← Chapters

တာအိုဆရာယွိတင်

Vol. 7 Ch. 695

တာအိုဆရာယွိတင်

Vol. 7 Ch. 695

ယိုတုတောင်သည် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း၏ ပိုင်နက်ဖြစ်လေ၏။

မရေမတွက်နိုင်အောင်များပြားလှသည့် နတ်ဆိုးစစ်သည်များသည် တိတ်ဆိတ်စွာဖြင့် မတ်တပ်ရပ်နေကြလေသည်။

ရဲ့လျိုယွင်သည် ငရဲလမ်းပလ္လင်ထက်တွင်ထိုင်နေပြီး သူ့အရှေ့မှ သွေးရေကန်ကို ကြည့်နေလေသည်။ သွေးရေကန် ထဲတွင် ဆန်းလျန်တိုက်ခိုက်နေသည့် ယင်းစန်းပြည်တိုက်ပွဲသည် ထင်ရှားပေါ်လွင်လျှက် ရှိလေသည်။

တိုက်ပွဲမှာ ပြင်းထန်လွန်းသည့်အတွက် ကြည့်နေသည့် နတ်ဆိုးစစ်သည်တော်များ၏ခန္ဓာကိုယ်များမှာ တောင့်တင်း သွားကြရလေသည်။

ထိုအချိန်မှာပင်… ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။

ထိုအခါ… နေနှင့်လကိုပင် ဖယ်ရှားပစ်နိုင်သည့် မဟာစွမ်းအားကြီးတစ်ခု ထွက်ပေါ်လာလေသည်။ အသက်ဓာတ် စွမ်းအားများသည်လည်း ကြီးမားသည့် ဒီရေလှိုင်းကြီးများအလား မြင့်တက်လာလေသည်။

ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ရသည်နှင့် တစ္ဆေဂိုဏ်းခွဲမှ ထူကျူအရှင်က…

"ဆန်းချင်းရွှမ်က တကယ့်ကိုကြောက်မက်ဖွယ်ရာပါပဲလား ၊ အရင် ဂိုဏ်းချုပ်အဟောင်းတောင်မှ သူ့ကို ယှဉ်နိုင် တော့မယ်မထင်ဘူး"

ထိုစကားကိုပြောလိုက်သည့်အချိန်တွင် သူ၏လေသံသည် ခါးသက်လျှက် ရှိလေသည်။

ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်သည် နဂါးငွေ့တန်းကိုပင် အသာလေးဖြတ်ကျော်သွားနိုင်သည်ဟု လူသိများ သည့်နတ်ဆိုးများ၏ အရှင်သခင်ဖြစ်လေသည်။

သို့သော်… ဆန်းလျန်သည် အလွန်တရာစွမ်းအားကြီးမားလှသည့်အတွက် ယခင်ဂိုဏ်းချုပ်ပြန်ရောက်လာလျှင်ပင် သူ့ကို နှိမ်နင်းနိုင်တော့မည် မဟုတ်ပေ။

ဆန်းလျန်သည် တာ့ရှားပြည်ကိုလည်း ဖျက်စီးပစ်ခဲ့ပြီး တာ့ရှားဧကရာဇ်ကိုလည်း သတ်ဖြတ်ပစ်ခဲ့လေသည်။

ဆန်းလျန်၏ပုံစံသည် အနည်းငယ် မတည်မငြိမ်ဟန် ဖြစ်နေသော်လည်း အခြားသူများနှင့်ယှဉ်လျှင် အလွန်မှ တန်ခိုးစွမ်းအား မြင့်မားလွန်းလေသည်။

ထို့ပြင်… ပျံသန်းနတ်ဘုရားအင်းကွက်နှင့်ပေါင်းစပ်ထားသည့် နတ်ဘုရားများနှင့် ကျင့်ကြံသူများသည်လည်း မပျက်စီးနိုင်သည့် စွမ်းအားတစ်ခု ဖြစ်လေသည်။

