← Chapters

သေစေခြင်းကျောင်းတော်တွင်တော့သေခြင်းရှင်းရှင်ခြင်းသာရှိသည်

Vol. 8 Ch. 734

သေစေခြင်းကျောင်းတော်တွင်တော့သေခြင်းရှင်းရှင်ခြင်းသာရှိသည်

Vol. 8 Ch. 734

ရုတ်တရက်…

မြို့ထဲမှ ဆူညံအော်ဟစ်နေသံများသည် မိုးသံများအောက်တွင် ပျောက်ကွယ်သွားလေသည်။

အရိုးမိစ္ဆာများ၏ တိုက်ခိုက်မှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး အရိုးစုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကြလေ သည်။

သို့သော်…. ပိုင်ကျားမြို့မှလူများကတော့ စိတ်တည်ငြိမ်နိုင်ခြင်း မရှိသေးဘဲ ကြောက်ရွံ့နေကြဆဲ ဖြစ်လေသည်။ လူအများသည် အော်ဟစ်ခြင်းမပြုကြတော့သော်လည်း အိမ်ထဲတွင် တိတ်ဆိတ်စွာဖြင့် ပုန်းအောင်းနေကြလေ သည်။

မေနန့်စန်းသည် ယိုယိုသေဆုံးသွားရာနေရာသို့ ပြန်ရောက်လာလေသည်။ သည်းထန်သည့်မိုးရေစက်များအောက် တွင် ယိုယို၏ သွေးစများမှာ လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

မေနန့်စန်းသည် သူ့တစ်ယောက်တည်းစွမ်းအားဖြင့် အရိုးမိစ္ဆာများကို မည်သည့်နည်းနှင့်မှ ရင်ဆိုင်နိုင်စွမ်း မရှိသည်ကို သိထားခဲ့လေသည်။

သို့သော်… ယခုတော့ အရိုးမိစ္ဆာများသည် အလိုလို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

အရိုးမိစ္ဆာများပျောက်ကွယ်သွားအောင် မည်သူက ကူညီလိုက်ပါသနည်း။ ဆန်းလျန်အပြင် အခြားသော တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ပိုင်ကျားမြို့တွင် ရှိနေခဲ့လေသည်လား။

ထိုသို့တွေးလိုက်မိသည့်အခါတွင်တော့… မေနန့်စန်းသည် ဟူတောက်တယ်ကို စဉ်းစားလိုက်မိလေသည်။

ထို့ကြောင့် သူသည် နတ်သမီးဗိမာန်ဆောင်ကြာမြိုင်သို့သွားရန် ဆုံးဖြတ်လိုက်လေသည်။ ဟူတောက်တယ်ဆိုသည် က နတ်သမီးဗိမာန်ဆောင်ကြာမြိုင်ပိုင်ရှင်ပင် မဟုတ်ပါလား။

ပိုင်ကျားမြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းလျှက် ရှိလေသည်။ ထို့ကြောင့် နတ်သမီးဗိမာန်ဆောင်ကြာမြိုင်တွင် လည်းမိုးများရွာသွန်းလျှက်ရှိပါလေ၏။

သို့သော်… နတ်သမီးဗိမာန်ဆောင်ကြာမြိုင်သည် အနည်းငယ်မြင့်သည့် တောင်ကုန်းလေးတစ်ခုထက်တွင် တည်ရှိလေရာ ရေများသည် တောင်ကုန်းအောက်ခြေသို့ စီးဆင်းသွားသည့်အတွက် သိပ်ပြီး ဗွက်ထနေခြင်း မရှိပေ။

နတ်သမီးဗိမာန်ဆောင်ကြာမြိုင်သည် ထိပ်တန်းအဆင့် ဆောင်ကြာမြိုင်တစ်ခု ဖြစ်လေသည်။ ဆောင်ကြာမြိုင်သို့ လာရောက်ကြသည့် လူကုန်ထန်များ ၊ အာဏာပိုင်များ ၊ မြေအောက်စီးပွားရေးလောကသားများကို အကာအကွယ် ယူကာ ဟူတောက်တယ်က သူမည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်ထားခြင်း ဖြစ်လေသည်။ သူ၏ဇာစ်မြစ်ကို ဖုံးကွယ်ရန်အတွက်လည်း ဆောင်ကြာမြိုင်စီးပွားရေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်လေ၏။

