← Chapters

နတ်ဘုရားတစ်ပါးဖြစ်နေရင်တောင်မှ ကျုပ်ကိုတော့ ဦးညွှတ်ရမှာပဲ

Vol. 8 Ch. 724

နတ်ဘုရားတစ်ပါးဖြစ်နေရင်တောင်မှ ကျုပ်ကိုတော့ ဦးညွှတ်ရမှာပဲ

Vol. 8 Ch. 724

ထို့နောက် ကျုန်းတျဲယီ ထွက်ခွာသွားလေတော့သည်။

သူက မကျေမနပ်ဖြစ်နေသည့်တိုင် ဆန်းလျန်ပြောလိုက်သည့်စကားများက သူ့စိတ်ထဲတွင် စွဲနေလေသည်။ သူက အရက်ဆိုင်မှာပင် အရက်သွားမသောက်တော့ဘဲ  ပိုင်ကျားမြို့ထဲရှိ သူနေထိုင်သည့် နေရာသို့ မနားတမ်းလမ်း လျှောက်ကာ ပြန်လာခဲ့လေသည်။ ထိုနေရာသည် အရက်ဆိုင်နှင့် သိပ်မဝေးသည့် သာမန်အိမ်လေးတစ်လုံးဖြစ်လေ သည်။

အိမ်ခြံဝန်းအတွင်းသို့ ရောက်တော့မှ… ကျုန်းတျဲယီမှာ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။

'အသက်ကြီးလာလေလေ ၊ သတ္တိနည်းလာလေလေပါပဲလား' ဟု သူ တွေးလိုက်မိလေသည်။

ခြေခြေမြစ်မြစ်မရှိသည့် တာအိုဆရာလူငယ်တစ်ယောက်၏ စကားများကပင် သူ့ကို ထိတ်လန့်နေစေခဲ့သည် မဟုတ်ပါလား။

သို့သော်… ထိုအတွေးများသည် သူ့ဘဝတွင် နောက်ဆုံးတွေးသွားခဲ့သည့် အတွေးများသာ ဖြစ်ခဲ့လေတော့သည်။

…………

နောက်ဆုံးတော့…. ပိုင်ရှောက်ယွီသည် ကိစ္စရပ်တစ်ခုကို အတည်ပြုနိုင်ခဲ့လေသည်။

မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးသည် အိပ်မက်မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဆိုသည့် အချက်ပင် ဖြစ်လေသည်။

သူက လက်နှစ်ဖက်ကို ပွတ်သပ်နေရင်း ရှက်ကိုးရှက်ကန်းဖြင့်…

"ဆရာမေ… မနေ့က ကိစ္စတစ်ခုလောက် ကျွန်တော်မေးလို့ရမလား…"

ဆရာမေက…

"ဘာကိစ္စလဲ…"

ပိုင်ရှောက်ယွီက ရယ်မောလိုက်ရင်း…

"ညက ကျွန်တော် နောက်ဆုံးမှတ်မိတာ မိန်းမလှလေး (၂)ယောက်က ကျွန်တော့်ကို ပြုစုပေးဖို့ဆိုပြီး ခေါ်သွားကြ တာမဟုတ်လား…"

ယခုအချိန်အထိပင် ပြန်စဉ်းစားမိတိုင်း သူ၏နှာခေါင်းထဲတွင် မိန်းကလေးများထံမှ မွှေးရနံ့လေးများကိုရနေမိသေး သည်။

ဆရာမေက ပြုံးလိုက်ရင်း….

