← Chapters

ဆရာကြီး

Vol. 7 Ch. 698

ဆရာကြီး

Vol. 7 Ch. 698

ယခင်အချိန်ကအသူရာချောက်သည် မျိုးစေ့တစ်စေ့ဖြစ်သည်ဆိုလျှင် ယခုအသူရာချောက်သည် ပျိုးပင်တစ်ပင်ဖြစ် လာခဲ့ပြီ ဖြစ်လေသည်။ ပျိုးပင်ငယ်သည် အာဟာရများကို စုပ်ယူပြီး အဆက်မပြတ်ကြီးထွားလာနေလေသည်။

ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း ကျောင်းတော်သည် အသူရာချောက်မှ ပျောက်ကွယ်သွားလေသည်။ သို့သော်… ထိုကျောင်းတော်သည် အသူရာချောက်နှင့်ဆက်စပ်နေသည့် ထူးဆန်း သည့် အာကာသတစ်နေရာတွင် တည်ရှိနေလေသည်။ ဆန်းလျန်သည် စီစဉ်စရာရှိသည်များ စီစဉ်ပြီးသည်နှင့် ချင်းရွှမ်ထျန်းကျွင်းကျောင်းတော်သို့ ထွက်ခွာလာခဲ့လေသည်။

ကျောင်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့် ဆန်းလျန်သည် ပျောက်ကွယ်သွားလေသည်။

သို့သော်… ကျောင်းတော်ထဲတွင် ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း ပေါ်လာလေသည်။ အလွန်မှ ထူးခြားဆန်းကျယ်လွန်းလေသည်။ ဆန်းလျန်သည် ဆန်းလျန်ကိုယ်တိုင်ဖြစ်လေသည်။ သို့သော်… သူသည် ချင်းရွှမ်ထျန်းကျွင်း ဖြစ်နေခဲ့လေသည်။

ဆန်းလျန်သည် ထိုဘွဲ့အမည်ကို ဆန့်ကျင်လိုခြင်းတစ်စက်မှမရှိဘဲ လိုလိုလားလားပင် လက်ခံနေမိလေသည်။

ထိုဘွဲ့အမည်ကြောင့် ဆန်းလျန်သည် ထူးခြားပြီး ပြောင်းလဲသွားခြင်းလည်းမရှိပါ။

အိမ်ရှေ့မင်းသားသည် ရာဇပလ္လင်ပေါ်တက်ပြီး ဧကရာဇ်မင်းဖြစ်သွားသည့် ခံစားချက်မျိုးကိုသာ ခံစားလိုက်ရလေ သည်။ အတိတ်နှင့် ပစ္စုပ္ပန်ပြောင်းလဲသွားခြင်းသာဖြစ်ပြီး ဆန်းလျန်သည် ဆန်းလျန်ပဲ ဖြစ်လေသည်။

ဆန်းလျန်သည် ချက်ချင်းပင် သူရရှိထားသည့် ဘွဲ့အမည်ကို လက်ခံလိုက်လေသည်။

သူ့လက်ထဲတွင်ကိုင်ထားသည့် သေခြင်းရှင်ခြင်းစာအုပ်တွင် ကြိုးပေါင်းများစွာရှိနေပြီး ကြိုးမျှင်တိုင်းသည် အသူရာ ချောက်တွင်ရှိနေသည့် သက်ရှိသတ္တဝါအားလုံးနှင့် ချိတ်ဆက်ထားလေသည်။ သက်ရှိအသစ်တစ်ယောက် အသူရာ ချောက်သို့ ရောက်လာတိုင်း ကြိုးအသစ်များက ထွက်ပေါ်လာစမြဲဖြစ်လေသည်။ ကုန်ကုန်ပြောရမည်ဆိုလျှင် အသူရာချောက်သို့ရောက်ရှိလာသည့် သက်ရှိအားလုံးသည် သေခြင်းရှင်ခြင်းစာအုပ်နှင့် ချိတ်ဆက်နေလေသည်။

ဆန်းလျန်သည် ကျောင်းတော်အတွင်းမှ ပလ္လင်ထက်တွင်ထိုင်လိုက်လေသည်။ သေခြင်းရှင်ခြင်းစာအုပ်မှ အဖြူရောင် နှင့်အနက်ရောင်တန်ခိုးစွမ်းအားများ ထွက်ပေါ်နေပြီး ဆန်းလျန်ကို ဝန်းရံထားကြလေသည်။