သို့သော်… ဒီလောက်ဂရုစိုက်နေသည့်ကြားက လွန်ခဲ့သည့် (၂)ရက်ခန့်က ချင်းရှတောင်ပေါ်တွင် ကျင့်ကြံနေစဉ် အန္တရယ်တစ်ခုနှင့် မလွှဲသာ မရှောင်သာ ကြုံတွေ့ခဲ့ရလေသည်။ ထိုနေ့က ကိုယ်ထင်မပြသည့် တန်ခိုးရှင်တစ်ပါးသာ သူ့ကို ကယ်တင်ခဲ့ခြင်း မရှိလျှင် ယခုလောက်ဆိုလျှင် အသက်ပျောက်ကာ မြေခွေးအသေဖြစ်နေလောက်ပေပြီ။

ထိုနေ့က သူ အလွန်ကြောက်ရွံ့သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော်… သူ့ကို သတ်ဖြတ်လိုသူ (၂)ဦးမှာ ရွှမ်နွီနန်းတော်မှ တပည့်များ ဖြစ်နေကြသောကြောင့်ပင်။

သို့သော်… သူ့အနေဖြင့် ထွက်မပြေးရဲခဲ့ပါချေ။ ပိုင်ကျားမြို့တွင်သာ ဆက်လက်နေထိုင်ခဲ့လေသည်။ သူ့ကို ကယ်တင်ခဲ့သည့် တန်ခိုးရှင်သည်လည်း ပိုင်ကျားမြို့တွင်ပင် ဆက်လက်ရှိနေသေးဟန် တူလေသည်။ ထိုတန်ခိုးရှင် ရှိနေသရွေ့ သူလည်း အကာအကွယ်ရနေသေးသည်ဟု ဟူတောက်တယ်က တွေးထားမိလေသည်။

ထို့ပြင် ရွှမ်နွီနန်းတော်တွင် တန်ခိုးစွမ်းအားမြင့်မားသူ များစွာ ရှိလေရာ သူထွက်ပြေးလျှင်လည်း သူ့ကို ဖမ်းဆီးနိုင်ရန်မှာ လွယ်ကူလွန်းလှလေသည်။ အရာရာသည် ကံကြမ္မာအတိုင်းသာ ဖြစ်လေတော့သည်။

ယခုလည်း ပိုင်ကျားမြို့တွင် အရိုးမိစ္ဆာများသောင်းကြမ်းနေကြပြန်လေသည်။

ယခုနှစ်ဆောင်းရာသီကတော့ ပိုင်ကျားမြို့အတွက် ပြဿနာများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည့် ရာသီပင် ဖြစ်တော့သည်။

သူ့အနေဖြင့် အရိုးမိစ္ဆာများအကြောင်းကို သိရှိခြင်း မရှိပါ။ သို့သော်… သူ၏ဗီဇဖြစ်သည့် မြေခွေးတစ်ကောင်၏ ဗီဇအရ အန္တရယ်အငွေ့အသက်များကို ရလိုက်မိလေသည်။ ထိုမိစ္ဆာများသည် ယခု ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း အချိန်မရွေး ပြန်လည် ထွက်ပေါ်လာနိုင်ချေရှိလေသည်။

ဟူတောက်တယ် စိုးရိမ်စွာတွေးတောနေဆဲမှာပင် သူ၏ အခန်းတံခါးခေါက်သံ ကြားလိုက်ရလေသည်။ တံခါးဖွင့်လိုက်သည့်အခါတွင်တော့ သူ၏လူတစ်ယောက်ကို တွေ့လိုက်ရပြီး အဖြစ်အပျက်အလုံးစုံကို ပြောပြလိုက်လေသည်။

အကြောင်းရင်းမှာ နတ်သမီးဗိမာန်ဆောင်ကြာမြိုင်သို့ လူတစ်ယောက် ရောက်ရှိလာပြီး နတ်သမီးဗိမာန်မှ အစောင့်များအားလုံးကို တိုက်ခိုက်နေသည့်အတွက်ကြောင့် ဖြစ်လေသည်။

ဟူတောက်တယ်သည် ချက်ချင်းပင် အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

ဆောင်ကြာမြိုင်အစောင့်များအားလုံးသည် ကြမ်းပြင်ပေါ်တွင် အတုံးအရုံးလဲကျသေဆုံးနေကြလေသည်။ ဟူတောက်တယ်က သူ၏လူများကို တိုက်ခိုက်နေသူကို တစ်ချက်လှမ်းကြည့် လိုက်လေသည်။

