← Chapters

အပြစ်ပေးခံရသည့်နှလုံးသား

Vol. 7 Ch. 693

အပြစ်ပေးခံရသည့်နှလုံးသား

Vol. 7 Ch. 693

ကျင့်စူးမှာ ကြီးမားသည့် ကြမ္မာဆိုးကြီးတစ်ခုနှင့် ပတ်သက်နေမိပြီး နတ်မိစ္ဆာအဓိပတိနန်းတော်သို့လည်း ပြန်သွား နိုင်ခြင်းမရှိတော့ပေ။

ထို့ပြင် ဆန်းလျန်ကလည်း သူမကို နှင်ထုတ်လိုက်ပြီ ဖြစ်လေရာ လောကကြီးက ကျယ်ပြောလှသည့်တိုင် သူမအတွက်တော့ သွားစရာနေရာ မရှိတော့ပေ။ ထို့ကြောင့် ဇာမဏီနတ်ဘုရားနန်းတော်သို့ သွားရောက်ခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု တွေးလိုက်မိလေသည်။

ထို့ကြောင့် မဟာမာရူယိက ကွေလိကို ပြန်ခေါ်သည့်အခါ သူမကလည်း နတ်ဘုရားနန်းတော်သို့ပြန်ရန် ဝင်ရောက် ထောက်ခံလိုက်ခြင်း ဖြစ်လေသည်။

ကျင့်စူးက ဇာမဏီနတ်ဘုရားနန်းတော်သို့ သွားရောက်ချင်နေသည့်အတွက် ကွေလိကလည်း ငြင်းမနေတော့ပါ။ ကျင့်စူးက ပေါက်ကရ စကားများလျှောက်ပြောပြန်လျှင်လည်း သူမသာ အရှက်ကွဲရဦးမည် ဖြစ်လေသည်။

ထို့ကြောင့် ကွေလိက…

"ကျုပ်ပြန်လိုက်ခဲ့မယ်…"

သူမသည် ဝေ့လည်ကြောင်ပတ်လုပ်တတ်သည့်လူမျိုးမဟုတ်လေရကား ပြောပြီးသည်နှင့် ချက်ချင်းပင် ဇာမဏီနတ် ဘုရားနန်းတော်သို့ ပြန်လာခဲ့လေတော့သည်။

သူမကိုလာခေါ်သည့် လူငယ်လေးမှာလည်း သူ၏တာဝန်အောင်မြင်စွာပြီးဆုံးသွားသည့်အတွက် စိတ်သက်သာရာ ရသွားလေသည်။

သို့သော်… သူတို့ (၃)ယောက်ကို ဆန်းလျန် ကြည့်နေခဲ့သည်ကိုတော့ သူတို့အားလုံး မသိရှိခဲ့ကြပေ။ သူတို့အားလုံး ထွက်ခွာသွားသည်မှာ သေချာတော့မှ သူတို့ကို စောင့်ကြည့်နေခြင်းကို ဆန်းလျန် ရပ်တန့် လိုက်လေသည်။

အမှန်တော့ ကွေလိနှင့်ကျင့်စူးကို နှင်ထုတ်လိုက်ရခြင်းမှာ သူတို့ (၂)ယောက် ကောင်းဖို့အတွက်သာ ဖြစ်လေသည်။ ဇာမဏီနတ်ဘုရားနန်းတော်မှ လူတစ်ယောက်က ကွေလိကို လာခေါ်တော့မည်ကို ဆန်းလျန် ခန့်မှန်းလိုက်မိသည် အချိန်ကိုက်ပင် သူတို့ကို နှင်ထုတ်လိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ လျှို့ဝှက်ချက်များသာ ပေါ်သွားသည့်တစ်နေ့တွင် ဇာမဏီနတ်ဘုရားနန်းတော်သည်လည်း ကျင့်စူးကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်… ဆန်းလျန်သည် ကျင့်စူး အန္တရယ်ကင်းစေရန်အတွက် မျှော်လင့်ချက်ရေးရေးလေးမျှ ရှိလျှင်တောင်မှ တတ်နိုင်သမျှ လုပ်ဆောင်ပေးလိုလေသည်။

