နတ်ဘုရားတွေနဲ့နတ်မိစ္ဆာတွေကိုဝန်ဆောင်မှုပေးပါလား
Vol. 8 Ch. 710
ကူးဝေေ၀၏ စကားဆုံးသွားသည်နှင့် ဆန်းလျန်က ကူးဝေေ၀၏ လက်လေးများကို ဆုပ်ကိုင်လိုက်လေသည်။
ကူးဝေေ၀မှာ အံ့သြမှင်တက်သွားရလေသည်။ ဆန်းလျန်၏အပြုအမူကြောင့်မဟုတ်ပါ။ ဆန်းလျန်၏ လက်များသည် ကျောက်စိမ်းသားအလား အေးစက်နူးညံ့နေသောကြောင့် ဖြစ်လေသည်။
သူမက ဆန်းလျန်ကို အော်ထုတ်ချင်လိုက်မိသော်လည်း ဆန်းလျန်ကတော့ သူမကို ငေးကြည့်နေလေသည်။ ကူးဝေေ၀သည် မအော်မိတော့ဘဲ သက်ပြင်းတစ်ချက်ချကာ ဆန်းလျန်၏ မျက်ဝန်းများကို ပြန်ငေးကြည့်နေမိလေ သည်။ ဆန်းလျန်၏အကြည့်များကို မကြွေသည့် မိန်းကလေး လောကတွင် ရှိနိုင်ပါမည်လားဟု ကူးဝေေ၀ တွေးလိုက်မိလေသည်။
"ဂိုဏ်းတူအစ်မ ၊ အစ်မပြောတာမှန်တယ်… ၊ အဲဒီပညာတွေကို တခြားသူတွေသိအောင် သင်မပေးချင်ဘူး ၊ အဲဒါကြောင့်လည်း အခုလို အတိတ်မေ့သွားရတာဖြစ်ရမယ်…"
ကူးဝေေ၀မှာ ဆန်းလျန်၏ ဘဝအကြောင်းများကို စဉ်းစားရင်း အစကတည်းက စိတ်ရှုတ်ထွေးနေရသူ ဖြစ်လေသည်။
ရုတ်တရက် သူမက သတိလက်လွတ် "အား" ကနဲ တစ်ချက်အော်လိုက်ရင်း…
"ဆန်းလျန်… နာတယ်ဟ…"
ဟုပြောကာ သူမလက်များကို ရုန်းလိုက်လေသည်။
ဆန်းလျန်က စိတ်ရှုတ်ထွေးသွားဟန်ဖြင့်…
"ကျွန်တော် ဒီလောက်လည်း အားထည့့်ပြီး ကိုင်ထားတာ မဟုတ်ဘဲနဲ့…"
ကူးဝေေ၀မှာ ဆန်းလျန်၏ စကားကြောင့် ရှက်သွားလေသည်။
ထို့ကြောင့် သူမက အသံကျယ်ကျယ်ဖြင့်…
"မိန်းကလေးတစ်ယောက်ရဲ့လက်ကို ဒီလိုမျိုး လက်ရဲဇက်ရဲနဲ့ ကိုင်ရဲတာ အရှက်မရှိဘူးလား…"
ကူးဝေေ၀ တကယ်ပင်ဒေါသထွက်နေသည်ကို ရိပ်မိတော့မှ ဆန်းလျန်က သူမ၏ လက်များကို လွှတ်ပေးလိုက်ပြီး…
"ဂိုဏ်းတူအစ်မကလည်း… အရင်ကလည်း ဒီလိုပဲလေ ၊ ပြီးတော့ ကျွန်တော်တို့ က ကျင့်ကြံသူတွေပဲ ၊ ခွဲခြားနေစရာ လိုလို့လား…"
ကူးဝေေ၀မှာ အကြီးအကျယ်ဒေါသထွက်သွားပြီ ဖြစ်လေသည်။
"ရှင်က ကျင့်ကြံသူဆိုတာနဲ့ပဲ ကလေကချေတစ်ယောက်လို ပြုမူနေတာလား…"
ဆန်းလျန်က တည်ကြည်လေးနက်သည့်လေသံဖြင့်…
"ကျင့်ကြံခြင်းမှာ အရာအားလုံးထက် စိတ်နှလုံးက ပိုအရေးကြီးပါတယ် ၊ ကျွန်တော် အစ်မလက်ကို ကိုင်တော့ အစ်မ ဘယ်မှာငြင်းလို့လဲ ၊ ဒါပေမယ့် အခုကျ ဘာလို့ မကြိုက်တဲ့ဟန် ဆောင်နေရတာလဲ ၊ ပြီးတော့ မိန်းကလေး တစ်ယောက်ရဲ့လက်ကိုကိုင်မိတာနဲ့ ဘာလို့ ကလေကချေ ဖြစ်သွားရမှာလဲ…"
