← Chapters

တစ္ဆေရှီဗာ

Vol. 115 Ch. 1715

တစ္ဆေရှီဗာ

Vol. 115 Ch. 1715

လူတိုင်း မြေအောက်ကမ္ဘာသို့ ခြေချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် ပတ်ဝန်းကျင်တွင် တစ္ဆေများ ပေါ်လာလေသည်။

ဆယ်ကောင်၊ အကောင်တစ်ရာ၊ တစ်ထောင်။

ပတ်ဝန်းကျင်တွင် အရေအတွက်က တိုးလာစဲဖြစ်ပြီး နောက်ဆုံးတွင် တစ္ဆေတို့ဖြင့် ပိန်းမှောင်သွားသည်။ ၎င်းတို့သည် ကြမ်းကြုတ်၍ သွေးဆာနေကာ ကြောက်မက်ဖွယ်ကောင်းလှသည်။

“တစ္ဆေရှီဗာ”

ထိုလူကိုမြင်သော် စွေ့ဟွာ တုန်လှုပ်သွားမိသည်။ ထိုသူသည် ယန်မိသားစု၏ နာမည်ကျော် သုတ်သင်သူ ဖြစ်ပြီး ယန်မိသားစု၏ ရန်သူများကို ဖြေရှင်းရှာ၌ အထူးတာဝန်ယူထားသူ ဖြစ်သည်။

သူမသည် ယန်စုန့်ချင်၏ လက်အောက်မှ စစ်သူကြီး ဖြစ်ပြီး ကံမကောင်းစွာဖြင့် ယခုအထိ အင်မော်တယ် ဧကရာဇ်အဆင့်၌သာ ရှိသေးသည်။ သူမ၏ ခွန်အားနှင့် သိုင်းအဆင့်က ခန့်မှန်းရ ခက်လှသည်။

တစ္ဆေရှီဗာ ပေါ်လာသည်ကိုမြင်သော် မုတ်ဆိတ်မွေးနှင့်လူ၏ ယုံကြည်မှုက ရုတ်တရက် တိုးမြင့်လာပြီး ယဲ့ဖန်အား အလွန် အထင်သေးသော အကြည့်ဖြင့် ကြည့်လေသည်။

“ဟေ့ကောင် မင်း သေချာမြင်လား၊ မင်းက အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေရင်တောင်မှ အခု မင်းက ကိုယ်ပွားသက်သက်ပဲ၊ မင်းအရှေ့က လူက တကယ့် အင်မော်တယ် ဧကရာဇ်အဆင့်ကွ”

စွေ့ဟွာ၏ မျက်နှာတွင် စိုးရိမ်တုန်လှုပ်၍ ကြောက်လန့်သော အမူအရာ ပေါ်လွင်နေသည်။ တကယ်ပဲ ဘုရားသခင်က မျက်နှာလွှဲနေပြီး သူမသခင်လေးကို သေစေချင်နေသလား။

ကိုယ်ပွားနှင့် မူလခန္ဓာကိုယ် အစစ်အမှန်တွင် မည်သူက ပိုသန်မာပြီး မည်သူက ပိုအားနည်းသလဲ မေးနေစရာပင် မလိုပါ။

သခင်လေး၏ သခင်ကြီးဆိုသူက မည်မျှ သန်မာနေပါစေ ဤမကောင်းဆိုးဝါးကို ယှဉ်နိုင်ရန် လုံးဝ မဖြစ်နိုင်ပါ။

*သွားပြီ*

*အားလုံး ပြီးသွားပြီ*

သူမ ကောင်းကင်ဘုံကနေ ရုတ်တရက် ငရဲသို့ ရိုက်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ သေဘေးမှ လွတ်ပြီဟု ထင်ထားခဲ့သော်လည်း ဝံပုလွေအုပ်ထဲမှ ထွက်လာနိုင်ပြီး ကျားဂူထဲ ဝင်မိသွားသလို ဖြစ်နေလေသည်။

