← Chapters

ရေနွေးအဖြူထည်တစ်အိုး

Vol. 8 Ch. 716

ရေနွေးအဖြူထည်တစ်အိုး

Vol. 8 Ch. 716

မိုးရေစက်များသည် အနက်ရောင်ထီးပေါ်သို့ ကျဆင်းနေလေသည်။

အနက်ရောင်ဝတ်မိန်းကလေးက ထီးကိုစားသောက်ဆိုုင်အပြင်ဘက်တွင် ချထားလိုက်ပြီး သက်လတ်ပိုင်းအရွယ် လူရွယ်နှင့်အတူ ဆိုင်အတွင်းသို့ ဝင်လာလေသည်။

ကူးဝေေ၀သည် ငယ်စဉ်ကပင် စားသောက်ဆိုင်လုပ်ငန်းဖြင့် ရင်းနှီးခဲ့သူ ဖြစ်လေသည်။ သူမ၏ စားသောက်ဆိုင် သည်ရောင်းကောင်းခြင်းမရှိသည့်တိုင် ပိုင်ကျားမြို့ မြောက်ပိုင်းလမ်းမကြီးပေါ်တွင် တည်ရှိသည့်အတွက် နှစ်တိုင်း ခရီးသွားဧည့်သည်အချို့ကတော့ ရောက်လာတတ်စမြဲ ဖြစ်လေသည်။

ထို့ကြောင့် ကူးဝေေ၀သည် စိတ်နေစိတ်ထားအမျိုးမျိုး ၊ ပုံသဏ္ဍန်အမျိုးမျိုး ၊ ခံယူချက်အမျိုးမျိုးနှင့် လူပေါင်းများစွာ ကို တွေ့ဆုံဖူးလေသည်။ သို့ဖြစ်လေရာ… သူမသည် လူကဲခတ်ညံ့သူတစ်ယောက် မဟုတ်ပေ။

ယခု ဆိုင်အတွင်းသို့ ဝင်လာသည့် သက်လတ်ပိုင်းအရွယ် လူရွယ်ကို တွေ့လိုက်ရသည့် အခါတွင်တော့ ထိုသူသည် သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်သည်ကို ကူးဝေေ၀က ချက်ချင်း ရိပ်မိလိုက်လေသည်။

ထိုလူရွယ်၏ လက်ချောင်းများမှာ ဖြူဖွေးသန့်စင်နေပြီး ရှည်ရှည်သွယ်သွယ်နှင့် ဖြစ်လေရာ အလုပ်ကြမ်းလုပ်ရသည့် လက်များမဟုတ်သည်မှာ ထင်ရှားနေလေ၏။ ထို့ပြင် ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်သည်ကိုလည်း ခန့်မှန်း လိုက်မိလေသည်။ သို့သော်… ထိုသူ၏ မျက်လုံးတစ်ဝိုက်တွင်တော့ အရေးအကြောင်းများ ထင်နေလေသည်။ သူ၏ အသက်အရွယ်အရ ဆိုလျှင် ထိုမျှ မအိုစာသင့်သေးပေ။ ထို့ကြောင့် ထိုလူရွယ်တွင် စိတ်ပင်ပန်းစရာ အခက်အခဲများ ရှိနေကြောင်းကို ကြည့်ရုံဖြင့်သိနိုင်လေသည်။

ထိုလူရွယ်၏ ဘဝသည်လည်း ဇာတ်လမ်းအဖုံဖုံ အကြောင်းအရာမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရဟန်ရှိသည်ဟု ကူးဝေေ၀ တွေးနေမိလေသည်။ လူတိုင်းတွင် ဇာတ်လမ်းများစွာ ရှိကြလေသည်။ ကြွယ်ဝချမ်းသာမှု ၊ ချောမောလှပမှု ၊ မိန်းမ လိုက်စားခြင်းများ စသည်ဖြင့် ဖြစ်လေ၏။

