နေရာတိုင်းတွင်အချစ်ဖြင့်ချည်နှောင်
Vol. 8 Ch. 730
နေရာတိုင်းတွင်အချစ်ဖြင့်ချည်
ဆန်းချင်းချင်းက ပိုင်ရှောက်ယွီကို မျက်စောင်းတစ်ချက်ထိုးပြီး ကြည့်လိုက်လေရာ ပိုင်ရှောက်ယွီမှာ ရင်ထဲတွင် တထိတ်ထိတ်ဖြစ်သွားရလေသည်။
ဆန်းချင်းချင်းက…
"နင့်ပုံစံကိုကြည့်ရတာ စိတ်ထဲမှာ မဟုတ်တာ တစ်ခုခု ကြံစည်နေတာမဟုတ်လား…"
ပိုင်ရှောက်ယွီက အူကြောင်ကြောင်ဖြင့် တစ်ချက်ပြုံးလိုက်လေသည်။
ဤစားသောက်ဆိုင်တွင် ငတုံးတစ်ယောက်မှ မရှိကြပေ။ သူတစ်ယောက်သာလျှင် တုံးနေဟန် ရှိလေ၏။
ဆန်းချင်းချင်း၏ ကြည်လင်သော မျက်ဝန်းလေးများက ဆောင်းဦးတွင်စီးဆင်းနေသည့် စမ်းချေင်းလေးတစ်ခုပမာ ၊ တောင်ကုန်းထက်မှ မိုးမခပွင့်လေးများပမာ တစ်ချက် လှုပ်ရှားသွားလေသည်။
"ပြောကြည့်လေ ၊ နင် ငါ့ကို ဘာမဟုတ်တဲ့အကြံအစည်နဲ့ ဘာပစ္စည်းတွေပေးဖို့ ကြံနေသလဲဆိုတာ သိရတာပေါ့…"
ပိုင်ရှောက်ယွီမှာ ရှက်သွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားကာ…
"ကျွန်တော်မှားသွားပါတယ် မင်းသမီးလေး…"
ဆန်းချင်းချင်းက သူမ၏ ဆံပင်လေးများကို တစ်ချက်သပ်လိုက်ရင်း…
"ငါက ပြောဆိုရင် ပြောလေဟာ… ဘာလဲ ငါက နင့်ကိုကိုက်စားမှ ကြောက်လို့လား"
ပိုင်ရှောက်ယွီက စိတ်ထဲမှ ပြောလိုက်မိသည်။
"မင်းသမီးလေးကတော့ ကိုက်မစားပါဘူး ၊ ဒါပေမယ့် မင်းသမီးလေးရဲ့ အထိန်းတော်ကြီးက ကိုက်စားလိမ့်မယ်…"
တကယ်တမ်းတွင် ပိုင်ရှောက်ယွီက မပြောချင်တော့သော်လည်း မင်းသမီးလေးက ပြောစေချင်နေသည့်အတွက် ပြောလိုက်ရုံသာ ရှိလေတော့သည်။ အခြေအနေများကလည်း ဒီထက်ပိုပြီး မဆိုးနိုင်တော့ပြီ မဟုတ်ပါလား။
နောက်ဆုံးတွင်တော့ ပိုင်ရှောက်ယွီက ဆန်းချင်းချင်းကို ကြာပွတ်အကြောင်း ပြောပြလိုက်လေသည်။
ပိုက်ရှောက်ယွီစကားများကို နားထောင်ပြီးသည့်နောက် ဆန်းချင်းချင်းက စိတ်ဆိုးဒေါသထွက်ခြင်း မရှိပါ။
သူမက လက်ဖဝါးတစ်ဖက်ကို အသာဖြန့်လိုက်ရာ ပိုင်ရှောက်ယွီ၏ ခါးတွင်ပတ်ထားသည့် ကြာပွတ်လေးမှာ သူမလက်ထဲသို့ အသာအယာပင် ရောက်သွားလေတော့သည်။
သူမက ပျင်းရိပျင်းတွဲလေသံဖြင့်…
"ငါက ဘာများလဲလို့ ၊ အင်း… ဒီကြာပွတ်လေးက ပစ္စည်းကောင်းတစ်ခုပဲ ၊ နင်ငါ့ကိုလက်ဆောင်ပေးမယ်ဆိုရင် ပေးပြီးမှ နောင်တမရနဲ့နော်…"
ပိုင်ရှောက်ယွီမှာ ဆန်းချင်းချင်း၏ စကားကြောင့် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။