နတ်ဘုရားများနှင့် ကျင့်ကြံသူများသည် ဆန်းလျန်ကဲ့သို့ ထူးခြားသည့် နတ်ဘုရားတစ်ပါးနှင့် ပူးပေါင်းလိုက်သည့် အခါ တွေးထင်နိုင်စွမ်းရှိသည်ထက်ပင် အင်အားကြီးမားသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာရလေသည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများသည် ပို၍ပြင်းထန်လာလေသည်။

သူ၏လက်ချောင်းနှစ်ချေင်းဖြင့် ထိုးညွှန်ခံရသည့် ကျင့်ကြံသူတိုင်းသည် ချက်ချင်းပင် အသက်ပျောက်ကုန်ကြလေ သည်။

ထျန်းယီမှာလည်း တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံပန်းချီကားဖြင့် ဖိနှိပ်ခံထားရသည့်အတွက် တဖြည်းဖြည်းနှင့် ကြောက်ရွံ့တုန်လှုပ်လာမိလေသည်။ သူ၏လူများ မျက်စိရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည့် တိုင် သူ့တွင် ကူညီနိုင်စွမ်း မရှိခဲ့ပါ။

သူ့ဘဝနောက်ဆုံးအချိန်သို့ ရောက်နေသည့်အလား ကူရာကယ်ရာမဲ့စွာ ခံစားနေရလေသည်။ ထိုခံစားချက်များနှင့် အတူ သူ၏တာအိုနှလုံးသားသည် မလိုလားခြင်းနှင့် ငြင်းဆန်ခြင်းများဖြင့် ပြည့်နက်လာရလေသည်။

နောက်ဆုံးတွင် ထျန်းယီသည် တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံပန်းချီကားအတွင်းမှ လောကထဲတွင် မြစ်ချောင်းနှင့် ပန်းမန်များတွင် ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်ကို သတိထားလိုက်မိလေသည်။

သူ၏ ဦးခေါင်းမှ ခြေချောင်းများအထိ သန့်စင်သည့် အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ခန္ဓာကိုယ်အတွင်းသို့ ကြီးမားသည့် စွမ်းအားတစ်ခု ဝင်ရောက်လာပြီး သူက တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားကို လက်သီးဖြင့် ထိုးချလိုက်လေတော့သည်။

ပန်းချီကားပျက်စီးသွားပြီး ကောင်းကင်ထက်သို့ ထျန်းယီ ပြန်ရောက်လာလေသည်။

ယင်းစန်း၏ ကံကြမ္မာသည် သူ၏ခန္ဓာကိုယ်နှင့် ခွဲခြားမရရှိနေခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအားများသည် တဖြည်းဖြည်း ကျယ်ပြန့်စွာ ထွက်ပေါ်လာလေသည်။

ထိုအချိန်မှာပင်…. ဆန်းလျန်သည် များပြားလှစွာသည့် တန်ခိုးစွမ်းအားများကို အသုံးပြုကာ ထျန်းယီ၏ မူလဝိညာဉ် ခန္ဓာကို တိုက်ခိုက်လိုက်လေသည်။

သို့သော်… ဆန်းလျန်၏ တိုက်ခိုက်မှုက မအောင်မြင်ခဲ့ပေ။

ဆန်းလျန်တိုက်ခိုက်လိုက်သည့် တန်ခိုးစွမ်းအားများကြောင့် ထျန်းယီသည် နာကျင်ခံစားရဟန် စိုးစဉ်းမှ မရှိပေ။

ထျန်းယီထံမှ ဆန်းလျန်၏ နှလုံးသားကိုပင် လှုပ်ခတ်သွားစေသည့် အသက်ဓာတ်စွမ်းအားတစ်ခု ထွက်ပေါ်လာလေ သည်။ ထိုအသက်ဓာတ်စွမ်းအားသည် ယွိချင်တာအိုဆရာသခင်၏ အသက်ဓာတ်စွမ်းအားများနှင့် ဆင်တူလေသည်။

ဆန်းလျန်သည် အရာအားလုံးကို ထိုးဖောက်သိမြင်နေသည့် မျက်ဝန်းများဖြင့် ထျန်းယီကို စိုက်ကြည့်နေလေသည်။

