← Chapters

ချိစုန်းကျီ

Vol. 8 Ch. 701

ချိစုန်းကျီ

Vol. 8 Ch. 701

ထိုတောင်ကိုဖန်ဆင်းထားခြင်းကို ဆန်းလျန်က "လက်ရာမြောက်သည်" ဟု ချီးကျူးလိုက်ခြင်းမှာ အမှန်တကယ် လည်းထူးခြားလွန်းသောကြောင့် ဖြစ်လေသည်။

နွားရိုင်းကြီးက တောင်ပေါ်တွင် ခမ်းနားစွာဖြင့် ရပ်တန့်လိုက်ပြီး…

"ဒီတောင်ကိုဖန်ဆင်းထားတဲ့တန်ခိုးစွမ်းအားက ဘယ်လောက်ပဲ ထူးခြားပါစေ ၊ ကျုပ်ကတော့ ဒီတောင်ကို မြေလှန်ပစ်နိုင်တယ်"

နွားရိုင်းနတ်မိစ္ဆာကြီး၏ တန်ခိုးစွမ်းအားများသည် ထောင်ပေါင်းများစွာသော တန်ခိုးစွမ်းအားများကို ဖျက်စီးပစ်နိုင်စွမ်း ရှိလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အဲဒီကိစ္စထားလိုက်တော့ ၊ ဒီလို မြင့်မားတဲ့တန်ခိုးစွမ်းအားတွေကို ဖျက်စီးပစ်မယ်ဆိုရင် မင်းရဲ့ တန်ခိုးစွမ်းအားတွေ အလဟသဖြုန်းတီးရာရောက်လိမ့်မယ် ၊ ရှေ့ဆက်ပြီးသာ အာရုံစိုက်ပြီး သွားစမ်းပါ"

တာအိုဆရာလူငယ်လေးသည် နွားရိုင်းကြီး၏ကျောထက်တွင်စီးကာ အေးအေးဆေးဆေးပင် ခရီးဆက်နေလေ သည်။

အရှေ့ဘက် ပေ (၂၀၀)ခန့် ဆက်သွားမိသည့်အခါတွင်တော့ မြင်ကွင်းများက ပြောင်းလဲသွားလေသည်။ အရှေ့ဆီတွင် အလွန်နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ နွားရိုင်းကြီးကတော့ စိတ်ပူဟန်မရှိပါ။ သူသည် လေထဲတွင် လမ်းလျှောက်သွားပြီး ချောက်ကမ်းပါးကြီးကို ဖြတ်ကျော်သွားလေသည်။

ချောက်ကမ်းပါးကြီးကို ကျော်လွန်သွားသည်နှင့် ရှုမျှော်ခင်းများက အကြီးအကျယ် ပြောင်းလဲသွားလေသည်။

လင်ဇီးမှိုများ ၊ နတ်မြက်များပေါက်ရောက်နေပြီး စမ်းချောင်းလေးများစီးဆင်းနေသည့် အလွန်ထူးဆန်းလှပသည့် နတ်ဘုံနတ်နန်းအလား နေရာတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

ပတ်ဝန်းကျင်အာရုံလွှဲပြောင်းခြင်းကို ဆန်းလျန်မည်သို့ပြုလုပ်လိုက်သည်ကို နွားရိုင်းကြီး မသိလိုက်ပါ။

ချောက်ကမ်းပါးကြီးကို ပုံမှန်အတိုင်းကျော်ဖြတ်သွားရုံနှင့် သာယာလှပလွန်းသည့်နေရာသို့ ရောက်ရှိလာရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။ ဆန်းလျန်သည် နတ်ဘုံနတ်နန်းလောကငယ်၏ ဆိုးညစ်သည့်နေရာဒေသများကို တန်ခိုးစွမ်းအားဖြင့် ကျော်ဖြတ်လိုက်သည့်အတွက်သာ ဤနေရာသို့ တန်းရောက်လာခြင်း ဖြစ်လေသည်။

သာယာလှပသည့်နတ်ဘုံနတ်နန်းအတွင်းပိုင်းသည် ဝိညာဉ်စွမ်းအားများ ခြောက်သွေ့နေသည့် အပြင်ပိုင်းနှင့် စည်းခြားထားလေသည်။ ထိုစည်းသည် ခိုင်မာပြီး နေရာ (၂)ခုကို သမံကာလျှံကာ ပိုင်းခြားထားသည့် စည်းမျိုး မဟုတ်ပေ။