ဘုရားသခင်က သူတို့ကို လှည့်မကြည့်ခဲ့ပါ။

ထိုအခိုက်တွင် တစ္ဆေရှီဗာက ခြောက်သွေ့အက်ကွဲသော အသံဖြင့် ပြောလာသည်။

“မိတ်ဆွေလေး မင်း ဘာလို့ အမှိုက်ကောင်တစ်ကောင်အတွက် ငါ့ယန်မိသားစုနဲ့ ရန်သူ လုပ်ရတာလဲ၊ သူ့ကိုသာ မင်း လက်လွှဲပေးမယ်ဆိုရင် ငါ့ယန်မိသားစုက မင်းကို သေချာပေါက် ကျေးဇူးတင်မှာ”

တစ်ဖက်လူက ယဲ့ဖန် ကြောက်သွားအောင် ယန်မိသားစုနာမည်ကို ထုတ်ပြောလေသည်။

အကြောင်းမှာ ယန်မိသားစု ဝမ်ရှန်းမြို့တွင်းမှ အင်အားစုများကြားတွင် အလွန် သန်မာပြီး ထိပ်ဆုံး၌ ရပ်တည်နိုင်သော မိသားစု ဖြစ်ကာ ဝမ်ရှန်းမြို့တော်သခင်ကတောင်မှ သူတို့ကို အတိုင်းအတာတစ်ခုအထိ လေးစားရသည်။

ဤမြေရိုင်းနယ်မြေ၌ လူအချို့သာလျင် သူတို့ကို ရန်စရဲသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဒိုင်းမဟာမိတ်ကို အားကိုး နေရသောကြောင့်ပင်။

ဒိုင်းမဟာမိတ် အဖွဲ့အစည်းကို လူသားများက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းနှစ်များက လူသားများသည် အားနည်းခဲ့ကြပြီး မကောင်းဆိုးဝါးများ၊ သားရဲများ၊ နတ်ဘုရားများနှင့် အခြားသော မျိုးနွယ်များက လူသားများအား ကျွန်ပြုကာ နင်းချေခဲ့ကြသည်။

ဒိုင်းမဟာမိတ် တည်ရှိနေရသည့် အဓိက အကြောင်းရင်းမှာ ပြင်ပ အဖွဲ့အစည်းများကို ရင်ဆိုင် တိုက်ခိုက်နိုင်ရန် ဖြစ်သည်။ ထို့ကြောင့် ၎င်းတွင် ကိုးပြည်နယ် တစ်ခုလုံးမှ လူသားမျိုးနွယ်များ၏ အင်အား ပါဝင်သဖြင့် အရှိန်အဝါက အလွန် ကြီးမားပေသည်။

ယန်မိသားစုခေါင်းဆောင် ယန်ထျန်းရှင်းသည် ဒိုင်းမဟာမိတ်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။

တစ်ဖက်လူက ဘာကိုပြောချင်နေသလဲ ဆိုသည်ကို ယဲ့ဖန် ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။

သူ ချက်ချင်း လှောင်ရယ်၍ ပြန်ပြောလိုက်သည်။

“ယန်မိသားစုက ဘာလုပ်ရမှာလဲ”

မောက်မာလှသည်။ တင်စီးလှပေသည်။

ထိုအခါ မုတ်ဆိတ်မွေးနှင့်လူ၊ တစ္ဆေရှီဗာနှင့် စွေ့ဟွာတို့ အံ့ဩသွားသည်။ သူတို့အားလုံး ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်လာပြီး သည်လူ စိတ်များ လွတ်နေသလားဟု သံသယ ဝင်လာကြလေသည်။

*ယန်မိသားစုက ဘာလုပ်ရမှာလဲ*

*ဒီမြေရိုင်းနယ်မြေမှာ ဘယ်သူက ဒီလိုစကားမျိုး ပြောရဲလို့လဲ*

ယဲ့ဖန်က သူတို့ဘက်က ဖြစ်သော်လည်း စွေ့ဟွာသည် သူက အနည်းငယ် မောက်မာလွန်းသည်ဟု တွေးနေမိသည်။

*ဒီလူက ယန်မိသားစုရဲ့ ကြောက်စရာကောင်းပုံနဲ့ နောက်ကွယ်မှာ ဒိုင်းမဟာမိတ် အဖွဲ့အစည်း ရှိနေတာကို မသိဘူးဘဲ*