ဆန်းလျန်က…

"ယွမ်စီထျန်းကျွင်းရဲ့ တန်ခိုးစွမ်းအားပဲ…"

ဟု ရေရွတ်လိုက်လေသည်။

ထျန်းယီထံမှ နတ်ဘုရားအလင်းတန်းများ အဆက်မပြတ်ဖြာထွက်လာလေသည်။

ဆန်းလျန်၏ တိုက်ခိုက်မှုကြောင့် အသေအလဲ ခွေးပြေးဝက်ပြေး ပြေးခဲ့ကြသည့် ကျင့်ကြံသူများသည် ချက်ချင်းပင် ထျန်းယီနောက်တွင် စုရုံးလိုက်ကြလေသည်။

နောက်ဆုံးတော့ ထျန်းယီ၏အကာအကွယ်အောက်တွင် သူတို့သည် သေရမည့်ဘေးအန္တရယ်မှ လွတ်မြောက်ခဲ့ကြ ရလေပြီ။

ထျန်းယီက…

"အမှန်ပဲ ၊ မင်းမရှိဘဲနဲ့ ယွမ်ကုန်းပုံပြောင်း (၉)ဆင့်ကျင့်စဉ်ရဲ့ နဝမအဆင့်ကို ကျုပ် တက်ရောက်နိုင်ခဲ့မှာမဟုတ်ဘူး ၊ အခုတော့ မူလနတ်ဘုရားခန္ဓာရခဲ့ပြီ ၊ အခုအချိန်ကစပြီးတော့ ကျုပ်ဟာ မသေနိုင်တော့ဘူး ၊ မင်းလည်း ကျုပ်ကို သတ်နိုင်မှာ မဟုတ်တော့ဘူး"

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"အခုတော့ ကျုပ်နားလည်သွားပြီ…"

ထျန်းယီက…

"ဘာကိုလဲ…"

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း….

"အပ်ချုပ်သမလေးဟာ နှစ်စဉ်နှစ်တိုင်း တခြားသူတွေအတွက် မင်္ဂလာဝတ်စုံချုပ်ပေးရပေမယ့် သူကိုယ်တိုင်အတွက် တော့ မင်္ဂလာဝတ်စုံ မချုပ်ရရှာဘူး ၊ ခင်ဗျားလည်း ဒီလိုပဲလေ… ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့ပေမယ့် ခင်ဗျား ကိုယ်တိုင်အတွက် မဟုတ်ခဲ့ဘူးပဲ ၊ သနားစရာပဲဗျာ…"

ဆန်းလျန်၏ပုံစံမှာ ထျန်းယီကို အမှန်တကယ်ပင် သနားနေသည့်ဟန် ဖြစ်လေသည်။

ဆန်းလျန်၏ စကားဆုံးသွားသည့်အခါတွင်တော့ ထျန်းယီသည် သူ၏မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ချုံးပွဲချ ငိုလေတော့သည်။

ထို့နောက်တွင်တော့ ထျန်းယီ၏ လက်များသည် သစ်သားရုပ်မှ လက်နှစ်ဖက်အလား ဘေးသို့ ပြုတ်ကျသွားပြီး ထျန်းယီသည် မလှုပ်မယှက် ရပ်နေလေတော့သည်။

ထို့နောက်တွင်တော့ ထျန်းယီ၏ ရုပ်သွင်သည် ယခင်ခေတ်ပေါ်ကမ္ဘာတွင် ဆန်းလျန်ကြည့်ခဲ့ဖူးသည့် စီချွမ်အော်ပရာ ပြဇာတ်ထဲမှ ရုပ်ပြောင်းရုပ်လွှဲပညာရှင်များကဲ့သို့ ပြောင်းလဲသွားလေတော့သည်။

ထျန်းယီ၏မျက်နှာလုံး၀ မဟုတ်တော့ပေ။ ထျန်းယီနှင့် လုံးဝမတူသည့် နောက်ထပ်လူတစ်ယောက်၏ အစိမ်း သက်သက်မျက်နှာတစ်ခု ပေါ်လာလေသည်။