အားလျန်သည် ဆန်းလျန်၏ လက်အောက်ခံနတ်သမီးတစ်ပါးဖြစ်လာပြီး သူမသည် ထာဝရတောက်လောင်နေသည့် ကြာပန်းမီးအိမ်လေးကိုကိုင်ကာ ပလ္လင်အောက်တွင် ရပ်နေလေသည်။

ချင်းရွှမ်ထျန်းကျွင်းအနေဖြင့် ဆန်းလျန်၏ လက်အောက်တွင် နတ်ဘုရား (၃)ပါး တာဝန်ထမ်းဆောင်ခွင့်ရှိလေသည်။ ကြာပန်းမီးအိမ်လေးသည်  သေလွန်သူများ၏ ဝိညာဉ်များကို လက်ခံရန်အတွက် ဝိညာဉ်မြစ်တစ်လျှောက် အလင်း ပေးသည့် မီးအိမ်လေး ဖြစ်လာခဲ့လေသည်။

ထို့ပြင် ကြာပန်းမီးအိမ်လေးသည် ဘာသာရေးပွဲအခမ်းအနားများတွင်လည်း သေလွန်သူများ၏ ဝိညာဉ်များ ငြိမ်းချမ်း စေရန်အတွက် ကူညီပေးလေသည်။

ဆန်းလျန်သည် ချင်းရွှမ်ထျန်းကျွင်းကျောင်းတော်အတွင်းသို့ ရောက်သွားသည်နှင့် ရှန်လမ်းစဉ် နတ်ဘုရားတစ်ပါးဖြစ် သည့်ချင်းရွှမ်ထျန်းကျွင်းအဖြစ် အသွင်ပြောင်းသွားလေသည်။ သို့သော်… ထိုသို့ အသွင်ပြောင်းသွားသည့်အတွက် ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်သွားခြင်းမျိုးတော့ မရှိပါ။

ထို့ပြင် သူ၏တာဝန်မှာ အဆုံးမရှိ ဒုက္ခခံစားနေကြရသူများကို ကယ်တင်ရန် ဖြစ်လေသည်။ ဒုက္ခခံစားနေကြရသူများ ဆိုရာတွင် လူသားများသာမက သက်ရှိသတ္တဝါများအားလုံး ပါဝင်လေသည်။

ကယ်တင်ခြင်းပြုလုပ်ရန်အတွက် ဆင်းရဲဒုက္ခခံစားနေရသည့် သက်ရှိသတ္တဝါများသည် သူတို့နှလုံးသားထဲတွင် ချင်းရွှမ်ထျန်းကျွင်းသည် သူတို့ကို ကယ်တင်နိုင်သည်ဟု အကြွင်းမဲ့ ယုံကြည်ရမည် ဖြစ်လေသည်။ ယုံကြည်ခြင်း မရှိပါက ကယ်တင်ခြင်းကို ခံရမည် မဟုတ်ပေ။

သို့သော်… ထိုသို့ကယ်တင်ပေးခြင်းအတွက် ချင်းရွှမ်ထျန်းကျွင်းအနေဖြင့် မည်သည့်အကျိုးအမြတ်မှ ရရှိမည်မဟုတ် ပါ။ ကယ်တင်ခြင်းဆိုသည်မှာ ချင်းရွှမ်ထျန်းကျွင်း၏ ကရုဏာတရားသက်သက်သာ ဖြစ်လေသည်။

ချင်းရွှမ်ထျန်းကျွင်း၏နှလုံးသားထဲတွင် ကရုဏာတရားဖြင့်ပြည့်နေသည့်တိုင် သိပ်ပြီးများပြားခြင်း မရှိပါချေ။ အဘယ်ကြောင့်ဆိုသော်… သူသည် ဆန်းလျန် ဖြစ်နေသောကြောင့် ဖြစ်လေသည်။ ဆန်းလျန်သည် လူဆိုးလည်း မဟုတ်သလို ၊ လူကောင်းတစ်ယောက်လည်း မဟုတ်ပေ။ အစကတည်းကပင် အေးစက်သည့်နှလုံးသားကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်လေသည်။

