← Chapters

လောကကြီးကကျေနပ်ရန်ခက်ခဲ နတ်ဘုရားတွေကတော့ ပျင်းရိနေဆဲ

Vol. 8 Ch. 720

လောကကြီးကကျေနပ်ရန်ခက်ခဲ နတ်ဘုရားတွေကတော့ ပျင်းရိနေဆဲ

Vol. 8 Ch. 720

ဆရာမေက စကားတစ်ခွန်းသာပြောလိုက်ခြင်းဖြစ်သော်လည်း ထိုစကား၏ အဓိပ္ပါယ်က လေးနက်လေသည်။

ထိုအချိန်တုန်းက အစ်ကို (၃)ကို ခေါ်ဆောင်သွားသည့် နတ်ဘုရားသည် သူ့ကိုလည်း ချန်စန်းကွမ်းသို့ လိုက်ပါရန် ခေါ်ဆောင်ခဲ့လေသည်။ လောကတွင် ကျင့်ကြံသူများစွာ ရှိကြသည့်တိုင် မည်သူမှ ချန်စန်းကွမ်းကို ရောက်ဖူးကြခြင်း မရှိကြပေ။ ထို့ပြင် ချန်စန်းကွမ်းမှ ခေါ်သည်ဆိုလျှင်လည်း နတ်ဘုရားတစ်ပါးဖြစ်လာရန် ကျိန်းသေ အရည်အချင်းရှိ သောကြောင့် ဖြစ်လေသည်။ ထို့ပြင် ချန်စန်းကွမ်းကို ဝင်ခွင့်ရရန်အတွက် အခြားသော တင်းကြပ်သည့် စည်းကမ်း များလည်း ရှိနေသေးလေရာ ဝင်ခွင့်ရရန်မှာ အလွန်မှ ခက်ခဲလွန်းလှလေသည်။

သို့သော်… ထိုအချိန်တုန်းက သူသည် ငယ်ရွယ်ပြီး စွမ်းအားပြည့်ဝနေသည့် အချိန်ဖြစ်လေသည်။ သူကလောကတွင် အောင်မြင်သူတစ်ယောက် ဖြစ်ချင်မိလေသည်။ ဘာမဟုတ်သည့် တောတောင်ထဲတွင် ကျင့်ကြံရင်းဖြင့် သူ၏ အနာဂတ်ကို အဆုံးရှုံးမခံလိုခဲ့ပေ။ ထို့ကြောင့် သူက နတ်ဘုရားတစ်ပါးဖြစ်ရန်အတွက် မရွေးခြယ်ခဲ့မိပေ။ ထို့ပြင် သူ့တွင်လည်း ဝိညာဉ်စွမ်းအားပစ္စည်းများ များစွာရှိလေရာ လွတ်လွတ်လပ်လပ်ဖြင့်သာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျင့်ကြံချင်ခဲ့မိလေသည်။

ထိုအချိန်များကို ပြန်စဉ်းစားကြည့်မည်ဆိုလျှင် သူသည် အလွန်မှ မာနကြီးခဲ့လေသည်။ လောကတွင် ကိုယ်ဖြစ်ချင်သည့်အရာများအားလုံး ဖြစ်လာမည်ဟု ထင်ခဲ့မိလေသည်။ သို့သော်… ဤဇာတ်လမ်းတွင် သူသည် အဓိကဇာတ်ကောင်တစ်ကောင် မဟုတ်ခဲ့ပေ။

ယခုတော့ သူ၏စိတ်များသည်လည်း ယခင်ကနှင့်မတူဘဲ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

သို့သော်… ယခုမှ ဆုံးဖြတ်ချက်ကို ပြင်၍မရတော့ပေ။ အချိန်လွန်ခဲ့ပြီ ဖြစ်လေသည်။ ထို့ပြင်… အရှေ့ပင်လယ်ဂိုဏ်း ၏တာဝန်များ ၊ ပြဿနာများအားလုံးသည်လည်း သူ့ပခုံးထက်သို့ ကျရောက်လျှက် ရှိလေ၏။