*အဲ့ဒါကြောင့် သူ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုး ပြောရဲတာ၊ သူသာ သိရင် နေရာမှာတင် ကြောက်လွန်းလို့ သေးထွက်ကျလောက်တယ်*

ယဲ့ဖန်၏ အလွန် မောက်မာသော စကားကို ကြားပြီးနောက် တစ္ဆေရှီဗာ၏ မျက်နှာသည်လည်း မည်းမှောင်သွားကာ အလေးအနက် ဖြစ်လာသော အသံဖြင့် ပြောလိုက်သည်။

“အဲ့ဒီတော့ မင်းက ငါ့ယန်မိသားစုကို မျက်နှာသာ မပေးချင်ဘူးလို့ ပြောတာလား”

ယန်မိသားစုက မည်သူ့ကိုမှ မကြောက်ဖူးသေးပါ။

“အင်း ငါ မျက်နှာသာ ပေးမှာပါ၊ မင်း ငါ့မျက်စိအောက်မှ ထွက်သွားသရွေ့ ငါ မင်းကို မသတ်ဖို့ စဉ်းစားပေးမယ်၊ ဘယ်လိုလဲ”

ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။ မျက်နှာသာ ပေးသည်ဟု ပြောသော်လည်း တကယ်တမ်း၌ မျက်နှာသာ ပေးခြင်း မဟုတ်ပါ။

တစ္ဆေရှီဗာ အံကြိတ်လိုက်မိသည်။ ဤမျှ မောက်မာသောသူကို သူမ တစ်ခါမှ မမြင်ဖူးသလို သူမ ဤသို့ တစ်ခါမှ အရှက်ခွဲမခံရဖူးပါ။

သူမအား ပုရွက်ဆိတ်တစ်ကောင်သဖွယ် သေးနုတ်၍ အချိန်မရွေး‌ မောင်းထုတ်နိုင်သည်ဟု မှတ်ယူထားခြင်းပင်။

*သေသင့်တယ်*

*သေကိုသေသင့်တယ်*

တစ္ဆေရှီဗာက အံကြိတ်၍ ယဲ့ဖန်ကို ကြည့်ကာ တစ်လုံးချင်း‌ ပြောလိုက်သည်။

“နင့်ခန္ဓာကိုယ်အစစ်က ဒီမှာ ရှိမနေတာကို ကျေးဇူးတင်သင့်တယ်, မဟုတ်လို့ကတော့ ငါ နင့်ကို အခါတစ်ထောင် မက သတ်ပြီး နုတ်နုတ်စင်းမိမှာ”

ယဲ့ဖန်က သူမကို အထင်သေးသော အကြည့်ဖြင့် ပြန်ကြည့်လေသည်။

“မင်းကို သတ်ဖို့က ကိုယ်ပွားနဲ့တင် လုံလောက်တယ်”

မုတ်ဆိတ်မွေးနှင့်လူနှင့် စွေ့ဟွာတို့ အံ့ဩသွားသည်။ သူတို့‌ မောက်မာသော လူများကို မြင်ဖူးသော်လည်း ယဲ့ဖန်တမျှ မောက်မာသောလူကို သူတို့ တစ်ခါမှ မတွေ့ဖူးပါ။

*ကိုယ်ပွားနဲ့ အင်မော်တယ် ဧကရာဇ်အဆင့်ကို သတ်မယ်တဲ့လား*

*မင်းကိုယ်မင်း သူတော်စင်အဆင့်လို့များ ထင်နေလား*

*အဓိပ္ပာယ် မရှိလိုက်တာ*

*ဒီကောင် လေကျယ်လွန်းတယ်*

ထိုအခိုက်တွင် စွေ့ဟွာက မဟာနတ္ထိ ရှေးဧကရာဇ်ကို ဤနေရာမှ ဘယ်လို ခေါ်ထုတ်သွားရမလဲဟု တွေးနေမိသည်။ သူမမျက်လုံးထဲတွင် မဟာနတ္ထိ ရှေးဧကရာဇ်တစ်ယောက်တည်းကိုသာ မြင်ပြီး အခြားသူများ၏ သေခြင်းရှင်ခြင်းက သူမနှင့် လုံးဝ မသက်ဆိုင်ပေ။

