← Chapters

လူ့ပြည်

Vol. 8 Ch. 707

လူ့ပြည်

Vol. 8 Ch. 707

လူအများသည် တာအိုဆရာလီချင်းဆွေနှင့် တာအိုဆရာသခင်ထိုက်ယီတို့ကြားမှ ဆက်နွယ်မှုကို ခန့်မှန်းလေ့ ရှိကြလေသည်။ အများစုကတော့ လီချင်းဆွေသည် တာအိုဆရာသခင်ထိုက်ယီ၏ သမီးဖြစ်သည်ဟု ဆိုကြလေ၏။

ဗုဒ္ဓနှင့် တာအိုဆရာသခင် ထိုက်ယီ ပျောက်ကွယ်သွားပြီးသည့်နောက်ပိုင်း တာအိုဆရာ လီချင်းဆွေသည် လောက တွင်အင်အားအကြီးမားဆုံး နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လေသည်။

သူမသည် တာအိုဆရာသခင်ထိုက်ယီနှင့်ပတ်သက်ခြင်းမရှိလျှင်တောင်မှ သူမကိုမည်သူမှ သွားပြီး ရန်မစရဲကြပေ။

ချင်းယွမ်မြောင်တောက်အရှင်သည်လည်း တာအိုဆရာလီချင်းဆွေကို သွားပြီး ရန်မစရဲပါချေ။ သို့သော်… လီချင်းဆွေကတော့ သူ့ရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်လေသည်။ သူ့အနေဖြင့် လီချင်းဆွေနှင့် မတွေ့ချင်သည့်အတွက် ပုန်းအောင်းနေမည်ဆိုလျှင်လည်း ပုန်းစရာ နေရာမရှိပေ။ မည်သည့်နည်းနှင့်မှ သူမလက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

လီချင်းဆွေက…

"မင်းက ငါ့တပည့်ကို အတင်းကြပ် သေတွင်းပို့နေတာ ၊ အဲဒီတော့ မျက်လုံးအတွက် မျက်လုံးတစ်လုံးပဲဟေ့"

"ကျုပ်တို့နှစ်ယောက်လုံး တာ့လော်အဆင့် ကျင့်ကြံသူတွေပါပဲ ၊ ဒါပေမယ့် ယန်ကျန်းကို ဒီလောက် အပြစ်မယူပါနဲ့…"

ယန်ကျန်းဆိုသည်မှာ ချင်းယွမ်မြောင်တောက်အရှင်၏ အတိတ်ဘဝမှ နာမည် ဖြစ်လေသည်။ သို့သော်… လက်ရှိ ဘဝတွင်လည်း သူက ထိုနာမည်ကိုသာ ဆက်အသုံးပြုလေသည်။ သူသည် မိုးနတ်မင်း၏ တူတော်စပ်သူ ဖြစ်ပြီး ယွိချင်တာအိုဆရာသခင်၏ မြေးတပည့်ဖြစ်လေသည်။

သူ၏အဆင့်အတန်းသည် တာအိုဆရာလီချင်းဆွေနှင့် ကောင်းကောင်းယှဉ်နိုင်လေသည်။ သူသည် လီချင်းဆွေကို အနည်းငယ် ကြောက်လန့်နေမိသည်မှာ မှန်သော်လည်း မည်သည့်အခါမှ သူမကို ဦးညွှတ်မည် မဟုတ်ပေ။

ယခုတော့ တာအိုဆရာလီချင်းဆွေသည် သူ့ကို လက်စတုံးပစ်ချင်နေသည်မှာ ထင်ရှားနေလေသည်။ ချင်းယွမ်မြောင်တောက်အရှင်သည် အသက် (၇၂)ချောင်း ရရှိအောင် ကျင့်ကြံနိုင်ခဲ့သူ ဖြစ်လေသည်။

အထပ်ထပ်အခါခါ လူပြန်ဝင်စားပြီး အစစ်ဆေးခံရမှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ ထိုသို့သော အသက်များကို ရရှိခဲ့ခြင်း ဖြစ်လေသည်။

ယခုအချိန်တွင် သူသည် ကျောက်စိမ်းဝိညာဉ်ကျင့်စဉ်တွင် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သံသရာမှ ကင်းလွတ်နိုင်တော့မည် ဖြစ်လေသည်။