"မဟုတ်ပါဘူး…. မင်းအမှတ်မှားတာနေမှာပါ"

ပိုင်ရှောက်ယွီ၏မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး စိတ်ထဲတွင်လည်း သူ့ကိုယ်သူ ရွံလျာသွားမိလေသည်။

သူထပ်ပြီး မေးခွန်းများ မမေးချင်တော့ပေ။

ဆရာမေက…

"ကျုပ် မင်းကိုခေါ်လာတော့ မင်းက အိပ်တောင်ပျော်နေပြီ ၊ မင်းဘာတွေဖြစ်သွားတာလဲဆိုတာတော့ ကျုပ်လည်း သေချာမသိဘူး…"

ထိုအချိန်မှာပင် သူတို့အနားသို့  ဆန်းလျန် ရောက်လာလေသည်။

ဆန်းလျန်က သူ၏လက်ထဲတွင် ကိုင်ထားသည့် အင်းစက္ကူများကို ပိုင်ရှောင်ယွီကို ပေးလိုက်ရင်း…

"ဒီအင်းစက္ကူတွေကို စားသောက်ဆိုင်ရဲ့ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် နေရာစုံမှာ ကပ်ထားလိုက်…"

ပိုင်ရှောက်ယွီမှာ ယခုမှ ဆရာမေကို မျက်နှာပူသက်သာသွားကာ အင်းစက္ကူများကပ်ရန် ထွက်ခွာသွားလေတော့ သည်။

သို့သော်… သူ၏မျက်နှာတွင်ဝမ်းနည်းကြေကွဲဟန်များပေါ်လွင်နေပြီး မနေ့က အဖြစ်အပျက်များကို မတွေးတော့ရန် ဆုံးဖြတ်လိုက်လေသည်။ အင်းစက္ကူများကို ကပ်ပြီးသည့်အခါ သူက အခြားအလုပ်များကို အာရုံစိုက်ကာ လုပ်နေ လိုက်လေသည်။

ဆရာမေက…

"တာအိုဆရာရဲ့ အလုပ်သမားလေးက တကယ်ကြိုးစားတာပဲ…"

ဆန်းလျန်က ပိုင်ရှောက်ယွီကို ခေါင်းကိုက်အောင် လုပ်ထားသည့် စာချုပ်အကြောင်းကို ပြောပြလိုက်လေသည်။ ထိုအခါတွင်တော့ ပိုုင်ရှောက်ယွီ အလုပ်ကြိုးစားရသည့်အကြောင်းကို ဆရာမေက အံ့သြခြင်း မရှိတော့ပါ။

မေနန့်စန်းက….

"မနေ့က သူလောင်းကစားဂေဟာမှာ တော်တော်ဒုက္ခရောက်ခဲ့တာ ၊ အဲဒါ တာအိုဆရာနဲ့များ တစ်ခုခု ပတ်သက်နေ သလား…"

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"ကျုပ် သူ့ကို ကြေးပြား (၂)ခု ပေးလိုက်တာ ၊ မနေ့ကတော့ သူလည်းကံတက်နေတာနဲ့ တိုက်ဆိုင်သွားတော့ တစ်ပွဲမှ မရှုံးဘဲ လောင်းကစားပွဲမှာ နိုင်နေတာပေါ့ ၊ ခင်ဗျားသာ ပြန်ခေါ်မလာရင် ဒီကလေးတော့ လောင်းကစား ဂေဟာမှာ ဒုက္ခရောက်ရမှာ…"

ဆရာမေ၏ဘေးနားတွင် ရပ်နေသည့် ယိုယိုက…

"တာအိုဆရာက အဲဒီလိုဖြစ်မယ်ဆိုတာ ကြိုသိထားတယ်ဆိုရင်လည်း ဘာလို့ သူ့ကို ကြေးပြား (၂)ပြား ပေးလိုက် သေးလဲ ၊ မဟုတ်ရင် သူ ပြန်လာလို့ရမှာတောင် မဟုတ်တော့ဘူး…"

ဆန်းလျန်က မည်သည့်စကားမှပြန်မပြောဘဲ တိတ်ဆိတ်နေလေသည်။

မေနန့်စန်းကတော့ ဉာဏ်ပညာနှင့်ပြည့်ဝသူဖြစ်လေရာ တစ်ချက်မျှ စဉ်းစားကြည့်လိုက်သည်နှင့် ဆန်းလျန်၏ ရည်ရွယ်ချက်ကို နားလည်သွားရလေသည်။