သူမ မဟာနတ္ထိ ရှေးဧကရာဇ်ကို ယဲ့ဖန်နှင့်အတူ သေသွားခွင့် မပေးနိုင်ပါ။

“ကောင်းပြီ ကောင်းပြီ၊ ဒီလိုဆိုမှတော့ မင်း သေလိုက်တော့”

တစ္ဆေရှီဗာက တစ္ဆေတစ်ကောင်သဖွယ် နားကွဲမတတ် စူးရှစွာ အော်ဟစ်လိုက်သည်။ တစ္ဆေများ၏ အော်သံက နားစည်သို့ ရိုက်ခတ်လာသည်။

ထို့နောက်တွင်မူ တစ္ဈေများစွာက ပြိုင်တူ လှုပ်ရှားလာပြီး ယဲ့ဖန်ထံ ပြေးဝင်လာသည်။

ထိုအခိုက်တွင် တစ္ဆေရှီဗာ အလေးအနက် ဖြစ်နေလေပြီ။ ယဲ့ဖန်က မဟာနတ္ထိ ရှေးဧကရာဇ်ကို တွန်းထုတ်၍ ရင်ဆိုင်လိုက်သည်။ ထောင်ချီသော တစ္ဆေများက သူ့ကို ပတ်ပတ်လည်မှ ဝန်းရံကာ သတ်ဖြတ်လာ၏။

အုံလိုက်ကျင်းလိုက်ပင်။ ယဲ့ဖန်ကို ပုရွက်ဆိတ်အုံကြီးက ဝါးမျိုသွားသည်ဟုပင် ထင်မှတ်ရသည်။

“ဝုန်း”

ရုတ်တရက် လက်သီးနှင့် ထိုးနှက်လိုက်သံ ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော စွမ်းအင်က တာအိုစွမ်းကို စုတ်ဖြဲ၍ လေဟာနယ်ကို ဖျက်ဆီးကာ ပျံ့လွင့်လာလေသည်။

ထိုအခိုက်တွင် ထောင်ချီသော တစ္ဆေများ လုံးဝ ပျောက်ကွယ်သွားသည်။

*ဘာ*

တစ္ဆေရှီဗာနှင့် မုတ်ဆိတ်မွေးနှင့်လူတို့ ပြိုင်တူ မျက်နှာပျက်သွားကြသည်။

*ဒီလူက ကိုယ်ပွားခန္ဓာကိုယ် သက်သက်ပဲဆိုတာ သိသာနေတာပဲကို၊ ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ ကောင်းတဲ့ တိုက်ပွဲဝင်ခွန်အား ရှိနေတာလဲ*

*လက်သီးတစ်ချက်က ဒီတိုက်စစ်ကို ချိုးဖျက်နိုင်တယ်တဲ့လား*

*ဒါ မယုံနိုင်စရာ ကောင်းလွန်းတယ်*

သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က အရှေ့သို့ လျှောက်လှမ်းလာပြီး ကောင်းကင်ဘုံ ဥပဒေသများ ပျံ့လွင့်လာကာ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာ၏။

ဤသည်ကိုမြင်သော် တစ္ဆေရှီ‌ဗာက လှောင်ရယ်လေသည်။

“ဘာမဟုတ်တဲ့ လှည့်ကွက်လေးပဲ ကြောက်နေစရာ မလိုဘူး”

ထို့နောက်တွင်မူ သူမဦးခေါင်းထက်၌ သွေးနီလတစ်စင်း ပေါ်လာပြီး သွေးများဖြင့် ရွှဲစိုနေသကဲ့သို့ ထင်မှတ်ရပြီး အေးစက်၍ ကြောက်စရာ ကောင်းလှသည်။

တစ်ချိန်တည်းမှာပင် ကြောက်စရာကောင်းသော လရောင် ဖြာကျလာပြီး ထိတွေ့မိသမျှ အရာအားလုံးကို ဖျက်ဆီး လေသည်။ ၎င်းဖိအားကို မခံနိုင်သဖြင့် အရာအားလုံး ချက်ချင်း ပြာကျကုန်၏။