နွားရိုင်းကြီးက စိတ်ရှုတ်ထွေးစွာဖြင့် မေးခွန်းထုတ်လိုက်လေသည်။

"သခင်လေး… အဲဒီစည်းကို ဘယ်လိုလုပ် ချိုးဖျက်ခဲ့တာလဲ"

ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်ပင်…

"ပကတိဖန်ဆင်းခြင်းပညာလေ ၊ သဲလွန်စမကျန်အောင် သွားနိုင်လာနိုင်တယ်"

ဆန်းလျန်၏ အဖြေစကားကိုကြားလိုက်ရသည်နှင့် နွားရိုင်းကြီး၏စိတ်မှာ တုန်လှုပ်သွားလေသည်။ ဆန်းလျန်သည် မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်တစ်ခုဖြစ်သည့် ပကတိဖန်ဆင်းခြင်းပညာကို ကျင့်ကြံထားလိမ့်မည်ဟု သူမျှော်လင့် မထားခဲ့ပါ။

ထို့ပြင် မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်သည် ပရနိမ္မိတ ဝသ၀တ္တီနတ်ပြည်နှင့် ဆက်စပ်နေလေသည်။ မိုနှင့်မြေ ခွဲထွက်သွားသည့်အချိန်တွင် ပရနိမ္မိတ ဝသ၀တ္တီနတ်ပြည်တွင် မာန်နတ် မွေးဖွားလာခဲ့လေသည်။ မာန်နတ်သည် ပရနိမ္မိတ ဝသ၀တ္တီနတ်ပြည်ကို အုပ်ချုပ်သူလည်း ဖြစ်လေသည်။

ယခင်က မာန်နတ်သည် ဗုဒ္ဓကို ဒုက္ခပေးခဲ့ဖူးသူ ဖြစ်လေသည်။ သို့သော်… ဗုဒ္ဓတရားအလင်းရသွားပြီးသည့် နောက်ပိုင်း တွင် မာန်နတ်ကို နှိမ်နင်းခဲ့လေသည်။

ထို့ပြင် မာန်နတ်ဆိုသည်မှာ တန်ခိုးစွမ်းအားကြီးသည့် နတ်မင်းတစ်ပါး ဖြစ်ရုံသာမက ကျင့်ကြံခြင်း အဆင့်တစ်ခုလည်း ဖြစ်လေသည်။

ပြောကြသည့်စကားများအရဆိုလျှင်တော့ လူတစ်ယောက်သည် မာန်နတ်အဆင့်ထိရောက်အောင် ကျင့်ကြံသွားနိုင် လျှင်လူအများကို ဖုံမှုန့်များအလား ရှုမြင်ပြီး စကြာဝဠာကို နှလုံးသားတစ်ခုဟု ရှုမြင်ပေလိမ့်မည်။

မာန်နတ်အဆင့်သို့ရောက်ရှိအောင် ကျင့်ကြံနိုင်မည်ဆိုလျှင် ဗုဒ္ဓနှင့် တာအိုဆရာသခင်ကြီးလောက် တန်ခိုးစွမ်းအား အဆင့်မမြင့်သည့်တိုင် ကျင့်စဉ်လမ်း အဆုံးသတ်ပြီဟုလည်း ဆိုနိုင်လေသည်။

သို့သော်… မာန်နတ်တစ်ပါးဖြစ်လာရန် ကျင့်ကြံခြင်းက ရှုတ်ထွေးပြီး အောင်မြင်သူလည်း ရှားပါးလေသည်။ နားလည်ရခက်သည့် ကျင့်ကြံခြင်းအဆင့်လည်း ဖြစ်လေသည်။

သို့သော်… မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်တွင်တော့ နွားရိုင်းကြီး ကြောက်ရွံ့သည့် တန်ခိုးစွမ်းအားတစ်ခု ပါဝင်လေသည်။ ထိုတန်ခိုးစွမ်းအားမှာ လူတစ်ယောက်၏ နှလုံးသားကို ထိန်းချုပ်ခြင်းပင် ဖြစ်လေသည်။

ထိုအချက်ကို စဉ်းစားလိုက်မိသည့်အခါတွင်တော့ ဆန်းလျန်သည် နတ်ဘုရားများ ၊ နတ်မိစ္ဆာများ၏ နှလုံးသားကို သူသာ တကယ်တမ်းဆန္ဒရှိလျှင် ထိန်းချုပ်ထားနိုင်စွမ်းရှိသည်ကို သဘောပေါက်လိုက်မိလေသည်။ သို့သော်… ဆန်းလျန်က ထိုသို့ပြုလုပ်မည့်သူတစ်ယောက် မဟုတ်ပါ။