သူမသည် လူရွယ်ကို တိတ်တဆိတ်လေ့လာနေသော်လည်း စိတ်ဝင်စားခြင်း အလျဉ်းမရှိပါ။ သူမ၏ မျက်ဝန်းထဲတွင် ဆန်းလျန်နှင့် ယှဉ်နိုင်သူ တစ်ယောက်မှ မရှိပေ။

ကူးဝေေ၀က သက်လတ်ပိုင်းအရွယ်လူရွယ်ကို တိတ်တဆိတ်လေ့လာနေချိန်တွင် သက်လတ်ပိုင်းအရွယ် လူရွယ်က တော့ဆန်းလျန်ကို စိတ်ဝင်စားနေဟန် ရှိလေသည်။ ဆန်းလျန်၏ ပုံစံမှာ ရွှံ့နွံများအကြားမှ သန့်စင်စွာ ပွင့်လန်းနေ သည့်ကြာပန်းတစ်ပွင့်အလား ထူးခြားလေသည်။ အထူးခြားဆုံးမှာ ဆန်းလျန်၏ မျက်ဝန်းများပင် ဖြစ်လေ၏။ ထိုမျက်ဝန်းများသည် အခြားသူများ၏ စိတ်အာရုံကို စွဲဆောင်နိုင်စွမ်း ရှိလေသည်။

လူရွယ်သည် ငယ်စဉ်အချိန်က အရှေ့တောင်ပိုင်းဒေသရှိ ထင်ရှားသည့် တောင်တစ်တောင်သို့ ရောက်ခဲ့ဖူးလေ သည်။ ထိုအချိန်ကလည်း လူငယ်တစ်ယောက်နှင့် ဆုံခဲ့ဖူးလေသည်။ ထိုလူငယ်မှာ သူ့ကို စိမ်းလန်းသောပိုးစာခင်း များရှိရာသို့ သူ့ကိုလမ်းပြပေးခဲ့သည့် ဒေသခံလူငယ်တစ်ယောက် ဖြစ်လေသည်။

ထို့ပြင် ထိုလူငယ်ပြောပြသည်မှာ ဟိုးလွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပိုးစာခင်းများရှိရာနေရာသည် ပင်လယ်ကြီး တစ်ခုဖြစ်ခဲ့ပြီး အချိန်ကာလ ကြာလွန်းသည့်အတွက် မြေပြင်အနေအထားများ ပြောင်းလဲသွားသည်ဆိုသည့် အချက် ပင်ဖြစ်လသည်။

ယခု သူ့ရှေ့မှ လူငယ်တာအိုဆရာကိုတွေ့မြင်ရသည်မှာ ထိုလူငယ်ကဲ့သို့ပင် ခံစားရစေလေသည်။ သို့သော်… ယခု တာအိုဆရာမျက်ဝန်းများက ပို၍ပင် နက်ရှိုင်းသယောင် ထင်မှတ်ရလေ၏။

သက်လတ်ပိုင်းအရွယ် လူရွယ် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲ ပြဿနာများ ၊ နှစ်ပေါင်းများစွာ မဖြေရှင်း နိုင်သည့် ပြဿနာများကို ထိုလူငယ်ကို ဖွင့်ပြောပြချင်နေမိလေသည်။

သို့သော် ကူးဝေေ၀၏ စကားသံထွက်ပေါ်လာသည့်အတွက် သက်လတ်ပိုင်းလူရွယ်၏အတွေးများ ပျောက်ကွယ် သွားရလေသည်။

"လူကြီးမင်း ၊ ဘာများသုံးဆောင်လိုပါသလဲရှင် ၊ စားစရာ သောက်စရာ အကုန်ရပါတယ်…"

သက်လတ်ပိုင်းအရွယ် လူရွယ်မှာ ပညာတတ်တစ်ယောက်ဖြစ်လေရာ ကူးဝေေ၀၏ မျက်နှာထက်မှ ဈေးရောင်းချင် သည့်အပြုံးကိုနားလည်လိုက်လေသည်။

"ရေနွေးအဖြူထည်တစ်အိုးပေးပါ…"

