ချင်းဟယ်မင်းသားကတော့ နဂါးမင်းတစ်ပါးလိုဘုန်းတန်ခိုးကြီးပါတယ်
Vol. 8 Ch. 725
"ကျုပ်တို့ကို ပိုက်ဆံမတတ်နိုင်ဘူးများ ထင်နေလို့လား…."
ဆံပင်အဖြူရောင်နှင့်လူက မကျေမနပ်ဖြင့် ဝင်ပြောလိုက်လေသည်။
သူ၏ အသံက ကျယ်လောင်ပြီး စကားပြောလိုက်စဉ်တွင် မျက်ခုံးများကလည်း တွန့်ချိုးသွားလေသည်။ မျက်နှာထား ကလည်း အတော်လေးတည်လေ၏။
မိန်းကလေးက ဆံပင်အဖြူရောင်နှင့်လူကို ကြည့်လိုက်ပြီး…
"ဟုတ်တယ်… အထိန်းတော်ကြီး ၊ ပြောလိုက်စမ်းပါ…"
ပြီးမှ မိန်းကလေးက ဆန်းလျန်ကို ထပ်ပြောလိုက်လေသည်။
"ဟုတ်ပြီလေ… ဦးလေးကြီး ၊ ကျွန်မစားချင်တာတွေက မျောက်ဝံနှုတ်ခမ်း ၊ ကုလားအုတ်ဘို့ ၊ မျောက်ခေါင်း ၊ ဇီဝဇိုးငှက်သိုက် ၊ ရေဘဲသား ၊ သမင်အကြော ၊ ငါးပူတင်းခြောက် ၊ နေဦး… ရှိသေးတယ် ၊ ငါးမန်းဆူးတောင် ၊ နှင်းမှိုကျောက်ပွင့် ၊ ကြောင်ကတိုးသား ၊ ကြက်ဆင်အူ ၊ ပင်လယ်ငါးသလောက် ၊ ဖားသား ၊ ငါးပါးစပ် ၊ ကနုကမာ ၊ အော်.. ပြီးတော့…က ကျွန်မကို ပင်လယ်သခွားသီးလည်းပေးဦး ၊ နဂါးနှုတ်ခမ်းမွှေးဟင်းလည်းမှာချင် သေးတယ် ၊ ပြီးတော့…. မှိုပွင့်ကြီး ၊ ချွမ်မျှစ်နုပေါက်တွေနဲ့ ကြေးခွံနီငါး ၊ ပင်လယ်ကမာဟင်းချို ၊ ယောက်သွား ၊ ကဘလူးဥ ၊ ဒါပဲ… တော်ပြီ ၊ ဦးလေးကြီးဆီမှာ အဲဒါတွေအကုန်လုံး ရပါ့မလား…"
ပြောပြီးသည်နှင့် မိန်းကလေးက မျက်လုံးများကို အသာမှေးစင်းပြီး ဆန်းလျန်ကို ကြည့်လိုက်လေသည်။
ပိုင်ရှောက်ယွီက…
"အမလေး… ဘုရားရေ… ဒီလောက်လှတဲ့ အလှလေးက နေ့တိုင်းသာဒီလိုစားနေရင် ဘယ်သူက တတ်နိုင်ပါ့လဲ"
ဟု တွေးလိုက်မိလေသည်။
မိန်းကလေးပြောသည့် အစားအသောက်များမှာ ကုန်းသတ္တဝါနှင့် ရေသတ္တဝါများထဲတွင် အရသာအရှိဆုံးသတ္တဝါ များဖြစ်လေသည်။ သို့သော်… သူပြောသည့် စားကောင်းသောက်ဖွယ်များကို လူအတော်များများက စားဖူးခြင်း မရှိကြပေ။ သာမန်လူများသည် ထိုသို့သောဟင်းလျာများကို အဘယ်မှာစားနိုင်ကြပါမည်နည်း။
ဆန်းလျန်က…
"မှာတာတွေအားလုံး ရစေရပါမယ် ၊ ဒါပေမယ့် ပိုက်ဆံမပေးပါနဲ့ ၊ ပိုက်ဆံအစား ပစ္စည်းတစ်ခုပဲ လိုချင်တယ်…"