မည်သို့ပင်ဖြစ်စေ… ယခုလက်ရှိအချိန်တွင် သူ၏စိတ်များ ကြည်လင်နေလေသည်။

ဆရာမေက…

"ကျုပ်တို့ အခု အဲဒီတာအိုဆရာကို အရင်ဆုံး ကျေးဇူးတင်စကားသွားပြောကြမယ် ၊ ညကျရင်တော့ သူဌေးကြီးပိုင် ဆီကိုအလည်အပတ်သွားကြတာပေါ့…"

ယိုယိုက ခေါင်းညိတ်လိုက်ပြီး…

"ဟုတ်ကဲ့…"

ဂိုဏ်းချုပ်က သူဌေးကြီးပိုင်ဆီသို့ သွားရသည့် အကြောင်းရင်းကို သူမ ကောင်းကောင်းသိလေသည်။

သူဌေးကြီးပိုင်သည် ပိုင်ကျားမြို့တွင် လောင်းကစားဂေဟာတစ်ခုကို ပိုင်ဆိုင်ထားသည်သာမက ချင်ပြည်နယ် မြေအောက် ဒုစရိုက်လောက၏ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်လေသည်။

သူဌေးကြီးပိုင်သည် ချင်ပြည်နယ်မြို့တော်ရှိ အာဏာပိုင်များနှင့် ဆက်ဆံရေးကောင်းမွန်သူတစ်ယောက်လည်း ဖြစ်လေသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားသည့် အရှေ့ပင်လယ်ဂိုဏ်းအနေဖြင့် သူဌေးကြီး ပိုင်ကဲ့သို့ ဒေသတွင်းမြွေဟောက်များဖြင့်လည်း ဆက်သွယ်အလုပ်လုပ်ရလေ့ရှိလေသည်။

ဆရာမေက သူဌေးကြီးပိုင်ဆီသို့ အရင်ဦးဆုံး သွားရောက်လည်ပတ်ရခြင်းမှာ သူဌေးကြီးပိုင်၏ အကူအညီဖြင့် ဟူတောက်တယ်ကိုဆက်သွယ်ရန် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော်… ကြားခံမိတ်ဆက်ပေးသူတစ်ယောက် မရှိဘဲ ဟူတောက်တယ်ကဲ့သို့ လူထူးလူဆန်းတစ်ယောက်ကို တိုက်ရိုက်သွားရောက်တွေ့ဆုံရန်မှာ သိပ်ပြီး မသင့်တော်လှပေ။

သူတို့ (၂)ယောက် အောက်ထပ်သို့ ဆင်းလာကြလေသည်။

ထိုအချိန်တွင်… ဆန်းလျန်က ကူးဝေေ၀၏ ဇက်ကြောများကို နှိပ်ပေးနေလေသည်။

ကူးဝေေ၀၏ပုံစံက သက်သောင့်သက်သာ ဖြစ်နေလေသည်။ သို့သော်… အပေါ်ထပ်မှ ဆင်းလာသည့် ဧည့်သည် (၂)ယောက်ကို တွေ့လိုက်ရသည့်အခါတွင်တော့ သူမက ရှက်သွားပြီး ဆန်းလျန်ကို ရပ်ခိုင်းလိုက်လေသည်။

အမှန်တော့ ကူးဝေေ၀မှာ ဆန်းလျန်သင်ပေးသည့် ကျင့်စဉ်အတိုင်း ရေဇလုံကိုကြည့်ကာ ရေများ ဆူပွက်လာစေရန် အတွက် ကျင့်ကြံနေလေရာ သူမအတွက် အလွန်ပင်ပန်းလှလေသည်။ ထို့ကြောင့် ဆန်းလျန်က သူမကို နှိပ်ပေးရင်း ဝိညာဉ်စွမ်းအားများ ပြန်ဖြည့်ပေးနေခြင်း ဖြစ်လေသည်။

ကူးဝေေ၀မှာ ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေသူဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မှာ အစပိုင်းမျှသာရှိသေးသည်ကို ဆရာမေကတော့ ရိပ်မိထားလေသည်။ သူမ၏ အဆင့်သည် တာအိုဆရာလူငယ်နှင့်ယှဉ်လျှင် ကမ္ဘာခြားလျှက်ရှိလေ ၏။ သို့သော်… ဆန်းလျန်သည် ကူးဝေေ၀ကို အလွန်ဂရုစိုက်ဟန်ရှိလေသည်။ ထို့ကြောင့် ဆန်းလျန် မည်သူမည်ဝါ ဖြစ်သည်ကို သိချင်လျှင် ကူးဝေေ၀ဆီမှ စတင်စုံစမ်း၍ရနိုင်လေသည်။