ကူးဝေေ၀မှာ စိတ်ပျက်သွားရလေသည်။

လူရွယ်သည် ပိုက်ဆံချမ်းသာပုံရသည့်အတွက် မျိုးမျိုးမြတ်မြတ်ကလေးများ ရောင်းရလေမလားဟု တွေးထင်ထား ခဲ့မိသော်လည်း လူရွယ်မှာကြားလိုက်သည်က ရေနွေးအဖြူထည်တစ်အိုး ဖြစ်လို့နေခဲ့သည်။ သို့သော် မည်သို့မှ မတတ်နိုင်ပေ။

ကူးဝေေ၀က…

"ခဏလောက် ထိုင်ကြပါဦးရှင့် ၊ ကျွန်မ ရေနွေးသွားကျိုလိုက်ပါဦးမယ်…"

ကူးဝေေ၀ မီးဖိုချောင်အတွင်းသို့ဝင်လာပြီး ရေနွေးအိုးတည်ရန် ပြင်ဆင်နေချိန်မှာပင် သူမအနားသို့ ဆန်းလျန် ရောက်လာလေသည်။

ကူးဝေေ၀က…

"အားလျန်… ဘာလို့လိုက်လာတာလဲ…"

ဧည့်သည်များပြန်သွားကြသည့်အတွက် ဆန်းလျန် သူမနောက်သို့ လိုက်လာသည်ဟု ကူးဝေေ၀က ထင်လိုက်မိလေ သည်။

ဆန်းလျန်က…

"ကျွန်တော် ရေနွေးအိုးတည်ပေးမလို့…."

ကူးဝေေ၀က…

"ကောင်းပြီ… ဒါနဲ့ အဲဒီဧည့်သည်က ကပ်စေးနဲတဲ့ပုံပဲနော်…"

ဆန်းလျန်က…

"ကပ်စေးနဲတာထက် သတိထားနေတာဖြစ်ရမယ်…"

ကူးဝေေ၀သည်လည်း ခပ်တုံးတုံးမဟုတ်သည့်အတွက် ဆန်းလျန်ပြောသည့် စကားအဓိပ္ပါယ်ကို နားလည်လိုက်လေ သည်။

အိမ်နှင့်ဝေးသည့်နေရာတစ်ခုတွင် ရေနွေးအဖြူထည်ကိုသာ မှာပြီးသောက်ခြင်းမှာ အနည်းငယ် ထူးဆန်းလေသည်။

အဘယ်ကြောင့် ထိုသို့ ပြုလုပ်ရပါသနည်း။

အဘယ်ကြောင့်ဆိုသော် ရေနွေးအဖြူထည်ဆိုသည်က အနံ့ ၊ အရသာ ၊ အရောင်အဆင်း တစ်ခုမှ မရှိပေ။ ထို့ကြောင့် အဆိပ်ခတ်ရန် ခက်ခဲလေသည်။ အဆိပ်ခတ်မည်ဆိုပါကလည်း အနံ့ ၊ အရသာ ၊ အရောင်အဆင်း ဘာတစ်ခုမှ မရှိသည့် အဆိပ်ကိုသာ ခတ်နိုင်မည် ဖြစ်လေသည်။

သို့သော်… အနံ့ ၊ အရသာ ၊ အရောင်အဆင်း မရှိသည့် အဆိပ်မျိုးဆိုသည်က ရှားပါးသလို တန်ဖိုးလည်း ကြီးလွန်းလေသည်။ တော်ရုံလူအသုံးမပြုနိုင်သလို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားခြင်းမရှိလျှင် ထိုသို့သော အဆိပ်မျိုးကို မည်သူမှ အသုံးပြုကြမည် မဟုတ်ပေ။

ရေသောက်ရန်ပင် သတိထားနေရသည့် လူတစ်ယောက်၏ အခြေအနေသည် မည်မျှအထိဆိုးဝါးနေကြောင်းကို သိရှိနိုင်လေသည်။