မိန်းကလေးက…
"ဘာပစ္စည်းလိုချင်တာလဲ…"
ဆန်းလျန်က…
"မီးဖိုချောင်မှာသုံးဖို့ ဓားတစ်လက်…"
မိန်းကလေးက တစ်ချက်မျှ စဉ်းစားလိုက်ပြီး…
"ဓားတစ်လက်တော့ရှိတယ် ၊ ဦးလေးကြီး လိုချင်ရင် ကြည့်ကြည့်လေ…"
ပြောပြီးသည်နှင့် သူမက ဓားကျိုးတစ်လက်ကို ထုတ်ယူလိုက်လေသည်။
ဓားသွားပေါ်တွင် သင်္ကေတများစွာ ထွင်းထုထားပြီး ဓားက အသစ်လည်းမဟုတ်သလို အဟောင်းလည်း မဟုတ်ပေ။ သို့သော်… ဓားသွားမှာ ကျိုးပဲ့ပြီး ထစ်လျှက် ရှိလေသည်။
ပိုင်ရှောက်ယွီက…
"ဒီဓားက တော်တော်ထစ်နေပြီ ၊ ဘယ်နှစ်ပြားမှတောင် မတန်တော့ဘူး…"
မိန်းကလေးငယ်က…
"ကျွန်မ ဒီဓားကိုအိမ်ကခိုးလာတာ ၊ ကျွန်မအဖေဆို ဒီဓားကို သေသေချာချာ သိမ်းထားတာ ၊ သူသိမ်းထားတယ်ဆို ကတည်းက တန်ဖိုးကြီးလို့ပေါ့ ၊ တကယ်ဆို အများကြီးတန်သင့်တာ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"အင်း… တကယ်အဖိုးတန်တဲ့ဓားပဲ ၊ မင်း ဒီဓားကို ကျုပ်ကိုပေးမယ်ဆိုရင် နောက်ဆို ကျုပ်ဆိုင်မှာ အချိန်မရွေး အလကားလာစားလို့ရတယ်… ဘယ်လိုလဲ"
ပိုင်ရှောက်ယွီမှာ ရင်ထဲတွင် နင့်သွားလေသည်။
အစ်ကိုဆန်းသည်ကား မိန်းကလေး၏ အလှဖြင့်ပြုစားခံလိုက်ရပြီး ဓားကျိုးကိုပင် တန်ဖိုးကြီးကြီးပေးနေပြီ ဖြစ်လေ သည်။
မိန်းကလေးငယ်က…
"ဒါဖြင့် အဲဒီဓားကို ဦးလေးကြီးယူလိုက်တော့ ၊ ဒါပေမယ့် ဦးလေးကြီးတို့ဆိုင်က အစားအသောက်တွေက အရသာမရှိရင်တော့ နောက် ဘယ်တော့မှ လာမစားတော့ဘူး…"
အထိန်းတော်ကြီးက ခပ်တိုးတိုးလေသံဖြင့်…
"မိန်းကလေး… ဒီဓားကျိုးက အဖိုးတန်တယ်ဆိုရင် လျှောက်ပေးမပစ်နဲ့လေ…"
မိန်းကလေးငယ်က လက်တစ်ဖက်ကာပြလိုက်ရင်း…
"ဦးလေးကြီးကြည့်ရတာ ပစ္စည်းကောင်းတွေအကြောင်းကို နားလည်ပုံရတယ် ၊ အဲဒီတော့ ဒီဓားကို ဦးလေးကြီးရသွားတာ အထိန်းတော်ကြီးက မနာလို ဖြစ်မနေပါနဲ့…"
အထိန်းတော်ကြီးမှာ မိန်းကလေးငယ်၏ ထူးဆန်းသည့် အမူအကျင့်များဖြင့် အသားကျနေပြီ ဖြစ်လေသည်။