ထိုသူသည် အလွန်ချောမောလှပလွန်းလှလေသည်။

အသားအရေက နှင်းပွင့်ကဲ့သို့ ဖြူစင်ပြီး မျက်ခုံးလေးများက ပန်းချီကားထဲမှမိန်းမပျိုအလား ဇင်ယော်တောင်မျက်ခုံးလေးများနှင့် ဖြစ်လေသည်။ မျက်ဝန်းများမှာ ရွှန်းလဲ့တောက်ပနေပြီး မျက်သားအဖြူရောင် များသည်ပင် စမ်းချေင်းလေးအလား ကြည်လင်လှလေသည်။

လောကတွင် ပြိုင်ဘက်မရှိအောင် လှလွန်းသည့် အလှတရားမျိုး ဖြစ်လေသည်။

နတ်သမီးဗိမာန်သည် ယောကျ်ားသားများကို ဖျော်ဖြေသည့် ဆောင်ကြာမြိုင်တစ်ခုဖြစ်လေသည်။ ထို့ပြင် နတ်သမီးဗိမာန်ဆောင်ကြာမြိုင်တွင် စည်းကမ်းတစ်ခုရှိလေသည်။ ထိုစည်းကမ်းမှာ မိန်းကလေးများကို ဆောင်ကြာမြိုင်သို့ လာခွင့်မပြုခြင်းပင် ဖြစ်လေ၏။

ဆောင်ကြာမြိုင်သို့ မိန်းကလေးများ လာလေ့မရှိကြသည်ကို လူတိုင်းသိရှိကြလေသည်။ အဘယ်ကြောင့်ဆိုသော် မိန်းကလေးများ ဆောင်ကြာမြိုင်သို့ လာလျှင်လည်း မည်သည့်အလုပ်မှ လုပ်စရာမရှိပေ။ မိန်းကလေးများဆိုသည်က ယောကျ်ားလေး များကိုသာ စိတ်ဝင်စားသူများဖြစ်ကြသည် မဟုတ်ပါလား။

ရုတ်တရက် မြင်တွေ့လိုက်ရသည့်လူမှာ ချောမောလှပလွန်းသည့်အတွက် ဟူတောက်တယ်က မိန်းကလေးဟု ထင်မှတ်လိုက်မိလေသည်။

ဆောင်ကြာမြိုင်အစောင့်များကလည်း ထိုသူကို မိန်းကလေးဟု ထင်မှတ်ပြီး ဆောင်ကြာမြိုင်စည်းကမ်းအရ တားမြစ် လိုက်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် အစောင့်များနှင့် ထိုသူ တိုက်ခိုက်မှုဖြစ်ပွားပြီး အစောင့်များအားလုံး အတုန်းအရုန်းသေဆုံးကုန်ကြရခြင်း ဖြစ်လေ၏။

အမှန်တော့… ထိုသူသည် မိန်းကလေးမဟုတ်ပါ။ ယောကျ်ားလေးစင်စစ် ဖြစ်ပါလေ၏။ ယောကျ်ားလေးတစ်ယောက် ဖြစ်နေရုံသာမက တန်ခိုးစွမ်းအားကလည်း ကြောက်မက်ဖွယ်ကောင်းလှလေသည်။

သူ့လက်ထဲတွင် ဓားတစ်လက်ကိုကိုင်ဆောင်ထားပြီး ဆောင်ကြာမြိုင်မှ အစောင့် (၁၃)ယောက်မှာ သွေးအိုင်ထဲတွင် လဲကျနေကြပြီ ဖြစ်လေသည်။ ထိုသူသည် သာမန်သိုင်းလောကသားတစ်ယောက်မဟုတ်ပါ။ အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်ဟန်တူလေသည်။ သူကျင့်ကြံထားသည့် နတ်ဘုရားကျင့်စဉ်မှာလည်း အလွန် အစွမ်းထက်ဟန် ရှိလေသည်။