ဆန်းလျန်အနေဖြင့် အသူရာချောက်တစ်ခုလုံးကို စည်းလုံးညီညွတ်အောင် ပြုလုပ်ပေးပြီး အသူရာချောက် (၉)ထပ် ကိုယခင်အတိုင်းပြန်လည် သန့်စင်ပေးလိုက်နိုင်လျှင် သူ၏တာဝန် ပြီးဆုံးပြီ ဖြစ်လေသည်။

ပြီးလျှင်တော့ သူရင်ဆိုင်ရမည့် အခက်အခဲများမှာ ယွိချင်တာအိုဆရာသခင်နှင့် ထိုက်ချင်တာအိုဆရာသခင်တို့၏ မူလသင်္ကေတများကိုရယူရန် ဖြစ်လေသည်။ ထိုအလုပ်များကိုတော့ ပြီးဆုံးအောင် လုပ်နိုင်ပါမည်လား မသေချာလှ ပေ။

မည်သို့ပင်ဖြစ်စေ… သူ့တွင် ရွေးခြယ်စရာမရှိပေ။

လက်ရှိအချိန်တွင်… သူ၏ ကျင့်စဉ်လမ်းသည် အရှိန်အဟုန်ဖြင့်တိုးတက်လာနေပြီး သူ၏မူလဝိညာဉ်ခန္ဓာ သည်လည်း အလျှင်အမြန် ကြီးထွားလာနေလေသည်။ နှစ်ပေါင်းတစ်ထောင်အတွင်းတွင် သူ၏ မူလဝိညာဉ် ခန္ဓာသည် တာ့လော်အဆင့်သို့ ရောက်ရှိသွားနိုင်လေသည်။ အခြားသူများဆိုလျှင် နှစ်ပေါင်းတစ်သောင်းခန့် ကျင့်ကြံ မှသာတာ့လော်အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်လေသည်။ အချို့ဆိုလျှင် တာ့လောအဆင့်သို့ရောက်ရှိရန်အတွက် နှစ်ပေါင်း သိန်းနှင့်သန်းနှင့်ချီပြီးပင် ကျင့်ကြံရလေ့ရှိလေသည်။

ဆန်းလျန်အနေဖြင့် ကျင့်စဉ်လမ်း အရှိန်အဟုန်ဖြင့် တိုးတက်လာနေခြင်းမှာ ဝမ်းမြောက်ဖွယ်ရာဖြစ်သည်ဟု ထင်စရာရှိသော်လည်း ကျင့်စဉ်လမ်း တိုးတက်လာလေ သဘာဝတရားမှအပြစ်ပေးခြင်းနှင့် ရင်ဆိုင်ရရန် အချိန် နီးကပ်လာလေ ဖြစ်လေသည်။ ထို့ပြင် သူ့နှလုံးသားထဲမှ စိတ်ဒဏ်ရာသည်လည်း ပိုပြီး ပြင်းထန်လာခဲ့လေသည်။

သဘာဝတရားမှအပြစ်ပေးခြင်းသည် အခြားသော အစစ်ဆေးခံရမှုများနှင့်မတူညီပေ။ သဘာဝတရားမှ အပြစ်ပေး ခြင်းကိုခံရသူသည် ထာဝရသေဆုံးသွားရမည်ဖြစ်လေသည်။

သဘာဝတရားမှအပြစ်ပေးခြင်းဆိုသည်မှာ မိုးကောင်းကင်နိယျာမတရားများက သူ့ကိုဆက်လက်ရှင်သန်ခွင့်မပေး တော့ခြင်းပင် ဖြစ်လေသည်။ တာအိုဆရာသခင်ကြီးတစ်ပါးကဲ့သို့ ထိပ်တန်းအဆင့်ရှိသည့် အဓိပတိကြီးများသာ လျှင်သဘာဝတရားမှအပြစ်ပေးခြင်းကို ကျော်လွန်နိုင်စွမ်းရှိကြလေသည်။

ဆန်းလျန်အနေဖြင့် မသေချင်လျှင်တော့ ရှင်သန်နိုင်မည့် အခွင့်အရေးကို ရှာဖွေရမည် ဖြစ်လေသည်။ ရှင်သန်နိုင်ရန်အတွက် တာအိုဆရာသခင်ကြီး (၃)ပါး၏ မူလသင်္ကေတ (၃)ခု သူ့ထံတွင် ပြည့်စုံနေမှပင် ဖြစ်ပေလိမ့် မည်။