"ပိုင်ရှောက်ယွီဒုက္ခရောက်ခဲ့ရင်လည်း သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပဲ ၊ တာအိုဆရာကို အပြစ်တင်လို့မရဘူး ၊ ကိုယ်ကတော့ အကူအညီပေးလိုက်တာပဲလေ ၊ ဒါပေမယ့် ကူညီလိုက်လို့ ဒုက္ခရောက်သွားတာတော့လည်း မတတ် နိုင်ဘူးပေါ့…"

ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…

"ခင်ဗျားက အရမ်းဉာဏ်ကောင်းလွန်းတယ် ၊ ခင်ဗျားသာ ကျုပ်ဆီမှာ ပညာသင်ခွင့်ရမယ်ဆိုရင် ကျောက်စိမ်းလိုပဲ အရည်အချင်းရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာပဲ…ဒါပေမယ့် နှမျောစရာပဲ…"

ယိုယိုက နှုတ်ခမ်းလေးများကို အသာတွန့်ကွေးလိုက်ရင်း….

"ကျွန်မတို့ဂိုဏ်းချုပ်က တကယ့်ကို အစွမ်းထက်တာပါ ၊ ဟိုးအရင်တုန်းကဆိုရင် နတ်ဘုရားတွေက တပည့်အဖြစ် ခေါ်ချင်ကြတာ ၊ ဒါပေမယ့် ဂိုဏ်းချုပ်က လက်မခံခဲ့ဘူးလေ…"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"နတ်ဘုရားတစ်ပါးဖြစ်နေရင်တောင်မှ ကျုပ်ကိုတော့ ဦးညွှတ်ရမှာပါပဲ ၊ သာမန်လူတစ်ယောက်ဟာ ကျုပ်ကို တွေ့ခွင့်ရရင်တောင် (၃)ဘဝဆက်တိုက်ကံကောင်းနိုင်တယ် ၊ ကျုပ်ဆီမှာ ပညာသင်ခွင့်ရမယ်ဆိုရင်တော့ မရေမတွက်နိုင်တဲ့ ဘဝပေါင်းများစွာ ကံကောင်းရလိမ့်မယ်…"

ယိုယိုက …

"ဒါကတော့ တာအိုဆရာက အပြောကြီးတာပဲ…"

မေနန့်စန်းကတော့ ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမှ မပြောပေ။

လူတစ်ယောက်သည် ကြွားဝါပြောဆိုနေသည်လား ၊ ကြွားဝါပြောဆိုနေခြင်း မဟုတ်ဘူးလားဆိုသည်က ကြည့်ရုံဖြင့် သိသာနိုင်လေသည်။

ဆန်းလျန်၏စကားလုံးများထဲတွင် ကြွားလုံးထုတ်ခြင်းက မဖြစ်စလောက် ပါဝင်နိုင်လေသည်။ သို့သော်… ကြွားဝါပြောဆိုနေသည်ဟု မဆိုသာပေ။ တကယ်တော့ သူ့ရှေ့မှလူသည် သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ လောကသို့ ဆင်းကြွလာသည့် နတ်ဘုရားတစ်ပါးဖြစ်နေသည် မဟုတ်ပါလား။

သူ့အနေဖြင့် သံသယများရှိနေသေးသည့်တိုင် အမှန်တရားဆိုသည်က တဖြည်းဖြည်းပေါ်လာမည်ပဲ ဖြစ်လေသည်။

တစ်ချိန်တုန်းက သူသည်လည်း နတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် ကျင့်ကြံရန် အခွင့်အရေးရခဲ့ဖူးလေသည်။ သို့သော် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့လေသည်။ နောက်ပိုင်းမှသာ သူ၏ဆုံးဖြတ်ချက်အတွက် နောင်တရနေခဲ့ခြင်း ဖြစ်လေသည်။

နတ်ဘုရားများဆိုသည်က နားလည်ရခက်သူများဖြစ်လေသည်။ ကိုယ့်ရှေ့ရောက်နေလျှင်တောင်မှ နတ်ဘုရားမှန်း မသိနိုင်ပေ။ သို့သော်… ကိုယ့်ရှေ့မှ ထွက်ခွာသွားတော့မှ နတ်ဘုရားမှန်းသိလိုက်ရလျှင် အဆုံးသတ်တွင် နောင်တရရမည်သာပင်။