ကူးဝေေ၀က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ဒီစားသောက်ဆိုင်က ဈေးမရောင်းရရင်တော့ ရေရှည်မှာ ဒုက္ခရောက်တော့မှာပဲ…"

ဆန်းလျန်က…

"ဘဝတစ်လျှောက်မှာ ဒုက္ခဆိုတာက တစ်ခုမဟုတ် တစ်ခု ကြုံတွေ့နေရမှာပဲ…"

ကူးဝေေ၀က ဆန်းလျန်ကို တစ်ချက် စောင်းကြည့်လိုက်လေသည်။

ဆန်းလျန်သည် စကားများများ ပြောတတ်သူတစ်ယောက် မဟုတ်ပေ။ ယခုကဲ့သို့ သူမအနားလာပြီး စကားတွေပြော နေသည်မှာ အကြောင်းရှိရပေမည်။

ကူးဝေေ၀က…

"အဲဒီ ဧည့်သည်ကလည်း ကျင့်ကြံသူတစ်ယောက်ပဲလား…"

ဆန်းလျန်ကပြုံးလိုက်ရင်း…

"အစ်မ သိလာမှာပါ…"

ကူးဝေေ၀က ဆန်းလျန်ကို ကြည့်လိုက်ရင်း…

"သူသာ ကျင့်ကြံသူတစ်ယောက်ဆိုရင် နင်ပြောတာတွေကို ကြားနိုင်တယ်လေ ၊ ကျင့်ကြံသူတွေရဲ့ အကြားစွမ်းအင် ကသာမန်လူတွေလိုမျိုး မဟုတ်ဘူးမလား"

ဆန်းလျန်က…

"တကယ်တော့ အဲဒီလောက်အဆင့်က ဘာဟုတ်လို့လဲ ၊ ကျွန်တော် အစ်မကို သင်ပေးထားတဲ့ အသက်ရှူကျင့်စဉ် ကို ရက်ပေါင်း (၁၀၀)လောက်သာ ကျင့်ကြံလိုက် ၊ အဲဒီလိုအစွမ်းမျိုး ရလာမှာပဲ…"

အကယ်၍ ဆန်းလျန်ပြောသည့်စကားများကို အပြင်မှ သက်လတ်ပိုင်းအရွယ် လူရွယ်သာ ကြားသွားမည်ဆိုလျှင် ဆွေ့ဆွေ့ခုန်သွားမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော်… လူရွယ်မှာ ထိုမျှလောက်အဆင့်သို့ ရောက်ရှိရန် အတွက် မရေမတွက်နိုင်သည့် ဝိညာဉ်စွမ်းအား ဆေးဝါးများ ၊ ဝိညာဉ်စွမ်းအား ပစ္စည်းများ အသုံးပြုကာ အနှစ် (၃၀) ခန့်ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရသောကြောင့် ဖြစ်လေ၏။

သို့သော်… ယခု ဆန်းလျန်ကတော့ ရက် (၁၀၀) ခန့်ကျင့်ကြံလျှင် ထိုကဲ့သို့သော အစွမ်းမျိုး ရရှိမည်ဟု ကူးဝေေ၀ကို ပြောနေခဲ့လေသည်။

ဆန်းလျန်ကလည်း လိမ်ပြောခြင်း မဟုတ်ပါ။ ကူးဝေေ၀သည် ဆန်းလျန်သင်ပေးသည့် အသက်ရှူကျင့်စဉ်ကို ကျင့်ကြံနေသရွေ့ ရက်ပေါင်း (၁၀၀) အတွင်းတွင် ကိုယ်တွင်းစွမ်အားများ သန့်စင်သွားပြီး အသစ်ပြန်လည် မွေးဖွားလာသလို ဖြစ်သွားပေလိမ့်မည်။ ထိုအခါ အကြားအာရုံ ၊ အမြင်အာရုံများ ထက်မြက်လာမည် ဖြစ်လေသည်။