ဆန်းလျန် ထိုသို့ပြန်ပြောလိမ့်မည်ဟု ကူးဝေေ၀ ထင်မထားခဲ့မိပေ။
သို့သော်… ဆန်းလျန်ပြောသည့် စကားများသည် အမှန်ပင် ဖြစ်လေသည်။ ဆန်းလျန် သူမလက်ကို ကိုင်ထားသည် ကိုသူမမငြင်းဆန်ခဲ့မိပေ။ ထိုအချက်မှာ ထူးဆန်းလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ဆန်းလျန်နှင့် တွေ့ဆုံသည်မှာ မကြာသေးသော်လည်း နှစ်ပေါင်းများစွာ သိကျွမ်းရင်းနှီးလာသူတစ်ယောက်ပမာ ခံစားနေရလေ သည်။
သူမတွေးနေစဉ်မှာပင် ဆန်းလျန်ကတော့ သူမ၏ လက်များကို လွှတ်လိုက်ပြီ ဖြစ်လေသည်။
ကူးဝေေ၀သည် အနည်းငယ်စိတ်သာသာရာရသွားသည့်တိုင် စိတ်အနှောက်အယှက်လည်း ဖြစ်နေမိလေသည်။
ထိုသို့ဖြင့် အချိန် (၃)ရက် ကြာသွားခဲ့လေ၏။
ဆန်းလျန်သည်လည်း ကူးဝေေ၀၏ စားသောက်ဆိုင်တွင် အခြေကျနေခဲ့ပြီ ဖြစ်လေသည်။ သို့သော်… "သောက်ပြီးရင်မပြန်နဲ့တော့" စားသောက်ဆိုင်ကတော့ တစ်စက်ကလေးပင် ဈေးရောင်းရခြင်း မရှိပေ။
ကူးဝေေ၀သည် စိတ်ရှုတ်နေခဲ့သော်လည်း ဆန်းလျန် ဖန်ဆင်းပေးလိုက်သည့် ရွှေခွက်လေးသည် သူတို့အတွက် (၆) လခန့် ကောင်းကောင်းစားသောက်နိုင်ရန် လုံလောက်လေသည်။
သို့သော်… ကူးဝေေ၀က ဆန်းလျန်ကို နောက်ထပ်ရွှေဖြစ်အောင် ပြောင်းလဲခိုင်းသည့်အလုပ်မျိုး ထပ်မလုပ်ခိုင်တော့ ပေ။
အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် ဖြူစင်ရိုးသားသူတစ်ယောက်ဖြစ်သည့်အတွက် သူ့ကို ဒုက္ခမရောက်စေချင် သောကြောင့် ဖြစ်လေသည်။
ဆန်းလျန်သည် တစ်ညလုံးအိပ်နေတတ်လေ့ရှိပြီး အိပ်သည့်အခါတွင်လည်း အသက်ရှူသံ မကြားရပေ။ ထို့ကြောင့် ဆန်းလျန် နိုးမလာသည့်အချိန်များတွင် ကူးဝေေ၀က သူ့ကို သေပြီဟု ထင်သွားတတ်လေသည်။
နောက်ပိုင်းတွင်တော့ ဆန်းလျန်က သူသည် အသက်ရှူရန် မလိုအပ်ကြောင်းနှင့် ရာသီဥတု အပူဒဏ်အအေး ဒဏ်များကိုလည်း ခံနိုင်ရည်ရှိကြောင်း ကူးဝေေ၀ကို ပြောပြလိုက်လေသည်။
ကူးဝေေ၀က ဆန်းလျန်မှာ အလွန်ထူးခြားဆန်းကြယ်သူတစ်ယောက်ဖြစ်ကြောင်းကို အသိအမှတ်ပြုလက်ခံလိုက် လေသည်။ သူ၏ဘဝတွင် တစ်စုံတစ်ခု ဆိုးဝါးစွာ ဖြစ်ပျက်ခဲ့သည့်အတွက်သာ သူမ၏ စားသောက်ဆိုင်တံခါးဝသို့ ရောက်ရှိလာပြီး သတိမေ့နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်… သူမ စိတ်ပူနေသည့် အချက်တစ်ခု ရှိလေ၏။