ထို့ပြင် ဆန်းလျန်သည် နတ်ဘုရားများ ၊ နတ်မိစ္ဆာများ၏ အတွေးအကြံများကိုလည်းသိရှိနေနိုင်လေသည်။ လောလောဆယ်အချိန်တွင် သူ့အနေဖြင့် ဆန်းလျန်အပေါ် မဟုတ်မဟပ် ဒုက္ခပေးမည့်အတွေးများ မတွေးမိသည်မှာ ကံကောင်းသည်ဟု နွားရိုင်းကြီးက တွေးနေမိလေသည်။

ဆန်းလျန်သည် နွားရိုင်းကြီး၏အတွေးများကို ရိပ်မိနေသော်လည်း အရေးမစိုက်တော့ပါ။

အဘယ်ကြောင့်ဆိုသော် အရှေ့ဆီတွင် နတ်ဗိမာန်တစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။

ဦးခေါင်းထက်တွင် ကြက်အမောက်ကဲ့သို့ အမောက်တစ်ခုရှိသည့် မိန်းကလေးတစ်ယောက် နန်းတော်ထဲမှ ထွက်လာ လေသည်။ သူ၏ဘေးတွင် အလွန်ယဉ်ပါးဟန်ရှိသည့် ကြက်ဖကြီးတစ်ကောင် ပါလာလေသည်။ ထိုကြက်ဖကြီး၏ ပုံသဏ္ဍန်မှာ ဇာမဏီငှက်တစ်ကောင်အလား လှပလွန်းလှလေသည်။

မိန်းကလေးမှာတော့ သာမန်ရွက်ကြမ်းရေကျိုမျှသော ရုပ်ရည်သာ ရှိလေသည်။ သာမန်လူ့လောကတွင်ပင် ထိုသို့သော ရုပ်ရည်မျိုးကို အလွယ်တကူ ရှာတွေ့နိုင်လေသည်။

သို့သော်… သူမ ချောမောလှပခြင်း မရှိသည့်တိုင် ကျက်သရေနှင့် ပြည့်စုံလေသည်။ ဆန်းလျန်သည် မိန်းကလေးပေါင်းများစွာနှင့် တွေ့ဆုံဖူးသည့်တိုင် ထိုမျှ ကျက်သရေရှိသည့် မိန်းကလေးမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

သူမ၏ မျက်ဝန်းများက စကားပြောနေသကဲ့သို့ ဖြစ်လေသည်။

သူမ၏ မျက်ဝန်းများကို ကြည့်လိုက်သည်နှင့် သူမ ပြောနေသည့်စကားကို ဆန်းလျန် နားလည်လိုက်လေသည်။

"ရှင်ဘယ်သူလဲ…"

ဆန်းလျန်က သူမကို ခြေအဆုံးခေါင်းအဆုံး အတန်ကြာအောင် အကဲခတ်နေခဲ့လေသည်။

ဆန်းလျန်၏အကြည့်ကြောင့် မိန်းကလေးက ရှက်သွားခြင်းမျိုး မရှိပါ။ သို့သော်… သူမကလည်း ဆန်းလျန်ကို ပြန်ပြီး အကဲခတ်နေခဲ့လေသည်။

အချိန်အတန်ကြာအောင် သူတို့ (၂)ယောက် စကားမပြောဖြစ်ကြဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြ လေသည်။

နွားရိုင်းကြီးက ရုတ်တရက် အော်မြည်လိုက်လေသည်။

မိန်းကလေးကနွားရိုင်းကြီးရှိရာသို့ အေးအေးဆေးဆေးပင် လမ်းလျှောက်လာပြီး ခေါင်းကို ရိုက်လိုက်လေသည်။ နွားရိုင်းကြီးမှာ တန်ခိုးစွမ်းအားမြင့်မားသည့်တိုင် အမျိုးသမီး၏ ရိုက်ချက်ကို ရှောင်တိမ်းလိုက်နိုင်ခြင်း မရှိခဲ့ပေ။ အံ့သြစရာကောင်းလှလေသည်။

"နွားလေး… လျှောက်အော်မနေနဲ့ ၊ ငါ့ ဆရာအိပ်နေတယ်"