ထိုသူ၏မျက်နှာမှာ ချောမောခန့်ညားလွန်းလေသည်။ သို့သော်… သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်လျှက် ရှိလေ၏။

ထိုသူသည် မိစ္ဆာအယူဝါဒများနှင့် တာအိုဝါဒကို ဆန့်ကျင်သူများအားလုံးကို သုတ်သင်ချေမှုန်းပစ်ပြီး တစ်လောက လုံးကိုတစ်ယောက်တည်း အုပ်ဆိုးတော့မည့်အလား ဖြစ်လေသည်။

သူ၏နောက်တွင် ရောက်ရှိနေကြသည့် ယင်းစန်းဒေသမှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်ကုန်ကြပြီး သန့်စင်သည့် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားကြကာ ထိုသူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။

တစ်ချိန်တည်းမှာပင်… ကျင့်ကြံသူများ၏ ပေါက်ကွဲထွက်ကုန်သည့် ခန္ဓာကိုယ်မှ သွေးများဖြင့် ယင်းစန်းပြည်တစ်ခု လုံးသွေးမိုးများဖုံးလွှမ်းသွားလေတော့သည်။

ဆန်းလျန်က…

"မင်းကို ထျန်းယီလို့ခေါ်ရမလား ၊ ယွိတင်လို့ခေါ်ရမလား"

ထိုသူက…

"ကြိုက်သလိုခေါ်…"

ထျန်းယီဝတ်ဆင်ထားသည့် ဘုရင်ဝတ်စုံပျောက်ကွယ်သွားပြီး ငှက်မွှေးများဖြင့် ချုပ်လုပ်ထားသည့် ဝတ်ရုံတစ်ထည် ကိုဝတ်ဆင်လျှက်သားဖြစ်သွားလေသည်။ သူ၏ကျောထက်တွင် ရိုးရှင်းသည့် နတ်ဓားတစ်လက်ကို လွယ်ထားပြီး ထိုဓားမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်လျှက်ရှိလေသည်။

ဆန်းလျန်သည် ထိုအခြေအနေများနှင့် ရင်းနှီးနေလေသည်။

ထျန်းယီ၏အဖြစ်သည် ဆန်းလျန်၏ တူမေလေးဖြစ်သူ ရော့ရှီ၏အဖြစ်နှင့် ဆင်တူလေသည်။

ရော့ရှီသည် ယွမ်ကျွင်းဧကရီ၏ ဉာဏ်စဉ်တစ်ခု လူပြန်ဝင်စားခြင်းဖြစ်သကဲ့သို့ ထျန်းယီသည် တာအိုဆရာယွိတင်၏ ဉာဏ်စဉ်တစ်ခုမှ လူပြန်ဝင်စားခြင်းသာ ဖြစ်လေသည်။ ထို့ကြောင့် ကျောက်စိမ်း ဝိညာဉ်နန်းတော်မှ ယွမ်ကုန်း ပုံပြောင်း(၉)ဆင့် ကျင့်စဉ်ကို ထျန်းယီ ကျင့်ကြံအောင်မြင်သွားသည်နှင့် ထျန်းယီသည် တည်ရှိမနေ တော့ဘဲ ယွိတင် အဖြစ်သို့ ပြောင်းလဲသွားရခြင်းသာ ဖြစ်လေသည်။

ဆန်းလျန်၏တူမလေး ရော့ရှီမှာ ထိုက်ဝေ့ထိုင်မှ နတ်ဘုရားအဘိုးအိုက အိပ်မက်လိပ်ပြာကျင့်စဉ်ကို ကျင့်ကြံစေပြီး ယွမ်ကျွင်းဧကရီနှင့် ပတ်သက်မှုကို ဖြတ်တောက်စေခဲ့သလို ရော့ရှီကိုယ်တိုင်ကလည်း ယွမ်ကျွင်းဧကရီအဖြစ် ဖြစ်တည်လိုစိတ်မရှိပေ။