ဆန်းလျန်သာ အတိတ်ကို ပြန်သတိရသွားလျှင် သူမကို စွန့်ခွာပြီး ပိုင်ကျားမြို့မှ ထွက်ခွာသွားမည် ဖြစ်လေသည်။
သူမတွင် မိဘများလည်း မရှိတော့သလို မွေးချင်းမောင်နှမများလည်း မရှိပေ။ ထို့ပြင် သူမသည် နာမည်မကောင်း ခဲ့သူဖြစ်သည့်အတွက် သူမကို ပေါင်းသင်းမည့် မိတ်ဆွေအပေါင်းအသင်းလည်း တစ်ယောက်မှ မရှိပေ။ ဆန်းလျန် သာထွက်ခွာသွားမည်ဆိုလျှင် သူမသည် တစ်ယောက်တည်းအထီးကျန်စွာ ကျန်ရစ်ရတော့မည် ဖြစ်လေသည်။
ဆန်းလျန်သည် ထူးဆန်းသူတစ်ယောက်ဖြစ်သော်လည်း ပိုင်ကျားမြို့မှ အခြားသူများကဲ့သို့ သူမကို ဝေဖန်အပုတ်ချ ခြင်းမျိုးတစ်ခါမှ မပြုလုပ်ခဲ့ပေ။
ဆန်းလျန်သည် အမြဲတမ်း အေးအေးဆေးဆေးနေတတ်ပြီး ထမင်းစားချိန်မှသာလျှင် သူမကို အဖော်ပြုပေးတတ် လေသည်။ သူတို့ (၂)ယောက်၏ ဘဝသည် ရိုးရှင်းလွန်းသည့်တိုင် ကူးဝေေ၀အတွက်တော့ ပြီးပြည့်စုံလျှက်ရှိလေ ၏။
မကောင်းသည့်အချက်တစ်ခုမှာတော့ ဆန်းလျန်သည် သူမကို ဆိုင်အလုပ်များ ကူလုပ်ပေးခြင်း လုံးဝမရှိပေ။ သို့သော်… ကိစ္စမရှိပါ။ ဆိုင်သည်လည်း ဈေးရောင်းရသည်မှ မဟုတ်ဘဲလေ။
ကူးဝေေ၀ ဟိုဟိုဒီဒီတွေးနေဆဲမှပင် အပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရလေသည်။
"တာအိုဆရာ… မင်းကြည့်ရတာ ပျင်းနေသလိုပဲ ၊ ကျုပ်ကို ဗေဒင်တွက်မပေးချင်ဘူးလား"
ထိုသူ၏ အသံက လူဆိုးလူမိုက်တစ်ယောက်နှင့်တူပြီး ထိုသူ၏အမည်မှာ ပိုင်ရှောက်ယွီဖြစ်လေသည်။
ဆန်းလျန်က…
"ဘာမေးမလဲ မေးလေ…"
ပိုင်ရှောက်ယွီက ရယ်မောလိုက်ရင်း…
"ကျုပ် ဒီနေ့ ပိုက်ဆံဘယ်လောက်ရမလဲ…"
ဆန်းလျန်က ပိုင်ရှောက်ယွီကို တစ်ချက်ကြည့်လိုက်ပြီး သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူလိုက်လေသည်။
ထို့နောက်… သူက သစ်ရွက်ခြောက်များကို အနည်းငယ်ဖယ်လိုက်ပြီး မြေပြင်ပေါ်တွင် စာတစ်ကြောင်းရေးလိုက်လေ သည်။
"မင်းရဲ့အိတ်ကပ်က မင်းမျက်နှာထက်တောင် ပြောင်နေသေးတယ်…"
ပိုင်ရှောက်ယွီမှာ နည်းနည်းပါးပါးစာတတ်သည့်အတွက် ဆန်းလျန်ရေးလိုက်သည့် စာလုံးများကို နားလည်လေသည်။