ထို့ပြင်… သူရင်ဆိုင်ရမည့် အဓိက ပြဿနာတစ်ခုလည်း ရှိနေသေးသည်။

သူ၏ကျင့်စဉ်လမ်းအဆင့်သည် အရှိန်အဟုန်မြန်စွာဖြင့် တိုးတက်လာခဲ့လျှင် သဘာဝတရားမှအပြစ်ပေးခြင်းသည် လည်း စောစီးစွာ ရောက်လာမည် ဖြစ်လေသည်။ ထိုအချိန်သို့ရောက်သည်အထိ သူ့အနေဖြင့် တာအိုဆရာသခင်ကြီး (၃)ပါး၏  မူလသင်္ကေတ(၃)ခု ကိုစုစည်းနိုင်ခြင်းမရှိသေးလျှင် မည်မျှပင် တန်ခိုးစွမ်းအားမြင့်မားပါစေ ကျိန်းသေ အသက်ပျောက်ရမည်ဖြစ်လေ သည်။

သို့သော်… သဘာဝတရားမှအပြစ်ပေးခြင်းကို သူတစ်ယောက်တည်း ခံစားရမည် မဟုတ်ပါ။ သဘာဝတရားမှ အပြစ်ပေးခြင်းသည် ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခု ဖြစ်လေရာ သူနှင့်ပတ်သက်သူများသည်လည်း ထိုကြမ္မာဆိုး ကြီးကို ကျိန်းသေ ခံစားရဖွယ် ရှိလေသည်။

ထို့ကြောင့် ဆန်းလျန်သည် အပူတပြင်း ဖြစ်နေရခြင်းဖြစ်သလို ကျင့်စူးကို နှင်ထုတ်လိုက်ရခြင်း ဖြစ်လေသည်။

ကျင့်စူးအနေဖြင့် သူနှင့်မပတ်သက်ဘဲ ကိုယ့်လမ်းကိုယ်လျှောက်သည်က ပိုကောင်းနိုင်မည် ဖြစ်လေသည်။

ဆန်းလျန် ကျင့်စူးကို သူပြောခဲ့သည့် စကားများထဲတွင် နောက်ဆုံးစာကြောင်းတစ်ခု ကျန်ရှိနေသေးသည်။

"ဟိုလူ့ကိုအပြစ်တင် ၊ ဒီလူ့ကိုချီးကျူးလုပ်နေမည့်အစား အရာအားလုံးကိုမေ့ပစ်လိုက်ပြီး အားလုံးကို ကံတရား အတိုင်းရှိစေလိုက်ခြင်းက ပိုကောင်းပါသည်"

ဆိုသည့် စာကြောင်းပင်ဖြစ်လေသည်။

တကယ်တော့ အခြားသူများ၏ ကောင်းခြင်း ဆိုးခြင်းများကို ဂရုစိုက်နေမည့်အစား အရာအားလုံးကိုမေ့ပစ်လိုက်ပြီး ကိုယ့်လမ်း ကိုယ်လျှောက်ရန်သာ လိုအပ်သည်မဟုတ်ပါလား။

အမှန်နှင့်အမှားဆိုသည်မှာ သဘာဝတရားပင်ဖြစ်ပြီး လူတစ်ယောက်ကတော့ အရာအားလုံးကို ရင်ဆိုင်ကြုံတွေ့ရ မည်ပဲ ဖြစ်လေသည်။

ယီကျီး၏ အုပ်ချုပ်မှုအောက်တွင် တာ့ကျိုးပြည်သည် စည်းလုံးညီညွတ်လျှက်ရှိပြီး ကျင့်ကြံသူများနှင့် သာမန်လူများ သည်လည်း အဆင်ပြေပြေနေထိုင်လျှက်ရှိကြလေသည်။

နောက်ပိုင်းတွင်… ကျင့်ကြံသူများနှင့် သာမန်လူများကြားမှ ခြားနားချက်သည် တဖြည်းဖြည်းပပျောက်သွားကြမည် ဖြစ်လေသည်။ သို့သော်… ထိုသို့ဖြစ်သွားပါက ကျင့်ကြံသူများအတွက် အကျိုးသိပ်မရှိသော်လည်း တိုင်းပြည်အတွက် တော့အကျိုးရှိလေသည်။

ကျင့်ကြံသူများသည် ထိန်းချုပ်ရခက်သူများဖြစ်ပြီး စိတ်ထားလည်း လွတ်လပ်ကြလေသည်။ သာမန်လူများကတော့ ထိုသို့မဟုတ်ပေ။