အစောင့်များမှာ ထိုသူကို မိန်းကလေးတစ်ယောက်ဟုထင်ကာ တားဆီးလိုက်မိခြင်းဖြစ်ပြီး ယခုတော့အသက်ဆုံးရှုံး ကြရပြီ ဖြစ်လေသည်။ နတ်သမီးဗိမာန်ဆောင်ကြာမြိုင်မှ အစောင့်များ သေဆုံကုန်ရခြင်းမှာ အလွန်အရုပ်ဆိုး အကျည်းတန်ပြီး ဆောင်ကြာမြိုင်၏ဂုဏ်သိက္ခာလည်း ထိခိုက်နိုင်လေသည်။ ထို့ပြင် ဆောင်ကြာမြိုင်သည် လုံခြုံမှုမရှိဟု ဧည့်သည်များက ထင်မှတ်သွားပါက နာမည်ပျက်ကာ စီးပွားပါ ပျက်နိုင်လေ၏။

ဟူတောက်တယ်အနေဖြင့် ဆောင်ကြာမြိုင်စီးပွားရေးလုပ်ငန်းကို အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာချကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်အတွက် လုပ်ငန်းကို စွန့်လွှတ်ရန် ရည်ရွယ်ထားခြင်း မရှိပါ။

ထို့ကြောင့် ဟူတောက်တယ်သည် ချောမောလှပလွန်းသည့် လူငယ်ကို အပြုံးချိုချိုဖြင့် နှုတ်ဆက်လိုက်လေသည်။

ဟူတောက်တယ်က…

"ဒီက သခင်လေးက ဘယ်သူများလဲ…"

"ရွှီချင်းဟွမ်…"

လူငယ်၏အသံမှာ သာမန်ယောကျ်ားလေးများကဲ့သို့ ခပ်သြသြ ယောကျ်ားပီသသည့် အသံမျိုး မဟုတ်ပါ။ အနည်းငယ် မိန်းကလေးဆန်နေလေသည်။

ထိုလူငယ်က ဟူတောက်တယ်အနားသို့ တိုးကပ်လာသည့်အခါတွင်တော့ ဟူတောက်တယ်မှာ ထိတ်လန့် ခြောက်ခြားလာမိလေသည်။ ထိုလူငယ်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြင်းထန်စွာထွက်ပေါ်နေပြီး ဟူတောက်တယ်သာ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူတစ်ယောက် (သို့မဟုတ်) ဒဏ်ရာအပြင်းအထန်ရထားသူ တစ်ယောက် ဖြစ်နေပါက ချက်ချင်းပင် မူလပုံသဏ္ဍန်ဖြစ်သည့် အနီရောင်မြေခွေး အဖြစ် ချက်ချင်းပင် ပြောင်းလဲ သွားနိုင်လေသည်။

လူငယ်ထံမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ငရဲမှလာသည့်အလား ဖြစ်လေသည်။ ထိုမျှ သတ်ဖြတ်လို့သည့်အငွေ့အသက်များပြင်းထန်အောင် ကျင့်ကြံထားသူတစ်ယောက်သည် လူ (၁)ယောက် (၂)ယောက်လောက်ကိုသာ သတ်ဖူးသူ လုံးဝမဖြစ်နိုင်ပေ။ လူပေါင်းများစွာ ၊ မိစ္ဆာပေါင်းများစွာကို သတ်ဖြတ်ထားသူ ဖြစ်ရပေမည်။

ဟူတောက်တယ်က လူငယ်ဝတ်ဆင်ထားသည့် အဝတ်အစားများကို တစ်ချက် အကဲခတ် လိုက်လေသည်။

လူငယ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး အင်္ကျီအနားစတွင် ရွှေခြည်ဖြင့် ကနုတ်ပန်းပုံသဏ္ဍန် ပန်းထိုးပုံဖော်ထားလေသည်။ အင်္ကျီလက်ပေါ်တွင်တော့ သွေးနီရောင်ဓားတစ်လက် အမှတ်အသားပါရှိနေလေသည်။

ထိုဝတ်စုံကို ဟူတောက်တယ် ကောင်းကောင်းသိလေသည်။

ထိုဝတ်ရုံပေါ်မှ သွေးနီရောင်ဓားအမှတ်အသားမှာ ကျင့်ကြံခြင်းလောကတွင် အလွန်နာမည်ကျော်ကြားသည့် နတ်ဘုရားကျောင်းတော်တစ်ခု၏ အမှတ်အသား  ဖြစ်နေသောကြောင့်ပင်။

ထိုနတ်ဘုရားကျောင်းတော်၏ အမည်မှာ "သေစေခြင်းကျောင်းတော်" ပင် ဖြစ်လေသည်။

ကျင့်ကြံခြင်းလောကတွင် နာမည်အလွန်ကျော်ကြားသည့် နန်းတော် (၃)ခုနှင့် ဂိုဏ်းကြီး (၄)ဂိုဏ်းရှိလေရာ သေစေခြင်းကျောင်းတော်မှာလည်း တစ်ခုအပါအဝင် ဖြစ်လေသည်။

