← Chapters

အလောင်းမိစ္ဆာ

Vol. 8 Ch. 717

အလောင်းမိစ္ဆာ

Vol. 8 Ch. 717

ဆန်းလျန်သည် တာအိုဆရာသခင်ထိုက်ယီလောက်တော့ အခက်အခဲပြဿနာများကို ရင်ဆိုင်ရခြင်း မရှိသေးပေ။

သို့သော်… တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်ချင်သည်ဆိုလျှင်တော့ မရေမတွက်နိုင်သော အခက်အခဲများကို ရင်ဆိုင်ရမည် ဖြစ်လေသည်။ သို့ရာတွင် အခက်အခဲများကို ရင်ဆိုင်ရတိုင်းလည်း တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာနိုင်မည် မဟုတ်ပေ။ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာရန်မှာ မျှော်လင့်ချက် အနည်းငယ်မျှသာရှိလေ သည်။

မည်သို့ပင်ဖြစ်စေ… ဆန်းလျန်အတွက်တော့ လက်ရှိအချိန်ကသာ သူ့အတွက် အရေးအကြီးဆုံး ဖြစ်လေသည်။

ဆန်းလျန်က ရေနွေးအိုးတည်ပေးရန်ဟု အကြောင်းပြကာ ကူးဝေေ၀နောက်သို့ လိုက်လာခြင်းမှာ သူမကို ကျင့်စဉ် တစ်ခုသင်ပြပေးလိုခြင်းကြောင့် ဖြစ်လေသည်။

ဆန်းလျန်က ရေနွေးအိုးကို မီးဖိုထက်သို့ တင်လိုက်လေသည်။ သို့သော်… မီးဖိုထဲတွင် မီးမရှိပါ။ ဆန်းလျန်က ကူးချိုင်ဝေ့၏လက်များကို ကိုင်လိုက်ပြီး ရေနွေးအိုးကို တစ်ချက် စိုက်ကြည့်လိုက်လေသည်။ ယခုရက်ပိုင်းတွင် ဆန်းလျန်နှင့် ကူးဝေေ၀ကြားတွင် လက်ကိုင်ခြင်းဆိုသည်မှာ ထူးဆန်းသည့် ကိစ္စမဟုတ်တော့ပါ။

ရုတ်တရက်ပင်… သူမ၏ မျက်လုံးထဲတွင် ထူးဆန်းသည့်မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော်… သူမမျက်စိရှေ့မှ ရေနွေးအိုးမှာ ပျောက်ကွယ်သွားပြီး ရေနွေးအိုးအတွင်းမှ ကြည်လင် သည့်ရေများကိုသာ တွေ့မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။ ရေထဲတွင် သေးငယ်သည့် အမှုံငယ်လေးများ များစွာ ပါရှိနေပြီး သာမန်မျက်စိဖြင့်ဆိုလျှင် ထိုအမှုံငယ်လေးများကို တွေ့မြင်နိုင်စရာ အကြောင်းမရှိပေ။ ယခုတော့ သူမသည် ရှင်းလင်းစွာ တွေ့မြင်နေရလေသည်။

သူမသည် အမှုံငယ်လေးများကို ပိုပြီးထင်ရှားစွာ တွေ့မြင်နေရလေသည်။ ထိုအမှုံငယ်များမှာ ရေထဲတွင်ပါဝင်သည့် မော်လီကျူးလေးများ၏ ဖွဲ့စည်းပုံများဖြစ်လေသည်။ တဖြည်းဖြည်း အမှုံငယ်လေးများသည် အချင်းချင်းပွတ်တိုက် ကုန်ကြပြီး မမြင်ရသည့်မီးတောက်ငယ်လေးများပင်ထွက်ပေါ်လာလေသည်။

ထို့နောက် ရေနွေးဆူသည့်အသံများကို ကြားလိုက်ရလေသည်။

မြင်ကွင်းအားလုံးက ပုံမှန် ပြန်ဖြစ်သွားလေသည်။ ရေနွေးအိုးလေး ပြန်ပေါ်လာပြီး ရေနွေးများဆူပွက်နေကာ အငွေ့များတထောင်းထောင်းထလျှက် ရှိလေသည်။

ကူးဝေေ၀က…

"အားလျန်… အရင်တုန်းက နင်အရက်ကိုပူအောင်လုပ်လိုက်တာ ဒီနည်းနဲ့လုပ်လိုက်တာလား…"