လောကတွင် ကူးဝေေ၀ကဲ့သို့ ကံကောင်းသူ (၂)ယောက် မရှိနိုင်ပေ။ မည်သည့် နတ်ဘုရားကျောင်းတော်ကမှ ဆန်းလျန်သင်ပေးသည့် ကျင့်စဉ်ထက် အခြေခံကျသည့် ကျင့်စဉ်မျိုးကို သင်ပေး နိုင်ကြမည် မဟုတ်ပေ။

ဆန်းလျန်က ကူးဝေေ၀ကို အသက်ရှူကျင့်စဉ်သာ သင်ပြပေးခြင်း မဟုတ်ပါ။ သူမ၏ သွေးကြောဆုံချက်နေရာ များမှ အပြောင်းအလဲများကိုလည်း စောင့်ကြည့်နေခဲ့လေသည်။ တစ်ခုခု အပြောင်းအလဲ ဖြစ်တော့မည်ဆိုလျှင် ဆန်းလျန် ကကြိုတင်ခန့်မှန်းမိပြီး သွေးကြောဆုံချက်များကို မသိမသာပြုပြင်ပေးသွားလေ့ရှိလေသည်။

ထို့ကြောင့် မသိလျှင် ဆန်းလျန်သည် ကူးဝေေ၀ကို လက်ကိုင်လိုက် ၊ ထိလိုက် ၊ တို့လိုက်နှင့် အသားယူနေသကဲ့သို့ ထင်မှတ်ရလေသည်။ ကူးဝေေ၀ကတော့ ဆန်းလျန်က သူမကို သဘောကျနေသည့်အတွက် ထိုသို့ ပြုလုပ်နေသည် ဟု ထင်မှတ်နေလေသည်။ အမှန်တော့ ဆန်းလျန်က သူမကို ကျင့်စဉ်လမ်းတွင် အဆင်ပြေစေရန် ပြုပြင် ပေးနေခြင်း သာဖြစ်လေသည်။

သို့သော် ထိုအကြောင်းများကို ဆန်းလျန်က ကူးဝေေ၀ကို ပြောပြမည်မဟုတ်ပါ။ ကူးဝေေ၀သည် စိတ်ထိခိုက်ခံစား လွယ်သူတစ်ယောက် ဖြစ်လေရာ ဆန်းလျန်သာ အမှန်ကိုပြောပြလိုက်လျှင် စိတ်ထိခိုက်သွားပေလိမ့်မည်။ စိတ်ထိခိုက်သွားလျှင် သူမ၏ အနာဂတ်ကျင့်စဉ်လမ်းတွင် အနှောက်အယှက်ဖြစ်သွားနိုင်လေသည်။

ကူးဝေေ၀ကတော့ ထိုအချက်ကို နားမလည်ပါ။ သို့သော်… ဆန်းလျန်၏ စကားများကိုကြားရသည့်အခါတွင်တော့ သူမအလွန်ပျော်ရွှင်သွားမိလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသာ ကျင့်စဉ်များကျင့်ကြံပြီး ထူးခြားသည့် တန်ခိုးစွမ်းအားများ ရရှိလာလျှင် သူမနှင့် ဆန်းလျန် နီးစပ်လာမည်ဖြစ်ပြီး  ဝေးကွာတော့မည်မဟုတ်ဟု  တွေးမိ သည့်အတွက်ပင်။

ဆန်းလျန်က ထူးခြားသည့် စွမ်းရည်များပိုင်ဆိုင်သည့် နတ်ဘုရားတစ်ပါးဖြစ်လေသည်။ သူမကတော့ လူသား တစ်ယောက်ဖြစ်လေရာ ဆန်းလျန်သည် သူမနှင့် မည်သို့ ထိုက်တန်ပါမည်နည်း။

သို့သော်… သူမသည်လည်း တန်ခိုးစွမ်းအားများ ရရှိလာလျှင် ဆန်းလျန်နှင့်ပိုပြီး နီးစပ်လာနိုင်ပြီး သူတို့ (၂)ယောက် ကြားမှ ကွာဟချက်သည် ပျောက်ကွယ်သွားရပေလိမ့်မည်။