သူသည် အသက်တစ်ချောင်းဆုံးရှုံးရုံမျှဖြင့် သူက သေမည့်သူမဟုတ်ပါ။ သို့သော်… အသက် (၇၃)ချောင်းရသည် အထိ ဆက်လက်ကျင့်ကြံရန် နှောင့်နှေးသွားမည် ဖြစ်လေသည်။

အသက် (၁)ချောင်းရအောင် ကျင့်ကြံရန်အတွက် သူသည် အစစ်ဆေးခံရခြင်းများစွာကို ဖြတ်ကျော်ခဲ့ရလေသည်။ ထို့ကြောင့် အသက်တစ်ချောင်းလျော့သွားခြင်းသည် သူ့အတွက်  များစွာသော ဆုံးရှုံးမှုတစ်ခု ဖြစ်လေသည်။

လီချင်းဆွေက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်…

"အင်း… ငါကလည်း အပြစ်ယူတယ်လို့ မပြောပါဘူး…"

လေထဲတွင် တန်ခိုးစွမ်းအားများ ရုတ်တရက် မြင့်တက်လာပြီး ယန်ကျန်းသည် သတိတစ်ချက်ပင် မလွတ်ရဲပေ။

ထို့နောက် ယန်ကျန်းသည် သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်ကာ ဧရာမခန္ဓာကိုယ်ကြီးတစ်ခုကို ဖန်ဆင်းလိုက် လေသည်။

သူသာ အနည်းငယ် ပေါ့ဆမိလျှင် အသက်တစ်ချောင်း ကျိန်းသေဆုံးရှုံးရမည်မှာ သေချာလေသည်။

နတ်ဘုရားများ တစ်ဦးတစ်ယောက်ချင်းစီး တရားမျှတစွာ ယှဉ်ပြိုင်မှုသည် ဖြစ်သင့်ပါသည်။ သို့သော်… ယန်ကျန်း သာလီချင်းဆွေကို ရှုံးသွားပါက ပြိုင်ဘက်တစ်ယောက်လျော့ပြီဆိုပြီး ကြိတ်ပျော်နေကြမည့် အခြားသော နတ်ဘုရား များကလည်း ဒုနှင့်ဒေး ဖြစ်လေသည်။ တစ်နည်းဆိုရလျှင် သူ့တွင် နောက်ကျောဓားနှင့်ထိုးမည့်သူများ အများကြီးပင် ရှိလေသည်။

သို့သော်… သူ့အနေဖြင့် အသက်တစ်ချောင်းဆုံးရှုံးဦးတော့ လီချင်ေးဆွကိုလည်း ဒဏ်ရာအပြင်းအထန်ရသွားအောင် သူက တိုက်ခိုက်နိုင်လေသည်။ လီချင်းဆွေ ဒဏ်ရာရသွားလျှင်တော့ သူ့အတွက် ရန်သူတစ်ယောက်လျော့သွား မည်ဖြစ်လေသည်။

……

ချင်းရွှမ်တည်ရှိရာ လောကသည် အသူရာချောက်နှင့် စတင်ပေါင်းစပ်နေပြီ ဖြစ်လေသည်။

လောက (၂)ခု စတင်ပေါင်းစပ်သည့်အခါတွင်တော့ အသူရာချောက်တွင် များစွာသော အပြောင်းအလဲများ ထပ်မံ ဖြစ်ပေါ်လာပြန်လေသည်။

အသူရာချောက်မှနေသည် ချင်းရွှမ်တည်ရှိရာလောကသို့ ရွှေ့ပြောင်းလာလေသည်။

ထိုအခါ… အသူရာချောက်တွင် ယင်စွမ်းအားများ အဆုံးမရှိမြင့်တက်လာပြီး ချင်းရွှမ်တည်ရှိရာ လောကတွင်တော့ ယန်စွမ်းအားများ အဆမတန် မြင့်တက်လာလေသည်။

လုကျိုးယွမ်သည် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ပြိုကျသွားပြီး တစ်စစီ ကွဲကျေကာ ပျောက်ကွယ်သွားလေတော့သည်။

လုကျိုးယွမ်သည် ချင်းရွှမ်တည်ရှိရာလောကနှင့် တစ်သားတည်းပေါင်းစည်းနေသူတစ်ယောက် ဖြစ်လေရာ ချင်းရွှမ် တည်ရှိရာလောကကို ကယ်တင်ရန်အတွက် ယန်စွမ်းအားများကို အမြောက်အမြားစုပ်ယူလိုက်လေရာ မိုးမြေနိယာမ များအရ လူပြန်ဝင်စားသွားရပြီ ဖြစ်လေသည်။