သို့သော်… သူက ဆန်းလျန်ကို ဒေါသထွက်သွားခြင်းမရှိပေ။ လွန်ခဲ့သည့် (၂)ရက်ခန့်ကပင် သူသည် ထိုတာအိုဆရာ နှင့်စကားပြောခဲ့ပြီး ထိုသူသည် အလွန်စိတ်ဝင်စားစရာကောင်းသူတစ်ယောက်ဖြစ်ကြောင်း သိခဲ့ရလေသည်။ ထို့ကြောင့် သူက ဗေဒင်တွက်ခိုင်းလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန် ဗေဒင်တွက်ပေးရန်ပြောလိုက်သည့်တိုင် ပိုင်ရှောက်ယွီက ဆန်းလျန်ဟောသည်ကို သိပ်အယုံအကြည် မရှိပါ။ အပျော်သဘောဖြင့် ဗေဒင်တွက်ခိုင်း လိုက်ခြင်းသာ ဖြစ်လေသည်။ ထို့ပြင် သူက ရွှတ်နောက်နောက် လူတစ်ယောက်ဖြစ်သည့်အတွက် ဆန်းလျန်ကို စ နောက်လိုသည့်အတွက် မေးမြန်းလိုက်ခြင်းလည်း ဖြစ်လေ၏။
သို့သော်… ဆန်းလျန်က "ဒီနေ့ တစ်ပြားမှ ပိုက်ဆံရမည်မဟုတ်" ဟု စာတစ်ကြောင်းရေးပြပြီး ဗေဒင်ဟောပေးလိုက်လေသည်။ အခြားသူက ထိုသို့ နမိတ်မရှိ နမာမရှိ ဟောမည်ဆိုလျှင်တော့ ပိုင်ရှောက်ယွီက ဆဲဆိုကြိမ်းမောင်းမည် ဖြစ်လေသည်။
သို့သော် ဆန်းလျန်ကတော့ မတူပေ။
ပိုင်ရှောက်ယွီသည် လူဆိုးလူမိုက်တစ်ယောက်ဖြစ်ပြီး ပိုင်ကျားမြို့ရှိလူအများစုက သူ့ကို အထင်သေးကြလေသည်။ သို့သော်… ဆန်းလျန်ကတော့ သူ့အပေါ်တွင် အမြဲတမ်း စိတ်ရှည်လေသည်။ သူ၏ အဓိပ္ပါယ်မရှိသည့် လုပ်ရပ်များကို သည်းခံသူအနည်းငယ်သာရှိလေရာ ထိုသူများထဲတွင် ဆန်းလျန်လည်း တစ်ယောက်အပါအဝင် ဖြစ်လေသည်။
ထို့ပြင် ဆန်းလျန်သည် သူများအိမ်တွင် ကပ်နေသူတစ်ယောက်ဖြစ်သော်လည်း သူ၏အပြုအမူအပြောအဆိုများက ယဉ်ကျေးသိမ်မွေ့ကာ အထက်တန်းကျလေသည်။
ပိုင်ကျားမြို့တွင် လောင်းကစားဂေဟာကြီးတစ်ခုကို ပိုင်ဆိုင်သည့် သူဌေးကြီးပိုင်ကို ပိုက်ရှောက်ယွီ ကောင်းကောင်း သိလေသည်။ ဆန်းလျန်သည် ထိုသူဌေးကြီးထက်ပင် နေပုံထိုင်ပုံ အထက်တန်းကျသူတစ်ယောက် ဖြစ်လေသည်။
ညနေစောင်းတော့မည်ဖြစ်သည့်အတွက် ပိုင်ရှောက်ယွီက တစ်ချက်ပြုံးလိုက်ရင်း…
"ကျုပ်မှာ ကြေးပြား (၉) ပြားရှိတယ် ၊ တစ်ခုခုသွားလုပ်လိုက်ဦးမယ် ၊ ပြန်လာရင် ခင်ဗျားအတွက် စားစရာတစ်ခုခု ဝယ်ခဲ့မယ်"
သူသည် ဆန်းလျန်ရေးပြသည့်စာကို စိတ်ထဲတွင် မှတ်ထားပြီး ညကျလျှင် ဆန်းလျန်ကို ထပ် စ ဦးမည်ဟုတွေးနေ လေသည်။
ဆန်းလျန်ကပြုံးလိုက်ရင်း…
"ကျုပ်ရေးပြထားတဲ့စာကို မင်းမတွေ့ဘူးလား ၊ မင်းမှာ ကျုပ်ကို စားစရာဝယ်ကျွေးဖို့ ပိုက်ဆံတစ်ပြားတောင် ကျန်မှာ မဟုတ်ဘူး"
ပိုင်ရှောက်ယွီက ရယ်မောလိုက်ရင်း…
"ကျုပ်ကိုသာ စောင့်နေစမ်းပါ တာအိုဆရာရယ်…"
ပြောပြီးသည်နှင့် ပိုင်ရှောက်ယွီ ထွက်ခွာသွားလေ တော့သည်။
ထိုအချိန်မှာပင်… ကူးဝေေ၀ အပြင်သို့ ထွက်လာလေသည်။
သူမက သဘောမကျသည့်လေသံဖြင့်…