သူမ၏ အသံမှာ ရှေးဟောင်းတရုတ်ခေါင်းလောင်းသံလေးအလား သာယာပြီး သဘာဝကျလွန်းလေသည်။

နွားရိုင်းနတ်မိစ္ဆာကြီးမှာ မိန်းကလေးကို ချက်ချင်းပင် ကြောက်ရွံ့သွားမိလေသည်။ သူ၏ခေါင်းကိုရိုက်လိုက်သည့် မိန်းကလေး၏ လက်မှာ ပူနွေးနေပြီး သူ့ကို ပြာချပစ်နိုင်လောက်လေသည်။

ဆန်းလျန်က နွားရိုင်းကြီးအပေါ်မှဆင်းလိုက်ပြီး တစ်ချက်ပြုံးလိုက်ရင်း…

"ဒီ နွားရိုင်းကြီးကို စီးလာတဲ့တာအိုဆရာက မလေးမစားပြုမိတာရှိရင် ခွင့်လွှတ်ပါ ၊ နတ်သမီးကို နှောက်ယှက်လိုတဲ့ ဆန္ဒမရှိပါဘူး"

မိန်းကလေးက သာယာသည့်လေသံဖြင့်…

"ရှင်ကတော့ ယဉ်ကျေးသားပဲ ၊ ကျွန်မဆရာ အိပ်ယာကနိုးလာတဲ့အခါကျရင် နန်းတော်ထဲဝင်ပြီး ရေလေးတစ်ခွက် လောက်သောက်ရဖို့ ပြောပေးပါ့မယ်"

ထိုအချိန်မှာပင် နန်းတော်ထဲမှ အသံတစ်သံထွက်ပေါ်လာလေသည်။

"တပည့်လေး… ဆန်းကျန်းရန်နတ်ဘုရားကို အထဲဝင်လာခိုင်းလိုက်…"

ထိုအသံကြောင့် ဆန်းလျန်မှာ အံ့သြသွားရလေသည်။

နန်းတော်ထဲမှလူသည် သူ့ကိုသိနေမည်ဟု ထင်မထားခဲ့မိပေ။

မိန်းမပျိုက…

"ဆရာက ဖိတ်ခေါ်မှတော့ ကျွန်မနဲ့လိုက်ခဲ့ပါ တာအိုဆရာ…"

ဆန်းလျန်က နွားရိုင်းကြီးကို လက်ညိုးတစ်ချက်ညွှန်ပြလိုက်ပြီး…

"ကျုပ်ရဲ့စီးတော်အတွက်လည်း နတ်သမီးကပဲ သင့်တော်တဲ့နေရာတစ်ခုလောက် စီစဉ်ပေးစေလိုပါတယ်"

သူမက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး…

"ယွိအယ်… နွားလေးကို ဥယျာဉ်ထဲမှာ မြက်ကျွေးထားလိုက်…"

ဇာမဏီငှက်ကဲ့သို့ လှပလွန်းသည့် ကြက်ဖကြီးက နွားရိုင်းကြီးကို မော့ကြည့်လိုက်လေသည်။

ထို့နောက် အတောင်များကို တဖျတ်ဖျတ်ခတ်လိုက်ပြီး နွားကြီး၏ ဦးခေါင်းထက်သို့ ခုန်တက်လိုက်ကာ နွားရိုင်းကြီး ကို အဝေးဆီသို့ ထိုးသုတ်ခေါ်ဆောင်သွားလေတော့သည်။

မိန်းမပျိုမှာ တန်ခိုးစွမ်းအားမြင့်မားသည့်အတွက် နွားရိုင်းကြီးသည် မိန်းမပျိုကို ကြောက်ရွံ့နေသည်ကို ဆန်းလျန် ရိပ်မိထားလေသည်။ သို့သော်… ကြက်ဖကြီးမှာ ထိုမျှလောက် တန်ခိုးစွမ်းအားမြင့်မားမည်ဟု ဆန်းလျန် ထင်မထားခဲ့မိပေ။

ဆန်းလျန်က…

"ဒီ ကြက်ဖကြီးက တကယ်ထူးခြားတာပဲ ၊ သူ့ရဲ့ ဇာစ်မြစ်က ဘာများပါလဲ"

မိန်းမပျိုက….