ဆရာမေက ဆန်းလျန်အပေါ်တွင် မည်သည့်အကြံအစည်မှ မရှိပါ။ သူ၏ အကျင့်အတိုင်း သူ မသိသည့်အရာကို သိချင်မိခြင်းသာ ဖြစ်လေသည်။ ထိုသို့သော သိချင်စိတ်ကြောင့်ပင် သူ့ဘဝတွင် အကျပ်အတည်းပေါင်းများစွာကို မရေမတွက်နိုင်အောင် ဖြတ်သန်းနိုင်ခဲ့လေသည်။

ဆရာမေက ဆန်းလျန်ရှိရာသို့ လျှောက်လာပြီး ဆန်းလျန်ကို စိုက်ကြည့်လိုက်ရင်း…

"ကြီးမြတ်တဲ့တာအိုဆရာ ၊ ကျုပ်မေနန့်စန်း တာအိုဆရာရဲ့ကျေးဇူးတွေကို စိတ်ထဲမှာ အမြဲမှတ်ထားပါ့မယ် ၊ တာအိုဆရာက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ ကျုပ်ရိပ်မိပါတယ် ၊ ကျုပ်က ကျေးဇူးပြန်ဆပ်ရင်လည်း အသုံးမဝင်ဘူးဆိုတာ သိပါတယ် ၊ ဒါပေမယ့် ဒီလူ့လောကအလည်မှာ မလွှဲမရှောင်သာ အခက်အခဲများကြုံတွေ့ခဲ့ရင် ဒီရွှေတံဆိပ်ပြားလေးနဲ့  တာ့ကျိုးပြည် (၅၅)ပြည်နယ်မှာ ဘယ် ဟွေ့ထုန်ဘဏ်မှာမဆို ပိုက်ဆံထုတ်ယူလို့ရပါတယ် ၊ ဒါလေးကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်…"

ဆန်းလျန်က ခေါင်းတစ်ချက် အသာညိတ်လိုက်ပြီး ရွှေတံဆိပ်ပြားလေးကို လက်ခံလိုက်လေသည်။

သို့သော်… သူက ဘဏ်မှ ငွေမည်မျှ ထုတ်ယူနိုင်မည်ဆိုသည်ကို မေးမြန်းခြင်း မပြုခဲ့ပေ။

ဆန်းလျန်၏ အပြုအမူကြောင့် ဆရာမေမှာ ပိုပြီး အံ့သြသွားရလေသည်။ သူက ဆန်းလျန်သည် အနည်းငယ်တော့ စိတ်ဝင်စားလိမ့်မည်ဟု ထင်မှတ်ထားခဲ့မိလေသည်။

နောက်ဆုံးတွင်တော့ ဆန်းလျန်သည် လူ့လောကနှင့် လုံး၀ မပတ်သက်လိုသည့် စစ်မှန်သည့်ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်မိလေသည်။ သို့သော်… ဆန်းလျန်က သူပေးသည့် ရွှေတံဆိပ်ပြား ကို အခြားသူများကဲ့သို့ ဟန်ဆောင်ပန်ဆောင် ငြင်းဆန်မနေဘဲ တန်းပြီး လက်ခံလိုက်သည်မှာလည်း ထူးဆန်းပြန် လေသည်။

ဆန်းလျန်သည် သူယခင်က တွေ့ဆုံဖူးခဲ့သည့် ကျင့်ကြံသူများနှင့် အလွန်ကွာခြားသူဖြစ်လေသည်။ အမြဲတမ်း လွတ်လပ်ပေါ့ပါးနေဟန် ရှိလေ၏။

ကူးဝေေ၀က…

"ဒီ ရွှေတံဆိပ်ပြားနဲ့ဆိုရင် ဘဏ်ကနေ ပိုက်ဆံဘယ်လောက် ထုတ်လို့ရနိုင်မှာလဲ…"

ဆရာမေက ပြုံးလိုက်ရင်း…

"ဘဏ်မှာရှိသလောက် အကုန်ထုတ်ယူသွားလို့ ရပါတယ်…"