အထိန်းတော်ကြီးက ဆန်းလျန်ကို မျက်နှာထားတင်းတင်းဖြင့် တစ်ချက်ကြည့်လိုက်လေသည်။ သူ့အကြည့်ကြောင့် ဆန်းလျန်ကြောက်လန့်သွားစေရန် ကြည့်လိုက်ခြင်းဖြစ်သော်လည်း ဆန်းလျန်က အေးအေးဆေးဆေးပင် ရှိနေလေသည်။ ဆန်းလျန်က အဘယ့်ကြောင့် သူ့ကို ကြောက်ရပါမည်နည်း။
သူက မိန်းကလေးငယ်ဆီမှ ဓားကိုယူလိုက်ပြီး…
"မင်းတို့တွေ စားပွဲလွတ်တစ်ခုမှာ ခဏ ထိုင်ပြီးစောင့်ကြပါ ၊ ခဏနေရင် မှာထားတဲ့ ဟင်းလျာတွေရပါမယ်…"
မိန်းကလေးက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး မေနန့်စန်းနှင့် ဘေးချင်းကပ်လျှက်စားပွဲတွင် ဝင်ထိုင်လိုက်လေသည်။
ထိုအချိန်မှာပင် ကူးဝေေ၀ ရောက်လာလေသည်။ ပိုင်ရှောက်ယွီက ကူးဝေေ၀ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက် လေ၏။
ထိုအခါ… ကူးဝေေ၀က စိတ်ဝင်စားသွားပြီး ဆန်းလျန်ဘေးနားသို့ လျှောက်သွားလိုက်ရင်း…
"ဒီလောက်တန်ဖိုးကြီးတာ ဘယ်လိုဓားမျိုးလဲ ငါ့ကို ပြစမ်းပါဦး…"
ဆန်းလျန်က ဓားကျိုးကို ကူးဝေေ၀ဆီသို့ လှမ်းပေးလိုက်လေသည်။
ဓားကိုကိုင်လိုက်သည်နှင့် ကူးဝေေ၀မှာ အေးစိမ့်သည့်အငွေ့အသက်များကို ခံစားလိုက်ရလေသည်။ ထို့ပြင် ဓားမှာ သူမတူ အောင်ပေါ့ပါးလွန်းလှလေသည်။
သူမက လှပစွာဖြင့် မျက်ခုံးလေးတစ်ချက်ပင့်လိုက်ရင်း…
"ဓားကောင်းတစ်လက်ပဲ…"
ပြောပြီးသည်နှင့် သူမက မိန်းကလေးငယ်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
မိန်းကလေးငယ်သည် အသက် (၁၃)နှစ် ၊ (၁၄)နှစ်ခန့်သာ ရှိဦးမည် ဖြစ်လေ၏။ ငယ်ရွယ်လွန်းသည့်အတွက် ပစ္စည်းကောင်းများ၏တန်ဖိုးကို သိဟန်မတူပေ။
ကူးဝေေ၀က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဒီပစ္စည်းက တန်ဖိုးကြီးတယ် ၊ ဒီမိန်းကလေးက တန်ဖိုးကြီးမှန်းမသိလို့ နင့်ကိုပေးတာ ဖြစ်လိမ့်မယ် ၊ အားလျန်… သူတို့ပစ္စည်းပြန်ပေးလိုက်ပါဟာ…"
ဆန်းလျန်က…
"ဒီဓားကို အစ်မဟင်းချက်ဖို့ ယူထားတာ ၊ သူ့ကိုပြန်ပေးလိုက်ရင် ဘာအသုံးဝင်မှာလဲ ၊ အဲဒီလောက် မိန်းကလေးငယ်ငယ်လေးက ဘာဟင်းချက်တတ်မှာလဲ ၊ ဒါပေမယ့် ဂိုဏ်းတူအစ်မ စိတ်မပူပါနဲ့ ၊ သူတို့ မနစ်နာစေရပါဘူး…"
