို ဖမ်းချုပ်ထားမှုမှာ အားပျော့သည့်တိုင် အလွန်ကြီးမားသည့် တာအိုစွမ်းအားတစ်ခုက သူမကို ထိန်းချုပ်ထားသည့်အလား ခံစားရပြီး သူမသည် ဆက်လက် တိုက်ခိုက်၍ မရတော့ပေ။

ကျင့်စူးထံမှ ဆဲဆိုအပြစ်တင်သံများ ထွက်မလာခင်မှာပင် ဆန်းလျန်က အေးဆေးသည့်လေသံဖြင့် …

"နောက်ပြောင်မနေနဲ့တော့…"

ဆန်းလျန်၏ လေသံမှာ သတိပေးသံမဟုတ်ပါ။

သို့သော်… သဘောထားကြီးမှုနှင့် ခွင့်လွှတ်မှုများဖြင့် ပြည့်ဝနေပြီး အတော်လေးလည်း တည်ငြိမ်အေးချမ်းနေလေ သည်။

ဆန်းလျန်၏စကားသံကို ကြားလိုက်ရသည့်အခါ ဆဲဆိုအပြစ်တင်ရန်ပြင်ဆင်နေသည့် ကျင့်စူး၏ စကားလုံးများသည် လည်ပင်းထဲတွင် ပျောက်ရှသွားလေသည်။

ဆန်းလျန်က …

"ရေတွေသာ ခမ်းချောက်သွားရင် ငါးတွေဘယ်လိုလုပ်မလဲ ၊ တစ်ယောက်နဲ့တစ်ယောက် ရေမရှိတဲ့နေရာမှာ ဒုက္ခတွေအတူတူခံစားရင်း တွယ်တာနေကြမယ့်အစား အခြားမြစ်တွေ ရေကန်တွေရှိရာကို ရှာဖွေပြီး လွတ်လွတ် လပ်လပ် နေထိုင်ကြတာ အကောင်းဆုံးပဲ မဟုတ်လား"

ကျင့်စူးက…

"ဒါ ကျွမ်းကျီပြောခဲ့တဲ့စကားတွေပဲ ၊ ရှင်ဘာလို့ အဲဒီစကားတွေကို ရွတ်နေရတာလဲ"

ဆန်းလျန်က နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…

"ကျုပ်တို့ နှစ်ယောက်က အဲဒီစာသားတွေထဲက ငါးတွေလိုပဲလေ…"

ကျင့်စူးသည် အံ့သြမှင်တက် သွားရလေသည်။

"ရှင်က ကျွန်မကို ထွက်သွားဖို့ ပြောနေတာလား"

ဆန်းလျန်က ပုံမှန်လေသံဖြင့်ပင်…

"မဟုတ်ပါဘူး ၊ ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် မေ့လိုက်ကြပြီး ပိုကောင်းတဲ့ဘဝတွေမှာ နေကြရအောင်လို့ ပြောတာပါ"

ကွေလိက ကျင့်စူးကို အသာဖက်လိုက်လေသည်။

ထို့နောက်… သူမက ဆန်းလျန်ကို ထူးဆန်းသည့်အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်ရင်း…

"မမ… ငါတို့ သွားကြရအောင်ပါ"

ကျင့်စူးသည် ထွက်ခွာသွားလိုစိတ်မရှိသည့်တိုင် ကွေလိ၏ စကားကို နားထောင်လိုက်လေသည်။

ထို့နောက် သူတို့ (၂)ယောက်သည် တိမ်ပေါ်သို့ခုန်တက်သွားပြီး ပျောက်ကွယ်သွားကြလေတော့သည်။

ဆန်းလျန်သည် သူတို့ (၂)ယောက် ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံးငေးကြည့် နေခဲ့လေသည်။

ထို့နောက်တွင်တော့ ဖားဟိုင်ဆရာတော်နှင့် တာ့ကျိုးပြည်မှ လူများကို စုစည်းစေလိုက်လေသည်။

သူ့အနေဖြင့် ယင်းစန်းပြည်ကို အမြန်ဆုံးတိုက်ခိုက်ရန် လိုအပ်လေသည်။ ထိုသို့ပြုလုပ်မှသာ အသူရာချောက်ကို အချိန်တိုအတွင်း စုစည်းနိုင်မည် ဖြစ်လေသည်။

……

တိမ်တိုက်များထက်တွင်တော့ ကျင့်စူးသည် စိတ်တိုနေလေသည်။

"သူ ငါတို့ကို ဘာလို့ နှင်ထုတ်လိုက်တာလဲ…"

ကွေလိက…

"မမကျင့်စူး ၊ နင်နဲ့ ဆန်းလျန် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတယ် မဟုတ်လား"

ကျင့်စူးက…

"မဟုတ်ပါဘူး"

ကွေလိက…

"နင်ပြောမပြချင်လည်း ငါနားလည်ပေးပါတယ် ၊ ဒါပေမယ့် အဲဒီပြဿနာကြောင့်ပဲ ဆန်းလျန်က နင့်ကို ထွက်သွားဖို့ ပြောတာဖြစ်လိမ့်မယ်"

ကျင့်စူး စကာပြန်မပြောနိုင်ခင်မှာပင် ကောင်းကင်တစ်ခွင်တွင် ရောင်စဉ် (၅)မျိုးအလင်းတန်းများ ဖြာလင်းလာလေ သည်။

ကျင့်စူးက မျက်မှောင်တစ်ချက် ကြုံ့လိုက်ရင်း…

"ဇာမဏီနတ်ဘုရားနန်းတော်က နင့်လူတွေ ရောက်လာကြပြီထင်တယ်…"

ရောင်စဉ် (၅)မျိုးအလင်းတန်းများ ပျောက်ကွယ်သွားပြီး လူငယ်လေးတစ်ယောက် ထွက်ပေါ်လာလေသည်။

သူက ကွေလိကို ဂါရဝပြုလိုက်ရင်း…

"နန်းတော်သခင်ရဲ့အမိန့်အရ သခင်မလေးကို နန်းတော်ကို ပြန်ဖို့ လာခေါ်တာပါ"

ကွေလိက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်…

"သူက ဘာကိစ္စ ကျုပ်ကို ပြန်ခေါ်ရတာလဲ ၊ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေကြတာမှ မဟုတ်တာ"

လူငယ်လေးက…

"ဒါတော့ ကျွန်တော်လည်း မသိပါဘူး"

ကျင့်စူးက…

"ငါ့မှာလည်း သွားစရာနေရာမရှိတော့ဘူး ၊ နင် ဇာမဏီနတ်ဘုရားနန်းတော်ကို ပြန်မယ်ဆိုရင် ငါလည်း လိုက်ခဲ့လို့ ရတာပေါ့"

All Chapters