ထို့ကြောင့် ရော့ရှီသည် ပျောက်ကွယ်မသွားရခြင်း ဖြစ်လေသည်။

သို့သော်… ထျန်းယီကတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်က…

"မင်းကို ယွိတင်လို့ပဲ ခေါ်တော့မယ်"

တာအိုဆရာယွိတင်က…

"မင်းက တကယ်ပဲ ဆရာဦးလေးစန့်ချင် ရွေးချယ်ထားတဲ့သူဖြစ်နေတာကိုး ၊ ဒါပေမယ့် ကစားပွဲက ဒီမှာပဲ အဆုံးသတ်သွာပါပြီ ၊ ဆရာဦးလေးက တစ်ခါရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် သူက အမြဲတမ်း ရှုံးနိမ့်နေရမယ့်သူပါပဲ"

ဆန်းလျန်က…

"ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေကို အရင်တုန်းက သေစေခြင်းကျောင်းတော်မှာ သတ်ပစ်ခဲ့တာ မင်း မဟုတ်လား"

ယွိတင်က ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်…

"အမှန်ပဲ ၊ သူက မင်းထက်တော်တယ်လေ ၊ တကယ်လို့ ဆရာဦးလေးရွေးချယ်ခဲ့တဲ့သူက မင်းမဟုတ်ဘဲ သူသာဖြစ်နေခဲ့ရင် ပိုပြီးဒုက္ခတွေရောက်ကုန်မယ် ၊ ဒါကြောင့် ကြိုပြီး ရှင်းပစ်လိုက်တာ"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"သေချာတာပေါ့ ၊ အစ်ကိုချန်ကျန့်မေက ကျုပ်ထက်ပိုပြီးတော်တဲ့သူပါ ၊ ဒါပေမယ့် ကစားပွဲက အဆုံးမသတ်သေးပါ ဘူး ၊ အနည်းဆုံးတော့ ကျုပ်က ကံကြမ္မာက ရွေးချယ်ထားတဲ့လူတစ်ယောက်ပဲ"

ယွိတင်က ပြုံးလိုက်ရင်း…

"ကံကြမ္မာဆိုတာ ကျုပ်တို့ ကျောက်စိမ်းဝိညာဉ်နန်းတော်က ဆန္ဒအတိုင်းပဲ ဖြစ်ရစေမယ် ၊ မင်းကို သတ်လိုက်တာနဲ့ ကျုပ်ရဲ့ ကျင့်စဉ်လမ်းအစစ်ဆေးခံရမှုတွေအားလုံး အဆုံးသတ်သွားလိမ့်မယ် ၊ ပြီးတော့ ယွိချင်နဲ့ စန့်ချင်ကြားက ရန်ငြှိုးတွေလည်း တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားမယ်"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အခု ကျုပ်ရှေ့မှာ ရောက်နေတာ တာအိုဆရာယွိတင်အစစ်အမှန်ဆိုရင်တော့ ကျုပ်အနေနဲ့ သေလမ်းမြန်းရမှာပေါ့ ဗျာ ၊ ဒါပေမယ့် မင်းကတော့ ယွိတင်ရဲ့ဉာဏ်စဉ်တစ်ခုက လူပြန်ဝင်စားထားတာထက်မပိုပါဘူး ၊ ကြည့်ရတာ မင်းဆန္ဒအတိုင်း ဖြစ်လာနိုင်မှာမဟုတ်ဘူး"

ယွိတင်က ဆန်းလျန်ကို သေသေချာချာ စိုက်ကြည့်လိုက်ရင်း…

"တော်လိုက်တဲ့ကောင်လေး…"

အမှန်တော့ ဤကစားပွဲ၏ အခြေအနေတစ်ခုလုံးကို သူ့အနေဖြင့် ထိန်းချုပ်နိုင်စွမ်းမရှိပေ။

သို့သော်… ကိစ္စမရှိပါ။ ခန့်မှန်းတွက်ချက်မှုများဆိုသည်က အချိန်မရွေး လွဲမှားသွားနိုင် သည်ပဲဖြစ်လေသည်။

ပြင်းထန်သည့် တန်ခိုးစွမ်းအားများအောက်တွင် ခန့်မှန်းမှုများသည် စက္ကူအလွှာပါးလေးအလား အလွယ်တကူပင် တစ်စစီ ပျက်စီးသွားရမည်ပဲ ဖြစ်လေသည်။

……..