ကူးဝေေ၀က…
"နင် ဒီလောက်ဆိုးတဲ့အကြံကို ဘယ်လိုများရလိုက်တာလဲဟင် ၊ ပြီးတော့ သူတို့မှာထားတဲ့ ဟင်းတွေအကုန်လုံး နင်ဘယ်လိုချက်မှာလဲ…"
ဆန်းလျန်က ကူးဝေေ၀၏ လက်လေးကို ကိုင်လိုက်ရင်း…
"မီးဖိုထဲသာ သွားကြည့်လိုက်စမ်းပါ…"
ကူးဝေေ၀မှာ ဆန်းလျန်အကြောင်း နောကျေအောင် သိနေခဲ့ပြီ ဖြစ်လေသည်။
ထို့ကြောင့် သူမက အလေးမထားသည့်ဟန်ဖြင့် ဓားကျိုးကိုကိုင်ကာ ဆန်းလျန်နောက်မှ လိုက်သွားလေတော့သည်။ ဓားကျိုးမှာ အဝတ်စလေးတစ်စထက်ပင် ပေါ့ပါးနေလေသည်။ မည်သည့်သတ္တုပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို သိရှိနိုင်ခြင်း မရှိပေ။
ဆန်းလျန်နှင့် ကူးဝေေ၀တို့ မမောနိုင်မပန်းနိုင်ဘဲ အတူတူ ချက်ပြုတ်နေကြသည့် အချိန်တွင် ပိုင်ရှောက်ယွီကတော့ စားသောက်ဆိုင်ထဲတွင် ဧည့်သည်များကို ဧည့်ခံရင်း ကျန်ရစ်ခဲ့လေသည်။
သူက မိန်းကလေးငယ်နှင့် အထိန်းတော်ကြီးအတွက် လက်ဖက်ရည်ကြမ်းများ ငှဲ့ထည့်ပေးနေလေသည်။ အထိန်းတော်ကြီးဆိုသူက သဘောထားသေးဟန်ရှိသော်လည်း ပိုင်ရှောက်ယွီကိုတော့ အရေးမထားဟန်ဖြင့် လက်ဖက်ရည်ကြမ်းကို မော့သောက်လိုက်လေသည်။
အထိန်းတော်ကြီးက…
"ဆဌမမိန်းကလေး ၊ ဒီစားသောက်ဆိုင်လေးက တစ်ခုခုတော့ တစ်ခုခုပဲ ၊ လက်ဖက်ရည်ကြမ်းအရသာကတောင် သန့်စင်ပြီး အရသာရှိနေတယ် ၊ တောင်ပိုင်း ပီစန်းတောင်က ပုလဲစမ်းရေအတိုင်းပဲ…"
မိန်းကလေးငယ်က သူမ၏ မေးဖျားလေးကို လက်ဖြင့်အသာပွတ်လိုက်ရင်း…
"ဟုတ်လား ၊ ဒါကြောင့် ရေက အရသာတစ်မျိုးဖြစ်နေတယ်လို့ ကျွန်မတွေးနေတာ…"
မိန်းကလေးငယ်လေး၏ စကားကြောင့် အထိန်းတော်ကြီးက အနည်းငယ် ပြုံးလိုက်လေသည်။
ဆဌမမိန်းကလေးသည် အစားအသောက်နှင့်ပတ်သက်ပြီး အလွန်ဂရုစိုက်သူဖြစ်လေသည်။
သူမသည် စမ်းချောင်းထဲမှရေများသည် ညစ်ပတ်သည်ဟုဆိုကာ မည်သည့်အခါမှ သောက်လေ့မရှိပေ။ ထို့ကြောင့် သူမသည် ပုလဲစမ်းရေကိုလည်း သောက်ဖူးခြင်း မရှိပေ။