ရုတ်တရက်…

မေနန့်စန်း၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရလေသည်။

သူ အသက်ရှူလိုက်သည်နှင့် အသက်ဓာတ်စွမ်းအားလှိုင်းလုံးကြီးတစ်ခုက သူ့ထံသို့ စီးဆင်းဝင်ရောက်လာသော ကြောင့်ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်မှ သွေးကြောဆုံချက်များအားလုံး တဒိတ်ဒိတ်ခုန်လာလေသည်။

ထိုအချိန်မှာပင်…

မိုင်တစ်ထောင်ပတ်ဝန်းကျင်မှ ကျင့်ကြံသူများအားလုံးသည် ပိုင်ကျားမြို့ကို တစ်ပြိုင်တည်း ကြည့်လိုက်မိကြလေ သည်။

သို့သော် …. သာမန်လူများကတော့ ထူးဆန်းသည့် ပြောင်းလဲမှုကို သိမြင်နိုင်ခြင်း မရှိကြပေ။

နတ်သမီးဗိမာန်ဆောင်ကြာမြိုင်ပိုင်ရှင် ဟူတောက်တယ်သည် မြေခွေးနတ်ဘုရားတစ်ပါး ဖြစ်လေသည်။

ရုတ်တရက် ထူးဆန်းမှုဖြစ်ပေါ်လာသည်နှင့် ဟူတောက်တယ်၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေသည်။

အရှေ့ဘက်ဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရပြီး သူ့ဝိညာဉ်သည်ပင် စူးရှမှုကို ခံစားလိုက်ရလေသည်။ သူက စူးရှသည့်ဒဏ်ကို ခံနိုင်ရန် ခဏတာမျှ ကြိုးစားလိုက်ပြီးသည့်နောက် ထူးဆန်းသည့် အဖြစ်အပျက်ကို လေ့လာလိုက်လေသည်။

ထူးဆန်းမှုသည် စားသောက်ဆိုင်တစ်ခု၏ ခေါင်မိုးထက်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ကောင်းကင်ထက်တွင် ရွှေရောင်အလင်းတန်းများလင်းလက်နေပြီး ကဗျာတစ်ပုဒ်ပေါ်လာလေသည်။

"နတ်ဘုရားတွေက ဒီမှာ အရက်လာသောက်ကြလိမ့်မယ်…

ဗောဓိသကျတွေတောင် ပြန်ကြမှာ မဟုတ်တော့ဘူး…

သောက်ပြီးရင် မပြန်နဲ့တော့…."

ထို့နောက်တွင်တော့ ရွှေရောင်အလင်းတန်းများနှင့်အတူ ကဗျာစာပိုဒ်လေးသည်လည်း ပျောက်ကွယ်သွားခဲ့လေ သည်။

ဟူတောက်တယ်၏ စိတ်ထဲတွင် ထူးဆန်းသည့် ခံစားမှုတစ်ခုကို နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရလေသည်။

မေနန့်စန်းမှာလည်း သူ၏ တန်ခိုးစွမ်းအားများ အဆမတန်မြင့်တက်လာသလိုခံစားလိုက်ရပြီး ကျင့်စဉ်လမ်း ပင်အဆင့်တက်တော့မည့် နိမိတ်လက္ခဏာများ ထင်မြင်လာရလေသည်။ သို့သော်… နှမျောစရာကောင်းသည်မှာ သူ့ဆီသို့ ဝင်ရောက်လာသည့် အသက်ဓာတ်စွမ်းအားများသည် ချက်ချင်းပင် သဲလွန်စမကျန် ပြန်လည် ပျောက်ကွယ် သွားခဲ့လေသည်။ သူသည် အလွန်စိတ်ပျက်သွားသလို အံ့လည်း အံ့သြသွားရလေသည်။

