← Chapters

နတ်ဘုံနတ်နန်း

Vol. 7 Ch. 700

နတ်ဘုံနတ်နန်း

Vol. 7 Ch. 700

မြူခိုးနှင့် တိမ်တိုက်များ တဖြည်းဖြည်းကျယ်ပြန့်လာလေသည်။

နွားရိုင်းကြီးသည် တိမ်တိုက်ပေါ်တွင် လမ်းလျှောက်နေပြီး သူ၏ကျောထက်တွင် လူတစ်ယောက် ထိုင်နေလေသည်။  ထိုသူမှာ ဆန်းလျန်ပင် ဖြစ်လေ၏။

နွားရိုင်းကြီးမှာ အခြားသူမဟုတ်ပါ။ ကွေလိနှင့်တိုက်ခိုက်ခဲ့သည့် နွားရိုင်းမင်းကြီးပင် ဖြစ်လေသည်။ နွားရိုင်းကြီးသည် ကမ္ဘာဦးအစကတည်းကတည်ရှိသည့် မျိုးစိတ်တစ်ခုမှ ဆင်းသက်လာသူ ဖြစ်လေသည်။ ဆန်းလျန်သာ တန်ခိုးစွမ်းအား မြင့်မားလွန်းခြင်း မရှိလျှင် နွားရိုင်းကြီးသည် လွယ်လွယ်နှင့် အရှုံးပေးမည် မဟုတ်ပေ။

အမှန်တော့ နွားရိုင်းကြီး ကံဆိုးသွားခဲ့ခြင်းသာ ဖြစ်လေသည်။

နွားရိုင်းကြီးသည် တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာသခင်ကျန်းရော့ရွှီး လူပြန်ဝင်စားသည့် ကျောင်းဆရာကြီးနှင့် တစ်ရွာတည်းတွင် ရော်နေခဲ့လေသည်။ မဟုတ်လျှင် ဆန်းလျန်ကလည်း နွားရိုင်းကြီးကို တမင်သက်သက် လိုက်ရှာ ဖြစ်မည်မဟုတ်ပေ။

ကံကြမ္မာ၏တိုက်ဆိုင်မှုကြောင့် နွားရိုင်းကြီးသည်လည်း မည်သို့မှ မတတ်သာတော့ဘဲ ဆန်းလျန်ကို အညံ့ခံလိုက် ရရှာလေသည်။

နွားရိုင်းကြီးက တစ်ချက်အော်မြည်လိုက်ပြီး စကားစပြောလိုက်လေသည်။

"လွန်ခဲ့တဲ့နေ့တွေတုန်းက သခင်လေးက တိုင်းပြည် (၂)ပြည်ကို တိုက်ခိုက်ဖို့အတွက် တန်ခိုးစွမ်းအားတွေ အများကြီး အသုံးပြုခဲ့တယ် ၊ အခု အသူရာချောက်ဟာ တဖြည်းဖြည်း စုစည်းလာခဲ့ပြီ ၊ ပြီးတော့ သခင်လေးက အပြာရောင် ခရီးရှည်နန်းတော်ကိုလည်း သိမ်းပိုက်ခဲ့တယ် ၊ သခင်လေး အခုဘဝမှာပဲ ကျင့်ကြံရင်း အခုလို တန်ခိုးစွမ်းအား မြင့်မားလာတာလား ၊ ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားတစ်ပါး လူပြန်ဝင်စားတာလား"

အမှန်တော့ နွားရိုင်းကြီးက ဆန်းလျန်ထံမှ သူသိချင်သည့်အကြောင်းကို အစ်ထုတ်လိုက်ခြင်း ဖြစ်လေသည်။

အမှန်တော့ ကံကြမ္မာကြောင့်သာ ယနေ့ရရှိသည့် အောင်မြင်မှုများကို ဆန်းလျန်သည် ရရှိခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်က…