ပိုင်ရှောက်ယွီကတော့ အထိန်းတော်ကြီးဆိုသူက တမင်သက်သက် လျှောက်ပြောနေခြင်းဖြစ်မည်ဟု တွေးလိုက် မိလေသည်။ သူသည်လည်း ဤစားသောက်ဆိုင်မှ ရေနွေးကို သောက်ဖူးသည်ပဲလေ။ မှော်ဆန်ဆန်အရသာမျိုး ရှိနေသည်ဟု တစ်စက်ကလေးမှ မခံစားခဲ့ရပေ။
အမှန်တော့ ပိုင်ရှောက်ယွီက စားသောက်ဆိုင်လေးမှာ ပြောင်းလဲသွားပြီဖြစ်သည်ကို သိရှိခြင်း မရှိသေးပေ။ ထို့ပြင် စားသောက်ဆိုင်သို့ ရောက်ရှိလာကြသူများမှာလည်း သာမန်လူများ မဟုတ်ကြတော့ပေ။
ယခုအချိန်တွင်… စားသောက်ဆိုင်တစ်ခုလုံးမှာ ဆန်းလျန်၏ တာအိုတန်ခိုးစွမ်းအားများဖြင့် ပြည့်ဝလျှက်ရှိနေလ သည်။ စားသောက်ဆိုင် ဆိုင်းဘုတ်သည်ပင် အဖိုးမဖြတ်နိုင်သည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
ပိုင်ရှောက်ယွီက မိန်းကလေးငယ်အနားသို့ အကြံဖြင့် ချဉ်းကပ်သွားလိုက်ပြီး…
"ကျုပ်နာမည်က ပိုင်ရှောက်ယွီပါ ၊ မိန်းကလေးနာမည်ကရော ဘယ်လိုခေါ်လဲဟင်…"
အထိန်းတော်ကြီးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"ကောင်လေး… မင်း ဘာ မကောင်းတဲ့အကြံတွေထုတ်နေလဲဆိုတာ ငါသိတယ်နော် ၊ မကြံသင့်တာတွေ မကြံရဘူး ၊ ဒါမှ ဒုက္ခမရောက်မှာ…"
မိန်းကလေးငယ်က…
"အထိန်းတော်ကြီး … သူများတွေကို ကြောက်အောင် မခြောက်ပါနဲ့…"
ထိုအချိန်မှာပင်…
မေနန့်စန်းက စကားဝင်ပြောလိုက်လေသည်။
"မိန်းကလေး… မိန်းကလေးက ဆန်းမျိုးနွယ်မဟုတ်လား…"
မိန်းကလေးငယ်က…
"ရှင်က ဘယ်လိုလုပ်သိတာလဲ…"
မေနန့်စန်းက ပြုံးလိုက်ရင်း…
"ကျုပ်တို့ အရှေ့ပင်လယ်ဂိုဏ်းက ဘာအဆင့်မှ မရှိပါဘူး ၊ ချင်းဟယ်မင်းသားကတော့ နဂါးမင်းတစ်ပါးလို ဘုန်းတန်ခိုးကြီးပါတယ် ၊ ဆန်းဆဌမမိန်းကလေး မွေးဖွားသန့်စင်တုန်းက ကျုပ်က ရွှေပေတံ (၂)ချောင်း လက်ဆောင်အဖြစ် ဆက်သခဲ့ပါသေးတယ်…"
ချင်းဟယ်မင်းသားဆိုသည်က တာ့ကျောက်တိုင်းပြည်မှ မျိုးနွယ်မတူသည့် မင်းသားတစ်ပါး ဖြစ်လေသည်။