"ယွိအယ်က မိုးကောင်းကင်ခုံရုံးက မောင်းရိကြယ်နတ်မင်းပဲ ၊ မိုးကောင်းကင်ခုံရုံးပျက်စီးသွားတော့ သူက ဒီကို ရောက်လာတာ…"

မောင်းရိကြယ်နတ်မင်းသည် မိုးကောင်းကင်ခုံရုံးတွင် မသေနိုင်သော နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ ထိုက်ယီထျန်းရှန်းအဆင့်ထက် အနည်းငယ်မျှသာ အဆင့်နိမ့်နိုင်လေသည်။ ထိုမျှ တန်ခိုးစွမ်းအားကြီးမားသော မိုးကောင်းကင်ခုံရုံးမှ မောင်းရိကြယ်နတ်မင်းသည် ဤနေရာတွင် ကြက်တစ်ကောင် လာဖြစ်နေသည်မှာ အံ့သြစရာ ကောင်းလှလေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မိန်းမပျို၏ ဆရာဆိုသူသည် နှယ်နှယ်ရရတော့ ဟုတ်ဟန်မတူပေ။ ထို့ပြင်… ထိုသူသည် မည်သူဖြစ်သည်ကို ဆန်းလျန် ခန့်မှန်းနိုင်ခြင်း မရှိပေ။ ကြည့်ရသည်မှာ ထိုလူထူးလူဆန်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ပုံရလေသည်။

ထိုရှေးဟောင်းနတ်ဘုရားသည် ဆန်းလျန်နှင့် တိုက်ခိုက်လိုမည်ဆိုလျှင်တော့ တိုက်ပွဲတစ်ပွဲ ဆင်နွှဲရပေဦးတော့ မည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။

ထိုသို့တွေးလိုက်မိသည့်တိုင် ဆန်းလျန်သည် အလွန်အမင်း တုန်လှုပ်သွားခြင်းတော့ မဖြစ်မိပေ။

မိန်းမပျိုက ဆန်းလျန်ကို နတ်ဗိမာန်အတွင်းသို့ လမ်းပြခေါ်ဆောင်သွားလေသည်။

နတ်ဗိမာန်အတွင်းတွင် နွေးထွေးသည့် ကျောက်စိမ်း အခိုးအငွေ့များ ပျံ့လွင့်နေလေသည်။ နတ်ဗိမာန်သည် ထူးဆန်းပြီး ကျောက်စိမ်းများဖြင့် သဘာဝအတိုင်း ဖြစ်တည်နေသည့် နေရာတစ်ခု ဖြစ်လေသည်။ အထူးပြုပြင် တည်ဆောက်ထားသည့် နေရာတစ်ခု မဟုတ်ပေ။

ထိုသို့သော နတ်ဗိမာန်မျိုးကို တည်ဆောက်မည်ဆိုလျှင်လည်း လူအင်အားများစွာကို အသုံးပြုမှသာ တည်ဆောက် နိုင်မည် ဖြစ်လေသည်။

ကျင့်ကြံခြင်းအကြောင်း တစ်လုံးတစ်ပါဒမှမသိသည့် လူတစ်ယောက်သည်ပင် ဤခန်းမဆောင်အတွင်းမှ ကျောက်စိမ်းအငွေ့များကို နေ့စဉ်ရှူရှိုက်မည်ဆိုလျှင် နှစ်ပေါင်း တစ်ထောင်တော့ အနည်းလေး အသက်ရှည်နိုင်လေ သည်။

သတိမထားမိခင်မှာပင် ဆန်းလျန်ကို ကြိုဆိုနေသည့် တာအိုဆရာတစ်ယောက်ကို တွေ့လိုက်ရလေသည်။

ဆန်းလျန် နှလုံးသားထဲတွင် လေနှင့်မိုးများ ပြင်းထန်လာပြီး သေခြင်းရှင်ခြင်း တိမ်တိုက်များသည် လွင့်မျောလာ သလိုအထီးကျန်ဆန်ခြင်း ပန်းပွင့်များသည်လည်း ပွင့်လန်းလာလေသည်။

ဆန်းလျန်သည် သူ၏ မူလဝိညာဉ်ခန္ဓာကို ချက်ချင်းပင် သန့်စင်ပစ်လိုက်ပြီး သူ့နှလုံးသားထဲမှအရာအားလုံးကို မီးစတစ်ခုဖြင့်လောင်ကျွမ်းစေလိုက်လေသည်။ ထို့နောက် စိတ်ကိုကြည်လင်အောင် ထားလိုက်လေသည်။