"ကျုပ်ကလည်း တခြားသူတွေလိုပဲ ဇမ္ဗူဒီပါလကျ်ာတောင်ကျွန်းက လူသားတစ်ယောက်ပါပဲ ၊ ကံတရားကြောင့်သာ ဒီနေ့ဒီလိုနေရာကိုရောက်လာတာပါ ၊ လူတွေထင်နေကြသလိုမျိုး မဟုတ်ပါဘူး ၊ ဒါနဲ့ စောစောက ကောင်လေး ရဲ့ဇာစ်မြစ်ကထူးခြားတယ် ၊ မင်းသူ့ကို ပညာသင်ပေးလိုက်လို့ သူနဲ့မင်းရဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရ သွားတာဟာ မင်းရဲ့ကုသိုလ်ပါပဲ"

ဆန်းလျန်၏စကားများကြောင့် နွားရိုင်းကြီး၏စိတ်ထဲတွင် တစ်ချက် လှုပ်ရှားသွားလေသည်။

လီအော့နျိုကိုသူပညာသင်ပေးခဲ့သည်မှာ သူ့ကို နေစရာ ၊ စားစရာ ပေးထားသည့်အတွက် ပြန်လည်ပေးဆပ်ခြင်းသာ ဖြစ်လေသည်။ ထိုလူငယ်လေးသည် ထူးခြားသည့် ဇာစ်မြစ်တစ်ခုမှလာသည့် လူငယ်တစ်ယောက်ဖြစ်သည်ကို သိရှိခဲ့ခြင်းမရှိပေ။ ယခု ဆန်းလျန်၏ စကားကိုကြားရတော့မှ သူသည် လူငယ်လေးကို အလွန်အထင်ကြီးသွားမိ လေသည်။

သူက ဆန်းလျန်ကို မေးလိုက်လေသည်။

"သူ့ရဲ့ဇာစ်မြစ်က ဘာများလဲ"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"မိုးကောင်းကင်ရဲ့လျှို့ဝှက်ချက်ဆိုတာ ပြောပြလို့မရဘူး"

ဆန်းလျန်သည် အကြည့်တစ်ချက်ဖြင့်ပင် ထိုလူငယ်လေး၏ ဇာစ်မြစ်ကို ချက်ချင်းသိရှိလိုက်လေသည်။

ဆန်းလျန်သည် ချင်းရွှမ်ထျန်းကျွင်း၏တန်ခိုးစွမ်းအားများနှင့် ထိုလူငယ်လေး၏ အရင်ဘဝနှင့် လက်ရှိဘဝကို ချက်ချင်းပင် သိမြင်ခဲ့လေသည်။ ထို့ပြင် ထူးဆန်းသည့်အရာတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုလူငယ် လေးသည် တစ်ချိန်တုန်းက ပြင်းထန်သည့် ဒုက္ခများစွာကို ခံစားခဲ့ရပြီး အကြိမ်ပေါင်းများစွာ လူပြန်ဝင်စားခဲ့ရလေ သည်။

ထို့ကြောင့်… လက်ရှိဘဝတွင် ထိုလူငယ်လေးသည် တစ်ချိန်တုန်းက ပြိုင်ဘက်ကင်းခဲ့သည့် လူတစ်ယောက်၏ စိတ်ဓာတ်များကို ပြန်လည်ပျိုးထောင်ရန်မှာ လွယ်ကူမည်တော့မဟုတ်ပေ။

နွားရိုင်းကြီးမှာ သိချင်နေမိသော်လည်း ထပ်ပြီး မမေးရဲတော့ဘဲ သူ့ကိုယ်သူသာ ကျိန်ဆဲလိုက်မိလေသည်။

လူသားတစ်ယောက်နှင့် နွားရိုုင်းကြီးတစ်ကောင်သည် ကျယ်ပြောလှသည့်ကောင်းကင်ထက်တွင် စကားတပြောပြော နှင့်ခရီးနှင့် လာခဲ့ကြလေသည်။