ကျင့်ကြံသူများနှင့် သာမန်လူများကြားမှ ခြားနားချက်သည် ကြီးမားလွန်းလေသည်။

သို့သော်… မတူညီမှုများကြားတွင် တူညီမှုတစ်ခုရှိလေသည်။ ထို့ကြောင့်လည်း ယီကျီးသည် တိုင်းပြည်ကို အောင်မြင်အောင် အုပ်ချုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ သူသည် မတူညီမှုများကြားမှ တူညီမှုတစ်ခုကိုရှာတွေ့ခဲ့ပြီး တိုင်းပြည်ကို ဟန်ချက်ညီအောင် ပြုလုပ်နိုင်ခဲ့လေသည်။

ထိုသို့ ဟန်ချက်ညီအောင် ပြုလုပ်နိုင်ခဲ့ခြင်းမှာ ဆန်းလျန်၏ သင်ပြပေးမှုများမှ အခြေခံခဲ့ခြင်း ဖြစ်လေ၏။

ဆန်းလျန် စာရေးနေသည်ကို ယီကျီးက စိုက်ကြည့်နေခဲ့လေသည်။

အမှန်တော့… ယီကျီးသည် ဆန်းလျန်ကို နားလည်နိုင်ခြင်း မရှိခဲ့ပါ။ နားမလည်ရခြင်းမှာ ဆန်းလျန်သည် အလွန်ထူးဆန်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသောကြောင့် မဟုတ်ပါ။ ဆန်းလျန်၏ ကျင့်စဉ်လမ်းသည် အဆက်မပြတ် တိုးတက်နေခဲ့သောကြောင့် ဖြစ်လေသည်။

သူက ဆန်းလျန်ကို လိုက်မီတော့မည်ဟု တွေးမိတိုင်း ဆန်းလျန်သည် ရှေ့သို့ အများကြီး တိုးတက်သွားပြန်ပြီ ဖြစ်လေသည်။ သူ သတိမမူမိခင်မှာပင် ဆန်းလျန်သည် တန်ခိုးစွမ်းအားများ အလွန်အမင်း မြင့်တက်နေခဲ့ပြီ ဖြစ်လေ သည်။

ထို့ကြောင့် ဆန်းလျန်ကဲ့သို့သောလူမျိုးကို ရင်ဆိုင်ရမည့် ရန်သူသည် ကျိန်းသေရှုံးနိမ့်ရမည်ပဲ ဖြစ်လေသည်။ ကံကောင်းသည်မှာ ယီကျီးသည် ဆန်းလျန်၏ရန်သူမဟုတ်ခဲ့ဘဲ ဆန်းလျန်ဘက်တော်သား ဖြစ်နေခဲ့ခြင်းပင်။ ဆန်းလျန်၏ရန်သူဖြစ်ရခြင်းသည် ကောင်းကျိုးမရှိနိုင်ပေ။

ဆန်းလျန်စာရေးသားနေဟန်မှာ အလွန်မှ သဘာဝကျလေသည်။ ဆန်းလျန်၏ လက်လှုပ်ရှားနေဟန်သည် ပြည့်စုံလွန်းပြီး လေးစားမြတ်နိုးဖွယ်ရာ ဖြစ်လေသည်။

ပြီးပြည့်စုံခြင်းသည် နေရာတိုင်းတွင် မရှိနိုင်ပါ။ သို့သော်… ဆန်းလျန်၏ အပြုအမူတိုင်းတွင် ပြီးပြည့်စုံမှုကိုတွေ့မြင် ရလေသည်။

ဆန်းလျန်စာရေးပြီးသွားသည်နှင့် စာရွက်ပေါ်မှ မင်များက ချက်ချင်းခြောက်သွားလေသည်။ ထိုအခါ ဆန်းလျန် ရေးသားထားသည့်စာများကို ယီကျီး တွေ့မြင်လိုက်ရလေသည်။

စာပိုဒ်တစ်ပိုဒ် ရေးသားထားခြင်း ဖြစ်လေ၏။

ယီကျီးသည် ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်သူတစ်ယောက်ဖြစ်သည့်တိုင် ဆန်းလျန်ရေးသားထားသည့် စာပိုဒ်ကို မနေနိုင်မထိုင်နိုင် ဖတ်ကြည့်လိုက်မိလေသည်။