အသူရာချောက်နှင့်ပေါင်းစပ်သွားသည့်အခါ ချင်းရွှမ်နတ်တံခါးတည်ရှိရာ လောကမှလည်း လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် ကြီးမားကျယ်ပြန့်လာလေသည်။ ထို့နောက် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာလေတော့သည်။

ယခင်ကအတိုင်း လူ့ပြည်နှင့်ငရဲပြည် ပြန်လည်ပေါင်းစည်းပြီ ဖြစ်သည့်အတွက် ယခင်တစ်ချိန်က ပျက်စီးသွားခဲ့သည့် လောကစည်းမျဉ်းများသည် တဖြည်းဖြည်း ပြန်လည် အသက်ဝင်လာလေသည်။

အသူရာချောက်သည် ချင်းရွှမ်နတ်တံခါးတည်ရှိရာလောက၏ တခြားဘက်ခြမ်းဖြစ်လာပြီး ချင်းရွှမ်တည်ရှိရာ လောကနှင့် အသူရာချောက်ကို ယင်းစန်းတောင်ကြီးက ပိုင်းခြားပေးထားလေသည်။ အသူရာချောက်သည် ယခင်ကကဲ့သို့ အစစ်အမှန် ငရဲပြည် ပြန်ဖြစ်လာခဲ့လေသည်။

အသူရာချောက်တဖြည်းဖြည်းပြောင်းလဲလာပြီး ကံကြမ္မာနှင့် သံသရာလည်မှုများသည်လည်း စတင်ဖြစ်ပေါ်လာလေ သည်။

အသူရာချောက်တွင် ဒုက္ခခံစားရသည့် ငရဲပေါင်း (၂၈) ခု ပြန်ပေါ်လာလေသည်။

ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းတည်ရှိရာ စန်းလော်ခန်းမဆောင်သည် ယခင်အချိန်ကအတိုင်း အစစ်အမှန် စန်းလော်ခန်းမ ဆောင်အဖြစ် ပြန်လည်ပြောင်းလဲ သွားခဲ့လေသည်။

ရဲ့လျိုယွင်သည် စန်းလော်ခန်းမဆောင်ထဲတွင် ပေါ်လာလေသည်။

သူသည် ယခင်ကကဲ့သို့ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားခြင်း မရှိတော့ဘဲ ငရဲမင်းဝတ်စုံကို ဝတ်စုံထားလေသည်။

အသူရာချောက်မှ နတ်ဆိုးစစ်သည်တော်များသည် သူ၏နောက်ဘက်တွင် အစီအစဉ်တကျ ပေါ်လာလေသည်။ ဝိညာဉ်မြစ်ထဲတွင် ငရဲမှတမာန်တော်များဖြစ်သည့် နွားခေါင်းနှင့်မြင်းမျက်နှာနတ်ဆိုးများထွက်ပေါ်လာလေသည်။

အဖြစ်အပျက်များ ပြောင်းလဲသွားသည်ကိုကြည့်ပြီး တစ္ဆေဂိုဏ်းခွဲမှ ထူကျူအရှင်သည် အလွန်အမင်း ဝမ်းမြောက် ပျော်ရွှင်သွားလေသည်။ အသူရာချောက်သည့် ယခင်အချိန်ကအတိုင်း ပြန်ဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

သူက လက်ဖျောက်တစ်ချက်တီးလိုက်သည့်အခါ လေထဲတွင် တရားစီရင်ရေးစုတ်တံ ပေါ်လာပြီး စုတ်တံသည် သူ့လက်ထဲသို့ ကျဆင်းလာလေသည်။

သူက မျက်မှောင်တစ်ချက်ကြုံ့လိုက်ရင်း ရဲ့လျိုယွင်ကို ကြည့်လိုက်ပြီး…

"ဂိုဏ်းချုပ် ၊ တစ်ခုလိုနေသေးတယ် ၊ သေခြင်းရှင်ခြင်းစာအုပ်လေ…"

သူ၏စကားဆုံးသွားသည်နှင့် လေထဲတွင် စာအုပ်တစ်အုပ်ပေါ်လာလေသည်။ စာအုပ်ပေါ်တွင် တန်ခိုးစွမ်းအား အခိုး အငွေ့များဖြင့် စာတစ်ကြောင်းရေးထားလေသည်။