လောလောဆယ်အချိန်တွင်တော့ ချင်းရွှမ်ထျန်းကျွင်းအနေဖြင့် သက်ရှိသတ္တဝါများကို ကယ်တင်ရမည့်တာဝန်ကို ပြုလုပ်လိုခြင်း မရှိသေးပါ။ သူက သေခြင်းရှင်ခြင်းစာအုပ်ထဲမှ သေဆုံးသွားခဲ့ကြသည့် အသိမိတ်ဆွေအဟောင်းများ ၏အကြောင်းကို ရှာဖွေနေလေသည်။

နေက်ဆုံးတော့ လူတစ်ယောက်၏ အကြောင်းကို သူရှာတွေ့သွားခဲ့လေသည်။

"ကျန်းရော့ရွှီး" ဆိုသည့်အမည်ဖြင့် သေခြင်းရှင်ခြင်းစာအုပ်တွင် အမည်စာရင်းရေးသွင်းထားသည့် ဆရာသခင် ကျန်းရော့ရွှီးကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်က ဆရာသခင်၏အမည်ကိုတွေ့သွားသည်နှင့် သေခြင်းရှင်ခြင်းစာအုပ်ကို ပြန်ပိတ်လိုက်လေသည်။ ထို့နောက် အားလျန်ကို လှမ်းပြောလိုက်လေသည်။

"ချင်းရွှမ်ထျန်းကျွင်းအဖြစ်နဲ့ လူတွေကိုကယ်တင်ဖို့ နေရာ (၄)ခု စီစဉ်မယ် ၊ ဒီနေရာကတော့ ချင်းရွှမ်နတ်ဗိမာန်ဖြစ် ပြီးဒီနေရာရဲ့အကြီးအကဲအဖြစ် မင်းက တာဝန်ယူရမယ်"

အားလျန်က ဝမ်းသာစွာဖြင့်ပင် ဆန်းလျန်၏ အမိန့်ကို နာခံလိုက်လေသည်။

အားလျန်သည် နတ်ဘုရားကျောင်းတော်နှင့် ပတ်သက်သည့်ကိစ္စများအားလုံးကို နားလည်သူဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်သည် ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း ဖြစ်သွားပြီဆိုသည့်အချက်ကို သူမ နားလည်လိုက်လေသည်။

ထိုအမည်နာမသည် ရှန်လမ်းစဉ်တွင် အဆင့်အလွန်မြင့်သည့် အမည်နာမ ဖြစ်လေသည်။ ထို့ကြောင့် သူမသည် လည်း ချက်ချင်းပင် အဆင့်မြင့်နတ်သမီးတစ်ယောက် ဖြစ်လာကာ များစွာသောအလုပ်များကို လုပ်ဆောင်နိုင်စွမ်းရှိ လာလေသည်။

ဆန်းလျန်နှင့်ယှဉ်လျှင် သူမက ပိုပြီး ကရုဏာတရားရှိသူဖြစ်လေသည်။

ထို့ပြင် သူမ၏ဘဝသည် ဒုက္ခများစွာဖြင့် နာကျင်ခံစားခဲ့ရလေရာ အခြားသူများကို ကူညီရန် သူမသည် စိတ်အား ထက်သန်လျှက်ရှိလေသည်။

ဆန်းလျန်သည် ပြောစရာရှိသည်များကို ပြောပြီးသည်နှင့် ပြန်သွားခဲ့လေသည်။

သို့သော်… ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်ချင်းရွှမ်ထျန်းကျွင်းသည် ကျောင်းတော်ထဲတွင် ကျန်ရစ် ခဲ့သည့်အတွက် ထိုနေရာမှ ဆန်းလျန် ပြန်သွားခြင်း မရှိဟုလည်း ဆိုနိုင်လေသည်။

ဆန်းလျန်သည် ကျောင်းတော်အတွင်းမှ ထွက်လိုက်သည်နှင့် အလွန်ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