စာပိုဒ်မှာ -

"ကျုပ်သာ သစ်ပင်တစ်ပင်အဖြစ် မွေးဖွားလာခဲ့ရင် ပတ်ဝန်းကျင်တစ်ခုလုံးလှပဖို့ အစွမ်းကုန်ပွင့်လန်းပေးမယ်။ ကျုပ်သာ မြက်ပင်တစ်ပင်အဖြစ် မွေးဖွားလာခဲ့ရင် မြက်ခင်းပြင်ထဲမှာ အစိမ်းလန်းဆုံး ရှင်သန်ပေးမယ်။ မြက်ပင်ငယ်လေးတစ်ပင်ဖြစ်ပေမယ့်လည်း သစ်ပင်အမြင့်ကြီးတွေကို အားကျနေစရာမလိုပါဘူး။ မြက်ပင်လေးအဖြစ် နဲ့ပဲ အစိမ်းလန်းဆုံး ရှင်သန်သွားမယ်"

စာပိုဒ်က ရှည်လျားခြင်းမရှိပါ။ သို့သော်… ထိုစာပိုဒ်ထဲတွင် ယီကျီးကို ထိရှစေသည့် တန်ခိုးစွမ်းအားတစ်ခုပါဝင်လေ သည်။

စာပိုဒ်ကိုဖတ်ပြီးသွားသည်နှင့် သူက လေးစားသည့်လေသံဖြင့်…

"မင်းကြီးရေးတဲ့စာပိုဒ်ထဲမှာ တာအိုရဲ့ အနှစ်သာရတွေကို တွေ့မြင်ရတယ် ၊ မယုံနိုင်စရာပါပဲ"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"ဒါ ကျုပ်ရေးထားတဲ့စာမဟုတ်ပါဘူး ၊ အရင်ကဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲက စာပိုဒ်ပါ"

ယီကျီးက…

"ဘာစာအုပ်များလဲ…"

ဆန်းလျန်က ပြုံးရုံသာပြုံးနေပြီး ယီကျီး၏အမေးကို ပြန်မဖြေပါ။

ဆန်းလျန်သည် သူရေးထားသည့် စာရွက်ကိုယူလိုက်ပြီး ခန်းမဆောင်အတွင်းရှိ ပလ္လင်၏ ညာဘက်တွင် ချိတ်ဆွဲထား လိုက်လေသည်။

အမှန်တော့ ထိုစာပိုဒ်မှာ ဆန်းလျန် ယခင်ကဖတ်ခဲ့ဖူးသည့် ဝတ္ထုတစ်ပုဒ်ထဲမှ စာပိုဒ်ဖြစ်လေသည်။ ဝတ္ထုနာမည်မှာ "အပြစ်ပေးခံရသည့်နှလုံးသား" ဆိုသည့်ဝတ္ထု ဖြစ်လေသည်။

ထိုစာအုပ်ကိုသတိရမိသည့်အကြောင်းမှာ ဝတ္ထုနာမည်ဖြစ်သည့် "အပြစ်ပေးခံရသည့်နှလုံးသား" ဆိုသည့်အမည်မှာ လက်ရှိ သူ့အဖြစ်နှင့်ဆင်တူနေသောကြောင့် ဖြစ်လေသည်။

သူသည် စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်း၏ ထိပ်တန်းအဆင့် ဝိညာဉ်စွမ်းအား မြှင့်တင်သည့် ကျင့်စဉ်တစ်ခုဖြစ်သည့် "စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" ကျင့်စဉ်ကို ကျင့်ကြံခဲ့မိပြီး သဘာဝတရားမှအပြစ်ပေး ခြင်းကို ခံရတော့မည့်သူ ဖြစ်လေသည်။

သူရေးသားလိုက်မိသည့်စာပိုဒ်လေးမှာ "အပြစ်ပေးခံရသည့်နှလုံးသား" ဝတ္ထုကို အနှစ်ချုပ်ထားသည့် စာပိုဒ်လေးဖြစ် ပြီးလက်ရှိ သူ့ရင်ထဲတွင် ခံစားနေရသည့် ခံစားချက်ဖြင့်လည်း တိုက်ဆိုင်နေလေသည်။

ဆန်းလျန်ရော ယီကျီးပါ အချိန်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။