"သေခြင်းရှင်ခြင်းစာအုပ် ၊ ခေတ္တငှားယမ်းအသုံးပြုလိုက်သည်"

သေခြင်းရှင်ခြင်းစာအုပ်ကို ရဲ့လျိုယွင် ယူလိုက်သည့်အခါတွင်တော့ စာတမ်းများက ပျောက်ကွယ်သွားလေသည်။

ရဲ့လျိုယွင်က သေခြင်းရှင်ခြင်းစာအုပ်ကို သူ၏နတ်ဘုရားစွမ်းအားများဖြင့် ထိုးဖောက်ကြည့်လိုက်လေသည်။ သို့သော်… စာအုပ်က သူ၏ နတ်ဘုရားစွမ်းအားများကို လက်မခံဘဲ ငြင်းဆန်လိုက်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် သူ့ကို သခင်အဖြစ်မသတ်မှတ်သည်မှာ ထင်ရှားနေလေ၏။

ထိုသို့ဖြစ်ရသည်မှာ မဆန်းပါ။ သူသည်လည်း အသူရာချောက်၏ အရှင်သခင်မှ မဟုတ်ဘဲလေ။ သူသည် ငရဲမင်းဖြစ်လာသည့်တိုင် အသူရာချောက်၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။

ရဲ့လျိုယွင်က သူ၏ နတ်ဘုရားစွမ်းအားများကို အသူရာချောက်တစ်လျှောက် ဖြန့်ကျက်ကာ ဆန်းလျန်ကို ရှာဖွေ လိုက်လေသည်။ သို့သော်… မည်သည့်နေရာတွင်မှ ဆန်းလျန်ကို မတွေ့ရတော့ပေ။

အသူရာချောက်ဟုခေါ်သည့် ငရဲပြည်၏ ပိုင်ရှင်အစစ်သည် ဆန်းလျန်သာဖြစ်သည်ကို ရဲ့လျိုယွင် ကောင်းစွာ နားလည်ထားပါသည်။ ဆန်းလျန်သာ ပြန်ရောက်လာလျှင် အသူရာချောက်ကို ဆန်းလျန်ကသာ အုပ်ဆိုးခွင့်ရှိမည် ဖြစ်လေသည်။

ထိုသို့ဖြစ်လာရန်အတွက် ကြီးမြတ်သူများက ကံကြမ္မာအတိုုင်း ကြိုတင်ပြဌာန်းထားခြင်းဖြစ်သော်လည်း ရဲ့လျိုယွင် သည်လက်ခံနိုင်ရန် ခက်ခဲနေသေးသည်။

ချင်းရွှမ်တည်ရှိရာလောကနှင့် အသူရာချောက် ပြန်လည်ပေါင်းစပ်သွားသည့်အတွက် ရှေးခေတ်အချိန်ကကဲ့သို့ လူ့လောကနှင့် ငရဲပြည် ပေါင်းစပ်ကာ ပြန်လည် ဖြစ်တည်လာခဲ့ပြီး ရဲ့လျိုယွင်သည်လည်း ငရဲမင်းဖြစ်လာခဲ့လေ သည်။ ဝိညာဉ်စွမ်းအားများသည်လည်း ယခင်ကထက် အဆတစ်ရာခန့် မြင့်မားနေခဲ့လေသည်။

……

လင်စန်းတောင်…

မဟာကျားရဲ့ကိုယ်တော်ကြီး၏ လက်ထဲတွင် ပန်းတစ်ပွင့် ပေါ်လာလေသည်။

ကိုယ်တော်ကြီးက ပြုံးလိုက်ရင်း…

"အားလုံးပဲ ၊ မေတ္တေယျဗုဒ္ဓပွင့်တာကို လူ့လောကမှာ သွားစောင့်ကြရအောင်…"

"အော်မီတော်ဖော်…"

များပြားလှစွာသည့် ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များနှင့် ဗောဓိသကျများကပြိုင်တူ ရွတ်ဆိုလိုက် ကြလေသည်။

ရုတ်တရက်ပင်…

ချင်းရွှမ်နတ်တံခါးတည်ရှိရာလောက၏ အနောက်ဘက်ဒေသတွင် တောင်တစ်လုံး ထွက်ပေါ်လာလေသည်။ ထိုတောင်မှာ အနောက်ဘက်ကောင်းကင်ဘုံမှ မြင့်မြတ်သည့် လင်စန်းတောင်ပင် ဖြစ်လေတော့သည်။

…..