"အမလေး… နောင်တမရပါဘူး ၊ နောင်တမရပါဘူး…"
ဆန်းချင်းချင်းက ပိုင်ရှောက်ယွီဘေးမှ ပေါ့ပေါ့ပါးပါးဟန်ဖြင့် လမ်းလျှောက်ထွက်ခွာသွားပြီး ဆန်းလျန်ရှိရာ ကောင်တာအနားသို့ ရောက်လာလေသည်။
"ဦးလေးကြီး ၊ ဦးလေးကြီးက ပိုင်ရှောက်ယွီကို ဒုက္ခရောက်အောင် ဘာလို့ လုပ်ရတာလဲ…"
ဆန်းလျန်က…
"ဆန်းချင်းချင်း… မင်းက သူများကိစ္စ တော်တော် စိတ်ဝင်စားနေသလား ၊ သူများက ကံဆိုးမှာစိုးလို့ စိတ်ညစ်နေတာ ၊ မင်းကတော့ အကြောက်အလန့်မရှိ ကြာပွတ်ကိုတောင် ယူလိုက်သေးတယ်…"
ဆန်းချင်းချင်းက…
"မဟုတ်ပါဘူး ၊ ဒီကြာပွတ်က စိတ်ဝင်စားစရာ ကောင်းတယ် ထင်လို့ပါ ၊ ပြီးတော့ လီချင်းချန်က ဘယ်လိုလူစားမျိုးလဲ ၊ ကြားဖူးတာတော့ အဲဒီလူက သူများတွေကို အနိုင်ကျင့်တတ်တယ်တဲ့ ၊ ဦးလေးကြီး ပြောကြည့်လေ ၊ သူ ကျွန်မကို အနိုင်ကျင့်ရဲမလားဆိုတာ…"
ဆန်းလျန်က ထိုင်နေရင်းမှ ဆန်းချင်းချင်းကို ခေါင်းမော့ပြီး ကြည့်လိုက်လေသည်။
ဆန်းလျန်၏ အကြည့်ကြောင့် မိန်းကလေးငယ်သည် တစ်ခဏမျှ အံ့သြသွားပြီးသည့်နောက် မျက်နှာလေးနီရဲလာ ကာ ရှက်သွေးဖြာသွားလေသည်။ ထို့နောက်တွင်တော့ ဆန်းလျန်၏ ဝမ်းဗိုက်ကို လက်သီးဖြင့် တစ်ချက်ထိုးချလိုက် တော့သည်။
သူမ၏ ကလေးဆန်သည့် အပြုအမူကြောင့် ဆန်းလျန်က ရယ်မောလိုက်လေသည်။
ဆန်းချင်းချင်းက ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်ပြီး ဆန်းလျန်၏ နားနားသို့ တိုးကပ်ကာ စကားတစ်ခွန်းကို တိုးတိုးလေး ပြောလိုက်လေသည်။
"ဦးလေးကြီး… ဦးလေးကြီးက အရမ်းချောပြီးခန့်ညားတာပဲ ၊ ကျွန်မ ဦးလေးကြီးကို တအားသဘောကျတယ်…"
ပြောပြီးသွားသည်နှင့် သူမသည် ဆန်းလျန်ဘေးမှ လှစ်ခနဲ ပြေးထွက်သွားလေတော့သည်။
ထိုအချိန်မှာပဲ ဆန်းလျန်အနားသို့ ကူးဝေေ၀ရောက်လာပြီး လှစ်ခနဲပြေးထွက်သွားသည့် ဆန်းချင်းချင်းကို မနာလိုစွာဖြင့် တစ်ချက်ကြည့်လိုက်လေသည်။
"အားလျန် ၊ အဲဒီမင်းသမီးလေးက အရမ်းလှတာပဲနော်…"
ဆန်းလျန်က…
"အမှန်ပဲ…"
ကူးဝေေ၀က နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း…
"ဒါဖြင့် ငါကရော…"
ဆန်းလျန်က…
"အစ်မက ပိုလှတယ်…"
ဆန်းလျန်စကားကြောင့် ကူးဝေေ၀မှာ မကျေမနပ်ဖြစ်နေရာမှ ပျော်ရွှင်ကြည်နူးသွားရလေသည်။
"နင်က လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာ…"