အတန်ကြာမှ ဆန်းလျန်က တိတ်ဆိတ်မှုကို ဖြိုခွင်းကာ စတင် စကားပြောလိုက်လေသည်။

"သူတို့တွေ ပျံသန်းနတ်ဘုရားအင်းကွက်နဲ့ ပြုလုပ်ထားတဲ့ အရံအတားကျင့်စဉ်ကို ကောင်းကောင်း လုပ်နိုင်ကြရဲ့ လား ၊ အရံအတားဖွဲ့စည်းပုံနဲ့ရော ရင်းနှီးနေကြပြီလား"

ယီကျီးက…

"ဟုတ်ကဲ့ ၊ သူတို့ အဆင်ပြေကြပါတယ် ၊ ပြီးတော့ စုရှိုးချင်နတ်သမီးလေးကလည်း အရမ်းကိုတော်လွန်းပါတယ် ၊ သူက ဝိညာဉ်စွမ်းအားစုစည်းတဲ့ အင်းသင်္ကေတတစ်ခုရေးဆွဲပြီး ကျင့်ကြံသူတွေရဲ့ တန်ခိုးစွမ်းအားတွေကို အရံအတားထဲကို ပေါင်းစပ်လို့ရအောင် လုပ်ပေးခဲ့တယ် ၊ အဲဒီအင်းသင်္ကေတက ဟိုင်သန်းအဆင့်မရောက်သေးတဲ့ ကျင့်ကြံသူတွေအတွက် အရမ်းအသုံးဝင်တယ်"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"အဲဒီမိန်းကလေးက တကယ်အရည်အချင်းရှိတယ် ၊ ပြီးတော့ မိုးမြေစွမ်းအားတွေနဲ့ကျင့်ကြံခြင်းထက် အင်းပညာနဲ့ ကျင့်ကြံခြင်းက ပိုပြီးသင့်တော်တယ် ၊ အင်းပညာကျင့်စဉ်ဟာ နောက်ပိုင်းမှာ တာ့ကျိုးပြည်ရဲ့ အဓိကကျင့်ကြံခြင်း ပညာတစ်ခု ဖြစ်လာလိမ့်မယ်"

ယီကျီးက တစ်ချက်တုံ့ဆိုင်းနေပြီးမှ…

"ဒါပေမယ့် အဲဒီလိုသာဖြစ်လာမယ်ဆိုရင် အပြင်ပန်းအရ ကောင်းနိုင်ပေမယ့် ၊ ကျင့်ကြံသူတွေ ကျင့်ကြံခြင်းကို အာရုံစိုက်တာလျော့နည်းသွားလိမ့်မယ် ၊ ဒါဆို အနာဂတ်မှာ ဘယ်သူမှ နတ်ဘုရားတွေ ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူး"

ဆန်းလျန်က…

"ကျင့်စဉ်တိုင်းက တူညီမှုမရှိပါဘူး ၊ အင်းပညာဆိုတာကလည်း တာအိုကျင့်စဉ်တစ်ခုပါပဲ ၊ ဒါပေမယ့် နတ်ဘုရားဖြစ် လာတဲ့သူတိုင်းလည်း တာအိုကို နားမလည်နိုင်ဘူး ၊ အဲဒီလိုလူမျိုးတွေကတော့ အသက်ရှည်တာလောက်ပဲ အကျိုးကျေးဇူးရနိုင်တယ်"

ယီကျီးမှာ သက်ပြင်းတစ်ချက် ကြိတ်ပြီး ချလိုက်မိလေသည်။

ထိုသို့သော စကားမျိုးကို ဆန်းလျန်ကဲ့သို့သောလူမျိုးသာပြောနိုင်မည် ဖြစ်လေသည်။

ထို့ပြင်…

အင်းပညာသည် လူသားအားလုံးအတွက် အကျိုးဖြစ်ထွန်းစေပြီး ကျင့်ကြံသူအရေအတွက်ကိုလည်း လျှော့ချနိုင်မည် ဖြစ်လေသည်။ ထိုအခါ ကျင့်ကြံသူများကြောင့် သဘာဝတရားကြီးမှ မိုးမြေစွမ်းအားများ လျော့နည်းသွားရသည်ကို ကာကွယ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

ဤနည်းအားဖြင့် အသူရာချောက်တစ်ခုလုံးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည် ဖြစ်လေသည်။

All Chapters