ဘုရင်ရှစ်ပါးနန်းတော်…

ဘုရင်ရှစ်ပါးနန်းတော်တွင်တော့ မီးလင်းဖိုနံဘေးတွင် ငယ်ရွယ်သည့် တာအိုဆရာတစ်ယောက် ထိုင်နေလေသည်။

သူက လက်ချောင်းများကို ချိုးကာ တွက်ချက်မှုတစ်ခု ပြုလုပ်လိုက်ပြီး…

"လူ့ပြည်ကိုသွားဖို့ အချိန်တန်ပြီ…"

ထို့နောက်တွင်တော့…

ချင်းရွှမ်နတ်တံခါးတည်ရှိရာလောက၏ အနောက်တောင်ဘက်တွင် မိုင် (၃၀၀၀၀) ပတ်လည်အတွင်း ခရမ်းရောင် အခိုးအငွေ့များထွကပေါ်လာပြီး တာအိုကျောင်းတော်ကြီးတစ်ခု ပေါ်လာလေသည်။

ကျောင်းတော်အပြင်ဘက်တွင် သိုးတစ်ကောင်ရှိနေပြီး ကျောင်းတော်တွင်တော့ "ချင်းယန်ကျောင်းတော်" ဟု အမည်ဆိုင်းဘုတ်ချိတ်ဆွဲထားလေသည်။

ကျောင်းတော်မှထွက်ပေါ်နေသည့် တာအိုကာရံများသည် နက်ရှိုင်းလှပြီး သက်ရှိများအားလုံးကို အကျိုးဖြစ်ထွန်းစေ လေသည်။

….

စုရှိုးချင်သည် အသူရာချောက်မှ ကျန့်ယီဂိုဏ်းတောင်တံခါးသို့ ရုတ်တရက် ပြန်ရောက်လာလေသည်။

ကျန့်ယီဂိုဏ်းတည်ရှိရာ တောင်တစ်ခုလုံးသည် ပုလဲများဖြင့်ထွန်းလင်းနေပြီး နတ်ဘုရားတစ်ပါးထွက်ပေါ်လာကာ သူမကို နူးညံ့သည့်လေသံ ဖြင့်စကားပြောလိုက်လေသည်။

"ကျုပ်က ကျန်းတောက်လင်ပါ…"

ထိုနတ်ဘုရားက စကားပြောပြီးသည်နှင့် သူ၏ အင်္ကျီလက်ထဲမှ နတ်ဘုရားအင်းသင်္ကေတတစ်ခုကို ထုတ်ယူပြီး စုရှိုးချင်ကို ပေးလိုက်လေသည်။

စုရှိုးချင်သည် ကျန်းလင်တောက်ပေးသည့် အင်းသင်္ကေတကို အမှတ်တမဲ့ပင် လက်ခံယူလိုက်မိလေသည်။

ထို့နောက် ပုလဲလုံးများဖြင့် ထွန်းလင်းနေသည့်မြင်ကွင်းများနှင့်အတူ ကျန်းလင်တောက်သည်လည်း ပျောက်ကွယ် သွားလေတော့သည်။

ထိုအချိန်မှစပြီး စုရှိုးချင်သည် ကျန်းလင်တောက်ပေးခဲ့သည့် အင်းသင်္ကေတကို အသုံးပြုကာ နတ်ဘုရားများစွာကို လွှမ်းမိုးနိုင်ခဲ့ပြီး ကျန့်ယီဂိုဏ်းသည်လည်း အထွတ်ထိပ် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့လေသည်။

ထိုက်စုနတ်ဘုရားဂိုဏ်း ပျက်စီးသွားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်လေသည်။

သို့သော်…. ထိုက်စုနတ်ဘုရားဂိုဏ်း၏ နန်းတော်အပျက်များကြားတွင် တစ်ကိုယ်လုံး အနက်ရောင်ဖြင့် ဖုံးအုပ်ထား သည့်မိန်းမပျိုတစ်ယောက် ပေါ်လာလေသည်။ သူမက ထိုက်စုနန်းတော်အပျက်များဆီသို့ လက်နှစ်ချောင်းဖြင့် ညွှန်ပြလိုက်လေရာ ထိုက်စုနန်းတော်သည် တာအိုနန်းတော်ကြီးတစ်ခုအဖြစ် ပြန်လည်ဖြစ်တည်လာလေသည်။