ဆန်းလျန်က ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်လေသည်။ နွားရိုင်းကြီးကတော့ ရှေးခေတ်အချိန်မှ လျှို့ဝှက်ချက်များကို သိရှိသူဖြစ်ပြီး တန်ခိုးစွမ်းအားမြင့်မားသည့် နတ်မိစ္ဆာဘုရင်တစ်ပါး ဖြစ်လေ သည်။

သူတို့ (၂)ယောက်သည် နက်နဲသည့်အကြောင်းအရာများကို ပြောဆိုဆွေးနွေးရင်း ခရီးဆက်လာကြလေသည်။

ကျင့်ကြံသူတစ်ယောက်သာ သူတို့ပြောသည့်စကားများကို နားထောင်ခွင့်ရမည်ဆိုလျှင် များစွာသော အကြောင်းအရာများကို သင်ယူလေ့လာနိုင်မည် ဖြစ်လေသည်။

သို့သော်… သူတို့ (၂)ယောက်ကတော့ အချိန်ဖြုန်းသည့်အနေဖြင့် စကားပြောနေကြခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် အသူရာချောက်သည် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာပြီး ယခင်အရွယ်အစားထက် များစွာ ကြီးမား လာလေသည်။

ဆန်းလျန်သည် တာ့ကျိုးပြည်သို့ အလျင်စလို ပြန်လိုခြင်း မရှိသေးပါ။ သူက အသူရာချောက်နှင့် စကြာဝဠာကြားတွင် ဆက်နွယ်နေမှုများကို အသေးစိတ်လေ့လာကြည့်ရန် ပြင်ဆင်နေခဲ့လေသည်။

ထို့ပြင် ချင်းရွှမ်ထျန်းကျွင်းအနေဖြင့် လူသားများ၏ ဒုက္ခအပေါင်းကိုကယ်တင်ရန်အတွက်လည်း တန်ခိုးစွမ်းအားများ ရရှိထားလေသည်။ ထို့ပြင် လောကတစ်ခုလုံးမှ သက်ရှိသတ္တဝါများ၏ ဆင်းရဲဒုက္ခများကိုလည်း သိမြင်နေရလေ သည်။

ကံကံ၏အကျိုးကိုခံစားရပြီး ကံတရား၏ အပြစ်ပေးခြင်းကိုခံစားရသည့် သတ္တဝါတိုင်း၏ဘဝသည် စိတ်ဆင်းရဲစရာ ကောင်းလှလေသည်။ သတ္တဝါအချို့၏ ညည်းတွားသံများကို သူ့နားထဲတွင်ကြားနေရပြီး သူ့နှလုံးသားကို တုန်လှုပ်ချောက်ချားစေလေသည်။

ဗုဒ္ဓဘာသာတွင် ဟောကြားခဲ့သည့်တရားတော်အတိုင်း "ချစ်သောသူနှင့်ကွေကွင်းရခြင်း ၊ မချစ်မနှစ်သက်သောသူ များနှင့်အတူနေထိုင်ရခြင်း" ဆိုသည့် ဒုက္ခများအတိုင်း သက်ရှိတိုင်း၏ဘဝသည် သူတို့ဆန္ဒအတိုင်း နေထိုင်နိုင်ခြင်း မရှိဘဲ ကံတရားကြိုးဆွဲရာ ကကြရလေသည်။

ထိုဒုက္ခများမှ ဆန်းလျန်ပင်လျှင် လွှတ်မြောက်နိုင်ခြင်း မရှိသေးပေ။

ထို့ပြင် မွေးဖွားခြင်း ၊ အိုခြင်း ၊ နာခြင်း ၊ သေခြင်း ဆိုသည့် တရား (၄)ခုကလည်း သက်ရှိသတ္တဝါများကို နေ့စဉ် ပျော်ရွှင်မှုများကို ရပ်တန့်သွားစေပြီး စိတ်ဆင်းရဲစရာများသာလျှင် ဖြစ်စေခဲ့လေသည်။