သူမက ယဲ့ဖန်ထံ ခုန်ဝင်သွားသည်။

လက်ရှိတွင် နှစ်ဖက်လုံးက သူတို့၏ သူမတူသော စွမ်းအင်များကို ပြသနေပြီး သူတို့ သုံးနေသော တိုက်ကွက်များက ကြောက်စရာ ကောင်းလှပြီး အဖျက်စွမ်းအင်များ ဖြာထွက်နေသဖြင့် ကျန်လူများ ခေါင်းမူးလာရသည်။

သူတို့ နှစ်ယောက်သည် ရုပ်ခန္ဓာချင်း တိုက်ခိုက်နေရုံသာမက တာအိုစွမ်းအင်ချင်းပါ တိုက်ခိုက်နေသည်။

တစ်ယောက်မှ အလျှော့ပေးလိုစိတ် မရှိဘဲ ကောင်းကင်မှ မြေကြီးအထိ၊ တောင်တန်းများမှ မြစ်ချောင်းအထိ ရောက်ကာ တိုက်ခိုက်နေသော်လည်း ဘယ်သူမှ အားလျော့မသွားပေ။

“ဟေ့ သူတို့ သွားပြီ ကစားကြတော့မလား”

ထိုစဉ် မုတ်ဆိတ်မွေးနှင့်လူက စွေ့ဟွာကို ကြည့်လာပြန်သည်။ ထို့နောက် သူက သူမထံ လှမ်းလာ၏။

“ဝုန်း”

သို့သော် ထိုသို့သောအချိန်၌ နတ်ဓားတစ်စင်းက ကောင်းကင်ကို ထိုးဖောက်၍ ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေးနှင့်လူ၏ အရှေ့တည့်တည့်၌ ထိုးစိုက်ကာ ကြောက်စရာကောင်းသော အငွေ့အသက်တို့ ထုတ်လွှင့်နေသည်။

မုတ်ဆိတ်မွေးနှင့်လူသည် အကြောက်လွန်သွားသဖြင့် ခြေလှမ်း ယိုင်ကာ မြေကြီးပေါ် လဲကျသွားသည်။ ဓားသည် သူ့ပေါင်ခြံနှင့် တစ်စင်တီမီတာမျှသာ ကွာဝေးလေသည်။ နည်းနည်းသော နောက်ဆုတ်သွားပါက သူ မျိုးကန်း ပေတော့မည်။

မုတ်ဆိတ်မွေးနှင့်လူသည် တအံ့တဩနှင့် ခေါင်းမော့၍ ခပ်ဝေးဝေး ကောင်းကင်ယံ၌ ရှိနေသော ယဲ့ဖန်ကို လှမ်းကြည့်မိသည်။

သို့သော် ယဲ့ဖန်၏ မျက်လုံးတို့က အလွန် ကြောက်စရာကောင်းလောက်သော လူသတ်ချင်စိတ်တို့ဖြင့် ပြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

ဤသည်က သတိပေးလိုက်ခြင်းပင်။ ခြိမ်းခြောက်ခြင်းဟုပင် ဆိုနိုင်ပေသည်။

ယင်းအဖြစ်ကြောင့် မုတ်ဆိတ်မွေးနှင့်လူ ထပ်၍ မဆင်မခြင် မပြုမူရဲတော့ချေ။

ထိုအချိန်တွင် ယဲ့ဖန်က လက်သီးကိုဆုပ်၍ အားပြင်းသော လက်သီးချက်များကို ထိုးနှက်နေကာ ပြင်းထန်သော လေတိုးသံများ ထွက်ပေါ်နေပြီး တစ်လောကလုံး ပျက်စီးတော့မည်ဟု ထင်မှတ်ရလောက်အောင် ကြောက်စရာ ကောင်း၍ နေသည်။

လက်သီး အချက်တစ်ရာကျောက် ဆက်တိုက် ထိုးနှက်ပြီးနောက် သွေးနီလက ပျက်စီးသွားလေသည်။

“ဝုန်း”