တာအိုဆရာက ပြုံးလိုက်ရင်း…

"ဆန်းကျန်းရန်နတ်ဘုရား ရောက်လာမယ်ဆိုတာ မသိလို့ ထွက်မကြိုမိဘူး ၊ တပည့်လေး… အရက်ကောင်းပြင်စမ်း ၊ ဆန်းကျန်းရန်နတ်ဘုရားကို ဧည့်ခံရအောင်"

သူကပြောရင်း ဆန်းလျန်အနားသို့ လျှောက်လာကာ လက်များကို ဆုပ်ကိုင်လိုက်လေသည်။

ထိုသို့ ဆန်းလျန်၏ လက်များကို ဆုပ်ကိုင်လိုက်ခြင်းသည် ထူးဆန်းသည့် တန်ခိုးစွမ်းအားကို ပြသလိုက်ခြင်း ဖြစ်လေသည်။ ချက်ချင်းပင် ဆန်းလျန်ကိုယ်တွင်းသို့ လေနှင့်မိုးများ တိုက်ခတ်ဝင်ရောက်သွားသလို ခံစားလိုက်ရ လေသည်။

ထိုသူထံမှ စွမ်းအားများသည် ဆန်းလျန် ကျင့်ကြံထားသည့် လေနှင့်မိုးကိုဆင့်ခေါ်ခြင်း တန်ခိုးစွမ်းအားနှင့် ဆင်တူ လေသည်။

သို့သော်… ထိုတာအိုဆရာထံမှ တန်ခိုးစွမ်းအားများသည် လေနှင့်မိုးကိုဆင့်ခေါ်ခြင်းကျင့်စဉ်ထက် အဆထောင် ပေါင်းများစွာ မြင့်မားလေသည်။

ဆန်းလျန်က ထိုတာအိုဆရာ၏တန်ခိုးစွမ်းအားများကို မသိကျိုးကျွံပြုရင်း နတ်ဗိမာန်အတွင်းသို့ လှမ်းဝင်လိုက်လေ သည်။

တာအိုဆရာသည် ဆန်းလျန်က စကြာဝဠာတစ်ခွင် လွတ်လပ်စွာ သွားလာနိုင်သည့် ပကတိဖန်ဆင်းခြင်းပညာကို အသုံးပြုနိုင်ခြင်းအား သိရှိထားသည့်အတွက် စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်နေလေသည်။

သူတို့ (၂)ယောက်သည် နတ်ဗိမာန်ထဲတွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြလေသည်။

ဆန်းလျန်က…

"ဒီက မိတ်ဆွေက ဘယ်သူများလဲ သိပါရစေ…"

တာအိုဆရာက ဝမ်းမြောက်ဝမ်းသာလေသံဖြင့်…

"ကျုပ်နာမည် ချိစုန်းကျီလို့ ခေါ်ပါတယ် ၊ မိုးနတ်မင်းခေတ်တုန်းက ကျင့်ကြံသူတစ်ယောက်ပါ ၊ ကျုပ်တပည့်ကတော့ ရှန်နုန်အနွယ်တော်တစ်ယောက်ပေါ့ ၊ အခုတော့ ကျုပ်ဆီမှာ ပညာသင်နေတာပေါ့"

ဆန်းလျန်မှာ အလွန်ပင် အံ့အားသင့်သွားရလေသည်။

ချိစုန်းကျီဆိုသည့် အမည်ကို အရင်ကလည်း ကြားဖူးထားခဲ့ပါသည်။ ချိစုန်းကျီဆိုသည်က ကျော်ကြားသည့် နတ်ဘုရားတစ်ပါးဖြစ်ပြီး ဒေဝေါနတ်မင်းကြီးဟု နာမည်ကြီးသူဖြစ်လေသည်။

သူသည် အလွန်လျှို့ဝှက်နက်နဲသော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ပြီး လောကတစ်ခုလုံးတွင် မိုးရွာသွန်းခြင်းကို ထိန်းချုပ်ထားသည့် နတ်ဘုရားဖြစ်လေသည်။ သူသည် တာ့လော်အဆင့် မရောက်သေးသည့်တိုင် ထိုက်ယီထျန်းရှန်းအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"လက်စသတ်တော့ ဆရာကြီး ချိစုန်းကျီကိုး ၊ ဒါနဲ့… ဆရာကြီးလိုပုဂ္ဂိုလ်မျိုးက ကျုပ်ကို ဘယ်လိုလုပ်သိနေရတာလဲ"

All Chapters