သူသည်လည်း ကျင့်စဉ်လမ်းတွင် မအောင်မြင်ခဲ့ပါက ထိုလမ်းသို့ လိုက်ရမည်ပဲ ဖြစ်လေသည်။

ထို့ပြင် ခေတ်ပေါ်ကမ္ဘာတွင် ဒေါက်တာလီဖုန်းဆိုသည့် ဆရာဝန်တစ်ယောက်အဖြစ် ဘဝကို ရပ်တည်ခဲ့စဉ်ကတည်း က သူသည် လူနာများဖြင့် ထိတွေ့ဆက်ဆံခဲ့ရလေရာ ထိုဒုက္ခများကို သိတန်သလောက် သိထားခဲ့ပြီး ဖြစ်လေသည်။

အနာဂတ်တစ်ချိန်တွင် သူသည် အစစ်ဆေးခံရမှုများကို ရင်ဆိုင်ရပြီး မရေမတွက်နိုင်သည့် အခက်အခဲများကို ကြုံတွေ့ရမည်ဆိုလျှင်တောင်မှ လက်ရှိ သူ့ဘဝသည် သာမန်လူသားတစ်ယောက်ထက်တော့ သာလွန်သည်ဟု ဆိုနိုင်လေသည်။

ထို့ကြောင့် အောင်မြင်သူတစ်ယောက်အနေဖြင့် အကျပ်အတည်းထဲ ကျရောက်နေသည့်တိုင် ညည်းညူနေစရာ အကြောင်းမရှိပေ။

ရုတ်တရက်… သက်ရှိသတ္တဝါများ၏ ဒုက္ခနှင့်ညည်းတွားသံများကို မကြားရတော့ဘဲ ပြတ်တောက်သွားလေသည်။

နွားရိုင်းကြီးသည် လမ်းမှားသွားပြီး အချိန်နှင့်အာကာသ ရှုတ်ထွေးနေသည့် လမ်းကြောင်းတစ်ခုဆီသို့ ဝင်ရောက် သွားလေသည်။

သူတို့အရှေ့တွင် အလင်းရောင်များတောက်ပနေသည့် ဥမင်လမ်းတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

ဥမင်အဝတွင် များပြားလှစွာသည့် ရောင်စုံ နတ်ဘုရားအလင်းတန်းများသည် စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်နေလေ သည်။

သာမန်ကျင့်ကြံသူတစ်ယောက်သာ ဤနေရာသို့ ရောက်ရှိလာမည်ဆိုလျှင် ထိုအလင်းတန်းများစုပ်ယူသည်ကို ချက်ချင်းပင် ခံလိုက်ရမည် ဖြစ်ပြီး တစ်ကိုယ်လုံး အမှုန့်ဖြစ်သွားနိုင်လေသည်။ အခန့်မသင့်လျှင် ဝိညာဉ်ပါ ကြွေလွင့် သွားနိုင်လေသည်။

နွားရိုင်းကြီးသည် လေထဲတွင်ရပ်ပြီး ထိုဥမင်အဝကို ကြည့်နေလေသည်။ သူသည် တစ်ချက်မှ ရွေ့လျားခြင်း မရှိပေ။

ပြီးမှ နွားရိုင်းကြီးက ညင်သာသည့်လေသံဖြင့်…

"သခင်လေး… ၊ ဒီဥမင်က ကျွန်တော်တို့ရှေ့မှာ ရုတ်တရက် ပေါ်လာတာ ၊ တန်ခိုးရှင်နတ်ဘုရားတစ်ပါးပါးရဲ့ နတ်ဘုံငယ်ကို သွားတဲ့လမ်းတစ်ခု ဖြစ်နိုင်တယ် ၊ အသူရာချောက်က အဲဒီလမ်းနဲ့ သွားပြီး ပေါင်းစပ်နေတာလား မသိဘူး"

ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…

"အသူရာချောက်က အရင်နဲ့မတူတော့ဘူး ၊ အရမ်းကျယ်ပြန့်လာနေတော့ တခြားနတ်ဘုံနတ်နန်းတွေနဲ့ ပေါင်းစပ် ကုန်တာ ဖြစ်လိမ့်မယ် ၊ ဒါမှမဟုတ် တခြား နတ်ဒေဝါတွေက သူတို့နေထိုင်ဖို့ နေရာရှာရင်း ဒီနေရာကိုရောက်လာ တာမျိုးလည်း ဖြစ်နိုင်တယ် ၊ အဲဒီလိုလုပ်ရင် သူတို့လည်း ကျင့်ကြံခြင်းအဆင့် မြင့်တက်လာနိုင်တယ်လေ"