သေစေခြင်းကျောင်းတော်မှ တပည့်များကို မည်သူမှ သွားပြီး ရန်မစရဲကြပါချေ။ အဘယ်ကြောင့်ဆိုသော် သေစေခြင်းကျောင်းတော်မှ ကျင့်ကြံသူများသည် နတ်ဘုရားတစ်ပါးဖြစ်လာရန်ထက် ဓားသိုင်းပညာကို အဓိကထား ပြီး ကျင့်ကြံကြသောကြောင့် ဖြစ်လေသည်။

သူတို့သည် လောက၏ ပျော်ရွှင်စရာများကို မြည်းစမ်းမည်ဟုလည်း ကြွေးကျော်လေ့ရှိကြလေသည်။

"လောကတွင် အဆင့်အတန်းအနိမ့်အမြင့်ရှိသလို သေစေခြင်းကျောင်းတော်တွင်တော့ သေခြင်းရှင်းရှင်ခြင်းသာရှိ သည်"

ဆိုသည့်စကားသည် သေစေခြင်းကျောင်းတော်မှ ကျင့်ကြံသူများကို ဖော်ကျူးသည့် စကားတစ်ရပ် ဖြစ်လေ၏။

ရွှီချင်းဟွမ်သည် သေစေခြင်းကျောင်းတော်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကို သိရှိလိုက်သည်နှင့် ဟူတောက်တယ်က ချက်ချင်းပင် မျက်နှာချိုသွေးလိုက်လေ၏။

သူက ချက်ချင်းပင် လူငယ်လေးကို ဦးညွှတ်အရိုအသေပြုလိုက်ပြီး…

"ရွှီသခင်လေး ဘယ်လိုမိန်းကလေးမျိုးနဲ့များ ပျော်ပါးချင်ပါသလဲ ၊ ကျွန်တော် ချက်ချင်းစီစဉ်ပေးပါ့မယ်…"

ဟူတောက်တယ်၏ စကားကြောင့် အခြေအနေကိုအကဲခတ်နေကြသည့် ဆောင်ကြာမြိုင်မှ အလှမယ်လေးများမှာ များစွာ အံ့အားသင့်သွားကြရလေသည်။

ဟူတောက်တယ်မှာ တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်သည်ကို သူတို့အားလုံး သိထားကြလေသည်။

သူတို့က ဟူတောက်တယ်သည် ရမ်းကားလွန်းသည့်လူငယ်လေးကို ရင်ဆိုင်တိုက်ခိုက်ကာ ဆုံးမလိမ့်မည်ဟု ထင်မှတ်ထားကြလေသည်။ သို့သော်… ယခုတော့ မမျှော်လင့်စွာပင် ဟူတောက်တယ်သည် အလွန်တရာ ချောမောလှပလွန်းလှသည့် ယောကျ်ားပျိုလေးကို ဦးညွှတ်နေခဲ့လေသည်။

ထိုလူငယ်လေး မည်သူမည်ဝါဖြစ်သည်ကို သူတို့အားလုံး စိတ်ဝင်စားနေကြလေတော့သည်။

ရွှီချင်းဟွမ်က ပေါ့ပါးသည့်လေသံဖြင့်…

"ကျုပ် မိန်းကလေး (၂)ယောက်လိုချင်တယ် ၊ အပျိုစင်စစ်စစ်ဖြစ်ရမယ် ၊ တစ်ယောက်က ဗျပ်စောင်းတီးခတ်တတ်ပြီး နောက်တစ်ယောက်ကတော့ ပုလွေမှုတ်တတ်ရမယ်…"

"ဗျပ်စောင်းတီးတတ်ရမယ် ၊ ပုလွေမှုတ်တတ်ရမယ်" ဆိုသည့် လူငယ်၏ အပြောကြောင့် ဆောင်ကြာမြိုင်မှ အလှမယ်လေးများမှာ မရယ်ဘဲမနေနိုင် ရယ်မောလိုက်မိကြလေသည်။