ဆန်းလျန်က…

"အစ်မလည်း ခုနလိုမြင်ကွင်းမျိုးကို အာရုံထဲမှာ ပုံဖော်ကြည့်လေ ၊ အစ်မရှေ့မှာ ရေတစ်ဇလုံထားပြီး အဲဒီလို တစ်နေ့ ကိုနာရီဝက်လောက် ကျင့်ကြံကြည့် ၊ ရေဇလုံထဲက ရေအမှုံလေးတွေ လောင်ကျွမ်းသွားတယ်လို့ စိတ်ထဲမှာ ပုံဖော် ကြည့် ၊ တစ်နေ့မှာ တကယ်ပဲ ရေတွေဆူလာလိမ့်မယ် ၊ ဒါပေမယ့် အဲဒီကျင့်စဉ်က အခြေခံအဆင့်ပဲ ရှိသေးတယ်"

ကူးဝေေ၀က တစ်ချက်စဉ်းစားလိုက်ရင်း…

"အဲဒါ ခက်လား…"

ဆန်းလျန်က…

"အနှေးနဲ့အမြန် ရလာမှာပေါ့ ၊ အချိန်တော့ နည်းနည်းယူရလိမ့်မယ် ၊ ဒါပေမယ့် အစ်မ အဲဒါကို ကျင့်ကြံရတာ ပျင်းတယ်ဆိုရင် စိတ်ဝင်စားစရာ ကောင်းတာတစ်ခု ထပ်သင်ပေးမယ်…"

ကူးဝေေ၀က လက်ခါပြလိုက်ပြီး…

"မလိုဘူး မလိုဘူး ၊ ငါ ဒီကျင့်စဉ်ပဲ ကျင့်ကြံမယ်…"

ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း စိတ်ထဲမှ တွေးလိုက်လေသည်။

ထိုကျင့်စဉ်မှာ ကူးဝေေ၀၏ စိတ်ဝိညာဉ်ကို ထက်မြက်လာစေမည်ဖြစ်သော်လည်း အစ်မဖြစ်သူကို ပင်ပန်းစေမည် ဖြစ်လေသည်။ ထို့ကြောင့် အစ်မဖြစ်သူအတွက် ဆေးဝါးများရှာဖွေထားရန် လိုအပ်သည်ဟု တွေးလိုက်မိလေသည်။

အမှန်တော့ ကူးဝေေ၀လိုအပ်သော ဆေးဝါးများကို ဆန်းလျန်သည်လည်း ဖော်စပ်ပေးနိုင်စွမ်းရှိလေသည်။ သို့သော်… သဘာဝဆေးဝါးများက ဖော်စပ်သည့်ဆေးထက်ပိုကောင်းလေရာ သူက အစ်မဖြစ်သူအတွက် သဘာ၀ အတိုင်း ဆေးပင်လေးများ စိုက်ထားပေးရန် ဆုံးဖြတ်လိုက်လေသည်။

ထို့နောက်တွင်တော့… ရေနွေးအဖြူထည်ထည့်ထားသည့် ရေနွေးအိုးလေးနှင့် အကြမ်းပန်းကန် (၂)ခွက်သည် သက်လတ်ပိုင်းအရွယ် လူရွယ်နှင့် အစေခံမိန်းကလေးရှေ့သို့ ရောက်ရှိလာလေသည်။

သက်လတ်ပိုင်းအရွယ်လူရွယ်နှင့် အနက်ရောင်ဝတ် မိန်းကလေးတို့မှာ သာမန်ထက် ထူးခြားသည့် ဂုဏ်သရေရှိသူ များဖြစ်ကြလေရာ ရေနွေးမသောက်မီ အကြမ်းပန်းကန်များကို ရေနွေးအိုးထဲမှ ရေနွေးဖြင့်ဆေးလိမ့်ဦးမည်ဟု ကူးဝေေ၀က ထင်ထားမိလေသည်။

သို့သော်… သူမထင်သလို ဖြစ်မလာခဲ့ပေ။ အနက်ရောင်ဝတ်မိန်းကလေးသည် ရေနွေးပူပူကို အကြမ်းပန်းကန်ထဲသို့ ထည့်လိုက်ပြီး တစ်ကျိုက်တည်းဖြင့် အကုန်သောက်ချလိုက်လေသည်။ ပွက်ပွက်ဆူပူလောင်နေသည်ကိုပင် ဂရုမစိုက်ခဲ့ပေ။