စကြာဝဠာထဲမှ နတ်ဘုရားများသည် ကိုယ်ပိုင် နတ်ဘုံငယ်များ ၊ နတ်ဘုံနတ်နန်းများများဖန်ဆင်းကာ နေထိုင်လေ့ ရှိကြလေသည်။ ထိုနတ်ဘုံနတ်နန်းများမှာ ပြီးပြည့်မစုံခြင်းမရှိသော လောကငယ်များနှင့် အလားသဏ္ဍန်တူလေ သည်။

သို့သော်… ထိုသို့သော နတ်ဘုံနတ်နန်းများသည် ပြီးပြည့်စုံသည့်လောကတစ်ခု မဟုတ်သည့်အတွက် ထိုနေရာများ တွင် ကျင့်ကြံသူများ နေထိုင်မည်ဆိုလျှင်တော့ နတ်ဘုရားတစ်ပါးဖြစ်လာသည်အထိ ကျင့်ကြံနိုင်ရန် ခက်ခဲပေလိမ့် မည်။  နတ်ဘုရားတစ်ပါး ဖြစ်လာရန်မပြောနှင့် ဟိုင်သန်းအဆင့်တက်ရောက်နိုင်ရန်ပင် လွယ်ကူမည် မဟုတ်ပေ။

"သခင်လေး… အဆင်ပြေရင် သွားကြည့်ကြရအောင်လေ"

နွားရိုင်းကြီးက ပြောလိုက်လေသည်။

"ကောင်းပြီ…"

သူတို့က ဘေးဘီဘယ်ညာ ပတ်ဝန်းကျင်ကိုတစ်ချက်လေ့လာလိုက်ရာ ပတ်ဝန်းကျင်သည် အဆင်ပြေလျှက်ရှိသည် ကိုတွေ့လိုက်ရလေ သည်။

နတ်ဘုံနတ်နန်းနှင့် အသူရာချောက်ပေါင်းစပ်နေမှုသည် သာမန်ထက်ထူးခြားလေသည်။ နတ်ဘုံနတ်နန်းသည် အသူရာချောက်နှင့် ထိစပ်လိုက်မိသည်နှင့် ချက်ချင်းပင် ပေါင်းစပ်သွားခဲ့လေသည်။

အမှန်တော့ နတ်ဘုံနတ်နန်းတစ်ခုအနေဖြင့် လောကတစ်ခုနှင့်ပေါင်းစပ်ရန်မှာ အချိန်များစွာ လိုအပ်လေသည်။ ကျိုးကြောင်းညီညွတ်စွာ တွက်ချက်ကြည့်မည်ဆိုလျှင် ထိုသို့ပေါင်းစည်းရန်အတွက် နှစ်ပေါင်းတစ်ထောင်ခန့် ကြာနိုင် လေသည်။

ထိုဥမင်ထဲတွင် မည်သို့သော အန္တရယ်များ ကြုံတွေ့ရပါမည်နည်း။ အန္တရယ်များရှိနေလျှင်လည်း ဆန်းလျန်က ကြောက်ရွံ့မည် မဟုတ်ပါ။

လောကတွင် မည်သည့်အန္တရယ်မှ ဘုရင်ရှစ်ပါးနန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်နန်းတော်လောက် ကြောက်မက် ဖွယ်ကောင်းမည် မဟုတ်ပေ။ ယခုတော့ ထိုနန်းတော်နှစ်ခုလုံးသည် ဆန်းလျန်ဆိုသည်မှာ မည်သူမည်ဝါဖြစ်သည်ကို သိရှိသွားကြပြီ ဖြစ်လေသည်။