တာ့ကျောက်ပြည်တွင် ကုန်သွယ်မှုများကို ပထမဆုံး စတင်ပြုလုပ်သည့် မင်းသားတစ်ပါးလည်း ဖြစ်လေသည်။ အရှေ့တောင်ပိုင်း ဒေသတွင် ချင်းဟယ်မင်းသားနှင့် ဆွေတော်မျိုးတော်များမှာ နှစ်ပေါင်း ထောင်ချီပြီး အသက်ရှည် သည်ဟု ဆိုကြလေသည်။ ဆွေတော်မျိုးတော်များထဲတွင် နတ်ဘုရားများလည်း ပါဝင်ကြသည်ဟု ကောလဟလ များလည်း ရှိလေ၏။
ဘုရင်အဆက်ဆက်ပြောင်းလဲသွားသည့်တိုင် အရှေ့တောင်ပိုင်းမှ ချင်းဟယ်မင်းသား၏ အာဏာရှိမှုကတော့ ထိုက်စန်းတောင်ကြီးအလား ခိုင်မာလျှက်ရှိဆဲ ဖြစ်လေသည်။
မေနန့်စန်း၏ အရှေ့ပင်လယ်ဂိုဏ်းသည် (၁၅)နှစ်အတွင်း အလွန်ကြွယ်ဝချမ်းသာလာပြီး အောင်မြင်လာခဲ့လေသည်။ သို့သော် ချင်းဟယ်မင်းသား၏ ကြွယ်ဝချမ်းသာမှုကို ခြေဖျားပင် မမီနိုင်ပေ။
သို့သော်… ချင်းဟယ်မင်းသားသည် အတက်အကျကို ခန့်မှန်းနိုင်စွမ်းရှိပြီး လုပ်သင့်သည့်အလုပ် ၊ မလုပ်သင့်သည့် အလုပ်ကို ခွဲခြားသိမြင်နိုင်သူ ဖြစ်လေသည်။ ထို့ကြောင့် အချို့စီးပွားရေးလုပ်ငန်းများကိုသာ တစ်ယောက်တည်း လက်ဝါးကြီးအုပ်ခဲ့ပြီး အချို့လုပ်ငန်းများကိုတော့ လက်ဝါးကြီးအုပ်ချုပ်ကိုင်ခဲ့ခြင်း မရှိပေ။ မဟုတ်ပါက ချင်းဟယ် မင်းသားအနေဖြင့် တာ့ကျောက်ဧကရာဇ်၏ အမျက်ရှခြင်းကို ခံရပေလိမ့်မည်။
မေနန့်စန်း၏ စကားများကို ကြားသည့်အခါတွင်တော့ အထိန်းတော်ကြီးက မေနန့်စန်းကို သေသေချာချာ အကဲခတ် လိုက်လေသည်။
သူက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ…
"လက်စသတ်တော့ အရှေ့ပင်လယ်ဂိုဏ်းက မေဂိုဏ်းချုပ်ကိုး…"
မေနန့်စန်းက ပြုံးပြီး ခေါင်းညိတ်လိုက်လေသည်။
ဆန်းဆဌမမိန်းကလေးက…
"အထိန်းတော်ကြီး… အရှေ့ပင်လယ်ဂိုဏ်းဆိုတာဘာလဲ…"
အထိန်းတော်ကြီးက မေနန့်စန်းကို အားနာသွားသည့်ဟန်ဖြင့်…
"မေဂိုဏ်းချုပ်… မင်းသမီးလေးက သာမန်ကိစ္စတွေ သိပ်စိတ်မဝင်စားတော့ အရှေ့ပင်လယ်ဂိုဏ်းကို မသိဘူး ဖြစ်နေတာ…"
အရှေ့ပင်လယ်ဂိုဏ်းချုပ်မှာ မှော်ဆရာတစ်ပါးအလား တန်ခိုးစွမ်းအားမြင့်မားသူဖြစ်သည်ဟု သူကြားဖူးထားလေ သည်။