မရှိမှုကျေးရွာတွင် အမတတောင်တစ်တောင်ရှိလေသည်။

ထိုတောင်သည် မည်မျှမြင့်သည်ကို မည်သူမှ မသိနိုင်ပေ။ သို့သော် မရှိမှုကျေးရွာရှိ အမတတောင်များထဲတွင် အကြီးမားဆုံးတောင်တစ်တောင် ဖြစ်လေသည်။

ထိုတောင်ကို "ခွန်လွန်တောင်" ဟု ခေါ်လေ၏။

တစ်ချိန်တုန်းက ချင် (၃)ပါးဟုခေါ်သည့် စန့်ချင် ၊ ထိုက်ချင် ၊ ယွိချင်ဆိုသည့် မူလ(၃)ဖြာတာအိုဆရာသခင်ကြီး (၃)ပါးသည် ခွန်လွန်တောင်တွင် အတူတကွ ကျင့်ကြံခဲ့ကြလေသည်။

သို့သော်… နောက်ဆုံးတွင်တော့ ယွိချင်တာအိုဆရာသခင်တစ်ပါးသာ ခွန်လွန်တောင်တွင် ကျန်ရစ်ခဲ့လေသည်။

ခွန်လွန်တောင်သည် အလွန်မှ နက်ရှိုင်းကျယ်ပြန့်သည့် တောင်ကြီးတစ်တောင်ဖြစ်လေသည်။ သို့သော်… ထိုတောင် ထက်တွင် တာအိုနန်းတော်တစ်ခုသာ ရှိလေသည်။

ထိုတာအိုနန်းတော်မှာ "ကျောက်စိမ်းဝိညာဉ်နန်းတော်" ပင် ဖြစ်လေသည်။

ရှေးခေတ်အချိန်အခါကတည်းက… ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ မည်သည့်နတ်မိစ္ဆာမှ လာရောက်ရဲခြင်းမရှိကြ ပေ။ အဘယ်ကြောင့်ဆိုသော် ယွိချင်တာအိုဆရာသခင်သည် နတ်မိစ္ဆာများကို သဘောမကျသောကြောင့် ဖြစ်လေ သည်။ ထိုအကြောင်းကို လူတိုင်းသိကြလေသည်။ ထို့ပြင် တာအိုဆရာသခင်ကြီးယွိချင်၏ အမိန့်အာဏာကို မည်သူမှ မလွန်ဆန်ရဲကြပေ။

သို့သော်… ယနေ့တော့ ချွင်းချက်တစ်ခု ရှိလာခဲ့လေပြီ…။

ကျောက်စိမ်းဝိညာဉ်နန်းတော်ကို အဆုံးမရှိသည့် ရောင်စဉ် (၅)မျိုးက လွှမ်းခြုံထားလေသည်။ ထိုရောင်စဉ် (၅)မျိုးသည် ကွေလိ၏ ရောင်စဉ် (၅)မျိုးဖြင့် ဆင်တူလေသည်။ သို့သော်… ကွေလိ၏ ရောင်စဉ် (၅)မျိုးက စမ်းချောင်းလေးဆိုလျှင် ကျောက်စိမ်းဝိညာဉ်နန်းတော်ကို လွှမ်းခြုံထားသည့် ရောင်စဉ် (၅)မျိုးကတော့ သမုဒ္ဒရာကြီး အလားဖြစ်လေ၏။

ထိုရောင်စဉ် (၅)မျိုးက ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ပိတ်ဆို့ထားသည့်အတွက် မည်သူမှ နန်းတော်အပြင်သို့ မထွက်ခွာရဲကြပေ။