"အဲဒီလူဆိုးကောင်နဲ့ ဘာလို့သွားပတ်သက်နေရတာလဲ ၊ သူ့မှာ တစ်ပြားမှမရှိတဲ့နေ့ကျ ရှင့်ဆီက ပိုက်ဆံလာချေး လိမ့်မယ်…"
ဆန်းလျန်က…
"သူ မလုပ်ပါဘူး…"
ကူးဝေေ၀က…
"ရှင်တော့ ခံရမှ သိမယ်…"
ဆန်းလျန်၏ စိတ်နေစိတ်ထားထူးဆန်းမှုက တစ်ခါတစ်ရံတွင် သူမကို စိတ်အနှောက်အယှက် ဖြစ်စေလေသည်။
ကူးဝေေ၀က ဆက်ပြောလိုက်လေသည်။
"ရှင်သိပ်ပျင်းနေတယ်ဆိုရင်လည်း ကျွန်မရဲ့ စားသောက်ဆိုင် ရောင်းကောင်းဖို့ ဘာလုပ်သင့်လဲဆိုတာ တစ်ခုခု စဉ်းစားပေးပါလား"
ဆန်းလျန် တစ်နေကုန် အားယားနေသည်ကို သူမသည် ကြည့်မရဖြစ်နေမိလေသည်။
ဆန်းလျန်က…
"ဒီမြို့ကလူတွေက အစ်မကို ဂြိုဟ်ဆိုးလို့ ထင်နေကြတာလေ ၊ ဘယ်လောက် အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ ရောင်းရောင်း ဘယ်သူမှ လာစားကြမှာမဟုတ်ဘူး"
ဆန်းလျန်စကားကို ကြားသည်နှင့် ကူးဝေေ၀မှာ ငြင်းပယ်ခံရသလို ခံစားလိုက်ရပြီး ဒေါသများ ထွက်လာလေတော့ သည်။
"ဒီအကြောင်းတွေ ရှင် ဘယ်လိုလုပ် သိသွားတာလဲ ၊ ဟို ပိုင်ရှောက်ယွီဆိုတဲ့အကောင် ပြောပြတာမဟုတ်လား"
ဆန်းလျန်က သူ၏နားရွက်ကို လက်ညိုးထိုးပြလိုက်ရင်း…
"ကျွန်တော် နားရွက်တစ်ချက်လှုပ်လိုက်တာနဲ့ မိုင်တစ်ထောင်ပတ်လည်က အကြောင်းအရာတွေ အကုန်လုံးကို ရှင်းရှင်းလင်းလင်းကြားနိုင်တယ် ၊ ပိုင်ကျားမြို့မှာ အပ်ကျတာကအစ ကျွန်တော် မသိတာ မရှိဘူး…
ကူးဝေေ၀က…
"အလုပ်မရှိ အဲဒါတွေ လုပ်နေတာပေါ့လေ…"
ဆန်းလျန်က အပြုံးယဲ့ယဲ့လေးတစ်ချက် ပြုံးလိုက်ရင်း…
"ဂိုဏ်းတူအစ်မ… စိတ်မဆိုးပါနဲ့ ၊ ဒီစားသောက်ဆိုင်လုပ်ငန်းက အစ်မ ပင်ပန်းရတာနဲ့ မတန်ပါဘူး ၊ ပြီးတော့ လုပ်ငန်းမအောင်မြင်လို့ စိတ်ညစ်နေမယ်ဆိုရင် အစ်မရဲ့ ကျင့်စဉ်လမ်းမှာ ထိခိုင်လိမ့်မယ် ၊ ဒီတော့ ကျွန်တော့်မှာ အကြံတစ်ခုတော့ရှိတယ်…"
ကူးဝေေ၀က…
"ဘာအကြံလဲ…"
ဆန်းလျန်က…
"လူတွေက ငတုံးတွေများတယ် ၊ အဲဒီတော့ သူတို့တွေကို ဝန်ဆောင်မှုပေးဖို့အတွက် အချိန် အကုန်မခံနဲ့တော့ ၊ သာမန်စားသောက်ဆိုင်တစ်ခုလောက်ကို ဖွင့်မနေနဲ့တော့…"
ကူးဝေေ၀က…
"ဒါဖြင့် ဘာလုပ်ရမလဲ…"
ဆန်းလျန်က…
"အစ်မရဲ့ ဝန်ဆောင်မှုကို နတ်ဘုရားတွေနဲ့ နတ်မိစ္ဆာတွေကိုသာ ပေးလိုက် ၊ သူတို့က လူတွေနဲ့မတူပေမယ့် စားတော့ စားကြမှာပဲ ၊ ပြီးတော့ အဲဒီလိုစီးပွားရေးမျိုးသာလုပ်ရင် တခြားအကျိုးအမြတ်တွေလည်း အများကြီးရလာ နိုင်တယ်"