ဆောင်ကြာမြိုင်သို့ လာသည့်သူများသည် အနုပညာကို အပေါ်ယံမျှသာ ခံစားလေ့ရှိကြပြီး မိန်းကလေးများနှင့် ပျော်ပါးရန်သာ အဓိကထားကြလေသည်။ သို့သော်… အေးစက်ဟန်ရှိပြီး ချောမောလွန်းသည့် လူငယ်က ထိုသို့သော စကားမျိုးပြောသည်မှာ အတွေ့အကြုံနည်းပါးလွန်းသောကြောင့် ဖြစ်ပေလိမ့်မည်။

ထို့ပြင် ဆောင်ကြာမြိုင်တွင် အပျိုစင်စစ်စစ်မိန်းကလေးကို ရရှိရန်မှာ အဘယ်မှာ လွယ်ကူပါမည်နည်း။

ဆောင်ကြာမြိုင်မှ မိန်းကလေးများသည် ယောကျ်ားလေးပေါင်းများစွာဖြင့် အိပ်စက်ခဲ့ပါစေ အပျိုစင်ဖြစ်သည်ဟု လိမ်ညာပြောစမြဲပင် ဖြစ်လေသည်။ သို့သော်... ယောကျ်ားလေးများကလည်း လာရောက်ပျော်ပါးသူများ ဖြစ်ကြလေရာ အပျိုစစ်ခြင်း မစစ်ခြင်းကို မည်သူမှ အရေးတယူလုပ်ပြီး ပြောဆိုနေခြင်း မရှိပေ။

ဆောင်ကြာမြိုင်သို့ လာသည်ဆိုကတည်းက ဝတ်ကောင်းစားလှ လှပစွာဝတ်စားထားသည့် ချောမောလှပသည့် မိန်းကလေးများ၏ ဖျော်ဖြေမှုကို လိုချင်သောကြောင့် ဖြစ်လေရာ မည်သူမှ အပြင်းအထန် ဝေဖန်ခြင်းမျိုး မရှိကြပေ။

ယခုတော့ ဟူတောက်တယ်က အပျိုစင်စစ်စစ် မိန်းကလေးကို တောင်းဆိုနေခဲ့ပြန်လေသည်။

သို့ရာတွင် ... နတ်သမီးဗိမာန်ဆောင်ကြာမြိုင်မှာ ချင်ပြည်နယ်တွင် နာမည်အကြီးဆုံးဆောင်ကြာမြိုင်များထဲတွင် တစ်ခုအပါအဝင်ဖြစ်လေရာ ဟူတောက်တယ်အနေဖြင့် အပျိုစင်မိန်းကေလးများကို ရှာဖွေထားရန်မှာ မခက်လှပါချေ။

ဟူတောက်တယ်သည် ရွှီချင်းဟွမ် စိတ်ကျေနပ်စေရန်အတွက် ဆောင်ကြာမြိုင်မှ အကောင်းဆုံး အခန်းတစ်ခန်းသို့ ခေါ်ဆောင်လာခဲ့လေသည်။

ထို့နောက် ရွှီချင်းဟွမ်ကို ဧည့်ခံရန်အတွက် မိန်းကလေး (၂)ယောက်ကိုလည်း ခေါ်ဆောင်လိုက်လေသည်။

မိန်းကလေး (၂)ယောက်မှာ ထိပ်တန်းအဆင့် ချောမောလှပသူများ ဖြစ်ကြပြီး တစ်ယောက်မှာ အသက် (၁၃)နှစ် ၊ နောက်တစ်ယောက်မှာ (၁၄)နှစ်သာ ရှိကြသေးသည်။ အသက်အရွယ်ကိုအသာထား ၊ အပျိုစင်ဖြစ်ရန်မှာ အရေးကြီးနေသည် မဟုတ်ပါလား။

သို့သော်… သိပ်မကြာမီမှာပင် ရွှီချင်းဟွမ်မှာ ထိုမိန်းကလေးငယ် (၂)ယေက်ကို မောင်းထုတ်ပစ်လိုက်လေသည်။

ဟူတောက်တယ်က ပြာပြာသလဲဖြင့်…

"ရွှီသခင်လေး ၊ ဘာများ မကျေနပ်တာရှိလို့လဲ…"

ရွှီချင်းဟွမ်က အေးစက်သည့်လေသံဖြင့်…

"ကျုပ်က မင်းကို ပြောတာ ဗျပ်စောင်းတီးတတ်တဲ့သူနဲ့ ပုလွေမှုတ်တတ်တဲ့သူလို့ ပြောတာလေ ၊ မင်း ခေါ်လာတဲ့ မိန်းကလေး (၂)ယောက်က ဘာမှ မလုပ်တတ်ဘူး…"