ထို့နောက် ဆန်းလျန်နှင့် ကူးဝေေ၀သည် ကောင်တာနားတွင် စကားတွတ်ထိုးနေကြလေတော့သည်။
ကူးဝေေ၀က ရောက်တက်ရာရာ အတင်းအဖျင်း သတင်းများကို ဆန်းလျန်ကို ပြောပြနေခြင်း ဖြစ်ပြီး ဆန်းလျန်က တော့ ကူးဝေေ၀ပြောသမျှကို နားထောင်ရင်း စကားတစ်လုံးနှစ်လုံးလောက်သာ ပြန်ပြောနေလေသည်။
ဆန်းလျန်နှင့် ကူးဝေေ၀ကို ဆန်းချင်းချင်းက အဝေးတစ်နေရာမှ ငေးကြည့်နေလေသည်။ သူမစိတ်ထဲတွင် အနည်းငယ်တော့ မနာလိုဖြစ်နေမိလေသည်။
သူမ၏ ခမည်းတော်နှင့်မယ်တော်သည် ထိုသို့ ကြင်ကြင်နာနာဖြင့် အတူတူရှိနေကြသည့်အချိန်မျိုးကို သူမဘဝတွင် တစ်ခါမှ တွေ့မြင်ဖူးခြင်းမရှိပေ။ နောင်တစ်ချိန် သူမအိမ်ထောင်ပြုခဲ့လျှင်လည်း ဆန်းလျန်နှင့် ကူးဝေေ၀ကဲ့သို့ သောလိုက်ဖက် ညီသည့် စုံတွဲမျိုးကဲ့သို့ ဖြစ်ချင်မှ ဖြစ်နိုင်ပေလိမ့်မည်။
သူမက တကယ်တမ်းတွင် ဆန်းလျန်အပေါ် မေတ္တာသက်ဝင်ခြင်း မရှိပါ။ သို့သော်… ဆန်းလျန်မှာ ရုပ်ရည်ချောမော ပြီး စိတ်ဝင်စားစရာကောင်းသူတစ်ယောက်ဖြစ်သည်မှာတော့ ငြင်း၍မရနိုင်ပေ။
သူမက လွတ်လပ်ပေါ့ပါးစွာ တွေးနေစဉ်မှာပင် အောက်ထပ်သို့ဆင်းလာသည့် ယိုယိုကို တွေ့လိုက်ရလေသည်။ ယိုယိုက မေနန့်စန်း မည်သည့်နေရာသို့ထွက်သွားသည်ကို ဆန်းလျန်ထံတွင် မေးမြန်းပြီး စားသောက်ဆိုင် အပြင်သို့ ထွက်ခွာသွားလေသည်။
ကူးဝေေ၀က…
"အားလျန် ၊ နင်ပြောကြည့်စမ်း ၊ ဒီနှစ်ရက်အတွင်း အရမ်းကို အိပ်မက်ဆန်လွန်းတယ်လို့ မထင်ဘူးလား ၊ အရင်ဆုံး မေနန့်စန်းရောက်လာတယ် ၊ နောက်တစ်နေ့ကျ မင်းသမီးလေးရောက်လာတယ် ၊ နောက်ရက်တွေဆို ဘုရင်တွေ ၊ မင်းသားတွေတောင် ရောက်လာမလားပဲ…"
ဆန်းလျန်က…
"မင်းသားတွေ ဘုရင်တွေဆိုတာ ဘာလုပ်ရမှာလဲ ၊ နောက်ထပ် နှစ်ပေါင်း (၁၀၀)လောက်ဆိုရင် သူတို့က မြေမှုံ့ဖြစ်နေလောက်ပြီ ၊ ပြီးတော့ အစ်မ ဘုရင်မ ဖြစ်ချင်တယ်ဆိုရင်တောင် ကျွန်တော်က လုပ်ပေးလို့ရသေး တယ်…"
ကူးဝေေ၀က ဆန်းလျန်ကို တစ်ချက် စောင်းကြည့်လိုက်ရင်း…
"နင်က အပြောကတော့ကြီးပါ့…"
ပိုင်ရှောက်ယွီက ဆန်းလျန်အနားသို့ တိုးကပ်လိုက်ပြီး အရှက်မရှိပြောလိုက်လေသည်။
"အစ်ကိုဆန်း ၊ အစ်ကိုဆန်းကို ကျုပ်ယုံပါတယ် ၊ အစ်မကူးဝေေ၀ကို ဘုရင်မ ဖြစ်အောင်လုပ်ပေးရင် ကျုပ်ကိုတော့ စစ်သေနာပတိချုပ်လောက်ဖြစ်အောင် လုပ်ပေးရမယ်နော်…"
ကူးဝေေ၀က ပြုံးလိုက်ရင်း…