အနက်ရောင်ဝတ်မိန်းကလေးက ရေနွေးကိုသောက်ပြီး ခဏ အချိန်စောင့်ကြည့်လိုက်လေသည်။ အဆိပ်မပါသည်မှာ သေချာတော့မှ သူမက သက်လတ်ပိုင်းလူရွယ်၏ အကြမ်းပန်းကန်ထဲသို့ ရေနွေးတစ်ခွက် ငှဲ့ထည့်ပေးလိုက်လေ သည်။ ထို့နောက် လူရွယ်၏ ဘေးတွင် စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်နေလေတော့သည်။

သက်လတ်ပိုင်းလူရွယ်သည် ဆန်းလျန်ကို အလွန်စိတ်ဝင်စားနေလေသည်။ သို့သော်… သူက ဆန်းလျန်ကို စတင် မိတ်ဆက်စကားပြောခြင်လည်း ပြုလုပ်ခြင်း မရှိပေ။ ဆန်းလျန်ကိုသာ မကြာခဏ လှမ်းလှမ်းကြည့်နေလေတော့ သည်။ ဆန်းလျန်ကို ကြည့်သည့် သူ၏မျက်ဝန်း များတွင် အဓိပ္ပါယ်များစွာဖြင့် ပြည့်နက်နေလေ၏။

အပြင်ဘက်တွင်တော့ မိုးများက ပိုမိုသဲထန်နေပြီး မိုးဆဲမည့် အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရပေ။ ကောင်းကင်ကြီး ပေါက်ပြီး ရေများသွန်းလောင်းနေသည့်အလား ထင်မှတ်ရလေသည်။ ယခုအချိန်သည် ဆောင်းရာသီဖြစ်သည့်အတွက် ဆောင်းတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေခြင်းက ရာသီဥတုဖောက်ပြန်သည် ဟုဆိုနိုင်လေသည်။

ဆောင်းရာသီတွင် မိုးရွာခြင်းဖြစ်သည့်အတွက် ဆောင်းနှင့်မိုးပေါင်းကာ ရာသီဥတုက အေးစိမ့်လှလေသည်။ ထို့ပြင် မိုးများက သည်းထန်လွန်းသည့်အတွက် အပြင်ဘက်မှ မြင်ကွင်းများကိုပင် ပြတ်ပြတ်သားသား တွေ့မြင်ရခြင်း မရှိတော့ပေ။

ထို့ကြောင့် ကူးဝေေ၀က သက်လတ်ပိုင်းလူရွယ်နှင့် အနက်ရောင်ဝတ်မိန်းကလေးကို ဧည့်ဝတ်ပြူငှာစွာ လောကွတ် ပြုလိုက်လေသည်။

"ဧည့်သည်တို့ … အလျင်စလိုခရီးဆက်စရာ မရှိဘူးဆိုရင် ဆိုင်အနောက်ဘက်မှာ မြင်းရထားကို ခဏသိမ်းထား လို့ရပါတယ် ၊ မြင်းတွေလည်း အမိုးအကာအောက်မှာ ခဏနားရတာပေါ့…"

ကူးဝေေ၀၏စကားကိုကြားသည်နှင့် သက်လတ်ပိုင်းအရွယ်လူရွယ်က ပြုံးလိုက်ရင်း….

"အခုတောင်တော်တော်ကြာနေပြီ ၊ သွားဖို့အချိန်တန်နေပါပြီ…"

မိုးကသဲကြီးမဲကြီးရွာနေပြီး ယနေ့အဖို့ မိုးဆဲမည့်ပုံမပေါ်ပေ။

ထို့ကြောင့် ဧည့်သည်များ သူမ၏စားသောက်ဆိုင်တွင် တည်းခိုမည်ဆိုလျှင် တည်းခိုခန်းခပါ ရမည် ဟု ကူးဝေေ၀က မျှော်လင့်ထားခဲ့မိလေသည်။ သို့သော်… သက်လတ်ပိုင်းလူရွယ်က ထွက်ခွာရန် ဟန်ပြင်နေသည့်အခါ ကူးဝေေ၀မှာ စိတ်ပျက်သွားရလေသည်။