သူ၏စကားများက အာမခံချက်အပြည့်နှင့် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဟွေ့ထုန်ဘဏ်များကို ပိုင်ဆိုင်သူမှာ အရှေ့ပင်လယ်ဂိုဏ်း ဖြစ်နေသောကြောင့်ပင်။

ဆရာမေ၏ အဖြေစကားကြောင့် ကူးဝေေ၀မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း မေးခွန်းများ ထပ်မံ မေးမြန်းခြင်းမပြုတော့ပေ။

ဆရာမေမှာ ကူးဝေေ၀ကိုပါ လေးစားသွားမိလေသည်။ ဆန်းလျန်ကဲ့သို့သောလူမျိုးက ရွှေတံဆိပ်ပြားကို စိတ်မဝင်စားသည်မှာ သဘာဝကျလေသည်။ သို့သော်… ကူးဝေေ၀က သာမန်မိန်းကလေးတစ်ယောက် ဖြစ်လေ သည်။ ထို့ပြင် သူမသည် ပိုက်ဆံအနည်းငယ်မက်မောဟန်လည်း ရှိလေ၏။ ယခုတော့ သူမသည် ရွှေတံဆိပ်ပြား လေးကို စိတ်ဝင်စားခြင်း မရှိပေ။ အလွန်မှ ထူးဆန်းလှလေသည်။

ဆန်းလျန်သည် ကျောက်တုံးကိုပင် ရွှေဖြစ်အောင် ပြောင်းနိုင်သူဖြစ်သည့်အတွက် ကူးဝေေ၀က ရွှေတံဆိပ်ပြားလေးကို သိပ်ပြီးမက်မောခြင်းမရှိဘဲ ငြိမ်နေသည်ဆိုသည့်အချက်ကိုတော့ ဆရာမေ သိရှိခဲ့ခြင်း မရှိပါ။  ထိုအချက်ကိုသာ သိရှိခဲ့ပါက ဆရာမေ အံ့သြတော့မည် မဟုတ်ပေ။

ဆန်းလျန်က…

"ခင်ဗျားနဲ့ စောစောက အလောင်းမိစ္ဆာက ဘယ်လိုပတ်သက်တာလဲ…"

ဆရာမေက…

"အဲဒီ အလောင်းမိစ္ဆာရဲ့နာမည်က ကျုန်းတျဲယီလို့ ခေါ်ပါတယ် ၊ သူက သိုင်းလောကမှာတော့ နာမည်ကြီးပဲ ၊ သူနဲ့ ကျုပ်က ပတ်သက်တယ်လို့လဲ မဆိုသာဘူး ၊ မပတ်သက်ဘူးလို့လဲပြောလို့ မရပြန်ဘူး…"

ဆန်းလျန်က…

"အော်…"

ဆန်းလျန်က သူတို့ (၂)ယောက်၏ ပတ်သက်မှုများကို သိပ်ပြီး စိတ်ဝင်စားဟန်မရှိသဖြင့် ဆရာမေကလည်း ဆက်ပြီး ပြောပြခြင်း မရှိတော့ပါ။

ဆရာမေအနေဖြင့် သူ၏ ကိစ္စများတွင် ဆန်းလျန်ပါဝင်ပတ်သက်လာစေရန်လည်း ရည်ရွယ်ချက်မရှိပါ။ သူက ဆန်းလျန်၏ စိတ်ကိုလည်း ခန့်မှန်းနိုင်ခြင်း မရှိသည့်အတွက် ဆန်းလျန်နှင့် မည်သည့်အရာကိုမှ ဆန့်ကျင်ဘက် မဖြစ်ချင်မိပေ။

ဆရာမေက အတွေ့အကြုံကြွယ်ဝသူတစ်ယောက် ဖြစ်လေသည်။ ယခုနှစ်များအတွင်းတွင် ခရီးများ ဥဒဟို ထွက်ခွာခဲ့ ရသည့်အတွက် အမြင်လည်း အလွန်ကျယ်လာခဲ့လေသည်။ သို့သော်… ယခုတော့ ကူးဝေေ၀ဆိုသည့် သာမန် မိန်းမပျိုတစ်ယောက်သည်ပင် သူ့အတွက် စိတ်ဝင်စားစရာ ကောင်းနေခဲ့လေသည်။ ဆန်းလျန်ကတော့ ပြောနေစရာ ပင်မလိုတော့ပေ။