ဟူတောက်တယ်မှာ အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားလေသည်။

မိန်းကလေးငယ် (၂)ယောက်သည် အပျိုစင်စစ်စစ်လေးများ ဖြစ်ကြပြီး ဆောင်ကြာမြိုင်မှ မိန်းကလေးများ တတ်အပ်သည့် အဆို ၊ အက ၊ အတီးအမှုတ်အားလုံး တတ်မြောက်ထားသူများဖြစ်ပြီး ဧည့်သည်များကိုလည်း ကောင်းကောင်း ဧည့်ခံနိုင်သူများ ဖြစ်ကြလေသည်။ အတွေ့အကြုံအနည်းငယ်သာ လိုအပ်နေခြင်း ဖြစ်လေသည်။

သို့သော်… ရွှီချင်းဟွမ်မှာ အကြီးအကျယ် မကျေမနပ်ဖြစ်နေလေသည်။

အမှန်တော့ ဆောင်ကြာမြိုင် အတော်များများမှ မိန်းကလေးများသည် ဗျပ်စောင်း ၊ စစ်တုရင် ၊ စာလုံးအလှနှင့် ပန်းချီအမျိုးမျိုးတို့ကို ကျွမ်းကျင်စွာ တတ်မြောက်ကြသည်ဟု ဆိုလေ့ ရှိကြလေသည်။ တကယ်တမ်းတွင်တော့ မိန်းကလေးအများစုသည် အပေါ်ယံသာ တတ်မြောက်ကြခြင်း ဖြစ်လေသည်။

အထူးသဖြင့် လှပသည့်မိန်းကလေးများသည် ထိုသို့သော အတတ်ပညာများကို ပိုပြီးတော့ပင် တတ်မြောက်ကြခြင်း မရှိပေ။ သူတို့၏ အလှအပကို ယောကျ်ားလေးများက တပ်မက်နေကြပြီ ဖြစ်လေရာ အခြားသော ပညာရပ်များ တတ်ကျွမ်းစရာပင် မလိုတော့ပေ။

စစ်တုရင် ၊ စာလုံးအလှ ၊ ပန်းချီနှင့် ဗျပ်စောင်းတီးခြင်းများကို သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ကြသည့် မိန်းကလေးများလည်း ရှိကြလေသည်။ သို့သော် အနည်းငယ်မျှသာ ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် ထိုပညာရပ်များအားလုံးမှာ ခက်ခဲလွန်းသောကြောင့် ဖြစ်လေသည်။

သို့သော်… နတ်သမီးဗိမာန်ဆောင်ကြာမြိုင်ကတော့ ချွင်းချက်ဖြစ်လေသည်။

နတ်သမီးဗိမာန်ဆောင်ကြာမြိုင်တွင် ထိုပညာရပ်များကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ကြသည့် မိန်းကလေးများလည်း ရှိနေခဲ့လေသည်။ ထို့ကြောင့်ပင် နတ်သမီးဗိမာန်ဆောင်ကြာမြိုင်သည် နာမည်တစ်လုံးနှင့် ရပ်တည်နေခဲ့ခြင်း မဟုတ်ပါလား။

"ရုပ်မလှသော်လည်း စိတ်ထားကတော့ မိုးထက်မြင့်သည်" ဆိုသည့် စကားပုံဆိုရိုးရှိလေသည်။

ထို့ကြောင့် ပညာတော်ကြသော မိန်းကလေးများသည်ကား သိပ်ပြီး ရုပ်ရည်ချောမောလှပကြခြင်းတော့ ရှိမည် မဟုတ်ပေ။

ဟူတောက်တယ်သည် နောက်ထပ်မိန်းကလေး (၂)ယောက်ကို ခေါ်လာပြန်လေသည်။

ထိုမိန်းကလေး (၂)ယောက်မှာ ပထမမိန်းကလေး (၂)ယောက်လောက် ချောမောလှပခြင်း မရှိသော်လည်း ဗျပ်စောင်း နှင့် ပုလွေကို ကျွမ်းကျွမ်းကျင်ကျင် တီးမှုတ်တတ်ကြလေသည်။

ယခုတစ်ကြိမ်တွင်တော့ ရွှီချင်းဟွမ်တစ်ယောက် အကျေနပ်ကြီးကျေနပ်သွားလေတော့သည်။

All Chapters