"ပိုင်ရှောက်ယွီ… နင်က စစ်သေနာပတိချုပ်ဖြစ်ချင်ရအောင် သိုုင်းတောင်တတ်လို့လား ၊ ပြီးတော့ စစ်ရေးဗျူဟာတွေ ရော သိလို့လား…"
ပိုင်ရှောက်ယွီက…
"အစ်မကူးဝေေ၀ ၊ လူကို အထင်မသေးပါနဲ့ ၊ ဒီတိုင်းပြည်ရဲ့ဘုရင်ဆိုရင် အရင်တုန်းက သူတောင်းစားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ ၊ ပြီးတော့ စာလည်း သိပ်မတတ်ဘူး ၊ ကျုပ်ကမှ အိမ်ကြီးကြီးမှာနေရသေးတယ် ၊ ဘာလို့ စစ်သေနာပတိချုပ် ဖြစ်မလာနိုင်ရမှာလဲ…"
ကူးဝေေ၀က ရယ်မောလိုက်ရင်း…
"ဟဲ့… ဒီတိုင်းပြည်ဘုရင်ရဲ့ ဘိုးဘေးတွေက မင်းမျိုးမင်းနွယ်တွေဟ ၊ စစ်မှန်တဲ့နဂါးစွမ်းအားကို ပိုင်ဆိုင်တယ် ၊ အဲဒီတော့ သူဘယ်လောက်ပဲ နိမ့်ကျနိမ့်ကျ နောက်ဆုံးတော့ ဘုရင်ဖြစ်လာရတာပေါ့ ၊ နင်ကတော့ဘာလဲ ၊ လမ်းဘေးကအတေအပေတစ်ယောက်ပဲ ၊ စစ်သေနာပတိချုပ်ဖြစ်လာဖို့ ဝေးစွခြောက်ပါးပဲ"
သူမက ပိုင်ရှောက်ယွီကို ဝေဖန်ပြောဆိုလိုက်သည့် အချိန်မှာပင် ဆန်းလျန်ပြောခဲ့ဖူးသည့် ကံတရားအကြောင်းကို ရုတ်တရက် စဉ်းစားလိုက်မိလေသည်။
ပိုင်ရှောက်ယွီကတော့ ကူးဝေေ၀၏ စကားများကြောင့် နင်သွားလေသည်။
သို့သော်… သူက ပေါ့ပေါ့ပါးပါးလေသံဖြင့်…
"ဒါပေမယ့် ကံတရားဆိုတာလည်း ရှိပါသေးတယ်ဗျာ…"
ကူးဝေေ၀မှာ စကားမဆင်မချင်ဖြင့် ပိုင်ရှောက်ယွီကို မှိုချိုးမျှစ်ချိုး ပြောလိုက်မိသည့်အတွက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားရလေသည်။
"ပိုင်ရှောက်ယွီ… အစ်မ စကားပြောမှားသွားတယ် ၊ နင့်စိတ်ထဲ မထားနဲ့နော်…"
ကူးဝေေ၀၏ နူးညံ့သည့် စကားကြောင့် ပိုင်ရှောက်ယွီက စိတ်ထဲမည်သည့်သဘောမှ မထားဟန်ဖြင့်…
"အစ်မကူးဝေေ၀ ၊ ကျုပ်က စိတ်မဆိုးပါဘူးဗျ…"
ဆန်းလျန်က…
"ဂိုဏ်းတူအစ်မ ၊ စကားတွေလည်း ပြောပြီးသွားပြီ ၊ ဒီနေ့ ကျင့်ကြံဖို့ လုပ်တော့လေ ၊ မဟုတ်ရင် ညနေစာ ချက်ဖို့ အချိန်မရှိဖြစ်နေမယ်"
ကူးဝေေ၀ကလည်း ကလေးတစ်ယောက်လို ပြုမူမနေတော့ပါ။
သူမသည်လည်း ကျင့်ကြံရသည်ကို သဘောကျနေပြီ ဖြစ်လေသည်။ ယခုဆိုလျှင် သူမသည် အဝေးမှ အကြောင်းအရာများကို သိမြင်နိုင်ခြင်း မရှိသေးသည့်တိုင် အနီးပတ်ဝန်းကျင်မှ အရာဝတ္ထုများအပေါ်တွင် အမြင် ပြောင်းလဲစပြုလာပြီ ဖြစ်လေသည်။ သာမန်ဆိုလျှင် သတိမပြုမိနိုင်သည့် အကြောင်းအရာများကိုလည်း အသေးစိတ် သတိပြုမိလာပြီ ဖြစ်လေသည်။
လူအများသည် ပြင်ပကမ္ဘာမှ သတင်းအချက်အလက်များကို အချိန်ပြည့် ရယူနေကြရလေသည်။