ဆန်းလျန်သည် လူ့လောကသို့ ရောက်လာသည့် အစစ်အမှန်နတ်ဘုရားတစ်ပါးပင် ဖြစ်နိုင်လေသည်။ သူ့ကို ကြည့်ရသည်မှာ လူ့လောကအကြောင်း သိပ်ပြီးသိရှိခြင်းမရှိသေးသည့်တိုင် ဆရာမေ တစ်ခွန်းပြောလိုက်သည်နှင့် အကြောင်းအရာများစွာကို နားလည်သွားဟန် ရှိလေ၏။

ဆရာမေက အလွန်အရည်အချင်းရှိသူတစ်ယောက် ဖြစ်လေသည်။ သို့သော်… ဆန်းလျန်နှင့် စကားအနည်းငယ် ပြောပြီးသည်နှင့် သူ့အနေဖြင့် ဆန်းလျန်ကို မည်သည့်နည်းနှင့်မှ စည်းရုံး၍ရမည်မဟုတ်သည်ကို နားလည် လိုက်လေသည်။

တာအိုဆရာ လူငယ်သည် ငယ်ရွယ်နုပျိုနေသည့်တိုင် ငယ်ရွယ်ဟန် ဖန်ဆင်းထားသည့် သက်တမ်းရင့် နတ်ဘုရား တစ်ပါးဖြစ်နိုင်လေသည်။

ထို့ပြင် ဆန်းလျန်က ကူးဝေေ၀ကို အလွန်ဂရုစိုက်သည်ကို ကြည့်ခြင်းအားဖြင့် ကူးဝေေ၀သည် ယခင်ဘဝက ဆန်းလျန်အတွက် အရေးပါသူတစ်ယောက် ဖြစ်နိုင်လေသည်။ ဆန်းလျန် ပိုင်ကျားမြို့သို့ ရောက်လာရသည့် အကြောင်းရင်းမှာ ကူးဝေေ၀ကို ဤလောကမှ ခေါ်ထုတ်သွားချင်သည့်အတွက် ဖြစ်နိုင်လေသည်။

ဆရာမေက သူတွေးမိသည့်အကြောင်းအရာများကို စိတ်ထဲတွင်သာထားလိုက်ပြီး ထုတ်ဖော်ပြောခြင်း မပြုတော့ပါ။ သို့သော်…  'ပညာရှိအတွေး ပြေးကြည့်သလိုမှန်' ဆိုသည့် စကားပုံအတိုင်းပင် သူ၏ ခန့်မှန်းချက်က အမှန်တရားနှင့် နီးစပ်နိုင်လေသည်။

ထိုအချိန်မှာပင် ကူးဝေေ၀က…

"ညနေကျရင် ဆရာမေနဲ့ ယိုယိုတို့အတွက် ညစာ ပြင်ဆင်ပေးထားရဦးမလား…"

ဆရာမေက…

"ဒီညတော့ ညစာမစားတော့ဘူး ၊ ခဏနေရင် လူတစ်ယောက်နဲ့ သွားတွေ့ဖို့ရှိလို့ပါ…"

ကူးဝေေ၀က…

"ဆရာမေလို ဂုဏ်သရေရှိတဲ့လူတစ်ယောက်ကတောင် သွားတွေ့ရတယ်ဆိုတဲ့လူမျိုးက ပိုင်ကျားမြို့မှာ နည်းနည်း လောက်ပဲ ရှိနိုင်တယ် ၊ ဘယ်သူများလဲ သိခွင့်ရမလားရှင့်…"

ကူးဝေေ၀မှာ ဉာဏ်ရည်ထက်မြက်သည့် မိန်းကလေးတစ်ယောက်ဖြစ်သည်ဟု ဆရာမေ စိတ်ထဲမှ ကျိတ်ပြီးချီးကျူး လိုက်မိလေသည်။

ဆရာမေကလည်း ဖုံးကွယ်မနေတော့ဘဲ ပြောပြလိုက်လေသည်။

"မြို့ထဲက သူဌေးကြီးပိုင်ကို သွားတွေ့မလို့ပါ ၊ သူနဲ့ ကျုပ်က မိတ်ဆွေဟောင်းတွေပါ…"