ကျောင်းတော်ထဲတွင် သူသည် ရှန်လမ်းစဉ်၏နတ်ဘုရားတစ်ပါးဖြစ်နေလေသည်။ ကျောင်းတော်အပြင်သို့ ထွက်လိုက်သည်နှင့်သူသည် ယခင်အတိုင်း ဆန်းလျန်ပြန်ဖြစ်သွားလေသည်။ ထိုခံစားချက်နှစ်ခုသည် အလွန်မှ ခြားနားလေသည်။ ချင်းရွှမ်ထျန်းကျွင်းတွေးသည့်အတွေးနှင့် ဆန်းလျန်တွေးသည့်အတွေးပင် တူညီခြင်း မရှိပေ။

သာမန်လူတစ်ယောက်ဆိုလျှင် ရူးသွားနိုင်လေသည်။ သို့သော်… ဆန်းလျန်သည် သာမန်လူတစ်ယောက် မဟုတ်ပါ။ သူသည် ရူးသွပ်မသွားသည့်အပြင် သင်ခန်းစာအချို့ကို သင်ယူနိုင်ခဲ့လေသည်။

သို့သော်… ထိုအရာများအားလုံးသည် နောက်ထပ်သူလုပ်ရမည့် အလုပ်များလောက် အရေးကြီးခြင်း မရှိပါ။

……

ယခင်တုန်းက မက်မွန်သီးခုနစ်လုံးတောင်ဟု လူသိများခဲ့သည့်တောင်မှာ ယခုတော့ မက်မွန်သီးတောင်ဟု ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။

ယခင်တုန်းကတော့…  ထိုတောင်တွင် တာအိုဆရာလျိုမုန့်တယ် နေထိုင်ခဲ့ဖူးလေသည်။

လျိုမုန့်တယ်သည် ယခင်က တာ့ရှားပြည်အခြေစိုက် ရွှမ်ကျန်းကျောင်းတော်မှ တပည့်တစ်ယောက် ဖြစ်လေသည်။ နောက်ပိုင်းတွင်တော့ တာ့ရှီပြည်တွင် တိုင်းပြည်အကြံပေးအမတ်မင်း ဖြစ်လာခဲ့လေသည်။

တာ့ရှီပြည်အကြောင်းကို ယခုအချိန်တွင် လူအတော်များများက မေ့ပျောက်သွားကြပြီ ဖြစ်လေသည်။ သို့သော် တာ့ရှီပြည်သည် တာ့ကျိုးပြည် ပထမဆုံးနှိမ်နင်းခဲ့သည့် တိုင်းပြည် ဖြစ်လေသည်။

ထို့နောက်တွင်တော့ တာအိုဆရာလျိုမုန့်တယ်သည် တာ့ကျိုးပြည် ၊ ကျယ်ယန်းတောင်တွင် ကျင့်ကြံနေထိုင်ခဲ့ပြီး တာ့ကျိုးပြည်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိခဲ့လေသည်။

ကျယ်ယန်းတောင်မှ ထွက်ခွာသွားပြီးသည့်နောက်ပိုင်း လျိုမုန့်တယ်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

သို့သော်… လျိုမုန့်တယ်နေထိုင်ခဲ့ရာ မက်မွန်သီးတောင်ဒေသတစ်ဝိုက်မှလူများသည် စာပေပညာထူးချွန်ကြပြီး ပညာတတ်များစွာ ထိုဒေသမှ ထွက်ပေါ်လေ့ရှိလေသည်။ ယီကျီးသည်ပင်လျှင် ထိုဒေသမှ စာပေပညာရှင်များကို အရာရှိများအဖြစ် ရွေးခြယ်ခန့်အပ်ထားခဲ့သေးသည်။

မက်မွန်သီးတောင်တွင် စာပေပညာသင်ကြားကြသည်က ထုံးစံပင် ဖြစ်လေသည်။ တောင်ခြေမှရွာတိုင်းတွင် စာပေ ပညာသင်ကြားပေးသည့် ကျောင်းများ ရှိကြလေသည်။

စာပေပညာသင်ကြားပေးသည့် ကျောင်းများအနက် ကျောင်းတစ်ကျောင်းမှာ အလွန် နာမည်ကြီးလေသည်။ ထိုကျောင်းတွင် စာပေပညာသင်ကြားပေးသည့်ဆရာကြီးမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်သည့် ဆရာကြီး တစ်ယောက် ဖြစ်လေသည်။