ကြောက်စရာကောင်းသော ပေါက်ကွဲသော ထွက်ပေါ်လာပြီးနောက် နှစ်ယောက်သား ပြိုင်တူ လွင့်ထွက် သွားသည်။ ကမ္ဘာတုန်လောက်သည့် တိုက်ပွဲကြောင့် ဘေးပတ်ဝန်းကျင်မှ တောင်တန်းများ ပြိုကျကုန်၏။

သို့သော် မကြာခင်မှာပင် မုတ်ဆိတ်မွေးနှင့်လူနှင့် တစ္ဆေရှီဗာတို့သည် တစ်ဖက်လူနှင့် ပတ်သက်၍ တစ်ခုခု လွဲနေကြောင်း သတိထားမိသွားသည်။ တစ်ဖက်လူက ကြောက်စရာ ကောင်းလှအောင် သန်မာလှသည်။

ကိုယ်ပွား ခန္ဓာကိုယ်တစ်ခုသာ ဖြစ်သော်လည်း အဘယ်ကြောင့် တစ္ဆေရှီဗာနှင့် အကွက်သုံးရာမျှ မနားမနေ တိုက်ခိုက်နိုင်ရသနည်း။

*ဒီလူက ကြောက်ဖို့ကောင်းတာပဲ*

“တစ်နေ့ ငါ ဒါကို စတေးပြီး အဲ့ဒါရဲ့ လက်ထဲမှာ သေရလိမ့်မယ်လို့ ထင်မထားမိဘူး၊ နင် … ဂုဏ်ယူသင့်တယ်”

ရုတ်တရက် တစ္ဆေရှီဗာက ကြောက်စရာကောင်းလောက်အောင် ရယ်မောလာပြီး လက်ထဲတွင် ချွန်ထက်သော အရိုးဖြူတစ်ချောင်းကို ကိုင်ထားသည်။

၎င်းအရိုးဖြူတစ်ခုလုံးက ကြည်လင်နေပြီး ရွှေရောင် အလင်းများ စီးဆင်းနေကာ မျက်စိစူးလောက်အောင် တောက်ပ၍ ထူးဆန်းသော သင်္ကေတများ ရေးထွင်းထားသည်။

ယင်းမှာ သူတော်စင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ အရိုးပင်။

သူတော်စင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ အရိုးဖြင့် ပြုလုပ်ထားသော ဓားက မထင်ထားလောက်အောင် အစွမ်းထက်လှသည်။

ဤသည်ကိုမြင်သော် မုတ်ဆိတ်မွေးနှင့်လူ ဝမ်းသာအားရ ဖြစ်သွားသည်။ စွေ့ဟွာကမူ ဝမ်းနည်းသွားလေသည်။

*ကံဆိုးမှုက မလာဘဲ မနေနိုင်ဘူးနဲ့တူတယ်*

*ဒီနေ့ ငါတို့ ကံဆိုးတာပဲ*

တစ္ဆေရှီဗာက ဓားဖြင့် ဝင့်၍ ခုတ်ပိုင်းချလိုက်သည်။ ထိုအခါ လေကိုခွင်း၍ ဓားစွမ်းအင်က သည်းကြီးမည်းကြီး ပျံ့လွင့်လာသည်။

ဓားစွမ်းအင်၏ သက်ရောက်မှုကြောင့် တောင်ထိပ်များ အမှုန့်ဖြစ်ကုန်သည်။ သူတော်စင်အဆင့်၏ အရိုးက လောကကို ဖျက်ဆီးနိုင်ပေ၏။

“ခွန်းလွန်တောင် လှုပ်ခါခြင်း”

ယဲ့ဖန် ဟစ်ကြွေးလိုက်ပြီး သွေးပွက်ပွက်ဆူလာကာ သူ့ခန္ဓာကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာပြီး အနက်ရောင် မြူခိုင်းများအဖြစ် အသွင်ပြောင်းကာ ပျံ့လွင့်လာသည်။

ထိုအခိုက်တွင် ဓားစွမ်းအင်နှင့် လက်သီးသို့ ထိပ်တိုက် တွေ့ဆုံသွားသည်။ ထိုလက်သီးချက်ကြောင့် တစ္ဆေရှီဗာ လွင့်ထွက်သွားသည်။