ကူးဝေေ၀က…

"ဒါဖြင့်လည်း ကောင်းပါပြီ ၊ မိုးဆဲတုန်း အမြန်သွားကြပါ…"

ဆရာမေလည်း ဆန်းလျန်နှင့် ကူးဝေေ၀ကို နှုတ်ဆက်ပြီး အစေခံမလေး ယိုယိုကိုခေါ်ကာ စားသောက်ဆိုင် အတွင်းမှ တိတ်ဆိတ်စွာဖြင့် ထွက်ခွာသွားလေတော့သည်။

ကူးဝေေ၀က…

"အားလျန်… ငါလေ … ဆရာမေလိုမျိုး ဂုဏ်သရေရှိလူတစ်ယောက်နဲ့ ခုလိုမျိုး စကားပြောခွင့်ရမယ်လို့ စိတ်ကူး တောင်ယဉ်မထားမိဘူး ၊ အိပ်မက်လိုပဲနော်…

ဆန်းလျန်က ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…

"ဂိုဏ်းတူအစ်မ ၊ အစ်မကလည်း ဂုဏ်သရေရှိ မိန်းကလေးတစ်ယောက်ပါဗျာ…"

ဆန်းလျန်၏ စကားကြောင့် ကူးဝေေ၀က သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ ဆန်းလျန်၏ ဂိုဏ်းတူအစ်မ အမှန်တကယ်ဖြစ်ခဲ့လျှင်တော့ သူမသည်လည်း ဂုဏ်သရေရှိ မိန်းကလေးတစ်ယောက်ပေပဲပေါ့။ သို့သော်… သူမသည် ဆန်းလျန်၏ ဂိုဏ်းတူအစ်မ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။ သူမသည်သာမန် မိန်းကလေးတစ်ယောက် မျှသာ ဖြစ်လေသည်။

သို့သော်… ဆန်းလျန်က သူမကို သူ၏ ဂိုဏ်းတူအစ်မဟု အထင်မှားနေလေသည်။ ဆန်းလျန်သည် သူမကို ဂိုဏ်းတူအစ်မအဖြစ် အမြဲတမ်း ဂရုတစိုက်ဖြင့် ဆက်ဆံလေသည်။ အခြားသူ တစ်ယောက်နှင့်မှားပြီး ဂရုစိုက်ခံရ သည့်အတွက် အနည်းငယ် ဝမ်းနည်းမိသလိုရှိသော်လည်း ဆန်းလျန်ထံမှ ဂရုစိုက်မှုလေးများရနေလျှင် အထင်မှား နေလျှင်လည်း ရှိပါစေတော့လေ…။

သူမက နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…

"အားလျန် ၊ နင့်ကိုကျေးဇူးတင်ပါတယ် ၊ ငါ အခု အရမ်းပျော်တာပဲ…"

ဆန်းလျန်က တံခါးအပြင်ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…

"ပိုင်ရှောက်ယွီဆိုတဲ့ကောင်လေး  ခုထိလည်း ပြန်မလာသေးပါလား…"

ကူဝေေ၀က…

"အဲဒီကောင်လေးက လောင်းကစားဝိုင်းမှာ ရှုံးမဲမဲနေမှာပေါ့ ၊ ညစာစားချိန်တော့ ပြန်ရောက်လာကောင်းပါရဲ့…"

………

ပိုင်ရှောက်ယွီမှာ လောင်းကစားဝိုင်းမှ မထနိုင်ဖြစ်နေရလေသည်။

သို့သော်…  ရှုံးမဲမဲနေခြင်း မဟုတ်ပါ။ အနိုင်ရနေသည့်အတွက် မထနိုင် ဖြစ်နေရခြင်း ဖြစ်လေသည်။

အခြားသူများ လောင်းကစားအနိုင်ရလျှင် ပျော်ရွှင်ကြမည် ဖြစ်လေသည်။ သို့သော်… ပိုင်ရှောက်ယွီမှာတော့ အနိုင်ရလေ ငိုချင်စိတ်ပေါက်လေ ဖြစ်နေရလေသည်။

အစပိုင်းတုန်းကတော့ သူ အဆင်ပြေနေလေသည်။ သူ့ဘက်မှ အနိုင်ရနေသော်လည်း နိုင်တစ်လှည့် ရှုံးတစ်လှည့်နှင့် ဖြစ်လေသည်။ ထိုအချိန်ကသာ ထပြန်ခဲ့လျှင် သူ့အတွက် အချိန်ကောင်း ဖြစ်လေသည်။