ဆောင်းဦးရာသီသို့ရောက်ရှိလာလေပြီ။

ဆောင်းဦးလေပြေလေးက တိုက်ခတ်လျှက် ရှိလေသည်။

လေအဝှေ့တွင် ရွှေရောင်ရော်ရွက်ဝါများသည် ကြွေကျကုန်ပြီး ရွာလမ်းတစ်လျှောက်တွင် ရွှေရောင်များဖုံးလွှမ်းနေ သည့်အလားထင်မှတ်ရလေသည်။

စာအုပ်လှန်သံများနှင့် ကလေးငယ်များ၏ စာအံသံများသည် ရွှေရောင်ရွက်ကြွေရွာလမ်းလေးတစ်လျှောက် ဆောင်းဦးလေပြေနှင့်အတူ လွင့်မျောလာလေသည်။ ကလေးငယ်များ၏ ကြည်လင်သည့်စာအံသံများသည် အေးမြသည့်ဆောင်းဦးရာသီမှာပင် နွေးထွေးမှုကို ဖြစ်ပေါ်စေလေသည်။

နေဝင်ချိန်ရောက်သည့်အခါတွင်တော့ ကျောင်းဆင်းခေါင်းလံသံတစ်ချက် ထွက်ပေါ်လာပြီး ကလေးများ၏စာအံသံ များလည်းပျောက်ကွယ်သွားကြလေသည်။

ကလေးများသည် ကျောင်းဆင်းလာကြသည့်အခါ ကျောင်းအပြင်ဘက်တွင် ထိုင်နေသည့် လူငယ်လေး တစ်ယောက်ကို တွေ့လိုက်ကြရလေသည်။ ကလေးငယ်များက လူငယ်ကို စပ်စပ်စုစုဖြင့် ကြည့်သွားကြလေသည်။ လူငယ်လေးသည် ရိုးရှင်းသည့်အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်ဆင်ထားလေသည်။

လူငယ်လေးသည် စာသင်ကြားခြင်းစတင်သည့်အချိန်တွင် ရောက်လာတတ်ပြီး ကျောင်းဆင်းလျှင် ပြန်သွားတတ် လေသည်။ ထိုသို့  (၁၀)ရက်ခန့်မျှ ဆက်တိုက်ပြုလုပ်နေခဲ့လေသည်။

စာပေသင်ကြားပေးသည့်ဆရာကြီးသည် စည်းကမ်းတင်းကြပ်သူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့် သူက စာပေသင်ကြားနေစဉ်အချိန်တွင် အခြား အရေးမကြီးသောအလုပ်များကို မလုပ်တတ်ပေ။ ထို့ကြောင့် သူသည် စာသင်ကြားပေးနေစဉ်တွင် လူငယ်ကို စကားပြောဆိုခြင်း မရှိခဲ့ပေ။

ထို့ကြောင့်ပင် လူငယ်သည် ရက်ပေါင်း (၁၀)ရက်ကြာသည့်တိုင် ဆရာကြီးနှင့်စကားပြောခွင့်မရခဲ့ရှာပေ။

အစပိုင်းတွင် ကျောင်းလာတက်ကြသည့် ကလေးငယ်များသည် လူငယ်ကိုတစ္ဆေတစ်ကောင်ဖြစ်မည်ဟု ထင်နေကြ လေသည်။ အဘယ်ကြောင့်ဆိုသော် လူငယ်သည် ရောက်လာပြီး ပြန်ထွက်သွားလေ့ရှိပြီး ရွာထဲတွင်လည်း နေထိုင်ခြင်း မရှိသောကြောင့် ဖြစ်လေသည်။

အစပိုင်းတွင် ကလေးများမှာ ကြောက်ရွံ့မိကြသော်လည်း (၁၀)ရက်ခန့်ကြာလာသည့်အခါတွင်တော့ သိပ်မထူးဆန်း တော့ပဲ ပုံမှန်ပင် ဖြစ်လာကြလေတော့သည်။

ကလေးများသည် လူငယ်ကိုတော့ အမြဲတမ်း ခိုးခိုးကြည့်လေ့ရှိလေသည်။ အဘယ်ကြောင့်ဆိုသော်… လူငယ်သည် ရုတ်တရက် ပျောက်ကွယ်သွားမည်လားဟု သူတို့က သိချင်သောကြောင့် ဖြစ်လေသည်။