ထိုသို့သောအချိန်၌ တစ္ဆေရှီဗာ အံ့ဩနေသည်။

*ဒီလူ ရူးနေတာလား၊ သူ့ခန္ဓာကိုယ်ကိုသုံးပြီး သူတော်စင် အရိုးဓားကို ရင်ဆိုင်ချင်တာလား*

*ရူးလိုက်တာ*

*တော်တော် ရူးတာပဲ*

“ဟားဟားဟား မင်းမှာ ခွန်အားတစ်ချို့ ရှိပင်မယ့် ဦးနှောက်မရှိတာ စိတ်မကောင်းစရာပဲ၊ မင်းခန္ဓာကိုယ်နဲ့ပဲ သူတော်စင် အရိုးဓားကို ကိုင်လှုပ်ချင်တာလား၊ ဒါ ဧကရာဇ်ကို လက်သီးနဲ့ သွားထိုးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား၊ အရူးကောင်”

မုတ်ဆိတ်မွေးနှင့်လူသည်လည်း ကျယ်လောင်စွာ ရယ်မောနေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန် သေကို သေလိမ့်မည်ဟု တွက်နေ၏။

ထိုစဉ် စွေ့ဟွာ သက်ပြင်းချမိသည်။ မျက်စိရှေ့မှ မြင်ကွင်းက သူမကို တကယ် ဆောက်တည်ရာမရ ဖြစ်စေသည်။

တစ္ဆေရှီဗာက အရိုးဓားကို ဒေါသတကြီး လှုပ်ယမ်းလိုက်ပြီး လေထဲ၌ တာအို သင်္ကေတများ ရေးဆွဲလိုက်သည်။ ၎င်းက ကောင်းကင်နှင့် နေကို ဖုံးအုပ်နိုင်သည့် တာအိုစွမ်းအင်များ သယ်ဆောင်ကာ ယဲ့ဖန်ထံ တိုးဝင်လာသည်။

“ဝုန်း”

လေဟာနယ် တုန်ခါသွားသည်။ ယဲ့ဖန်၏ လက်သီးက အရိုးဓားနှင့် ထိုးနှက်မိသွားပြီး လှိုင်းထန်လာစေသည်။

ကြောက်စရာကောင်းသော လေပြင်းက အရပ်မျက်နှာအနှံ့ ပျံ့လွင့်လာကာ ထိတ်လန့်စရာ ကောင်းလှပေသည်။

တစ္ဆေရှီဗာနှင့် အခြားသူများအားလုံး အံ့ဩသွားကြသည်။ အားလုံး၏ မျက်လုံးတွင် ကြောက်လန့်ဟန်တို့ ပြည့်နှက်နေကာ မှင်တက်နေကြလေသည်။

*တကယ် တားလိုက်နိုင်တာပဲ*

*ဒီကောင့်လက်သီးက နတ်သံနဲ့ လုပ်ထားလို့လား*

*ထိတ်လန့်ဖို့ ကောင်းလွန်းတယ် မဟုတ်လား*

*ဒါ သူတော်စင်အဆင့်ကို အရှုံးမပေးဘဲ ထိုးလိုက်တာနဲ့ အတူတူပဲလေ၊ ဒါတောင် ဒီလူက ကိုယ်ပွားပဲ ရှိသေးတာ*

*အထင်မှားတာ*

*ဒါ သောက်ကျိုးနည်း အထင်မှားတာပဲ ဖြစ်ရမယ်*

*ကိုယ်ပွားတောင် ဒီလောက် ကြောက်ဖို့ကောင်းနေရင် တကယ့် မူလကိုယ် ရောက်လာရင် ငါ ဘယ်လိုလုပ် အသက်ရှင်မလဲ*

ရုတ်တရက် တစ္ဆေရှီဗာ၏ မျက်နှာတွင် ကြောက်ရွံ့ဟန် ပေါ်လာပြီး တစ်ကိုယ်လုံး တုန်လာ၏။ သူမ ကြောက်နေ လေပြီ။

ယဲ့ဖန်က သူမကို ကြည့်၍ သရော်လိုက်သည်။

“ဒီအချိန်မှာ ငါ မင်းကို မျက်နှာသာပေးဖို့ လိုသေးလား”

All Chapters