ချင်းယန်ကျောင်းတော်မှ ယင်ရှန်းကျွင်းအရှင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာ ကူးဝေေ၀၏ အတွေးများကို သိရှိသွားလျှင် ဟားတိုက်ရယ်မောမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ကူးဝေေ၀သည် ကျင့်ကြံခြင်းကို အပေါ်ယံမျှ သာသိရှိသော မိန်းကလေးငယ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

လူသားများနှင့် သာမန်နတ်ဘုရားများကြားမှ ကွာဟချက်သည် သမုဒ္ဒရာအလား ကျယ်ပြန့်လှလေ၏။ သာမန် နတ်ဘုရားများနှင့် ဆန်းလျန်ကဲ့သို့သော နတ်ဘုရားတစ်ပါး၏ ကွာဟချက်သည်ကား သမုဒ္ဒရာထက်ပင် ကျယ်ပြန့် လေသည်။

ထိုကွာဟချက်သည် တန်ခိုးစွမ်းအားတစ်ခုတည်းတွင်သာ ကွာဟခြင်းမဟုတ်ပေ။ လျှို့ဝှက်နက်နဲမှုများ ၊ ဉာဏ်ပညာ များ ၊ များစွာသောအကြောင်းအရာများတွင် ကွာဟခြင်း ဖြစ်လေသည်။

ဆန်းလျန်သည်ကား လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံ ၊ ခြေတစ်လှမ်းကြွလိုက်ရုံမျှဖြင့် အရာအားလုံးသည် သူ့ဆန္ဒအတိုင်း ဖြစ်လာနိုင်သူ ဖြစ်လေသည်။ သာမန်နတ်ဘုရားတစ်ပါးသည် စိတ်ဖြင့် ပြစ်မှားရုံဖြင့်ပင် အသက်ပျောက် သွားနိုင်လေသည်။

လောကတစ်ခုလုံးရှိ နတ်ဘုရားကျင့်စဉ်များ ၊ ဗုဒ္ဓဘာသာကျင့်စဉ်များနှင့် နတ်မိစ္ဆာကျင့်စဉ်များအားလုံးသည် ဆန်းလျန်၏ စိတ်ထဲတွင်တော့ ရေထဲတွင် အရိပ်ထင်နေသည့်လရောင်ပမာ ရှင်းလင်းစွာဖြင့် နားလည်လျှက် ရှိလေသည်။ ကျင့်စဉ်များ၏ သဘောသဘာဝကို ဆန်းလျန် နားလည်လေလေ တာ့လော်အဆင့်နှင့် နီးကပ်လာ လေလေဖြစ်လေသည်။

တာ့လော်ကို သရုပ်သကန် အဆင့်ခွဲနိုင်ပြီဆိုလျှင် တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာမည် ဖြစ်လေသည်။

သို့သော်… တာ့လော်အဆင့် နတ်ဘုရားတိုင်းသည် တာအိုဆရာသခင်ကြီး ဖြစ်လာနိုင်မည် မဟုတ်ပေ။

အဆုံးမရှိသည့် အချိန်စီးဆင်းမှုတစ်လျှောက် ဂင်္ဂါမြစ်ကမ်းမှ သဲမှုံများအလား မရေမတွက်နိုင်သည့် သက်ရှိသတ္တဝါ များစွာ ရှိခဲ့ကြလေသည်။ ထိုသက်ရှိသတ္တဝါများထဲတွင် သံသရာကိုကျော်လွန်အောင် ကျင့်ကြံနိုင်သူဆို၍ ပုဂ္ဂိုလ် (၂)ဦးသာရှိလေသည်။ ပထမတစ်ပါးမှာ ဗုဒ္ဓဖြစ်ပြီး ဒုတိယတစ်ပါးမှာ တာအိုဆရာသခင်ကြီးထိုက်ယီပင် ဖြစ်လေ တော့သည်။

All Chapters