ထိုနေ့ကတော့…

လူငယ်ထွက်ခွာသွားရန် ပြင်နေစဉ်မှာပင် ဆရာကြီးက တံခါးဝသို့ရောက်ရှိလာပြီး မေးလိုက်လေသည်။

"မင်း ကျောင်းအပြင်မှာ လာလာစောင့်နေတာ ရက်တော်တော်ကြာနေပြီ ၊ ဘာကိစ္စများ ရှိလို့လဲ"

လူငယ်က ဆရာကြီးကို လက်နှစ်ဖက်ဆုပ်ကာလေးလေးစားစားဖြင့် ဂါရဝပြုလိုက်ရင်း…

"ဆရာကြီးက အရမ်းအသိပညာကြွယ်ဝလွန်းတယ် ၊ အပြင်ကနေ ဆရာကြီးသင်ပြပေးတာတွေကို လာနားထောင် နေတာပါ ၊ တကယ့်ကို အကျိုးရှိပါတယ်"

ဆရာကြီးက..

"မင်းပုံစံကြည့်ရတာ ကျင့်ကြံသူတစ်ယောက် ဖြစ်မယ်ထင်တယ် ၊ ကျုပ်က သာမန်လူတစ်ယောက်ပါ ၊ မင်းက ကျုပ်စာသင်တာကို လာနားထောင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ မင်း လာရတဲ့အဓိကအကြောင်းရင်းကို သာပြောစမ်းပါ"

လူငယ်သည် ဆရာကြီးကို အလွန်ပင်ရိုသေလေးစားဟန်ရှိလေသည်။

"ဆရာကြီးရိပ်မိသွားပြီဆိုမှတော့ ကျွန်တော် ဖုံးကွယ်မထားတော့ပါဘူး ၊ အခု ကျွန်တော့်မှာ စာလေးတစ်ပုဒ်ရထား လို့ပါ ၊ အဲဒီစာကို နားမလည်တာနဲ့ အချိန်အကြာကြီးစဉ်းစားနေရလို့ ဆရာကြီးများ ရှင်းပြနိုင်မလားလို့ အကူအညီ လာတောင်းတာပါ"

ဆရာကြီးက ခေါင်းတစ်ချက် ခါယမ်းလိုက်ရင်း…

"ကူညီနိုင်မယ်ဆိုရင်တော့ ကူညီပေးချင်ပါတယ် ၊ ဒါပေမယ့် ကျုပ်က ဒီရွာလေးက သာမန်ဆရာတစ်ယောက်ပဲ ၊ ဗဟုသုတသိပ်မကြွယ်ဝတော့ မင်းရဲ့စာကို နားလည်နိုင်မယ်မထင်ဘူး"

လူငယ်က…

"ဆရာကြီး ၊ ကိုယ့်ကိုကိုယ် အဲဒီလောက်မနှိမ့်ချပါနဲ့ ၊ စာပေပညာရှင်တွေအများကြီးကို ဆရာကြီးက မွေးထုတ်ပေး နေတာ ကျွန်တော်သိပါတယ် ၊ ကျွန်တော်ပြောတဲ့ စာကိုတောင်မကြည့်ရသေးဘဲ မသိဘူးလို့တော့ မပြောလိုက်ပါနဲ့"

လူငယ်လေးသည် ဆရာကြီးထက် ခေါင်းတစ်လုံးခန့် အရပ်ပိုမြင့်လေသည်။

ထို့ကြောင့် ဆရာကြီးသည် လူငယ်လေးနှင့် မျက်လုံးချင်းဆုံရန်အတွက် ခေါင်းကိုအနည်းငယ်မော့ပြီး ကြည့်လိုက် လေသည်။ လူငယ်၏မျက်ဝန်းများသည် သန့်စင်ပြီး မိစ္ဆာအရိပ်အငွေ့များ စိုးစဉ်းမျှ မရှိပေ။

ဆရာကြီးက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…

"ဒါဖြင့်လည်း ကျုပ်နဲ့လိုက်ခဲ့ပါ"

ပြောပြီးသည်နှင့် ဆရာကြီးသည် ဆန်းလျန်ကို စာသင်ကျောင်းအနောက်ဘက်ရှိ သူ၏နေအိမ်သို့ ခေါ်ဆောင်လာခဲ့ လေတော့သည်။

All Chapters