သို့သော်… သူသည် လောင်းကစားနေရင်း အချိန်ကိုမေ့သွားပြီး ဆန်းလျန်ပြောသည့် 'အချိန်မလွန်ခင် ပြန်လာခဲ့' ဆို သည့် စကားကိုလည်း မေ့လျော့သွားကာ အချိန်လွန်သွားခဲ့လေသည်။ အချန်လွန်သွားသည်နှင့် ဓနသိဒ္ဓိနတ်ဘုရား ဝင်ပူးသလား အောက်မေ့ရလောက်အောင် ရှုံးပွဲမရှိတော့ဘဲ ဆက်တိုက်အနိုင်ရလာလေတော့သည်။

ပိုက်ရှောက်ယွီဆိုသည်က လောင်းကစားဝိုင်းထဲ ဝင်မိသည်နှင့် ထမင်းမေ့ ဟင်းမေ့ ဖြစ်ရုံသာမက အကုန်မေ့သွား တတ်သူ ဖြစ်လေသည်။ သူ့ကိုယ်သူပင် မေ့နေလေသည်။ လောင်းကစားဝိုင်းမှ ကစားဖော်များမှာ သူ့ထံတွင် ငွေကြေးမြောက်မြားစွာ ဆုံးရှုံးသွားကြရလေသည်။

ထိုသို့ဖြင့်… လောင်းကစားဂေဟာမှ အစောင့်များရောက်လာပြီး သူ့ကို လောင်းကစားဂေဟာမှ အဆင့်မြင့် လောင်းကစားဒိုင်များဖြင့် ကစားရန် ခေါ်ဆောင်သွားလေတော့သည်။ အဘယ်ကြောင့်ဆိုသော် ပိုင်ရှောက်ယွီမှာ ရှုံးပွဲမရှိ ဆက်တိုက်အနိုင်ရနေသည့်အတွက် ကလိန်ကကျစ်နည်းလမ်းဖြင့် လိမ်လည် ကစားနေသည်ဟု ထင်မှတ်လိုက်ကြသောကြောင့် ဖြစ်လေသည်။

ယခုတော့ သူသည် လောင်းကစားဂေဟာမှ လောင်းကစားဒိုင်တစ်ယောက်နှင့် ကစားနေရပြီး သူ့ဘေးတွင် ခက်ထန်ကြမ်းကြုတ်ဟန်ရှိသည့် အစောင့် (၂)ယောက်က စောင့်ကြပ်နေလေသည်။ ထို့ကြောင့် ပိုက်ရှောက်ယွီမှာ ကစားဝိုင်းမှ တစ်ချက်ကလေးပင် မထရဲပါချေ။

သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် လောင်းကစားဒိုင်က ပြုံးလိုက်ရင်း…

"ညီလေးပိုင် ၊ ဒီတစ်ခေါက်ရော ကြီးမှာလား… သေးမှာလား…"

ပိုင်ရှောက်ယွီက အထစ်ထစ် အငေါ့ငေါ့ဖြင့်…

"ကြီး… ကြီးမှာ…"

သဘောတူထားသူက တစ်ချက်စဉ်းစားလိုက်ပြီး…

"ကျုပ်ကတော့ သေးမယ်ထင်တာပဲ ၊ မင်းက ဘယ်လိုလုပ် ကြီးမယ်လို့ ပြောရတာလဲ…"

ပိုင်ရှောက်ယွီက စပြီး ငိုလေတော့သည်။

"ဒါဆို သေးမှာပေါ့…"

လောင်းကစားဒိုင်က လှည့်ကွက်များပြုလုပ်ကာ အံစာပေါက်ကို ဂဏန်းအကြီးကျအောင် ပြုလုပ်မည်ကို ပိုင်ရှောက်ယွီ သိပြီးသားဖြစ်သော်လည်း ကြောက်ရွံ့သည့်အတွက် ဂဏန်းသေးမည်ဟု ဖြေလိုက်ရလေသည်။

လောင်းကစားဒိုင်က…

"မင်း ဘယ်လောက် လောင်းမှာလဲ…"