သို့သော်… ထိုနန်းတော် (၂) ခုလုံးသည် သူ့ကို တိုက်ခိုက်ကြခြင်း မရှိသေးပါ။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဆန်းလျန်သည် အနည်းငယ်မသေမချာဖြစ်နေခဲ့သော်လည်း တကယ်တမ်း အင်အားကြီး နန်းတော် (၂) ခုနှင့်ရင်ဆိုင်ရမည်လျှင် ဆန်းလျန်တွင် ခုခံရန်အတွက် နည်းလမ်းမရှိသေးပါ။

မည်သို့ပင်ဖြစ်စေ … သူ၏လုပ်ရပ်တိုင်းကိုတော့ ခါတိုင်းထက်ပိုပြီး သတိထားရမည် ဖြစ်လေသည်။ သို့သော်… ထိုနန်းတော် (၂)ခုနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း မရှိသေးသရွေ့ အကြောက်လွန်နေစရာလည်း မလိုပေ။

လက်ရှိအချိန်တွင် လောကကြီးတစ်ခုလုံးကို ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်သည်ဟု ဆန်းလျန် သဘောထားနေခဲ့မိ လေသည်။

သူ၏ဘဝတွင် အောင်မြင်မှုများ ရှုံးနိမ့်မှုများနှင့် အတက်အကျများစွာကို ခံစားခဲ့ရဖူးပြီ ဖြစ်လေသည်။ ယခုအချိန်တွင် သူ၏ မူလဝိညာဉ်ခန္ဓာသည် လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် မြင့်မားတိုးတက်နေခဲ့လေသည်။

ထို့ကြောင့်… သဘာဝတရား၏အပြစ်ပေးခြင်းမှာလည်း အနှေးနှင့်အမြန်ရောက်လာနိုင်လေသည်။ တကယ်တမ်း သဘာဝတရား၏အပြစ်ပေးခြင်းနှင့် ဘေးအန္တရယ်ကပ်ဆိုးကြီးကို ရင်ဆိုင်ရသည့်အချိန်တွင် သူ မည်သို့ ကိုင်တွယ် ဖြေရှင်းမည်ကို သူကိုယ်တိုင်လည်း ရေရေရာရာ မသိသေးပေ။

ဆန်းလျန်၏အခက်အခဲများကို နွားရိုင်းကြီးကတော့ သိရှိခြင်း မရှိပါ။ ယခုအချိန်တွင် နွားရိုင်းကြီး ၏အဖြစ်ချင်ဆုံး ဆန္ဒမှာ အပြာရောင်ခရီးရှည်နန်းတော်တွင် အပြစ်ဒဏ်ကျခံရမည်ကို တတ်နိုင်သမျှ အချိန်ဆွဲထားရန်သာ ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်က ဥမင်အတွင်းသို့ဝင်ရန် သဘောတူလိုက်သည်နှင့် သူသည် ပျော်ရွှင်စွာဖြင့် ကဆုန်ပေါက်ကာ ဥမင်အတွင်းသို့ ဝင်သွားလေတော့သည်။

ဥမင်အတွင်းသို့ ဝင်လိုက်သည်နှင့်ဝိညာဉ်စွမ်းအား အခိုးအငွေ့များသည် နွားရိုင်းကြီး၏ နှာခေါင်းကို လာရောက် တိုးဝှေ့သည့်အတွက် တစ်ချက် နှာချေလိုက်မိလေသည်။

သူတို့ဝင်သွားသည် နတ်ဘုံနတ်နန်းသည် အလွန်ကြီးမားလွန်းခြင်း မရှိပါ။ ဧရိယာ မိုင် (၁၀၀၀) ပတ်လည်ပင် မရှိပေ။ အထဲတွင် အများဆုံး လူဦးရေတစ်သန်းခန့်သာ နေနိုင်လေသည်။

ဥမင်ထဲတွင် ဝိညာဉ်စွမ်းအားများ မတည်မငြိမ်ဖြစ်နေပြီး ကျင့်ကြံသူများသာ ရှိလျှင် ကျင့်စဉ်လမ်းအဆင့်တက်လှမ်း နိုင်ရန် အချိန်ကြာမြင့်မည် ဖြစ်လေသည်။