သို့သော်… သောက်ပြီးရင်မပြန်နဲ့တော့ စားသောက်ဆိုင်တွင် ဖြစ်ပေါ်သွားသည့်အပြောင်းအလဲများကိုတော့ မေနန့်စန်း ရိပ်မိလိုက်ခြင်း မရှိခဲ့ပါချေ။

သောက်ပြီးရင်မပြန်နဲ့တော့စားသောက်ဆိုင်သည် ရုတ်တရက်ပင် တာအိုနန်းတော်ကြီးတစ်ခုအလား တန်ခိုးစွမ်းအား များဖြင့် ပြည့်ဝသွားလေသည်။ ကျင့်ကြံသူများနှင့် ကံကြမ္မာရေစက်ပါသူများမဟုတ်ပါက ဝင်ရောက်လာနိုင်ရန် ခက်ခဲမည် ဖြစ်လေသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဆန်းလျန်က စားသောက်ဆိုင်ပတ်လည်တွင် အရံအတားပြုလုပ်ထားခြင်းကြောင့် မဟုတ်ပါ။ ကံတရားနှင့်သာ သက်ဆိုင်လေသည်။ စားသောက်ဆိုင်နှင့် ရေစက်မပါရှိပါက ဆိုင်တံခါးရှေ့တည့်တည့်ရောက်လာ လျှင်တောင်မှ ဝင်ချင်စိတ်ပေါက်မည် မဟုတ်ပေ။

ပိုင်ရှောက်ယွီက ဆိုင်ထဲသို့ပြန်ဝင်လာပြီး မျက်လုံးများကို လက်ဖြင့်ပွတ်ရင်း….

"အစ်ကိုဆန်း… အခုပဲ စားသောက်ဆိုင်ခေါင်မိုးပေါ်က ရွှေရောင်အလင်းတန်းတွေထွက်လာတာ တွေ့လိုက်တယ် ၊ ဘာဖြစ်တာလဲ မသိဘူး…"

ဆန်းလျန်က…

"ဘာမှမဖြစ်ဘူး ၊ အပြင်မှာ ဧည့်သည်တစ်ယောက်ရောက်နေတယ် ၊ အမြန်သွားကြိုလိုက်…"

ဆိုင်ထဲသို့ ပြန်ဝင်လာသည့် ပိုင်ရှောက်ယွီမှာ ဆန်းလျန်၏ စကားကြောင့် ဆိုင်တံခါးဝသို့ ပြန်ထွက်သွားလေသည်။

ဆိုင်တံခါးဝသို့ရောက်သည်နှင့် ပိုင်ရှောက်ယွီ၏ မျက်ဝန်းထဲတွင် ရုတ်တရက် လင်းလက်သွားသလို ခံစားလိုက်ရ လေသည်။

အဘယ်ကြောင့်ဆိုသော်…

မျက်ဝန်းတောက်တောက်လေးများဖြင့် ချောမောလှပလွန်းသည့် မိန်းကလေးငယ်လေးတစ်ယောက်သည် အဖြူရောင်သွားလေးများပေါ်သည်အထိ ပြုံးနေရင်း စားသောက်ဆိုင်အတွင်းသို့ စူးစမ်းသည့်အကြည့်ဖြင့် ကြည့်နေ သည်ကို တွေ့လိုက်ရ သောကြောင့် ဖြစ်လေသည်။

ပိုင်ရှောက်ယွီကိုတွေ့သည့်အခါတွင်တော့ သူမက ပါးစပ်ကို လက်ဖြင့်အုပ်ကာ တစ်ချက်ရယ်မောလိုက်ရင်း…

"ကောင်လေး… နင်က ဘာကြောင်ကြည့်နေတာလဲ…"

မိန်းကလေးငယ်ထံမှ စကားသံထွက်ပေါ်လာတော့မှ ပိုင်ရှောက်ယွီမှာ သတိဝင်လာလေသည်။

ထိုအခါမှ… မိန်းကလေးငယ်၏ နောက်တွင်ရပ်နေသည့် မျက်နှာထားတင်းတင်းဖြင့် လူရွယ်တစ်ယောက်ကို သတိပြုလိုက်မိလေသည်။ ထိုသူမှ ဆံပင်အဖြူရောင်များကိုပိုင်ဆိုင်ထားပြီး မျက်နှာထက်တွင်တော့ မုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမမွှေးများမရှိဘဲ ရှင်းသန့်နေလေသည်။