သို့သော်… သာမန်လူများအတွက်တော့ သတင်းအချက်အလက်များက အကန့်အသတ်ရှိလေသည်။ သာမန်လူများ နှင့်မသက်ဆိုင်သည့် အကြောင်းအရာများကို သဘာဝတရားကြီးက အလိုလို ပိတ်ဆို့ကာကွယ်ပေးထားလေသည်။
သို့သော် ကျင့်ကြံသူများက သာမန်လူများနှင့် မတူပေ။ သူတို့သည် သဘာဝတရားကြီးက အလိုအလျှောက် ဖုံးကွယ် ပိတ်ဆို့ပေးထားသည့် သတင်းအချက်အလက်များကို သိရှိရန်အတွက် အတားအဆီးများကို ဖြည်းဖြည်းချင်း ဖြိုချပစ်ကြလေသည်။
ထို့ကြောင့် မိုးနှင်ေ့မြမှ အကြောင်းအရာများကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိမြင်လာရလေသည်။ နောက်ဆုံးတော့ ဝိညာဉ်စွမ်းအား လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြပြီး စိတ်နှလုံးမှာလည်း သန့်စင်ကြည်လင်လာလေတော့ သည်။
သို့သော်… ဆန်းလျန်ကဲ့သို့သော အဆင့်သို့ရောက်လျှင်တော့ အရာအားလုံးက ကွဲပြားခြားနားသွားပြီ ဖြစ်လေသည်။ ဆန်းလျန်သည်ကား သာမန်လူများ မသိမြင်နိုင်သည့် အကြောင်းအရာများအားလုံးကို သိမြင်နိုင်ရုံသာမက ကံကြမ္မာနှင့် အခြေအနေများကိုပါ ပြောင်းလဲနိုင်စွမ်းရှိပြီ ဖြစ်လေသည်။
ဥပမာအားဖြင့် ရေကိုလည်း ဆီအဖြစ်ပြောင်းလဲနိုင်သလို ကျောက်တုံးကိုလည်း ရေအဖြစ် ပြောင်းလဲနိုင်လေသည်။ ဤသည်မှာ သူ၏ ကိုယ်ထဲတွင် ခိုင်မာစွာတည်ရှိနေသည့် တာအိုတန်ခိုးစွမ်းအားကြောင့်ပင် ဖြစ်လေသည်။
ဆန်းလျန်သည် မိုးနှင့်မြေမှ အရာအားလုံး၏ ပြောင်းလဲခြင်းတရားကို သိမြင်ထားသူဖြစ်လေသည်။ ထိုသို့ သိမြင် နိုင်ခြင်းမှတစ်ဆင့် မဟာတာအိုလမ်းစဉ်သို့ ဦးတည်မည် ဖြစ်လေသည်။ ထိုအခါ သံသရာလည်သည့် မူလအရင်းအမြစ်ကို ရှာဖွေနိုင်ပြီး သံသရာကို ဖြတ်တောက်နိုင်မည် ဖြစ်လေ၏။
ကူးဝေေ၀က တရားထိုင်ပြီးကျင့်ကြံနေလေသည်။ ဆန်းလျန်က သူမဘေးတွင် တာအိုတေချင်ကျမ်းစာကို ဖြည်းဖြည်းချင်း ရှင်းပြနေလေသည်။
ပိုင်ရှောက်ယွီကတော့ တစ်ယောက်တည်း ပျင်းနေလေသည်။ သို့သော်… လောင်းကစားဂေဟာသို့လည်း သွားရဲခြင်း မရှိသေးလေရာ ကြေးပြားလေးများဖြင့်သာ ပျင်းပျင်းရိရိဖြင့် ဆော့ကစားနေလေတော့သည်။
စားသောက်ဆိုင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ဆန်းချင်းချင်း၏ အထိန်းတော်ကြီး သည် ဒုတိယထပ်တွင် ရှိနေလေသည်။ သူက အောက်ထပ်သို့ ဆင်းလာခြင်း မရှိပါ။ သို့သော်… ဆန်းလျန်ကို သူကတိတ်တဆိတ်လေ့လာနေလေသည်။