ပိုင်ရှောက်ယွီက အံတစ်ချက်ကြိတ်လိုက်ပြီး သူ့တွင်ရှိသည့်ပိုက်ဆံ၏ လေးပုံတစ်ပုံကို လောင်းလိုက်လေသည်။

လောင်းကစားဒိုင်က…

"ညီလေးပိုင် ၊ ရှေးလူကြီးတွေပြောကြတာတော့ 'ကြောက်လွဲ ၊ ရဲ မင်းဖြစ်' တဲ့နော် ၊ ကံတရားဆိုတာ ပြောလို့မရဘူး ၊ လောင်းကြေးများများ ထည့်လေကွာ…"

ပိုင်ရှောက်ယွီက…

"အစ်ကိုကြီးပြောတာမှန်ပါတယ်…"

ထို့နောက် သူက သူ့တွင်ရှိသည့် ပိုက်ဆံအတော်များများကို လောင်းကြေးထပ်ထည့်လိုက်လေသည်။

သို့သော်… လောင်းကစားဒိုင်က မရသေးဘူး ဆိုသည့်သဘောဖြင့် ခေါင်းတစ်ချက် ခါယမ်းပြလိုက်လေသည်။

ပိုင်ရှောက်ယွီမှာ ကျိတ်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ လောင်းကစားရာတွင် အနိုင်အရှုံးဆိုသည်က ကံတရားပင် မဟုတ်ပါလား။ ထို့ကြောင့်သူက ငိုနေရင်းဖြင့်ပင် ပိုက်ဆံများ အားလုံးကို လောင်းကြေးထပ်လိုက်လေ တော့သည်။

လောင်းကစားဒိုင်က တစ်ချက်ပြုံးလိုက်ရင်း…

"ကဲ… အကုန်ပဲဟေ့ ၊ ကျုပ်မင်းကို ဒုက္ခရောက်အောင် မလုပ်ပါဘူးကွာ…"

ထို့နောက် လောင်းကစားဒိုင်ကာ အံစာတုံးကို ဖုံးထားသည့် ခွက်ကို ဖြေးဖြေးချင်း လှန်လိုက်လေသည်။

ပိုင်ရှောက်ယွီမှာ အံစားတုံးကို မြင်လိုက်ရသည်နှင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး နဖူးထက်မှ ချွေးသီးချွေးပေါက်ကြီးများပင် ကျလာလေတော့သည်။

သူ၏ မျက်နှာကိုတွေ့လိုက်သည်နှင့် ဒိုင်လုပ်သူက ပိုင်ရှောက်ယွီ လောင်းကြေးရှုံးသွားသည့်အတွက် ဝမ်းနည်းသွား သည်ဟု ထင်မှတ်လိုက်လေသည်။ သို့သော်… အစောင့်လူသန်ကြီး (၂)ယောက်က ပိုင်ရှောက်ယွီကို ချက်ချင်း ဖမ်းချုပ်ထား လိုက်သည်ကိုကြည့်ခြင်းအားဖြင့် သူ မှားသွားပြီ ဖြစ်ကြောင်းကို ဒိုင်လုပ်သူက သိလိုက်လေတော့ သည်။

လောင်းကစားဒိုင်က အံစာတုံးများကို ကြည့်လိုက်လေရာ အံစာတုံးအားလုံးမှာ "တစ်" ဆိုသည့် အဖြေကို တွေ့လိုက် ရလေသည်။

ဒိုင်လုပ်သူမှာ မျက်လုံးများပင် ပြာသွားရလေသည်။ သူ လုံး၀ ဂဏန်းအကြီးကျအောင် သေသေချာချာ အံစာခေါက် ခဲ့ခြင်း ဖြစ်လေသည်။ အဘယ့်ကြောင့် ယခုကဲ့သို့ ဖြစ်သွားရပါသနည်း။

ပိုင်ရှောက်ယွီမှာ အမှန်တကယ်ပင် ကြောက်ရွံ့နေမိလေသည်။ သူအမှန်တကယ်ပင် အနိုင်မရချင်တော့ပါ။ အရှုံးကြီး ရှုံးချင်နေခဲ့ပြီ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော်… လောင်းကစားဂေဟာမှ အစောင့်များသည် သူ့ကို အရေခွံနွှာကြတော့မည်ဖြစ်သော ကြောင့်ပင်။

All Chapters