အဘယ်ကြောင့်ဆိုသော်… ထိုရောင်စဉ် (၅)မျိုးသည် အရာအားလုံးကို စုပ်ယူပစ်နိုင်စွမ်းရှိသောကြောင့် ဖြစ်လေ သည်။ ထိုရောင်စဉ် (၅)မျိုးသည် တာအိုဆရာသခင်ကြီးတစ်ပါး၏ နတ်ဘုရားခန္ဓာကိုပင် စုပ်ယူပစ်နိုင်စွမ်းရှိသည်ဟု ပြောစမှတ် ရှိလေသည်။

သို့သော်… ကျောက်စိမ်းဝိညာဉ်နန်းတော်မှာ ရောင်စဉ် (၅)မျိုးအလယ်တွင် မယိမ်းမယိုင်တည်ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် ယွိချင်တာအိုဆရာသခင်၏ တန်ခိုးစွမ်းအားများမှာမည်မျှ ပြင်းထန်သည်ကို သိရှိနိုင်လေသည်။

ထိုအချိန်မှာပင်…

နန်းတော်အတွင်းမှ ကြည်လင်ပြတ်သားသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ခုံရွှမ်း ၊ မင်းက လင်ထိုင်ဖန်းကျွမ်းတောင်က ပုဂ္ဂိုလ်ထူးတစ်ယောက်ရဲ့ အထောက်အပံ့ရထားတာနဲ့ပဲ ကျုပ်တို့ ကျောက်စိမ်းဝိညာဉ် နန်းတော်ကို ရန်စရဲတာလား"

"မင်းနဲ့ ကျုပ် (၂)ယောက်လုံးက တာ့လော်အဆင့် ကျင့်ကြံသူတွေပဲလေ ၊ မင်းက ကျောက်စိမ်းဝိညာဉ်နန်းတော်ရဲ့ သခင်တစ်ပါးဖြစ်လာတာနဲ့ မင်းကိုယ်မင်း ယွမ်စီထျန်းကျွင်းလို့ ထင်နေတာလား"

အသံနှင့်အတူ ရောင်စဉ် (၅)မျိုးအလင်းတန်းများကြားထဲမှ လူတစ်ယောက်ထွက်ပေါ်လာလေသည်။

ထိုလူ၏ ပုံပန်းသဏ္ဍန်ကို ဖော်ပြရန်မှာ ခက်ခဲလေသည်။ သူသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး နှင်းခဲတစ်စ အလား ဖြူစင်လွန်းလေသည်။

သူ၏ပုံစံက သတ္တဝါများအားလုံးကို အထင်သေးဟန်ရှိပြီး အလွန်မာန်မာနကြီးဟန် ရှိလေသည်။

"မင်းက ကျုပ်ဆရာရဲ့နာမည်ကိုတောင် အခုလို ခေါ်ရဲမှတော့ မင်းကို ခွင့်လွှတ်နိုင်မယ် မထင်နဲ့ ၊ ကျောက်စိမ်း ဝိညာဉ်နန်းတော်က ငြိမ်နေတာကြာလို့ အခုလိုမျိုး လာစော်ကားရဲတယ်ပေါ့လေ ၊ မင်းကိုသတ်ပြီးတော့ ကျောက်စိမ်း ဝိညာဉ်နန်းတော်ကို လူတွေအကုန် ကြောက်လန့်အောင် လုပ်ပြမယ်"

ထိုအသံသည် သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နေလေသည်။

သူက တာ့လော်အဆင့်သို့ တက်ရောက်ထားသည်မှာ သိပ်မကြာသေးသည့် ဒေါင်းစိမ်းမင်းကြီး မဟာမာရူယိကို ချက်ချင်းပင် သတ်ဖြတ်ပစ်ချင်နေမိလေသည်။

ဒေါင်းစိမ်းမင်းကြီး မဟာမာရူယိဖြစ်သူ ခုံရွှမ်းက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်…

"ဒါဖြင့်လည်း မင်းရဲ့တန်ခိုးစွမ်းအား ဘယ်လောက်ရှိလဲဆိုတာ ကြည့်တာပေါ့ကွာ…"

All Chapters