မိုးသည်းလွန်းသည့်အတွက် အပြင်ဘက်မှ လမ်းများမှာ ဗွက်များထနေမည် ဖြစ်လေသည်။ အခန့်မသင့်လျှင် မြင်းများ ခြေချော်နိုင်လေသည်။ သို့သော်… လူရွယ်သည် ထိုအချက်များကို အရေးမထားဘဲ တကယ်ဘဲ ထွက်ခွာ သွားတော့လေမည်လား။

သက်လတ်ပိုင်းလူရွယ်မှာ သြဇာအာဏာရှိသူတစ်ယောက် ဖြစ်ဟန်ရှိပြီး သူပြောသည့် စကားများက ဆုံးဖြတ်ချက် ခိုင်မာဟန် အပြည့်ရှိလေသည်။ သူက ဆုံးဖြတ်ချက်ချပြီးလျှင် ပြန်ပြင်မည့်ပုံ မပေါ်ပေ။

စကားဆုံးသွားသည်နှင့် သက်လတ်ပိုင်းအရွယ်လူရွယ်က ငွေတုံးတစ်တုံးကို စားပွဲပေါ်သို့ တင်လိုက်ရင်း…

"ဒါက ရေနွေးဖိုးပါ ၊ ပြန်မအမ်းနဲ့တော့…"

ကူးဝေေ၀မှာ စားသောက်ဆိုင်ဖွင့်လာသည့် သက်တမ်းတစ်လျှောက်တွင် ထိုသို့ ရက်ရက်ရောရော ပေးကမ်းသွား သည့်ဧည့်သည်မျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူမသည် စားပွဲပေါ်မှ ငွေတုံးကိုကြည့်ပြီး ပျော်ရွှင်မှုကြောင့် စိတ်လှုပ်ရှားလျှက် ရှိလေသည်။ သို့သော် သူမသည် ဆန်းလျန်သင်ပေးထားသည့် အသက်ရှူကျင့်စဉ်ကို ကျင့်ကြံပြီး သည့်နောက် စိတ်လှုပ်ရှားမှုများကို ထိန်းသိမ်းနိုင်လာလေသည်။

ကူးဝေေ၀ ငွေတုံးလေးကိုယူလိုက်သည့်အချိန်မှာပင် သက်လတ်ပိုင်းအရွယ်လူရွယ်နှင့် အနက်ရောင်ဝတ် မိန်းကလေးတို့သည် ဆိုင်ထဲမှ ထွက်ခွာသွားကြပြီ ဖြစ်လေသည်။ ထွက်ခွာသွားသည့်အချိန်ထိ သက်လတ်ပိုင်း လူရွယ်သည် ဆန်းလျန်ကို စကားတစ်ခွန်းမှ ပြောမသွားခဲ့ပေ။

တံခါးအပြင်သို့ရောက်သည်နှင့်…

အနက်ရောင်ဝတ်မိန်းကလေးက ထီးကို ယူလိုက်ခြင်း မရှိပါ။

သက်လတ်ပိုင်းလူရွယ်က ဆိုင်ထဲသို့ ပြန်ဝင်လာလေသည်။ သူ၏ မျက်လုံးများက ဂဏာမငြိမ်ဖြစ်နေပြီး စိုးရိမ်ပူပန် မှုများဖြင့် ပြည့်နေလေသည်။

ကူးဝေေ၀က….

"ဘာများဖြစ်လို့လဲ လူကြီးမင်း…."

သက်လတ်ပိုင်းလူရွယ်က…

"ကျုပ်ဒီနေ့ ခရီးမဆက်တော့ဘူး ၊ မင်းရဲ့ဆိုင်မှာ တစ်ညလောက် တည်းခိုလို့ရနိုင်မလား"

ပြောပြီးသည်နှင့် သူက နောက်ထပ်ငွေတုံးတစ်တုံး ထုတ်ပေးလိုက်လေသည်။

ကူးဝေေ၀က လက်ကာပြလိုက်ပြီး…

"လူကြီးမင်း ပိုက်ဆံထပ်ပေးဖို့ မလိုပါဘူး ၊ စောစောက လူကြီးမင်းပေးထားတဲ့ပိုက်ဆံက ဒီမှာ (၁၀)ရက် လောက် တည်းခိုလို့ ရနိုင်ပါတယ်"