နွားရိုင်းကြီးက…

"သခင်လေး… ဒီနေရာမှာဝိညာဉ်စွမ်းအားတွေက ခြောက်သွေ့နေတယ် ၊ အသူရာချောက်နဲ့ လာပြီးပေါင်းမိတာ ဒီနေရာအတွက် ကံကောင်းတာပဲ"

ဆန်းလျန်က…

"ဆက်သွားပြီး ကြည့်ရအောင်…"

ဥမင်အတိုင်းဝင်လာပြီးသည့်နောက် အရှေ့ဆီတွင် တောင်ကတုံးတစ်ခုကို တွေ့လိုက်ရလေသည်။ တောင်မှာ နှင်းများဖြင့် ဖုံးလွှမ်းနေလေသည်။

နတ်ဘုံနတ်နန်းလောကငယ်ထဲတွင် အတော်အတန် မြင့်မားသည့်တောင်ဟု သတ်မှတ်နိုင်လေသည်။

ထိုတောင်ဆီမှ တန်ခိုးစွမ်းအားလှိုင်းလုံးများထွက်ပေါ်နေပြီး သန့်စင်သည့်အသက်ဓာတ်စွမ်းအားများလည်း ပြည့်ဝနေ သည်ကို ဆန်းလျန် ခံစားလိုက်ရလေသည်။

စောစောကကြုံတွေ့ခဲ့ရသည့် အသက်ဓာတ်စွမ်းအားများခြောက်သွေ့နေသည့် ဥမင်နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်လေ သည်။

နွားရိုင်းကြီးသည် လေထဲတွင် သွားနေရင်း တောင်ပေါ်သို့ ဆင်းသက်လိုက်လေသည်။

နွားရိုင်းကြီးသည် ဥက္ကပျံတစ်စင်းအလား ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် တောင်ပေါ်သို့ ဆင်းသက်လိုက်ခြင်း ဖြစ်သော်လည်း ဆင်းသက်လိုက်သည့်အရှိန်ကြောင့် တောင်ပေါ်တွင် ဖုံးလွှမ်းနေသည့်နှင်းများ တစ်ချက်ပင် ပုံပျက်သွားခြင်းမရှိပေ။

ဆန်းလျန်သည် နွားရိုင်းကြီး၏ စွမ်အားထိန်းချုပ်နိုင်စွမ်းကို ကြိတ်ပြီး ချီးကျူးလိုက်မိလေသည်။ နွားရိုင်းကြီးသည် အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး အထင်ကြီးလောက်စရာ နတ်မိစ္ဆာတစ်ပါးပင် ဖြစ်လေသည်။

ထို့နောက်… နွားရိုင်းကြီးသည် တောင်ပေါ်လမ်းလေးအတိုင်း ရှေ့သို့ ဆက်သွားလိုက်လေသည်။

နွားရိုင်းကြီးက…

"သခင်လေး… ဒီတောင်က ဝိညာဉ်စွမ်းအားတွေနဲ့ ဒီလောက်ပြည့်ဝနေတာ ၊ ဒါပေမယ့် ဘာမှလည်း မတွေ့ရဘူး ၊ အနည်းဆုံးတော့ ဝိညာဉ်စွမ်းအားပြည့်ဝတဲ့ ဆေးပင်တွေရှိနေသင့်တယ် မဟုတ်လား"

ဆန်းလျန်က…

"တစ်စုံတစ်ယောက်က တန်ခိုးစွမ်းအားအသုံးပြုပြီး ဒီတောင်ကို ဖန်ဆင်းထားတာ ၊ ဒါကြောင့် ဝိညာဉ်စွမ်းအား တွေကအလိုလိုပြည့်ဝနေတာပဲ ၊ အရမ်းကိုလက်ရာမြောက်တဲ့ဖန်ဆင်းမှုပါပဲ"

All Chapters