နန်းတော်ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်အားများ ချက်ချင်းပင် စုဝေးလာလေတော့သည်။

နန်းတော်အဝေးတစ်နေရာရှိရေကန်တွင်လည်း ဝိညာဉ်စွမ်းအားများစုဝေးနေပြီး နတ်မြက်ပင်များ လျှင်မြန်စွာ ပေါက်ဖွားကြီးထွားလာလေတော့သည်။

လူ့လောကတွင် အသီးသီးနေထိုင်နေကြသည့် ထိုက်စုနတ်ဘုရားဂိုဏ်းသူများသည် သူတို့၏ မှတ်ဉာဏ်များ ပြန်လည်ရရှိလာပြီး ထိုက်စုနန်းတော်ရှိရာသို့ စုဝေးရောက်ရှိလာကြလေတော့သည်။

ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းတွင်တော့ ရုတ်တရက် စုန့်ချင်းယီ ပြန်ပေါ်လာလေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဆရာဖြစ်သူ လုကျိုးယွမ် ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများကို သပ်ရပ်စွာဖြင့် ဝတ်ဆင်ထားလေသည်။

ထိုအချိန်မှာပင်… ဝမ်ရှီတောက်က သူ့နံဘေးသို့ရောက်လာလေသည်။

"မင်းက ဆရာ့ရဲ့အဝတ်အစားတွေကို ဆက်ခံပြီး ဝတ်ဆင်ထားတယ်ဆိုတော့ အခုအချိန်ကစပြီး မင်းက ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပဲ…"

နောက်ပိုင်းတွင်တော့ လောကတစ်ခုလုံးတွင် ထူးဆန်းသည့် အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး ခေတ်သစ်တစ်ခု ဖြစ်တည်မွေးဖွားလာလေတော့သည်။

……

ထိုအချိန်တွင်…

မရှိမှုကျေးရွာတွင်တော့ ချင်းယွမ်မြောင်တောက်အရှင်နှင့် လီချင်းဆွေတို့ တိုက်ပွဲက မုန်တိုင်းထန်လျှက်ရှိလေသည်။

ချင်းယွမ်မြောင်တောက်အရှင်ယန်ကျန်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် သဲပုံကြီးပြိုကျသွားသကဲ့သို့ ပြိုကျ ပျက်စီး သွားလေသည်။

သဲပုံထဲမှ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသည့် လူတစ်ယောက်ထွက်ပေါ်လာလေသည်။ ထိုသူ၏ အသက်ရှူသံမှာ အလွန်အားနည်းလျှက်ရှိလေသည်။

လီချင်းဆွေ၏ ပတ်ပတ်လည်တွင် ကြာပန်းအကြွေများ လွင့်မျောနေကြလေသည်။

ချင်းယွမ်မြောင်တောက်အရှင်ယန်ကျန်းက အံ့ကို တင်းတင်းကြိတ်လိုက်ရင်း…

"မင်း အခု ကျေနပ်ပြီလား…"

လီချင်းဆွေက တည်ငြိမ်စွာပင် ရပ်နေလေသည်။

သို့သော် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ဓားဒဏ်ရာတစ်ချက် ရှိနေလေသည်။ ဒဏ်ရာကို ချက်ချင်းပျောက်ကင်း သွားအောင် ကုသနိုင်ခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ တန်ခိုးစွမ်းအားများစွာ ဆုံးရှုံးသွာဟန် ရှိလေ သည်။

လီချင်းဆွေက…

"နောက်တစ်ခါတော့ ငါ… ဒဏ်ရာမရစေရဘူး"

စကားဆုံးသွားသည်နှင့် တာအိုဆရာလီချင်းဆွေသည် လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

ထိုစကားသံကြောင့် ယန်ကျန်းသည် ကျောရိုးတစ်ယောက် အေးစိမ့်သွားရလေသည်။

သူသည် ကျောက်စိမ်းဝိညာဉ် နန်းတော်သို့ မပြန်တော့ဘဲ လူပြန်ဝင်စားခြင်း (၆)ဘုံသို့ ဝင်ရောက်သွားလေသည်။ သူ၏ အသက်တစ်ချောင်း ဆုံးရှုံးခဲ့ရပြီဖြစ်သည့်အတွက် ကျင့်စဉ်လမ်း အောင်မြင်ရန် ဆက်လက်ကျင့်ကြံရတော့မည် ဖြစ်လေသည်။

All Chapters