သက်လတ်ပိုင်းလူရွယ်က ကူးဝေေ၀၏ စကားကြောင့် အံ့သြသွားလေသည်။

ဤစားသောက်ဆိုင်လေးသည် စီးပွားရေးကောင်းသည့် ဆိုင်တစ်ဆိုင်မဟုတ်မှန်း ဝင်လာကတည်းက သူရိပ်မိ လေသည်။ ကူးဝေေ၀မှာလည်း အဝတ်အစားခပ်နွမ်းနွမ်းကိုသာ ဝတ်ဆင်ထားလေသည်။ သို့သော်… သူမသည် ပိုက်ဆံကို ငမ်းငမ်းတက်လိုချင် မက်မောခြင်း မရှိခဲ့ပေ။

ထပ်ပေးသည့်ငွေကို မယူဘဲ တန်ရာတန်ကြေးကိုသာ ယူခဲ့သည်မှာ အံ့သြစရာ ကောင်းလှလေသည်။ လူရွယ်သည် ဆိုင်ရှင်မိန်းကလေးကို ချက်ချင်းပင် အထင်ကြီးလေးစားသွားမိလေသည်။

သူက ယဉ်ယဉ်ကျေးကျေးဖြင့်ပင်…

"ကျေးဇူးတင်ပါတယ် ဆိုင်ရှင် …"

ကူးဝေေ၀က…

"ဒါဖြင့် ရှင်တို့ရဲ့ မြင်းရထားကို ဆိုင်နောက်မှာ ထားလို့ရပါတယ် ၊ ကျွန်မ နေ့လည်စာအတွက် သွားပြီး ပြင်ဆင်လိုက် ပါဦးမယ်…"

သက်လတ်ပိုင်းလူရွယ်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး မြင်းရထားကို ဆိုင်အနောက်ဘက်တွင်သွားထားရန် အနက်ရောင်ဝတ်မိန်းကလေးကို အမိန့်ပေးလိုက်လေသည်။

အနက်ရောင်ဝတ်မိန်းကလေး ဆိုင်ထဲမှ ထွက်ခွာသွားသည့်အခါတွင်တော့ -

ရုတ်တရက်… သူမ၏ လက်ထဲမှ ဓားရောင်တစ်ချက် လက်ခနဲ ထွက်ပေါ်လာလေသည်။ သူမလက်ထဲတွင် ဓားတိုတစ်ချောင်းကိုကိုင်ထားပြီး ဓားဆီမှ အေးစိမ့်သည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။

အနက်ရောင်ဝတ်မိန်းကလေး၏ရှေ့တွင် ကောက်ရိုးမိုးကာဝတ်ဆင်ထားသူတစ်ယောက်ရှိနေပြီး ထိုသူက မိန်းကလေး၏ လက်ထဲမှ ဓားမြှောင်ကို လက်နှစ်ချောင်းဖြင့် ညှပ်ကာ ဖမ်းထားလိုက်လေသည်။

"ယိုယို ၊ မြင်းရထားကို ဆိုင်နောက်ဘက်ကို သွားထားလိုက်…"

သက်လတ်ပိုင်းလူရွယ်ထံမှ စကားသံ ထွက်ပေါ်လာလေသည်။

လူရွယ်၏ စကားကိုကြားသည်နှင့် မိန်းကလေးသည် ချက်ချင်းပင် ကောက်ရိုးမိုးကာဝတ်ဆင်ထားသူ၏လက်ထဲမှ သူမ၏ဓားကို ပြန်ဆွဲယူလိုက်ပြီး မြင်းရထားရှိရာသို့ ထွက်ခွာသွားလေတော့သည်။

ကောက်ရိုးမိုးကာဝတ်ဆင်ထားသူက ဆောင်းလာသည့်မိုးကာနှင့် ခမောက်ကို ချွတ်လိုက်ပြီး စားသောက်ဆိုင် တံခါးဝတွင် ရေစစ်ထားလိုက်လေသည်။ ထိုအခါ သူဝတ်ဆင်လာသည့် အဝတ်အစားများကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ကြရလေသည်။ ဖာရာထေးရာအထပ်ထပ်ဖြင့် ဟောင်းနွမ်းသည့် မီးခိုးရောင်ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားခြင်း ဖြစ်လေ၏။