သူသည် အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ဖြစ်ပြီး အရာရာကို သိမြင်ခန့်မှန်းနိုင်သူတစ်ယောက် ဖြစ်လေသည်။ သို့သော်… ဆန်းလျန်ဆိုသည့် လူငယ်လေးနှင့်ပတ်သက်ပြီး သူ့အနေဖြင့် အဖြေရှာမရနိုင် ဖြစ်နေရလေသည်။
သို့သော် သေချာသည့်အချက်တစ်ချက်တော့ ရှိလေသည်။ ထိုအချက်မှာ ဆန်းလျန်မှာ အလွန်အစွမ်းထက်သည့် လူတစ်ယောက်ဖြစ်သည်ဆိုသည့် အချက်ပင်။ နေ့လည်က ဆန်းလျန် ပြင်ဆင်ပေးသည့် အစားအသောက်များသည် ချင်းဟယ်နန်းတော်မှ တန်ဖိုးရှိလှသည့် အစားအသောက်များထက်ပင် ကောင်းမွန်နေလေသည်။
မင်းသမီးလေးက အားလုံးကို အတူတူစားသောက်ရန် ဖိတ်ခေါ်ခဲ့သည့်အတွက်သာ တော်သေးသည်။ မဟုတ်ပါက များပြားလှသည့် ဟင်းလျာများကို မင်းသမီးလေးတစ်ယောက်တည်း စားနိုင်မည် မဟုတ်ပေ။
ထို့ပြင်… ပိုင်ကျားမြို့ကဲ့သို့ မထင်မရှားမြို့ငယ်လေးတွင် ဆန်းလျန် ရုတ်တရက် ထွက်ပေါ်လာသည်မှာ ထူးဆန်း လေသည်။ ဆန်းလျန်သည် ချင်းရှတောင်မှ နတ်ဘုရားများနှင့် တစ်ခုခု ပတ်သက်နေလေသည်လား။ ထိုအချက်မှာတော့ အထိန်းတော်ကြီး၏ ခန့်မှန်းနိုင်စွမ်းထက် ကျော်လွန်နေခဲ့လေသည်။
ချင်းရှတောင်တွင် နတ်ဘုရားများ ရှိနေသေးသည်လား ၊ မရှိတော့ဘူးလားဆိုသည်ကိုတော့ အထိန်းတော်ကြီးလည်း သေသေချာချာ မသိပါ။
ကူးဝေေ၀က ကျင့်ကြံပြီးသွားသည်နှင့် မျက်လုံးများကို အသာအယာဖွင့်လိုက်လေသည်။
သူမနှင့် မနီးမဝေးတစ်နေရာတွင် ရေနွေးကြမ်းပန်းကန်လေးတစ်ခု ရှိနေလေသည်။ ရေနွေးပန်းကန်လေးအတွင်းမှ ရေများက မှန်သားပြင်ကဲ့သို့ တည်ငြိမ်လျှက်ရှိလေသည်။
ရေနွေးပန်းကန်လေးအတွင်းရှိ ရေများထဲတွင် ခေါင်မိုးထုတ်တန်းထက်မှ ပင့်ကူအိမ်သည် အရိပ်ထင်လျှက်ရှိလေ သည်။ ပင့်ကူများ အမြင့်နေရာတွင် အိမ်ဆောက်နေသည်ကို ကြည့်ခြင်းအားဖြင့် မိုးရွာဦးမည့် လက္ခဏာပင် ဖြစ်လေသည်။
ဆောင်းတွင်းကတော့ ထိုသို့ပင် ဖြစ်လေသည်။ နေသာသည်က ခပ်ရှားရှားပင်။ နှင်းကျလေ့ရှိပြီး တစ်ခါတစ်ရံတော့ မိုးရွာချင်ရွာလေသည်။
ကူးဝေေ၀က ရုတ်တရက် ပြောလိုက်လေသည်။
"အားလျန်… ဇာတ်လမ်းလေးတစ်ပုဒ်လောက် ပြောပြပါလား…"
ဆန်းလျန်သည် ရေနွေးပန်းကန်ထဲတွင် အရိပ်ထင်နေသည့် ပင့်ကူအိမ်ကို တစ်ချက် ကြည့်လိုက်လေ သည်။
သူက တိုးတိတ်သည့်လေသံဖြင့်…
"ဒါဖြင့် ပင့်ကူတစ်ကောင်အကြောင်း ဇာတ်လမ်းတစ်ပုဒ်ပြောပြမယ်…."
နှောင်