ထိုသူက မျက်နှာထားတင်းတင်းဖြင့် ပိုက်ရှောက်ယွီကို တစ်ချက်ကြည့်လိုက်လေရာ ပိုက်ရှောက်ယွီမှာ ကျောရိုးထဲ စိမ့်သွားသည်အထိ ကြောက်ရွံ့သွားမိလေသည်။

ပိုင်ရှောက်ယွီက အထစ်ထစ်အငေါ့ငေါ့ဖြင့်…

"ဧည့်… ဧည့်သည်… အထဲကိုကြွပါ…"

ဆံပင်အဖြူရောင်နှင့်လူက…

"ဆဌမမိန်းကလေး… ဒီနေရာက တကယ်ထူးဆန်းတာပဲ…"

ဆံပင်အဖြူရောင်နှင့်လူ၏ စကားကြောင့် ပိုင်ရှောက်ယွီမှာ သူတို့ စားသောက်ဆိုင်ကိုမှောင်ခို လုပ်ငန်းလုပ်နေသည့် ဆိုင်တစ်ဆိုင်ဟု ဧည့်သည့်များက ထင်သွားမည်ကို စိတ်ပူသွားလေသည်။

ထို့ကြောင့် ပိုင်ရှောက်ယွီက…

"ကျွန်တော်တို့ဆိုင်က ပုံမှန်စားသောက်ဆိုင်တစ်ခုပါ…"

မိန်းကလေးက ရယ်မောလိုက်ရင်း…

"ဒီစားသောက်ဆိုင်မှာ နင်တစ်ယောက်တည်း ရှိတာလား…"

"မ… မဟုတ်ပါဘူး ၊ ကျွန်တော်က အလုပ်သမားပါ…"

ပိုင်ရှောက်ယွီက စိတ်ရှုတ်ထွေးစွာဖြင့် ပြောလိုက်လေသည်။

မိန်းကလေးက…

"အော်…"

သူမသည် စားသောက်ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် ကောင်တာနောက်တွင်ရှိနေသည့် ဆန်းလျန်ကို တွေ့မြင် လိုက်ရလေသည်။

မိန်းကလေးက ကောင်တာအနားသို့တိုးကပ်သွားလိုက်ရင်း…

"ဦးလေးကြီး… စားလို့ကောင်းတာ ဘာတွေရလဲ…"

ဆန်းလျန်က သူမကိုမကြည့်ဘဲ…

"မင်းက ဘာစားချင်လို့လဲ…"

"ကျွန်မက…. အများကြီးစားချင်တာ ၊ ဒီဆိုင်မှာ မရမှာပဲ စိတ်ပူတာ…"

လှပသည့်မိန်းမပျိုလေးက ဆန်းလျန်ကို သူမ၏ မျက်ဝန်းတောက်တောက်လေးများဖြင့်ကြည့်ရင်း ပြောလိုက်လေ သည်။

ပိုင်ရှောက်ယွီက ထိုမြင်ကွင်းကိုမြင်လိုက်သည်နှင့် မနာလိုဖြစ်သွားပြီး ဆန်းလျန်ဘေးနားတွင် ဝင်ရပ်လိုက်လေ သည်။

စိတ်ထဲမှလည်း…

"အစ်ကိုဆန်းရာ… အစ်ကိုဆန်းမှာ အစ်မကူးဝေေ၀ရှိနေပြီပဲ ၊ ဒီမိန်းမလှလေးကိုတော့ ညီလေးအတွက် ထားလိုက်ပါ ဗျာ…"

ဟု တွေးလိုက်မိလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"မင်း ပြောကြည့်လေ… မင်းစားချင်တာဘာမဆို ရစေရမယ် ၊ ဒါပေမယ့် ပိုက်ဆံမတတ်နိုင်မှာပဲ စိတ်ပူမိတယ်…"

All Chapters