သို့သော်… ထိုသူ၏ ခန္ဓာကိုယ်ကတော့ သံမဏိအလား တောင့်တင်းခိုင်မာလွန်းလေသည်။ သူ၏ ကြံ့ခိုင်လွန်းသည့် ခန္ဓာကိုယ်ဖြင့် ယိုယိုဆိုသည့်မိန်းကလေး၏ ဓားတိုကို လက်နှစ်ချောင်းဖြင့် အသာလေး ညှပ်ကာဖမ်းထား နိုင်ခြင်းမှာ မထူးဆန်းတော့ပါ။

ထိုသူကား… သိုင်းလောကတွင် အလွန်နာမည်ကြီးသည့် ကျုန်းတျဲယီဆိုသူ ဖြစ်လေသည်။

သူက သာမန်သိုင်းလောကသားတစ်ယောက် မဟုတ်ပါ။ သူက သဘာဝလွန် တန်ခိုးစွမ်းအားများလည်း ပိုင်ဆိုင်ထား သလို စုန်းမိစ္ဆာအတတ်နှင့် အောက်လမ်းပညာများကိုလည်း တတ်မြောက်ထားသူ ဖြစ်လေသည်။ သိုင်းလောကသား များက သူ့ကို အလောင်းမိစ္ဆာဟု ခေါ်ကြလေသည်။

ကျုန်းတျဲယီမှာ သိုင်းလောကသားတစ်ယောက် ဖြစ်လင့်ကစား ကျင့်ကြံသူလောကမှ အချို့သော ကျင့်ကြံသူများပင် လျှင် သူ့ကို သွားပြီးရန်မစရဲကြပေ။

ကျုန်းတျဲယီက …

"ကျုပ်လည်း ဒီည ဒီမှာ တည်းခိုမယ်…"

ကျုန်းတျဲယီကို ကြည့်ရသည်မှာ ဒေါသထွက်နေဟန် ရှိလေသည်။

သူ၏ ဒေါသအငွေ့အသက်များကြောင့် စားသောက်ဆိုင်ခေါင်မိုးကြီးပင် လှုပ်နေသယောင် ထင်မှတ်ရလေ၏။

"စကားကို ခပ်တိုးတိုးပဲပြောလို့မရဘူးလား ၊ ဒီမှာ နားကန်းနေတဲ့သူ တစ်ယောက်မှ မရှိဘူး"

ကူးဝေေ၀က ပြောလိုက်လေသည်။

ကျုန်းတျဲယီက ကူးဝေေ၀ရပ်နေသည့် ကောင်တာအနားသို့ ခြေတစ်လှမ်းချင်းလှမ်းလာပြီး သူ၏ လေသံက တဖြည်းဖြည်းနူးညံ့ပျော့ပြောင်းသွားလေသည်။

"ကျုပ်များ တစ်ညလောက် ဒီမှာ တည်းခိုလို့ ရနိုင်မလား…"

သူ၏ပုံစံမှာ ကြောက်မက်ဖွယ်ကောင်းလှလေရာ ကူးဝေေ၀မှာ ကြောက်ရွံ့သွားမိလေသည်။

ထိုအချိန်မှာပင် ကူးဝေေ၀၏ဘေးသို့ ဆန်းလျန် ရောက်ရှိလာလေ၏။

ဆန်းလျန်က ခပ်တည်တည်မျက်နှာထားဖြင့်…

"မင်း ဒီမှာ ထမင်းစားလို့ရတယ် ၊ နေဖို့နေရာတော့ တခြားမှာသွားရှာလိုက်ပါ…"

"ကျုပ်က ပိုက်ဆံပေးမှာပါ…"

ကျုန်းတျဲယီက သူ့ရင်ပတ်ကို တဘုန်းဘုန်းထုလိုက်ရင်း လေသံခပ်မာမာဖြင့် ပြောလိုက်လေသည်။

ဆန်းလျန်က…

"ပိုက်ဆံကြောင့်မဟုတ်ပါဘူး ၊ မင်းရဲ့ကိုုယ်ပေါ်က လူသေအလောင်းတွေရဲ့ အငွေ့အသက်ကို သဘောမကျလို့…"

ကျုန်းတျဲယီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…

"မင်းက ကျုပ်ကို သိလို့လား…"

ဆန်းလျန်က…

"မသိပါဘူး…"

All Chapters