သို့သော်… ရောဂါ တစ်ခုရှိသည့်အတွက် တော်ရုံအပြင်ထွက်လေ့မရှိဟုလည်း ပြောကြလေသည်။ ယခုတော့ မေနန့်စန်းကို ကြည့်ရသည်မှာ ငယ်ရွယ်ပြီး တန်ခိုးစွမ်းအားလည်း အလွန်မြင့်မားဟန် ရှိလေသည်။ ဂုဏ်သတင်းမွှေးပျံ့သည့်အတိုင်း ညီညွတ်လှပါပေ၏။
အမှန်တော့ ချင်းဟယ်မင်းသား၏ အခွင့်အာဏာနှင့်ဆိုလျှင် အရှေ့ပင်လယ်ဂိုဏ်းကဲ့သို့သော ပမွှားဂိုဏ်းလေးကို မျက်လုံးထဲ ထည့်စရာ အကြောင်းမရှိပေ။
သို့သော် အချက် (၂)ချက်ရှိလေသည်။
ပထမအချက်မှာ - မေနန့်စန်းသည် ခေသူတစ်ယောက် မဟုတ်ပေ။
ဒုတိယ အချက်မှာ - မေနန့်စန်း၏ အစ်ကိုတစ်ယောက်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ချန်စန်းကွမ်း တွင်ပညာသင်နေသည့် တပည့်တစ်ယောက်ဖြစ်လေသည်။ ထိုသူသည် နှစ်ပေါင်း (၁၀၀)အတွင်းတွင် ရှားပါးသည့် တပည့်တစ်ယောက် ဖြစ်ပြီး နတ်ဘုရားတစ်ပါးဖြစ်လာရန်ပင် အလားအလာရှိသူတစ်ယောက် ဖြစ်သည်ဟုဆိုကြ လေသည်။
ထို့ကြောင့် အထိန်းတော်ကြီးအနေဖြင့် မေနန့်စန်းကို မလေးမစား မပြုရဲပါချေ။ မေနန့်စန်းလိုလူမျိုးနှင့် ရန်သူ ဖြစ်ရသည့်အတွက် မည်သည့်အကျိုးကျေးဇူးမှ ရှိမည် မဟုတ်ပေ။
မေနန့်စန်းက…
"ကျုပ် ဘယ်လိုလုပ် စိတ်ဆိုးနိုင်မှာလဲဗျာ ၊ ကျုပ်လည်း မင်းသမီးလေးကို ချက်ချင်းမမှတ်မိဘူးလေ ၊ မှတ်မိရင် အစားအသောက်တွေအတွက် ကျုပ်ဒကာခံမှာပေါ့…"
ထိုစကားသည် အမှန်မဟုတ်ပါ။
တကယ်တော့ မေနန့်စန်းသည် အစကတည်းကပင် မိန်းကလေးငယ် မည်သူမည်ဝါဖြစ်သည်ကို သိရှိထားပြီး ဖြစ်လေသည်။
သို့သော်… ဆန်းလျန်ကိုကြည့်ရသည်မှာ ဓားကျိုးကို လိုချင်နေဟန်ရှိသည့်အတွက် ပြဿနာမဖြစ်စေရန် လက်ရှောင် လိုက်ခြင်းဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်ထံမှ အစားအသောက်များနှင့် အရက်များမှာလည်း ခပ်ပေါပေါ အစားအသောက်များ မဟုတ်ပေ။ ဈေးနှုန်းမှာလည်း ဆန်းလျန်၏ စိတ်ခံစားချက်အတိုင်း ပြောင်းလဲနေခြင်းဖြစ်လေ သည်။ ထို့ကြောင့် သူသာ မိန်းကလေးငယ်အတွက် ဒကာခံကာ ကျွေးမွေးဧည့်ခံလိုက်မည်ဆိုလျှင် ဆန်းလျန် ရည်ရွယ်ထားသည့်အတိုင်း ဖြစ်လာမည်မဟုတ်တော့ဘဲ ပျက်ပြားသွားရ မည်ဖြစ်လေသည်။